← Chapters

ဗြမ္မာသူတော်စင် စိတ်ဝိညာဥ်ကျင့်စဥ်

Vol. 35 Ch. 441

ဗြမ္မာသူတော်စင် စိတ်ဝိညာဥ်ကျင့်စဥ်

Vol. 35 Ch. 441

ဂျန်ဖန်း အံ့အားသင့်သွား၏။

ရှေ့တန်းအခြေအနေက ဤလောက်ထိစိုးရိမ်နေရပြီလား။

သူတို့က အမှန်တကယ်ပဲ အကန့်အသတ်မရှိသည့်တာဝန်တွေကို ထုတ်ပြန်ခဲ့၏။

ယခင်ကဆိုလျှင် တာဝန်တစ်ခုပြီးမြောက်မှ နောက်တာဝန်တစ်ခုကိုယူလို့ရတာဖြစ်သည်။

ဘယ်လောက်ပဲထူးထူးချွန်ချွန်ပြီးမြောက်ပါစေ တာဝန်တစ်ခုအဖြစ်သာ သတ်မှတ်နိုင်၏။

ယခုက မတူတော့ပေ။

ခွန်အားသာလုံလောက်နေသ၍ သားရဲဘုရင်ပိုများများသတ်လေလေ ပိုများသည့်ပထမအဆင့်တာဝန်တွေ ပြီးမြောက်လေဖြစ်သည်။

ရှေ့တန်းကိုအရင်သွားသည့်မည်သူမဆို သဘာဝအတိုင်း ပိုများသည့်အောင်မြင်မှုတွေကို ရရှိလိမ့်မည်ဖြစ်သည်။

ဂျန်ဖန်း ချက်ချင်းပဲ သန္ဓေသားအဆောင်အတွက် ယုံကြည်ချက်ရှိသွား၏။

သူက ချက်ချင်း ခေါင်းညိတ်ဖို့ပြင်လိုက်၏။

သို့ပေမယ့် အသာအယာခေါင်းခါယမ်းပြီး ပြောလိုက်သည်။

"ဦလေးမှာ အခြားလုပ်စရာရှိသေးတယ်..."

"မင်းအရင်သွားနှင့်ပါ။ ငါရှေ့တန်းရောက်ရင် မင်းကို လာရှာမယ်..."

ရှချောင်ကော၏ လှပသည့်မျက်နှာလေး စိတ်ပျက်သည့်အရိပ်အယောင်တွေ ပြသလာ၏။

နောက်ဆုံးအကြိမ် သူမ ဂျန်ဖန်းကိုဖိတ်ခေါ်စဥ်က သူ့၌ အမျိုးသမီးအဖော်တစ်ယောက်ရှိနေခဲ့သည်။

ဤတစ်ချိန်လည်း အတူတူဖြစ်သည်။

သူမက ဘေးရှိလျိုချင်းရှန်ကိုတစ်ချက်ကြည့်လိုက်သည်။

ဂိုဏ်း ၉ ဂိုဏ်း၏အလှဆုံးအမျိုးသမီးတပည့်ဟု ဂုဏ်သတင်းကြီးသူပင်။

နောက်ထပ်ဘာမှမပြောတော့ပဲ လက်ချင်းယှက်ကာ ခြံဝန်းထဲမှ ထွက်ခွာသွားခဲ့သည်။

ထို့နောက် စိတ်ဝိညာဥ်မြင်းပေါ်တက်ပြီး အဝေးကိုထွက်ခွာသွားခဲ့သည်။

လျိုချင်းရှန် နှုတ်ခမ်းဆူလိုက်၏။

သူမက အကြည့်ပြန်ရုတ်ကာ ဂျန်ဖန်း၏စဥ်းစားနေသည့်မျက်နှာကိုကြည့်ပြီး စိတ်တိုစွာပြောလိုက်သည်။

"ဘာလဲ, စိတ်မကောင်းဖြစ်နေတာလား..."

"ဘာလို့ နောက်ကလိုက်မသွားတာလဲ..."

"သူမ တစ်ယောက်တည်းငိုနေလောက်တယ်...."

ဂျန်ဖန်း ရယ်ရမလိုငိုရမလိုဖြစ်သွား၏။

"ငါ သူ့အကြောင်းတွေးနေတယ်လို့ ဘယ်အချိန်က ပြောမိလို့လဲ...."

"မင်းကို ငါနဲ့အတူ ဧရာမဂိုဏ်းမူလနေရာဆီ ခေါ်သွားရင်ကောင်းမလားစဥ်းစားနေတာ..."

"အခွင့်လမ်းကောင်းတွေရှိရင် ငါတို့အတူတူမျှဝေနိုင်တာပေါ့...."

"ဒါပေမယ့် ဧရာမဂိုဏ်းနယ်မြေဆိုတော့ သူတို့နဲ့ အငြင်းမပွားရဘူးလို့တော့ အာမခံလို့မရဘူး...."

ဂျန်ဖန်း သူမအကြောင်းတွေးနေတာသိတော့...

လျိုချင်းရှန် တိတ်တဆိတ်ပျော်ရွင်သွားပြီး မျက်နှာ၌ ချက်ချင်းပဲ တောက်ပသည့်အပြုံးတစ်ခုပေါ်လာခဲ့သည်။

ပျော်ရွင်စွာပဲ ဂျန်ဖန်းလက်မောင်းချိတ်မှီလိုက်ပြီး ညင်သာစွာပြောလိုက်သည်။

"ငါ့အတွက်တွေးပေးလို့ ကျေးဇူးတင်ပါတယ်...."

"ဒါပေမယ့် အခုတော့ ငါရှေ့တန်းမသွားချင်သေးဘူး...."

"မနေ့က ငါနဲ့သင့်တော်တဲ့ ကျင့်ကြံရေးအရင်းအမြစ်တွေလှဲလှယ်ခဲ့တယ်။ ဒါကြောင့် ရှေ့တန်းမသွားခင် ငါ့ခွန်အားကို အရင်တိုးမြှင့်ချင်တယ်..."

"နင်က အရမ်းအစွမ်းထက်လာတော့ ငါနောက်ကျကျန်နေခဲ့လို့ ဘယ်ဖြစ်မလဲ..."

"ငါသာ မကြိုးစားရင် နောက်ထပ် နင်နဲ့ထိုက်တန်တော့မှာမဟုတ်ဘူး..."

သူမက လက်ဆန့်ထုတ်ပြီး ဂျန်ဖန်းပါးကိုညစ်ကာပြောလိုက်သည်။

"ရှေ့တန်းမှာ နင့်ကိုယ်နင် ဂရုစိုက်ရမယ်နော်..."

"နင့်သတင်းဆိုးကြားရမယ့်အစား ငါ့ကိုယ်ငါပဲ အန္တရာယ်ဖြစ်လိုက်ချင်တယ်..."

သူ့လက်မောင်းရှိနွေးထွေးမှုနှင့် သူမ၏စိုးရိမ်မှုတွေကိုကြားသည့်အခါ...

ဂျန်ဖန်း လျိုချင်းရှန်နှင့် ပထမဆုံးတွေ့ချိန်ကို အမှတ်ရလိုက်၏။

ထိုအချိန်က သူမ အရမ်းမာနကြီးခဲ့သည်။

ယခုတော့ သူ့အတွက်နှင့် ရှားပါးသည့်ညင်သာမှုကို ပြသနေခဲ့သည်။

သူ့နှလုံးသားထဲမှာ လိမ့်တက်လာသည့်ခံစားချက်တွေကို မထိန်းထားနိုင်တော့ပေ။

ခေါင်းငုံ့ပြီး သူမ၏အနီရောင်နှုတ်ခမ်းလေးကို ညင်သာသည့်အနမ်းတစ်ခုပေးလိုက်၏။

"ငါ မင်းကိုတွေ့ဖို့ လုံလုံခြုံခြုံနဲ့ပြန်လာမှာပါ...."

သတိလက်လွတ်ဖြစ်သွားသည့်လျိုချင်းရှန် ချက်ချင်းပဲ မျက်နှာနီရဲသွား၏။

သူမက အလျှင်အမြန်ပဲမျက်နှာကိုကာကာ အိမ်ထဲသို့ပြေးဝင်သွားခဲ့သည်။ ဂျန်ဖန်းကိုကျောပေးပြီး ပြောလိုက်သည်။

"နေ့ခင်းကြောင်တောင်ကြီး, နင်... နင် အရှက်ကိုမရှိဘူး..."

သို့ပေမယ့် ဂျန်ဖန်းကို အရင်ဦးဆုံးနမ်းခဲ့တာ သူမဆိုတာ ပြန်တွေးမိသည့်အခါ...

ပိုလို့တောင်ရှက်သွားပြီး ခြေဆောင့်ကာ ပြောလိုက်သည်။

"နင်.. နင် မြန်မြန်သွားတော့...."

"ငါ့ကျင့်ကြံရေးကို မကြန့်ကြာစေနဲ့...."

အခန်းအပြင်၌ အသံထွက်မလာခဲ့ပေ။

သူမ တစ်ဖက်လှည့်ကြည့်လိုက်ရာ...

ဂျန်ဖန်းကို ဘယ်မှာမှမတွေ့တော့ပေ။

"သွားပြီလား..."

လျိုချင်းရှန် သူမ၏အနီရောင်နှုတ်ခမ်းလေးကိုကိုက်လိုက်ပြီး စိတ်မကောင်းဖြစ်သွား၏။

ရုတ်တရက်...

ခြံဝန်းထဲရှိကျောက်စားပွဲပေါ်၌ တစ်စုံတစ်ခုဖိထားတာကို တွေ့လိုက်၏။

အနီးနားကပ်ကြည့်လိုက်သည့်အခါ...

ထိုအရာက ဓားကျမ်းနှစ်ခုဖြစ်နေခဲ့သည်။

တစ်ခုက သိမ်မွေ့အဆင့်မြင့်ကျင့်စဥ်ဖြစ်သည့် နဂါးရှာဖွေးရေးကျမ်းစာဖြစ်သည်။

နောက်တစ်ခုကတော့ မြေကမ္ဘာအဆင့်ဓားသိုင်း "ဓားနှလုံးသားထွင်းထုခြင်း"ဖြစ်၏။

လျိုချင်းရှန်၏လှပသည့်မျက်လုံးတွေ တောက်ပသွားပြီး ၎င်းတို့ကိုတင်းတင်းကြပ်ကြပ်ပွေ့ဖက်ထားလိုက်သည်။

သူမမျက်နှာ၌ အဆုံးမရှိသည့်ရှက်ရွံ့မှုတွေ ရှိနေခဲ့သည်။

အဘယ်ကြောင့်ဆိုသော် ဤကျင့်စဥ်နည်းစနစ်တွေက ဂျန်ဖန်း သူ့အမျိုးသမီးတွေကိုသာ သင်ပေးသည့်အရာတွေဖြစ်သောကြောင့်ပင်။

ယခင်က ရှုရို့ရန်နှင့် ချန်းစီလင်တို့သာသင်ဖူးပြီး ယခု သူမက တတိယမြောက်လူဖြစ်လာခဲ့သည်။

ဤအရာက ဂျန်ဖန်း သူမကို အမှန်တကယ်လက်ခံလိုက်ပြီဟု ဆိုလို၏။

"ဖန်း...."

လျိုချင်းရှန် ညင်သာစွာ ရေရွတ်လိုက်၏။

သူမ၏ပျောက်ရွင်နေသည့်ခံစားချက်က ရေလှိုင်းတွေကဲ့သို့ တစ်ခုပြီးတစ်ခုရောက်လာနေကာ အချိန်အတော်ကြာသည်အထိ တည်ငြိမ်အောင်မလုပ်နိုင်ဖြစ်နေခဲ့သည်။

ဂျန်ဖန်းအကြောင်းပြောရလျှင်...

သူက ကွပ်ကဲရေးဠာနရောက်လာပြီး အဆုံးမရှိသားရဲသတ်ဖြတ်ခြင်းတာဝန်ယူခဲ့သည်။

ထို့နောက်ဖြူလေးကိုစီးပြီး နှင်းမုန်းတိုင်းတစ်ခုကဲ့သို့ မိုးကုတ်စက်ဝိုင်းဆီပျောက်ကွယ်သွားခဲ့သည်။

ကျယ်ပြောသည့်နှင်းပြင်၌....

ကြီးမားသည့်နတ်ဆိုးစစ်တပ်ကြီးတစ်ခုက ပြန်လမ်းမဲ့တောင်တန်းဆီ အရှိန်အဟုန်ဖြင့် ချီတက်နေခဲ့သည်။

ဦးဆောင်နေသူက ထူထည်းသည့်လိပ်ခွံကြီးနှင့် လိပ်လိုဧရာမသတ္တဝါကြီးတစ်ကောင်ဖြစ်သည်။

သို့ပေမယ့် ခေါင်း၌ဆူးချွန်တွေပြည့်နှက်နေပြီး မျက်လုံးတွေကနီရဲနေကာ ပါးစပ်ထဲ၌ ပြန်သိမ်းနိုင်သည့်အစွယ်တွေရှိနေခဲ့သည်။

အလွန်အမင်းကြောက်စရာကောင်းလှ၏။

နောက်ရှိအကောင်တွေ၌လည်း ထူးထည်းသည့်အရေးပြားတွေ ဒါမှမဟုတ် ကြေးခွံတွေရှိကြ၏။

အားလုံးက ခုခံရေးအလွန်မြင့်မားသည့်သားရဲတွေဖြစ်ကြသည်။

ရုပ်ပိုင်းဆိုင်ရာစွမ်းအား၌နာမည်ကြီးသည့် နတ်ဆိုးသားရဲတွေထဲ၌တောင် ၎င်းတို့ကို ထူးချွန်သည်ဟု ယူဆနိုင်၏။

"ဘုရင်ရွမ်ကျား, ငါတို့နောက်ဆုံးမှာ ရှေ့တန်းကိုဖြတ်လာခဲ့ပြီ..."

"ဘာလို့ နေဝင်မြို့ကို တိုက်ရိုက်မသွားတာလဲ..."

"ငါတို့သာဖောက်ဝင်ရင် လူသားကလန်ကွပ်ကဲရေးဠာန ပျက်စီးမှာ သေချာပေါက်ပဲ။ အဲ့ခါကျ သူတို့ရှေ့တန်း ပြိုလဲပြီးကျွန်တော်တို့လည်း ကြီးမားတဲ့ဂုဏ်သတင်းရမှာ...."

လိပ်သားရဲနောက်ရှိ သင်းခွေချပ်နှင့်တူသည့်ဧရာမသားရဲကြီးတစ်ကောင် နတ်ဆိုးဘာသာစကားဖြင့် ပြောလိုက်သည်။

ရွမ်ကျား လှည့်တောင်မကြည့်ပဲ နှာမှုတ်လိုက်သည်။

"ငါတို့လောက်နဲ့ နေဝင်မြို့ကို ဝင်စီးနိုင်မယ်ထင်နေတာလား...."

"နေဝင်မြို့မှာ ဂိုဏ်းသခင်ဘယ်နှစ်ယောက်ရှိနေမလဲဆိုတာ မပြောသေးဘူး...."

"နေဝင်မြို့ကိုစောင့်ကြပ်နေတဲ့ လက်ထောက်ခန်းမသခင်တစ်ယောက်တည်းကကို မင်းနဲ့ငါ ကိုင်တွယ်နိုင်တဲ့လူမဟုတ်ဘူး...."

"သူလက်တစ်ချက်ဝှေ့လိုက်တာနဲ့ ငါတို့ ဘယ်လိုသေသွားလဲတောင် သိလိုက်မှာမဟုတ်ဘူး...."

ရွမ်ကျားခွန်အားက အမြုတေဖွဲ့စည်းခြင်းအဆင့် ၆ နှင့်ညီမျှ၏။

သူ့နောက်ရှိ တောင်နက်က အဆင့် ၅ သာရှိသည်။

ထပ်ပေါင်းပြောလျှင် အမြုတေအဆင့် ၄ အဆင့် ၅ သားရဲတစ်ဒါဇင်လောက်ရှိသေး၏။

ကြည့်ရတာ အရှိန်အဟုန်ကြီးမားပြီး ဂိုဏ်း ၉ ဂိုဏ်း မည်သည့်ဂိုဏ်းကိုမဆို အထိနာစေနိုင်၏။

သို့ပေမယ့် ရွမ်ကျား လူသားကျွမ်းကျင်သူတွေ၏ ကြောက်စရာကောင်းမှုကို ကောင်းကောင်းသိ၏။

သူတို့သာ နေဝင်မြို့ကို တိုက်ခိုက်ရဲလျှင်...

နေဝင်မြို့ရှိ လူသားကျွမ်းကျင်သူတွေက သူတို့ကို သဘာဝလက်ဆောင်တွေလိုသဘောထားပြီး နတ်ဆိုးအမြုတေနှင့် စိတ်ဝိညာဥ်အသားတွေကို ပျော်ပျော်ကြီးစုဆောင်ကြမည်ဖြစ်ည်။

"မင်းရဲ့သစ်ကြားသီးဦးနှောက်နဲ့ အကြံဆိုးတွေထုတ်တာ ရပ်တန်းကရပ်လိုက်...."

"ငါတို့ရဲ့တစ်ခုတည်းသောအမိန့်က ကိုယ်လုပ်တောင်ယွမ်ရှအစီအစဥ်အတိုင်း ဧရာမဂိုဏ်းစောင့်ကြပ်နေတဲ့ ဂူအိမ်တော်ကိုသွားဖို့ပဲ...."

"ကိုယ်လုပ်တော်ယွမ်ရှပြောစကားအရ အဲ့ဂူအိမ်တော်က တစ်ခါက လူသားတစ်ဝက်နတ်ဆိုးတစ်ဝက်ကျွမ်းကျင်သူတစ်ယောက် ကျင့်ကြံခဲ့တဲ့နေရာတဲ့...."

"အဲ့မှာ နတ်ဆိုးမျိုးနွယ်ကိုတုန်လှုပ်စေခဲ့တဲ့ အထွတ်အမြတ်ကျင့်စဥ် ဗြဟ္မာသူတော်စင်စိတ်ဝိညာဥ်နည်းစနစ်က ရှိနေနိုင်တယ်..."

"တစ်ချိန်က နတ်ဆိုးမျိုးနွယ်ကိုပေါင်းစည်းပြီး နတ်အသွင်ပြောင်းခြင်းအဆင့်ရောက်လုနီးပါးဖြစ်ခဲ့တဲ့ မဟာပုဂ္ဂိုလ်က အဲ့ဒီကျင့်စဥ်တစ်ဝက်ကိုလေ့ကျင့်ပြီး အောင်မြင်ခဲ့တာ...."

"ငါတို့သာ ကျင့်စဥ်အပြည့်အစုံကိုရခဲ့ရင် ငါတို့နတ်ဆိုးအင်ပါယာက အတိတ်ကအထွတ်အမြတ်နတ်ဆိုးအင်ပါယာရဲ့ ဂုဏ်ကျက်သရေကို ပြန်ရနိုင်တယ်..."

"မဟုတ်ဘူး, ကျော်တက်ပြီး နတ်အသွင်ပြောင်းခြင်းအဆင့်တည်ရှိမှုတောင် ဖြစ်လာနိုင်တယ်...."

တောင်နက် တွေဝေသွား၏။

"ဒါပေမယ့် အဲ့နေရာကို ဧရာမဂိုဏ်း နှစ်ရာချီကြာ တူးဖော်ခဲ့ပြီးပြီလေ...."

"ဗြဟ္မာသူတော်စင်စစ်မှန်စိတ်ဝိညာဥ်ကျင့်စဥ်သာ ရှိခဲ့ရင် အရင်ကတည်းက သူတို့ရှာတွေ့သွားလောက်ပြီမဟုတ်ဘူးလား...."

ရွမ်ကျား လှောင်ပြောင်လိုက်၏။

"မင်း ဧရာမဂိုဏ်းကို နောက်ထပ်နှစ်တစ်ရာပေးလည်း သူတို့ရှာတွေ့မှာမဟုတ်ဘူး...."

"သူတို့မှာ ငါတို့လို စီနီယာချန်ထားခဲ့တဲ့သွေးအနှစ်သာရသာမရှိရင် ဘယ်လိုမှကျင့်စဥ်ကို ရှာတွေ့နိုင်မှာမဟုတ်ဘူး..."

"ဒါမှမဟုတ်လည်း စီနီယာရဲ့မူလကျင့်စဥ် သံမဏိသွေးစစ်မှန်ကျမ်းကို လေ့ကျင့်ထားရင်လည်း အာရုံခံနိုင်တယ်...."

"ဒါပေမယ့် ဧရာမဂိုဏ်းက အဲ့တာလည်း မလုပ်နိုင်ဘူးလေ..."

"အဲ့ဒီအမှိုက်ကောင်တွေ နှစ်ရာချီတူးရင်တောင် အစစ်အမှန်ရတနာကိုတွေ့မှာမဟုတ်ဘူး...."

"သာမန်ခန္ဓာသန့်စင်နည်းလမ်းလေးတွေပဲတွေ့ပြီး ဂုဏ်ယူနေကြတာ...."

"စိတ်အေးအေးထားပါ..."

"ငါတို့အဲ့ရောက်တဲ့ထိ, ဗြဟ္မာသူတော်စင်စိတ်ဝိညာဥ်ကျင့်စဥ်က အမြဲစောင့်နေမှာပါ...."

All Chapters