← Chapters

အခန်း (၁၆၅-၁၆၆)

Vol. 17 Ch. 165-166

အခန်း (၁၆၅-၁၆၆)

Vol. 17 Ch. 165-166

အပိုင်း ၁၆၅

လုံထန်ရဲ့ ဒီသတင်းစာရှင်းလင်းပွဲ Live လွှင့်နေတဲ့တစ်လျှောက် ကမ္ဘာ့အင်တာနက်စာမျက်နှာတစ်ခုလုံးကို ရိုက်ခတ်သွားစေခဲ့သည်။

စခရင်ပေါ်က 'ဝမ်အာ' ရဲ့ လှုပ်ရှားမှုတွေဟာ အမေရိကန် သိပ္ပံစိတ်ကူးယဉ်ရုပ်ရှင်တွေထဲက စက်ရုပ်တွေနဲ့တောင် ဆင်တူနေပြီး၊ ကွာခြားချက်တစ်ခုကတော့ ဝမ်အာမှာ ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ်မရှိသေးတာပါပဲ။

​Siri နဲ့ Xiao Ai တို့လို Voice Assistant တွေဟာ ဝမ်အာရဲ့ရှေ့မှာတော့ ဖုန်မှုန့်လောက်တောင် အဆင့်မရှိတော့ဘူးဆိုတာ လူတိုင်း နားလည်သွားကြသည်။

အွန်လိုင်းပေါ်က လူတွေလည်း စိတ်လှုပ်ရှားလွန်းလို့ မှတ်ချက်တွေ တသီတတန်းကြီး ရေးလာကြပြီး ထိုအဖြစ်ပျက်က လူထုကို သေလျာပေါက် မီးတောင်တလုံးနှယ် ပေါက်ကွဲသွားစေသည်။

- "ဒါက ခေတ်သစ်တစ်ခု ရောက်လာတာပဲ"၊

"ဒီကောင်မလေးကိုသာ ငါ့ဖုန်းထဲ ထည့်သုံးလို့ရရင် သိပ်မိုက်မှာ"

​ယွီလဲ့က ဝမ်အာနဲ့ စကားပြောပြတာကို ရပ်လိုက်ပြီး စခရင်ကြီးကို ပိတ်လိုက်သည်။ ခန်းမတစ်ခုလုံး တိတ်ဆိတ်သွားချိန်မှာ သူက ဂုဏ်ယူဝင့်ကြွားစွာ ကြေညာလိုက်ပါတယ်။

- "အခု အားလုံး မြင်တွေ့ခဲ့ရတာကတော့ ကျွန်တော်တို့ လုံထန်က တီထွင်ထားတဲ့ ပန်ကူးလို့ ခေါ်တဲ့ Primary Artificial Intelligence (အဆင့်နိမ့် ဉာဏ်ရည်တု) ပဲ ဖြစ်ပါတယ် သူက ကိုယ်ပိုင် တွေးခေါ်နိုင်စွမ်းရှိတဲ့ စမတ်ဖုန်းအိမ်ထိန်းတစ်ဦးပါပဲ။"

​စခရင်ပေါ်မှာ ရှေးဟောင်းဘီလူးကြီးတစ်ကောင်ရဲ့ ပုံရိပ် ပေါ်လာပြီးနောက် ယွီလဲ့က ပန်ကူးရဲ့ အားသာချက်တွေကို ဆက်လက်ရှင်းပြလာသည်။

"စိတ်ကြိုက်ပြင်ဆင်နိုင်မှုအနေနဲ့ အသုံးပြုသူတွေဟာ မိမိတို့ နှစ်သက်ရာ ရုပ်သွင်နဲ့ စိတ်နေစိတ်ထားကို စိတ်ကြိုက် ပြောင်းလဲနိုင်ပါတယ် (ဆိုလိုတာက ဝမ်အာလို မိန်းကလေးပုံစံဖြစ်ဖြစ်၊ တခြားပုံစံဖြစ်ဖြစ် ပြောင်းလို့ရတာပေါ့)။"

ယွီလဲ့က ဆက်၍ ပြောပြန်သည်။

"တစ်သက်တာလက်တွဲဖော်ပန်ကူးကို အသုံးပြုသူရဲ့ မှတ်ပုံတင်နဲ့ ချိတ်ဆက်ထားမှာဖြစ်ပြီး တစ်ဦးကို တစ်ခုပဲ ပိုင်ဆိုင်ခွင့်ရှိမှာပါ ပန်ကူးက ခင်ဗျားတို့နဲ့အတူ တစ်သက်လုံး ရှိနေမှာပါ"

ယွီလဲ့ရဲ့စကားက ပရိသတ်ကို အမှန်တကယ်ပင် ဆွဲဆောင်သွားတော့သည်။

​ဒါပေမဲ့ ယွီလဲ့ ဆက်ပြောလိုက်တဲ့ စကားတစ်ခွန်းကတော့ အိုင်တီလောကအတွက် မိုးကြိုးပစ်လိုက်သည့်နှယ် ဖြစ်သွားစေသည်။ ထိုအရာကား

- "ပန်ကူးက တန်ရွမ်စနစ်ကလွဲရင် Android နဲ့ iOS (Apple) တို့နဲ့ လုံးဝ အလုပ်မလုပ်ပါဘူး။"

​ဒါဟာ တကယ့်ကို ရက်စက်တဲ့ ထိုးနှက်ချက်ပါပဲ။ လူတွေက ပန်ကူးရဲ့ အစွမ်းကို လိုချင်ရင် တခြားဖုန်းတွေကို စွန့်လွှတ်ပြီး Nirvana ဖုန်းတွေနဲ့ Kaitian တက်ဘလက်တွေကိုပဲ ဝယ်သုံးရတော့မှာပါ။

"တောတစ်ခုမှာ ကျားနှစ်ကောင် မအောင်းနိုင်ဘူး၊ Apple မှာ Siri ရှိပြီးသားမို့ Pangu ဝင်စရာ မလိုတော့ဘူး" ဆိုတဲ့ ယွီလဲ့ရဲ့ စကားက တကယ်တော့ Apple ကို လှောင်ပြောင်လိုက်တာပါပဲ။

တန်ဖိုးချင်း မယှဉ်နိုင်တဲ့ Pangu နဲ့ Siri ကို ကျားနှစ်ကောင်လို့ တင်စားတာက နည်းနည်းတော့ များသွားနိုင်သော်လည်း အမှန်တရားပင် ဖြစ်သည်။

​နိုင်ငံတကာ သတင်းထောက်တွေ စိုးရိမ်နေတဲ့ ဘာသာစကားကိစ္စကိုလည်း ယွီလဲ့က ရှင်းပြပေးလာသည်။

"ပန်ကူးမှာ တစ်ကမ္ဘာလုံးက ဘာသာစကားတွေ အကုန်ပါဝင်တာကြောင့် အင်္ဂလိပ်စာ Version ဖုန်းဝယ်ထားရင်တောင် Pangu ကို တပ်ဆင်လိုက်တာနဲ့ မိမိဘာသာစကားနဲ့ အလိုအလျောက် စကားပြောနိုင်မှာပါ

​နောက်ဆုံးအချက်အနေနဲ့ ဈေးနှုန်းပါ လုံထန်က ပန်ကူးအတွက် Cloud Computing စင်တာကြီးတွေ ဆောက်ထားရတာကြောင့် ပထမတစ်လ အခမဲ့ပေးပြီး တစ်နှစ်ကို ၁၈၈ ယွမ် (မြန်မာငွေ ၆ သောင်းကျော်ဝန်းကျင်) ပဲ ယူမှာပါ တစ်လကို ၅ ထောင်လောက်ပဲ ကျသင့်မှာဆိုတော့ Penguin Videoလို Appတွေရဲ့ Member ကြေးထက်တောင် သက်သာနေပါသေးတယ်"

......................................................

​

အပိုင်း ၁၆၆

ကမ္ဘာ့လူဦးရေ ၇.၅ ဘီလီယံမှာ စမတ်ဖုန်းသုံးစွဲသူ ၄ ဘီလီယံလောက် ရှိနေတာကြောင့် လုံထန်ဂရုရဲ့ ပန်ကူးဟာ တကယ့်ကို ရွှေတွင်းကြီး ဖြစ်လာတော့မှာပါ။

ဖုန်းတင်မကဘဲ တက်ဘလက်တွေနဲ့ တခြား Fixed Devices တွေမှာပါ တပ်ဆင်လာနိုင်ရင် တစ်နှစ်ကို ဒေါ်လာ ဘီလီယံပေါင်းများစွာ ဝင်ငွေရှာပေးမယ့် ငွေထုတ်စက်ကြီး ဖြစ်လာမှာ သေချာပေသည်။

​ယွီလဲ့က ဒီတစ်ခေါက်မှာတော့ အမေးအဖြေကဏ္ဍကို ကျော်လိုက်ပြီး လူတိုင်းကို Pangu နဲ့ ကိုယ်တိုင်ကိုယ်ကျ ထိတွေ့ခွင့်ပေးလိုက်တော့သည်။

Nirvana X ကိုင်ထားသူတွေကတော့ ချက်ချင်းဆိုသလို Download ဆွဲပြီး WeChat မှာ Selfie တွေ တင်ကြတာကြောင့် တခြားသူတွေ မနာလိုဖြစ်ရတဲ့အထိ ပွဲဆူသွားရသည်။

​မနက် ၁၁:၃၀ ပွဲပြီးသွားချိန်မှာတော့ တစ်ကမ္ဘာလုံးမှ မီဒီယာအားလုံးက လုံထန်ရဲ့ အောင်မြင်မှုကို ဝိုင်းဝန်းချီးကျူးကြလာကြသည်။

"အရှေ့တိုင်းမှ စတင်လိုက်သော နည်းပညာလှိုင်းလုံးကြီး"

"ခေတ်သစ်တစ်ခုစတင်ခြင်း"

"လူသားတို့ ငါတို့ ဒီလိုနည်းပညာခေတ်ထိရောက်လာပြီလား"

မွထနေသည့် အွန်လိုင်းမှတ်ချက်များစွာက လုံထန်ရဲ့သတင်းကို မီးစာမြင့်ပေးသလို ဖြစ်နေပြီး ပန်ကူးကလည်း သတင်းများစွာနဲ့အတူ တရှိန်ထိုး ပေါက်ရောက်သွားရသည်။

​ပြည်တွင်းမှာလည်း လုံထန်ကို "စေတနာရှင် လုပ်ငန်းကြီး" အဖြစ် ချီးကျူးနေကြပြီး AI ကို နောက်မျိုးဆက်ဖုန်းတွေမှာပဲ ထည့်သွင်းပြီး ဈေးတင်ရောင်းလို့ရပေမဲ့၊ အခုလို အားလုံးသုံးလို့ရအောင် App အနေနဲ့ ဖြန့်ချိပေးလိုက်တာက လူထုကို အကျိုးပြုရာရောက်သည် မဟုတ်လား။

​လုံထန်ရဲ့ Operation ဌာနမှာတော့ ယွီလဲ့က နည်းပညာရှင်တွေကို အနီးကပ် ကြီးကြပ်နေသည်။

တစ်ချိန်တည်းမှာပဲ လူသန်းပေါင်းများစွာ ဝင်ရောက်နေတာကြောင့် ဆာဗာတွေ ဒေါင်းမသွားဖို့ အထူးဂရုစိုက်နေရသည်။

​ထိုအချိန်မှာပဲ အပေါ်ဆုံးထပ်ရှိ ဥက္ကဋ္ဌရုံးခန်းထဲမှ လင်းဖန်က နောက်ကွယ်က ဒေတာတွေကို စောင့်ကြည့်နေသည်။

ရုတ်တရက် ရှုံ့တာက သတိပေးလာသည်။

- "သူဌေး.. ထူးဆန်းတဲ့ Signal တစ်ခုက ကျွန်တော်တို့ရဲ့ ဆာဗာခုခံမှုကို အတင်းအဓမ္မ ဖောက်ထွင်းဖို့ ကြိုးစားနေပါတယ်"

​လင်းဖန် ပြုံးလိုက်မိသည်။ ပန်ကူးထွက်လာတာနဲ့ ဒီလို ဆိုက်ဘာသူခိုးတွေ လာမယ်ဆိုတာ သူ တွက်ထားပြီးသားပါ။ သူတို့ရဲ့ ရည်ရွယ်ချက်က ပန်ကူးရဲ့ Core Code ကို ခိုးယူဖို့ ဒါမှမဟုတ် လုံထန်ရဲ့ ဂုဏ်သိက္ခာကို ဖျက်ဆီးဖို့ပဲ ဖြစ်မှာ သေချာသည်။

​"ရှုံ့တာ.. ငါတို့ အရင်က ပြင်ဆင်ထားတဲ့ ပန်ဒါလေး မီးမွှေးခြင်း(ပြဿနာရှာခြင်း) ဆိုတဲ့ ဗိုင်းရပ်စ်ကို ဖိုင်တစ်ခုထဲ ထည့်ပြီး သူတို့ ခိုးသွားနိုင်အောင် လမ်းကြောင်းပေးလိုက်။"

​လင်းဖန်က အေးအေးဆေးဆေးပင် အမိန့်ပေးလိုက်သည်။

"လာရင်တော့ ဆီးကြိုရမှာပေါ့" ဆိုတဲ့ သဘောဖြစ်သည်။

ဒီ "ပန်ဒါဗိုင်းရပ်စ်" ဟာ သမိုင်းမှာ အဖျက်စွမ်းအား အကြီးဆုံးထဲက တစ်ခုဖြစ်ပြီး၊ ဖောက်ထွင်းသူတွေရဲ့ စနစ်တစ်ခုလုံးကို အကြွင်းမဲ့ ဖျက်ဆီးပစ်နိုင်တဲ့ အစွမ်းရှိသည်။

All Chapters