ဝိညာဥ်ထိုးဖောက်ခြင်း မဟာအောင်မြင်ခြင်းကြီးအဆင့်
Vol. 35 Ch. 442
တောင်နက် စိတ်လှုပ်ရှားလာ၏။
သူတို့သာ ဒဏ္ဍာရီလာအထွတ်အမြတ်ကျမ်းကို ရှာတွေ့လျှင် သိသာသည့်အောင်မြင်မှုဖြစ်၏။
သို့ပေမယ့် စိုးရိမ်စွာဖြင့် ပြောလိုက်သည်။
"အဲ့ဂူက ဧရာမဂိုဏ်းမူလနယ်မြေလေ။ ပြောကြတာတော့ အမြုတေဖွဲ့စည်းခြင်းနောင်းပိုင်းအဆင့် အကြီးအကဲက တစ်နှစ်လုံးစောင့်ကြပ်နေတာဆိုပဲ...."
"ငါတို့ ကိုင်တွယ်နိုင်ပါ့မလား...."
ရွမ်ကျားက အမြုတေအဆင့် ၆ သာဖြစ်၏။
ဧရာမဂိုဏ်းအကြီးအကဲကတော့ အဆင့် ၇ လောက်ဖြစ်ဖို့များ၏။
ရွမ်ကျားရယ်လိုက်၏။
"ကိုယ်လုပ်တော်ယွမ်ရှက အဲ့အကြောင်းမတွေးမိဖူးလို့ မင်ထင်လား...."
"အဲ့ဒီဧရာမဂိုဏ်းအကြီးအကဲသာ ချီစွမ်းရည်ကျင့်ကြံသူဆိုရင် သူ့ရဲ့အမျိုးမျိုးသော မှော်လက်နက်တွေ၊ ကျင့်ကြံရေးတွေကြောင့် ငါတို့ သေချာပေါက် သေမှာပဲ...."
"ဒါပေမယ့် ဧရာမဂိုဏ်းက ခန္ဓာသန့်စင်ဂိုဏ်းတစ်ခုလေ..."
"သူတို့ဂုဏ်ယူရတဲ့ ရုပ်ခန္ဓာက ငါတို့သားရဲဘုရင်တွေကိုခြိမ်းခြောက်နိုင်မှာမဟုတ်ဘူး..."
တောင်နက် နောက်ဆုံးမှာ နားလည်သွားခဲ့သည်။
ထိုအချက်ကြောင့်ပဲ ဤခရီးရှိသားရဲဘုရင်တွေက ခုခံရေးအသားပေးတွေဖြစ်နေကြတာဖြစ်သည်။
ရွမ်ကျားက အမြုတေဖွဲ့စည်းခြင်းအဆင့် ၆ သာရှိသော်လည်း အဆင့် ၇ ဧရာမဂိုဏ်းအကြီးအကဲတောင် ဘာမှလုပ်နိုင်မည်မဟုတ်ပေ။
ဤခရီးက အောင်မြင်ဖို့သေချာ၏။
တစ်ချိန်တည်းမှာပဲ....
နွားလေးတစ်ကောင်က နှင်းပြင်ပေါ်မှာ ပျော်ရွင်စွာ ခုန်ပေါက်နေခဲ့သည်။
ရုတ်တရက်...
အေးစက်စက်ဓားတစ်ချောင်း ထောက်ခံထားရသလို ၎င်းဝိညာဥ်တုန်ယင်သွား၏။
အချိန်မရွေးနှစ်ခြမ်းကွဲတော့မလို ခံစားနေရသည်။
ဤခံစားချက်...
ကောင်းကင်ဘုံစက်ယန္ဒယားခန်းမသခင် ကြည့်ရှုခံရသည့်အခါမှသာ ခံစားရသည့်ခံစားချက်ဖြစ်သည်။
ခေါင်းလှည့်ကြည့်လိုက်ရာ....
ကျောပေါ်ရှိဂျန်ဖန်းကိုမြင်လိုက်ပြီး မည်သည့်ကျင့်ကြံရေးနည်းစနစ်လေ့ကျင့်နေလဲ မသေချာပေ။
သူ့ပတ်လည်ရှိလေထုက ညင်သာစွာပဲပုံပျက်နေခဲ့သည်။
ကြောက်မက်ဖွယ်ဝိညာဥ်စွမ်းအားပေါက်ကွဲမှုက ရုတ်တရက် သူ၏မျက်ခုံးနှစ်ခုကြားမှ ပြေးထွက်သွားခဲ့သည်။
"ဝိညာဥ်ထိုးဖောက်ခြင်း..."
ဂျန်းဖန်း အသံခပ်နှိမ့်နှိမ့် အော်လိုက်၏။
လက်တစ်ချောင်းလောက်ရှည်သည့် ကြည်လင်သည့်အပ်တစ်ချောင်း သူ၏မျက်ခုံးနှစ်ခုကြားမှ ပြေးထွက်သွားပြီး ရေခဲတောင်တစ်ခုကို ထိမှန်သွားခဲ့သည်။
ဘန်း...
ချက်ချင်းပဲ ရေခဲတောင် အပိုင်းပိုင်းပေါက်ကွဲသွားခဲ့သည်။
ဤအရာက ဝိညာဥ်တိုက်ခိုက်မှုဖြစ်ပေမယ့် ရုပ်ဝတ္ထုကို သိသိသာသာထိခိုက်မှုဖြစ်နေဆဲဖြစ်သည်။
လူသားဝိညာဥ်တစ်ခုကိုသာထိမှန်ခဲ့လျှင် ရလဒ်က စိတ်ကူးကြည့်လို့တောင်ရမည်မဟုတ်ပေ။
ဂျန်ဖန်း အနည်းငယ်ခေါင်းညိတ်လိုက်၏။
"ရက်များစွာအပြင်းအထန်လေ့ကျင့်ပြီးတဲ့နောက်မှာ ငါ နောက်ဆုံးတော့ ဝိညာဥ်ထိုးဖောက်ခြင်းကို နားလည်သွားပြီ..."
"တစ်ခုပဲ, ဒါရဲ့တကယ့်စွမ်းအားကို မသိတာပဲ..."
"စမ်းသပ်ဖို့ နတ်ဆိုးသားရဲတစ်ကောင်လောက်တွေ့ရင် ကောင်းမယ်...."
သူစကားပြောပြီးပြီးချင်း...
ဖြူလေး တုန်လှုပ်သွားပြီး မြေပြင်ပေါ်လဲကျလုနီးပါးဖြစ်သွား၏။
ဂျန်ဖန်းလည်း ပြုတ်ကျတော့မလိုဖြစ်သွားသည်။
"ဘာဖြစ်တာလဲ..."
ဂျန်ဖန်း မျက်မှောင်ကြုတ်ပြီး မေးလိုက်သည်။
ဖြူလေးအထစ်ထစ်အငေါ့ငေါ့ ဖြေလိုက်သည်။
"ဘာ..ဘာမှမဟုတ်ပါဘူး...."
"ရှေ့မှာ ပြန်လမ်းမဲ့တောင်ကိုရောက်ပြီလို့...."
ဂျန်ဖန်း မော့ကြည့်လိုက်သည်။
တကယ်ပင်, သူက ထိပ်ပိုင်းပြားနေသည့် နှင်းတောင်တစ်ခုကို မြင်လိုက်၏။
ဤအရာက ဧရာမဂိုဏ်း၏မူလနေရာဖြစ်သည့် ပြန်လမ်းမဲ့တောင်ပင်။
ဂျန်ဖန်း မျက်မှောင်ကြုတ်သွား၏။
"တောင်ထိပ်ကပြားနေတာပဲ။ ဘာကျန်နိုင်တော့လို့လဲ..."
"မင်းဒီမှာနေခဲ့ပြီး ပုန်းနေလိုက်။ ငါနဲ့လိုက်ပြီး စွန့်စားဖို့မလိုဘူး...."
ဖြူလေးကိုညွှန်ကြားပြီးနောက် လှုပ်ရှားမှုနည်းလမ်းဖြင့် ရေကူးနေသည့်နဂါးတစ်ကောင်ကဲ့သို့ နှင်းပြင်ထဲကို အသာအယာဖြတ်ပြေးသွားတော့သည်။
နှင်းပြင်ပေါ်၌ မည်သည့်ခြေရာလက်ရာမှ ချန်မထားခဲ့ပေ။
ပြန်လမ်းမဲ့တောင်ခြေရောက်သည့်အခါ...
"ရောက်လာတာ ဘယ်သူလဲ...."
တောင်ခြေရောက်သည်နှင့် ဧရာမဂိုဏ်းသိုင်းပညာရှင်များစွာ ဘေးဘက်တွေမှ ခုန်ထွက်လာခဲ့သည်။
သူတို့က ဂျန်ဖန်းကို ရန်မူစွာပဲ ဝန်းရံထားလိုက်သည်။
ဂျန်ဖန်း တည်ငြိမ်စွာပြောလိုက်၏။
"ငါက တိမ်စိမ်းဂိုဏ်းတပည့် ဂျန်ဖန်းပဲ။ ဒီနေရာကို တရားဝင်ခွင့်ပြုမှုနဲ့ရောက်လာတာ..."
သူ ပြောပြီးပြီးချင်း...
ဧရာမဂိုဏ်းသိုင်းပညာရှင်တွေထဲကတစ်ယောက် အံ့အားသင့်စွာပြောလိုက်သည်။
"ဂျန်ဖန်း? မင်းက တိမ်စိမ်းဂိုဏ်းတပည့် ဂျန်ဖန်းလား..."
ဂျန်ဖန်း အသံလာရာဆီသို့ ကြည့်လိုက်သည်။
သူ့ကိုအံံ့အားသင့်စွာပဲ စွန်းချောင်ဇောင်မှလွဲ၍ အခြားမဟုတ်ပေ။
ရမ္မက်ဂိုဏ်းခရီးစဥ်၌ ဂျန်ဖန်း သူ့လက်မောင်းကို ချိုးပစ်ခဲ့ဖူး၏။
ယခုတစ်လကြာသွားပြီဖြစ်ရာ အပြည့်အဝပြန်ကောင်းနေပြီဖြစ်သည်။
သို့ပေမယ့်....
ထိုစဥ်က ဂျန်ဖန်းမျက်နှာဖုံးတပ်ထား၍ စွန်းချောင်ဇောင် သူ့ကို မမှတ်မိပေ။
"ချောင်ဇောင်, မင်း သူ့ကိုသိတာလား...."
သိုင်းပညာရှင်တစ်ယောက် အနည်းငယ်အံံ့အားသင့်စွာဖြင့် မေးလိုက်သည်။
စွန်းချောင်ဇောင် မုန်းတီးစွာဖြင့် ပြောလိုက်သည်။
"ဒါပေါ့, သိတာပေါ့..."
"ငါ့ဆရာ သူ့ကြောင့် ဒုက္ခိတဖြစ်ခဲ့တာလေ..."
"တိမ်စိမ်းဂိုဏ်းမထွက်ခင် ငါ့ဆရာ ငါ့ကိုပြောခဲ့တယ်။ ဂျန်ဖန်းဆိုတဲ့တပည့်ငယ်လေးက သူ့အစီအစဥ်ကို နှောက်ယှက်ခဲ့တယ်တဲ့...."
"ပြီးတော့ တိမ်စိမ်းဂိုဏ်း ဂိုဏ်းချုပ်ကို ငါ့ဆရာကျင့်ကြံရေးဖျက်ဆီးခိုင်းတာလည်း သူပဲ...."
"နောက်တော့ ငါ့ဆရာကျင့်ကြံရေးဖျက်ဆီးခံလိုက်ရတော့ အသတ်ခံလိုက်ရတယ်လေ..."
"သူ့သေဆုံးမှုက ဒီကောင့်ကြောင့်လို့ ပြောလို့ရတယ်..."
ဘာ?....
အခြားဧရာမဂိုဏ်းသိုင်းပညာရှင်တွေ ချက်ချင်း ဒေါသထွက်သွား၏။
သူတို့အားလုံး ဂျန်ဖန်းနားချည်းကပ်လာခဲ့သည်။
စွန်းချောင်ဇောင် ဒေါသတကြီးပြောလိုက်သည်။
"မင်းကြောင့် ငါ့ဆရာသေခဲ့ရတာ..."
"ဒါကို မင်းက ဧရာမဂိုဏ်းမြင့်မြတ်နယ်မြေကို လာရဲသေးတာလား...."
"မယုံနိုင်စရာပဲ..."
"ဒီနေ့ မင်း ဒီနေရာက မထိခိုက်ပဲထွက်သွားလို့ရမယ်မထင်နဲ့...."
ဂျန်ဖန်း တည်ငြိမ်စွာပဲ ကြေးတံဆိပ်တစ်ခုထုတ်ကာ သူတို့ရှေ့ဝှေ့ယမ်းပြလိုက်သည်။
"သေချာကြည့်ပါအုန်း..."
"မင်းတို့ဂိုဏ်းသခင် ငါ့ကိုလွတ်လိုက်တာ...."
ကြေးတံဆိပ်ပေါ်လာသည်နှင့် ဝိုင်းထားသည့်သိုင်းပညာရှင်တွေ၏မျက်နှာတွေ ပြောင်းလဲသွားကြသည်။
"ဂိုဏ်းသခင်တံဆိပ်..."
"မဖြစ်နိုင်တာ။ ဒီတံဆိပ်က အကျိုးဆောင်မှုလုပ်ထားတဲ့တပည့်တွေကိုပဲ ချီးမြှင့်တာ..."
"ဂိုဏ်းသခင်က ဘယ်လိုလုပ်အပြင်လူတစ်ယောက်ကို ပေးလိုက်ရတာလဲ...."
စွန်းချောင်ဇောင် ယုံကြည်ဖို့ ခက်ခဲနေခဲ့သည်။
ဂိုဏ်းချုပ်က ဘာလို့ ရန်သူတစ်ယောက်ကို ဂိုဏ်းမြင့်မြတ်နယ်မြေထဲ ဝင်ခွင့်ပြုလိုက်တာလဲ...
"မင်း ဒီတံဆိပ် ဘယ်လိုရခဲ့တာလဲ...."
ဂျန်ဖန်း နာကျင်စွာဖြင့် ပြောလိုက်သည်။
"မင်းပြောပုံအရ မင်းတို့ဂိုဏ်းချုပ်က ငါခိုးတာခံရလောက်အောင်ကို အသုံးမကျဘူးပေါ့...."
"ဒါမှမဟုတ် ဂိုဏ်းချုပ်ကုန်က အသုံးမကျတဲ့စောက်ရူးကြီးမိုလို့ ဒီလိုအရေးကြီးတဲ့တံဆိပ်ကိုပျောက်သွားတယ်ပေါ့..."
စွန်းချောင်ဇောင် ထိတ်လန့်သွားပြီး အလျှင်အမြန်ပဲ ချေပလိုက်သည်။
"ငါ့အဲ့လိုရည်ရွယ်တာမဟုတ်ဘူး။ အဓိပ္ပာယ်မရှိတာတွေ မပြောနဲ့...."
ဂျန်ဖန်း ကြေးတံဆိပ်ကိုနောက်တစ်ကြိမ်ဝှေ့ယမ်းပြပြီး အေးစက်စွာပြောလိုက်သည်။
"ဒါဆို ဘာပေါက်ကရတွေပြောနေတာလဲ..."
"ငါ့ကိုလမ်းပြ..."
စွန်းချောင်ဇောင် လက်သီးကျစ်ကျစ်ပါအောင် ဆုပ်လိုက်သည်။
သူက နေရာမှာ မလှုပ်မယက်ရပ်နေခဲ့သည်။
ကြေးတံဆိပ်ကိုမေးခွန်းမထုတ်ရဲသော်လည်း ဂျန်ဖန်း အထဲဝင်မှာကို ဆန္ဒမရှိပေ။
"ဘေးဖယ်ပေးလိုက်..."
ထိုအခိုက်အတန့်၌...
ရှေးကျပြီးအစွမ်းထက်သည့်အသံတစ်ခု တောင်ထိပ်မှထွက်ပေါ်လာခဲ့သည်။
စွန်းချောင်ဇောင်နှင့် အခြားလူတွေ ချက်ချင်းလေးနက်သွားပြီး တောင်ထိပ်ကို အရိုအသေပေးလိုက်သည်။
"အကြီးအကဲဖန်း..."
ဂျန်ဖန်း မော့ကြည့်လိုက်သည်။
သူက ပြားနေသည့်တောင်ထိပ်၌ရပ်နေသည့် တောင့်တင်းသည့်ပုံရိပ်တစ်ခုကို မြင်လိုက်၏။
"သူက ဂိုဏ်းချုပ်တံဆိပ်ပြားကိုင်ဆောင်ထားမှတော့ ဝင်လာခွင့်ပြုလိုက်ပါ..."
"ဒါပေမယ့် မင်း တစ်ရက်ပဲနေလို့ရမယ်..."
ဂျန်ဖန်း မျက်လုံးတွေ အနည်းငယ်ရွေ့သွား၏။
သူ့မှတ်ဉာဏ်အရ ဧရာမဂိုဏ်းဒုတိယအကြီးအကဲနာမည်က ဖန်းရှင်းကုန်ပင်။
သူက ကျော်ကြားသည့် အမြုတေဖွဲ့စည်းခြင်းအဆင့် ၇ ခန္ဓာသန့်စင်သူဖြစ်၏။
ခွန်အားက ယခင်မဟာအကြီးအကဲတိုင်ပုပိုင်ပြီးလျှင် ဒုတိယဖြစ်သည်။
မမျှော်လင့်စွာပဲ ဧရာမဂိုဏ်းက မြင့်မြတ်နယ်မြေကို ဤလောက်ထိ တန်ဖိုးထားနေခဲ့သည်။
သူတို့တန်ဖိုးထားလေလေ ဤနေရာ၏အရေးပါမှုကို ညွှန်ပြနေလေလေ ဖြစ်သည်။
သူက ချက်ချင်းပဲ လက်ချင်းယှက်ပြီး ပြောလိုက်သည်။
"နာလည်ပါပြီ, အကြီးအကဲ..."
ထို့နောက် ပြန်လမ်းမဲ့တောင်ထိပ်ပေါ်တက်လိုက်၏။
သူက ပေါက်တူးတွေဖြင့်တူးနေသည့် ဧရာမဂိုဏ်းတပည့်အုပ်စုတစ်ခုကို တွေ့လိုက်သည်။
ဘာမှမရှိတာသေချာအောင်စစ်ဆေးပြီးမှ တူးပြီးသားမြေကြီးတွေကိုတောင်အောက်ပစ်ချနေကြသည်။
ယခင်ဂူအိမ်တော်ဆိုတာ မရှိတော့ပဲ မြေနီကျင်းကြီးတစ်ခုသာကျန်တော့၏။
နားမလည်သည့်မည်သူမဆို ဤအရာကို မိုင်းတွင်းတစ်ခုလို့ထင်ကြမည်ဖြစ်သည်။
ဤနေရာ၌ ဂူနှင့်တူသည့်လက္ခဏာမရှိပေ။
"ယူလိုက်..."
စွန်းချောင်ဇောင် လှောင်ပြောင်သည့်အမူအရာဖြင့် ဂျန်ဖန်းဆီ ပေါက်တူးတစ်ခုပစ်ပေးလိုက်သည်။
"ဂူထဲကရတနာအများစုက မြေကြီးအောက်မှာမြှပ်နှံနေတာ..."
"မင်း တန်ဖိုးရှိတာတစ်ခုခုတွေ့ချင်ရင် နည်းနည်းအားစိုက်ဖို့လိုလိမ့်မယ်...."
ပထမ၌ စွန်းချောင်ဇောင် ဒေါသထွက်နေခဲ့သည်။
သို့ပေမယ့် ခဏနေတော့ သူတွေးမိ၏။
သံမဏိသွေးစစ်မှန်ကျမ်းလို ရတနာတောင် ဆယ်စုနှစ်တစ်ခုကြာမှ ရှာတွေ့ခဲ့တာဖြစ်သည်။
တစ်ရက်တည်းနှင့် ဂျန်ဖန်းက ဘာတွေ့နိုင်မည်နည်း။
ဂျန်ဖန်း သူ့ကိုလျှစ်လျူရှူထားလိုက်သည်။
သူက အင်္ကျီလက်ထဲမှာအိပ်နေသည့် ချီလင်းလေးကို ပုတ်လိုက်သည်။
ထိုအခါ ချီလင်းလေး တင်ပါးကိုလူးလွန့်ပြီး ငြီးတွားလိုက်သည်။
"ငါအိပ်ချင်သေးတယ်... မနှောက်ယှက်နဲ့..."
ဂျန်ဖန်း ပြန်လည်ရှင်သန်ခြင်းဆေးတစ်လုံးထုတ်ကာ သူ့ကို ကြွေးလိုက်သည်။
ချီလင်းလေး အိပ်မှုန်စဝါးမျက်လုံးဖွင့်လာပြီး ဆေးလုံးကို ဖြည်းညင်းစွာ ကိုက်စားလိုက်သည်။
သို့ပေမယ့် ယခင်ကကဲ့သို့ စိတ်အားထက်သန်မှုမျိုး မရှိတော့ပေ။
ထိုအစား မျက်လုံးပြန်မှိတ်ပြီး တဖန်ပြန်အိပ်ဖို့ပြင်လိုက်၏။
ဂျန်ဖန်း မျက်မှောင်ကြုတ်သွားသည်။
ချီလင်းလေးက ပိုပိုအိပ်လာခဲ့သည်။
သူ၏အနှစ်သက်ဆုံးစိတ်ဝိညာဥ်ဆေးလုံးတောင် နောက်ထပ် မဆွဲဆောင်နိုင်တော့ပေ။
ဘာမှားနေသနည်း။
ဤနေရာကထွက်ခွာမှ သေချာစစ်ဆေးကြည့်ဖို့ ဆုံးဖြတ်လိုက်သည်။
"ခုမအိပ်သေးနဲ့အုန်း, ဒီမှာ ရတနာတစ်ခုခုများရှိလား ကြည့်ပေးအုန်း..."
ပျက်စီးနေသည့်နယ်မြေကိုကြည့်ပြီး သူက အများကြီးမျှော်လင့်မထားပေ။