ရှေးဟောင်းလေဟာနယ်သစ်ပင်ကို နောက်တစ်ကြိမ်ပြန်တွေ့ခြင်း
Vol. 35 Ch. 440
သူ့အမြင် တဖြည်းဖြည်းမဲမှောင်သွားပြီး...
နောက်တစ်ကြိမ် ကြာရှည်စွာမတွေ့ရပြီဖြစ်သော ကမ္ဘာတစ်ခုထဲ ဝင်ရောက်သွားခဲ့သည်။
ရှေးဟောင်းလေဟာနယ်သစ်ပင်က ယခင်အတိုင်း ခမ်းနားကြီးကျယ်စွာတည်ရှိနေခဲ့သည်။
၎င်းအောက်၌ရပ်နေရင်း တိမ်တွေထဲဝင်ရောက်နေသည့်ထိပ်ဖျားကို မမြင်နိုင်ပေ။
ထိုအခါ သူ့မျက်လုံးတွေ အသီးတစ်လုံးအပေါ် ကျရောက်သွား၏။
အတွင်း၌ချိပ်ပိတ်ထားသည့်ကျင့်ကြံရေးနည်းစနစ်တစ်ခုရှိနေပြီး သူအချိန်အတော်ကြာလိုချင်နေခဲ့သည့်အရာပင်။
ဝိညာဥ်လျို့ဝှက်နည်းစနစ်- "ဝိညာဥ်ပိုင်းဖြတ်ခြင်းပုံစံသုံးခု..."
ချက်ချင်းပဲ ခုန်ခူးလိုက်၏။
ဤတစ်ချိန်၌ မည်သည့်ခုခံမှုမှမရှိပဲ အလွယ်တကူပဲ သစ်သီးကို ဆုပ်ကိုင်နိုင်လိုက်၏။
ထို့နောက် ဖြုတ်ဆိုသည့်အသံတစ်ခုနှင့် အသီးကြွေကျကာ ဂျန်ဖန်းလက်ဝါးထဲ ကျရောက်သွားခဲ့သည်။
"ဝိညာဥ်တိုက်ခိုက်ရေးလျို့ဝှက်နည်းစနစ်, ဝိညာဥ်ပိုင်းဖြတ်ခြင်းပုံစံသုံခု... မြေကမ္ဘာအဆင့်မြင့်...."
ဂျန်ဖန်း ပင့်သက်ရှိုက်လိုက်၏။
ထိုအရာက အမှန်တကယ် မြေကမ္ဘာအဆင့်မြင့် နည်းစနစ်တစ်ခုဖြစ်နေခဲ့သည်။
ဤကဲ့သို့အဆင့်နည်းစနစ်က ဂိုဏ်း ၉ ဂိုဏ်းနယ်မြေ၌ ဘယ်တုန်းကမှ ပေါ်မလာခဲ့ဖူးပေ။
ထို့ပြင် အဆန်းကြယ်ဆုံး ဝိညာဥ်လျို့ဝှက်ကျင့်စဥ်လည်းဖြစ်၏။
သူသာ အထဲရှိဝိညာဥ်တိုက်ခိုက်ရေးနည်းလမ်းကိုသင်ယူနိုင်လျှင် အစွမ်းထက်ဝှက်ဖဲတစ်ခုရှိလာမည်ဖြစ်သည်။
ရှဲ! ရှဲ!
ဤအခိုက်အတန့်၌...
ဂျန်ဖန်း၏အသီးခူးယူမှုက တစ်စုံတစ်ခုကို လှုံ့ဆော်လိုက်သလိုပင်။
သစ်ကိုင်းရိုက်ခတ်သံတွေထွက်ပေါ်လာပြီး ဂျန်ဖန်း အလျှင်အမြန်ရှောင်လိုက်ရ၏။
ဘန်း!
သူရပ်နေခဲ့သည့်နေရာရှိ ကျောက်ပြားကွဲကျေသွားခဲ့သည်။
မြေပြင်လည်း ခြေကျင်းဝက်လောက်နက်သည့် အပေါက်တစ်ခုဖြစ်သွားခဲ့သည်။
အဖြူရောင်မီးခိုးတွေအလယ်၌ ရှေးဟောင်းအဖြူရောင်ကျောက်စိမ်းပြားတစ်ခု မြင်ကွင်းထဲဝင်ရောက်လာခဲ့သည်။
ကျောက်စိမ်းဖြူပေါ်၌ အလွန်ရှုပ်ထွေးသည့်ပုံစံကွက်တွေရှိနေပြီး အတော်လေးဆန်းကြယ်လှ၏။
ကြည့်ရတာ အစီအရင်အချို့ ဒါမှမဟုတ် ယဇ်ပူဇော်သည့်နည်းလမ်းတစ်ခု ဖြစ်ပုံရ၏။
ကျောက်စိမ်းဖြူကို အပိုင်းသုံးပိုင်းခွဲထားပြီး တစ်ခုချင်းစီ၏ပုံစံကွက်တွေက လက်မအရွယ်အပေါက်တစ်ခုကဲ့သို့ဖြစ်နေ၏။
ထိုအပေါက်သုံးပေါက်က အလယ်ရှိ မျက်လုံးအရွယ်အပေါက်တစ်ခုကို လမင်းပတ်လည်ရှိ ကြယ်တွေကဲ့သို့ ဝန်းရံထားခဲ့သည်။
"ဒါကဘာလဲ..."
ဂျန်ဖန်း အံ့အားသင့်သွား၏။
သစ်သီးအပြင် ရှေးဟောင်းလေဟာနယ်သစ်ပင်က အရာဝတ္ထုတစ်ခုတောင် ထုတ်ပေးလာခဲ့သည်။
သူက ထိုအရာကို ကောက်ယူလိုက်၏။
ကျောက်စိမ်းပြားကို ထိလိုက်သည့်အခိုက်အတန့်၌ ဓာတ်လိုက်သလိုခံစားချက်တစ်ခု သူ့စိတ်ထဲဖြတ်ပြေးသွားပြီး အချက်အလက်များစွာစီးဝင်လာခဲ့သည်။
"ကံကြမ္မာပြောင်းလဲခြင်းကျောက်စိမ်းပြား၊ ထိပ်တန်းအဆင့် စိတ်ဝိညာဥ်လက်နက်..."
"သန္ဓေသားအဆင့်ကိုချိုးဖျက်ဖို့ ကောင်းကင်ရောက်ရှိခြင်းခြင်ဆီကို ထုတ်ပေးနိုင်သည်...."
ဘာ?...
ဂျန်ဖန်းမျက်ခွံ့တွေ အပြင်းအထန် တုန်ယင်သွား၏။
ဤကျောက်စိမ်းပြားက အမှန်တကယ်ပဲ ထိပ်တန်းအဆင့် စိတ်ဝိညာဥ်လက်နက်ဖြစ်နေခဲ့သည်။
ထို့ပြင် သန္ဓေသားအဆင့်ကိုချိုးဖျက်ဖို့ လိုအပ်သည့် စိတ်ဝိညာဥ်အရည်ကို ထုတ်ပေးနိုင်၏။
ထိုအရာက ဘာကိုဆိုလိုသနည်း။
သူ့၌ သန္ဓေသားအဆင့်ရောက်ဖို့ မျှော်လင့်ချက်ရှိလာပြီဖြစ်သည်။
လုံးဝမျှော်လင့်ချက်မရှိသည့် ဂိုဏ်း ၉ ဂိုဏ်း အမြုတေအဆင့်ကျွမ်းကျင်သူတွေနှင့် မတူတော့ပေ။
ဤအရာက သူ့ကို မယုံနိုင်လောက်အောင် ပျော်ရွင်သွားစေ၏။
နားလည်လာလေလေ သန္ဓေသားအဆင့်ကိုချိုးဖျက်ဖို့ ဘယ်လောက်ခက်လဲဆိုတာ သိလာလေလေဖြစ်သည်။
လောကကြီးထဲလှည့်လည်သွားနေသည့် နာမည်ကျော်ဓားဘုရင် ရှုချင်းယန်တောင်သန္ဓေသားအဆင့်ချိုးဖျက်ဖို့ အခွင့်အရေးကို ခုထိရှာမတွေ့သေးပေ။
စွမ်းအားကြီးကောင်းကင်ဘုံစက်ယန္ဒယားခန်းမသခင်တောင် ကြီးမားသည့်ကံကြမ္မာကြောင့် သန္ဓေသားအဆင့်ကို တက်လှမ်းနိုင်ခဲ့တာဖြစ်သည်။
သဘောတရားအရ ဂိုဏ်း ၉ ဂိုဏ်း၏ အမြုတေအဆင့် ၉ ကျွမ်းကျင်သူတွေက သန္ဓေသားအဆင့်တစ်ယောက်ထုတ်ပေးဖို့ လုံလောက်ဖို့အဝေးကြီးလိုသေး၏။
ခန်းမသခင်တစ်ယောက်ရှိနေတာကကို ဂိုဏ်း ၉ ဂိုဏ်းနယ်မြေကို ကြီးမားသည့်ကောင်းချီးပေးမှုဖြစ်နေပြီဖြစ်သည်။
ဒုတိယ သန္ဓေသားအဆင့်တစ်ယောက်ပေါ်လာဖို့က မဖြစ်နိုင်လုနီးပါပင်။
သို့ပေမယ့် ဂျန်ဖန်း...
အမြုတေဖွဲ့စည်းခြင်းအဆင့်ရောက်သည်နှင့် ချက်ချင်းပဲ သန္ဓေသားအဆင့်အတွက် ချက်ချင်း မျှော်လင့်ချက်ရှိလာခဲ့သည်။
သို့ပေမယ့်....
ဂျန်ဖန်း သိပ်အကြာကြီးမပျော်လိုက်ရပေ။
အဘယ်ကြောင့်ဆိုသော် အချက်အလက်အသစ်တစ်ခုက သူ့ကို ကြောင်သွားစေသောကြောင့်ပင်။
"ထုတ်လုပ်ဖို့အတွက်အခြေအနေ- သန္ဓေသားအဆင့်ဝိညာဥ်သုံးခုနှင့် နတ်အသွင်ပြောင်းခြင်းအဆင့် သွေးအနှစ်သာရတစ်စက် စုဆောင်းရမည်...."
ဂျန်ဖန်း ပါးစပ်အဟောင်းသားဖြစ်သွား၏။
သူ နောက်ထပ်ဘာပြောရမလဲမသိဖြစ်သွား၏။
သူ့မှာသာ သန္ဓေသားအဆင့်ကျွမ်းကျင်သူကို သတ်နိုင်သည့်အရည်အချင်းရှိလျှင် သန္ဓေသားအဆင့်ကို ချိုးဖျက်ဖို့ လိုပါအုန်းမည်လား။
ထို့ပြင်...
နတ်အသွင်ပြောင်းခြင်းအဆင့် သွေးနှစ်အသာရတစ်စက်လည်းလိုသေး၏။
နတ်အသွင်ပြောင်းခြင်းအဆင့်ဆိုတာ ဘယ်လိုတည်ရှိမှုနည်း။
ဤလောကကြီး၌ ရှိလားတောင် သံသယဖြစ်မိ၏။
ကြံကမ္မာပြောင်းလဲခြင်းကျောက်စိမ်းပြားကိုကိုင်ထားပြီး ဂျန်ဖန်း စိတ်ရှုပ်ထွေးနေခဲ့သည်။
သူက ဤအရာကို လွင့်လည်းမပစ်ရက်သလို သိမ်းထားဖို့လည်း ခက်ခဲနေခဲ့သည်။
ခဏကြာတော့ ခါးသည်းစွာပြုံးလိုက်သည်။
"သန္ဓေသားအဆင့်ချိုးဖျက်ဖို့က တကယ်ပဲ ဖြတ်လမ်းမရှိဘူးပဲ..."
"လမ်းကြောင်းတိုင်းက အန္တရာယ်တွေနဲ့တိုက်ခိုက်ရတာချည်းပဲ...."
ခဏရပ်နေပြီးနောက် သူက သက်ပြင်းချလိုက်သည်။
နောက်ဆုံး ရှေးဟောင်းသစ်ပင်ကို မော့ကြည့်လိုက်သည်။
ဝိုးတိုးဝါးတားဖြင့်...
အထဲ၌ ဝါးစာလိပ်တစ်ခုချိပ်ပိတ်ထားသည့် သစ်သီးတစ်ခုကိုမြင်လိုက်သည်။
"ကောင်းကင်အဆင့် ဓားသိုင်း, တယန်းဓားအစီအရင်..."
"ဓားအစီရင်ဖြစ်တည်လာတဲ့အခါ နတ်အသွင်ပြောင်းခြင်းအဆင့်ကိုတောင် သတ်နိုင်၏..."
ဘာ?...
ဂျန်ဖန်း ပါးစပ်အဟောင်းသားဖြစ်သွား၏။
စိတ်လှုပ်ရှားစွာဖြင့် အသီးခူးဖို့ လှမ်းခုန်လိုက်၏။
သို့ပေမယ့် ယခင်ကကဲ့သို့ ဖိနှိပ်ခံရပြီး ပြန်တွန်းခံလိုက်ရသည်။
စာတစ်ကြောင်း သူ့စိတ်ထဲပေါ်လာ၏။
"သန္ဓေသားအဆင့်ရောက်မှ ခူးနိုင်မည်..."
ဂျန်ဖန်း မျှော်လင့်ချက်တွေဖြင့် တရွရွဖြစ်သွား၏။
နတ်အသွင်ပြောင်းခြင်းအဆင့်ကိုတောင် သတ်နိုင်သည့်ဓားသိုင်းတစ်ခုတတ်မြောက်ခြင်း...
ထိုအရာက ဘယ်လောက်တောင် ကြောက်စရာကောင်းလိုက်မည်နည်း။
သို့ပေမယ့် ထိုအရာကိုရဖို့ အရင်ဆုံး သန္ဓေသားအဆင့်ကို ချိုးဖျက်ရမည်ဖြစ်သည်။
"မင်း... သေချင်းဆိုးသစ်ပင်။ ငါ့ကို လာစနေတာပဲ..."
ဂျန်ဖန်း ဒေါသတကြီး လေဟာနယ်ရှေးဟောင်းသစ်ပင်ကို ကန်လိုက်သည်။
ဖြန်း...
သို့ပေမယ့် နောက်တစ်ခဏ၌...
လေဟာနယ်ရှေးဟောင်းသစ်ပင်တစ်ခုလုံး တုန်ခါလာပြီး...
လျှပ်စီးကဲ့သို့အရှိန်ဖြင့် သစ်ကိုင်းတစ်ခု သူ့ဆီပြေးဝင်လာခဲ့သည်။
ဂျန်ဖန်း အလျှင်အမြန်ပဲ တုံ့ပြန်လိုက်ပြီး သစ်ကိုင်း သူ့ကို မရိုက်နိုင်ခင် ရှောင်တိမ်းနိုင်လိုက်၏။
သူမသိတာက....
ဖျော့တော့သည့်ရယ်သံနှင့် ဆဲရေးသံတစ်ခု ရှေးဟောင်းလေဟာနယ်သစ်ပင်ထိပ်မှ ထွက်ပေါ်လာတာပင်။
ဂျန်ဖန်း အသိစိတ် သူ့ခန္ဓာကိုယ်ထဲပြန်ရောက်လာပြီး လက်ထဲ၌ တစ်စုံတစ်ခုကို ကိုင်ထားခဲ့သည်။
တစ်ခုက ဝိညာဥ်ပိုင်းဖြတ်ခြင်းပုံစံသုံးခုဖြစ်ပြီး နောက်တစ်ခုက ကံကြမ္မာပြောင်းလဲခြင်း ကျောက်စိမ်းပြားဖြစ်၏။
ဂျန်ဖန်း တိုက်ရိုက်ပဲ နောက််တစ်ခုကို ကောင်းကင်မိုးကြိုးကျောက်တုံးထဲပစ်ထည့်လိုက်၏။
ဝိညာဥ်ပိုင်းဖြတ်ခြင်းပုံစံသုံးခုပေါ်မှာပဲ အလေးအနက်အာရုံစိုက်လိုက်၏။
"မြေကမ္ဘာအဆင့်နည်းစနစ်- ပထမအကွက်, ဝိညာဥ်ထိုးဖောက်ခြင်း...."
"အသုံးပြုသူ၏ဝိညာဥ်သန်မာလေလေ စွမ်းအားကြီးလေလေဖြစ်သည်။ ၎င်းက အဆင့်တူရန်သူ၏ဝိညာဥ်ကို စူးရှနာကျင်စေပြီး အသေးစားဒဏ်ရာကိုဖြစ်စေနိုင်၏..."
"ကိုယ့်ထက်သုံးဆင့်နိမ့်သည့်ဝိညာဥ်တွေအတွက်တော့ ဒဏ်ရာအပြင်းအထန်ရစေနိုင်၏။...."
"လေးဆင့်နိမ့်သူဆိုလျှင် ချက်ချင်းသတ်နိုင်၏။..."
ဂျန်ဖန်း မျက်မှောင်ကြုတ်သွား၏။
"ဒီရှင်းပြချက်က အရမ်းမပြတ်မသားဖြစ်လွန်းတယ်...."
"ဝိညာဥ်ထိုးဖောက်ခြင်းစွမ်းအားကိုနားလည်ဖို့ ငါက အရင်ဆုံး ငါ့ဝိညာဥ်စွမ်းအားကို အတည်ပြုရမယ်...."
"ဒါပေမယ့် ကောင်းကင်ဘုံစက်ယန္ဒယားခန်းမရဲ့ဝိညာဥ်မျှော်စင်အပြင် ဝိညာဥ်စွမ်းအားကိုစမ်းသပ်ဖို့ အခြားနေရာမရှိဘူး...."
ဝိညာဥ်စွမ်းအားစမ်းသပ်ခြင်းက အတော်လေး ထူးခြားသည့်ကိစ္စဖြစ်၏။
သာမန်မှော်ရတနာတွေနှင့်စွမ်းအားတွေက လူတစ်ယောက်၏ဝိညာဥ်စွမ်းအားအတိအကျကို တိုင်းတာနိုင်မည်မဟုတ်ပေ။
"ထားလိုက်တော့, အရင်ဆုံးလေ့ကျင့်ကြတာပေါ့..."
"ငါ့ရဲ့အဆင့် ၄ ဝိညာဥ်သခင်အဆင့်နဲ့ ဝိညာဥ်ထိုးဖောက်ခြင်းက အတော်လေး အစွမ်းထက်သင့်တယ်...."
သူက ချက်ချင်းပဲ စတင်လေ့ကျင့်လိုက်၏။
ဤအရာက သူ၏မြေကမ္ဘာအဆင့်မြင့်နည်းစနစ်တစ်ခုကို ပထမဆုံးလေ့ကျင့်တာဖြစ်သည်။
သူ့၏ပါရမီနှင့်တောင် အနည်းငယ်အားထုတ်ရ၏။
ထို့ပြင် သူက ထိုက်ယင်ဝိညာဥ်ကျင့်စဥ်ကို လေ့ကျင့်ဖူးပြီး ဝိညာဥ်စွမ်းအားအပေါ် အခြေခံနားလည်မှုရှိနေသောကြောင့်ပင်။
ဝိညာဥ်စွမ်းအားနှင့်လုံးဝမရင်းနှီးသည့်လူတစ်ယောက်သာ လေ့ကျင့်မည်ဆိုလျှင်...
ကောင်းကင်ဘုံစာအုပ်တစ်အုပ်ကို ဖတ်နေရသလို နားလည်နိုင်ဖို့မဖြစ်နိုင်ပေ။
သူ ဆက်လေ့ကျင့်တော့မည့်အချိန်မှာပဲ...
တံခါးခေါက်သံတစ်ခုနှင့် လျိုချင်းရှန်၏ အနည်းငယ်မနာလိုဖြစ်နေသည့်အသံထွက်ပေါ်လာခဲ့သည်။
"နင့်ရဲ့ တူမလှလှလေးက နင့်ကို တွေ့ဖို့ ရောက်နေတယ်..."
ဂျန်ဖန်း ပါးစပ် တွန့်လိမ်သွား၏။
သူက ကျင့်ကြံရေးနည်းစနစ်ကိုသိမ်းထားရုံသာတတ်နိုင်ပြီး အပြင်ထွက်လာခဲ့လိုက်သည်။
ထိုအခါ ခြံဝန်းထဲ၌ လှပစွာရပ်နေသည့်ရှချောင်ကောကို မြင်လိုက်ရသည်။
သူမက အဝါရောင်တောက်တောက်ဝတ်ရုံရှည်ကို ဝတ်ဆင်ထားပြီး ဝတ်ရုံအပေါ်၌ တိမ်နှင့် အဝါရောင်ပန်းပွင့်တွေ ထိုးထွင်းထားခဲ့သည်။
သူမ၏ပုံမှန် အေးစက်ပြီး သီးခြားနေတတ်သည့်အမူအရာနှင့်ယှဥ်လျှင်...
ယနေ့၏ဝတ်စုံက အလွန်သက်ဝင်လှပြီး ဆွဲဆောင်မှုရှိလှသည်။
"ဦးလေးဆရာ..."
ဂျန်ဖန်းကိုမြင်သည့်အခါ ရှချောင်ကော၏ ပုံမှန်ထူးမခြားနားမျက်နှာ ချက်ချင်းပဲ ပျော်ရွင်မှုတွေ ပြသလာ၏။
ဂျန်ဖန်း ခေါင်းညိတ်လိုက်၏။
"ချောင်ကော, ငါ့ဆီဘာလာလုပ်တာလဲ..."
ရှချောင်ကော ခေါင်းညိတ်ပြီး ပြောလိုက်သည်။
"မနေ့က တပည့်အများစု အရင်းမြစ်လှဲဖို့ နေဝင်မြို့ကို ပြန်လာကြတယ်..."
"အဲ့တာကို အခွင့်ကောင်းယူပြီး သားရဲလှိုင်းက ရှေ့တန်းမှာ တိုက်ခိုက်မှုတွေတိုးလာတယ်..."
"အစွမ်းထက်သားရဲအချို့လည်းထွက်ပေါ်တော့ ရလဒ်အနေနဲ့ ကောင်းကင်ဘုံစက်ယန္ဒယားခန်းမက အရေးပေါ်မစ်ရှင်တွေ ထုတ်ပြန်လိုက်တယ်...."
"ရှေ့တန်းသွားပြီး သားရဲဘုရင်ငါးကောင်းသတ်နိုင်ရင် သိမ်မွေ့အဆင့်တာဝန်တစ်ခုပြီးမြောက်တယ်လို့ ယူဆနိုင်တယ်...."
"ကိုယ်သတ်နိုင်လေလေ ဆုလာဒ်တွေ ပိုရလေလေပဲ...."
"ဂျင်ကျောင်းမင်၊ လန်ဖေးယန်နဲ့ ဟွရှန်ချန်တို့ အစောကြီးကတည်းက ထွက်သွးကြပြီ..."
ခဏရပ်ပြီး...
ရှချောင်ကော ညင်သာစွာ သူမဆံပင်ကို နားနောက်သပ်ပြီး ပြောလိုက်သည်။
"ဦးလေးဆရာ, နင်ဘယ်အချိန်သွားမှာလဲ..."
"ချောင်ကော နင်နဲ့အတူလိုက်ခဲ့မယ်...."