← Chapters

ရွှီမီစန်းတောင်ပမာ

Vol. 10 Ch. 971

ရွှီမီစန်းတောင်ပမာ

Vol. 10 Ch. 971

အတန်ကြာသည့်တိုင် ဆန်းလျန် ပေမင်တန်ခိုးစွမ်းအားများအတွင်းမှ ဖောက်ထွက်လာနိုင်ခြင်း မရှိသည်ကို နတ်ဘုရားများ သိရှိလိုက်ကြသည်။ သို့သော်… သူတို့ စိတ်မအေးနိုင်ကြသေးပေ။

နတ်ဘုရားများအားလုံးက ပေမင်တန်ခိုးစွမ်းအား၏ စုပ်ယူနိုင်စွမ်း မည်မျှကြောက်မက်ဖွယ်ကောင်းသည်ကို သိရှိကြပြီး မည်သူမဆို ချက်ချင်းချိုးဖောက်ပြီး လွတ်မြောက်နိုင်မည်မဟုတ်ပေ။

ထို့ပြင်… ပေမင်တွင်းနက်ထဲတွင် ပိတ်မိနေပါက အသက်ရှင်သန်နိုင်ချေနည်းပါးသွားမည်မှာလည်း အသေအချာပင် ဖြစ်သည်။

နောက်ဆုံးတော့ ဆန်းလျန်ကို သူတို့ အနိုင်ရခဲ့ပြီဟု အားလုံးက တွေးထင်လိုက်ကြသည်။ သူတို့၏ အကြီးမားဆုံးတိုက်ပွဲကြီး နောက်ဆုံးတော့ အောင်မြင်ခဲ့ပြီ ဖြစ်သည်။

သို့သော်… တဖြည်းဖြည်း ထူးဆန်းသည့် ခံစားချက်တစ်ခုကို နတ်ဘုရားများ ခံစားလိုက်ကြရသည်။

နတ်မိစ္ဆာအဓိပတိကြီးကို ကြည့်ရသည်မှာ ခံစားချက်ကင်းမဲ့နေပြီး မျက်ဝန်းများက အသက်မဲ့လျှက် ရှိလေသည်။

နတ်မိစ္ဆာအဓိပတိကြီးသည် ယင်စွမ်းအားငှက်မိစ္ဆာတစ်ပါးဖြစ်လေရာ ပေမင်တန်ခိုးစွမ်းအားကို အသုံးပြုနေသည့်အချိန်တွင် ထိုသို့ ဖြစ်မနေသင့်ပေ။

မူမမှန်သည့်အခြေအနေကို ခံစားလိုက်ရပြီး တစ်ခုခုမှားနေပြီဖြစ်ကြောင်း ပထမဆုံး သိရှိလိုက်သူမှာ တုန်းဟွာတောက်ကျွင်း ဖြစ်လေ၏။

သူက နတ်မိစ္ဆာအဓိပတိကြီးကို ကြည့်လိုက်ပြီး…

"နတ်မိစ္ဆာအဓိပတိကြီး ၊ ဆန်းလျန်အခြေအနေဘယ်လိုရှိလဲ…"

သို့သော်… နတ်မိစ္ဆာအဓိပတိကြီး အဖြေပြန်မပေးနိုင်ခင်မှာပင် တုန်းဟွာတောက်ကျွင်း၏စိတ်ထဲတွင် ကြောက်ရွံ့ထိတ်လန့်မှုများကို ခံစားလိုက်ရသည်။

အဘယ်ကြောင့်ဆိုသော်… နတ်မိစ္ဆာအဓိပတိကြီး၏ ခန္ဓာကိုယ်မှာ မြူခိုးများအလားထင်ယောင်ထင်မှားပုံစံ ဖြစ်လာသောကြောင့် ဖြစ်လေသည်။

မြူမှုံများက တဖြည်းဖြည်း စုစည်းနေပြီး နတ်မိစ္ဆာအဓိပတိကြီး၏ ပုံသဏ္ဍန်က သိပ်သည်းလာလိုက် ၊ ပြန်လည် မှုံဝါးသွားလိုက် ၊ အခိုးအငွေ့ဖြစ်သွားလိုက်ဖြင့် အချိန်တိုင်း ပြောင်းလဲလျှက် ရှိလေသည်။

သို့သော်… နတ်မိစ္ဆာအဓိပတိကြီး၏ မူလဝိညာဉ်ခန္ဓာကတော့ ထင်ထားသည်ထက်ပိုပြီး သန်မာအားကောင်းလေသည်။ သို့သော်… ကျန်ရစ်ခဲ့သည့် သူ၏ ရုပ်ခန္ဓာကတော့ လုံး၀ သိပ်သည်းခြင်းမရှိတော့ပေ။

တွေ့မြင်ရသည့် မြင်ကွင်းက အလွန်မှ အံ့သြထိတ်လန့်စရာဖြစ်သည်။

ဥပမာပေးရမည်ဆိုလျှင် ကမ္ဘာမြေကြီး (၂)ပိုင်းကွဲသွားသည့်အတွက် လူသားများ ကြောက်ရွံ့ထိတ်လန့်ကြသည့်အလား နတ်ဘုရားအုပ်စုလည်း ကြောက်ရွံ့ထိတ်လန့်သွားကြရလေသည်။

ပထမမိုးနတ်မင်းက အမြင်စူးရှသူတစ်ယောက်ဖြစ်လေရာ အခြေအနေကို သတိပြုလိုက်မိသည်နှင့်…

"ပြေးကြတော့…"

ဟု အလျှင်အမြန်ပြောလိုက်သည်။

ပထမမိုးနတ်မင်း၏စိတ်ထဲတွင် မည်သည့်အရာနှင့်မှ နှိုင်းယှဉ်၍မရနိုင်လောက်အောင် ထိတ်လန့်ကြောက်ရွံ့မှုကြီးကို ခံစားလိုက်ရပြီး သူ၏ စိတ်ဝိညာဉ်တစ်ခုလုံးပင် တုန်လှုပ်ပြီး ထိုင်းမှိုင်းသွားသည့်အလား ခံစားလိုက်ရသည်။

ကြောက်ရွံ့တုန်လှုပ်မှုအနည်းငယ်သည် သူ၏စကားသံများထဲတွင်ပင် ထင်ဟပ်လျှက်ရှိသည်။

ပထမမိုးနတ်မင်း ထွက်ပြေးသွားပြီးနောက် ထပ်ကြပ်မကွာ လိုက်ပါထွက်ပြေးသွားသူမှာ ဘုရင်မကြီး ဖြစ်လေသည်။

ဘုရင်မကြီးသည် ဆန်းလျန်နှင့် ရင်းနှီးကျွမ်းဝင်ခဲ့သူ ဖြစ်လေရာ ဆန်းလျန်ကို အစကတည်းက အထင်ကြီးလေးစားခဲ့သူ ဖြစ်သည်။

နတ်မိစ္ဆာအဓိပတိကြီး၏ ပေမင်တန်ခိုးစွမ်းအားများက ဆန်းလျန်ကို ထိန်းချုပ်နိုင်လိမ့်မည်ဟု အစကတည်းက သူမ ထင်မထားခဲ့ပေ။

ထို့ကြောင့် နတ်မိစ္ဆာအဓိပတိကြီးထံမှ ပြောင်းလဲမှုများကို လေ့လာနေခဲ့လေသည်။ သူမ၏ စိတ်အာရုံထဲတွင် အခြေအနေများက ထူးဆန်းနေသည်ကို သိရှိလာခဲ့ပြီးသည့်နောက် အမြန်ဆုံးလွတ်မြောက်အောင် ထွက်ပြေးရန်သာ နည်းလမ်းရှိတော့သည်။

ထို့ကြောင့် မိုးနတ်မင်းက "ပြေးကြတော့" ဟု ပြောလိုက်သည်နှင့် သူမလည်း တစ်ချက်ပင်မဆိုင်းဘဲ ထွက်ခွာလာခြင်း ဖြစ်လေ၏။

ပထမမိုးနတ်မင်းနှင့် ဘုရင်မကြီးထွက်ခွာသွားပြီးသည့်နောက် နတ်မိစ္ဆာအဓိပတိကြီး၏ခန္ဓာကိုယ်က အဆုံးမရှိသည့် မြူခိုးများအဖြစ် ပြောင်းလဲသွားပြီး အဆက်မပြတ် လှုပ်ရှားပြောင်းလဲလျှက် ရှိလေသည်။

မြူမှုံတစ်ခုတိုင်း၏ သိပ်သည်းမှုတိုင်းက သမုဒ္ဒရာတစ်စင်းတိုင်း၏အသက်ဓာတ်စွမ်းအားများနှင့်ဆင်တူပြီး ပေါက်ကွဲထွက်တော့မည့် အလားဖြစ်လေသည်။

နတ်ဘုရားများအားလုံး ဆန်းလျန်ကို ဝိုင်းဝန်းတိုက်ခိုက်သည့် တန်ခိုးစွမ်းအားများထက်ပင် မြူမှုံများထဲမှ တန်ခိုးစွမ်းအားများက ပိုမိုမြင့်မားနေသေးသည်။

စကြာဝဠာအသစ်ကို ဖွင့်လှစ်တော့မည့် ကြီးမားသည့် တန်ခိုးစွမ်းအားကြီးပမာ ထင်မှတ်ရလေသည်။

ထိုတန်ခိုးစွမ်းအားသည် နတ်ဘုရားများအားလုံး စိတ်ကူးဖြင့် တွေးထင်နိုင်သည်ထက် ကျော်လွန်လျှက် ရှိသည်။

ဤသည်မှာ ဆန်းလျန်၏ တန်ခိုးစွမ်းအားတစ်ခုတည်း မဟုတ်ပေ။ ဆန်းလျန်၏ အဆက်မပြတ်ပြောင်းလဲနေသည့် "ယိလမ်းစဉ်" တန်ခိုးစွမ်းအားနှင့် ပေမင်တန်ခိုးစွမ်းအားများ ပေါင်းစပ်ထားခြင်း ဖြစ်လေသည်။

ထိုကြီးမားသည့်တန်ခိုးစွမ်းအားကြီးသည် ကြီးမားသည့် အရံအတားအကြီးတစ်ခုလုံးအတွင်းသို့ တိတ်တဆိတ်စီးဆင်းဝင်ရောက်နေသည်။

ထိုတန်ခိုးစွမ်းအားများထဲတွင် ပါဝင်နေသည့် မိုးကောင်းကင်နတ်မိစ္ဆာတန်ခိုးစွမ်းအားက နတ်ဘုရားများ၏ အမြင်အာရုံကို ရှုတ်ထွေးစေရန် လှည့်စားထားလေသည်။

နောက်ဆုံးတွင်တော့…  နတ်မိစ္ဆာအဓိပတိကြီး ရှုံးနိမ့်သွားခဲ့ပြီ ဖြစ်လေသည်။ သူ၏ခန္ဓာကိုယ်က ကြီးမားသည့် တန်ခိုးစွမ်းအားဒဏ်ကို ခံနိုင်ရည်မရှိတော့ဘဲ ပေါက်ကွဲထွက်သွားလေသည်။

နတ်မိစ္ဆာအဓိပတိကြီးသာ ဆန်းလျန်၏ "ယိလမ်းစဉ်" တန်ခိုးစွမ်းအားများကို စုပ်ယူပြီး သူ၏ အသက်ဓာတ်စွမ်းအားများကို အမှန်တကယ် သန့်စင်နိုင်ခဲ့လျှင် သူက ထိပ်တန်းအဆင့် မိစ္ဆာစွမ်းအားများကို ရရှိပြီး ဟွင့်ယွမ်ဝူကျီအဆင့်သို့ ရောက်ရှိနိုင်မည် ဖြစ်လေသည်။

သို့သော်… ယခုတော့ ဖြစ်မလာနိုင်တော့ပေ။

စကြာဝဠာအစဦးကတည်က တည်ရှိခဲ့သည့် နတ်မိစ္ဆာအဓိပတိကြီး၏ သွားရာလမ်းသည် ချိစုန်းကျီနောက်သို့ လိုက်သွားခြင်းသာ ဖြစ်လေတော့သည်။

နတ်ဘုရားများမှာ ပေါက်ကွဲထွက်သွားသည့် တန်ခိုးစွမ်းအားမြူမှုံများအတွင်းသို့ ကျရောက်သွားကြလေသည်။

သူတို့အားလုံးမှာ လူများ နွံနစ်သကဲ့သို့ ပြန်ထွက်လာနိုင်ကြခြင်း မရှိတော့ဘဲ လှုပ်လေ မြုပ်လေ ဆိုသကဲ့သို့ နစ်သည်ထက် နစ်သွားကြလေတော့သည်။

နတ်ဘုရားများမှာ တန်ခိုးစွမ်းအားမြူမှုံနွံထဲတွင်နစ်နေပြီး ကူရာကယ်ရာမဲ့လျှက် ရှိကြလေသည်။ သူတို့အားလုံး၏ ဂုဏ်သိက္ခာများသည် အတိတ်တွင် ကျန်ရစ်ခဲ့ပြီ ဖြစ်လေသည်။

တာအိုမဟာလမ်းစဉ်၏အောက်တွင် အရာအားလုံးက မြူမှုံမျှပမာသာ ဖြစ်သည်။

ရက်စက်ကြမ်းကြုတ်လွန်းသည့် ဘေးအန္တရယ်ကြီးကို သူတို့အားလုံး ခုခံကာကွယ်နိုင်ခြင်း မရှိကြတော့ပေ။

နှစ်ပေါင်းများစွာ နာမည်ကျော်ကြားခဲ့ကြသည့် နတ်ဘုရားများသည် ယခုတော့ ပျောက်ကွယ်ပျက်စီးသွားကြပြီ ဖြစ်လေသည်။

သူတို့အားလုံး မြူမှုံများအဖြစ် တဖြည်းဖြည်း လွင့်ပြယ်ပျက်စီးသွားကြသည့်အခါ သူတို့နှလုံးသားထဲမှ အတွေးများသည် သာမန်သတ္တဝါများနှင့်မခြားတော့ပေ။ မပျက်သုဉ်းခင် သူတို့တွေးမိသည့်အတွေးများသည် အတိတ်ကို လွမ်းဆွတ်တမ်းတခြင်းများဖြင့်သာ ပြည့်နက်လျှက်ရှိကြလေတော့သည်။

နှစ်သန်းပေါင်းများစွာ တန်ခိုးစွမ်းအားမြင့်မားခဲ့ကြသော်လည်း သေခါနီးအတွေးများကတော့ သာမန်လူများအလား ဖြစ်နေကြလေသည်။ ဒေါသအနည်းငယ်ထွက်ကာ နာကျည်းချက်ဖြင့် ဆဲရေးမိလျှက် ရှိကြသည်။

သို့သော်လည်း… သူတို့အားလုံး၏ နစ်နာမှုများအတွက် တရားမျှတမှုကို မည်သည့်အခါမှ ရှာဖွေတွေ့ရှိကြလိမ့်မည်မဟုတ်တော့ဘဲ တဖြည်းဖြည်း  ကြောက်မက်ဖွယာ်ရာမြူခိုးထဲတွင် ပျောက်ကွယ်သွားကြလေတော့သည်။

ဝိညာဉ်တစ်စပင် မကျန်ရစ်ခဲ့တော့ဘဲ သူတို့အားလုံး မြေမှုံ့ဘဝသို့ ရောက်ရှိသွားခဲ့ကြပြီ ဖြစ်လေသည်။

ဤသည်မှာ တံတိုင်း (၃)ခု ၊ သတ္တဝါ (၄)ကောင် ၊ လမ်းကြောင်း(၂၈)ဖြာ အရံအတားသည် ကောင်းကင်ကြယ်စင်အရံအတားထက်သာလွန်သည့် အချက်ဖြစ်လေသည်။

ဤအရံအတားအတွင်းသို့ ကျရောက်သွားသူတိုင်း လွတ်လမ်းမရှိပေ။ ယခုတော့ ဆန်းလျန်ကို တံတိုင်း (၃)ခု ၊ သတ္တဝါ (၄)ကောင် ၊ လမ်းကြောင်း(၂၈)ဖြာ အရံတားဖြင့် တိုက်ခိုက်ရန် ကြံစည်ကြသူများသည် သူတို့စီစဉ်သည့် အရံအတားအတွင်းသို့ သူတို့ကိုယ်တိုင် ပြန်လည်ကျရောက်ခဲ့ကြရပြီ ဖြစ်လေသည်။

လေထုက တဖြည်းဖြည်းပြိုကွဲသွားပြီး ကြီးမားသည့်အရံအတားကြီးနှင့်အတူ နတ်ဘုရားများအားလုံး ပျောက်ကွယ်သွားကြသည်။

ပထမမိုးနတ်မင်းနှင့် ဘုရင်မကြီးသည်ပင် ကြီးမားသည့်အရံအတားကြီးပျောက်ကွယ်သွားသည်ကို ခံစားလိုက်ကြရပြီး တန်ခိုးစွမ်းအားရိုက်ခတ်မှုကြောင့် လွင့်စင်ထွက်မတတ် ဖြစ်သွားရသည်။

သူတို့ (၂)ယောက် မရပ်မနား ဆက်လက်ထွက်ခွာလျှက်ရှိသည်။

ဆန်းလျန်အသက်ရှင်သန်နေဆဲဖြစ်ပြီး တိုက်ပွဲတွင် အနိုင်ရသွားခဲ့ပြီကို သူတို့ သိရှိလိုက်သည်။ ဆန်းလျန် အသက်ရှင်နေသေးပါက သူတို့ လောကတွင်ပြေးစရာမြေ ရှိတော့မည် မဟုတ်ပေ။

ထိုအချိန် အဝေးဆီမှ တာအိုကဗျာရွတ်ဆိုသံတစ်သံ လွင့်မျောလာသည်ကိုကြားလိုက်ရလေသည်။

"ချင်းရှတောင်ပေါ်က တိမ်ဖြူရေကန်ထက်မှာ…

တိမ်တွေကလည်း ဦးတည်ရာမဲ့သလို ရေပြင်ကလည်း လွတ်လပ်တယ်…

တောင်အောက်ကိုပြေးဆင်းပြီး…

လောကကြီးကို ဘာလို့ ပြဿနာရှာလိုရပါသလဲ…

ကျုပ်ကို … ဘာလို့အနှောက်အယှက်ပေးရတာလဲ… မင်းတို့ပြောစမ်းပါ…"

အသံက တဖြည်းဖြည်း တိုးတိတ်သွားပြီး နီးလည်းနီးကပ်လာလေသည်။

သို့သော်… နီးကပ်လာသည်ဟုထင်ရသော်လည်း မည်သည့်အရပ်ကထွက်ပေါ်လာမှန်းလည်း မသိရပေ။

ထို့နောက် ဗလာနယ်ထဲတွင် လရောင် တဖြည်းဖြည်းတောက်ပလာပြီး လရောင်အောက်တွင် ချောမောခန့်ညားသည့် လူငယ်တစ်ယောက် ထွက်ပေါ်လာလေသည်။

ထိုလူငယ်က လေကိုစီးနင်းပြီး လမင်းထက်မှ ဆင်းသက်လာသည်။

ထိုလူငယ်သည်ကား ဆန်းလျန်ပင် ဖြစ်လေ၏။

ဆန်းလျန်၏ ပုံစံက အလွန်တည်ငြိမ်အေးဆေးနေပြီး တိုက်ပွဲကြီးတစ်ပွဲ တိုက်ခိုက်ခဲ့သည်ဟုပင် မထင်မှတ်ရပေ။ ခေတ်အဆက်ဆက်တွင် ဂုဏ်အသရေနှင့် ပြည့်စုံလွန်းသည့် နတ်ဘုရားတစ်ပါးအလား ထင်မှတ်ရလေသည်။

သူက ဖြည်းဖြည်းချင်း ဆင်းသက်လာပြီး ခဏအကြာတွင် ပထမိုးနတ်မင်းနှင့် ဘုရင်မကြီးရှေ့သို့ ရောက်ရှိလာလေသည်။

ပထမမိုးနတ်မင်းက လက်ပိုက်ပြီးရပ်နေလေသည်။ မိုးနတ်မင်းတစ်ပါး၏ ဟိတ်ဟန် အပြည့်ရှိနေပြီး ဆန်းလျန်ကို ပြုံးပြီး ကြည့်နေလေသည်။

ပျက်စီးသွားသည့် ချန်ကျင်းချင်၏ ခန္ဓာကိုယ်မှာလည်း ပထမမိုးနတ်မင်း၏ တန်ခိုးစွမ်းအားဖြင့် သိပ်သည်းမှုပြန်လည် ဖြစ်တည်လာခဲ့ပြီ ဖြစ်သည်။

ယနေ့တိုက်ပွဲတွင် သူ့အနေဖြင့် ဆန်းလျန်ကို ထပ်မံရှုံးနိမ့်ပြန်ခဲ့သော်လည်း ဤကဲ့သို့သော အရှုံးနှင့် နာကျင်မှုမျိုးကို ပထမတစ်ကြိမ်ခံစားခဲ့ရပြီးပြီဖြစ်လေရာ သူ့အတွက် အဆန်းမဟုတ်တော့ပေ။ ခံနိုင်ရည်ရှိနေခဲ့ပြီ ဖြစ်လေသည်။

ယနေ့ ဆန်းလျန်ကို ရှုံးနိမ့်ခဲ့သည့်တိုင် ချန်ကျင်းချင်၏ ခန္ဓာကိုယ်အတွင်းသို့ ပူးဝင်ပြီး ရှင်သန်နေသည့် လောကကြီးကို တစ်ခဏမျှ ခံစားကြည့်ရခြင်းက အမြတ်ဖြစ်သည်ဟု သူက ခံယူထားသည်။

ဘုရင်မကြီး၏မျက်နှာကတော့ စိတ်ရှုတ်ထွေးနေဟန် ရှိသည်။

သူမ ဆန်းလျန်ကို ကြည့်လိုက်သည့်အကြည့်များက နူးညံ့သိမ်မွေ့နေပြီး သူမမျက်နှာတွင် အေးစက်ခက်ထန်မှုများ ရှိမနေခဲ့ပေ။

ဆန်းလျန်က ဘုရင်မကြီးကို ကြည့်လိုက်ပြီး အေးဆေးသည့်လေသံဖြင့်…

"မယ်တော်ဝမ်မူ… ကျုပ်ကို ပြောစရာတစ်ခုခု ရှိမလား…"

ဆန်းလျန်၏အသံက သူမကို လှောင်ပြောင်သရော်နေသည့်အလား ဘုရင်မကြီး ခံစားလိုက်ရသည်။

"ပြောရရင် အခု မင်းက အနိုင်ရသူ ၊ ငါတို့က ရှုံးနိမ့်သူတွေပါ ၊ ဘာတွေများပြောနေစရာ လိုသေးလို့လဲ…"

ဆန်းလျန်က သက်ပြင်းတစ်ချက်ချလိုက်ပြီး…

"ကျုပ်ရဲ့ တွန့်ဆုတ်နေမှုတွေကြောင့် ဒီလိုတွေ ဖြစ်ခဲ့ရတာပါလေ ၊ ကျုပ်ရဲ့ အမှားတွေလည်း အများကြီးပါပဲ ၊ ဒါပေမဲ့ အခုမှ မင်း ကျုပ်နောက်လိုက်ဖို့ဆိုတာ မဖြစ်နိုင်တော့ဘူး…"

ဘုရင်မကြီး တဖြည်းဖြည်းတည်ငြိမ်အေးဆေးသွားပြီ ဖြစ်လေသည်။

"အခုတော့ ငါ့ရဲ့ စိတ်ခံစားချက်တွေ အဆင်ပြေသွားပါပြီ ၊ ဒါပေမဲ့ အသစ်တစ်ဖန် ရွေးခြယ်ခွင့်ရဦးမယ်ဆိုရင်တောင် ငါကတော့ ငါလျှောက်မယ့်လမ်းကို ပြောင်းလဲပစ်မှာ မဟုတ်ဘူး…"

အေးစက်သည့်တိုင် ချောမောလှပသည့် ဘုရင်မကြီး၏ မျက်နှာကို ဆန်းလျန် အတန်ကြာ ငေးစိုက်ကြည့်နေမိသည်။

ပြီးမှ ဆန်းလျန်က သူ့တပည့်အသွင်ကို ယူထားသော ပထမိုးနတ်မင်းဆီသို့ လှည့်ကြည့်လိုက်သည်။

ဆန်းလျန် ယွီဧကရာဇ်နှင့် တွေ့ဆုံးခဲ့ဖူးသည်။ ယွီဧကရာဇ်သည် အလွန်မှ သြဇာအာဏာကြီးမားပြီး လွှမ်းမိုးနိုင်စွမ်း ရှိလွန်းလှသည်။

ဆန်းလျန် ထိုက်ဟောက်နှင့်လည်း တွေ့ဆုံခဲ့ဖူးသည်။  ထိုက်ဟောက်သည် အလွန်မှ ခမ်းနားပြီး မြင့်မြတ်လွန်းလှသည်။

ယွီဧကရာဇ်နှင့် ထိုက်ဟောက်တို့သည် ဧကရာဇ်များကြားတွင် ထိပ်တန်းအဆင့်ဖြစ်ကြပြီး ဧကရာဇ်တစ်ပါး၏ စိတ်နေစိတ်ထားနှင့်လည်း ပြည့်ဝသူများ ဖြစ်ကြသည်။

သို့သော်… ပထမမိုးနတ်မင်းနှင့်ယှဉ်လျှင် သူတို့သည် အနည်းငယ် နောက်တန်းသို့ ရောက်လျှက် ရှိသည်။

ပထမမိုးနတ်မင်း၏ စိတ်နေစိတ်ထားကတော့ ဖော်ပြရန် ခက်ခဲလွန်းသည်။

ပထမမိုးနတ်မင်းကို တွေ့မြင်ရသည်မှာ တောင်တစ်တောင်ကို တွေ့မြင်ရသည့်အလား အလွန်ခိုင်ကြည်သော်လည်း ထိုအကြောင်းအချက်ကို ဖော်ပြရန် စကားလုံဖြင့် တင်စားမရနိုင်ပေ။ မြင့်မားခမ်းနားခြင်းနှင့် အဆုံးမရှိသည့် အရောင်အဝါကို ခံစားရစေသည်။

ပထမမိုးနတ်မင်း၏ တည်ငြိမ်သည့် မျက်ဝန်းများထဲတွင် အဆုံးမရှိသော သမိုင်းဒဏ္ဍာရီများသည်လည်း ဖုံးကွယ်နေသည့်အလား တွေ့မြင်ခံစားရသည်။

ဆန်းလျန်က…

"ကျုပ် ကျင့်စဉ်လမ်းကို စပြီး လျှောက်လှမ်းကတည်းက မင်းရဲ့ ဂုဏ်သတင်းတွေကို ကြားသိခဲ့ရပါတယ် ၊ အခု မင်းကို တွေ့ရတော့လည်း လေးစားနေဆဲပါပဲ…"

ပထမမိုးနတ်မင်းက…

"ဒါပေမဲ့ ကျုပ်က မင်းကို စိတ်ပျက်သွားစေခဲ့တယ်မဟုတ်လား ၊ ခုတော့ မျိုးဆက်တစ်ဆက်မှာ ဘယ်သူမှ အနိုင်မယူနိုင်လောက်အောင် စွမ်းအားကြီးမားတဲ့ ကျုပ်ဟာ… ခွေးပြေးဝက်ပြေး ထွက်ပြေးခဲ့ရတယ် ၊ ခွေးတစ်ကောင်ထက်တောင် အခြေအနေဆိုးနေပါပေါ့လား…"

ဆန်းလျန်က ပြုံးလိုက်ရင်း…

"ဒါကြောင့် ကျုပ် မင်းကို လေးစားခဲ့တာပါ ၊ ရွှီမီစန်းတောင်က အဆုံးမရှိမြင့်မားတယ်လို့လည်း ဆိုကြတယ် ၊ ပြီးတော့ မုန်ညင်းစေ့လေးလောက်လည်း သေးငယ်နိုင်စွမ်းရှိတယ်တဲ့လေ ၊ မိုးနတ်မင်းဟာ ရွှီမီစန်းတောင်လိုပါပဲ ၊ ဒါကြောင့် ကျုပ် ဘယ်တော့မှ မင်းအပေါ် စိတ်မပျက်ခဲ့ပါဘူး…"

ပထမမိုးနတ်မင်းက သက်ပြင်းရှည်တစ်ချက်ချလိုက်ပြီး သူ့ဘေးမှ ဘုရင်မကြီးကို လှည့်ကြည့်လိုက်သည်။

"ကျုပ် သိတယ် ၊ ဒီ ဆန်းလျန်ဆိုတဲ့သူက  ဒီလိုအမူအကျင့်မျိုးရှိတယ် ၊ ဒီနေ့တော့ တကယ့်ကို မျက်နှာပျက်ရတာပါပဲ…"

***

All Chapters