← Chapters

ငါးရောင်ခြယ်အစီအရင်အလံ

Vol. 35 Ch. 445

ငါးရောင်ခြယ်အစီအရင်အလံ

Vol. 35 Ch. 445

ဖန်းရှင်ကုန်း စိတ်ထဲမှ ကျိန်ဆဲလိုက်၏။

'မင်းခွန်အားက မသိသာဘူး...'

သာမန်ထိုးလိုက်ရုံနဲ့ ဓားကို မြေကြီးထဲ ၅ ပေ ရောက်သွားတာလေ...

ရှိနေတဲ့လူတွေထဲမှာ အမြုတေဖွဲ့စည်းခြင်းအဆင့် ၄ လူနည်းစုပဲ လုပ်နိုင်မှာ....

သူက ဒေါသကိုမျိုချပြီး ပြောလိုက်သည်။

"သခင်လေးဂျန်, ဒီအကြီးအကဲက မင်းကို အလကားမကူညီခိုင်းပါဘူး...."

"မင်းသာ သားရဲဘုရင်တစ်ကောင် အောင်မြင်စွာသတ်နိုင်ရင် ဒီအကြီးအကဲက အစီအရင်အလံလက်ဆောင်ပေးမယ်..."

ပြောပြီးနောက် အင်္ကျီလက်ထဲမှ လက်ချောင်းအရွယ်အလံတွေ ထုတ်ယူလိုက်၏။

သေးငယ်သော်လည်း ၎င်းတို့မှ နက်နဲသည့်အော်ရာတွေထုတ်လွတ်နေခဲ့သည်။

တစ်ချက်ကြည့်ရုံဖြင့် သာမန်ပစ္စည်းမဟုတ်တာ သိသာ၏။

"ဒါက ငါတို့ဧရာမဂိုဏ်းရတနာဖြစ်တဲ့ ငါးရောင်ခြယ်အစီရင်အလံပဲ...."

"စိတ်ဝိညာဥ်စွမ်းအားထိုးသွင်းရုံနှင့် အသက်သွင်းနိုင်လိမ့်မယ်...."

"အချို့အလံတွေက ပုံရိပ်ယောင်သက်ရောက်မှုရှိတယ်။ အချို့ကကြ ခုခံရေးစွမ်းအားရှိတယ်။ အချို့ကတော့ တိုက်ရိုက်တိုက်ခိုက်နိုင်တယ်...."

"မင်း တစ်ကောင်သတ်နိုင်ရင်, ငါ မင်းကို အလံတစ်ခုပေးမယ်...."

"ထူးထူးချွန်ချွန်လုပ်ဆောင်နိုင်ရင်တော့ အလံငါးခုလုံးပေးမယ်..."

"ဘယ်လိုသဘောရလဲ...."

တစ်ခဏတွေဝေနေပြီးနောက် ဂျန်ဖန်း မေးလိုက်သည်။

"ဒီအလံတွေက ဘယ်လောက်အစွမ်းထက်လဲ...."

"အားနည်းလွန်းရင် ငါ့အသက်ကိုစွန့်စားရမှာ မတန်ဘူး...."

ဖန်းရှင်ကုန်း တိတ်တဆိတ်နှာမှုတ်လိုက်သည်။

အကျိုးအမြတ်မမြင်ရင် အလုပ်မလုပ်တဲ့ကောင်....

သူက နောက်ထပ် ထပ်မပြောပေ။

သေးငယ်သည့်အနီရောင်အလံလေးတစ်ခုထုတ်ယူပြီး တောင်ခြေရှိ သားရဲဘုရင်တွေဆီပစ်လွတ်လိုက်သည်။

သေးငယ်သည့်အလံ ချက်ချင်းပဲ လေထဲမှာ ကြီးမားလာရာ တစ်ခဏအတွင်း ၁၀ ဇန်လောက်မြင့်သည့် ဧရာမအလံကြီးအဖြစ် ပြောင်းလဲသွားခဲ့သည်။

ထို့နောက် အလံမှ ရှည်လျားသည့်မီးတောက်နဂါးတစ်ကောင်ထွက်ပေါ်လာပြီး ချည်းကပ်လာသည့်နတ်ဆိုးသားရဲတွေကို လောင်ကျွမ်းပစ်လိုက်သည်။

ဇန်တစ်ရာအဝေးမှတောင် ဂျန်ဖန်း အပူလှိုင်းကိုခံစားမိ၏။

သူ့မျက်လုံးတွေ အံ့အားသင့်မှုတွေ ပြသလာခဲ့သည်။

"အမြုတေဖွဲ့စည်းခြင်းအဆင့် ၄ ရဲ့တိုက်ခိုက်မှု...."

သာမန်အဆောင်စာရွက်တွေနှင့်မတူပဲ..

အစီရင်အလံတွေက မှော်ရတနာတွေကဲ့သို့ အကြိမ်ကြိမ်အသုံးပြုလို့ရ၏။

၎င်းတို့က ရှေ့တန်းရှိနတ်ဆိုးသားရဲတွေကို သတ်ရာ၌ မယုံနိုင်လောက်အောင် အသုံးဝင်၏။

ဂျန်ဖန်း အနည်းငယ်သွေးဆောင်ခံလိုက်ရသည်။

သို့ပေမယ့် ဆင်ခြင်တုံတရားတော့ ပျောက်မသွားပေ။

ဧရာမဂိုဏ်း၏မေးခွန်းထုတ်စရာ သဘာဝကို လူတိုင်းသိ၏။

ဤကဲ့သို့ကောင်းမွန်သည့်ရတနာ... ရှေ့တန်းရှိသူတို့တပည့်တွေကိုပေးမည့်အစား သူလိုအပြင်လူတစ်ယောက်ကို လာပေးနေသည်လား?

ခြေထောက်နှင့်စဥ်းစားလျှင်တောင် ဖန်းရှင်ကုန်း သူ့ကိုအလကားခိုင်းချင်နေတာ သိ၏။

သားရဲလှိုင်းကိုနှင်ထုတ်ပြီးလျှင် ချက်ချင်း သဘောထားပြောင်းသွားမည်ဖြစ်သည်။

သို့ပေမယ့် ဂျန်ဖန်း မငြင်းပေ။

သူက စိတ်လှုပ်ရှားချင်ယောင်ပြီး ပြောလိုက်သည်။

"ကောင်းပြီလေ, အဆင်ပြေတယ်...."

ချက်ချင်းပဲ လွမ်းဆွတ်ခြင်းဆီးနှင်းဓားကိုထုတ်ပြီး တိုက်ပွဲအတွက်ပြင်ဆင်လိုက်၏။

ဖန်းရှင်ကုန်းနှုတ်ခမ်းတွေ အနည်းငယ်တွန့်ကွေးသွားပြီး စိတ်ထဲမှာ လှောင်ပြောင်လိုက်၏။

"အရူး..."

"မင်းကိုမင်းလည်း မှန်ထဲပြန်ကြည့်အုန်း။ ငါ့ဂိုဏ်းရတနာနဲ့ တန်လို့လား...."

"ဒါက ဂျင်ကျောင်းမင်အတွက်ကွ...."

သို့ပေမယ့် သူ့မျက်နှာ၌ ကျေးဇူးတင်မှုပြသလိုက်၏။

"စိတ်အေးအေးထားပါ။ မင်း ဒီအကြီးအကဲကို ယုံလို့ရပါတယ်...."

ပြောပြီးသည်နှင့်တစ်ပြိုင်နက်...

တောင်ခြေရှိသားရဲအုပ် တုံ့ပြန်လာခဲ့သည်။

ရွမ်ကျား လှောင်ပြောင်လိုက်၏။

"ဧရာမဂိုဏ်းအကြီးအကဲ, မင်းလုပ်နိုင်တာ ဒါအကုန်ပဲလား...."

၎င်းက ရုတ်တရက် ပါးစပ်ဟပြီး အသက်ပြင်းပြင်းရှူလိုက်သည်။

ထို့နောက် အားနှင့် မှုတ်ထုတ်လိုက်သည်။

ထိုအခါ မျက်စိနှင့်မြင်နိုင်သည့်လေမုန်တိုင်းတစ်ခု ဖြစ်ပေါ်လာကာ...

ဇန်တစ်ရာအတွင်းရှိ ရေခဲနှင့်နှင်းတွေကိုလှဲကျင်းသွားပြီး မီးတောက်တွေဆီပြေးဝင်သွားခဲ့သည်။

တောင်ထိပ်ရှိလူတိုင်း လေမုန်တိုင်းကြောင့် လွင့်ထွက်လုနီးပါးဖြစ်သွားသည်။

ဂျန်ဖန်း အမူအရာအနည်းငယ်ပြောင်းလဲသွား၏။

သူက ဓားကိုမြေပြင်စိုက်ပြီး လေမုန်တိုင်းကို တောင့်ခံနိုင်ရုံတောင့်ခံလိုက်၏။

ဧရာမဂိုဏ်းတပည့်တွေနှင့် ကြီးကြပ်ရေးမှုးတွေလည်း ၎င်းတို့ကိုယ်ပိုင်နတ်ဘုရားစွမ်းရည်သုံးကာ ခြေထောက်တွေကို မြေပြင်ထဲစိုက်ထားလိုက်၏။

အခြားလူတွေကတော့ မြေပြင်ပေါ်ရှိကျောက်တုံးတွေကို တွယ်ကပ်လိုက်သည်။

အချို့ကတော့ သန်မာသည့်ရုပ်ခန္ဓာနှင့် လေမုန်တိုင်းကို ခုခံလိုက်၏။

ထိုသို့ဆိုလျှင်တောင်....

အားနည်းသည့်တပည့်နှစ်ယောက် လေမုန်တိုင်းကြောင့် လွင့်ထွက်သွားခဲ့သည်။

လေမုန်တိုင်းထဲ၌ လျှင်မြန်စွာလည်ပတ်နေသည့် ရေခဲအပိုင်းစတွေရှိနေရာ ဖမ်းမိသွားလျှင် သေချာပေါက်သေမည်ဖြစ်သည်။

ဖန်းရှင်ကုန်းမကူညီနိုင်ခင်မှာပဲ ထိုတပည့်နှစ်ယောက် သွေးမြူအဖြစ်ပြောင်းသွားခဲ့သည်။

ဂျန်ဖန်း တိတ်တဆိတ် တုန်လှုပ်သွား၏။

ဤအရာက အမြုတေဖွဲ့စည်းခြင်းအဆင့် ၆ နတ်ဆိုးသားရဲပင်။

အဆင့် ၅ ငွေတောင်ပံမိုးကြိုးသိမ်းငှက်ထက် အများကြီးပိုသန်မာ၏။

ထို့ပြင် တောင်ထိပ်ကိုလည်း အကြီးအကျယ်သက်ရောက်သွားဆဲဖြစ်သည်။

အစီရင်အလံမှမီးတောက်တွေ သဘာဝအတိုင်း လေမုန်တိုင်းကြောင့်လွင့်ပျယ်သွားခဲ့သည်။

ဖန်းရှင်ကုန်း အချိန်မှီလုပ်ရှားလိုက်လို့သာမဟုတ်လျှင် အစီရင်အလံတောင် လွင့်ထွက်သွားမည်ဖြစ်သည်။

"ဟမ့်, အမြုတေအဆင့် ၆ သားရဲလေးက ငါတို့ဂိုဏ်းမြင့်မြတ်နယ်မြေမှာ လာရမ်းကားရဲတယ်လား...."

"ကြီးကြပ်ရေးမှုးတွေ ငါ့နောက်လိုက်ခဲ့။ တပည့်တွေ တောင်ထိပ်ကို စောင့်ကြပ်ထား...."

ထို့နောက် ဂျန်ဖန်းကို ကြည့်လိုက်သည်။

ဂျန်ဖန်း သူ့ရည်ရွယ်ချက်ကို နားလည်ပြီး ဓားသိမ်းကာ တောင်အောက်လိုက်ဆင်းသွားခဲ့သည်။

ရွမ်ကျား ရယ်လိုက်၏။

"ငါ ဧရာမဂိုဏ်းအကြီးအကဲနှင့် ရင်ဆိုင်လိုက်မယ်...."

"မင်းတို့ အခြားလူတွေကို ကိုင်တွယ်လိုက်...."

ပြေးဝင်လာသည့်ဖန်းရှင်ကုန်းနှင့်ရင်ဆိုင်ရာ၌ ၎င်းက လုံးဝကြောက်မသွားပေ။

ဖန်းရှင်ကုန်း ပါးသိုင်းမွေးတွေ တွန့်လိမ်သွား၏။

"မောက်မာလိုက်တာ..."

ချက်ချင်းပဲ သူ့ကြွက်သားတွေဖောင်းကားလာပြီး လက်သီး၌ကြောက်မက်ဖွယ်စွမ်းအားတွေစုစည်းကာ ရွမ်ကျားကို ထိုးချလိုက်၏။

လက်သီးချက်ကျရောက်သွားသည့်အခါ....

အဝေးမှဂျန်ဖန်းတောင် အစွမ်းထက်လှိုင်းတစ်ခုကို ခံစားလိုက်ရသည်။

သူက အလျှင်အမြန်ပဲ လှုပ်ရှားမှုနည်းလမ်းသုံးကာ ကိုယ့်ကိုယ်ကို တည်ငြိမ်အောင်လုပ်လိုက်၏။

ကြီးကြပ်ရေးမှုးအချို့ကတော့ ကံမကောင်းပဲ ချက်ချင်းပဲ အရပ်မျက်နှာအသီးသီးသို့လွင့်ပျံသွားကာ ရေခဲတောင်နှင့်ဝင်တိုက်မိကုန်၏။

ဂျန်ဖန်း တိတ်တဆိတ် ထိတ်လန့်သွားသည်။

ဤအရာက ဧရာမဂိုဏ်း၏ ဒုတိယအကြီးအကဲဖြစ်၏။

သာမန်ဟုထင်ရသည့်လက်သီးချက်က မယုံနိုင်လောက်အောင် အားကောင်းနေခဲ့သည်။

သူတို့က လက်သီးချက်၏စွမ်းအင်လှိုင်းကိုသာ ခံစားလိုက်ရပေမယ့် မျှခြေထိန်းညှိဖို့ ရုန်းကန်လိုက်ရသည်။

လက်သီးချက်ကို တိုက်ရိုက်ခံယူရလျှင် ရလာဒ်ကို စိတ်ကူးကြည့်နိုင်တာပဲဖြစ်သည်။

ရွမ်ကျား ကျယ်လောင်စွာရယ်လိုက်ပြီး ၎င်း၏ဧရာမလိပ်ခွံကြီးမှ အနက်ရောင်ကြီးမားသည့်ပုံသဏ္ဍာန်ကြီးတွေ ထွက်ပေါ်လာခဲ့သည်။

တစ်ထပ်ပြီးတစ်ထပ် ကြီးမားသည့်အစီရင်တစ်ခုနှင့်တူသည့် အကာအကွယ်တစ်ခုဖွဲ့စည်းသွား၏။

ဖန်းရှင်ကုန်း၏ကြောက်မက်ဖွယ်လက်သီးက အကာကွယ်အလွာပေါင်းများစွာကို ခွဲချေသွားသော်လည်း စွမ်းအားအများအပြားကုန်းဆုံးသွားခဲ့သည်။

နောက်ဆုံးအလွာကိုထိမှန်ချိန်...

ကျယ်လောင်သည့်ခေါင်းလောင်းသံကဲ့သို့အသံတစ်ခု ပဲ့တင်ထပ်သွားပြီး အနီးနားရှိသားရဲဘုရင်အားလုံးကို ထိမှန်သွားသည်။

ဇန်ရာချီမြင့်သည့် ပြန်လမ်းမဲ့တောင်လည်း အပြင်းအထန်တုန်ခါသွားပြီး နှင်းနှင့် ကျောက်တုံးကြီးတွေ ပြုတ်ကျလာခဲ့သည်။

သို့ပေမယ့် ရွမ်ကျား အကောင်းတိုင်းရှိနေဆဲဖြစ်ပြီး လှောင်ပြောင်လိုက်သည်။

"ဧရာမဂိုဏ်း ဒုတိယအကြီးအကဲက ဒါပဲလား...."

ထိုစဥ်...

၎င်းက ရုတ်တရက်ရှေ့ကိုပြေးဝင်လာပြီး ဖန်ရှင်းကုန်ကို အနက်ရောင်လျှပ်စီးတစ်ခုကဲ့သို့ တိုက်ခိုက်လိုက်၏။

ဖန်းရှင်ကုန်းအမူအရာ ပြောင်းလဲသွားပြီး လက်မြောက်ကာ ခုခံလိုက်သည်။

သို့ပေမယ့် အမြောက်စာတစ်ခုကဲ့သို့ လွင့်ထွက်သွားပြီး ချောက်ကမ်းပါးအစွန်းကို ဝင်တိုက်သွားခဲ့သည်။

"ခွေးမသား သားရဲ...."

ဖန်းရှင်ကုန်း ဒေါသတကြီးကျိန်ဆဲလိုက်၏။

ဤလိပ်သားရဲ၏တိုက်ခိုက်မှုက အရမ်းကြီးမသန်မာပေ။

သို့ပေမယ့် ၎င်း၏ခုခံမှုက အလွန်မြင့်မားပြီး သူကဲ့သို့ခန္ဓာသန့်စင်သူတစ်ယောက်အတွက် အားနည်းချက်ဖြစ်သည်။

အမြုတေဖွဲ့စည်းခြင်းအဆင့် ၇နှင့်တောင် အဆင့် ၆ ကိုရင်ဆိုင်ရာ၌ ရုန်းကန်နေခဲ့ရသည်။

သူက အံကြိတ်ပြီး ရှေ့ကို နောက်တစ်ကြိမ်ပြေးဝင်သွားကာ အမိန့်ပေးလိုက်၏။

"အားလုံး, တိုက်ကြ..."

ကြီးကြပ်ရေးမှုးတွေ ချက်ချင်း စွမ်းအားတွေ ထုတ်လွတ်လာကြသည်။

သို့ပေမယ့် ရလဒ်က ဖန်းရှင်ကုန်း နှလုံးသားကို ကျုံ့သွားစေခဲ့သည်။

အခြားသားရဲဘုရင်အားလုံးကလည်း ခုခံမှုအလွန်အမင်းမြင့်မားကြ၏။

ကြီးကြပ်ရေးမှုးတွေ ၎င်းတို့အား သိသိသာသာ ထိခိုက်အောင် မလုပ်နိုင်ပေ။

ထိုအစား, အရေအတွက်နည်းပါးမှုကြောင့် အလျှင်အမြန်ပဲ ဝန်းရံခံလိုက်ရသည်။

ဤအခိုက်အတန့်၌....

ဖန်းရှင်ကုန်း ဂျန်ဖန်းကိုမြင်လိုက်ပြီး သူ့မျက်လုံးတွေ အနည်းငယ်တောက်ပသွား၏။

"သခင်လေးဂျန်, မင်း ဘာစောင့်နေတာလဲ..."

သူတို့ထဲ၌ ဂျန်ဖန်းသာ ချီကျင့်ကြံသူဖြစ်သည်။

ဂျန်ဖန်း ခေါင်းညိတ်ပြီး လွတ်ဆွတ်ခြင်းဆီးနှင်းကိုဆုပ်ကိုင်ကာ အားအနည်းဆုံး အမြုတေအဆင့် ၄ သားရဲဆီပြေးဝင်သွားခဲ့သည်။

"ဒါကို လက်ခံလိုက်..."

"ကောင်းကင်နဲ့မြေကြီးကြယ်ကြွေခြင်း...."

သို့ပေမယ့်.....

နတ်ဆိုးသားရဲ ဂျန်ဖန်းကို အထင်မြင်သေးစွာကြည့်ပြီး ၎င်းအမြီးကို ဝှေ့ယမ်းလိုက်သည်။

ဒုန်း....

ဂျန်ဖန်း လွင့်ပျံသွားပြီး နှင်းပြင်ပေါ်ပြုတ်ကျကာ တုတ်တုတ်မျှမလုပ်တော့ပေ။

သွေးတွေ နှုတ်ခမ်းထောင့်မှထွက်နေပြီး မျက်လုံးတွေ ပိတ်နေခဲ့သည်။

တစ်ချက်တည်းနှင့် သေသွားသလိုပင်။

ဖန်းရှင်ကုန်း ဒေါသထွက်သွား၏။

"ဒါပဲလား..."

"အမှိုက်ကောင်..."

ရွမ်ကျား ရယ်လိုက်၏။

"ညီအကိုတို့, တစ်ယောက်မှအလွတ်မပေးနဲ့...."

"အာလုံးသတ်..."

သားရဲဘုရင်တွေနှင့် ဧရာမဂိုဏ်းစစ်သည်တော်တွေ ချက်ချင်းပဲ အပြင်းအထန်တိုက်ခိုက်ကြတော့၏။

မြေပြင်ပေါ်လဲလျောင်းနေသည့် ဂျန်ဖန်း တိတ်တဆိတ် မျက်လုံးဖွင့်လာတာတော့ တစ်ယောက်မှ သတိမထားမိလိုက်ပေ။

All Chapters