← Chapters

အခန်း (၁၆၉-၁၇၀)

Vol. 17 Ch. 169-170

အခန်း (၁၆၉-၁၇၀)

Vol. 17 Ch. 169-170

အပိုင်း ၁၆၉

ကမ္ဘာတစ်ဝန်းလုံး ပရမ်းပတာဖြစ်နေချိန် Apple ဌာနချုပ်သည်လည်း အလားတူပင် မငြိမ်မသက် ဖြစ်နေပေတော့သည်။

​Apple ဌာနချုပ်၏ အနက်ရှိုင်းဆုံး သုတေသနခန်းအတွင်း၌ မျက်နှာဖြူလျော်လျော်နှင့် နက်မှောင်သောမျက်လုံးများ ရှိသည့် လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးသည် ကွန်ပျူတာဖန်သားပြင်ပေါ်ရှိ Progress Bar တိုးတက်မှုကို စိုက်ကြည့်နေသည်။

လုံထန်ဂရု၏ Database ထဲသို့ ထိုးဖောက်ဝင်ရောက်ပြီး အဓိကဖိုင်တွဲကို ခိုးယူခဲ့သည်မှာ တစ်ပတ်တိတိ ရှိခဲ့ပြီဖြစ်သည်။

လုံထန်ဂရုက ထိုဖိုင်တွဲကို လျှို့ဝှက်ချက်ကာကွယ်ရေး အဆင့်ဆင့် ပြုလုပ်ထားသဖြင့် ၎င်းကို ဖောက်ထွင်းနိုင်ရန်အတွက် သူ တစ်ပတ်လုံး အချိန်ယူခဲ့ရသည်။

မူလကပင် ကုမ္ပဏီ၏ အခြေအနေမှာ မကောင်းလှသဖြင့် ယခုတစ်ကြိမ်သာ သူ တစ်ခုခုကို ထုတ်မပြနိုင်ပါက Apple က သူ့ကို အလုပ်ထုတ်ပစ်ပေတော့မည်။

​"YES!"

​ရုတ်တရက် ကွန်ပျူတာဖန်သားပြင်ကြီး လင်းလက်သွားပြီးနောက်တွင် ထိုလူဖြူကြီးသည် ဝမ်းသာအားရဖြင့် မတ်တပ်ရပ်ကာ ဟစ်အော်လိုက်သည်။

မမျှော်လင့်ဘဲ ကွန်ပျူတာမျက်နှာပြင်ပေါ်တွင် ကုဒ်ပေါင်းမြောက်မြားစွာ ချိတ်ဆက်သွားပြီး ရောင်စုံရုပ်ပုံတစ်ခု ပေါ်လာသည်။ ၎င်းမှာ ထူးခြားသော ပုံရိပ်တစ်ခုပင်။

​ဝိုင်းစက်ဖောင်းကားသော ခန္ဓာကိုယ်၊ အဖြူအမည်းရောင် အမွေးအမှင်များ၊ ဖြူဖွေးသော ဦးခေါင်းပေါ်တွင် နားရွက်အမည်းလေးတစ်စုံနှင့် ဝိုင်းစက်နေသော မျက်လုံးအမည်းကြီးနှစ်လုံးရှိသည့် ချစ်စရာကောင်းသော ပုံရိပ်လေးဖြစ်သည်။

ထိုလူဖြူကြီးသည် ဤပုံမှာ တရုတ်နိုင်ငံ၏ နိုင်ငံတော်ရတနာဖြစ်သော ပန်ဒါဝက်ဝံဖြစ်ကြောင်း မှတ်မိသွားသည်။ ထို့အပြင် ပန်ဒါလေး၏ လက်ထဲတွင် ကိုင်ထားသော အမွှေးတိုင်ကိုလည်း သူ သတိပြုမိလိုက်သည်။

​"ငါတော့ အလုပ်ဖြစ်ပြီ"

​သူ ကွန်ပျူတာကို ပိတ်ရန် ပြင်လိုက်စဉ်မှာပင် ကွန်ပျူတာမျက်နှာပြင်တစ်ခုလုံး မည်းမှောင်သွားပြီး ဖတ်မရသည့် စာသားများသာ ကျန်ရစ်တော့သည်။

​ရှူး... ရှူး...

​ချက်ချင်းဆိုသလိုပင် သုတေသနခန်းအတွင်း မောင်းနှင်နေသော ဒါဇင်နှင့်ချီသည့် ကွန်ပျူတာများအားလုံး၏ မျက်နှာပြင်များ မည်းမှောင်သွားကာ ထူးဆန်းသောစာသားများ ပေါ်လာတော့သည်။

​"Fuck"

​ပတ်ဝန်းကျင်ရှိ မည်းမှောင်သွားသော မျက်နှာပြင်များကို ကြည့်ရင်း ထိုလူဖြူကြီးသည် ဒေါသထွက်လွန်းသဖြင့် ကီးဘုတ်ကို လက်သီးဖြင့် ထိုးနှက်မိတော့သည်။

​မိနစ်အနည်းငယ်အတွင်းမှာပင် Apple ဌာနချုပ်ရှိ ကွန်ပျူတာအားလုံး အလုပ်မလုပ်တော့ဘဲ ဖြစ်သွားကာ လူတိုင်း၏မျက်စိရှေ့တွင် ချစ်စရာကောင်းသော ပန်ဒါလေး အမွှေးတိုင်ထွန်းနေသည့် ပုံရိပ်သာပေါ်လာတော့သည်။ယ

ထို့တင်မကသေးဘဲ ထိုသို့ပန်ဒါလေး အမွှေးတိုင်ထွန်း (မီးမွှေးကာ ပြဿနာရှာခြင်း)နေသည့် ပန်ဒါဗိုင်းရပ်စ်က Apple ဌာနချုပ် ကွန်ရက်မှတစ်ဆင့် ပြန့်နှံ့သွားကာ အမေရိကန်နိုင်ငံ၊ ကယ်လီဖိုးနီးယား ပြည်နယ်တစ်ခုလုံးကို ဖုံးလွှမ်းသွားတော့သည်။ ကွန်ပျူတာများအားလုံး ချက်ချင်းပင် ရပ်တန့်သွားပြီး အချက်အလက်များ တရစပ် ပျောက်ဆုံးကုန်သည်။

​အလားတူ မြင်ကွင်းမျိုးသည် ဂျပန်နိုင်ငံရှိ Sony ဌာနချုပ်၊ ကိုရီးယားရှိ Samsung (လေးစင်္ကြာ) ဌာနချုပ်၊ အမေရိကန်ရှိ Google ဌာနချုပ်များအပြင် အမေရိကန် စစ်ထောက်လှမ်းရေးအေဂျင်စီ၊ ဗြိတိန် MI5၊ ပြင်သစ် ပြည်ပလုံခြုံရေးဌာနနှင့် အိန္ဒိယတောင်ပိုင်း ထောက်လှမ်းရေးဌာနတို့တွင်လည်း ပေါ်ပေါက်ခဲ့သည်။

​ကမ္ဘာ့အဓိကဒေသများနှင့် နိုင်ငံများ၏ သုံးပုံတစ်ပုံခန့်သည် အဆင့်မြှင့်တင်ထားသော 'ပန်ဒါအမွှေးတိုင်ထွန်း' ဗိုင်းရပ်စ်၏ တိုက်ခိုက်မှုကို ခံလိုက်ရသဖြင့် ငွေကြေးအမြောက်အမြား ဆုံးရှုံးခဲ့ရပြီး လျှို့ဝှက်အချက်အလက်များစွာမှာလည်း လူသိရှင်ကြား ပေါက်ကြားသွားခဲ့ရသည်။

တရုတ်နှင့် ရုရှား (ဝက်ဝံဖြူ) ကဲ့သို့သော နိုင်ငံများသည် ထိုပေါက်ကြားလာသော အချက်အလက်များကို ဖမ်းယူနိုင်ခဲ့ပြီး ထိပ်တန်းနည်းပညာ မြောက်မြားစွာကိုပင် ရရှိသွားခဲ့ကြသည်။

​ကျင်းလင်မြို့ - လုံထန်ဌာနချုပ် ဥက္ကဋ္ဌရုံးခန်းအတွင်း

​"ဟားဟားဟား"

​ရှုံတာ၏ သတင်းပို့ချက်ကို ကြားပြီးနောက် ကျန်းဖန် တစ်ယောက် ကျယ်လောင်စွာ ရယ်မောမိတော့သည်။

ဤလူစုမှာ 'ကြက်ခိုးဖို့ ကြိုးစားရင်း ဆန်ဆုံး' သွားကြခြင်းပင်။ နောင်တွင် သူတို့အနေဖြင့် လုံထန်ကို ထပ်မံနှောင့်ယှက်ရန် ဝံ့တော့မည်မဟုတ်ပေ။

​အဆင့်မြှင့်ထားသော 'ပန်ဒါမီးမွှေးခြင်း ဗိုင်းရပ်စ် ပေါ်လာပြီဆိုလျှင် ၎င်းမှာ ကွန်ပျူတာသောင်းဂဏန်းလောက် ရပ်တန့်သွားရုံဖြင့် မပြီးပေ။

၎င်းသည် အနည်းဆုံး မြို့တော်ကြီးတစ်ဝက်ခန့်ကို လွှမ်းမိုးသွားနိုင်ပြီး တစ်မိနစ်လျှင် သန်းနှင့်ချီသော ဆုံးရှုံးမှုများကို ဖြစ်ပေါ်စေနိုင်သည်။ ငွေကြေးအင်အား တောင့်တင်းလှသော အမေရိကန်ပင်လျှင် ဤလက်တွေ့ဘဝကို လက်ခံနိုင်ရန် ခက်ခဲပေလိမ့်မည်။

ထို့အပြင် ၎င်းတို့သည် ဟက်ကာများလွှတ်၍ ပုဂ္ဂလိကကုမ္ပဏီတစ်ခုကို တိုက်ခိုက်ခြင်းမှာ ဂုဏ်သိက္ခာရှိသောအလုပ် မဟုတ်သဖြင့် ဘာမှလည်း ထုတ်ဖော်ပြောရဲကြမည်မဟုတ်ပေ။

​"ရှုံတာ.. ဒါကို မင်းပဲ ဆက်ကိုင်တွယ်လိုက်တော့၊ ငါ အရင်သွားပြီ"

​ကျန်းဖန် က လက်ကာပြကာ ပြောဆိုပြီးနောက် ဓာတ်လှေကားဆီသို့ တန်းတန်းမတ်မတ် လျှောက်သွားသည်။ ဆီလီကွန်ပုံဆောင်ခဲ ဘက်ထရီထုတ်လုပ်မှုနည်းပညာကို ဆက်ခံရရှိပြီးကတည်းက သူသည် အလွန်အလုပ်များနေခဲ့သည်။ နေ့စဉ် ဌာနချုပ်နှင့် ဓာတ်ခွဲခန်းကိုသာ ကူးချည်သန်းချည် လုပ်နေရသည်။

​ကျန်းဖန်၏ အစီအစဉ်များအတိုင်း တရုတ်နိုင်ငံအတွင်း ထူးခြားသော အခြေအနေအချို့လည်း ဖြစ်ပေါ်လာသည်။ ပန်ကူး- စမတ်ဖုန်းဘတ္တလာ၏ နောက်ဆက်တွဲ သက်ရောက်မှုမှာ ပိုမိုနက်ရှိုင်းလာသည်။

လူအများက အင်တာနက်ပေါ်တွင် ထိုစမတ်ဖုန်းဘတ္တလာသည် ရည်းစားဖြစ်သူထက်ပင် ပိုမိုဂရုစိုက်တတ်ကြောင်း ရေးသားလာကြသည်။

Aiအကူက အလွန်အမင်း ရင်းနှီးလွန်းသဖြင့် ရည်းစားဖြစ်သူမှ ဒေါသထွက်ကာ ဖုန်းကို ရိုက်ခွဲပစ်သည့် ဖြစ်ရပ်ပင် ရှိခဲ့သည်။ ဤဖြစ်ရပ်သည် လူမှုကွန်ရက်တွင် ပြန့်နှံ့သွားပြီး လူအများ၏ ရယ်မောစရာ ဖြစ်ခဲ့ရသည်။ တိုက်ဆိုင်စွာပင် ထိုဖြစ်ရပ်မှတစ်ဆင့် 'ပန်ကူ' ၏ အရေးပါပုံမှာ လူတိုင်းရှေ့တွင် အထင်အရှား ပေါ်လွင်သွားခဲ့သည်။

​လုံထန်ဂရု၏ တရားဝင် Weibo အကောင့်တွင်လည်း အသုံးပြုသူများစွာက ဝိုင်းအုံရေးသားနေကြသည်။

​"ဟယ်တုန်းမှာ အနှစ်သုံးဆယ်၊ ဟယ်ရှီးမှာ အနှစ်သုံးဆယ်... ပန်ကူးလေး ဆင်းရဲတာကို အနိုင်မကျင့်ကြပါနဲ့ ဒီလောက်အစွမ်းထက်တဲ့ AI မျိုး တစ်ခါမှမမြင်ဖူးဘူး ရန်ဖြစ်ရင်လည်း မနိုင်ဘူး၊ ဆဲရင်လည်း မနိုင်ဘူး။"

​"ဘုရားရေ... ဒီမိစ္ဆာကောင်လေးကို တစ်ယောက်ယောက် လာသိမ်းပေးကြပါဦး"

​"ညီအစ်ကိုတို့ရေ... ကျွန်တော့်ကို အရှုံးပေးခွင့်ပြုပါ၊ ငိုချင်လာပြီ ဘာလို့ ကျွန်တော့်ရဲ့ စမတ်ဖုန်းကက အဘွားကြီးတစ်ယောက်လို ဖြစ်နေရတာလဲ၊ နေ့တိုင်း ဟိုဟာမကောင်း ဒီဟာမကောင်းနဲ့ ပြောနေတာ။"

​စမတ်ဖုန်းက ပန်ပန်ကူး၏ ထူးခြားလှသော စဉ်းစားတွေးခေါ်နိုင်စွမ်းနှင့် ဖန်တီးထားသော စရိုက်လက္ခဏာများသည် လုံထန်တစ်ခုတည်းသာလျှင် Artificial Intelligence (AI) နယ်ပယ်တွင် အင်အားအကြီးဆုံးဖြစ်ကြောင်း ကမ္ဘာကို သက်သေပြလိုက်ခြင်းပင်။

သိပ္ပံနည်းကျ ခွဲခြားမှုအရသော်လည်းကောင်း၊ သိပ္ပံစိတ်ကူးယဉ်အရသော်လည်းကောင်း လုံထန်ဂရုမှ ထုတ်လုပ်လိုက်သည့် စမတ်ဖုန်းသည် စစ်မှန်သော AI ပင် ဖြစ်သည်။

​ဤနယ်ပယ်တွင် လုံထန်သည် ရှေ့တန်းက ရပ်တည်နေရုံသာမက ခေတ်ရေစီးကြောင်းကိုပါ ဦးဆောင်နေခြင်းဖြစ်သည်။ AI သည် အနာဂတ်နည်းပညာ ဖွံ့ဖြိုးတိုးတက်မှုအတွက် မလွဲမသွေ ဖြစ်ပေါ်လာမည့် အလားအလာဖြစ်ပြီး စက်ရုပ်များသည် လူသားတို့၏ လိုအပ်ချက်များကို ဖြည့်ဆည်းပေးမည့် အကောင်းဆုံးကိရိယာများ ဖြစ်လာလိမ့်မည်။ AI ကို အောင်နိုင်သူသည် အနာဂတ်ကို ထိန်းချုပ်နိုင်မည်ဖြစ်သည်။

​ကမ္ဘာ့ဘဏ္ဍာရေးကုမ္ပဏီများစွာက လုံထန်ဂရု၏ 'ပန်ကူး နည်းပညာတစ်ခုတည်းပင် အနည်းဆုံး တန်ဖိုး အမေရိကန်ဒေါ်လာ ဘီလီယံ ၃၀၀ ထက်မနည်း ရှိကြောင်း ခန့်မှန်းတွက်ချက်ခဲ့ကြသည်။

ကမ္ဘာ့နံပါတ်တစ် Citigroup၊ နံပါတ်နှစ် JPMorgan Chase နှင့် နံပါတ်သုံး Morgan Stanley တို့ ပူးပေါင်း၍ လုံထန်ဂရုကို ဘက်စုံစစ်ဆေး အကဲဖြတ်ခဲ့ကြသည်။

​နောက်ဆုံးရလဒ်မှာ လုံထန်ဂရု၏ တန်ဖိုးသည် အမေရိကန်ဒေါ်လာ တစ်ထရီလီယံထက်မနည်း ရှိနေခြင်းဖြစ်သည်။ ယင်းအထဲတွင် Nirvana X မှာ ဘီလီယံ ၂၀၀၊ Kaitian ONE မှာ ဘီလီယံ ၂၀၀ နှင့် Wyvern-Tamron စမတ်ဖုန်း Operating System မှာ ဘီလီယံ ၃၀၀ တန်ကြေးရှိသည်။

၎င်းတို့ ထည့်မတွက်ရသေးသော အခြားပိုင်ဆိုင်မှုများနှင့် မူပိုင်ခွင့်နည်းပညာများစွာလည်း ကျန်ရှိနေသေးသည်။

​သို့သော် ဤတွက်ချက်မှုတစ်ခုတည်းဖြင့်ပင် ကမ္ဘာ့ဘဏ္ဍာရေးဈေးကွက်ကို တုန်လှုပ်သွားစေရန် လုံလောက်ခဲ့သည်။ တစ်ထရီလီယံတန်ဖိုးရှိသော စီးပွားရေးကုမ္ပဏီကြီးမှာ ကမ္ဘာပေါ်တွင် လက်ချိုးရေတွက်၍ပင် ရသည်။

တရုတ်နိုင်ငံရှိ Alibaba နှင့် Tencent (Penguin) တို့ပင်လျှင် ဤအဆင့်သို့ မရောက်ရှိသေးပေ။

​အမှန်စင်စစ် လူအများစုက ဤအကဲဖြတ်ချက်ကို သဘောမတူကြဘဲ လုံထန်၏ တန်ဖိုးကို အလွန်အမင်း လျှော့တွက်ထားသည်ဟု ယူဆကြသည်။ အနာဂတ်တွင် 'ပန်ကူး' ကို အသုံးပြုသူ သန်း ၅၀ ခန့်သာ ရှိဦးတော့၊ တစ်နှစ်လျှင် ဝင်ငွေ အမေရိကန်ဒေါ်လာ ၁၀ ဘီလီယံခန့် ရရှိနေမည်ဖြစ်သည်။ လုံထန်ဂရု၏ အနာဂတ်မှာ အကန့်အသတ်မရှိ တောက်ပနေမည်ဖြစ်ကြောင်း လူတိုင်း သိရှိနေကြပေတော့သည်။

.....................................................

အပိုင်း ၁၇၀

လုံထန်သည် အမေရိကန်ဒေါ်လာ တစ်ထရီလီယံတန်ဖိုးဖြင့် ကမ္ဘာတစ်ဝန်းတွင် တစ်ဟုန်ထိုး နာမည်ကျော်ကြားသွားခဲ့သည်။

​ထိုသတင်းမှာ တရုတ်နိုင်ငံအတွင်းသို့ ပျံ့နှံ့သွားသောအခါ ပြည်သူအပေါင်းက ဝမ်းသာအားရ ကြွေးကြော်ခဲ့ကြသည်။

ဤသည်မှာ တရုတ်လူမျိုးတို့အနေဖြင့် ကမ္ဘာ့ထိပ်တန်းဘီလူးကြီးများစာရင်းထဲသို့ ပထမဆုံးအကြိမ် ဝင်ရောက်နိုင်ခဲ့ခြင်းဖြစ်သလို၊ တစ်ကမ္ဘာလုံးကို တုန်ဟိန်းသွားစေခဲ့သည့် တစ်ခုတည်းသော အောင်မြင်မှုလည်း ဖြစ်ပေသည်။

နေရာတိုင်းတွင် လုံထန်ဂရုကသာ အာရုံစိုက်မှုကို ခံနေရပြီး သတင်းများမှာလည်း တရစပ် တက်လာခဲ့သည်။ Baidu ၏ ထိပ်တန်းသတင်း (၁၀) ပုဒ်စလုံးတွင် အခြားသူများအတွက် နေရာမရှိတော့ဘဲ လူတို့၏ ဆွေးနွေးငြင်းခုံမှုများမှာလည်း လုံထန်ထံမှ တစ်ဖဝါးမှ မခွာတော့ပေ။

​၂၀၁၈ ခုနှစ် ဇူလိုင်လတွင် ကုမ္ပဏီကို စတင်ကြေညာခဲ့သည်။ ထိုနှစ် စက်တင်ဘာ ၁၄ ရက်တွင် တန်ရွမ်စနစ်စမတ်ဖုန်းကို အောင်မြင်စွာ တီထွင်နိုင်ခဲ့ကြောင်း ကြေညာခဲ့သည်။

နိုဝင်ဘာ ၁၁ ရက်တွင်မူ Nirvana X ကို တရားဝင် ထုတ်လုပ်နိုင်ခဲ့သည်။

​၂၀၁၉ ခုနှစ် ဧပြီ ၃၁ ရက်တွင် Kaitian ONE မိတ်ဆက်ပွဲကို ကျင်းပခဲ့ပြီး တစ်ပြိုင်နက်တည်း ဖြန့်ချိခဲ့သည်။ မေလ ၂၀ ရက်တွင် စမတ်ဖုန်းအကူ 'ပန်ကူး၏ မိတ်ဆက်ပွဲကို ကျင်းပခဲ့ပြန်သည်။ ဆယ်လဆိုသော အချိန်တိုအတွင်း၌ လုံထန်ဂရုသည် မိတ်ဆက်ပွဲ (၄) ကြိမ်သာ ပြုလုပ်ခဲ့သော်လည်း ကမ္ဘာ့လူဦးရေ ၇.၅ ဘီလီယံ၏ ရှေ့မှောက်တွင် တရုတ်နိုင်ငံ၏ နည်းပညာမှတ်တိုင်များဟု ခေါ်ဆိုထိုက်သည့် ထုတ်ကုန် (၄) မျိုးကို အပြည့်အဝ ပြသနိုင်ခဲ့သည်။

ကြယ်တံခွန်ကဲ့သို့ လျင်မြန်စွာ ထွက်ပေါ်လာပြီး နေမင်းကဲ့သို့ တောက်ပလှသည့် လုံထန်သည် နှစ်ပေါင်း ၅,၀၀၀ သက်တမ်းရှိသည့် ခန့်ညားထည်ဝါသော တရုတ်နိုင်ငံသည် မည်သူ့ထက်မှ မနိမ့်ကျကြောင်း မိမိကိုယ်တိုင် သက်သေပြခဲ့ပေသည်။

​ပြင်ပလောကတွင် လှိုင်းထန်နေသော်လည်း လင်းဖန် ကမူ ဌာနချုပ် သုတေသနစင်တာဘေးရှိ သီးသန့်ဓာတ်ခွဲခန်းထဲတွင် ရေဒီယိုသတ္တိကြွကာကွယ်ရေးဝတ်စုံကို ဝတ်ဆင်ကာ ဆီလီကွန်ပုံဆောင်ခဲ ဘက်ထရီ (Silicon Crystal Cells) များအပေါ် စေ့စေ့စပ်စပ် သုတေသနပြုနေခဲ့သည်။

လုံထန်အနေဖြင့်လည်း 'ပန်ကူး' စမတ်ဖုန်းအကူ၏ အောင်မြင်မှုကြောင့် အဓိက လုပ်ငန်းချဲ့ထွင်မှု အခွင့်အလမ်းကြီးကို ရရှိခဲ့ရာ ကျန်းဖန် နှင့် အခြားသူများသာ ကိုင်တွယ်ရန် မလုံလောက်တော့ပေ။

​ထို့ကြောင့် သူက တွေဝေမနေတော့ဘဲ မိုရှင်းယာကို သူ့ကိုယ်စား သက်ဆိုင်ရာ ကိစ္စရပ်များအား ကိုင်တွယ်ရန် တိုက်ရိုက်တာဝန်ပေးလိုက်သည်။

ဖန်ထန်းရင်းနှီးမြုပ်နှံရေးလုပ်ငန်း၏ ကွန်ရက်အရှိန်အဝါဖြင့် လုံထန်သည် အခြေခံအဆောက်အအုံ တည်ဆောက်ရေးတွင် ရန်ပုံငွေအမြောက်အမြား ရင်းနှီးမြှုပ်နှံခဲ့ပြီး ကျင်းချန်၊ ချင်ချန် နှင့် ရှုတု မြို့ကြီးများရှိ စက်မှုဇုန် (၄) ခုစလုံးကို အပြီးသတ် တည်ဆောက်နိုင်ခဲ့သည်။

​Huaxia ဌာနချုပ်ကိုလည်း ရုတ်တရက် ဌာနခွဲ (၅) ခုအဖြစ် ခွဲဝေလိုက်သဖြင့် နေရာအနှံ့အပြားတွင် စီမံခန့်ခွဲမှုဆိုင်ရာ အရည်အချင်းရှိသူများ လိုအပ်လာခဲ့ရာ Warwick (Huawei)၊ Dami (Xiaomi) နှင့် Lizu (Meizu) တို့ကဲ့သို့သော ကုမ္ပဏီကြီးများမှ ထူးချွန်သူများကို ငွေပုံပေး၍ ခေါ်ယူခဲ့ရသည်။

ထို့ပြင် နာမည်ကျော် ပြည်ပစီမံခန့်ခွဲရေး ပညာရှင်များကိုပင် မချန်ဘဲ တရုတ်နိုင်ငံသို့ ပြန်လည်ခေါ်ယူကာ လုံထန်၏ အဓိကဌာနခွဲများသို့ တာဝန်ချထားပေးခဲ့သည်။

လက်ရှိ၌ လုံထန်ဂရုသည် အစိတ်အပိုင်းတိုင်း တစ်ခုနှင့်တစ်ခု အချိတ်အဆက်မိမိဖြင့် အားကောင်းမောင်းသန် လည်ပတ်နေသော တိကျသေချာသည့် စက်ယန္တရားကြီးတစ်ခုကဲ့သို့ ဖြစ်နေပေသည်။

​"သူဌေး... အပြင်မှာ တစ်ယောက်ယောက်က လာတွေ့ချင်နေတယ်"

​လင်းဖန် စမ်းသပ်မှုတစ်ခုကို အပြီးသတ်လိုက်ချိန်မှာပင် ရှုံ့တာ၏ ကလေးဆန်သော အသံလေး ဓာတ်ခွဲခန်းထဲတွင် ထွက်ပေါ်လာသည်။

​"အော်... ဘယ်သူလဲ"

​လင်းဖန် သက်ပြင်းတစ်ချက်ချကာ ကိုင်ထားသောအရာများကို ချလိုက်သည်။ ယနေ့ခေတ်တွင် 'ပန်ကူး စမတ်ဖုန်းအကူကြောကြောင့် လုံထန်၏ ရန်ပုံငွေများမှာ နေ့စဉ်နှင့်အမျှ တရစပ် စီးဝင်နေသဖြင့် ပိုက်ဆံကို ရေတွက်၍ပင် မရနိုင်အောင် ဖြစ်နေသည်။

ထို့ကြောင့်ပင် သူသည် ဆီလီကွန်ပုံဆောင်ခဲ ဘက်ထရီ သုတေသနကို အမြန်ဆုံး အပြီးသတ်ပြီး အမြောက်အမြား ထုတ်လုပ်မှုအဆင့်သို့ ရောက်ရှိရန်နှင့် ဘက်ထရီဈေးကွက်ကို အမြန်ဆုံး သိမ်းပိုက်နိုင်ရန် စိတ်အားထက်သန်နေခြင်း ဖြစ်သည်။

​"သူဌေး... သူဌေးရဲ့ လက်ထောက် မိုရှင်းယာ ရောက်နေတာပါ"

​"ဒါဆို သူ့ကို ဝင်ခိုင်းလိုက်"

​လင်းဖန် မျက်ခုံးတစ်ချက် ပင့်လိုက်ပြီး အတွင်းခန်းထဲမှ ထွက်ကာ ရေဒီယိုသတ္တိကြွကာကွယ်ရေးဝတ်စုံကို လဲလှယ်လိုက်သည်။

ခဏအကြာတွင် ရုံးဝတ်စုံဖြင့် စမတ်ကျနေသည့် မိုရှင်းယာ ဝင်လာပြီး တိုက်ရိုက်ပင် ပြောလိုက်သည်။

​"သူဌေး... Warwick ရဲ့ စားသုံးသူစီးပွားရေးကဏ္ဍစီအီးအို ယွီချန်ရှီရောက်နေပါတယ်၊ သူဌေးနဲ့ တွေ့ချင်လို့တဲ့"

​"အိုး..."

​ထိုနာမည်ကို ကြားလိုက်ရချိန်တွင် လင်းဖန် ၏ မျက်လုံးများထဲ၌ အရောင်တစ်ချက် ဝင်းလက်သွားသည်။

​ယွီချန်ရှီမှာ Warwick စားသုံးသူစီးပွားရေးကဏ္ဍ၏ စီအီးအိုဖြစ်သလို Warwick Technology ၏ အကြီးတန်း ဒုတိယဥက္ကဋ္ဌလည်း ဖြစ်သည်။ ထို့အပြင် ဒါရိုက်တာဘုတ်အဖွဲ့ဝင်နှင့် မန်နေးဂျင်းဒါရိုက်တာလည်း ဖြစ်သည်။ သူသည် ၁၉၉၃ ခုနှစ်ကတည်းက Warwick သို့ ဝင်ရောက်ခဲ့ပြီး 3G ထုတ်ကုန် ဒါရိုက်တာ၊ ကြိုးမဲ့ထုတ်ကုန် ဈေးကွက်ရှာဖွေရေး ဒုတိယဥက္ကဋ္ဌ၊ ဥရောပဒေသဆိုင်ရာ ဥက္ကဋ္ဌ စသည့် တာဝန်များကို အဆင့်ဆင့် ထမ်းဆောင်ခဲ့သူဖြစ်သည်။ နည်းပညာလောကတွင် သူ့နာမည်မှာ အလွန်ပင် ကျော်ကြားလှကြောင်း ပြောရပေလိမ့်မည်။

​"သူ့ကို ကျန်းဖန် အရင်လက်ခံတွေ့ဆုံထားခိုင်းလိုက်၊ ငါ ခဏနေရင် လာခဲ့မယ်"

​လင်းဖန် က လက်ကာပြကာ တည်ငြိမ်စွာ ပြောလိုက်သည်။ ဓာတ်ခွဲခန်းထဲတွင် အချိန်အတော်ကြာ အလုပ်လုပ်ထားသဖြင့် သူ့ကိုယ်တွင် ဓာတုဗေဒပစ္စည်းနံ့များ စွဲနေသည်။ အကယ်၍ ဤအတိုင်းသာ ထွက်သွားပါက လူတိုင်း မူးလဲသွားနိုင်ပေသည်။

​"ဟုတ်ကဲ့ပါ"

​မိုရှင်းယာ ခေါင်းညိတ်ကာ ကျန်းဖန် ကို သွားရောက်အကြောင်းကြားရန် ထွက်သွားတော့သည်။

​တစ်ချိန်တည်းမှာပင် Longteng ဌာနချုပ် အစည်းအဝေးခန်းအတွင်း

​"ဟားဟားဟား မစ္စတာယွီ... ခင်ဗျားရဲ့ နာမည်ကို ကြားနေရတာ ကြာပါပြီ"

​လုံထန်၏ စီအီးအို ကျန်းဖန် က ပြုံးရွှင်စွာဖြင့် ယွီချန်ရှီကို နှုတ်ဆက်လိုက်သည်။

"ကျွန်တော်တို့ရဲ့ အစ်ကိုကြီး Warwick က အခုလို စီးပွားရေးလုပ်ငန်းတွေကို လမ်းညွှန်ပေးဖို့ လာရောက်တာဟာ ကျွန်တော့်ရဲ့ ဒီကျောင်းတော်လေးအတွက် တကယ့်ကို ဂုဏ်ယူစရာပါပဲ"

​"မစ္စတာကျန်းကလည်း ဘာတွေပြောနေတာလဲ ခင်ဗျားတို့က ကျောင်းတော်လေးဆိုရင် ကျွန်တော်တို့ Warwick က သက်ငယ်မိုး အိမ်လေးပဲ ရှိတော့မှာပေါ့"

​ယွီချန်ရှီက ခေါင်းခါရင်း အားမလိုအားမရ ပြုံးလိုက်သည်။ လုံထန်ဂရုသည် ယခုအခါ တရုတ်နိုင်ငံ၏ နံပါတ်တစ် ဖုန်းကုမ္ပဏီဖြစ်နေပြီး ဟာ့ဒ်ဝဲတွင်သာမက ဆော့ဖ်ဝဲပိုင်းတွင်လည်း ပြိုင်ဘက်ကင်းနေကြောင်း မည်သူမသိဘဲ နေမည်နည်း။ နှစ်ပေါင်းများစွာ အုတ်မြစ်ချခဲ့သော Warwick ပင်လျှင် ယခုအချိန်တွင် လုံထန်ကို ယှဉ်နိုင်ချင်မှ ယှဉ်နိုင်ပေလိမ့်မည်။

​ထိုစကားကို ကြားသောအခါ ကျန်းဖန် ကိုယ်ကို မတ်လိုက်ပြီး လေးနက်စွာ မေးလိုက်သည်။

"မစ္စတာယွီ ဒီတစ်ခေါက် လာရောက်ရတဲ့ အကြောင်းရင်းကို သိပါရစေ"

​"ပွင့်ပွင့်လင်းလင်း ပြောရရင်တော့ ခင်ဗျားတို့ ကုမ္ပဏီက ရှယ်ယာတွေ ရောင်းဖို့ အစီအစဉ် ရှိ၊ မရှိ သိချင်လို့ပါ။ ကျွန်တော်တို့ Warwick က တရုတ်ယွမ် တစ်ထရီလီယံ တန်ဖိုးသတ်မှတ်ချက်နဲ့ ရှယ်ယာအချို့ကို ဝယ်ယူဖို့ ဆန္ဒရှိပါတယ်"

​"တိုက်ဆိုင်လိုက်တာဗျာ ပြီးခဲ့တဲ့ ရက်ပိုင်းကတင်ပဲ ကျွန်တော်တို့အဖွဲ့ဟာ IDG၊ Alibaba၊ Jiuding၊ Sequoia နဲ့ Tencent တို့က လာကမ်းလှမ်းတာတွေကို ငြင်းပယ်ခဲ့ပါတယ် မစ္စတာယွီက ကျွန်တော်တို့ Longteng ရဲ့ လက်ရှိအခြေအနေကို မသိဘူးလား"

​ကျန်းဖန် က ယွီချန်ရှီကို စူးရှသော မျက်လုံးများဖြင့် စိုက်ကြည့်လိုက်သည်။ ယွီချန်ရှီကလည်း ရှောင်လွှဲမသွားဘဲ အဓိပ္ပာယ်ပါပါ ပြန်လည်ကြည့်ကာ ပြောလိုက်သည်။

"ခင်ဗျားတို့ ကုမ္ပဏီရဲ့ အခြေအနေကို ကျွန်တော် သိပါတယ်။ ဒါပေမဲ့ လူတစ်ယောက်တည်းထက်စာရင် သုံးယောက်ပေါင်းတာက ပိုပြီး ခရီးပေါက်တာပေါ့"

​"လုံထန်ဂရုကို အပေါ်ကနေ အောက်အထိ ဖန်ထန်းရဲ့ ၁၀၀ ရာခိုင်နှုန်း ထိန်းချုပ်မှုအောက်မှာ ရှိနေတယ်၊ ပြီးတော့ ဖန်ထန်းဆိုတာကလည်း ဥက္ကဋ္ဌလင်းရဲ့ ကိုယ်ပိုင်ပိုင်ဆိုင်မှု ဖြစ်နေတယ် ဒါဟာ တစ်ချို့လူတွေအတွက် စိုးရိမ်စရာ ဖြစ်နေတာတော့ အမှန်ပဲ"

​"ဟားဟားဟား"

​ကျန်းဖန် တစ်ယောက် ကျယ်လောင်စွာ ရယ်မောလိုက်မိသည်။

"ကျွန်တော်တို့ ဥက္ကဋ္ဌရဲ့ ပါးစပ်ထဲက အသားကို လာလုချင်တာလား... ဒါဟာ ဘယ်လို လူမိုက်ရဲ့ အကြံလဲဗျာ"

​နောက်နေတာလား... လင်းဖန် က သာမန်လူ မဟုတ်ပေ။ သူက အသက် ၁၉ နှစ်သာ ရှိသေးပြီး ဝင်ခွင့်စာမေးပွဲတွင် ဝိဇ္ဇာဘာသာရပ်ဖြင့် တစ်နိုင်ငံလုံး အမှတ်အကောင်းဆုံး ရရှိခဲ့သူဖြစ်သည်။ ရက်ပေါင်း ၂၀ အတွင်းမှာတင် Future Market မှ ဒေါ်လာ ဘီလီယံပေါင်းများစွာ ရှာဖွေနိုင်ခဲ့သူ ဖြစ်သည်။

သူက အစစ်အမှန် မိစ္ဆာတစ်ကောင်ကဲ့သို့ပင်။

​လုံထန်၏ နေ့စဉ်ကိစ္စအရပ်ရပ်ကို သူတို့ထံ လွှဲအပ်ထားပြီး လင်းဖန် က ဝင်ရောက်စွက်ဖက်ခြင်း မရှိသော်လည်း၊ လုံထန်ဂရု၏ အထက်မှ အောက်အထိ အရာအားလုံးကို လင်းဖန် ကသာ ထိန်းချုပ်ထားကြောင်း လူတိုင်း ရင်ထဲတွင် သိရှိကြသည်။ ရှယ်ယာကို ထားလိုက်ပါဦး...

အကယ်၍ တစ်စုံတစ်ယောက်က ဝင်ရောက်စွက်ဖက်ချင်တယ်ဆိုရင် သူတို့ရဲ့ သွေးနဲ့ ပြန်ပေးဆပ်ရပါလိမ့်မယ်။

​အရှေ့တောင်အာရှ ဌာနခွဲကိုပဲ ကြည့်ပါလေ. ဘာကြောင့် ထောင်နဲ့ချီတဲ့ အရောင်းစင်တာတွေက အခိုင်အမာ ရပ်တည်နေနိုင်ရတာလဲ.. အဲဒါဟာ ဒေသခံ လူမိုက်ဂိုဏ်းပေါင်း သောင်းနဲ့ချီတဲ့ အလောင်းတွေပေါ်မှာ တည်ဆောက်ထားတဲ့ အရှိန်အဝါကြောင့်ပဲ ဖြစ်သည်။ အကယ်၍ သူ့ကို အနိုင်ကျင့်လို့ရတဲ့သူလို့ ထင်နေမယ်ဆိုရင်တော့ အဲဒီလူဟာ လူမိုက် ဒါမှမဟုတ် ဦးနှောက်မပြည့်တဲ့သူပဲ ဖြစ်ရမယ်။

​"ဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ မစ္စတာယွီ ကျွန်တော်တို့အတွက် စိုးရိမ်စရာ မလိုပါဘူး မတရားမှု အားလုံးကို ကိုင်တွယ်ဖြေရှင်းနိုင်တဲ့ အရည်အချင်းနဲ့ သတ္တိမျိုး ကျွန်တော်တို့ ဥက္ကဋ္ဌမှာ ရှိပါတယ်"

​မိနစ်အနည်းငယ် အကြာတွင် ကျန်းဖန် က အေးဆေးတည်ငြိမ်စွာပင် ပြန်လည်ပြောကြားလိုက်တော့သည်။

..........................................................

All Chapters