← Chapters

အခန်း (၁၂၅၅-၁၂၅၇)

Vol. 84 Ch. 1255-1257

အခန်း (၁၂၅၅-၁၂၅၇)

Vol. 84 Ch. 1255-1257

အခန်း (၁၂၅၅) - အထက်တန်းလွှာများ အားလုံး ထွက်ပေါ်လာခြင်း

ပိုင်လီရှောင်ကွမ်သည် သူမ၏ ခရီးစဉ်ကို အစွမ်းကုန် အရှိန်မြှင့်တင်သွားနေချိန်မှာပင်

အထက် ကောင်းကင်ယံတွင်လည်း အခြားသော အဖွဲ့တစ်ဖွဲ့သည် တိတ်ဆိတ်စွာ ပျံသန်းနေလေသည်။

အဖွဲ့၏ အလယ်ဗဟိုတွင် အမည်းရောင် ဝေါယာဉ်ကြီးတစ်ခု ပါရှိလေသည်။

ထိုအချိန်တွင် ဝေါယာဉ်ကြီးသည် အနက်ရောင် အလင်းတန်းတစ်ခုအတွင်း၌ ရစ်ပတ်ဖုံးလွှမ်းနေပြီး မျက်စိကျိန်းမတတ် မြန်ဆန်သော အမြန်နှုန်းဖြင့် ပျံသန်းနေလေသည်။

ဝေါယာဉ်ကြီးသည် အပြင်ဘက်မှ ကြည့်လျှင် သိပ်မကြီးမားဟု ထင်ရသော်လည်း အတွင်းဘက်တွင် အလွန်တရာ ကျယ်ဝန်းပြီး ခမ်းနားထည်ဝါစွာ ပြင်ဆင်ထားလေသည်။

ထိုအခိုက်အတန့်၌ ဝေါယာဉ်အတွင်းတွင် ကျန်မိသားစု၏ သားအကြီးဆုံးဖြစ်သော ကျန်ကျားလျန်သည် ပြုံးရွှင်စွာဖြင့် သူ၏ ခွက်ကို မြှောက်လိုက်ပြီး သူ့မျက်နှာချင်းဆိုင်တွင် ထိုင်နေသော ဖြူရော်ရော် မျက်နှာနှင့် အမျိုးသားကို ခေါင်းညိတ်ပြလိုက်လေသည်။

"လာပါ အစ်ကိုကျင်း... အတူတူ သောက်ကြရအောင်"

ကျင်းဟောင်ရန်သည် အနည်းငယ် တုန်ယင်သွားပြီး သူ၏ အတွေးများထဲမှ နိုးထလာကာ ဝိုင်ခွက်ကို မြှောက်၍ အတူတကွ သောက်လိုက်လေသည်။

ထို့နောက် သူတို့သည် ခွက်များကို အောက်သို့ ချထားလိုက်ကြသည်။ ကျန်ကျားလျန်က ပြုံးလိုက်လေသည်။

"အစ်ကိုကျင်း အမြဲတမ်း စိတ်လွင့်နေတာကို ကြည့်ရတာ အခုရလာမယ့် အခွင့်အရေးနဲ့ ပတ်သက်ပြီး စိုးရိမ်နေတာလား"

ထိုစကားကို ကြားသောအခါ ကျင်းဟောင်ရန်က သက်ပြင်းချလိုက်လေသည်။

"တကယ်ပါပဲ၊ အစ်ကိုကျန်... ရိုးရိုးသားသား ပြောရရင် ကျင်းမြို့တော်ကနေ ထွက်လာကတည်းက ကျွန်တော် နည်းနည်း စိတ်မသက်မသာ ဖြစ်နေမိတယ်၊ ဒီခရီးစဉ်က အဲဒီလောက် ချောချောမွေ့မွေ့ ဖြစ်မှာမဟုတ်ဘူးလို့ ခံစားနေရတယ်"

ကျန်ကျားလျန်က အားရပါးရ ရယ်မောလိုက်လေသည်။

"အစ်ကိုကျင်းက ဘယ်အချိန်ကတည်းက ဒီလို ခံစားချက်မျိုးတွေကို ယုံကြည်သွားရတာလဲ၊ ကျင်းနိုင်ငံရဲ့ နံပါတ်တစ် တော်ဝင်ကုန်သည် မိသားစုဖြစ်တဲ့ ကျင်းအိမ်တော်ရဲ့ သားအကြီးဆုံးအနေနဲ့ ခင်ဗျားလည်း ကြောက်တတ်နေပြီလား"

ကျင်းဟောင်ရန်က ခါးသီးစွာ ပြုံးလျက် ခေါင်းယမ်းလိုက်လေသည်။

"သေချာတာပေါ့... ဒါက ကြောက်တာနဲ့ မဆိုင်ပါဘူး၊ ပြီးတော့ သခင်လေးကျန် ဒီမှာရှိနေတော့ ကျွန်တော်က ပိုပြီးတောင် ယုံကြည်မှု ရှိနေပါသေးတယ်"

ကျန်ကျားလျန်သည် တိကျသော အဖြေမပေးဘဲ ဂုဏ်ယူဝင့်ကြွားသော အပြုံးဖြင့်သာ တုံ့ပြန်လိုက်လေသည် ကျင်းဟောင်ရန်၏ အဆင့်အတန်းမှာ မွန်မြတ်သော်လည်း သူကလည်း လုံးဝ နိမ့်ကျသူ မဟုတ်ပေ။ ဘာပဲဖြစ်ဖြစ် ကျင်းနိုင်ငံရှိ အထက်တန်းလွှာ မိသားစုများအကြောင်း ပြောရမည်ဆိုလျှင် ကျန်အိမ်တော်သည် သေချာပေါက် ပါဝင်မည်သာ ဖြစ်လေသည်။

"ဒါဆို အစ်ကိုကျင်းက ဘာကို စိုးရိမ်နေတာလဲ"

ကျန်ကျားလျန်က ခပ်ပေါ့ပေါ့ပင် မေးလိုက်လေသည်။ ကျင်းဟောင်ရန်က တည်ကြည်လေးနက်သော လေသံဖြင့် ပြောလိုက်လေသည်။

"ရှင်းအိမ်တော်က တစ်ချိန်တုန်းက ကျင်းနိုင်ငံအတွက် နိုင်ငံရဲ့ မဏ္ဍိုင်ကြီး တစ်ခုအဖြစ် သတ်မှတ်ခံခဲ့ရတယ်၊ ဒါပေမဲ့ တော်ဝင်မိသားစုနဲ့ သဘောထား ကွဲလွဲမှုတွေကြောင့် သူတို့က ကပ်ဘေးဆိုက်တဲ့ အဆုံးသတ်နဲ့ ရင်ဆိုင်ခဲ့ရပြီး ရှင်းယွီဟယ်နဲ့ ရှင်းယွီရှူ နှစ်ယောက်တည်းသာ ထွက်ပြေးလွတ်မြောက်သွားနိုင်ခဲ့တယ်၊ သူတို့က ခြေရာလက်ရာမကျန် ပျောက်ကွယ်သွားခဲ့တာ နှစ်ပေါင်းများစွာ ကြာခဲ့ပြီဆိုတော့ ဘယ်သူမှ ရှာလို့မတွေ့နိုင်ခဲ့ဘူး၊ မကြာသေးခင်ကမှ သူတို့ကိုယ်တွင်းက ထူးခြားတဲ့ အဆိပ်ကနေတစ်ဆင့် သူတို့ ဘယ်မှာရှိနေလဲဆိုတာကို ကျွန်တော်တို့ ရှာတွေ့ခဲ့တာလေ"

"ဒါကြောင့် ကျင်းနိုင်ငံက အထက်တန်းလွှာ တော်တော်များများက ရှင်းယွီဟယ်ဆီမှာရှိတဲ့ အခွင့်အရေးကို ဆုပ်ကိုင်ဖို့ စုရုံးလာကြတာပဲ၊ ဒါပေမဲ့ ဒီကိစ္စက အပေါ်ယံမြင်ရတာထက် ပိုနက်နဲနေသလို ကျွန်တော် ခံစားရတယ်"

ကျန်ကျားလျန်က မျက်ခုံးကို အနည်းငယ် ပင့်လိုက်လေသည်။

"အိုး... အစ်ကိုကျင်းက ဘာလို့ အဲဒီလို ပြောရတာလဲ"

ကျင်းဟောင်ရန်သည် အတန်ကြာအောင် စဉ်းစားနေပြီးနောက် ခါးသီးစွာ ပြုံးလျက် ပြောလိုက်လေသည်။

"ကျွန်တော်လည်း အတိအကျ မပြောပြတတ်ဘူး၊ ကျွန်တော်ကပဲ သံသယလွန်ကဲနေတာ ဖြစ်နိုင်ပေမဲ့ ဒီကိစ္စအတွင်းမှာ မမျှော်လင့်ထားတဲ့ အရာတစ်ခုခု ဖြစ်လာနိုင်တယ်လို့ ခံစားနေရတယ်"

"ခင်ဗျား ဆိုလိုတာက..."

ကျန်ကျားလျန် အနည်းငယ် လန့်သွားလေသည်။ ကျင်းဟောင်ရန်က ခေါင်းယမ်းလိုက်သည်။

"ကျွန်တော်လည်း သေချာ မပြောနိုင်ပါဘူး၊ သံသယနည်းနည်း ရှိနေတာပါ"

ကျန်ကျားလျန်က ရယ်မောလိုက်လေသည်။

"သတိထားတာကတော့ အမြဲတမ်း မှန်ပါတယ်၊ ဒါပေမဲ့ အစ်ကိုကျင်းက နည်းနည်းလေး ပိုပြီး ဂရုစိုက်လွန်းနေသလိုပဲ၊ ကျွန်တေ။်တို့နှစ်ယောက် ပိုင်ဆိုင်ထားတဲ့ စွမ်းအားနဲ့ဆိုရင် ကမ္ဘာကြီးကိုတောင် သိမ်းပိုက်လို့ ရနေပြီလ၊ ဒါဆို သေခါနီး အဘိုးကြီး တစ်ယောက်ကို ဘယ်လိုလုပ် ကြောက်နေရမှာလဲ"

ကျင်းဟောင်ရန်က ခေါင်းညိတ်လိုက်လေသည်။

"အဲဒါလည်း ဟုတ်ပါတယ်၊ ဒါပေမဲ့ ကျင်းနိုင်ငံက အထက်တန်းလွှာတွေ အားလုံး လှုပ်ရှားနေကြပြီဆိုတော့ ငါတို့လည်း အရင်ဆုံး လက်ဦးမှု ရယူရမယ်၊ မဟုတ်ရင် လက်ဦးမှု ဆုံးရှုံးသွားတာနဲ့ ငါတို့ရဲ့ ကြိုးစားအားထုတ်မှုတွေ အားလုံး အချည်းနှီး ဖြစ်သွားနိုင်တယ်"

"ဟက်... အဲဒီ အသုံးမကျတဲ့ ကောင်တွေအကြောင်းကို ငါကများ စိုးရိမ်နေရမှာလား"

ကျန်ကျားလျန်၏ မျက်နှာပေါ်တွင် မထီမဲ့မြင်ပြုမှု အရိပ်အယောင်တစ်ခု ပေါ်လာလေသည်။ ကျင်းဟောင်ရန်က ရယ်မောလိုက်လေသည်။

"ကြွားလုံးထုတ်ပြီး အပျော်အပါးမှာပဲ နစ်မွန်းနေတတ်တဲ့ အဲဒီကောင်တွေကိုတော့ သေချာပေါက် ထည့်တွက်စရာ မလိုပါဘူး၊ ဒါပေမဲ့ ဒီတစ်ခါ ကိစ္စက အရမ်း အရေးကြီးတယ်၊ ကျွန်တော် ကြားတာတော့... မင်းသမီးလေး ကိုယ်တိုင်တောင် လှုပ်ရှားနေတဲ့ပုံပဲ"

မင်းသမီးလေးဟူသော စကားလုံးမှာ မှော်ဆန်သော အစွမ်းအာနိသင် တစ်ခု ပါရှိနေသကဲ့သို့ပင်ထင်ရသည်။ ဂရုမစိုက်ဟန် ပြနေခဲ့သော ကျန်ကျားလျန်သည် ထိုစကားကို ကြားသည်နှင့် မျက်နှာဖြူရော်သွားပြီးနောက် အသက်ကို ဖြည်းညင်းစွာ ရှူထုတ်လိုက်လေသည်။

"ဒါဆို ပိုင်လီရှောင်ကွမ်... အဲဒီ မိန်းမယုတ်တောင် လှုပ်ရှားနေပြီပေါ့"

ကျင်းဟောင်ရန်က ခေါင်းညိတ်လိုက်လေသည်။

"ဒါက အခု နည်းနည်းတော့ ခက်ခဲသွားပြီ"

ကျန်ကျားလျန်က သူ့ဖာသာ ရေရွတ်လိုက်သည်။

"အခု ငါတို့ လုပ်နိုင်တာက အဲဒီ မိန်းမကျိန်စာသင့်ထက် အရင် ရှင်းယွီဟယ်ကို ရှာတွေ့ဖို့ပဲ ရှိတော့တယ်"

သူသည် လက်တစ်ချက် ဝှေ့ယမ်းလိုက်ကာ ကျန်ကျားလျန်၏ ရှေ့တွင် အမည်းရောင် ချီစွမ်းအင် အစုအဝေးတစ်ခု ပေါ်လာလေသည်။ ၎င်းကို စကားအနည်းငယ် တီးတိုးပြောလိုက်ပြီးနောက် ထိုအမည်းရောင် ချီစွမ်းအင်သည် ခြေရာလက်ရာမကျန် ပျောက်ကွယ်သွားလေတော့သည်။

ထိုနောက်တွင် အစေခံများ ထမ်းလာသော ဝေါယာဉ်၏ အမြန်နှုန်းမှာ တဟုန်ထိုး မြင့်တက်လာပြီး အဝေးတစ်နေရာဆီသို့ လျင်မြန်သော အရှိန်ဖြင့် အပြေးအလွှား သွားလေတော့သည်။

"လာ... လာ... လာ... ဆက်သောက်ကြရအောင်၊ ပိုင်လီရှောင်ကွမ်ဆိုတဲ့ မိန်းမက တကယ်ပဲ ပေါ်လာရင်တောင် ငါတို့နှစ်ယောက် ပူးပေါင်းလိုက်ရင် သူ့ကို တကယ်ပဲ ကြောက်နေရမှာလား"

ကျန်ကျားလျန်က ရယ်မောကာ ပြောလိုက်လေသည်။ သို့သော် ဤစကားများက မိမိကိုယ်ကို အားပေးနေခြင်းနှင့် ပို၍ တူနေလေသည်။ ကျင်းဟောင်ရန်သည် ဤအချက်ကို ကောင်းစွာ သိရှိထားသော်လည်း ပြုံးရုံသာ ပြုံးလိုက်ပြီး ကျန်ကျားလျန်နှင့်အတူ ဆက်လက်သောက်ရန် ခွက်ကို မြှောက်လိုက်လေသည်။

အခြားသူများ အလွယ်တကူ သတိမထားမိနိုင်သော စိုးရိမ်ပူပန်မှု အရိပ်အယောင်လေး တစ်ခုသာ သူ၏ မျက်လုံးများထဲတွင် ဖြတ်ပြေးသွားလေသည်။

လမ်းမကြီးတစ်လျှောက် တည့်မတ်စွာ ချီတက်လာသော ပိုင်လီရှောင်ကွမ် ဖြစ်စေ၊ ကောင်းကင်ယံထက်တွင် ပျံသန်းနေသော ကျန်ကျားလျန် ဖြစ်စေ သူတို့ ဖြတ်သန်းသွားပြီးနောက် အမှောင်ထုထဲတွင် ပုန်းအောင်းနေသော အေးစက်ပြီး လျှို့ဝှက်ဆန်းကြယ်သည့် သတ်ဖြတ်လိုစိတ်ကို မည်သူကမျှ သတိမထားမိခဲ့ကြချေ။

မိစ္ဆာချိတ်ပိတ် မြို့တော်ကို ဗဟိုပြု၍ မိုင်တစ်သောင်း အချင်းဝက်ရှိသော စက်ဝိုင်းကြီးတစ်ခုကို ဆွဲကြည့်မည်ဆိုလျှင် ဤစက်ဝိုင်းကြီး အတွင်း၌ မြို့ရွာများက လွှမ်းမိုးထားခြင်း မဟုတ်ဘဲ အဆုံးအစမဲ့နီးပါး ကျယ်ပြောလှသော သစ်တောပင်လယ်ကြီး တစ်ခုသာ ရှိနေကြောင်းကို တွေ့ရှိရမည် ဖြစ်လေသည်။

ထူထပ်သိပ်သည်းလှသော သစ်တောများသည် မြေပြင်ကို လုံးဝနီးပါး ဖုံးလွှမ်းထားပြီး မိစ္ဆာချိတ်ပိတ် မြို့တော်နှင့် ပြင်ပကမ္ဘာကို ဆက်သွယ်ပေးရန်အတွက် ၎င်းကို ဖြတ်သန်းသွားသော လမ်းတစ်လမ်းတည်းသာ ရှိလေသည်။ နေ့ခင်းဘက်တွင်ပင် ကောင်းကင်နှင့် နေရောင်ကို ဖုံးကွယ်ထားသော ဤသစ်တောထဲ၌ နေရောင်ခြည်ကို လုံးဝ မမြင်တွေ့နိုင်ချေ။

ဤကဲ့သို့သော သစ်တောမျိုးကို အနီးအနားတွင် နေထိုင်ကြသော လူများက အလွန်တရာ ရိုသေလေးစားမှု၊ ကြောက်ရွံ့မှုတို့ဖြင့် တစ္ဆေသစ်တောဟု ခေါ်ဝေါ်ကြလေသည်။ စစ်မှန်အင်မော်တယ်တစ်ပါး ဖြစ်နေလျှင်ပင် ဤကျယ်ပြောလှသော သစ်တောပင်လယ်ကြီးထဲသို့ ဝင်ရောက်သွားသည်နှင့် တစ်ပြိုင်နက် ခြေရာလက်ရာမကျန် ပျောက်ကွယ်သွားပြီး ပြန်လာနိုင်မည် မဟုတ်ချေ။

လူများအတွက်သာမက တောရိုင်းတိရစ္ဆာန်များပင်လျှင် ဤသစ်တောအနီးသို့ မချဉ်းကပ်ဝံ့ကြချေ။ ထို့အပြင် ဤကျယ်ပြောလှသော သစ်တောပင်လယ်ကြီး၏ အလယ်ဗဟို တည့်တည့်တွင် ကောင်းကင်သို့ ထိမတတ် ဧရာမ သစ်ပင်ကြီးတစ်ပင် မားမားမတ်မတ် ရှိနေလေသည်။

သစ်ပင်ကြီး၏ အခေါက်များသည် နဂါးအကြေးခွံများကဲ့သို့ အိုမင်းရင့်ရော်နေပြီဖြစ်ပြီး ၎င်း၏ ပင်စည်မှာ လိမ်ကောက်ပြီး ရစ်ခွေနေသော ပုံစံဖြင့် ကြီးထွားနေလေသည်။ တစ်ချက်ကြည့်လိုက်ရုံဖြင့် အကြမ်းဖက် သားရဲကြီး တစ်ကောင် ထိုနေရာတွင် ဝပ်နေသကဲ့သို့ ထင်မှတ်ရလေသည်။

ဧရာမ သစ်ပင်ကြီး၏ ပတ်လည်ရှိ အခြားသော သစ်ပင်များ အားလုံးမှာ သူတို့၏ ဘုရင်ကို ရှိခိုးပူဇော်နေသကဲ့သို့ ညွှတ်ကိုင်းနေကြလေသည်။

ထိုအခိုက်အတန့်တွင် လေဟာနယ်ထဲမှ နွယ်ပင်အနည်းငယ် ပြန်လည်ဆုတ်ခွာလာပြီးနောက် ဧရာမ သစ်ပင်ကြီး၏ အခြေတွင် ရစ်ခွေသွားကြလေသည်။

ခဏအကြာတွင် ဧရာမ သစ်ပင်ကြီးသည် သဲ့သဲ့လေး တုန်ခါစပြုလာပြီး ၎င်း၏ လှုပ်ခါနေသော သစ်ကိုင်းများမှ ထွက်ပေါ်လာသည့် တရှပ်ရှပ် အသံများသည် ကျောရိုးတစ်လျှောက် စိမ့်သွားစေရန် လုံလောက်လှပေသည်။

အသံလှိုင်းများ ဖြတ်သန်းသွားသော နေရာတိုင်းရှိ ပတ်ဝန်းကျင်မှ သစ်ပင်များ အားလုံး တုန်ခါသွားကြပြီး သစ်တောပင်လယ်ကြီး တစ်လျှောက် လှိုင်းတံပိုးများ ထကြွလာစေခဲ့လေသည်။

ထို့နောက် ဧရာမ သစ်ပင်ကြီး၏ ရှေ့တွင် အမည်းရောင် ချီစွမ်းအင်များ လေထုထဲသို့ ပြည့်နှက်သွားပြီး ငြင်းဆန်၍မရနိုင်သော ဩဇာတိက္ကမ အငွေ့အသက်များကို ထုတ်လွှတ်နေသည့် သက်လတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးအဖြစ် ချက်ချင်း စုစည်းသွားလေသည်။

အေးစက်သော သတ်ဖြတ်လိုစိတ်များ ထွက်ပေါ်နေသည့် မျက်လုံးတစ်စုံနှင့်အတူ ထူထဲသော သစ်သားချပ်ဝတ်တန်ဆာကို ဝတ်ဆင်ထားသော သူသည် ငိုသလို ရယ်သလို အမူအရာဖြင့် ဟိန်းဟောက်လိုက်လေသည်။

"နှပ်ချေးတွဲလွဲနဲ့ အဲဒီ တာအိုဘုန်းကြီးအိုက ငါ့ရဲ့ ကိုယ်လုပ်တော်ကို သတ်ပြီး ငါ့ရဲ့ လက်အောက်ငယ်သားတွေကို ဖျက်ဆီးရဲတယ်ပေါ့"

ထိုအသံမှာ ယောက်ျားအသံနှင့် မိန်းမအသံ နှစ်ခုစလုံး ရောနှောနေပြီး ကြမ်းတမ်းကာ နားထောင်ရ ဆိုးရွားလှပေသည်။ ဟိန်းဟောက်သံ ရောက်ရှိသွားသော နေရာများရှိ သစ်ပင်များစွာမှာ တိုက်ရိုက် ပေါက်ကွဲသွားပြီး အပိုင်းပိုင်းအစစ ဖြစ်သွားကြလေသည်။ ထို့နောက် ထိာအမျိုးသားက ဒေါသတကြီး ပြောလိုက်လေသည်။

"ဒီမြို့ငယ်လေးကို ဝင်မစွက်ဖက်ဘဲ ဆက်ရှိနေခွင့်ပြုပြီး ငါက အဲဒီ နှပ်ချေးတွဲလွဲ အဘိုးကြီးကို မျက်နှာသာပေးခဲ့တာ၊ ဒါပေမဲ့ သူက အရမ်း ကျေးဇူးကန်းတာပဲ၊ ဒီလိုဆိုမှတော့ အကုန်လုံး သေကြရမယ်"

သူ၏ စကားဆုံးသည်နှင့် တစ်ပြိုင်နက် သစ်တောပင်လယ်ကြီးထဲရှိ သစ်ပင်များသည် ဘေးတစ်ဖက်တစ်ချက်စီသို့ ညွှတ်ကိုင်းသွားကြပြီး လမ်းကြောင်းတစ်ခုကို ဖွင့်ပေးလိုက်ကြလေသည်။ ထို့နောက် ဧရာမ သစ်ပင်ကြီး၏ သစ်ကိုင်းများသည် ပလ္လင်တစ်ခုအဖြစ် ဆန့်ထွက်လာလေသည်။

အမျိုးသားသည် ၎င်းပေါ်တွင် ထိုင်လိုက်ပြီးနောက် သစ်တောပင်လယ်ကြီးကို ဖြတ်ခွဲကာ အဝေးရှိ မိစ္ဆာချိတ်ပိတ် မြို့တော်ဆီသို့ တည့်မတ်စွာ ထွက်ခွာသွားလေတော့သည်။

အခန်း (၁၂၅၆) - အခမ်းအနားကြီးတစ်ခု

ထိုစကားကို ကြားသောအခါ ရှင်းယွီရှူသည် ခေါင်းငုံ့ထားရုံသာ တတ်နိုင်တော့သည်။

ဆယ်နှစ်ကျော်မျှသာ ရှိသေးသော သူ၏ တိုတောင်းလှသည့် ဘဝသက်တမ်းတွင် မိစ္ဆာချိတ်ပိတ် မြို့တော်သည် အလွန်တရာ အရေးပါသော နေရာတစ်ခုအဖြစ် တည်ရှိနေခဲ့လေသည်။ သူ၏ ကလေးဘဝက ပူပင်သောကကင်းပြီး ဇိမ်ကျကျ နေထိုင်ခဲ့ရသော ဘဝလေးမှာ ထိုအချိန်က အသက်ငယ်ရွယ်လွန်းလှသဖြင့် ဝေဝါးနေခဲ့ပြီ ဖြစ်သည်။

သူ၏ လူငယ်ဘဝ အချိန်အများစုကို ဖြတ်သန်းခဲ့ရသော ဤမိစ္ဆာချိတ်ပိတ် မြို့တော်လေးသာလျှင် သူ၏ ဒုတိယ ဇာတိမြေ ဖြစ်လာခဲ့လေသည်။

ထို့ကြောင့်ပင် သူသည် ဤနေရာမှ ထွက်ခွာသွားရန် အလွန် ခက်ခဲနေခဲ့ခြင်း ဖြစ်လေသည်။

သဘာဝကျကျပင် ရှင်းယွီဟယ်သည် ဤအရာအားလုံးကို နားလည်ထားပြီး ခြောက်သွေ့နေသော သစ်ကိုင်းတစ်ကိုင်းကဲ့သို့ ပိန်လှီနေပြီဖြစ်သော သူ၏ လက်ကိုဆန့်ကာ မြေးဖြစ်သူ၏ ပါးပြင်ကို ညင်သာစွာ ပွတ်သပ်လိုက်ရင်း တိုးညင်းစွာ ပြောလိုက်လေသည်။

"တုံးအတဲ့ ကလေးမလေး... ဒီမှာ ဆက်နေလို့ တစ်ခုခု ပြောင်းလဲသွားမယ်လို့ မင်း တကယ် ထင်နေတာလား၊ တစ္ဆေသစ်တောထဲက တစ္ဆေဘုရင်က တစ်ချိန်ချိန်ကျရင် သတိဝင်လာမှာပဲ၊ အဲဒီအချိန်ကျရင် မင်းရဲ့ လက်ရှိ စွမ်းအားနဲ့ သူ့ကို ဟန့်တားနိုင်မှာ မဟုတ်ဘူး၊ ဒါကြောင့် တစ်ခုတည်းသော နည်းလမ်းက ပိုပြီး အစွမ်းထက်လာအောင် လုပ်ဖို့ပဲ၊ ဒါမှ နောက်ဆယ်နှစ်ကြာရင် ဒီမြို့ငယ်လေးက လူတွေကို မင်း ကာကွယ်ပေးနိုင်မှာပေါ့"

"ဟုတ်ကဲ့၊ ယွီရှူ နားလည်ပါပြီ"

ရှင်းယွီရှူသည် အသက်ပြင်းပြင်း တစ်ချက်ရှူလိုက်ပြီး ဖြည်းညင်းစွာ ပြောလိုက်လေသည်။ ရှင်းယွီဟယ်က ပြုံးကာ ခေါင်းညိတ်လိုက်သော်လည်း ထိုအချိန်မှာပင် သူသည် ရုတ်တရက် ခေါင်းမော့လာပြီး သူ၏ မျက်လုံးများထဲတွင် တုန်လှုပ်ဖွယ်ကောင်းသော တောက်ပမှုတစ်ခု ပေါ်လွင်လာကာ မသေချာမရေရာစွာဖြင့် ရေရွတ်လိုက်လေသည်။

"ဘာတွေ ဖြစ်နေတာလဲ၊ သူတို့က ငါတို့ကို ဒီအထိတောင် လိုက်လာကြတာလား"

ရှင်းယွီရှူမှာ လန့်သွားသည်။

"ဘာဖြစ်လို့လဲ အဘိုး"

ရှင်းယွီဟယ်၏ မျက်နှာအမူအရာမှာ ပို၍ အကျည်းတန်သွားပြီး သူက ရုတ်တရက် လေးနက်သော အသံဖြင့် ပြောလိုက်လေသည်။

"အရှင်ဆေးတစ္ဆေ ချန်ထားခဲ့တဲ့ ဆေးလုံးကို ငါ့ကို ပေးစမ်း"

ရှင်းယွီရှူသည် သူ၏ ရင်ခွင်ထဲမှ ကျောက်စိမ်းပုလင်းလေးကို အလျင်အမြန် ထုတ်ယူလိုက်ပြီး လောင်းထည့်လိုက်သည်နှင့် တစ်ပြိုင်နက် ရှင်းယွီဟယ်သည် ၎င်းကို တစ်ကျိုက်တည်း မျိုချလိုက်လေသည်။ ထို့နောက် သူ၏ မျက်လုံးများကို မှိတ်လိုက်ရာ သူ၏ မျက်နှာအရောင်မှာ ခန့်မှန်းရခက်သော အပြောင်းအလဲများ စတင် ဖြစ်ပေါ်လာလေတော့သည်။

ရှင်းယွီရှူသည် ဘာတွေဖြစ်နေမှန်း တကယ် နားမလည်တော့သဖြင့် သူ၏ တစ်ကိုယ်လုံးရှိ ကြက်သီးမွေးညင်းများပင် ထလာသည်အထိ ခံစားလိုက်ရလေသည်။

တစ်ချိန်တည်းမှာပင်။ ခြံဝင်းထဲတွင် ကလေးတစ်စုကို စာရေးရန် သင်ပေးနေသော ရွှယ်အန်းသည်လည်း အဝေးရှိ ကောင်းကင်ယံကို ရုတ်တရက် မော့ကြည့်လိုက်ရာ သူ၏ နှုတ်ခမ်းထောင့်တွင် အေးစက်သော အပြုံးတစ်ခု ပေါ်လာလေသည်။

"တော်တော်လေး စည်ကားလာတော့မှာပဲ"

ထိုသို့ပြောကာ ရွှယ်အန်းသည် ဟင်္သာပြဒါးရောင် မျှော်စင်ဆီသို့ ခေါင်းလှည့်ကြည့်လိုက်ပြီး ခပ်ပေါ့ပေါ့ပင် ပြောလိုက်လေသည်။

"ငါ့ခန့်မှန်းချက်က မှန်ပုံရတယ်၊ မင်းကိုယ်တွင်းက အဆိပ်က မင်းရဲ့ အသက်ကို ယူရုံတင်မကဘူး၊ တည်နေရာပြ ကိရိယာတစ်ခု အနေနဲ့ပါ အလုပ်လုပ်ပေးနိုင်တာပဲ"

မည်သည့်အရာဖြစ်နေမှန်း မသိသော ရှောင်ရွေ့သည် ရွှယ်အန်းကို အနည်းငယ် ဇဝေဇဝါဖြစ်စွာ ကြည့်ကာ မေးလိုက်လေသည်။

"အစ်ကိုကြီး... ဘာဖြစ်လို့လဲ၊ ဘာတွေ ဖြစ်နေတာလဲ"

ရွှယ်အန်းက ပြုံးလိုက်လေသည်။

"ဘာမှမဖြစ်ပါဘူး၊ စည်စည်ကားကားလေး ဖြစ်လာတော့မလို့ပါ"

"စည်စည်ကားကားလေး ဟုတ်လား"

ရှောင်ရွေ့မှာ အနည်းငယ် ကြောင်တောင်တောင် ဖြစ်သွားလေသည်။

ရွှယ်အန်းက ရယ်မောလိုက်ပြီးနောက် ကြယ်များ ကျဲပါးနေသော ညကောင်းကင်ယံကို ကြည့်ရန် ခေါင်းစောင်းလိုက်ကာ ခပ်ပေါ့ပေါ့ပင် ပြောလိုက်လေသည်။

"ဟုတ်တယ်၊ အကြီးကြီးကို စည်ကားတော့မှာ"

ထိုအချိန်တွင် ဟင်္သာပြဒါးရောင် မျှော်စင်အတွင်း၌ ဆေးလုံးကို မျိုချလိုက်သော ရှင်းယွီဟယ်သည် အလင်းဝန်းရံတစ်ခုဖြင့် ဖုံးလွှမ်းသွားပြီး သူ၏ မျက်နှာပေါ်ရှိ အရေးအကြောင်းများသည် လျင်မြန်စွာ ပျောက်ကွယ်သွားကာ သူ၏ ဖြူနေသော ဆံပင်များပင် မျက်စိတစ်မှိတ်အတွင်း နက်မှောင်သွားလေတော့သည်။

ဤအံ့ဖွယ် မြင်ကွင်းက ရှင်းယွီရှူကို မျက်လုံးပြူးသွားစေခဲ့လေသည်။

အရှင်ဆေးတစ္ဆေ ချန်ထားခဲ့သော ဆေးလုံးတွင် ဤမျှလောက် အံ့မခန်း အစွမ်းအာနိသင် ရှိနေလိမ့်မည်ဟု သူ ဘယ်တုန်းကမှ တွေးတောမထားခဲ့ချေ။

ဒါဆိုရင် အဘိုးက ဆက်ပြီး အသက်ရှင်နေနိုင်ပြီပေါ့...

ရှင်းယွီရှူသည် မျှော်လင့်ချက်များစွာဖြင့် တွေးလိုက်မိလေသည်။ ထိုစဉ်မှာပင် ရှင်းယွီဟယ်က သူ၏ မျက်လုံးများကို ရုတ်တရက် ဖွင့်လိုက်ပြီး ကုတင်ပေါ်မှ ခုန်ဆင်းကာ အပြင်သို့ တည့်မတ်စွာ ပြေးထွက်သွားလေတော့သည်။ ရှင်းယွီရှူသည် ခဏမျှ မှင်တက်သွားပြီးနောက် အလျင်အမြန် နောက်မှ လိုက်သွားလေသည်။

ဆေးလုံးကို မျိုချပြီးနောက် ရှင်းယွီဟယ်၏ အမြန်နှုန်းမှာ ကြောက်မက်ဖွယ် ကောင်းလောက်အောင် မြန်ဆန်နေပြီး မျက်စိတစ်မှိတ်အတွင်းမှာပင် သူသည် မြို့ရိုးအထက် ကောင်းကင်ယံသို့ ပျံသန်းရောက်ရှိသွားခဲ့လေပြီ။

ရှင်းယွီရှူသည် ခဲယဉ်းစွာ အမီလိုက်လာခဲ့ရပြီး အနည်းငယ် မောဟိုက်စွာဖြင့် ပြောလိုက်လေသည်။

"အဘိုး... ဘာတွေ..."

သူ စကားပင် မဆုံးလိုက်ခင်မှာ ရပ်တန့်သွားလေသည်။ အဘယ်ကြောင့်ဆိုသော် အဖြေကို သူ သိလိုက်ရပြီ ဖြစ်သောကြောင့်ပင်ဖြစ်သည်။

မြို့ပြင်ရှိ ရှေးဟောင်း လမ်းမကြီး၏ အဆုံးတွင် ပုံရိပ်တစ်စု ထွက်ပေါ်လာသည်ကို သူ မြင်တွေ့လိုက်ရလေသည်။

အစပိုင်းတွင် ရှင်းယွီရှူသည် ၎င်းတို့မှာ ဘာတွေလဲဆိုတာ သေချာ မသိခဲ့ချေ။

အကွာအဝေးက အရမ်း ဝေးလွန်းနေသောကြောင့် အဝေးမှ လှမ်းကြည့်လိုက်လျှင် အမည်းရောင် ပုံရိပ်ငယ်လေးများကိုသာ သူ မြင်တွေ့နိုင်ခဲ့လေသည်။ သို့သော် အသက်ရှူကြိမ် အနည်းငယ် အတွင်းမှာပင် ဤအဖွဲ့သည် ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဟုန်ဖြင့် အလွန် ရှည်လျားလှသော အကွာအဝေးကို ဖြတ်ကျော်ကာ မြို့ရိုးအောက်ခြေသို့ ရောက်ရှိလာခဲ့လေသည်။

ထိုအချိန်ကျမှသာ ရှင်းယွီရှူသည် ထိုအရာက ငရဲမှ ထွက်ပေါ်လာသည့်အလား တစ္ဆေယာဉ်တန်းတစ်ခု ဖြစ်နေကြောင်းကို အလွန်အမင်း တုန်လှုပ်စွာဖြင့် သတိပြုမိလိုက်လေတော့သည်။

အမည်းရောင် သက်သက် ဖြစ်နေသော မြင်းဆွဲရထားလုံးများသည် မြို့ရိုးအောက်ရှိ ရှေးဟောင်း လမ်းမကြီးပေါ်တွင် တိတ်ဆိတ်စွာ ရပ်တန့်သွားကြပြီး အသံတစ်ချက်မျှ မထွက်သကဲ့သို့ အသက်ရှူသံ အပိုလေးတစ်ခုကိုမျှပင် မခံစားရချေ။

ထိုနေရာတွင် ရှိနေသည်မှာ ဤကြက်သီးထဖွယ် ယာဉ်တန်းကြီးအထက်မှ လွင့်ပျံနေသော အမည်းရောင် မြူခိုးများသာ ဖြစ်လေသည်။ ဤမြင်ကွင်းကို မြင်သောအခါ ရှင်းယွီဟယ်၏ မျက်နှာမှာ ချက်ချင်းဆိုသလို အလွန်တရာ အကျည်းတန်သွားပြီး သူက စကားလုံး တစ်လုံးချင်းစီကို ဖိ၍ ပြောလိုက်လေသည်။

"ပိုင်လီမျိုးနွယ်စု"

အခန်း (၁၂၅၇) - ခြေဖမိုးပေါ်မှ လောက်ကောင်များနှင့် တိုက်ပွဲကြီး

ထိုအသံတွင် နက်ရှိုင်းလှသော အမုန်းတရားများ ပြည့်နှက်နေလေသည်။

သူ၏ စကားနှင့်အတူ ယာဉ်တန်းအတွင်းမှ ပေါ့ပါးသော ရယ်မောသံတစ်ခု ထွက်ပေါ်လာလေသည်။

ထို့နောက် ရထားလုံး၏ လိုက်ကာ ပွင့်သွားပြီး အမည်းရောင် မြူခိုးလွှာများ ပြန့်ကျဲသွားကာ မင်ရည်ကဲ့သို့ မည်းနက်နေသော နှုတ်ခမ်းများရှိသည့် ရေခဲကဲ့သို့ အေးစက်သော အမျိုးသမီး တစ်ဦး ထွက်ပေါ်လာလေသည်။

ရုတ်တရက် ထိုအမျိုးသမီးသည် မြို့ရိုးပေါ်တွင် ရပ်နေသော ရှင်းယွီဟယ်ကို မော့ကြည့်လိုက်ပြီး သူမ၏ မျက်နှာပေါ်တွင် အေးစက်သော အပြုံးတစ်ခု ပေါ်လာလေသည်။

"ရှင်းယွီဟယ်... မတွေ့ရတာ ကြာပြီနော်"

ရှင်းယွီဟယ်၏ မျက်နှာအမူအရာမှာ ငြိမ်သက်နေသော ရေပြင်ကဲ့သို့ တည်ငြိမ်နေပြီး ပိုင်လီရှောင်ကွမ်ကို စူးစိုက်ကြည့်ကာ ကြက်သီးထဖွယ် လေသံဖြင့် ပြောလိုက်လေသည်။

"မင်းတို့က တကယ့်ကို ဖယ်ခွာလို့မရတဲ့ လောက်ကောင်တွေလိုပဲ၊ ဒီနေရာအထိတောင် ရှာတွေ့အောင် လာနိုင်ကြသေးတယ်"

ပိုင်လီရှောင်ကွမ်က တခစ်ခစ် ရယ်မောလိုက်လေသည်။

"ရှင်းယွီဟယ်... ရှင်က ရှင့်ရဲ့ နက်ရှိုင်းတဲ့ ကျင့်စဉ်အဆင့်နဲ့ ကိုယ်တွင်းက အဆိပ်တွေကို ဖိနှိပ်မထားဘူးဆိုရင် ရှင်တို့ကို ကျွန်မတို့ ရှာမတွေ့နိုင်ဘူးလို့ တကယ် ထင်နေတာလား"

ထိုစကားကို ကြားသောအခါ ရှင်းယွီဟယ် အနည်းငယ် မှင်တက်သွားပြီးနောက် သူ သဘောပေါက်သွားလေသည်။

"ဒါဆို ငါ့ကိုယ်တွင်းက အဆိပ်က ငါ့ရဲ့ ခြေရာတွေကို ဖော်ပြပေးနေတာပေါ့လေ"

ပိုင်လီရှောင်ကွမ်က ခေါင်းညိတ်လိုက်လေသည်။

"အတိအကျပဲ"

ထိုသို့ပြောကာ သူမသည် ခေါင်းမော့ကာ ရှင်းယွီဟယ်ကို အေးစက်စွာ ကြည့်လိုက်လေသည်။

"အပိုစကားတွေ ပြောနေစရာ မလိုပါဘူး၊ ရှင်းယွီဟယ်... ရှင်က ပါးနပ်တဲ့သူပါ၊ ကျွန်မ ဒီကို ဘာလို့ လာလဲဆိုတာ ရှင် သေချာပေါက် နားလည်မှာပါ၊ အခု အခွင့်အရေးကို အသာတကြည် လွှဲပေးလိုက်၊ ဒါဆိုရင် ရှင်နဲ့ ရှင့်အနောက်က ဒီမြို့ငယ်လေးကို ကျွန်မ ချမ်းသာပေးကောင်း ပေးနိုင်လိမ့်မယ်"

ရှင်းယွီဟယ်က ရယ်မောလိုက်ရာ သူ၏ အပြုံးတွင် လှောင်ပြောင်မှုများ ပြည့်နှက်နေလေသည်။

"လွန်ခဲ့တဲ့ ဆယ်နှစ်တုန်းကလည်း မင်း ဒီစကားတွေကို တစ်ခါမက ပြောခဲ့ဖူးပါတယ်၊ ဒါပေမဲ့ မင်းထင်လား... ငါက ယုံမယ်လို့"

ပိုင်လီရှောင်ကွမ်၏ မျက်နှာ မှောင်မိုက်သွားလေသည်။

"ရှင်းယွီဟယ်... ကျွန်မက ရှင့်ကို ကြောက်တယ်လို့ မထင်နဲ့၊ ရှင်က ရှင့်ကိုယ်တွင်းက ပြင်းထန်တဲ့ အဆိပ်ကိုတောင် မဖိနှိပ်နိုင်တော့ဘူးဆိုကတည်းက ရှင့်ရဲ့ ခွန်အားတွေ ကုန်ခမ်းနေပြီဆိုတာကို သက်သေပြနေတာပဲ၊ ထပ်ပြီး ရုန်းကန်နေတာက အချည်းနှီးဖြစ်ပြီး ရှင့်ရဲ့ သေဆုံးမှုကို ပိုမြန်သွားစေရုံပဲ ရှိလိမ့်မယ်"

ရှင်းယွီဟယ်က အားရပါးရ ရယ်မောလိုက်ပြီးနောက် မြေးဖြစ်သူကို လှည့်ကြည့်လိုက်လေသည်။

"ယွီရှူ... အခု မင်း မြင်ပြီလား၊ ဒါက ငါတို့ ရှင်းမိသားစုက အသေအလဲ ကာကွယ်ပေးခဲ့တဲ့ လူတွေပဲ"

ရှင်းယွီရှူ၏ မျက်လုံးများမှာ သံမဏိကဲ့သို့ ခိုင်မာနေပြီး ပိုင်လီရှောင်ကွမ်ကို စူးစိုက်ကြည့်ကာ လေးနက်စွာ ခေါင်းညိတ်လိုက်လေသည်။

"ကျွန်တော် ရှင်းရှင်းလင်းလင်း မြင်ပါပြီ"

"ကောင်းတယ်၊ သူတို့ရဲ့ အမူအရာကို မှတ်ထား၊ ပြီးတော့ နောင်တစ်ချိန်ကျရင် ငါတို့ ရှင်းမိသားစုရဲ့ ရန်ငြိုးကို ဆယ်ဆ ပြန်ဆပ်ပေးလိုက်"

"ဟုတ်ကဲ့"

ပိုင်လီရှောင်ကွမ်က ဤစကားများကို ကြားသောအခါ အေးစက်စွာ နှာမှုတ်လိုက်လေသည်။

"သေချင်နေတာပဲ"

ထိုသို့ပြောပြီးနောက် သူမက လက်ယမ်းပြလိုက်လေသည်။ သူမ၏ အနောက်တွင် လမ်းပြခဲ့သော အမျိုးသား ဦးဆောင်သည့် အမည်းရောင် အလင်းတန်းလေးများ ပေါ်ထွက်လာလေသည်။

ထိုအမည်းရောင် အလင်းတန်းများ ပျောက်ကွယ်သွားသောအခါ လေထဲတွင် လွင့်မျောနေသော တစ္ဆေများ ထွက်ပေါ်လာပြီးနောက် သူတို့က ပိုင်လီရှောင်ကွမ်ကို တစ်ပြိုင်နက်တည်း အရိုအသေပေးလိုက်ကြလေသည်။

"မင်းသမီးလေး"

ပိုင်လီရှောင်ကွမ်က ရှေ့သို့ လက်ညှိုးထိုးကာ အေးစက်စွာ ပြောလိုက်လေသည်။

"ဒီမြို့ကို ဖျက်ဆီးပစ်... ရှင်းယွီဟယ်ကို အရှင်ဖမ်းခဲ့"

"ဟုတ်ကဲ့ပါ"

သူမ၏ အမိန့်အောက်တွင် အဆုံးအစမဲ့သော တစ္ဆေအုပ်ကြီးသည် အမည်းရောင် ရေစီးကြောင်းကြီးတစ်ခုအဖြစ် ပြောင်းလဲသွားပြီး မိစ္ဆာချိတ်ပိတ် မြို့တော်ဆီသို့ တည့်မတ်စွာ ပြေးဝင်သွားကြလေတော့သည်။

သို့သော် ၎င်းတို့သည် မြို့ရိုးနှင့် ကျန်းနှစ်ရာခန့် အကွာအဝေးသို့ ရောက်ရှိလာသည်နှင့် တစ်ပြိုင်နက် မြို့ရိုးပေါ်ရှိ အင်းကွက်သင်္ကေတများက တောက်ပသော ရွှေရောင်အလင်းတန်းများ ထုတ်လွှတ်လိုက်လေသည်။

အလင်းရောင် ထိတွေ့သွားသော နေရာတိုင်းရှိ အမည်းရောင် အလင်းတန်းများမှာ နှလုံးကွဲမတတ် အော်ဟစ်ညည်းတွားသံများ ထွက်ပေါ်လာပြီးနောက် ပျောက်ကွယ်သွားကြလေသည်။

သို့ရာတွင် ပိုင်လီရှောင်ကွမ်က ၎င်းကို အနည်းငယ်မျှပင် တုန်လှုပ်ခြင်း မရှိဘဲ အေးစက်စွာ လှောင်ပြောင်လိုက်လေသည်။ သူမ၏ ဆံပင်များသည် လေမတိုက်ဘဲ လွင့်ဝဲနေပြီး သူမပတ်လည်ရှိ အမည်းရောင် အလင်းတန်းမှာ အဆပေါင်းများစွာ ပိုမို အားကောင်းလာကာ ရှေ့သို့ အတင်းအဓမ္မ တိုးဝင်သွားလေတော့သည်။

ရွှေရောင်အလင်းတန်းများ မည်မျှပင် တောက်ပနေပါစေ ဤကဲ့သို့သော အမည်းရောင် စွမ်းအင်များ၏ တိုက်ခိုက်မှုအောက်တွင်တော့ မလုံလောက်သေးချေ။

မြို့ရိုးသည် သဲ့သဲ့လေး တုန်ခါသွားပြီး ၎င်း၏ အကန့်အသတ်သို့ ရောက်ရှိနေပြီဖြစ်ကြောင်း ထင်ရှားပေသည်။

ထိုစဉ်မှာပင် ရှင်းယွီဟယ်က ပြတ်သားစွာ အော်ဟစ်လိုက်ရာ သူ၏ မျက်လုံးများထဲတွင် အလင်းရောင်များ တောက်ပလာပြီးနောက် သူ၏ လက်နှစ်ဖက်ကို ရိုက်ကာ ပေါင်းစပ်လိုက်လေသည်။

"လင်း၊ ဘင်း"

ဤစစ်မှန်သော မန္တန်စကားလုံးများကို ရွတ်ဆိုလိုက်သည်နှင့် တစ်ပြိုင်နက် ဧရာမ အင်းကွက်ကြီးတစ်ခုသည် ပိုင်လီရှောင်ကွမ်ဆီသို့ တည့်မတ်စွာ ပေါက်ကွဲထွက်သွားလေတော့သည်။

ပိုင်လီရှောင်ကွမ်၏ မျက်နှာပေါ်တွင် တည်ကြည်လေးနက်သော အမူအရာတစ်ခု ပေါ်လာပြီး သူမက လက်ယမ်းလိုက်ရာ ပတ်ဝန်းကျင်တွင် ပျံ့နှံ့နေသော အမည်းရောင် မြူခိုးများသည် ထူထဲသော ဒိုင်းကာကြီး တစ်ခုအဖြစ်သို့ စုစည်းသွားကာ အင်းကွက်ကို ပြင်းထန်သော ရိုက်ခတ်မှုနှင့်အတူ ခုခံလိုက်လေသည်။

ဘုန်း!

ပိုင်လီရှောင်ကွမ်သည် မရည်ရွယ်ဘဲ နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်သွားရပြီး သူမ၏ မျက်နှာမှာ အနည်းငယ် ဖြူရော်သွားလေသည်။ ရှင်းယွီဟယ်သည်လည်း အနည်းငယ် ယိမ်းယိုင်သွားသော်လည်း နောက်မဆုတ်ခဲ့ချေ။ ထို့အစား သူ၏ မျက်လုံးများထဲရှိ တောက်ပမှုမှာ ပို၍ပင် မျက်စိကျိန်းမတတ် ဖြစ်လာလေသည်။

တစ်ချိန်တည်းမှာပင် မြို့တစ်မြို့လုံး ဆူပူလှုပ်ရှားသွားပြီး လူများသည် အနီးသို့ မချဉ်းကပ်ဝံ့ကြသော်လည်း အားလုံး လမ်းမများပေါ်တွင် ရပ်ကာ မော့ကြည့်နေကြလေသည်။

ရှင်းယွီရှူ၏ နှလုံးသား တင်းကျပ်သွားပြီး သူက အော်ဟစ်လိုက်လေသည်။

"အဘိုး"

ရှင်းယွီဟယ်က စကားမပြောရန် အချက်ပြသည့်အနေဖြင့် လက်ယမ်းလိုက်ပြီးနောက် အသက်ပြင်းပြင်း တစ်ချက်ရှူကာ မြို့ပြင်ရှိ ပိုင်လီရှောင်ကွမ်ကို ဖြည်းညင်းစွာ ပြောလိုက်လေသည်။

"ပိုင်လီရှောင်ကွမ်... ဒီလက်ဝါးရိုက်ချက်နဲ့ဆိုရင် ငါ့ရဲ့ လက်ရှိ စွမ်းအားကို မင်း နားလည်သင့်ပြီ၊ မင်းကို သတ်ဖို့ ငါ့မှာ ရည်ရွယ်ချက် မရှိဘူး၊ အခု ထွက်သွားတော့၊ ငါ ဒီကိစ္စကို ဆက်ပြီး အရေးမယူတော့ဘူး"

ထိုစကားကို ကြားသောအခါ ပိုင်လီရှောင်ကွမ်၏ မျက်ခုံးများ အနည်းငယ် ပင့်တက်သွားပြီး ရှင်းယွီဟယ်ကို စိုးရိမ်တကြီး ကြည့်လိုက်လေသည်။ မည်သို့ပင်ဖြစ်‌ေစ ထိုလက်ဝါးရိုက်ချက်တွင် သူမ အသာစီး မရခဲ့ချေ။ ဤသည်က သူမ၏ နှလုံးသားထဲတွင် သံသယများကို မလွှဲမသွေ ပြည့်နှက်သွားစေခဲ့သည်။

သူမရဲ့ ခန့်မှန်းချက်က မှားနေတာများလား၊ ဒီအဘိုးကြီးရဲ့ စွမ်းအားတွေက လုံးဝ မကျဆင်းသေးတာလား...

သူမ တုံ့ဆိုင်းနေစဉ်မှာပင် အထက်မှ ပေါ့ပါးသော ရယ်မောသံတစ်ခု ထွက်ပေါ်လာလေသည်။

"မင်းသမီးလေး... ခင်ဗျားက ကျွန်တော်တို့ထက် ခြေတစ်လှမ်း အရင် ရောက်နေတာပဲ"

ထိုအသံကို ကြားသောအခါ ပိုင်လီရှောင်ကွမ်၏ မျက်နှာအမူအရာ ချက်ချင်းဆိုသလို အလွန်တရာ အကျည်းတန်သွားပြီး သူမက အေးစက်စွာ ပြောလိုက်လေသည်။

"ကျန်ကျားလျန်"

"ဟုတ်ပါတယ်၊ ကျွန်တော်ပါပဲ"

သူ့ အသံဆုံးသွားသည်နှင့်အမျှ အနက်ရောင် သုတ်သင်ထားသော ဝေါယာဉ်ကြီးတစ်ခု လူတိုင်း၏ရှေ့တွင် ရုတ်တရက် ပေါ်လာပြီးနောက် ဝေါယာဉ်၏ လိုက်ကာ ပွင့်သွားကာ ကျန်ကျားလျန်နှင့် ကျင်းဟောင်ရန်တို့ တစ်ယောက်ပြီးတစ်ယောက် ထွက်လာကြလေသည်။

ဤအမျိုးသား နှစ်ဦး ပေါ်လာမှုက အခြေအနေကို ချက်ချင်းဆိုသလို ပို၍ တင်းမာသွားစေခဲ့လေသည်။ အထူးသဖြင့် ရှင်းယွီဟယ်သည် အံ့ကို တင်းတင်းကြိတ်ကာ လေးနက်သော အသံဖြင့် ရေရွတ်လိုက်လေသည်။

"ကျန်မိသားစု... ကျင်းမိသားစု"

"ဟုတ်ပါတယ်၊ ကျန်မိသားစုရဲ့ မျိုးဆက်သစ် လူငယ်က စီနီယာရှင်းကို အရိုအသေပေးပါတယ်"

ကျန်ကျားလျန်က ပြုံးဖြဲဖြဲဖြင့် အရိုအသေပေးကာ ပြောလိုက်လေသည်။ ရှင်းယွီဟယ်၏ မျက်နှာမှာ ရေပြင်ကဲ့သို့ တည်ငြိမ်၍ မှောင်မိုက်နေလေသည်။

ထို့နောက် ကျန်ကျားလျန်က ပိုင်လီရှောင်ကွမ်ကို ပြုံးပြလိုက်လေသည်။

"မင်းသမီးလေး... ခင်ဗျားက တခြားလူတွေထက် အရင်ရောက်လာတယ် ဆိုပေမဲ့ ဘာအသာစီးမှ မရခဲ့တဲ့ပုံပဲ"

"ဟွန့်"

ပိုင်လီရှောင်ကွမ်က အေးစက်စွာ နှာမှုတ်လိုက်ရာ သူမ၏ မျက်လုံးများထဲတွင် သတ်ဖြတ်လိုစိတ် အရိပ်အယောင်တစ်ခု ပေါ်လွင်လာလေသည်။ ထိုအချိန်တွင် ကျင်းဟောင်ရန်က ပြုံးလိုက်ပြီးနောက် ကျယ်လောင်စွာ ပြောလိုက်လေသည်။

"မင်းသမီးလေး၊ အစ်ကိုကျန်... အခုက အချင်းချင်း အငြင်းပွားနေရမယ့် အချိန်မဟုတ်ဘူး၊ ကျွန်တော်တို့ ထပ်ပြီး အချိန်ဆွဲနေရင် လူတွေ ပိုများလာလိမ့်မယ်၊ အခု ဒီရှင်းယွီဟယ်ကို ကိုင်တွယ်ဖို့ ငါတို့ ပူးပေါင်းလိုက်တာ ပိုမကောင်းဘူးလား၊ သူ့ကို ဖမ်းမိသွားတဲ့အခါ ပစ္စည်းတွေကို ဘယ်လိုခွဲဝေကြမလဲဆိုတာကို ဆွေးနွေးကြတာပေါ့၊ ခင်ဗျားတို့ နှစ်ယောက် ဘယ်လိုထင်လဲ"

ဤအဆိုပြုချက်သည် ကျင်းဟောင်ရန်၏ အဆင့်အတန်းနှင့် အပြည့်အဝ ကိုက်ညီနေလေသည်။ သူသည် စီးပွားရေး လုပ်ငန်းများတွင် နာမည်ကြီးသော ကျင်းမိသားစု၏ မျိုးဆက်တစ်ဦး ဖြစ်လေသည်။

ခဏမျှ စဉ်းစားပြီးနောက် ပိုင်လီရှောင်ကွမ်နှင့် ကျန်ကျားလျန် နှစ်ဦးစလုံးက ခေါင်းညိတ်ကာ ကျင်းဟောင်ရန်၏ အဆိုပြုချက်ကို သဘောတူလိုက်ကြလေသည်။ ၎င်းကို မြင်သောအခါ ရှင်းယွီရှူမှာ အလွန်အမင်း ဒေါသထွက်သွားလေသည်။ အဘယ်ကြောင့်ဆိုသော် အစမှအဆုံး ဤလူများသည် သူ၏အဘိုးကို သာမန် ကုန်ပစ္စည်း တစ်ခုကဲ့သို့ သဘောထားနေကြသောကြောင့်ပင်ဖြစ်သည်။

ဤသည်က ရှင်းယွီရှူကို မည်သို့ ဒေါသမထွက်ဘဲ နေနိုင်ပါမည်နည်း။ သို့သော် ရှင်းယွီဟယ်မှာမူ လုံးဝ စိတ်မရှည်ဖြစ်နေခြင်း မရှိဘဲ နောက်ပစ်လက်ဖြင့် မတ်တပ်ရပ်ကာ အေးစက်စွာသာ စောင့်ကြည့်နေလေသည်။

တစ်ချိန်တည်းမှာပင် မိစ္ဆာချိတ်ပိတ် မြို့တော်ရှိ မြို့သူမြို့သား အားလုံးမှာ ရင်တဖိုဖို ဖြစ်နေကြလေသည်။

မည်သူတွေ လာနေမှန်း သူတို့ မသိကြသော်လည်း အဘိုးအိုရှင်းကို ဆန့်ကျင်သူ မည်သူမဆို သဘာဝကျကျပင် သတင်းဆိုး ဖြစ်လေသည်။

ရှောင်ရွေ့လည်း ထိုသို့တွေးမိသော်လည်း သူမက သူမ၏ အစ်ကိုကြီး၏ ဘေးကင်းလုံခြုံရေးအတွက် ပို၍ စိုးရိမ်နေသဖြင့် မနေနိုင်ဘဲ ခိုးကြောင်ခိုးဝှက် တစ်ချက် ကြည့်လိုက်မိလေသည်။

ထို့နောက် သူမ မှင်တက်သွားလေတော့သည်။ ထိုအခိုက်အတန့်တွင် ရွှယ်အန်းသည် လူအုပ်ကြီး၏ အနောက်ဘက်၌ ခန့်မှန်းရခက်သော မဲ့ပြုံးတစ်ခုဖြင့် ရပ်နေပြီး သူ၏ အကြည့်များမှာ မြို့ရိုးဆီသို့ မဟုတ်ဘဲ အမှောင်ထုကို ဖောက်ထွင်းကာ အဝေးရှိ မိုးကုတ်စက်ဝိုင်းဆီသို့ စူးစိုက်ကျရောက်နေပြီး သူက တိုးညင်းစွာ ရေရွတ်လိုက်သောကြောင့်ဖြစ်သည်။

"သူတို့ မြန်မြန် ရောက်လာကြတာပဲ၊ ကောင်းတယ်၊ အဲဒါက ငါ့အတွက် အလုပ်ရှုပ် သက်သာသွားတာပေါ့"

All Chapters