← Chapters

အခန်း (၁၆၇-၁၆၈)

Vol. 17 Ch. 167-168

အခန်း (၁၆၇-၁၆၈)

Vol. 17 Ch. 167-168

အပိုင်း ၁၆၇

ပန်ဒါလေး မီးမွှေးခြင်း (ပြဿနာရှာခြင်း) ဗိုင်းရပ်စ်ကတော့ အဆင့်မြှင့်တင်ပြီးသားမို့လို့ ဒီဆိုက်ဘာသူခိုးတွေ ဖိုင်ကို ထိလိုက်တာနဲ့ သူတို့ရဲ့ဆာဗာတစ်ခုလုံးကို ကူးစက်သွားမှာပါ။

လျှပ်စစ်မီး ပိတ်လိုက်ရင်တောင် ဒီဗိုင်းရပ်စ်ရဲ့ ပြန့်နှံ့မှုကို တားဆီးနိုင်မှာ မဟုတ်တော့ပေ။

​ဒါပေမဲ့ ရန်သူက တစ်ယောက်တည်း မဟုတ်နိုင်ဟု လင်းဖန်ထင်သည်။ ရှုံ့တာရဲ့ သတင်းပို့ချက်အရ လွန်ခဲ့တဲ့ ၅ မိနစ်ကနေ အခုထိ ဆာဗာကို တိုက်ခိုက်နေတဲ့ အဖွဲ့ပေါင်း ၉ ဖွဲ့တောင် ရှိနေသည်။

​"သူတို့ကို ပညာပေးလိုက်ရမလား"

ရှုံ့တာက ဒေါသတကြီး မေးလာသည်။ ဒီ AI လေးဟာ လင်းဖန်ရဲ့ လက်အောက်မှာ နေလာတာ ၆ လကျော်ပြီမို့လို့ အခုဆိုရင် အသက် ၂၀ ကျော် လူငယ်တစ်ယောက်ရဲ့ ဉာဏ်ရည်မျိုး ရှိနေပြီး လုံထန်ဆာဗာကို သူ့အိမ်လို သဘောထားနေတာပါ။

​လင်းဖန်ကတော့ စိတ်မလောပေ။

"သူတို့ ဘယ်ကလာလဲ အရင်စစ်ကြည့်ဦး"

လို့ အေးအေးဆေးဆေး ပြောလိုက်သည်။

​ရှုံ့တာစစ်ဆေးလိုက်တဲ့အခါမှာတော့ အဖွဲ့များစွာ ထွက်ပေါ်လာပြီး ထိုအဖွဲ့များက

အမေရိကန် (၃) ဖွဲ့

ဂျပန် (၂) ဖွဲ့

ဗြိတိန် (၁) ဖွဲ့

အိန္ဒိယတောင်ပိုင်း (၁) ဖွဲ့နဲ့

ပြင်သစ် (၂) ဖွဲ့ တို့ဖြစ်နေသည်။

​ထိုစာရင်းကို မြင်လိုက်ရချိန်မှာတော့ လင်းဖန်ရဲ့ မျက်လုံးတွေထဲမှာ လူသတ်လိုတဲ့ အရိပ်အယောင်တွေ ဖြတ်ပြေးသွားရသည်။

ကမ္ဘာ့အင်အားကြီးနိုင်ငံတွေတင်မကဘဲ တရုတ်ရဲ့ ရန်သူတော်ဟောင်းတွေပါ ပါဝင်နေတာပါ။ သူတို့ဟာ ပန်ကူးရဲ့ ပင်မကုဒ်ကို ရဖို့အတွက် ကြိုတင်စီစဉ်ပြီး တိုက်ခိုက်နေကြခြင်း ဖြစ်သည်။

​လင်းဖန်က Xiong Da ကို အမိန့်ပေးလိုက်သည်။

- "သူတို့ကို ငါတို့ဆောက်ထားတဲ့ ထောင်ချောက်ထဲကို အရင်ဦးဆောင်ခေါ်သွားလိုက် ပြီးရင် သူတို့ရဲ့ အချက်အလက်မှန်သမျှကိုပါ တစ်ခါတည်း စုံစမ်းလိုက်တော့။"

​မိနစ်ပိုင်းအတွင်းမှာပဲ ထိပ်တန်း Hacker အဖွဲ့အစည်းတွေရဲ့ အချက်အလက်တွေ လင်းဖန်ရဲ့ ကွန်ပျူတာရှေ့ ရောက်လာသည်။

APT-C-39: အမေရိကန် CIA လက်အောက်ခံ Hacker အဖွဲ့...။ MI5: ဗြိတိန် စစ်ဘက်ထောက်လှမ်းရေး။ DGSE: ပြင်သစ် ထောက်လှမ်းရေး။ Alphabet (Google ရဲ့ မိခင်ကုမ္ပဏီ)၊ Sony၊ Apple၊ Samsung...

​"တကယ့် လူကြီးလူကောင်းတွေချည်းပဲပါလား"

လင်းဖန်က လှောင်ပြုံး ပြုံးလိုက်သည်။ ဂျပန် Hacker (Sony ဘက်က) ကတော့ လင်းဖန်တို့ လုပ်ထားတဲ့ ထောင်ချောက်ထဲကို အရင်ဆုံး ဝင်သွားပြီး ဒေတာတွေကို စတင်ကူးယူနေသည်။

​လင်းဖန်က ဂျပန် Hacker ရဲ့ ကွန်ပျူတာထဲက ဖိုင်တွေကို ပြန်ပြီး ခိုးယူခိုင်းလိုက်တဲ့အခါ ဖိုင်တွဲအချို့ သူ့ဆီ ရောက်လာတော့သည်။ ထိုအထဲမှ တစ်ခုကို ဖွင့်ကြည့်လိုက်တဲ့အခါမှာတော့-

​"အား... အား... အား... ယားမားတေး..." (ဂျပန်အောကားသံများ)

​ရုံးခန်းထဲမှာ အသံတွေ ကျယ်လောင်စွာ ထွက်လာတာကြောင့် လင်းဖန် မျက်နှာဖြူဖျော့သွားပြီး အမြန်ပိတ်လိုက်ရတော့သည်။

"တော်သေးတာပေါ့ ငါ့ရုံးခန်းက အသံလုံလို့၊ မဟုတ်ရင်တော့ အရှက်ကွဲတော့မှာပဲ"

ကမ္ဘာ့အဆင့်မီ Hacker တစ်ယောက်က ကုမ္ပဏီလျှို့ဝှက်ချက်တွေ သိမ်းထားမယ့်အစား အပြာကားတွေကိုပဲ သိမ်းထားခြင်း ဖြစ်သည်။

အပေါ်ထပ်၌ ဆိုက်ဘာစစ်ပွဲ ဖြစ်နေချိန် အောက်ထပ် Operation ဌာနတွင်လည်း ဝန်ထမ်းများအဖို့ အသက်ရှူဖို့တောင် အချိန်မရှိပေ။

Download အကြိမ်ရေ: ၅ သန်း။

ငွေပေးချေမှု: ၃ သန်းကျော်။

​ဒီဒေတာတွေက မိနစ်ပိုင်းအတွင်း တရိပ်ရိပ် တက်နေတာပါ။ CEO ကျန်းဖန်နဲ့ COO ယွီလဲ့တို့ကတော့ ဆာဗာတွေရုတ်ချည်း ဒေါင်းမသွားဖို့အတွက် သုတေသနဌာနက စူပါကွန်ပျူတာ (Supercomputer) ကြီးတွေကိုပါ အကူအညီတောင်းပြီး ဒေတာစီးဆင်းမှုကို ခွဲဝေလိုက်ရသည်။ ထိုစူပါကွန်ပျူတာကြီးများက တစ်စက္ကန့်ကို အကြိမ်ရေ ၁ ထရီလီယံ (၁,၀၀၀,၀၀၀,၀၀၀,၀၀၀) ကျော် တွက်ချက်နိုင်တာကြောင့် တစ်နိုင်ငံလုံးက လူတွေ တစ်ပြိုင်တည်း ဒေါင်းလုဒ်ဆွဲရင်တောင် အေးဆေးပါပဲ။

.......................................................

​

အပိုင်း ၁၆၈

တစ်နာရီအတွင်းမှာပင် လူ ၃ သန်းက ပေးချေမှုလုပ်လိုက်ကြပြီး တရုတ်ပြည်တွင်းကတင် ဝင်ငွေ ယွမ် သန်း ၅၀၀ ကျော်သွားလေသည်။

​ထိုမျှတင်မကသေး နိုင်ငံတကာဈေးကွက်၌ သတ်မှတ်ထားသည့် ဈေးနှုန်းတွေများမှာလည်း ထိတ်လန့်စရာပင်။

ဟောင်ကောင်နဲ့ အရှေ့တောင်အာရှ: တစ်နှစ်ကို HK$ 588 (မြန်မာငွေ ၁ သိန်းခွဲကျော်)

အမေရိက၊ ဥရောပ၊ သြစတြေးလျ: တစ်နှစ်ကို US$ 1,888 (မြန်မာငွေ သိန်း ၄၀ နီးပါး)

​ထိုမျှ ဈေးကွာခြားချက်ကြီးမားသော်လည်း နိုင်ငံခြားသားများမှာ အလုအယက် ဝယ်နေကြဆဲဖြစ်ပြီး လုံထန်ဂရုရဲ့ နှစ်စဉ်ဝင်ငွေဟာ ဒေါ်လာ ဘီလီယံ ရာချီသွားတော့မှာပါ။

ဒါက စီးပွားရေးသမိုင်းမှာ တစ်ခါမှမရှိဖူးတဲ့ အောင်မြင်မှုမျိုးပင် ဖြစ်သည်။

​ပန်ကူးရဲ့ အရှိန်အဟုန်ကြောင့် အနောက်နိုင်ငံ မီဒီယာကြီးတွေကတော့ မနာလိုဖြစ်ပြီး နာမည်ဖျက်ဖို့ အမျိုးမျိုး ကြိုးစားလာကြတော့သည်။

BBC က "အရှေ့အရပ်က လာတဲ့ ပူးပေါင်းကြံစည်မှု" ဟု စွပ်စွဲသလို CNN ကလည်း "လက်ဝါးကြီးအုပ်မှု" လို့ အော်ဟစ်လာသည်။

တချို့ဆိုလျှင် ပန်ကူးက Appleရဲ့ Siri ကို ခိုးယူထားခြင်းသာဖြစ်ပြီး ကိုယ်ပိုင်အရည်အသွေးမရှိပေ။

စသည့် အဓိပ္ပါယ်မဲ့ သတင်းများစတင်လွှင့်ထုတ်ကြသည်။

​သို့သော် သတင်းဌာနများက ဝေဖန်အပြစ်တင်နေသော်လည်း ဝယ်သူများကတော့ Nirvana X ဖုန်းတွေကို အလုအယက်ဝယ်၍ ပန်ကူးအား ထည့်သုံးနေကြဆဲပင်။

ဤမျှ ခေတ်ရှေ့ပြေးသည့် နည်းပညာအား မည်သူမှ လက်လွှတ်ခံနိုင်မည်နည်း။

​ထိုသတင်း၏ နောက်ဆက်တွဲဒဏ်အ အပြင်းထန်ဆုံး ခံစားရသူမှာ Apple ဖြစ်သည်။

ဈေးကွက်ဖွင့်ပြီး တစ်နာရီအတွင်းမှာတင် Apple ရဲ့ ရှယ်ယာဈေး ၂ ရာခိုင်နှုန်း ကျဆင်းသွားပြီး ဈေးကွက်တန်ဖိုး ဒေါ်လာ ၂၂ ဘီလီယံ (ယွမ် ၁၃၂ ဘီလီယံ) လောက် လေထဲလွင့်သွားရသည်။

ဒါက တရုတ်ပြည်Jindong Group ရဲ့ တန်ဖိုးတစ်ဝက်နီးပါး ရှိတာပါ။ ၄ ရက်ဆက်တိုက် ရှယ်ယာတွေ ကျဆင်းပြီးနောက် စုစုပေါင်း ဒေါ်လာ ၈၈ ဘီလီယံ (ယွမ် ၅၂၈ ဘီလီယံ) အထိ ဆုံးရှုံးသွားတာဟာ Apple သမိုင်းမှာ အဆိုးရွားဆုံး မှတ်တမ်းတစ်ခုပင် ဖြစ်လာစေသည်။

​Apple တင်မကဘဲ Samsung နဲ့ Sony တို့လည်း ရှယ်ယာတွေ ထိုးကျကုန်သည်။

အနောက်နိုင်ငံ သတင်းစာတွေမှာတော့ လုံထန်ကို "Attack on Titan" (ဧရာမဘီလူးကြီးရဲ့ တိုက်ခိုက်မှု) လို့တောင် တင်စားနေကြပြီး

တရုတ်ပြည်တွင်းမှ Warwick (Huawei) လို ကုမ္ပဏီမျိုးတွေအတွက်တော့ ထိုအခြေနေများက ထိခိုက်မှုမရှိခဲ့ချေ။

သူတို့က ဖုန်းရောင်းရတာထက် ကမ္ဘာတစ်ဝန်း ဆက်သွယ်ရေး အော်ပရေတာများကို Hardware နဲ့ Software ဝန်ဆောင်မှုပေးခြင်းမှ အဓိက အမြတ်ရှာခြင်းကြောင့် ဖြစ်သည်။

ကွန်ရက်များ တိုးတက်နေသရွေ့ Warwick ကတော့ ဆက်ပြီး ရပ်တည်နေမှာပင်။

All Chapters