← Chapters

အခန်း (၁၆၃-၁၆၄)

Vol. 17 Ch. 163-164

အခန်း (၁၆၃-၁၆၄)

Vol. 17 Ch. 163-164

အပိုင်း ၁၆၃

"ကျွန်တော့်ကို မြှောက်လွန်းလို့ သေသွားရင် အကိုတို့အတွက် ဘာအကျိုးရှိမှာမို့လို့လဲဗျာ"

​လင်းဖန်က လျူယွီတုန်တို့ သုံးယောက်ကို ထူးဆန်းတဲ့ အကြည့်နဲ့ ကြည့်ရင်း ပြန်လည် နောက်ပြောင်လိုက်သည်။

တကယ်တော့ ဒီလို စနောက်နေချိန်မျိုးမှာပဲ လင်းဖန်ဟာ အသက် ၂၀ ဝန်းကျင် လူငယ်လေးတစ်ယောက် ဆိုတာကို လူတွေက ပြန်သတိရသွားကြတာပါ။

စီးပွားရေးလောကမှာ နှစ်ပေါင်းများစွာ ကျင်လည်ခဲ့တဲ့ လီကျဲခိုင်တောင်မှ လင်းဖန်ရဲ့ရှေ့မှာဆိုရင် သူ့အဖေ လီကျားချန်းရှေ့ ရောက်နေသလိုမျိုး ဖိအားကို အလိုလို ခံစားနေရလေ့ရှိသည်။

​"လက်ရှိ အခြေအနေအရဆိုရင် Kaitian ONE ရဲ့ ရောင်းအားက သန်း ၈၀ အောက်တော့ မလျော့နိုင်ဘူး"

လို့ မာဟွာထန်က ခန့်မှန်းလိုက်သလို၊ လျူယွီတုန်ကလည်း

"သန်း ၁၀၀ ကျော်မယ်လို့ ငါထင်တယ်"

လို့ ဝင်ပြောလာသည်။

လီကျဲခိုင်ကလည်း

"Apple ကိုတောင် ကျော်တက်သွားနိုင်တဲ့ အလားအလာရှိတယ်"

​ဒါပေမဲ့ လင်းဖန်ကတော့ သူတို့ကို အံ့သြသွားအောင် ပြောလိုက်သည်။

- "အကိုတို့ ခပ်အေးအေးပဲ နေကြပါဦး Kaitian ONE ကို ဒီနှစ် ဒီဇင်ဘာမှာ ရောင်းတာ ရပ်တော့မှာပါ ဘာလို့လဲဆိုတော့ သူက ကြားဖြတ်ထုတ်ကုန်သက်သက်ပဲလေ"

​ဒီစကားကြောင့် လျူယွီတုန်နဲ့ မာဟွာထန်တို့ မျက်လုံးပြူးသွားကြသည်။

"ဒါက မြန်လွန်းတယ်လေ လင်းညီလေး အခု Configuration က နောက် ၁ နှစ်၊ ၂ နှစ်အထိ ကမ္ဘာကို ဦးဆောင်နိုင်တုန်းပဲလေ"

လီကျဲခိုင်က ကန့်ကွက်လာသည်။ ဒါပေမဲ့ မာဟွာထန်ကတော့ တစ်ခုခုကို ရိပ်မိသွားပုံနဲ့

"လုံထန်မှာ ထုတ်ကုန်သစ်တစ်ခုခု ရှိနေပြီလား"

လို့ ရုတ်ချည်းမေးလာသည်။

​လင်းဖန်ကတော့ ဘာမှပြန်မပြောပဲ ပြုံးနေလိုက်ပြီး ထိုအပြုအမူက မာဟွာထန်ရဲ့ အထင်ကို အတည်ပြုပေးလိုက်သလိုပါပဲ။

တခြားသူတွေ နှစ်နဲ့ချီ ကြိုးစားရတဲ့ နည်းပညာ တော်လှန်ရေးတွေကို လုံထန်က လပိုင်းအတွင်းမှာပဲ လုပ်ပြနေတာဟာ တကယ့်ကို ထိတ်လန့်စရာပင်။

​၂၀၁၉ ခုနှစ်၊ မေလ ၂၀ ရက်နေ့မှာတော့ တစ်ကမ္ဘာလုံးက အာရုံစိုက်နေတဲ့ Longteng Software Company ရဲ့ ထုတ်ကုန်သစ် မိတ်ဆက်ပွဲနေ့ကို ရောက်ရှိလာတော့သည်။

ကျင်းလင်ဟိုတယ်ရဲ့ ဒုတိယထပ် ခန်းမကြီးထဲမှာ ကမ္ဘာအရပ်ရပ်က သတင်းထောက်တွေနဲ့ ပြည့်နှက်နေလေသည်။

​ရုံးချုပ်ထဲမှာတော့ ဆီလီကွန် ခရစ္စတယ် ဘက်ထရီတီထွင်မှုမှာ အာရုံရောက်နေတဲ့ လင်းဖန်ကို COO ယွီလဲ့က လာသတိပေးသည်။

- "သူဌေး... အခမ်းအနား စတော့မယ်၊ အဆင်သင့် ဖြစ်ပြီလား"

​"ဘာကို အဆင်သင့်ဖြစ်ရမှာလဲ"

လင်းဖန်က ကြောင်တောင်တောင်နဲ့ ပြန်မေးလိုက်သည်။

​"သူဌေးကိုယ်တိုင် စင်ပေါ်တက်ပြီး ရှင်းပြမှာ မဟုတ်ဘူးလား"

​"ဘာလို့ ကျုပ်တက်ရမှာလဲ၊ ခင်ဗျားပဲ လုပ်လိုက်လေ"

​ယွီလဲ့တစ်ယောက် မူးလဲမတတ် ဖြစ်သွားရသည်။ ဒီလောက် ကြီးကျယ်တဲ့ "Smart Housekeeper" (ဉာဏ်ရည်တု အိမ်ထိန်းစနစ်) မိတ်ဆက်ပွဲကို သူဌေးဖြစ်သူကဝန်ထမ်းတွေကို လွှဲပေးပြီး သူကတော့ ပေါ့ပေါ့ပါးပါးပဲ နေချင်သတဲ့။

တကယ်တော့ လုံထန်ဥက္ကဋ္ဌက လင်းဖန်ဆိုတာ လူတိုင်းသိပေမဲ့၊ လင်းဖန်ဆိုတာ ဘယ်လိုလူလဲဆိုတာကိုတော့ အပြင်လူတွေ သိပ်မမြင်ဖူးကြသေးချေ။

​"ကဲ... စတော့မယ်၊ သွားကြစို့"

လင်းဖန်က သာမန်ပေါ့ပေါ့ပါးပါး အင်္ကျီကိုသာ ဝတ်ပြီး မိုရှင်းယာနဲ့အတူ ရုံးခန်းထဲကနေ ထွက်သွားပါတော့သည်။

​..................................................

အပိုင်း ၁၆၄

ကျင်းလင်ဟိုတယ်ရဲ့ ဒုတိယထပ်တစ်ခုလုံးကို ငှားရမ်းပြီး ကျင်းပတဲ့ ဒီပွဲက အရင်ပွဲတွေထက် အဆပေါင်းများစွာ ပိုမိုခမ်းနားနေသည်။

ကမ္ဘာတစ်ဝန်းက သတင်းဌာနပေါင်း ၈၀၀ ကျော်တင်မကဘဲ ပြည်တွင်းက သိပ္ပံပညာရှင်တွေ၊ လုပ်ငန်းရှင်တွေနဲ့ အစိုးရအရာရှိကြီးတွေပါ တက်ရောက်ကြခြင်းကြောင့် ဖြစ်သည်။

ဟိုတယ်အပြင်ဘက်မှာလည်း ဖိတ်ကြားမထားတဲ့ Internet Celebrity တွေနဲ့ လူထုပရိသတ် ထောင်ပေါင်းများစွာ စုဝေးနေကြတာဟာ တကယ့်ကို နည်းပညာပွဲတော်ကြီးတစ်ခုလိုပါပဲ။

​လင်းဖန်ကတော့ ထုံးစံအတိုင်း အနောက်ဆုံးတန်းက ခုံအလွတ်တစ်ခုမှာ အေးအေးဆေးဆေး ထိုင်နေလေသည်။

COO ယွီလဲ့မှာ စင်ပေါ်တက်ရန် ပြင်ဆင်နေချိန်၌အောက်မှ သတင်းထောက်တွေအားလုံးရဲ့ ကင်မရာတွေဟာ သူ့ဆီမှာပဲ စုပြုံရောက်ရှိလာကြသည်။

​မနက် ၉ နာရီ တိတိမှာတော့ ယွီလဲ့က ပွဲကို စတင်လိုက်သည်။ ပရိုဂျက်တာ စခရင်ကြီးပေါ်မှာ သိပ္ပံစိတ်ကူးယဉ် ကမ္ဘာတစ်ခုကနေ ရှေးဟောင်းဝတ်စုံ ဝတ်ဆင်ထားတဲ့ နူးညံ့သိမ်မွေ့တဲ့ အမျိုးသမီးလေးတစ်ယောက်ရဲ့ ပုံရိပ် ပေါ်လာပါသည်။

​"မင်္ဂလာပါ လူသားတို့ရေ"

​ကြည်လင်ပြတ်သားတဲ့ အမျိုးသမီးအသံလေး ထွက်ပေါ်လာချိန်မှာ ခန်းမတစ်ခုလုံး တိတ်ဆိတ်သွားပြီး အားလုံး အံ့သြမှင်သက်သွားကြသည်။

စခရင်ပေါ်က အမျိုးသမီးလေးရဲ့ လှုပ်ရှားမှုတွေ၊ အမူအရာတွေဟာ ကွန်ပျူတာနဲ့ ဖန်တီးထားတာလို့ မထင်ရလောက်အောင်ကို သဘာဝကျလွန်းနေတာပါ။

​အားလုံးရဲ့ ခေါင်းထဲမှာ စကားလုံးတစ်လုံးပဲ ပေါ်လာသည်။

- Artificial Intelligence (AI)

​ဒါပေမဲ့ ဒါဟာ အခုခေတ်ဈေးကွက်ထဲမှာ ရှိနေတဲ့ အချက်အလက်တွေကိုပဲ ပြန်ပြောပြတဲ့ AI မျိုးမဟုတ်ဘဲ၊ ကိုယ်ပိုင်တွေးခေါ်နိုင်စွမ်းရှိတဲ့ AI အစစ်အမှန်ဆိုတာ လူတိုင်း ရိပ်မိလိုက်ကြသည်။

​"ဒါ AI လား ဘယ်လိုကြီးလဲ"

"ဒီပွဲကတော့ တကယ့်ကို ကြောက်စရာကောင်းလွန်းတယ်"

​ခန်းမထဲမှာ ဆူညံသံတွေ ထွက်ပေါ်လာချိန်မှာ စခရင်ပေါ်က အမျိုးသမီးလေးက ထပ်ပြောလိုက်ပြန်သည်။

- "လူကြီးမင်းတို့ရှင်... ဝမ်အာကို စကားပြောခွင့်လေး ပေးလို့ရမလားရှင့် ကျေးဇူးတင်ပါတယ်နော်။"

​ဒီစကားက ခန်းမတစ်ခုလုံးကို ပြန်လည်တိတ်ဆိတ်သွားစေပြန်သည်။ထိုစဥ် သတင်းထောက်တစ်ယောက်က မနေနိုင်ဘဲ

"မင်းက ဘယ်သူလဲ"

လို့ မေးလိုက်တဲ့အခါမှာတော့ သူမက ယဉ်ယဉ်ကျေးကျေးလေး ပြန်ဖြေလာသည်။

- "ကျွန်မနာမည်က တုန်းဝမ်အာပါ လူကြီးမင်းကြည့်ရတာ ဝမ်အာက လှရဲ့လားရှင့်"

​ဒီစကားပြောပုံ၊ စကားပြောနည်းတွေဟာ လက်ရှိဖုန်းတွေမှာပါတဲ့ Voice Assistant တွေနဲ့ လုံးဝမတူဘဲ တကယ့်လူတစ်ယောက်နဲ့ စကားပြောနေရသလို ခံစားချက်မျိုး ပေးစွမ်းနေတာပါ။

​ယွီလဲ့က ဝမ်အာနဲ့ ရာသီဥတုအကြောင်း၊ အလုပ်ကိစ္စတွေအကြောင်း အပြန်အလှန် စကားပြောပြတဲ့အခါမှာတော့ သတင်းထောက်တွေအားလုံး ပါးစပ်အဟောင်းသား ဖြစ်သွားကြပါတော့သည်။

ဝမ်အာက မိုးရွာရင် အပြင်မထွက်ဘဲ အိမ်ကနေ Video Conference လုပ်ဖို့အထိ အကြံပေးနိုင်တာဟာ အံ့မခန်းပါပဲ။

All Chapters