← Chapters

မုသား

Vol. 64 Ch. 670

မုသား

Vol. 64 Ch. 670

ထန်ထျန်းက ဤကမ္ဘာပေါ်တွင် "ဇာတ်လိုက်အရှိန်အဝါ" ဆိုသည့်အရာ ရှိသည်ဟု တစ်ခါမှ မယုံကြည်ခဲ့ဖူးပေ။

သူကိုယ်တိုင်လည်း ဤခေတ်ကြီး၏ ဇာတ်လိုက်ဖြစ်သည်ဟု တစ်ခါမှ မတွေးခဲ့ဖူးပါ။

သို့သော် ခေတ်တိုင်းတွင် အရာတစ်ခုတော့ ရှိတတ်သည်။

ထိုအရာကို "ခေတ်၏ ဗဟိုချက်" ဟု ခေါ်ဆိုကြသည်။

ကြောင်လေးနှင့် ကုရှောင်းရွှယ်တို့ကို ပိုင်ဆိုင်ထားသော သူက ဤခေတ်ကြီး၏ အလွန်အရေးပါသော တည်ရှိမှု ဖြစ်နေသည်မှာ ငြင်းမရပေ။

ထို့ကြောင့်ပင် အခြားကျင့်ကြံသူများ မကြုံတွေ့နိုင်သော ကိစ္စများကို သူက အကြိမ်ကြိမ် ကြုံတွေ့နေရခြင်း ဖြစ်သည်။

အစွမ်းထက်သော လူများစွာကလည်း အကြောင်းပြချက် မရှိဘဲ သူ့ထံသို့ အစပြု၍ ချဉ်းကပ်လာကြသည်။

ခုနက ထွက်သွားသော စိတ်ဆန္ဒမှာ ထိုသို့ပင်ဖြစ်ပြီး ယခု ရှေ့တွင် ရှိနေသော နတ်မိမယ် ရဲ့မင်သည်လည်း ထိုနည်းအတိုင်းပင်။

သူမတွင်လည်း သူမ၏ ကိုယ်ပိုင် ရည်ရွယ်ချက် ရှိနေပေသည်။

"တကယ်တော့ ဒီနေ့ သခင်လေး ထန်ကို ဖိတ်ခေါ်ရတာက သခင်လေးကို အကူအညီ တစ်ခုလောက် တောင်းချင်လို့ပါ"

နတ်မိမယ် ရဲ့မင်က စကားစလိုက်သည်။

ထန်ထျန်းက အမူအရာ မပျက်ဘဲ ပြောလိုက်သည်။ "ငါက ထိုက်ယိမြင့်မြတ်နယ်မြေရဲ့ သာမန်တပည့် တစ်ယောက်ပါပဲ၊ မင်းက ငါ့ကို ဘာလို့ အကူအညီ တောင်းချင်ရတာလဲ"

" ငါ့ရဲ့ အစွမ်းနဲ့ဆိုရင် ကူညီချင်ရင်တောင် တတ်နိုင်မှာ မဟုတ်ဘူး"

နတ်မိမယ် ရဲ့မင်က အသာ ပြုံးလိုက်ပြီး "ကျွန်မ အရင်ကလည်း ပြောခဲ့ဖူးသလိုပဲ၊ သခင်လေး ထန်က သာမန်လူတွေနဲ့ မတူဘူးလေ"

" သခင်လေး ကျွန်မကို သေချာပေါက် ကူညီနိုင်မယ်လို့ ယုံကြည်ပါတယ်"

ထန်ထျန်း ခဏမျှ တိတ်ဆိတ်သွားပြီးနောက် မေးလိုက်သည်။ "ဘာကိစ္စလဲ"

နတ်မိမယ် ရဲ့မင်က ပြန်ဖြေသည်။ "နောက်ရက်အနည်းငယ်မှာ ဖွင့်မယ့် လင်းယွင်တောင်တန်း ခရီးစဉ်မှာ ကျွန်မတို့ ထျန်းလဲ့မျှော်စင်လည်း ကံကောင်းခြင်းတွေ သွားရှာဖို့ ဆုံးဖြတ်ထားပါတယ်"

" အဲဒီအခါကျရင် ကျွန်မလည်း ထျန်းလဲ့မျှော်စင်နဲ့အတူ လိုက်သွားမှာပါ"

"အကယ်၍ ကျွန်မတို့ လင်းယွင်တောင်တန်းမှာ ဆုံဖြစ်ခဲ့ရင် သခင်လေးအနေနဲ့ ဒီနေ့ ကျွန်မရဲ့ ရှင်းပြချက်တွေကို ထောက်ထားပြီး ကျွန်မကို တစ်ချက်လောက် ကူညီပေးနိုင်မလား"

ပြောရင်းနှင့် သူမက သူမ၏ လက်ပေါ် ရှိ ကုချင်းကို အသာအယာ ပွတ်ကာ "ဒီကုချင်းက ကျွန်မရဲ့ တစ်သက်တာလုံး အဖော်ပြုလာခဲ့တဲ့ အရေးအကြီးဆုံး သူငယ်ချင်းပါ"

" ထျန်းလဲ့မျှော်စင် သွားမယ့်နေရာက အရမ်း အန္တရာယ်များတယ်၊ သူ့ကို အန္တရာယ်တွေကြားထဲ မခေါ်သွားချင်ဘူး"

"ဒါကြောင့် အဲဒီအချိန်ကျရင် သခင်လေးက သူ့ကို ကျွန်မကိုယ်စား ခေတ္တခဏ သိမ်းဆည်းပေးထားစေချင်ပါတယ်။ ကျွန်မ ပြန်လာတဲ့အခါ သေချာပေါက် ကျေးဇူးဆပ်ပါ့မယ်"

" အကယ်၍ ကျွန်မ ပြန်မလာနိုင်ခဲ့ရင်တော့..."

"ဒီကုချင်းကိုပဲ ကျွန်မရဲ့ လက်ဆောင်အဖြစ် သဘောထားလိုက်ပါ"

ထန်ထျန်းက ပြုံး လိုက်ပြီး "ဒီလောက်ပဲလား"

" ဒါက ခက်ခဲတဲ့ ကိစ္စတော့ မဟုတ်ပါဘူး"

" ဒါပေမဲ့ လင်းယွင်တောင်တန်းက သိပ်မကျယ်ဘူး ဆိုပေမဲ့လည်း ငါတို့ ဆုံဖို့ကတော့ သိပ်မလွယ်ဘူးနော်"

နတ်မိမယ် ရဲ့မင်က ပြုံးလိုက်ကာ "တကယ်လို့ သခင်လေး ထန်နဲ့ မဆုံဖြစ်ဘူး ဆိုရင်လည်း ဒါက ကံတရားပေါ့"

"သခင်လေးသာ သဘောတူမယ်ဆိုရင် နောက်ရက်တွေမှာ ထိုက်ယိမြင့်မြတ်နယ်မြေအတွက် တီးခတ်ပေးမယ့် တိရှန်တေးသွားကို ကျွန်မ အစွမ်းကုန် တီးခတ်ပေးပါ့မယ်။ သူတို့ လင်းယွင်တောင်တန်းထဲမှာ ပျက်စီး ခြင်း စွမ်းအားတွေရဲ့ တိုက်စားမှုကို မခံရအောင် အကောင်းဆုံး လုပ်ပေးပါ့မယ်"

ထန်ထျန်း ခဏစဉ်းစားပြီးနောက် ပခုံးတွန့်ကာ ပြောလိုက်သည်။ "ငါ့အတွက်တော့ ဘာမှ ဆုံးရှုံးစရာ မရှိသလိုပဲ"

" ကောင်းပြီ၊ ငါ သဘောတူတယ်"

ဤနတ်မိမယ် ရဲ့မင်၏ ရည်ရွယ်ချက်မှာ အလွန်ပင် ရှင်းလင်းလှသည်။

ဤကိစ္စကို အကြောင်းပြပြီး လင်းယွင်တောင်တန်းတွင် သူ့ထံ ချဉ်းကပ်ရန်သာ ဖြစ်သည်။

ကျိကျွင်း တစ်ဦးက ထျန်းလဲ့မျှော်စင်ရဲ့ ခေါ်ဆောင်မှုကြောင့် လင်းယွင်တောင်တန်းထဲကို လိုက်သွားရမယ် ဟုတ်လား။

ကျိကျွင်း တစ်ဦးက သူမရဲ့ ကုချင်းကို မကာကွယ်နိုင်ဘူး ဟုတ်လား။

နတ်မိမယ် ရဲ့မင်ကတော့ သူမရဲ့ တကယ့် အစွမ်းကို ထန်ထျန်း သိသွားပြီ ဆိုတာကို မသိပုံရပေ။

အခြားသော နတ်မိမယ် ရဲ့မင် (စိတ်ဆန္ဒ) က သူမကို သစ္စာဖောက်သွားပြီ မဟုတ်ပါလား။

သူမကတော့ ဒါကို မသိသည့်အပြင် ထန်ထျန်း သဘောတူလိုက်သဖြင့် အလွန်အမင်း ကျေးဇူးတင်နေလေသည်။

ကြည့်ရသည်မှာ မိမိကံကြမ္မာကို မိမိ မပိုင်စိုးနိုင်သော အမျိုးသမီးတစ်ဦးက မျှော်လင့်ချက် ရောင်ခြည်လေး မြင်လိုက်ရသည့်အလားပင်။

ထန်ထျန်းကလည်း အမှန်တရားကို ဖွင့်မပြောခဲ့ပေ၊ လင်းယွင်တောင်တန်း ရောက်မှသာ အခြေအနေကို ကြည့်ရပေမည်။

ထို့နောက် သူတို့နှစ်ဦး ခဏမျှ ဆက်လက် စကားပြောဆိုပြီးနောက် မူလလမ်းအတိုင်း ပြန်လာခဲ့ကြသည်။

ခန်းမထဲသို့ ပြန်ရောက်သောအခါ အခြားမြင့်မြတ်နယ်မြေမှ လူများ အကုန်ပြန်ကုန်ကြပြီ ဖြစ်ကာ ထိုက်ယိမြင့်မြတ်နယ်မြေမှ အကြီးအကဲ နှစ်ဦးနှင့် ဝေ့ချန်တို့သာ သူ့ကို စောင့်နေကြသည်။

"အချိန်ကိုတော့ ညှိနှိုင်းပြီးပြီ"

"လင်းယွင်တောင်တန်း မသွားခင် တစ်ရက်အလိုမှာ ထျန်းလဲ့မျှော်စင်ကို လာပြီး တိရှန်တေးသွားကို နားထောင်ကြမယ်။ အဲဒါမှ အာနိသင် အရှိဆုံး ဖြစ်မှာ"

စောစောက ထန်ထျန်းကို ကိုယ်ပိုင်ငွေဖြင့် ကူညီပေးချင်သော အကြီးအကဲက ပြုံးရွှင်လျက် ပြောသည်။ "ဒီတစ်ခါတော့ သခင်လေး ထန်ကို ကျေးဇူးတင်ရမှာပဲ"

" မဟုတ်ရင် ကျွန်တော် တို့ ဒီအခွင့်အရေး ရဖို့ ခဲယဉ်းတယ်"

"သခင်လေး စိတ်မပူပါနဲ့၊ ဒီကိစ္စကို ကျွင်းယာ တာအိုအရှင် ကို ပြောပြထားပြီးပြီ။ သူမက ပြန်ရောက်ရင် ဝူဟွေ့တာအိုအရှင် နဲ့ တိုင်ပင်ပြီး သခင်လေး ဒီမှာ သုံးခဲ့သမျှ ငွေတွေကို ပြန်ပေးမယ်လို့ ပြောသွားတယ်"

ထန်ထျန်းက အလိုက်သင့် ပြန်ဖြေလိုက်သည်။ "ပြန်ရောက်မှပဲ ပြောကြတာပေါ့"

" ငါ စခန်းကို ပြန်တော့မယ်၊ မင်းတို့ လည်ချင်သေးရင် လည်ကြဦး၊ ငါကတော့ ကိုယ့်ဘာသာ ပြန်တော့မယ်"

အကြီးအကဲ နှစ်ဦး အချင်းချင်း ကြည့်လိုက်ကြသည်။

သူတို့က ထန်ထျန်းကို တစ်ယောက်တည်း ပြန်ခိုင်းရန် မဖြစ်နိုင်ပေ။ စခန်းက ထျန်းလဲ့မျှော်စင်နှင့် သိပ်မဝေးသော်လည်း ယခုအချိန်တွင် လူရှုပ်နေသဖြင့် အဖိုးတန်လှသော သခင်လေး ထန်ကို တစ်စုံတစ်ခု ထိခိုက်သွားလျှင် မည်သို့လုပ်မည်နည်း။

ထို့ကြောင့် အကြီးအကဲ နှစ်ဦးကိုယ်တိုင် ထန်ထျန်းနှင့် ဝေ့ချန်တို့ကို စောင့်ရှောက်ကာ ပြန်လာခဲ့ကြသည်။

လမ်းတွင် ဝေ့ချန်က သေတ္တာဖွင့်ခဲ့ရသော စိတ်လှုပ်ရှားမှုများ မကုန်သေးဘဲ တစ်ခါမှ မကြုံဖူးသော ငွေသုံးကြမ်းမှုကို တတွတ်တွတ် ပြောနေတော့သည်။

"တကယ်ကို စိတ်လှုပ်ရှားဖို့ ကောင်းတာပဲ"

ခဏအကြာတွင် သူက ထန်ထျန်းအနား ကပ်လာပြီး ခပ်ချေချေ အပြုံးဖြင့် မေးလိုက်သည်။ "သခင်လေး ထန်... ဟို နတ်မိမယ် ရဲ့မင်က ဘယ်လိုလဲ"

" သခင်လေး အထဲမှာ တစ်နာရီခွဲလောက် ကြာသွားတယ်ဆိုတော့ တော်တော်လေး အဆင်ပြေမှာပေါ့နော်"

" မဟုတ်ရင် သခင်လေး ဒီလောက်ကြာအောင် နေမှာ မဟုတ်ဘူး~"

ထန်ထျန်းက သူ့ကို မျက်စောင်းထိုးကြည့်ကာ ပြောလိုက်သည်။ "ဘာတွေ တွေးနေတာလဲ"

" သူမက ထျန်းလဲ့မျှော်စင်ရဲ့ ရတနာလေး ပဲ၊ ဘယ်သူနဲ့မဆို ဒီတိုင်း ပတ်သက်ပါ့မလား"

" ငါက သီချင်း နားထောင်ရုံသက်သက်ပါပဲ"

ဝေ့ချန်က နှမြောတသဟန်ဖြင့် ပြောသည်။ "ဒါဆိုရင်တော့ သခင်လေး တကယ်ကို လွဲသွားပြီ၊ ပြီးတော့ မှားလည်း မှားသွားပြီ"

" နတ်မိမယ် ရဲ့မင်က ကြည့်ရတာ အရမ်း နာမည်ကြီးပြီး မျက်နှာပန်းလှတယ် ဆိုပေမဲ့ တကယ်တမ်းကျတော့..."

"ထျန်းလဲ့မျှော်စင်က သူမကို ရတနာလို သဘောထားတာ မဟုတ်ဘူး၊ ပိုက်ဆံရှာတဲ့ ကိရိယာ တစ်ခုလိုပဲ သဘောထားတာ"

" ဒီနေ့ သခင်လေး ငွေသုံးတာကို ထျန်းလဲ့မျှော်စင် အထက်အကြီးအကဲ တွေက သဘောကျလွန်းလို့ သူမရဲ့ ပထမဆုံး အကြိမ်ကို သခင်လေး ကို ပေးဖို့တောင် ကြံရွယ်ထားတာ"

" မဟုတ်ရင် သခင်လေး တို့ နှစ်ယောက်တည်းကို အဲဒီလောက်ကြာအောင် ဘယ်ပေးထားပါ့မလဲ"

" တကယ် နှမြောစရာပဲ"

ထန်ထျန်း မျက်လုံးများ လှုပ်သွားပြီး မေးလိုက်သည်။ "မင်း ဒါတွေကို ဘယ်လို သိတာလဲ"

ဝေချန်က "ဟိုတာဝန်ခံက ငါတို့ အကြီးအကဲတွေနဲ့ စကားပြောနေတုန်းမှာ အရိပ်အယောင်တွေ ကြားလိုက်ရတာ"

"သူတို့က စီးပွားရေးသက်သက် လုပ်တဲ့ အဖွဲ့အစည်းပဲ"

" နတ်မိမယ် ရဲ့မင်ရဲ့ ပထမဆုံးအကြိမ်ကိုသာ မင်း ရလိုက်ရင် ဝူယွဲ့မြို့မှာ သေချာပေါက် နာမည်ကြီးသွားမှာ"

သူကတော့ နှမြောတသ ဖြစ်နေဆဲပင်။

ထန်ထျန်းကတော့ ဘာမှ ထပ်မပြောတော့ပေ။

ကျိကျွင်း တစ်ဦးက မိမိကိုယ်မိမိ မပိုင်စိုးဘဲ ဒီလို နိမ့်ကျတဲ့ အလုပ်မျိုး လုပ်နေရတယ် ဟုတ်လား။

ဘယ်လောက်တောင် ရယ်စရာ ကောင်းသလဲ။

အကယ်၍ ထန်ထျန်းသာ သူမရဲ့ တကယ့် အစွမ်းကို မသိထားရင် ဒါကို ယုံမိကောင်း ယုံမိလိမ့်မည်။

သို့သော် ယခုမူ ဤသည်မှာ နတ်မိမယ် ရဲ့မင်က တမင်တကာ ထုတ်လွှင့်ထားသော ပုံရိပ်ယောင်များသာ ဖြစ်သည်။

လင်းယွင်တောင်တန်းတွင် သူတို့နှစ်ဦး "မတော်တဆ ဆုံတွေ့ခြင်း" အတွက် ကြိုတင် ပြင်ဆင်ထားခြင်း ဖြစ်နိုင်ခြေ အလွန်များသည်။

အခြားသော နတ်မိမယ် ရဲ့မင် (စိတ်ဆန္ဒ) ပြောသွားတာ တကယ် မှန်သည်။

မိန်းမသား ဆိုတာ မွေးရာပါ လိမ်ညာတတ်တဲ့ သတ္တဝါမျိုးပဲ။

မိန်းကလေး တစ်ယောက် ပြောတဲ့စကားကို ဘယ်တော့မှ မယုံပါနဲ့။

မှတ်ချက် "ဘိုးဘေး စာသား အပိုမထည့်ထားပါ”

All Chapters