ထိုက်ယိကိုယ်ခွဲ
Vol. 10 Ch. 965
ချန်ကျင်းချင်လက်သီးကိုကျစ်ကျစ်ပါအောင်ဆုပ်ထားပြီး သူ၏လက်ဖဝါးများမှ သွေးများစီးကျနေလေသည်။
သူက ကျိုးထျန်းရွှမ်နွီပေးသည့် ကျမ်းစာထဲမှ အစွမ်းအထက်ဆုံးတန်ခိုးစွမ်းအားတစ်ခုဖြစ်သည့် တောင်များကိုရွှေ့ပြောင်းသည့် တန်ခိုးစွမ်းအားကို အသုံးပြုလိုက်ခြင်း ဖြစ်သည်။
သို့တိုင်အောင်… နတ်ဆိုးနဂါးနှင့် ယှဉ်ပြိုင်နိုင်ခြင်း မရှိပေ။ သူ၏တာအိုနှလုံးသားထဲတွင် အက်ကြောင်းတစ်ခု ဖြစ်ပေါ်လာလေသည်။
လွန်ခဲ့သည့်နှစ်များက သူ ကျင့်ကြံခြင်းသိပ်ပြီး မပြုလုပ်ဖြစ်ခဲ့ပေ။ ယခုကဲ့သို့သာ တိုက်ခိုက်ရမည်ကိုသာ သိခဲ့ပါက သူ့အနေဖြင့် ကြိုးစားပြီး ကျင့်ကြံမိမည် ဖြစ်သည်။
ထိုအချိန်မှာပင်… ချန်ကျင်းချင်၏ သန့်စင်သည့်နှလုံးသားထဲမှ ဝိညာဉ်မျိုးစေ့တစ်ခုက အပင်တစ်ခုပမာ တဖြည်းဖြည်း ရှင်သန်ကြီးထွားလာလေသည်။
ထိုဝိညာဉ်မျိုးစေ့ ရှင်သန်ကြီးထွားလာသည့်အခါ ငယ်စဉ်ကပင် အမှတ်ရနေခဲ့သည့် တာအိုဆရာလူငယ်၏ ပုံရိပ်က တဖြည်းဖြည်း အားနည်းမှေးမှိန်သွားသည်။
တစ်ချိန်တည်းမှာပင် ခမ်းနားကြီးမြတ်သည့် စွမ်းအားတစ်ခုက သူ၏စိတ်ဝိညာဉ်အတွင်းမှ မိုးကြိုးတိမ်တိုက်များအလား ထွက်ပေါ်လာပြီး ရေများစီးဆင်းဝင်ရောက်လာသည့်အလား တန်ခိုးစွမ်းအားများ ထွက်ပေါ်လာကာ လျှပ်တပြက်အတွင်း သူ့တစ်ကိုယ်လုံးသို့ ပျံ့နှံ့သွားလေသည်။
ချန်ကျင်းချင်၏ဘေးနားတွင် ရပ်နေသည့် ဟယ်ရှန်းမှာ ချန်ကျင်းချင်၏ ခန္ဓာကိုယ်မှ ရုတ်တရက် တန်ခိုးစွမ်းအားများ မြင့်မားလာသည့်အတွက် နားမလည်နိုင် ဖြစ်သွားရသည်။
ထိုအချိန်… ဘုရင့်နေပြည်တော်ရှိ အနက်ရှိုင်းဆုံးနေရာတစ်ခုတွင် အဆုံးမရှိသည့် နဂါးသွေးကြောကြီး တည်ရှိလေသည်။ ထိုနဂါးသွေးကြောများထဲတွင် ကြည်လင်သည့်အခိုးအငွေ့တစ်ခု ထွက်ပေါ်လာလေ၏။
ထိုအခိုးအငွေ့က နဂါးသွေးကြော၏ အသက်ဓာတ်စွမ်းအားသိပ်သည်းမှု အနှစ်သာရအတွင်းသို့ ဝင်ရောက်လာခြင်း ဖြစ်သည်။
အစပထမတွင် လက်သည်းခွံမျှသာ သေးငယ်သော ကြည်လင်သည့် အခိုးအငွေ့များသည် ချက်ချင်းပင် ပေပေါင်းတစ်သောင်းခန့်ရှည်လျားသွားပြီး နဂါးသွေးကြောမှာ တကယ့်နဂါးကြီးတစ်ကောင် ပုန်းအောင်းနေသည့်အလား အသက်ဝင်လာတော့သည်။
ထို့နောက် ကြည်လင်သည့်အခိုးအငွေ့များသည် မြေအောက်စိမ့်စမ်းရေနှင့်အတူ ဖြည်းညင်းစွာ စီးဆင်းသွားပြီး ဘုရင့်နန်းတော်ထဲတွင် ထိုင်နေသည့် ဘုရင်မကြီး၏ခန္ဓာကိုယ်ရှိရာသို့ ဝင်ရောက်သွားလေသည်။
ဘုရင်မကြီး၏ တစ်သိန်းနှစ်သောင်းကိုးထောင်ခြောက်သော သွေးကြောဆုံချက်နေရာများမှာ ချက်ချင်းပင် ကြယ်စင်များကဲ့သို့ လင်းလက်တောက်ပလာပြီး အလင်းတန်းများက ဗလာနယ်ထဲမှ ကြယ်စင်များဖြင့် ချိတ်ဆက်သွားသည်။
နတ်ဆိုးနယ်မြေ နယ်စပ်တွင်တော့… ချန်ကျင်းချင်ဂါထာရွတ်ကာ ဆင့်ခေါ်ထားသည့် တောင်မြင့်ကြီးမှာ နတ်ဆိုးနဂါးလက်ချက်ဖြင့် တစ်စစီ ကွဲကြေသွားပြီ ဖြစ်သည်။
ကောင်းကင်ထက်မှ နတ်ဆိုးနဂါးကြီးက ကြုံးဝါးသံများပြုပြီး ချန်ကျင်းချင်ရှိရာသို့ ဦးတည်ဆင်းသက်လာလေသည်။
ချန်ကျင်းချင်၏ ခန္ဓာကိုယ်မှာ ရုတ်တရက် ဖန်သားအလား လင်းလက်တောက်ပလာပြီး သူ၏ သွေးကြောဆုံချက်နေရာများက ကြယ်စင်များအလား တောက်ပလျှက် ရှိသည်။
သေသေချာချာ ရေတွက်ကြည့်မည်ဆိုလျှင် သွေးကြောဆုံချက်နေရာပေါင်း တစ်သိန်းနှစ်သောင်းကိုးထောင်ခြောက်ရာရှိသည်ကိုတွေ့ရှိနိုင်မည် ဖြစ်လေ၏။
ထိုခဏမှာပင် သူ၏ခန္ဓာကိုယ်တစ်ခုလုံးမှာ အဆုံးမရှိသည့် နဂါးစွမ်းအားများဖြင့် ရစ်ပတ်ခံလိုက်ရပြီး သူ၏ခန္ဓာကိုယ်ထဲမတွင် ဒီရေအလားမြင့်တက်လာသည့် တန်ခိုးစွမ်းအားများမှာ နဂါးစွမ်းအားများကြောင့်သန့်စင်ပြီးသား ဖြစ်သွားလေသည်။
ချန်ကျင်းချင် သတိလစ်လဲကျလုမတတ်ဖြစ်သွားပြီး သူ၏ခန္ဓာကိုုယ်မှာ သွေးမှုံသွေးစများအဖြစ် ပေါက်ကွဲထွက်သွားတော့မည့်အလား ခံစားလိုက်ရသည်။
နတ်ဆိုးနဂါးက ချန်ကျင်းချင်၏ တန်ခိုးစွမ်းအားများ ရုတ်တရက်ပြောင်းလဲသွားသည်ကိုသတိပြုလိုက်မိသည်။ ရန်သူထံမှ ထွက်ပေါ်နေသည့် နဂါးစွမ်းအားများက အလွန်သန့်စင်ကြောင်း သတိပြုလိုက်မိပြီး အံ့သြခြင်းမက အံ့သြသွားရ၏။
နဂါးစွမ်းအားများက နက်ရှိုင်းပြီး မရပ်တန့်နိုင်ပေ။ အလွန်မှလည်း ဆွဲဆောင်မှုနှင့် ပြည့်ဝလျှက် ရှိသည်။
တစ်ချိန်တည်းမှာပင် ချန်ကျင်းချင်သည် သူ့လက်ထဲတွင် တံဆိပ်တော်တစ်ခုကို ဖန်ဆင်းလိုက်ပြီး သူ၏ခန္ဓာကိုယ်တစ်ခုလုံးမှ နတ်ဘုရားအလင်းတန်းများ ထွက်ပေါ်လာလေသည်။
အလင်းတန်းများအောက်တွင် သူ၏ခန္ဓာကိုယ်က ဖန်သားအလားကြည်လင်နေပြီး သွေးများလှည့်ပတ်စီးဆင်းနေသံမှာ မြစ်တစ်စင်းစီးဆင်းနေသည့်အလားပင် ထင်မှတ်ရသည်။
နတ်ဆိုးနဂါး၏ နက်ရှိုင်းသည့်မှတ်ဉာဏ်ထဲတွင် တစ်စုံတစ်ခုကို စဉ်းစားလိုက်မိသည်။
အဆုံးမရှိအလင်းတန်းများဖြင့် တောက်ပနေသည့်လူငယ်သည် လောကကို လွှမ်းမိုးနိုင်စွမ်းဖြင့် အပြည့်ရှိနေလေသည်။
"ပထမမိုးနတ်မင်းရဲ့လမ်းစဉ်…"
နတ်ဆိုးနဂါးရေရွတ်လိုက်သည်။
ချန်ကျင်းချင်၏ခန္ဓာကိုယ်မှ စီးဆင်းထွက်ပေါ်နေသည့် တန်ခိုးစွမ်းအားအငွေ့အသက်များမှာ မည်သည့်တန်ခိုးစွမ်းအားများဖြစ်သည်ကို နတ်ဆိုးနဂါး မှတ်မိသတိရသွားခဲ့ပြီ ဖြစ်သည်။
ထိုတန်ခိုးစွမ်းအားများမှာ ပထမမိုးနတ်မင်း၏ လမ်းစဉ်ကို ကိုယ်စားပြုသည့် တန်ခိုးစွမ်းအားဖြစ်လေသည်။
ရှေးခေတ်အချိန်အခါတွင် အသန်မာဆုံးခန္ဓာကိုယ်ရရှိအောင်ကျင့်ကြံနိုင်သည်ဆို၍ ပထမမိုးနတ်မင်း၏ လမ်းစဉ်သာရှိပြီး အလွန်လည်း တန်ခိုးစွမ်းအား မြင့်မားလှသည်။
ပထမမိုးနတ်မင်း၏ လမ်းစဉ်သို့ လိုက်ပြီး နက်နက်ရှိုင်းရှိုင်းကျင့်ကြံပါက လူသားဖန်ကူအလံဟု ဆိုရလောက်အောင် တန်ခိုးစွမ်းအား မြင့်မားလာနိုင်မည် ဖြစ်သည်။
သူ့ရှေ့မှ နတ်ဆိုးနဂါးကြီးကို ချန်ကျင်းချင် ကြောက်ရွံ့ထိတ်လန့်ခြင်း မရှိတော့ပေ။ သူ့ကိုယ်ထဲမှ တန်ခိုးစွမ်းအား မည်မျှပြင်းထန်သည်ကို နောက်ဆုံးတော့ သိရှိသွားပြီ ဖြစ်လေသည်။
ထို့နောက် သူ့လက်ထဲတွင် ဖန်ဆင်းထားသည့် တံဆိပ်တော်ဆီသို့ သူ၏ခန္ဓာကိုယ်တစ်ခုလုံးမှ တန်ခိုးစွမ်းအားများကို စီးဝင်စေလိုက်သည်။
ထိုအခါ… တံဆိပ်တော်မှ အလင်းရောင်များဖြာထွက်လာပြီး အသက်ဓာတ်စွမ်းအားများ ပေါက်ကွဲထွက်သွားကာ မီးတောက်ပေါက်ကွဲသည့်အလား နတ်ဆိုးနဂါးရှိရာသို့ ဝင်ရောက်သွားလေတော့သည်။
ကြီးမားသည့်ပေါက်ကွဲမှုကြီးတစ်ခုဖြစ်ပေါ်သွားပြီး မြေပြင်တစ်ခုလုံး ကြေမွပျက်စီးသွားလေသည်။
နတ်ဆိုးနယ်မြေ၏ ဝင်ပေါက် ၊ ထွက်ပေါက်ဖြစ်သည့် ချောက်ကမ်းပါးကြီး ပျောက်ကွယ်သွားပြီး အတွင်းထဲမှ မိစ္ဆာစွမ်းအားများသည်ပင် ပျောက်ကွယ်သွားရသည်။ နတ်ဆိုးနယ်မြေအတွင်းမှ နတ်ဆိုးဘုရင်မ၏ နန်းတော်ကိုပင် ထင်ထင်ရှားရှား တွေ့မြင်လိုက်ရသည်။
'ချိ' သူမ၏ မျက်လုံးများကို ဖွင့်ကြည့်လိုက်သည်။ ထို့နောက် နတ်ဆိုးနယ်မြေမှ အလင်းတန်း (၂)ခု ကို ပစ်လွှတ်လိုက်သည်။
ချန်ကျင်းချင်က ချက်ချင်းပင် လက်ကိုဆန့်ထုတ်ပြီး ထိုအလင်းတန်း (၂)ခုကို ရိုက်ချလိုက်လေသည်။
ချန်ကျင်းချင်၏ လက်ဖဝါးထက်မှ ထွက်ပေါ်နေသည့် တန်ခိုးစွမ်းအားများက လင်းလက်တောက်ပလျှက် ရှိသည်။
ချန်ကျင်းချင်၏ ခန္ဓာကိုယ်က မြင့်မြတ်လှသည့် တန်ခိုးစွမ်းအားများကြားတွင် နစ်မြုပ်နေပြီး သူ့နှုတ်ခမ်းထောင့်စွန်းများက ကွေးညွှတ်ပြီး ပြုံးယောင်သမ်းနေသည်။
သူ၏ပုံစံက နတ်ဆိုးဘုရင်မ 'ချိ' ထက်ပင် အေးစက်နေသေး၏။
သူက အရာအားလုံးကိ မထီမဲ့မြင်ပြုနေဟန် ရှိသော်လည်း သူ၏မျက်ဝန်း နက်ရှိုင်းမှုတစ်နေရာတွင် နူးညံ့သိမ်မွေ့မှုများက နေရာယူလျှက်ရှိသည်။
ရုတ်တရက် ချန်ကျင်းချင် မယုံကြည်စရာကောင်းလောက်အောင်ပြောင်းလဲသွားလေရာ ဟယ်ရှန်း မည်သို့မှ လက်မခံနိုင် ဖြစ်နေရသည်။ ထို့ပြင် အဘယ့်ကြောင့် လောကကိုတုန်လှုပ်စေသည့် တန်ခိုးစွမ်းအားများ ချန်ကျင်းချင်ထံမှ ထွက်ပေါ်လာရသည်ကို ဟယ်ရှန်း နားမလည်နိုင်သေးပေ။
ချန်ကျင်းချင်ထံမှ ထွက်ပေါ်လာသည့် တန်ခိုးစွမ်းအားများက အလွန်အန္တရယ်ကြီးကြောင်း သူမ ခံစားနေရသည်။
တစ်ချိန်တည်းမှာပင်… သူမ၏နက်ရှိုင်းသည့်နှလုံးသားထဲတွင် ချန်ကျင်းချင်ကို အလွန်လည်း လေးစားအားကျသွားမိသည်။
နတ်ဆိုးဘုရင်မ 'ချိ' က သူမ၏ တန်ခိုးစွမ်းအားများကိုဖြည်းဖြည်းချင်း ပြန်လည် ရုတ်သိမ်းလိုက်လေသည်။ ထို့နောက် သူမခန္ဓာကိုယ်ပတ်ဝန်းကျင်မှ ထွက်ပေါ်နေသည့် မိစ္ဆာတိမ်တိုက်များကို ပြန်လည် သိမ်းဆည်းလိုက်သည်။
သူမ ကျင့်ကြံနေသည်ကို လာရောက်နှောက်ယှက်သည့် ထိုပုဂ္ဂိုလ်နှင့် ကျိန်းသေ သွားရောက်ရင်ဆိုင်ရပေလိမ့်မည်။
ချန်ကျင်းချင်၏ နူးညံ့သိမ်မွေ့သည့်မျက်ဝန်းများက ရေလှိုင်းများထသည့်အလား တစ်ချက်လှုပ်ခတ်သွားလေသည်။ သူ၏မျက်နှာထက်မှ အေးစက်သည့်အပြုံးသည်လည်း တဖြည်းဖြည်းပျောက်ကွယ်သွား၏။
ထို့နောက် ချန်ကျင်းချင်က လက်ညိုးလက်ခလယ် လက် (၂)ချောင်းဖြင့် သူ၏ မျက်ခုံး (၂)ခုကြားသို့ ထိလိုက်လေရာ သူ၏မျက်ဝန်းများဆီမှ နူးညံ့သိမ်မွေ့မှု အငွေ့အသက်များအားလုံး ပျောက်ကွယ်သွားလေတော့သည်။
ထို့နောက် နတ်ဆိုးဘုရင်မ 'ချိ' သူ့ရှေ့သို့ မရောက်လာခင်မှာပင် ချန်ကျင်းချင် နေရာမှ ပျောက်ကွယ်သွားလေတော့သည်။
နတ်ဆိုးဘုရင်မ 'ချိ' နတ်ဆိုးနယ်မြေမှ ထွက်လာသည်နှင့် စောစောက ပျောက်ကွယ်သွားသည့် ချောက်ကမ်းပါးကြီး အရင်အတိုင်း ပြန်လည်ဖြစ်ပေါ်လာလေသည်။
နတ်ဆိုးနဂါးမှာတော့ မြေပြင်ထက်တွင် လဲကျနေလေ၏။
'ချိ' က လက်နှစ်ချောင်းဖြင့် နတ်ဆိုးနဂါးကို ထိုးညွှန်လိုက်လေရာ ပြန်လည်အသက်ရှင်သန်ပြီး သတိဝင်လာသည်။
နတ်ဆိုးနဂါးက ချက်ချင်းပင် 'ချိ' ကို ကုန်းကန်တော့လိုက်ပြီး ကျေးဇူးတင်ကြောင်း အထပ်ထပ် ပြောလေ၏။ ယနေ့ သူ သေလောက်အောင် ကြောက်မက်ဖွယ်ရာ တိုက်ပွဲနှင့် ရင်ဆိုင်ခဲ့ရလေရာ သူ့နှလုံးသားတစ်ခုလုံး ကြောက်စိတ်ဖြင့် ပြည့်လျှက်ရှိလေသည်။
'ချိ' က ဟယ်ရှန်းကိုစိုက်ကြည့်နေပြီး ဟယ်ရှန်းကလည်း သူမကို ပြန်စိုက်ကြည့်နေလေသည်။
ဟယ်ရှန်းမှာ ရေခဲဂူတစ်ခုအတွင်းတွင် ပိတ်မိနေသည့်အလား တစ်ကိုယ်လုံး အေးစက်လျှက်ရှိသည်။
ထိုအချိန် ဟယ်ရှန်း၏ခန္ဓာကိုယ်ထဲမှ နူးညံ့သည့်စွမ်းအားတစ်ခု ထွက်ပေါ်လာပြီး သူမ တစ်ကိုယ်လုံးကို လွှမ်းခြုံနေသည့် အေးစိမ့်မှုများ ပျောက်ကွယ်သွားသည်။
လေထုတစ်ခုလုံးရပ်တန့်သွားသည့်အလား ခံစားလိုက်ရပြီး ဟယ်ရှန်း သူမ၏ခန္ဓာကိုယ်ကို မထိန်းချုပ်နိုင်တော့ပေ။ ထို့နောက် … သူမ၏ပါးစပ်မှ စကားသံများထွက်ပေါ်လာလေသည်။
"မင်းရဲ့ တိုးတက်မှုက ကျုပ်ထင်တာထက်တောင် မြန်နေတာပဲ…"
'ချိ' ၏ မျက်နှာက အေးစက်နေဆဲ ဖြစ်သော်လည်း လေသံက အလွန်ပင် နူးညံ့ပျော့ပြောင်းလျှက် ရှိသည်။
"ဆရာဆန်းလျန်… ဒါတွေအားလုံးက ဆရာ့ ကျေးဇူးတွေကြောင့်ပါ…"
သူမရှေ့တွင်တွေ့မြင်နေရသည်မှာ ဟယ်ရှန်းဖြစ်သော်လည်း ဆန်းလျန်က ဟယ်ရှန်းခန္ဓာကိုယ်ကို ခေတ္တဝင်ပူးထားသည်ကို 'ချိ' ကောင်းကောင်းသိလိုက်သည်။
ထိုအခါမှ ဟယ်ရှန်းမှာလည်း သူမ၏ခန္ဓာကိုယ်ကို ဆန်းလျန်က ခေတ္တယူသုံးထားခြင်းဖြစ်ကြောင်း သဘောပေါက်သွားလေတော့သည်။
ဆရာဖြစ်သူ ဆန်းလျန်၏ တန်ခိုးစွမ်းအားများက ခန့်မှန်းနိုင်သည်ထက်ပိုပြီး မြင့်မားလွန်းသည်ကို ဟယ်ရှန်း တွေးနေဆဲမှာပင် သူမ၏ ပါးစပ်ကတော့ စကားများ ဆက်ပြောလျှက် ရှိလေသည်။
"ကျုပ်ရဲ့လမ်းစဉ်က အရာအားလုံးကို သိမြင်နိုင်စွမ်းရှိတယ် ၊ ဒါပေမဲ့ ဖြစ်လာတဲ့အဖြစ်အပျက်တွေက ကျုပ်တွေးတာထက်ကို ကျော်လွန်နေတယ် ၊ ပထမမိုးနတ်မင်းက ကျုပ်တပည့်ချန်ကျင်းချင်းရဲ့ ခန္ဓာကိုယ်ထဲမှာ ပြန်ပြီး မွေးဖွားလာခဲ့တယ် ၊ သူ့ကိုဖမ်းဖို့ ကျုပ် ခြေတစ်လှမ်းနောက်ကျသွားပြီ…"
ဟယ်ရှန်း၏အသံက အလွန်တည်ငြိမ်နေသော်လည်း အနည်းငယ်ဒေါသထွက်နေသည့် အရိပ်အယောင်ပါရှိလေသည်။
'ချိ' စကားမပြောတော့ဘဲ တိတ်ဆိတ်ငြိမ်သက်နေမိသည်။
ဟယ်ရှန်း၏ ခန္ဓာကိုယ်ကို ပူးဝင်အသုံးပြုထားသည့် ဆန်းလျန်က စကားဆက်ပြောလိုက်သည်။
"ကျုပ်သွားတော့မယ်…"
'ချိ' က…
"ဆရာဆန်းလျန် ၊ ကျွန်မကို ပြောစရာတစ်ခုခုများရှိသေးလား…"
ဆန်းလျန်က…
"မရှိတော့ဘူး…"
ထို့နောက်… ဟယ်ရှန်း၏ခန္ဓာကိုုယ် ရုတ်တရက် ပေါ့ပါးသွားသလို ခံစားလိုက်ရသည်။
နူးညံ့သည့်စွမ်းအားက သူမ၏ခန္ဓာကိုယ်တစ်ခုလုံးကို သန့်စင်ပေးလိုက်သည့်အလား ဖြစ်လေသည်။ သူမ၏ တန်ခိုးစွမ်းအားနှင့် ကျင့်ကြံခြင်းအဆင့် မြင့်တက်လာခြင်း မရှိသည့်တိုင် အသစ်ပြန်လည်မွေးဖွားလာသည့်အလား ခံစားလိုက်ရသည်။
ဤသည်မှာ ဆရာဆန်းလျန် သူမကိုပေးသည့် အကျိုးကျေးဇူးဖြစ်ကြောင်း ဟယ်ရှန်း ချက်ချင်းသိလိုက်သည်။
သူမ ရင်ထဲမှကြိတ်ပြီး ဝမ်းသာသွားသည်။ သို့သော်… ဆရာဖြစ်သူ ခဏအတွင်း မည်သည့်နေရာသို့ ထွက်ခွာသွားသည်ကို မသိလိုက်ရဘဲ ဆရာဖြစ်သူနှင့် မတွေ့ဆုံလိုက်ရသည့်အတွက် စိတ်မကောင်း ဖြစ်မိသည်။
'ချိ' က ဟယ်ရှန်း တစ်ချက်လှမ်းကြည့်လိုက်ပြီး…
"နင် ငါ့ရှေ့မှာ နောက် ဘယ်တော့မှ ပေါ်မလာနဲ့…"
ပြောပြီးသည်နှင့် သူမ ချက်ချင်းလှည့်ထွက်သွားလေသည်။
နတ်ဆိုးနဂါးက သူမနောက်မှ ကုတ်ကုတ်ကလေး လိုက်ပါသွားလေ၏။
ပတ်ဝန်းကျင်တွင် အေးစက်သည့်လေစိမ်းများတိုက်ခတ်လျှက်ရှိသည်။ လေစိမ်းများက ဓားသွာအလား ကြမ်းတမ်းစူးရှလွန်းသည်။ သို့သော်… ဟယ်ရှန်း မည်သည့်နေရာသို့ သွားရမည် မသိပေ။
ကျိုးထျန်းရွှမ်နွီစေခိုင်းသည့်အလုပ်ကို သူမ ပြီးမြောက်အောင် လုပ်ဆောင်နိုင်ခဲ့ပြီးပြီ ဖြစ်သည်။
သို့သော်… ချန်ကျင်းချင်၏ ခန္ဓာကိုယ်တွင် ဖြစ်ပေါ်သွားသည့် အပြောင်းအလဲများနှင့် ယနေ့ ဆရာဖြစ်သူဆန်းလျန် ပြောသည့်စကားများကို နားထောင်ပြီးနောက် သူမ၏စိတ်ထဲတွင် လမ်းပျောက်နေမိသည်။
ယနေ့ဖြစ်ရပ်များမတိုင်ခင်က တည်ရှိခဲ့သော ဆရာတူအစ်ကို ချန်ကျင်းချင်ကို ပြန်လည်ရယူနိုင်ပါဦးမည်လားဟု ဟယ်ရှန်းတွေးနေမိလေတော့သည်။
………………
ချန်ကျင်းချင် နေရာမှ ပျောက်ကွယ်သွားသည့်အချိန်မှာပင် ဘုရင့်နန်းတော်ထဲတွင် ထိုင်နေသည့် ဘုရင်မကြီးလည်း ပျောက်ကွယ်သွားလေသည်။
ထိုအချိန်မှာပင်… ဘုရင်မကြီး ပျောက်ကွယ်သွားရာနေရာတွင် ထူးဆန်းသည့် အခိုးအငွေ့တစ်ခု ထွက်ပေါ်လာလေသည်။ မည်သူမှ မရှိတော့သည်ကို သိရှိလိုက်သည့်အခါ ထိုအခိုးအငွေ့သည် လူစောယိ၏ နေအိမ်သို့ ရောက်ရှိလာလေ၏။
ထို့နောက် … ထိုအခိုးအငွေ့များက ဆန်းလျန်အဖြစ်သို့ ပြောင်းလဲသွားသည်။
သူ၏ခန္ဓာကိုယ်က တာအိုတန်ခိုးစွမ်းအားများနှင့် ပြည့်နေပြီး သူ့ကိုကြည့်ရသည်မှာ ရာသီလေးပါးစလုံး လှုပ်ရှားပြောင်းလဲနေသည့်အလား ထင်မှတ်ရသည်။
ဤသည်မှာ ဆန်းလျန်၏ "ထိုက်ယိကိုယ်ခွဲ" ဖြစ်လေ၏။
ထိုက်ယိသည် လောကတစ်ခွင်၏ ပြောင်းလဲမှုများနှင့် ဆက်စပ်ပတ်သက်နေလေသည်။ ထို့ကြောင့် ဆန်းလျန်ကိုကြည့်ရသည်မှာလည်း အစဉ်အမြဲပြောင်းလဲနေဟန် ဖြစ်ပေါ်နေခြင်း ဖြစ်သည်။
ထိုက်ယိသည် ယိလမ်းစဉ်ကို အခြေခံထားခြင်း ဖြစ်သည်။ သို့သော်… ယခုတစ်ကြိမ်တွင်တော့ ဆန်းလျန်၏ တွက်ချက်မှုက မှားယွင်းသွားခဲ့ပြီ ဖြစ်လေသည်။
ဆန်းလျန်က…
"အကုန်ရှုတ်ကုန်ပြီ ၊ ပထမမိုးနတ်မင်းက ကျင်းချင်ရဲ့ခန္ဓာကိုယ်ထဲမှာ ပြန်လည်မွေးဖွားလာတယ်…"
လူစောယိက ထိတ်လန့်စွာဖြင့်…
"ဘာတွေဖြစ်ကုန်လို့လဲ…"
လူစောယိက ရှေ့မီနောက်မီတစ်ယောက်ဖြစ်လေရာ ပထမမိုးနတ်မင်း မည်မျှတန်ခိုးစွမ်းအားမြင့်မားပြီး ကြောက်မက်ဖွယ်ရာဖြစ်သည်ကို အသိဆုံးဖြစ်သည်။
ဆန်းလျန်က…
"တကယ်တော့ ပထမမိုးနတ်မင်းက အချိန်ရေစီးကြောင်းထဲမှာ တစ်ခါတည်း အပြတ်ရှင်းခံခဲ့ရပြီးပြီ ၊ ဒါပေမဲ့ သူ့ကို ကယ်တင်နိုင်မယ့်အရာ တစ်ခုတော့ရှိတယ် ၊ အဲဒါက မိုးကောင်းကင်လမ်းစဉ်ပဲ ၊ ကျုပ်က မိုးကောင်းကင်ရဲ့ဆန္ဒကို ပြောင်းပြန်လှန်ပစ်ခဲ့တယ် ၊ ဒါပေမဲ့ ရလဒ်က သိပ်မပြည့်စုံဘူး ၊ ဖြစ်နိုင်ချေတွေနဲ့ ပြောင်းလဲမှုတွေအားလုံးကို ကျုပ် မထိန်းချုပ်နိုင်ခဲ့ဘူး ၊ ဒီတော့ မိုးကောင်းကင်လမ်းစဉ်က ပထမမိုးနတ်မင်းရဲ့ဝိညာဉ်ကို ကျင်းချင်ရဲ့ခန္ဓာကိုယ်ထဲကို ထည့်လိုက်တယ် ၊ တိတိကျကျပြောရရင် ကျင်းချင်ရဲ့အတိတ်က အစကတည်းက ပြောင်းလဲပြီးသားလေ ၊ ဒီတော့ သူက အစကတည်းက ပထမမိုးနတ်မင်းရဲ့ ဝိညာဉ်နဲ့ လူပြန်ဝင်စားလာခဲ့တာပဲ ၊ ကြည့်ရတာ မိုးကောင်းကင်လမ်းစဉ်က သမိုင်းကြောင်းကို ပြောင်းလဲထားလိုက်ပြီထင်တယ် ၊ အဲဒါ… တော်တော်ဆိုးတာပဲ ၊ ဘာလို့လဲဆိုတော့ ကျုပ်က အချိန်စီးကြောင်းကို ဖြတ်တောက်ပစ်ခဲ့တော့ အခု အစစ်ဆေးခံရတဲ့ ဘေးအန္တရယ်ကပ်ဆိုးကြီးနဲ့ ထပ်ပြီး ရင်ဆိုင်ရဦးမလားမသိဘူး"
ဆန်းလျန်က အတိတ်ကို ဖြတ်တောက်ခဲ့ပြီး သူနှင့်ပတ်သက်သည့် အကျိုးအကြောင်းအားလုံးကို ဖြတ်တောက်ခဲ့သည်။
ထို့ပြင် ချန်ကျင်းချင်က သူဖြတ်တောက်ခဲ့သည့် အတိတ်ရေစီးကြောင်းကာလမှ တည်ရှိမှု တစ်ခု ဖြစ်လေသည်။
ထိုအချက်ကို အသုံးပြုကာ မိုးကောင်းကင်လမ်းစဉ်က ပထမမိုးနတ်မင်း၏ ဝိညာဉ်ကို ချန်ကျင်းချင်ခန္ဓာကိုယ်ထဲ ထည့်သွင်းလိုက်နိုင်ခြင်း ဖြစ်ဟန်တူသည်။
ထို့ပြင်… ချန်ကျင်းချင်ကို လူပြန်ဝင်စားစေသည့်အခါ လက်ရှိအချိန်ရေစီးကြောင်းကို အတိတ်အချိန်ရေစီးကြောင်းဖြင့် ပေါင်းစပ်လိုက်သလို ဖြစ်သွားပြီး သူရင်ဆိုင်ရမည့် ဘေးအန္တရယ်ကပ်ဆိုးကြီး ပြန်လည်ဖြစ်ပေါ်ကောင်း ဖြစ်ပေါ်လာနိုင်သည်။
မိုးကောင်းကင်လမ်းစဉ်က အတိတ် ၊ အနာဂတ်နှင့် ပစ္စုပ္ပန်ကို ပြန်လည်ပေါင်းစပ်နိုင်ခဲ့လျှင် အလွန်ပင် စွမ်းအားကြီးမားမည် ဖြစ်သည်။
ဆန်းလျန်က ရှန်းထျန်းဝူထိုက်ကို ကျင့်ကြံအောင်မြင်ခဲ့ပြီး ကိုယ်ခွဲ (၅)ခုအထိ ထုတ်ဖော်အသုံးပြုနိုင်သည့်တိုင် တကယ်တမ်းပျက်စီးမည့်ဘေးကြုံရလျှင် လွတ်မြောက်ရန် ခက်ခဲနိုင်သည်။
မိုးကောင်းကင်ဆန္ဒသည် ဓားတစ်လက်အလား ဆန်းလျန်ကို အတော်လေး ခြိမ်းခြောက်နိုင်စေနိုင်သည်။
ထို့ပြင်… ယခု ဆန်းလျန်၏ ခန္ဓာကိုယ်ကလည်း အတိတ်မှ ရောက်ရှိလာသည့် ခန္ဓာကိုယ် ဖြစ်သည်။
သူ အတိတ်တစ်ချိန်က တိုက်ပွဲတွင် ရှုံးနိမ့်ပြီး ပျက်စီးသေဆုံးခဲ့ရသည်ဆိုဦးတော့ ယခုတစ်ကြိမ်တွင်တော့ အသက်မသေလျှင်တောင်မှ မျော့မျော့သာလျှင် ကျန်ခဲ့မည်မှာ သေချာသလောက်ရှိသည်။
………………
"မိုးကောင်းကင်ရဲ့ဆန္ဒက စစ်တုရင်ကစားနေတာပဲ ၊ ပထမမိုးနတ်မင်းက သူ့ရဲ့နယ်ရုပ်တစ်ရုပ်ဖြစ်လာမယ်လို့ ကျွန်မ ထင်မထားခဲ့ဘူး…"
ဤနေရာက ဗုဒ္ဓဒဏ္ဍာရီတွင် အမြင့်ဆုံးသော ကောင်းကင်ဘုံတစ်ခု ဖြစ်သည်။ အော်မီတော်ဖူဗုဒ္ဓ ကျင့်ကြံမှုပြုလုပ်ခဲ့သည့် နေရာဖြစ်လေ၏။ ဤနေရာကို "အရောင်မဲ့ကောင်းကင်ဘုံ" ဟု ခေါ်လေသည်။
ဘုရင်မကြီးနှင့် ပထမမိုးနတ်မင်းတို့က ဆန်းလျန် ရုတ်တရက် လာရောက်ရှာဖွေခြင်း မပြုနိုင်ရန်အတွက် အရောင်မဲ့ကောင်းကင်ဘုံတွင် လာရောက်ပုန်းအောင်းနေကြခြင်း ဖြစ်သည်။
အထက်က စကားကို ပြောလိုက်သူမှာ ဘုရင်မကြီးဖြစ်လေသည်။
ချန်ကျင်းချင်၏ မျက်နှာထားက အေးစက်နေလေသည်။ သို့သော်… သူ၏မျက်ဝန်းများထဲတွင် နူးညံ့သိမ်မွေ့မှုများ ပြန်လည်ထွက်ပေါ်လာလျှက် ရှိသည်။
ထိုနူးညံ့သိမ်မွေ့မှုများမှာ သူ့ဘဝအစပိုင်းတွင် သူ၏စိတ်ဝိညာဉ်၌ ဆန်းလျန်ရိုက်နှိပ်ပေးခဲ့သည့် ဆန်းလျန်၏ မူလဝိညာဉ်သင်္ကေတ ဖြစ်လေသည်။
ဟွင့်ယွမ်ဝူကျီအဆင့် ကျင့်ကြံသူတစ်ယောက်၏ မူလဝိညာဉ်သင်္ကေတကို သူ လုံး၀ ဖျောက်ဖျက်ပစ်နိုင်ခြင်း မရှိပေ။
ချန်ကျင်းချင်က…
"ကျုပ် ဆန်းလျန်ကို မတိုက်ခိုက်ချင်ပါဘူး ၊ ဒါပေမဲ့ ရွေးခြယ်စရာမရှိဘူးလေ…"
ဘုရင်မကြီးက သက်ပြင်းတစ်ချက်ချလိုက်ရင်း…
"မင်းမှာ ရွေးခြယ်စရာမရှိပေမယ့် ငါ့မှာတော့ ရွေးခြယ်ခွင့်ရှိတယ်လေ…"
"မင်းက မယ်တော်ဝမ်မူနေရာကို ဆက်ခံထားတဲ့သူပဲ… ၊ ကျုပ်နဲ့ပူးပေါင်းရင် မင်းအတွက် အကျိုးမယုတ်နိုင်ပါဘူး ၊ ဒီတော့ မင်းမှာလည်း ရွေးခြယ်စရာမရှိပါဘူးလေ…"
ချန်ကျင်းချင်က အေးစက်သည့်လေသံဖြင့် ပြောလိုက်သည်။
ဘုရင်မကြီးက နှာခေါင်းတစ်ချက် ရှုံ့လိုက်ရင်း…
"ပထမမိုးနတ်မင်းရဲ့လမ်းစဉ်က ဒီလောက်ပြီးပြည့်စုံနေမယ်ဆိုရင် ငါက မယ်တော်ဝမ်မူရဲ့လမ်းစဉ်ကိုလိုက်ပြီး မယ်တော်ဝမ်မူနေရာကို ဆက်ခံခဲ့တာကို ဖြတ်တောက်ပစ်လိုက်တော့မယ်…"
ချန်ကျင်းချင်က တိုးတိတ်သည့်လေသံဖြင့်…
"ဒါက အမှန်တရားပဲလေ ၊ ဒါပေမဲ့ ဆန်းလျန်က မင်းကိုမှ ဘုရင် မဖြစ်စေချင်တာ ၊ အဲဒါ သူ့ရဲ့မဟာအမှားကြီးပဲ ၊ မဟုတ်ရင် ကျုပ် ဒီလောကမှာ ပြန်လည်မွေးဖွားလာနိုင်မှာတောင် မဟုတ်ဘူး…"
ဘုရင်မကြီး၏မျက်နှာမဲမှောင်သွားပြီး…
"အမှန်ပဲ … ၊ အဲဒါသူ့ရဲ့ မဟာအမှားကြီးပဲ…"
***
"ကျုပ်ရဲ့ 'ယိ' လမ်းစဉ်က အရာအားလုံးကို လွယ်လွယ်နဲ့ သိမြင်နိုင်စွမ်းရှိတယ် ၊ ဒါပေမဲ့ ကျုပ် သတိမမူလိုက်မိဘူး ၊ လူတွေရဲ့စိတ်ဆိုတာ အမြဲတမ်းပြောင်းလဲနေတတ်တာပဲ မဟုတ်လား ၊ မယ်တော်ဝမ်မူတော့ ကျုပ်ကို မုန်းတီးနေလောက်ပြီ…"
ဆန်းလျန် လူစောယိကို ပြောလိုက်လေသည်။
***