← Chapters

သားရဲဘုရင်လှိုင်းတိုက်ခိုက်ခြင်း

Vol. 35 Ch. 444

သားရဲဘုရင်လှိုင်းတိုက်ခိုက်ခြင်း

Vol. 35 Ch. 444

ဂျန်ဖန်း အံ့အားသင့်သွားပြီး သူ့ဦးနှောက် အလျှင်အမြန် အလုပ်လုပ်နေခဲ့သည်။

"သံမဏိသွေးစစ်မှန်ကျမ်းက ဒီကလာတာ..."

"ဒီကြေးခွံနဲ့ သံမဏိသွေးစစ်မှန်ကျမ်းကြားမှာ ဆက်သွယ်မှုတစ်ခုခုရှိတာလား..."

သူ နားလည်လိုက်၏။

ဤအကြေးခွံက အပေါ်ယံမှာမြင်ရသလောက် မရိုးစင်းပေ။

"အဲ့တာဘာလဲ? ငါ့ကိုတစ်ချက်ပြကြည့်စမ်း..."

ဖန်းရှင်းကုန်းအိုမင်းသည့်မျက်လုံးတွေ ကြေးခွံကိုစိုက်ကြည့်ပြီး ပူလောင်လာ၏။

ဂျန်ဖန်း ကြေးခွံကို တင်းကြပ်စွာဆုပ်ကိုင်ထားပြီး ပြန်ကြည့်လိုက်၏။

"ငါ ကြည့်ချင်ရုံပါ။ ဂျူနီယာတစ်ယောက်ဆီကတစ်စုံတစ်ခုကို လုမယ်လို့ မင်ထင်နေတာလား...."

ဖန်းရှင်ကုန်း အပြင်းအထန်နှာမှုတ်ပြီး မျက်နှာ၌ ငြင်းမရသည့်အမူအရာတစ်ခုပြသလိုက်၏။

ကြည့်ရုံပဲ?....

တန်ဖိုးမရှိလျှင်တော့ ကိစ္စမရှိပေ။

တန်ဖိုးသာရှိလျှင် ဖန်းရှင်ကုန်းလက်ထဲ တစ်ခါရောက်သွားလျင် ဘယ်လိုလုပ် ဂျန်ဖန်းကို ပြန်ပေးမည်နည်း။

ဂျန်ဖန်းမျက်လုံးတွေ လှုပ်ရှားသွားပြီး တွေးဆသည့်အမူအရာ ပြသလာ၏။

ဖန်းရှင်ကုန်း စိတ်မရှည်တော့ပဲ မျက်လုံးမှေးကျဥ်းလိုက်၏။

"မြင့်မြတ်နယ်မြေမှာ တစ်ခုခုတွေ့လို့...."

"ငါ့စစ်ဆေးမှုမရှိရင်, ကျောက်တုံးတစ်တုံးတောင် မင်းယူသွားလို့ရမှာမဟုတ်ဘူး...."

မျှော်လင့်ထားသည့်အတိုင်း ဧရာမဂိုဏ်း၌ လုံးဝ ကတိကဝတ်မရှိကြပေ။

ကြေးတံဆိပ်နှင့် ဂျန်ဖန်းတူးရသည့် မည်သည့်အရာမဆို သူပိုင်ဆိုင်သင့်၏။

သို့ပေမယ့် ယခုတော့ ပေါ်တင်ခြိမ်းခြာက်နေခဲ့သည်။

အပြင်လူတွေ၌ အဖိုးတန်ရတာတွေယူသွားဖို့ အခွင့်အရေးမရှိပေ။

ထိုအရာပြောပြီးနောက် ဖန်းရှင်ကုန်းမျက်လုံးတွေ ရက်စက်သည့်အရိပ်အယောင်တွေ ပြသလာ၏။

ဤအခိုက်အတန့်၌ ဂျန်ဖန်း အနည်းငယ်ပြုံးပြီး သာမန်အတိုင်း ကြေးခွံကို ပစ်ပေးလိုက်သည်။

"ကြေးခွံလေးတစ်ခုပါပဲ..."

"မင်းတို့ဂိုဏ်းလိုချင်တယ်ဆိုရင် ယူလိုက်လေ...."

"ငါတော့မလိုချင်ဘူး...."

ဖန်းရှင်ကုန်း ကြေးခွံကိုဆုပ်ကိုင်ပြီး သူ့မျက်နှာ အနည်းငယ်ပြေလျော့သွား၏။

ချက်ချင်းပဲ အနီးကပ်စစ်ဆေးလိုက်သည်။

မာကျောပြီး အနည်းငယ်အဆိပ်ရှိတာမှလွဲ၍ မည်သည့်ထူးခြားမှုမှမရှိပေ။

ကျင့်ကြံရေးနည်းလမ်းတွေရေးထွင်းမထားသလို မည်သည့်ဖုံးကွယ်ထားသည့်ကနှုတ်တွေမှလည်းမရှိပေ။

သာမန်ကြေးခွံတစ်ခုသာဖြစ်သည်။

သူက မနေနိုင်ပဲ အံ့အားသင့်သွား၏။

"သာမန်ပစ္စည်းဆို ဘာလို့ အနက်ရောင်သေတ္တာထဲမှာသိမ်းထားတာလဲ...."

"ပြီးတော့ မြေအောက်အနက်ကြီးမှာတောင် မြှပ်ထားလိုက်သေးတယ်...."

"သံမဏိသွေးစစ်မှန်ကျမ်းတောင် ဒီလောက်အနက်မှာ မြှပ်မထားဘူး...."

ဆန္ဒမရှိစွာဖြင့် သူက အမျိုးမျိုးသောလျို့ဝှက်နည်းစနစ်တွေဖြင့် စမ်းကြည့်လိုက်၏။

မီးရှို့ခြင်း၊ ရေစိမ်ခြင်း၊ စိတ်ဝိညာဥ်အရည်သုံးခြင်း၊ နှစ်မွာကျင့်ကြံသည့်တပည့်တစ်ယောက်ခေါ်ပြီး စိတ်ဝိညာဥ်စွမ်းအင် ထည့်သွင်းကြည့်ခဲ့၏။

တစ်ခုမှ အလုပ်မဖြစ်ပေ။

ကြေးခွံက မည်သည့်ပြောင်းလဲမှုမှ မပြပေ။

"တကယ် သာမန်ကြေးခွံတစ်ခုပဲ...."

ဖန်းရှင်ကုန်း အတည်ပြုပြီး သက်ပြင်းရှည်ကြီးချလိုက်သည်။

ဂျန်ဖန်း ရယ်လိုက်၏။

"ဒါက သာမန်ကြေးခွံဆိုမှတော့ မင်းတို့ဂိုဏ်း ကောင်းကောင်းသိမ်းထားသင့်တယ်...."

"ငါ အခြားတပည့်တွေကို ဧရာမဂိုဏ်းကတိက မယုံရဘူးလို့ အကြံပေးလိုက်မယ်..."

"ဂိုဏ်းချုပ်ကတိတောင် ဘာမှသုံးစားလို့မရဘူးလို့...."

"မဟုတ်ရင် သူတို့ငါလို့ အဆုံးသတ်ပြီး အလဟသ အချိန်ဖြုန်းမိလိမ့်မယ်..."

ဤသို့ပြောပြီး အင်္ကျီလက်ကိုခါယမ်းပြီး ကျွင်းထဲမှ ခုန်တက်သွား၏။

ဖန်းရှင်ကုန်းမျက်နှာ ပြာတလှည့်နီတလှည့်ဖြစ်သွား၏။

သို့ပေမယ့် ဧရာမဂိုဏ်းချုပ်၏ဂုဏ်သတင်းကို ဘာမဟုတ်သည့်ကြေးခွံတစ်ခုနှင့်လှဲဖို့က မတန်ပေ။

သူက နောက်မှခုန်တက်လိုက်လာ၏။

"မင်း ဘာတွေပြောနေတာလဲ...."

"ငါက စစ်ဆေးကြည့်ရုံပဲ။ ဘယ်တုန်းက ယူမယ်ပြောလိုလဲ..."

"ပြန်ယူလိုက်..."

သူ့လက်ချောင်းလှုပ်ရှားပြီး ကြေးခွံကို ပြန်ပစ်ပေးလိုက်သည်။

ဂျန်ဖန်း တစ်ခဏတွေးပြီး ဖမ်းယူဖို့ တွန့်ဆုတ်ချင်ဟန်ဆောင်လိုက်၏။

သို့ပေမယ့် စိတ်ထဲမှာတော့ တိတ်တဆိတ် ကျေးဇူးတင်နေခဲ့သည်။

ဤကဲ့သို့ မကောင်းဆိုးဝါးအိုကြီးနှင့်ရင်ဆိုင်ရာ၌ စိတ်ပိုင်းဆိုင်ရာဂိမ်းတစ်ခုကစားရမည်ဖြစ်သည်။

ဂျန်ဖန်း ဂရုစိုက်ပြလေလေ တစ်ဖက်လူက ကြေးခွံ၌လျို့ဝှက်ချက်ရှိသည်ဟုယုံကြည်လေလေဖြစ်ပြီး အလွယ်တကူပြန်ပေးမည်မဟုတ်ပေ။

ဂရုမစိုက်ချင်ယောင်ဆောင်ပြမှ တစ်ဖက်လူက သတိထားနေမှုကို လျော့ချလိုက်မှာဖြစ်သည်။

သူဖမ်းယူလိုက်သည်နှင့် သံမဏိသွေးစစ်မှန်ကျမ်းက နောက်တစ်ကြိမ်အသက်ဝင်လာပြီး ဆင်နဂါးတိုက်ပွဲခန္ဓာကို အသက်သွင်းလိုက်၏။

ကျယ်လောင်သည့်ဟိန်းသံတစ်ခု သူ့ခန္ဓာကိုယ်အတွင်းမှ ထွက်ပေါ်လာခဲ့သည်။

ခဏကြာပြီးနောက်...

ကြေးခွံ သူ့ဘာသာ လှုပ်ရှားလာခဲ့သည်။

၎င်းက သံလိုက်အိမ်မြောင်တစ်ခုကဲ့သို့ သူ့လက်ဝါးထဲမှာ လည်ပတ်လာ၏။

နောက်ဆုံး၌ စွန့်ပစ်ပစ္စည်းတွေစုပုံနေသည့် ချောက်ကမ်းပါးကို ညွှန်ပြလိုက်သည်။

ဂျန်ဖန်း နှလုံးသား သိမ့်ခနဲလှုပ်ရှားသွား၏။

"ချောက်ကမ်းပါးထဲမှာ ရတနာတစ်ခု ရှိနေတာလား..."

ဤကြေးခွံက မြေအောက်အနက်မှာမြုပ်ထားရုံသာမက အသက်သွင်းဖို့ သံမဏိသွေးစစ်မှန်ကျမ်းကိုလိုအပ်၏။

ထို့ပြင် ၎င်း၏ရည်ရွယ်ချက်မှာ ညွှန်ပြဖို့ပင်ဖြစ်သည်။

အခြေအနေတွေက အလွန်တိကျစွာ ပုံစံဆွဲထားခဲ့သည်။

ထို့ကြောင့် ညွှန်ပြသည့်ရတနာက ဘယ်လောက်ထူးခြားလဲ စိတ်ကူးကြည့်လို့ရတာပဲဖြစ်သည်။

ပြဿနာက...

သူ ကြေးခွံရှာတွေ့ရုံလေးနဲ့ ဖန်းရှင်ကုန်း အင်အားသုံးစစ်ဆေးခဲ့သည်။

သူသာ ထိုရတနာကိုတူးလိုက်လျှင် ဘယ်လိုလုပ် သူ့လက်ထဲမှာ အဆုံးသတ်နိုင်မည်နည်း။

ထို့ပြင်...

ဂျန်ဖန်းက အလွန်နက်သည့်နေရာကရတနာကိုတောင် အတိအကျဖော်ထုတ်နိုင်၏။

အရူးတောင် သူ့မှာ ရတနာရှာစွမ်းရည်တစ်ခုရှိမည်ကို ခန့်မှန်းမိမည်ဖြစ်သည်။

ခဏနေတော့...

သူ့လုပ်ဆောင်ချက်တွေကို အနီးကပ်စောင့်ကြည့်ခံနေရ၏။

သူစတူးသည့်အချိန်တိုင်း ဖန်းရှင်ကုန်း လူတွေလွတ်ပြီး စောင့်ကြည့်ခိုင်းထား၏။

ဂျန်ဖန်း မျက်လုံးတွေ အနည်းငယ်အရောင်လက်သွားပြီး ကြေးခွံကို တိတ်တဆိတ် သိမ်းလိုက်သည်။

ထို့နောက် သာမန်အတိုင်းနေရာတစ်ခုရှာကာ စတူးတော့၏။

ဖန်းရှင်းကုန်း မျက်လုံးတွေကျဥ်းမြောင်းသွားပြီး ချက်ချင်းပဲ ဖြတ်သွားဖြတ်လာ ဧရာမဂိုဏ်းတပည့်နှစ်ယောက်ကို ခေါ်လိုက်သည်။

"မင်းတို့နှစ်ယောက်, သူ့ကိုကူတူးလိုက်...."

"ဧည့်သည်ကို ပင်ပန်းအောင်မလုပ်ခိုင်းနဲ့...."

တပည့်နှစ်ယောက် ချက်ချင်းပဲ အလုပ်တွေထားခဲ့ကာ ဂျန်ဖန်းဘေး၌ စတူးတော့သည်။

သေချာပေါက်ပင်။

ဂျန်ဖန်း စောင့်ကြည့်ခံနေရပြီဖြစ်သည်။

သုံးပေလောက်တူးပြီးနောက် ဂျန်ဖန်းလက်လျော့ကာ တူးဖို့ နောက်တစ်နေရာရှာလိုက်၏။

ဖန်းရှင်ကုန်း ပိုများသည့်တပည့်တွေခေါ်ပြီး အနီးနားတူးခိုင်းပြန်၏။

ဤသို့ဖြင့်....

ဤအရာက နေ့တစ်ဝက်ကြာသွားခဲ့သည်။

ဂျန်ဖန်း မည်သည့်နေရာပဲပြောင်းပါစေ ဖန်းရှင်ကုန်း ဆင်ခြေတစ်ခုရှာပြီး တပည့်တွေအား ကူတူးခိုင်း၏။

ဤနည်းဖြင့် တစ်ခုခုသာတူးမိလျှင်...

ဧရာမဂိုဏ်းတပည့်တွေတူးမိတာဟု ဖန်းရှင်ကုန်း ပြောနိုင်တာပဲဖြစ်သည်။

"ပြဿနာပဲ..."

ဂျန်ဖန်း စိတ်ထဲမှာ တွေးလိုက်သည်။

ဤနေ့ ကြေးခွံညွှန်ပြသည့်နေရာကိုတူးဖို့က မဖြစ်နိုင်ပေ။

မဟုတ်လျှင် ဖန်းရှင်ကုန်းကို အကျိုးအမြတ်ပေးလိုက်သလို ဖြစ်နေမည်ဖြစ်သည်။

နောက်မှ အခွင့်အရေးတစ်ခုရှာပြီး ဤနေရာကို ခိုးဝင်ရမည်ဖြစ်သည်။

ရုတ်တရက်....

ဂျန်ဖန်း ရုတ်တရက် ကျောရှိဓားရိုးပေါ်လက်တင်ကာ မျက်လုံးတွေကျဥ်းမြောင်းသွားပြီး အောက်ရှိမြေကြီးကို စိုက်ကြည့်လိုက်၏။

မမျှော်လင့်စွာပဲ မြေကြီးပေါ်ရှိ ကျောက်စရစ်ခဲတွေ တုန်ခါလာခဲ့သည်။

ဤသို့ဖြင့် ခဏကြာတော့ တောင်ထိပ်တစ်ခုလုံး တုန်ခါလာခဲ့သည်။

ဖန်းရှင်ကုန်းမျက်လုံးတွေ တောက်ပသွားပြီး ကောင်းကင်ကို ကြည့်လိုက်သည်။

လှုပ်ရှားနေသည့်တောင်ကုန်းတန်းတစ်ခု နှင်းတွေကိုထိုးခွဲကာ ပြန်လမ်းမဲ့တောင်သို့ အပြေးလာနေခဲ့သည်။

ဖန်းရှင်ကုန်းမျက်နှာ အရောင်ပြောင်သွားပြီး အော်ပြောလိုက်၏။

"တပည့်တွေနဲ့ ကြီးကြပ်ရေးမှူးတွေအားလုံး တောင်ထိပ်ကို စုဝေးကြ...."

"နတ်ဆိုးသားရဲတွေ တိုက်ခိုက်လာပြီ..."

သူ့အမူအရာ လေးနက်သွား၏။

ဤနေရာက ရှေ့တန်းသာရဲလှိုင်းနှင့်မဝေးရာ ရံဖန်ရံခါ နတ်ဆိုးသားရဲတွေ ရောက်လာတတ်၏။

အားနည်းသည့်အကောင်တွေကို သူကအလွယ်တကူပဲ သတ်ဖြတ်ပစ်ခဲ့သည်။

ပိုသန်မာသည့်အကောင်တွေကတော့ သူ့လှုပ်ရှားသည်နှင့် ချက်ချင်း ထွက်ပြေးသွားကြသည်။

သို့ပေမယ့် ယခုတော့ အကောင်ရေတစ်ဒါဇင်ကျော်လောက်ရှိပြီး တစ်ကောင်ချင်းဆီက အမြုတေဖွဲ့စည်းခြင်းအဆင့် ၄ ထက် အားကောင်းကြ၏။

အသန်မာဆုံးဆို သူ့လောက်နီးပါးကို သန်မာ၏။

ဖန်ရှင်ကုန်းကို တုန်လှုပ်သွားစေဆုံးက...

သူတို့က ပြန်လမ်းမဲ့တောင်ကို တည့်တည့်မတ်မတ် လာနေကြတာဖြစ်သည်။

ရှဲ...

ဧရာမဂိုဏ်းတပည့်တွေလည်း ပုံမှန်မဟုတ်မှုကို ခံစားမိပြီး မလွယ်ကူစွာဖြင့် ဖန်းရှင်ကုန်းနားစုဝေးလာကြသည်။

သူတို့က သားရဲဘုရင်အုပ်ကြီးကိုကြည့်ပြီး နှလုံးတွေ ခုန်ပေါက်နေခဲ့သည်။

ဂျန်ဖန်း မျက်နှာလည်း အနည်းငယ်ပြောင်းလဲသွား၏။

သူက ချက်ချင်းပဲပြန်ဆုတ်ပြီး ပြဿနာနှင့်ဝေးဝေးနေဖို့ ရည်ရွယ်လိုက်၏။

"သခင်လေးဂျန်, မင်းဒီရောက်နေမှတော့ ကျေးဇူးပြုပြီး ငါတို့ဧရာမဂိုဏ်းကို လက်တစ်ဖက်ငှားပါ..."

ဖန်းရှင်ကုန်း ဂျန်ဖန်းလှုပ်ရှားမှုကိုသတိထားမိပြီး ပါးစပ်တွန့်လိမ်သွား၏။

ဤကြွက်စုတ်လေးက တကယ်ကို အပြေးမြန်လှ၏။

သူက ချက်ချင်းပဲ အော်ခေါ်လိုက်သည်။

ဂျန်ဖန်း တွေဝေမနေပဲ ပြန်ပြောလိုက်သည်။

"ဒီဂျူနီယာက အားနည်းပါတယ်, ဒီမှာနေတာက အကြီးအကဲဖန်ကို ပြဿနာပဲ များစေလိမ့်မယ်...."

"ကျွန်တော်ဝေးဝေးရှောင်နေလိုက်ပါ့မယ်။ ဒါဆို အကြီးအကဲဖန်းလည်း နောက်ဆံမတင်းပဲ တိုက်ခိုက်နိုင်တာပေါ့...."

သူ့ကို ဧရာမဂိုဏ်းအတွက် သားရဲဘုရင်လှိုင်းကို တိုက်ခိုက်စေချင်သည်လား။

ဘယ်လိုတောင် ရဲတင်းလိုက်သနည်း။

All Chapters