နှစ်ဖက်လုံးအထိနာခြင်း
Vol. 35 Ch. 447
အချိန်အတော်ကြာစောင့်ပြီးနောက် မည်သည့်အရာမှ ဂူထဲဝင်လာတာမတွေ့ပေ။
အံ့အားသင့်နေစဥ်မှာပဲ....
ရုတ်တရက် သူ့မျက်ခွံတွေ ကျုံ့သွား၏။
ကြီးမားသည့်ခြေရာကြီးတစ်ခု ဂူဝင်ဝမှာ ပေါ်လာခဲ့သည်။
မမြင်ရသည့်တစ်စုံတစ်ခု ဝင်လာပြီပင်။
သူက အသက်ရှူသံကို ထိန်းညှိထားပြီး ခြေလှမ်းတွေကို စောင့်ကြည့်နေခဲ့သည်။
သူ့ကို အနည်းငယ်အံ့အားသင့်စွာပဲ....
ခြေလှမ်းတွေက မြောက်ဘက်ဆုံးထောင့်နားကို ဦးတည်နေခဲ့သည်။
ကြည့်ရတာ တစ်ဖက်လူက တစ်စုံတစ်ခုကို ခံစားမိပုံပင်။
တစ်ဖက်လူ ဖုံးကွယ်ထားသည့်နေရာက ပွင့်ပြီးသားဖြစ်နေတာကို မြင်သည့်အခါ...
ချက်ချင်း အကြီးအကျယ်ဒေါသထွက်သွား၏။
"ဘယ်သူအရင်လာသွားတာလဲ..."
သန်မာသည့်အော်ရာတစ်ခုကြောင့် ကြီးမားသည့်ခန္ဓာကိုယ်ကြီးထွက်ပေါ်လာခဲ့သည်။
ထိုအရာက အမြုတေဖွဲ့စည်းခြင်းအဆင့် ၆ ဖြစ်သည့် ရွမ်ကျားပင်။
၎င်းပါးစပ်ထဲ၌ ပယင်းတစ်ခုကိုက်ထားပြီး အထဲ၌ သွေးတစ်စက် လည်ပတ်နေခဲ့သည်။
မြောက်ဘက်ဆုံးထောင့်ကို ညွှန်ပြလိုက်တာ ထိုသွေးစက်ပင်။
ဂျန်ဖန်း နားလည်သွား၏။
"ကြည့်ရတာ နတ်ဆိုးမျိုးနွယ်စုရဲ့ပစ်မှတ်ကလည်း လုကျီလင်ရဲ့ အမွေအနှစ်ပဲ...."
"ကံကောင်းလို့ ငါအရင်ရောက်လာတာ...."
ရုတ်တရက်...
သူ့အကြည့် ရွမ်းကျားပါးစပ်ထဲရှိ သွေးပေါ်ကျရောက်သွားပြီး နှလုံးခုန်သံအနည်းငယ်မြန်သွား၏။
ဤအရာက လုကျီလင်၏ သွေးအနှစ်သာရလား?...
ထိုသို့ဆိုလျှင်... ဤအရာက နတ်အသွင်ပြောင်းခြင်းအဆင့်၏ သွေးဖြစ်၏။
ဂျန်ဖန်း အာခေါင်တွေ ခြောက်လာခဲ့သည်။
ကံကြမ္မာပြောင်းလဲခြင်းကျောက်စိမ်းပြားက ကောင်းကင်ရောက်ရှိခြင်းခြင်ဆီထုတ်လုပ်ဖို့ နတ်အသွင်ပြောင်းခြင်းနယ်ပယ်၏ သွေးအနှစ်သာရတစ်စက်လိုအပ်၏။
ဂျန်ဖန်း ထိုအရာအပေါ်၌ လုံးလုံးလျားလျား လက်လျော့ထားခဲ့သည်။
အဆုံးမှာတော့ နတ်အသွင်ပြောင်းခြင်းအဆင့် သွေးအနှစ်သာရကို ဘယ်ကရှာရမှန်းမသိပေ။
သို့ပေမယ့် သူ့မျက်စိရှေ့မှာတင် သွေးတစ်စက်ရှိနေမယ်လို့ မည်သူထင်ထားမည်နည်း။
ဤအရာက ကံကြမ္မာပြောင်းလဲခြင်းကျောက်စိမ်းပြားအတွက် သူ၏မျှော်လင့်ချက်ကို ပြန်လည်ရှင်သန်လာစေခဲ့သည်။
သို့ပေမယ့် ရွမ်းကျားကို ဖန်းရှင်းကုန်းတောင် မကိုင်တွယ်နိုင်ပေ။
၎င်းပါးစပ်ထဲမှ နတ်အသွင်ပြောင်းခြင်းအဆင့် သွေးအနှစ်သာရကို လုယူဖို့က...
အိမ်မက်တစ်ခုထက်မပိုပေ။
ဤအခိုက်အတန့်၌....
အပြင်ဘက်ရှိ လေတိုက်သံတွေ ရုတ်တရက် ပြင်းထန်လာပြီး ပုံရိပ်တစ်ခု အလျှင်အမြန်ဝင်ရောက်လာခဲ့သည်။
ထိုအရာက ဖန်းရှင်ကုန်းပင်။
သူက ပတ်ပတ်လည်ကိုကြည့်ပြီး အံ့အားသင့် ပျော်ရွင်သွား၏။
"ပြန်လမ်းမဲ့တောင်မှာ တကယ် ဖုံးကွယ်ထားတဲ့ ဂူတစ်ခုရှိတာပဲ...."
ရွမ်ကျားမျက်လုံးတွေ တုန်လှုပ်မှုကြောင့် ပြူးကျယ်ကုန်၏။
"မင်းကို ငါ့လူတွေ ဝိုင်းထားတာမဟုတ်ဘူးလား...."
ဖန်းရှင်ကုန်း လက်နောက်ပစ်ထားပြီး စနှောက်သည့်အမူအရာလုပ်လိုက်သည်။
"ငါသာ အားနည်းချင်ယောင်မဆောင်ရင် မင်း ငါ့ကို ဒီနေရာခေါ်လာပါ့မလား...."
ဂိုဏ်းတစ်ခု၏ ဒုတိယအကြီးအကဲတစ်ယောက်အနေဖြင့် ဘယ်လိုလုပ် အရူးတစ်ယောက်ဖြစ်နိုင်မည်နည်း။
ရွမ်ကျားက ခံစစ်မြင့်သည့်သားရဲဘုရင်အုပ်ကို ဦးဆောင်ပြီး ပြင်ဆင်လာခဲ့သည်။
ထိုအရာက သူနှင့် ဧရာမဂိုဏ်းတပည့်အနည်းငယ်အတွက်တင် မဖြစ်နိုင်ပေ။
နောက်ထပ် အကြံအစည်တစ်ခုရှိရပေမည်။
ထို့ကြောင် အားနည်းမှုကိုပြပြီး ရွမ်းကျားနောက်မှ ဤနေရာထိ တိတ်တဆိတ်လိုက်လာခဲ့တာဖြစ်သည်။
ရွမ်ကျား ပြင်းထန်စွာ နှာမှုတ်လိုက်သည်။
"ဉာဏ်နီဉာဏ်နက်များတဲ့ လူသားတွေ..."
"ဒါပေမယ့်ကံဆိုးတာပဲ။ မင်းလည်း ငါ့လို နောက်ကျသွားပြီ...."
"တစ်စုံတစ်ယောက်က ငါတို့ထက်အရင် ဒီနေရာကိုလာသွားပြီ။ ခြေရာလက်ရာတွေအရ စောနကမှလာသွားတာ...."
ဟမ်?...
ဖန်းရှင်ကုန်း သူ့အကြည့်နောက် လိုက်ကြည့်လိုက်၏။
တကယ်ပင်, မြောက်ဘက်ထောင့်နား၌ ဖွင့်ထားသည့်လျို့ဝှက်အကန့်တစ်ခုရှိနေပြီး မြေပေါ်မှာသားရဲအိတ်တစ်ခု စွန့်ပစ်ထားတာ မြင်လိုက်ရ၏။
သူ့မျက်နှာ မဲမှောင်သွားသည်။
"ကြည့်ရတာ ငါတို့ကြားမှာ ကျွမ်းကျင်သူတစ်ယောက် ပုန်းနေတယ်ထင်တယ်...."
သူ၏အိုမင်းသည့်မျက်လုံးတွေ မှေးကျဥ်းသွားပြီး ပတ်ပတ်လည်ကို ကြည့်လိုက်သည်။
ပတ်ဝန်းကျင်ကို စစ်ဆေးနေသလိုပင်။
သို့ပေမယ့် ရုတ်တရက် သတိပေးမှုမရှိပဲ ရွမ်ကျားကို တိုက်ခိုက်လိုက်သည်။
ထိုလက်ဝါးချက်၌ သူ၏အစစ်အမှန်ခွန်အား ပါဝင်နေခဲ့သည်။
လျှင်မြန်ပြီး ပြင်းထန်၏။
ရွမ်ကျားလည်း လျော့တွက်လို့ရသူမဟုတ်ရာ ခုခံရေးလိပ်ခွံပုံဏ္ဍာန်ကို ကြိုတင်ပြင်ဆင်ထားခဲ့သည်။
သို့ပေမယ့်....
ဤလိပ်ခွံပုံဏ္ဍာန်တွေက ဖန်းရှင်ကုန်းအစစ်အမှန်ခွန်အားအောက်၌ စွမ်းအားကင်းမဲ့နေခဲ့သည်။
ချက်ချင်းပဲ ပြိုကွဲသွားပြီး....
ဖန်းရှင်ကုန်း၏ တောင်ဖြိုလက်ဝါးက ရွမ်ကျားလိပ်ခွံပေါ် ပြင်းထန်စွာ ကျရောက်သွားခဲ့သည်။
ခရက်...
အစောပိုင်းမလှုပ်မယက်ရှိနေခဲ့သည့်လိပ်ခွံ ယခုတော့ အက်ရာတွေနှင့် ပြည့်နှက်သွားခဲ့သည်။
ပြင်းထန်သည့်နာကျင်မှုက ရွမ်ကျားကို စူးစူးဝါးဝါး အော်ဟစ်သွားစေခဲ့သည်။
၎င်းက ဒေါသတကြီးအော်ဟစ်လိုက်၏။
"ဖန်းရှင်ကုန်း, မင်းကတစ်ချိန်လုံး မင်းခွန်အားကို ဖုံးကွယ်ထားတာပဲ..."
ဖန်းရှင်ကုန်းတစ်ကိုယ်လုံးရှိ ကြွက်သားတွေ စတင်ကြီးထွားလာပြီး ပေါက်ကွဲတော့မည့် ကျည်ဆံတွေကဲ့သို့ပင်။
သူ၏ကြမ်းတမ်းသည့်မျက်နှာ၌ ကောက်ကျစ်သည့်အမူအရာ ပြသလာ၏။
"သိုင်းပညာနယ်ပယ်မှာ ဘယ်သူက ဝှက်ဖဲမရှိလို့လဲ...."
"မင်းရဲကာကွယ်ရေးက ငါ့ခွန်အားကို ထိန်းထားနိုင်မယ်လို့ တကယ်ထင်နေတာလား...."
ပြောပြီးနောက် နောက်တစ်ကြိမ် ခွန်အားစုစည်းလိုက်သည်။
ထိုအခါ သူ့ကြွက်သားတွေက အလင်းရောင်တွေထုတ်လွတ်လာပြီး အလွန်အမင်းအန္တရာယ်ရှိသည့်ခံစားချက်ကို ပေးစွမ်းနေခဲ့သည်။
ရွမ်းကျားမျက်ခွံတွေ တွန့်လိမ်သွားပြီး အလျှင်အမြန်ပြောလိုက်သည်။
"ခဏနေအုန်း, ငါပြောပြီးပြီလေ..."
"ဒီနေရာက ပစ္စည်းကို တစ်ယောက်ယောက်ယူသွားပြီ။ တစ်ယောက်နဲ့တစ်ယောက် တိုက်ခိုက်နေတာ အကျိုးမရှိဘူး..."
ဖန်းရှင်ကုန်း လှောင်ပြောင်လိုက်၏။
"မင်းက ငါ့ကို သုံးနှစ်ကလေးများ ထင်နေလား...."
"ဒီနေရာက အရမ်းလျို့ဝှက်တာ။ ငါ့ဧရာမဂိုဏ်း နှစ်ရာချီနေတာတောင် ရှာမတွေ့ခဲ့ဖူး..."
"မင်းရောက်လာမှပဲ ဒီနေရာကို တန်းတန်းမတ်မတ်လာခဲ့တာ..."
"ရှင်းနေတာပဲ, မင်းကလွဲပြီး ဒီနေရာကိုသိတဲလူ ဒုတိယလူမရှိဘူး...."
"ဒါကြောင့် ဘယ်သူက ဒီနေရာကို အရင်လာမှာလဲ...."
ရွမ်ကျား ချက်ချင်း ပြောလိုက်သည်။
"ငါ တကယ် မယူခဲ့ဘူး...."
"ဒီနေရာကို ငါတစ်ယောက်ပဲ ရှာနိုင်တာမဟုတ်ဘူး။ သံမဏိသွေးစစ်မှန်ကျမ်း လေ့ကျင့်ထားတဲ့သူလည်း ဒီနေရာကို ရှာတွေ့နိုင်တယ်...."
ဖန်းရှင်ကုန်း မျက်လုံးတွေ အန္တရာယ်ရှိသည့်အလင်းရောင်တွေ တောက်ပလာ၏။
"ဒီလောကကြီးထဲမှာ သံမဏိသွေးစစ်မှန်ကျမ်း လေ့ကျင့်နိုင်တဲ့သူရှိတယ်လို့ မင်းယုံလား..."
သံမဏိသွေးစစ်မှန်ကျမ်း ပထမအဆင့်ကို လေ့ကျင့်ဖို့ လိုအပ်ချက်က....
အဆင့် ၃ စိတ်ဝိညာဥ်ဆေးလုံးဖြစ်၏။
ဂိုဏ်း ၉ ဂိုဏ်း နယ်မြေ၌ ကောင်းကင်ဘုံစက်ယန္ဒယားခန်းမသခင်မှလွဲပြီး မည်သူမှ မသန့်စင်နိုင်ပေ။
သို့ပေမယ့် မြင့်မြတ်သည့်ခန်းမသင်က ဘယ်လိုလုပ် တစ်စုံတစ်ယောက်အတွက် ဤကဲ့သို့ဆေးလုံးမျိုး ဖော်စပ်ပေးမည်နည်း။
ရွမ်ကျား ပြောစရာစကားမရှိဖြစ်သွား၏။
အကယ်၍ တစ်စုံတစ်ယောက်သာ သံမဏိသွေးစစ်မှန်ကျမ်းကို လေ့ကျင့်ထားနိုင်လျှင် ဘယ်လိုလုပ် နတ်ဆိုးမျိုးနွယ်ကို ဤနေရာအား လောဘတက်ခွင့်ပြုမည်နည်း။
ကြည့်ရတာ သူမှလွဲပြီး တကယ်ပဲ ဤနေရာကို သိသည့် ဒုတိယလူမရှိပေ။
ထိုအရာက ဘောင်းဘီပေါ်ရွံ့ကျပြီး ကိုယ်မဟုတ်လျှင်တောင် ချေးပါသလိုဖြစ်နေခဲ့သည်။
"ဒါပေမယ့် တကယ် ငါမဟုတ်ဘူး...."
ရွမ်ကျား မခံမရပ်နိုင်စွာဖြင့် ပြောလိုက်သည်။
ဖန်းရှင်ကုန်း ဒေါသတကြီးရယ်လိုက်၏။
"သေခါနီးတောင် လိမ်နေတုန်းပဲလား...."
"မစိုးရိမ်ပါနဲ့။ ငါ မင်းကို သတ်ပြီးရင် ဖြည်းဖြည်းချင်း ရှာလိုက်ပါ့မယ်....."
"ဟား..."
သူက ကျယ်လောင်စွာအော်လိုက်ပြီး ရွမ်းကျားကို လက်ဝါးဖြင့် ပြင်းထန်စွာရိုက်ချလိုက်သည်။
ရွမ်ကျား ဒေါသထွက်သွား၏။
သူက အသားမစားရသလို ပြဿနာတွင်းထဲရောက်သွားခဲ့သည်။
ဖန်းရှင်ကုန်း သေစေနိုင်သည့် ရိုက်ချက်ရောက်လာတာ မြင်သည့်အခါ ၎င်းလည်း အားနည်းမှုကို ပြဖို့ ဆန္ဒမရှိတော့ပေ။
"ငါ မင်းကို ကြောက်မယ်ထင်နေလား...."
ဝေါင်း...
၎င်း၏ပါးစပ်ကိုကျယ်ကျယ်ဟပြီး ပတ်ဝန်းကျင်ရှိလေတွေကိုစုပ်ယူကာ မှုတ်ထုတ်လိုက်၏။
ပြင်းထန်သည့်လေမှုန်တိုင်းတစ်ခု ဖြစ်ပေါ်လာခဲ့သည်။
ဖန်းရှင်ကုန်း ဂရုမစိုက်ပေ။
"ချိုးဖျက်စမ်း...."
သူ၏ ကြောက်မက်ဖွယ်လက်ဝါးစွမ်းအားက လေမုန်တိုင်းကို နှစ်ခြမ်းထိုးခွဲပြီး ရွမ်းကျားခေါင်းပေါ် ကြွေကျလာသည့်ကြယ်တစ်လုံးအတိုင်း ကျဆင်းလာခဲ့သည်။
ဖြန်း...
သွေးပက်ဖြန်းသံတစ်ခု ထွက်ပေါ်လာခဲ့သည်။
ရွမ်ကျားခေါင်းတစ်ခြမ်း ကြေမွသွား၏။
ဂျန်ဖန်း နှလုံးသား ခုန်ပေါက်နေပြီဖြစ်သည်။
ဤအခိုက်အတန့်၌ ဖန်းရှင်ကုန်းသူ့အစစ်အမှန်ခွန်အားကို ထုတ်ပြနေပြီး အမြုတေဖွဲ့စည်းခြင်းအဆင့် ၈ ကို ရောက်လုနီးပါးပင်။
ကုန်းယွမ်ဘထက် အများကြီးအားမနည်းပေ။
ဒါပေါ့, ကုန်းယွမ်ဘ၌ ဝှက်ဖဲရှိလျှင် နောက်ထပ်ဇာတ်လမ်းတစ်ခုဖြစ်သွားမည်ဖြစ်သည်။
ဝေါင်း....
ရွမ်ကျား နာကျင်စွာ ဟိန်းဟောက်လိုက်၏။
သေခြင်းရှင်ခြင်းအခြေအနေကိုခံစားမိတော့ ၎င်းက ပွင့်နေသည့်ပါးစပ်တစ်ဖက်ဖြင့် ကြမ်းကြုတ်စွာ ဟိန်းဟောက်လိုက်သည်။
"မင်းက သေတဲ့အထိတိုက်ခိုက်ချင်မှတော့...."
"ငါ အဆုံးထိပူးပေါင်းပေးမယ်..."
ထို့နောက် ခေါင်းငုံ့ပြီး ချိုင်းအောက်ရှိ သွေးရောင်ပုတီးစေ့တစ်ခုကို ကိုက်ချလိုက်သည်။
အထဲ၌ ပြိုင်ဘက်ကင်းစွမ်းအားတွေ ထုတ်လွတ်နေသည့် ရွှေရောင်သွေးတစ်စက်ရှိနေခဲ့သည်။
ဖန်းရှင်ကုန်းမျက်ခွံတွေ ကျုံ့သွား၏။
"နတ်ဆိုးအင်ပါယာ သွေးအနှစ်သာရ...."
ရွမ်ကျား ရက်စက်စွာ ဟိန်းဟောက်လိုက်သည်။
"ဆက်တိုက်ကြတာပေါ့...."
ချက်ချင်းပဲ သွေးပုတီးကိုပိုကိုက်လိုက်ပြီး မျိုချလိုက်သည်။
ထိုအခါ ထူးဆန်းသည့်မြင်ကွင်းတစ်ခု ဖြစ်ပွားလာခဲ့သည်။
အစွမ်းထက်သွေးစွမ်းအင်တွေ ရွမ်ကျားခန္ဓာကိုယ်မှ လိမ့်တက်လာပြီး ၎င်း၏တစ်ကိုယ်လုံးကို ဖုံးလွမ်းသွားခဲ့သည်။
အော်ရာလည်း မျက်စိဖြင့်မြင်နိုင်သည့်နှုန်းဖြင့် အလျှင်အမြန် မြင့်တက်လာခဲ့သည်။
မျက်စိတစ်မှိတ်အတွင်းမှာပဲ အမြုတေဖွဲ့စည်းခြင်းအဆင့် ၈ ကို ရောက်ရှိသွားခဲ့သည်။
ဝေါင်း...
၎င်းက နောက်ထပ် မုန်တိုင်းတစ်ခု မှုတ်ထုတ်လိုက်၏။
ဖန်းရှင်ကုန်း မျက်နှာ ပြောင်းလဲသွားပြီး ထိုအရာကို ထိုးခွဲဖို့ ကြိုးစားလိုက်၏။
သို့ပေမယ့် ချက်ချင်းဆိုသလိုပဲ မုန်တိုင်းကြောင့် လွင့်ထွက်သွားခဲ့သည်။
ချက်ချင်းပဲ ရွမ်ကျား ပြေးဝင်သွားပြီး ၎င်း၏လိပ်ခွံဖြင့် ဖန်းရှင်းကုန်းကို အပြင်းအထန်ဝင်တိုက်လိုက်သည်။
ဖန်းရှင်ကုန်း ဒေါသထွက်သွားပြီး လက်ဝါးဖြင့် နောက်တစ်ကြိမ် လိပ်ခွံကို တိုက်ခိုက်လိုက်သည်။
ဘန်း....
ခရက်....
သူတို့၏တိုက်ခိုက်မှုတွေက အရူးအမူဖြစ်လာခဲ့သည်။
ဖန်းရှင်ကုန်း အပြင်းအထန်လွင့်ထွက်သွားပြီး နံရံနှင့်ဝင်တိုက်မိသွား၏။
နံရံ၌ ပင့်ကူအိမ်ကဲ့သို့ သိပ်သည်းသည့်အက်ကွဲကြောင်းတွေနှင့် ပြည့်နှက်သွားသည်။
ထို့နောက် အားနည်းစွာဖြင့် နံရံမှလျောကျလာကာ ကြီးမားသည့်သွေးမျဥ်းကြောင်းကြီးချန်ထားခဲ့၏။
သူ၏လှုပ်ရှားနေသည့်ကြွက်သားတွေလည်း အလျှင်အမြန်ပဲ အားနည်းလာခဲ့သည်။
ရွမ်ကျားလည်း ပိုမကောင်းပေ။
အစောပိုင်းအက်ကွဲနေသည့်လိပ်ခွံ လုံးဝကို ကွဲကျေသွားပြီး သွေးနှင့်အသားတွေ နေရာတိုင်းမှာ လွင့်စင်နေခဲ့သည်။
ကျန်ရှိသည့်၎င်း၏ခေါင်းတစ်ခြမ်းလည်း အပြင်းအထန်ဒဏ်ရာရသွားခဲ့သည်။
ဦးခေါင်းခွံရိုးနှင့်ချိတ်ဆက်ထားသည့်အရိုးတွေသာ ကျန်တော့ပြီး အခြားအရာတွေက ကြီးမားသည့်အားကြောင့် ကွဲကြေသွားခဲ့သည်။
ဘုန်း..
ကျယ်လောင်သည့်အသံဖြင့် ရွမ်ကျားလည်း ခွန်အားကင်းမဲ့စွာ မြေပြင်ပေါ် ပြုတ်ကျသွားခဲ့သည်။
သူတို့၏တိုက်ပွဲရလဒ်က နှစ်ဖက်လုံးအထိနာသည့်ရလဒ်ဖြင့် အဆုံးသတ်သွားခဲ့သည်။
သာမန်သိုင်းပညာရှင်တစ်ယောက် ဒါမှမဟုတ် နတ်ဆိုးသားရဲတစ်ကောင်တောင် သူတို့ကို အလွတ်တကူသတ်နိုင်တာပဲဖြစ်သည်။
ဖန်းရှင်ကုန်း အမောတကောအသက်ရှူပြီး ကုသဆေးတစ်လုံးသောက်ကာ ကြမ်းတမ်းစွာ ပြောလိုက်သည်။
"မင်းနဲ့ငါ ဘယ်သူအရင် ပြန်ကောင်းမလဲ ကြည့်ကြတာပေါ့...."
ရွမ်းကျားလည်း နတ်ဆိုးအင်ပါယာသွေးအဆီအနှစ်အပေါ်မှီခိုပြီး ၎င်း၏ကုသမှုကို အရှိန်မြှင့်နေခဲ့သည်။
၎င်းက သွေးရောင်မျက်လုံးတွေဖြင့် ကြမ်းကြုတ်စွာ ဟိန်းဟောက်လိုက်၏။
"ဒီနေ့, မင်း သေရင်သေ မဟုတ်ရင် ငါသေပဲ..."
ပြောပြီးနောက် လက်သည်းကိုမြောက်ကာ မြေကြီးကို ပြင်းထန်းစွာ ရိုက်ချလိုက်၏။
ဤတိုက်ခိုက်မှုက မြေငလျှင်တစ်ခုကို ဖြစ်သွားစေ၏။
ပြင်းထန်သည့်မြေကြီးတုန်ခါမှုက ဂျန်ဖန်း၏လိပ်အသက်ရူခြင်းဝတ်ရုံကို လှုပ်ခါသွားစေပြီး...
သူ၏ဖိနပ်တစ်စုံပေါ်သွား၏။
"ဘယ်သူလဲ...."
ရွမ်းကျားနှင့် ဖန်းရှင်ကုန်းနှစ်ယောက်လုံး သာမန်မဟုတ်မှုကို ခံစားမိပြီး ကျယ်လောင်စွာ ပြောလိုက်သည်။
ဂျန်ဖန်း သက်ပြင်းအနည်းငယ်ချပြီး ပြောလိုက်သည်။
"အစကတော့ ငါ ပုန်းနေမလို့ပဲ..."
"ဒါပေမယ့် အခု မင်းတို့က တွေ့သွားပြီဆိုတော့...."
"အခြေအနေကို အခွင့်ကောင်းယူရတော့မှာပဲ...."