ထူးဆန်းသောဂူအိမ်တော်
Vol. 35 Ch. 446
နှစ်ဖက်လုံးက အပြင်းအထန်တိုက်ခိုက်နေကြပြီး သူ့ကို အာရုံစိုက်ဖို့အချိန်မရှိပေ။
ဂျန်ဖန်း တိတ်တဆိတ် လိပ်အသက်ရှူခြင်းဝတ်ရုံကိုထုတ်ပြီး ကိုယ်ပေါ်မှာခြုံလိုက်၏။
ထိုအခါ ချက်ချင်းပဲ လေထဲမှာ ပျောက်ကွယ်သွားခဲ့သည်။
ပါးစပ်ထောင့်မှသွေးကိုသုတ်ပြီး အောက်ရှိ ငွေရောင်ချပ်ဝတ်ကို စစ်ဆေးဖို့ ဝတ်စုံကို မလိုက်သည်။
တကယ်ပင်၊ ဤအမြုတေဖွဲ့စည်းခြင်းအဆင့် ၅ ချပ်ဝတ်က အတော်လေး အသုံးဝင်၏။
"မင်းတို့အားလုံး ဆက်တိုက်ကြ..."
"အဲ့ဒီနတ်ဘုရားရတနာက အတိအကျဘာလဲဆိုတာ သွားကြည့်လိုက်အုန်းမယ်...."
ဂျန်ဖန်း တိတ်တဆိတ် ရယ်လိုက်၏။
ဤကဲ့သို့အစွမ်းထက်သားရဲဘုရင်တွေနှင့် သူ့အားသေတွင်းထဲဆွဲခေါ်နိုင်မည်ထင်နေခဲ့သည်။
ဘာတွေတွေးနေသနည်း။
သူကျန်ခဲ့သည့်မှာ ဖရိုဖရဲဖြစ်မှုကိုအခွင့်ကောင်းယူပြီး ပစ္စည်းကို ရယူဖို့ပင်။
သူက ချက်ချင်းပဲ ကြေးခွံကို ထုတ်ယူလိုက်၏။
ဤသို့ဖြင့် ကြေးခွံ၏လမ်းညွှန်မှုဖြင့်...
တိတ်တဆိတ်ပဲ ပြန်လမ်းမဲ့တောင်၏ အနောက်ဘက်ကို ရောက်လာခဲ့သည်။
ထိုနေရာ၌ ပေတစ်ရာလောက်နက်သည့် ချောက်ကမ်းတစ်ခုရှိနေပြီး တစ်ဝက်က ဧရာမဂိုဏ်း ဆယ်စုနှစ်ကြာစွန့်ပစ်ထားသည့် အမှိုက်တွေနှင့် ပြည့်နေခဲ့သည်။
လျို့ဝှက်ဂူတစ်ခုခုသာ အောက်၌မြှပ်နေလျှင် အချည်းနှီးအားထုတ်မှု ဖြစ်တော့မည်ဖြစ်သည်။
ကံကောင်းစွာဖြင့်...
ကြေးခွံညွှန်ပြသည့်ဦးတည်ချက်က ချောက်ကမ်းပါးမျက်နှာပြင်ဖြစ်နေခဲ့သည်။
၎င်းက စွန့်ပစ်ပစ္စည်းတွေအပေါ်ဘက် ပေပေါင်းဒါဇင်ချီအဝေးမှာရှိ၏။
ချောက်ကမ်းပါးက ချောမွေ့မတ်စောက်သည့် ရေခဲ၊နှင်းတွေဖြင့် ဖုံးလွမ်းနေခဲ့သည်။
သာမန်လူဆို တက်ဖို့ခက်၏။
ဧရာမဂိုဏ်း ရှာမတွေ့တာ အံ့သြစရာမရှိပေ။
သူတို့သာ နောက်ထပ် ၁၀ စုနှစ်ကြာထပ်မသုံးလျှင် ၎င်းကိုရှာတွေ့မည်မဟုတ်ပေ။
ဤအရာက ဂျန်ဖန်းအတွက် လုံးဝစိန်ခေါ်မှုမဟုတ်ပေ။
သူက ကြမ်းတမ်းထက်ရှသည့်သလင်းကျောက်များစွာ ဖိနပ်အောက်ခြေ၌ ချည်လိုက်၏။
ထို့နောက် လှုပ်ရှားမှုနည်းလမ်းသုံးပြီး ချောမွေ့သည့်ရေခဲချောက်ကမ််းပါးပေါ်၌ မြေပြင်ကဲ့သို့ လျှောက်သွားလိုက်သည်။
မကြာမီ...
ကြေးခွံ၏လမ်းညွှန်မှုဖြင့် ရေခဲ၊နှင်းတို့အောက်ရှိ ဖုံးလွမ်းနေသည့်ဂူတစ်ခုကို တွေ့လိုက်သည်။
"ဒီထဲမှာ ဂူတစ်ခုရှိသေးတာပဲ..."
ဂူအတွင်းက အလွန်အမင်းကျယ်ဝန်းပြီး တောင်နံရံကို ထက်ရှသည့်လက်သည်းတွေဖြင့် တူးထားတာဖြစ်သည်။
အတွင်းပိုင်းက ရိုးရှင်းကျယ်ဝန်းပြီး ကျင့်ကြံရေးအတွက် တံခါးပိတ်ကျင့်ကြံသည့်အခန်းနှင့်တူ၏။
မြေပြင်ရှိ ကျင့်ကြံရေးအမှတ်အသားများစွာမှလွဲပြီး အခြားဘာမှမရှိပေ။
ဂျန်ဖန်း ပတ်ပတ်လည်ကိုရှာဖွေကြည့်ရာ ဂူက ဗလာဖြစ်နေခဲ့သည်။
သူ့လက်ထဲရှိကြေးခွံကလည်း ဂူထဲရောက်သည့်အခါ အလုပ်မလုပ်တော့ပေ။
"ဘာမှကိုမရှိပါ့လား..."
ဂျန်ဖန်း မေးစေ့ပွတ်ပြီး အတွေးနက်နေခဲ့သည်။
"ဒီလိုမဖြစ်သင့်ဘူး...."
"ဒီနေရာကိုညွှန်ပြဖို့ ဒီလောက်ခက်ခက်ခဲခဲလုပ်ထားတာ တစ်ခုခုတော့ရှိသင့်တယ်..."
"ပစ္စည်းကိုကောင်းကောင်းသိမ်းထားတာမဟုတ်ရင် တစ်ယောက်ယောက်ယူသွားပဲ...."
"ဒါပေမယ့် အဝင်ဝကနှင်းတွေကို မထိရသေးတာကိုကြည့်ရင် ဘယ်သူမ ဒီနေရာကို တွေ့သေးပုံမပေါ်ဘူး...."
ဂရုတစိုက်စဥ်းစားပြီးနောက်....
ဂျန်ဖန်း အကြည့်လှုပ်ရှားသွားပြီး သံမဏိသွေးစစ်မှန်ကျမ်းကို အသက်သွင်းလိုက်သည်။
ဆင်နဂါးတိုက်ပွဲခန္ဓာကိုအသက်သွင်းလိုက်သည့်အခါ သူ့ခန္ဓာကိုယ်မှ နဂါးနှင့်ဆင်ဟိန်းသံကဲ့သို့ အသံတွေ ထွက်ပေါ်လာခဲ့သည်။
ထိုအခါ ဂူ၏မြောက်ဘက်ဆုံးထောင့်မှ မိုးခြိမ်းသံတစ်ခု တုံ့ပြန်လာ၏။
ဂျန်ဖန်း အာရုံစိုက်ကြည့်လိုက်ရာ ထိုထောင့်ရှိကျောက်နံရံ အလိုအလျောက်ပွင့်သွားပြီး ကျောင်းဆောင်အရွယ်အစားရှိ အတွင်းနံရံတစ်ခုထွက်ပေါ်လာခဲ့သည်။
ဂျန်ဖန်း ပျော်ရွင်သွား၏။
သို့ပေမယ့် တည်ငြိမ်စွာရှိနေပြီး ရှေ့ကို ပြေးတက်မသွားပေ။
ထိုအစား ဓားထိန်းချုပ်ခြင်းနည်းစနစ်သုံးပြီး အဝေးမှ အထုပ်ကိုလှမ်းယူလိုက်သည်။
အထုပ်မြေပြင်မှကြွတက်သွားသည့်အခိုက်အတန့်...
ကျယ်လောင်သည့်ပေါက်ကွဲသံတစ်ခုနှင့်...
အထုပ်ရှိခဲ့သည့်မြေကြီးမှ အနက်ရောင်အဆိပ်ရည်တွေ ပန်းထွက်လာခဲ့သည်။
၎င်းက အစောပိုင်းအဆိပ်မြူထက် ၁၀ ဆလောက်ပိုသိပ်သည်း၏။
တိုက်ရိုက်သာထိမိလျှင် အမြုတေအဆင့် ၉ ကျွမ်းကျင်သူတစ်ယောက်တောင် အရည်ပျော်သွားမည်ဖြစ်သည်။
ဂျန်ဖန်း မနေနိုင်ပဲ ချွေးအေးတွေ စီးထွက်လာ၏။
"အဲ့စီနီယာက ဘာတွေးနေတာလဲ..."
ယခု သူက အထုပ်ကို တိုက်ရိုက်မထိရဲတော့ပေ။
အကွာအဝေးထိန်းထားပြီး အဝေးမှနေ၍ လွမ်းဆွတ်ခြင်းဆီးနှင်းဓားဖြင့် အထုပ်ကို ဖွင့်လိုက်သည်။
သားရဲအရေပြားဖယ်လိုက်သည်နှင့်...
ကျောက်စိမ်းကဲ့သို့ကြည်လင်သည့် အရိုးတစ်ခု မြင်ကွင်းထဲမှာ ပေါ်လာခဲ့သည်။
အရိုးကို မရွေးမတွက်နိုင်သည့် နတ်ဆိုးမျိုးနွယ်ဘာသာစကားတွေဖြင့် ထွင်းထုထားခဲ့သည်။
"နတ်ဆိုးမျိုးနွယ်နည်းစနစ်တစ်ခုနဲ့တူတယ်..."
ဂျန်ဖန်း အတော်လေးစိတ်ပျက်သွား၏။
သို့ပေမယ့် နောက်တစ်ခဏ၌ ကျောက်စိမ်းအရိုးဘေးရှိ သားရဲအရေပြားအပိုင်းအစလေးမှာလည်း စာလုံးတွေနှင့် ပြည့်နှက်နေတာ သတိထားမိလိုက်၏။
၎င်း၌ နတ်ဆိုးမျိုးနွယ်နှင့် လူသားမျိုးနွယ် ဘာသာစကားနှစ်မျိုးလုံး ပါဝင်နေခဲ့သည်။
ဂျန်ဖန်း ပိုနီးနီးသွားပြီး ဖတ်လိုက်သည်။
"မင်း ဒီစာကိုဖတ်နိုင်ရင် ဒါဟာ မင်း ငါ့စမ်းသပ်မှုကို ကျော်သွားပြီလို့ပြောရမယ်...."
"သိုင်းပညာလမ်းကြောင်းဆိုတာ ကောင်းကင်ကိုဆန့်ကျင်ပြီး အန္တရာယ်တွေနဲ့ ပြည့်နေတဲ့လမ်းကြောင်းတစ်ခုပဲ။ သတိထားတဲ့နှလုံးသားသာမရှိရင် မင်း ငါ့အမွေကို ဆက်ခံနိုင်လည်း အနှေးနဲ့အမြန်သေမှာပဲ..."
"ငါ့အမွေအနှစ်ကိုပြတ်တောက်သွားစေမယ့်အစား ဒီမှာချန်ထားပြီး ရေစက်ရှိသူကို ဆက်စောင့်နေတာ ပိုကောင်းတယ်..."
ဂျန်ဖန်း ရုတ်တရက် နားလည်သွား၏။
ဤစီနီယာ ထောင်ချောက်တွေအများကြီး ထားခဲ့တာ အံ့သြစရာမရှိတော့ပေ။
၎င်းမှာ သင့်တော်သည့်အမွေအနှစ်ကို ရွေးချယ်ဖို့ပဲဖြစ်သည်။
ဂျန်ဖန်း မနေနိုင်ပဲ ရယ်ချင်သွား၏။
ဤအရာက နတ်ဆိုးမျိုးနွယ်ကျင့်ကြံရေးနည်းစနစ်မှန်းရှင်းလင်းနေရာ သူလိုလူသားတစ်ယောက်အတွက် ဘာအသုံးဝင်မည်နည်း။
လူသားမျိုးနွယ်၏ခန္ဓာကိုယ်ဖွဲ့စည်းပုံက နတ်ဆိုးမျိုးနွယ်နှင့် လုံးလုံးလျားလျားမတူပေ။
ထို့ကြောင့် ၎င်းတို့၏ကျင့်ကြံရေးနည်းစနစ်တွေက အထူးသီးသန့်ဖြစ်၏။
လူသားမျိုးနွယ်အတွက် နတ်ဆိုးမျိုးနွယ်နည်းစနစ်တစ်ခုကိုလေ့ကျင့်ဖို့က မဖြစ်နိုင်ပေ။
သို့ပေမယ့် ဆက်ဖတ်ကြည့်လိုက်ရာ...
ဂျန်ဖန်း နှလုံးသာ ရုတ်တရက် တုန်ခါသွား၏။
"ငါ့အဖေက လူသားမျိုးနွယ်သန္ဓေသားကျင့်ကြံသူဖြစ်ပြီး အမေကတော့ အသွင်ပြောင်းထားတဲ့ နတ်ဆိုးမျိုးနွယ်ဝင်တစ်ယောက်ပဲ..."
"ဒါကြောင့် ငါ့မှာ နတ်ဆိုးမျိုးနွယ်နဲ့လူသားမျိုးနွယ်နှစ်ခုလုံးရဲ့ သွေးမျိုးဆက်တွေရှိတယ်...."
"မွေးလာကတည်းက လူသားမျိုးနွယ်ကလည်းမကြိုဆိုခဲ့သလို၊ နတ်ဆိုးမျိုးနွယ်ကလည်း လက်မခံခဲ့ဘူး..."
"ငါ့မိဘတွေရဲ့နက်နဲ့တဲ့အသိအမြင်နဲ့ ငါ့ပါရမီကိုကျေးဇူးတင်ရမယ်။ မျိုးနွယ်နှစ်ခုရဲ့နည်းစနစ်တွေကို ပေါင်းပြီး မြေကမ္ဘာအဆင့်မြင့်နည်းစနစ်ဖြစ်တဲ့ ဗြဟ္မာသူတော်စင်ကျင့်စဥ်ကို ဖန်တီးနိုင်တဲ့တယ်...."
"ဒီနည်းစနစ်က လူသားမျိုးနွယ်ကော၊ နတ်ဆိုးမျိုးနွယ်ကောအတွက်သင့်တော်တဲ့ ခန္ဓာသန့်စင်နည်းစနစ်တစ်ခုပဲ...."
ဤအထိဖတ်ပြီးနောက်....
ဂျန်ဖန်း အတော်လေး တုန်လှုပ်သွား၏။
သူ့မျက်စိရှေ့ရှိစီနီယာက နတ်ဆိုးနှင့်လူသားအမွေးအနှစ်တွေရောထားသည့် ပြိုင်ဘက်ကင်းဖြစ်တည်မှုတစ်ခုပင်။
မိဘတစ်ယောက်က လူသားသန္ဓေသားဆင့်ကျင့်ကြံသူဖြစ်ပြီး အခြားတစ်ယောက်က နတ်ဆိုးအင်ပါယာတစ်ယောက်ဖြစ်နေခဲ့သည်။
ဂျန်ဖန်းကို အံ့အားသင့်စေဆုံးက....
ဤပုဂ္ဂိုလ်က မြေကမ္ဘာအဆင့်မြင့်နည်းစနစ်တစ်ခု ဖန်တီးနိုင်ခဲ့တာပင်။
ထိုအရာက ဘယ်လိုအယူအဆမျိုးနည်း။
လေဟာနယ်ရှေးဟောင်းသစ်ပင်မှရသည့် ဝိညာဥ်ပိုင်းဖြတ်ခြင်းပုံစံသုံးမျိုးက သူ့အတွက်နားလည်ဖို့ခက်ခဲ၏။
လူသား၊နတ်ဆိုးမျိုးနွယ်နှစ်ခုလုံးအတွက်သင့်တော်သည့် မြေကမ္ဘာအဆင့်နည်းစနစ်တစ်ခု ဖန်တီးဖို့ဆို ပြောစရာကိုမလိုတော့ပေ။
သူတို့ကိုယ်သူတို့ အထူးပါရမီရှိတယ်လို့ ပြောတာ ချဲ့ကားပြောရာမရောက်ပေ။
တကယ်ပဲ ဤကဲ့သို့ခေါင်းစဥ်းနှင့် ထိုက်တန်၏။
"ဂျူနီယာ, အမွေအနှစ်ကိုလက်ခံပြီးရင် ကောင်းကောင်းလေ့ကျင့်ပါ..."
"ဒီနည်းစနစ်က လေ့ကျင့်ရမလွယ်ဘူး။ ကိုယ့်ကိုယ်ကို စိတ်ပိုင်းဆိုင်ရာ ပြင်ဆင်ထားပါ..."
"ပြီးတော့ ငါ နတ်အရှင်မြတ်ဝူတုန်းကို ကတိတစ်ခုအကြွေးတင်နေတယ်...."
"မင်းရဲ့ကျင့်ကြံမှုမှာ အောင်မြင်မှုရလာရင် မဟာပျက်သုဥ်းခြင်းကန့်သတ်နယ်မြေကိုသွားပြီး သူမကိုပြောပေးပါ..."
"လုကျီလင် သူ့ကတိကို မဖြည့်ဆည်းပေးနိုင်တော့ဘူးလို့..."
လေပြင်းတစ်ခုတိုက်ခိုက်သွား၏။
နှစ်ပေါင်းများစွာတည်ရှိခဲ့သည့် သားရဲအရေပြား ပြာအဖြစ်ပြောင်းသွားပြီး အချိန်နှင့်လေဟာနယ်၏ပူဆွေးမှုဖြင့် လေနှင့်အတူလွင့်ပါသွားခဲ့သည်။
ဂျန်ဖန်း တစ်ခဏတိတ်ဆိတ်သွား၏။
"စီနီယာလုလို ကျွမ်းကျင်သူတောင် နောင်တတွေကျန်ခဲ့တာပဲ...."
သူက တိတ်တဆိတ် မဟာပျက်သုဥ်းခြင်းကန့်သတ်နယ်မြေနှင့် နတ်အရှင်မြတ်ဝူတုန်းဆိုသည့်စကားကို ထပ်ရွတ်လိုက်သည်။
သူ့မှာသာအခွင့်အရေးရှိခဲ့လျှင် သေချာပေါက် သွားပေးမည်ဖြစ်သည်။
သို့ပေမယ့် နတ်ဆိုးမျိုးနွယ်ဘာသာစကားတွေဖြင့်ပြည့်နေသည့် ကျောက်စိမ်းအရိုးကိုကြည့်ပြီး ဂျန်ဖန်း ခါးသီးသည့်အပြုံးတစ်ခု ပြုံးလိုက်သည်။
"စီနီယာလု, မင်းဘာလို့ လူသားမျိုးနွယ်ဘာသာစကားကိုကော မထွင်းခဲ့တာလဲ..."
"နတ်ဆိုးမျိုးနွယ်ဘာသာစကား... ငါတကယ်ကို နားမလည်ဘူး...."
စာမတတ်သည့် ဒုက္ခကို သူအကြိမ်များစွာ ခံစားခဲ့ရပြီးဖြစ်သည်။
နတ်ဆိုးမျိုးနွယ်ဘာသာစကားသင်ရတော့မည်ဟု ဂျန်ဖန်း ခံစားရ၏။
သလင်းဖြူသားရဲဝမ်းဗိုက်ထဲမှရသည့် ငွေရောင်ဆေးလုံးစာလိပ်မှာလည်း ဤကဲ့သို့ပင်ဖြစ်သည်။
သူ့ရှေ့ရှိ ဗြဟ္မာသူတော်စစ်ကျင့်စဥ်လည်း အတူတူဖြစ်သည်။
သက်ပြင်းချမှုတစ်ခုဖြင့်....
ဂျန်ဖန်း ၎င်းကို ကောင်းကင်မိုးကြိုးကျောက်တုံးထဲ ထည့်လိုက်သည်။
ပတ်ဝန်းကျင်၌ ဘာမှမရှိတာသေချာအောင်စစ်ဆေးပြီးမှ အပြင်ထွက်ဖို့ပြင်ဆင်လိုက်သည်။
သို့ပေမယ့် မတ်တပ်ရပ်လိုက်သည်နှင့်တစ်ပြိုင်နက် ဂူထဲ၌ မဆိုစလောက်လေးတုန်ခါမှုကို ခံစားမိလိုက်၏။
တစ်စုံတစ်ခု အနားကပ်လာပြီဖြစ်သည်။
သူ့နှလုံးသား ခုန်ပေါက်သွားပြီး အလျှင်အမြန်ပဲ လိပ်အသက်ရှူဝတ်ရုံကို ခြုံလိုက်သည်။
ထို့နောက် ထောင့်တစ်ခုရှာပြီး အော်ရာနှင့် စိတ်ဝိညာဥ်စွမ်းအင် အတက်အကျကို ဖုံးကွယ်လိုက်ကာ ဂူအဝင်ဝသို့ မျက်တောင်မခတ်ပဲ စိုက်ကြည့်နေလိုက်သည်။