← Chapters

တံငါသည်ကအမြတ်ရသွားခြင်း

Vol. 35 Ch. 448

တံငါသည်ကအမြတ်ရသွားခြင်း

Vol. 35 Ch. 448

ဤဆရာကြီးနှစ်ယောက်၌ ဝှက်ဖဲတွေရှိသေးလား သူမသေချာပေ။

ဂျန်ဖန်းအစီအစဥ်က သူတို့သေတဲ့အထိတိုက်ခိုက်ပြီးသည်ထိ စောင့်ဖို့ပင်။ ထို့နောက် အန္တရာယ်အကင်းဆုံးနည်းလမ်းဖြင့် ရှင်းလင်းမည်ဖြစ်သည်။

ကံမကောင်းစွာဖြင့် လိပ်အသက်ရှူဝတ်ရုံ မမျှော်လင့်ပဲ ပေါ်သွားခဲ့၏။

အသံကြားသည့်အခါ..

ရွမ်ကျားနှင့် ဖန်းရှင်ကုန်းတို့ မျက်ခွံတွေ ကျုံ့သွားကြ၏။

သူတို့က သေသည်အထိတိုက်ခိုက်နေပေမယ့် ဤနေရာ၌တစ်ချိန်လုံးစောင့်ကြည့်နေသည့် တတိယလူရှိနေခဲ့သည်။

ထိုအရာကိုနားလည်လိုက်သည့်အခါ လူသားကော နတ်ဆိုးသားရဲကော ကျောရိုးတစ်လျှောက်အေးစိမ့်သွား၏။

ရွမ်ကျားမျက်လုံးတွေ ပတ်ပတ်လည်ကိုကြည့်ပြီး ပြောလိုက်သည်။

"ဖန်းရှင်ကုန်း, မင်းအခု ငါ့ကိုယုံပြီလား...."

"ဗြဟ္မာသူတော်စင်စိတ်ဝိညာဥ်ကျင့်စဥ်ကို ဒီလူအရင်ယူသွားတာ..."

"မင်းနဲ့ငါ ပူးပေါင်းပြီး သူ့ကိုသတ်ရအောင်..."

ဖန်းရှင်ကုန်းမျက်လုံးတွေလည်း ရွေ့သွားပြီး တင်းမာစွာ အော်ပြောလိုက်သည်။

"မင်း, ကောက်ကျစ်တဲ့လိပ်စုတ်..."

"ဒါ ငါတို့လူသားကလန်အဖွဲ့ဝင်ပဲ...."

"ဘယ်လိုလုပ် မင်းလိုနတ်ဆိုးသားရဲနဲ့ပေါင်းပြီး တိုက်ခိုက်ရမှာလဲ...."

ပြောပြီးနောက်..

အလျှင်အမြန်ပဲ ဂျန်ဖန်းဆီလက်ချင်းယှက်ကာ ပြောလိုက်သည်။

"တာအိုမိတ်ဆွေ, ကျေးဇူးပြုပြီး ဒီလိပ်ကို ချက်ချင်းသတ်လိုက်ပါ...."

"အဲ့ကောင်က နတ်ဆိုးအင်ပါယာ သွေးအနှစ်သာရပိုင်ဆိုင်ထားတယ်။ သူသာ ပြန်ကောင်းသွားရင် ဒုက္ခများပြီ...."

ဂျန်ဖန်း ခပ်ဖွဖွ ရယ်လိုက်၏။

လူသားနှင့် နတ်ဆိုးသားရဲ နှစ်ကောင်လုံးက ဉာဏ်နီဉာဏ်နက်များလွန်း၏။

လိပ်နတ်ဆိုး ဂျန်ဖန်း၏လူသားအထောက်အထားကိုခံစားမိသည့်အခါ ဂျန်ဖန်း ဖန်းရှင်ကုန်းနှင့်ပူးပေါင်းသွားမည်ကို ကြောက်သွား၏။

ထို့ကြောင့် အလျှင်အမြန်ပဲ ဖန်းရှင်ကုန်းနှင့် မဟာမိတ်ဖွဲ့လိုက်ခြင်းဖြစ်သည်။

ထိုစဥ် ဖန်းရှင်ကုန်းက ဂျန်ဖန်းလက်ငှားပြီး လိပ်နတ်ဆိုးကို အရင်သတ်ချင်နေခဲ့သည်။

ထို့ကြောင့် ဂျန်ဖန်းကို တည်ငြိမ်စေဖို သူတို့၏လူသားကလန်အထောက်အထားကို အရင်ဖော်ပြခဲ့တာဖြစ်သည်။

သူပြန်ကောင်းသည့်အခါ ဂျန်ဖန်းနှင့်ရင်ဆိုင်ဖို့ စီစဥ်ထားခဲ့သည်။

ဂျန်ဖန်း သူတို့နှစ်ယောက်လုံး၏အကြံအစည်တွေကို မှန်ကဲ့သို့ ရှင်းရှင်းလင်းလင်းမြင်နေခဲ့သည်။

သူက ခပ်ဖွဖွပြုံးပြီး ပြောလိုက်သည်။

"ဖန်းရှင်ကုန်း, မင်းငါ့ကိုကူညီစေချင်ရင် အရင်ဆုံး ရိုးသားမှုအချို့ပြသင့်တယ်...."

"ဒီလိပ်မှာ ဝှက်ဖဲတွေရှိနေနိုင်တယ်။ ရင်ဆိုင်ရလွယ်မှာ မဟုတ်ဘူး...."

ဖန်းရှင်ကုန်းမျက်လုံးတွေ တောက်ပသွား၏။

"ဒါ စီစဥ်လို့ရပါတယ်...."

သူက နာကျင်မှုကိုတောင့်ခံပြီး အိတ်ထဲမှ ငါးရောင်ခြယ်အစီရင်အလံကို ထုတ်ယူလိုက်သည်။

"ဒီအလံနဲ့ပိတ်လှောင်ပြီး အဲ့လိပ်ကိုသတ်လိုက်...."

"အဲ့ကောင်က ဒဏ်ရာအပြင်းအထန်ရနေတာ။ ဒီအလံနဲ့ဆို လုံလောက်တယ်...."

ဂျန်ဖန်း မျက်လုံးတွေ တောက်ပသွား၏။

ချက်ချင်းပဲ လက်ဝှေ့ယမ်းကာ ငါးရောင်ခြယ်အလံကို ဆင့်ခေါ်လိုက်သည်။

သို့ပေမယ့် ၎င်းတို့ကို လက်ဖြင့် တိုက်ရိုက်မထိပေ။

ထိုအစား အိင်္ကျီလက်ဖြင့်ပတ်ပြီး အဆိပ်ရှိမရှိစစ်ဆေးလိုက်သည်။

မရှိတာသေချာသည့်အခါ လိပ်နတ်ဆိုးဘက်လှည့်လိုက်သည်။

ထို့နောက် သတ်ဖြတ်လိုစိတ်အပြည့်ဖြင့် ပြောလိုက်သည်။

"တောင်းပန်းပါတယ်, လူသားနဲ့နတ်ဆိုးက သဘာဝချင်းမတူကြဘူး..."

"ငါ မင်းကို အသက်ရှင်လျှက် ထွက်သွားခွင့်မပေးနိုင်ဘူး...."

လိပ်နက်မျက်ခွံတွေ အပြင်းအထန်တုန်ယင်သွားပြီး ပြောလိုက်သည်။

"နေပါအုန်း...."

"မင်း ဖန်းရှင်ကုန်းကိုအရင်သတ်ရင် ငါမင်းကို...ဒီသွေးအနှစ်သာရပေးမယ်..."

၎င်းက ပယင်းအပိုင်းအစတစ်ခု ထွေးထုတ်လိုက်၏။

အထဲ၌ အလွန်ဆွဲဆောင်မှုရှိသည့် သွေးအနှစ်သာရတစ်စက်ရှိနေခဲ့သည်။

ဂျန်ဖန်းမျက်လုံးတွေ တပ်မက်မှုကြောင့် တောက်လောင်လာ၏။

"ဒါ နတ်အသွင်ပြောင်းခြင်းသွေးအနှစ်သာရလား..."

ရွမ်ကျား တစ်ခဏတွေဝေသွားပြီး မလိမ်ရဲပဲ ပြောလိုက်သည်။

"ဟုတ်တယ်, ဒါပေမယ့်.... နှစ်အတော်ကြာကတည်းက စွမ်းအားတွေ ပျောက်ဆုံးနေပြီ..."

ဂျန်ဖန်း အကြီးအကျယ်စိတ်ပျက်တော့မည့်အချိန်မှာပဲ...

ရွမ်ကျား ထပ်ပေါင်းပြောလိုက်သည်။

"ဒါပေမယ့် ဒါက အခြားနတ်အသွင်ပြောင်းခြင်းအဆင့် သွေးအနှစ်သာရတွေကို အာရုံခံနိုင်တယ်...."

"မင်းတစ်နေ့တွေ့ရင်, ဒါက တုံ့ပြန်လိမ့်မယ်...."

ဂျန်ဖန်း အနည်းငယ်ခေါင်းညိတ်လိုက်၏။

သူက အလျှင်အမြန်ပဲ သူ့စိတ်ကို တည်ငြိမ်အောင်လုပ်လိုက်သည်။

နတ်အသွင်ပြောင်းခြင်းအဆင့်သွေးအနှစ်သာရက ရရှိဖို့မလွယ်ကူပေ။

အကယ်၍ ဤအရာသာအစစ်ဆိုလျှင် သူက သွေးနှင့်ပတ်သက်ပြီး ပြဿနာရှိတယ်ဟုတောင် သံသယရှိမိမှာဖြစ်သည်။

စွမ်းအားကုန်နေသည့် နတ်အသွင်ပြောင်းခြင်းအဆင့်သွေးအနှစ်သာရရှိတာက အနာဂတ်၌ အစစ်အမှန်သွေးအနှစ်သာရရှာဖို့ အခွင့်အရေးရှိနေဆဲဖြစ်သည်။

ချက်ချင်းပဲ အဝေးမှ လှမ်းယူလိုက်၏။

ငါးရောင်ခြယ်အလံကို ဘယ်လက်၌ကိုင်ထားပြီး ပယင်းကျောက်ကို ညာလက်၌ကိုင်ထားကာ တွေဝေနေမှုတစ်ခုပြသလိုက်၏။

"အခုမှ ခက်တာပဲ..."

"ဖန်းရှင်းကုန်းက လိပ်နတ်ဆိုးကိုသတ်ဖို့ဆိုပြီး ငါးရောင်ခြယ်အလံပေးတယ်...."

"လိပ်နတ်ဆိုးကကျ ဖန်းရှင်းကုန်းကို သတ်ဖို့ဆိုပြီး သွေးအနှစ်သာရပေးပြန်တယ်..."

"ငါက ဒီကတိတွေကို ဖြည့်ဆည်းပေးရမှာလား မပေးရဘူးလား...."

"ဖြည့်ဆည်းပေးရမယ်ဆိုရင်တော့ နှစ်ယောက်လုံးသတ်ရမှာပဲ...."

"မဖြည့်ဆည်းပေးဘူးဆိုပြန်ရင်လည်း ငါ့မူဝါဒကို ဆန့်ကျင်နေတယ်..."

သူက တစ်ခဏစဥ်းစားနေ၏။

ထို့နောက် သက်ပြင်းချပြီး ဖန်းရှင်းကုန်းနှင့် လိပ်နတ်ဆိုးကို တောင်းပန်သည့်အမူအရာဖြင့် ကြည့်ကာ ပြောလိုက်သည်။

"နှစ်ယောက်လုံးကို တောင်းပန်ပါတယ်ဗျာ...."

"ငါ့မူဝါဒမချိုးဖောက်ဖို့.... နှစ်ယောက်လုံး ကျေးဇူးပြုပြီး စတေးခံလိုက်ပါ...."

ဘာ?...

ဖန်းရှင်းကုန်း ဒေါသထွက်လွန်း၍ သွေးအန်သွားလုနီးပါးဖြစ်သွားကာ ကျိန်ဆဲလိုက်သည်။

"မင်း အရှက်မရှိတဲ့ကောင်..."

နှစ်ဖက်လုံးဆီမှအကျိုးမြတ်လိုချင်နေမှန်း ရှင်းနေတာကို ကတိထိန်းသိမ်းသည့်ပုံရိပ် ဖန်းတီးနေသေးသည်။

လိပ်နတ်ဆိုးလည်း ဒေါသထွက်သွားပြီး ကျိန်ဆဲလိုက်၏။

"ဖွီ..."

"အရှက်မရှိတာတောင် ကြည့်ကောင်းအောင်ပြောနေတယ်...."

ဂျန်ဖန်းပြုံးလိုက်သည်။

"မင်းတို့နှစ်ယောက်လုံး နာလည်မယ်လို့ မျှော်လင့်ပါတယ်..."

"အနာဂတ်မှာ မင်းတို့အတွက် အမွေးတိုင်တွေ ပိုထွန်းပေးပါ့မယ်..."

ပြောပြီးနောက် ပြတ်ပြတ်သားသားပဲ လှုပ်ရှားလိုက်၏။

ဘယ်လက်ကိုဝှေ့ယမ်းလိုက်ရာ.....

ငါးရောင်ခြယ်အလံ ချက်ချင်းပဲ ရွမ်ကျားကို ပိတ်လှောင်လိုက်၏။

ပုံရိပ်ယောင်အလံက ၎င်းအမြင်ကို ထင်ယောင်ထင်မှား ဖြစ်စေသည်။

ခုခံရေးအလံက ပိတ်လှောင်လိုက်သည်။

တိုက်ခိုက်ရေးအလံက ကြောက်မက်ဖွယ်မီးတောက်တွေ အဆက်မပြတ်ထုတ်လွတ်နေခဲ့သည်။

ကတ်သတ်ရေးအလံက မရွေ့လျားနိုင်အောင်ချုပ်ထား၏။

ဝိညာဥ်စုပ်ယူခြင်းအလံက အလိုအလျောက် ကောင်းကင်နှင့်မြေကြီးစွမ်းအင်ကိုစုပ်ယူပြီး အလံတွေ၏စွမ်းအားကို တိုးမြှင့်ပေး၏။

ချက်ချင်းပဲ...

ရွမ်းကျား နာကျင်စွာဖြင့် စူးစူးဝါးဝါးအော်ဟစ်လိုက်၏။

သာမန်အခြေအနေအောက်၌ ဤအလံတွေက အမြုတေဖွဲ့စည်းခြင်းအဆင့် ၆ သားရဲဘုရင်ကို ဘယ်လိုမှ ပိတ်လှောင်ထားနိုင်မည်မဟုတ်ပေ။

သို့ပေမယ့် သူက ဒဏ်ရာအပြင်းအထန်ရနေခဲ့သည်။

၎င်း၏ကြီးမားသည့်ခန္ဓာကိုယ်ကြီး အလံတွေကိုခုခံရုန်းကန်နေရပြီး မလွတ်မြောက်နိုင်ဖြစ်နေ၏။

ကြောက်မက်ဖွယ်မီးတောက်တွေက အလျှင်အမြန်ပဲ ၎င်းတစ်ကိုယ်လုံး ပျံ့နှံ့သွားပြီး ညှော်နံတွေထွက်ပေါ်လာခဲ့သည်။

"ခွေးမသားလေး, အလံအစီရင်လေးတစ်ခုနဲ့ ငါ့ကိုဖျက်စီးနိုင်မယ်ထင်နေလား...."

ရွမ်ကျား ဒေါသတကြီး ဟိန်းဟောက်လိုက်၏။

၎င်းက နောက်ထပ်ထိန်ချန်မထားရဲတော့ပေ။

ချက်ချင်းပဲ ဝှက်ဖဲကိုထုတ်သုံးလိုက်၏။

ထိုအခါ ၎င်း၏ခေါင်းနှင့်ခြေထောက်တွေ အခွံထဲတစ်ပြိုင်နက်ထဲပြန်ဆုတ်သွားခဲ့သည်။

ထို့နောက် ဆူးချွန်တွေနှင့်ပြည့်နှက်နေသည့် လိပ်ခွံက လျှင်မြန်သည့်အရှိန်ဖြင့် လှည့်ပတ်လာပြီး အလံတွေကို အရှိန်ပြင်းပြင်းဝင်တိုက်လိုက်သည်။

စူးစူးဝါးဝါးအသံတစ်ခုထွက်ပေါ်လာသည်။

ခုခံရေးအလံချက်ချင်းပဲ တုန်ခါလာပြီး ပျက်စီးတော့မလိုပင်။

လိပ်နတ်ဆိုးက ဒဏ်ရာအပြင်းအထန်ရနေတာတောင် ထိုကဲ့သို့ စွမ်းအားမျိုး ရှိနေဆဲဖြစ်၏။

ခွန်အားအပြည့်သာဆိုလျှင် မည်သူက ခုခံနိုင်မည်နည်း။

ရွမ်ကျား နောက်တစ်ကြိမ် ဟိန်းဟောက်လိုက်၏။

"မင်း ခွေးမသား, မင်းရဲ့လူသားတိုက်ခိုက်ရေးနည်းတွေက ငါ့အတွက် အသုံးမဝင်ဘူး...."

"ငါအပြင်ထွက်လာရင် မင်းကို အရင်ဆုံးသတ်မယ်...."

၎င်း၏ လျှင်မြန်စွာလည်ပတ်နေသည့်လိပ်ခွံက တိုက်ခိုက်မှုအားလုံးကို ပြန်ကန်စေ၏။

ဂျန်ဖန်း ထူးမခြားနားစွာ ပြောလိုက်သည်။

"အဲ့လိုပြောဖို့ မင်းအသက်ရှိအုန်းမလားကြည့်ကြသေးတာပေါ့...."

ဘုန်း....

သူက လေထဲမှသစ်သားသေတ္တာတစ်ခုထုတ်ယူပြီး အဖြူရှောင်ရှေးဟောင်းဗျတ်စောင်းကို ထုတ်ယူလိုက်သည်။

ထို့နောက် ချက်ချင်းပဲ စတင်တီးခတ်ပြီး ကျားနဂါးဟိန်းသံနည်းစနစ်၏ ဒုတိယအကွက်ကို ထုတ်သုံးလိုက်သည်။

"နဂါးဟိန်းသံ...."

ချက်ချင်းပဲ...

ထက်ရှပြီးလျှင်မြန်သည့်အသံလှိုင်းတစ်ခု ရုတ်တရက် ပေါက်ကွဲထွက်လာခဲ့သည်။

တည်ငြိမ်နေသည့် အပြာရောင်ပင်လယ်ပေါ်၌ ရုတ်တရက်ပေါက်ကွဲထွက်လာသည့် ပေတစ်ရာလှိုင်းလုံးတစ်ခုကဲ့သို့ပင်။

ပင်လယ်ထဲမှ ကြမ်းကြုတ်သည့်နဂါးတစ်ကောင် ရုတ်တရက်ထွက်ပေါ်လာပြီး အနီးကပ်ဒေါသတကြီးဟိန်းဟောက်လိုက်၏။

ဟိန်းသံက နားစည်းတွေကို ကွဲကြေသွားစေပြီး သွေးတွေကို ဆူပွက်သွားစေသည််။

အလျှင်အမြန်လည်ပတ်နေသည့် လိပ်နတ်ဆိုးလည်း ချွင်းချက်မဟုတ်ပေ။

၎င်း၏လိပ်ခွံက တိုက်ခိုက်မှုအများစုကို တန်ပြန်စေ၏။

သို့ပေမယ့် နေရာအနှံ့ပျံ့နှံ့နေသည့် အသံလှိုင်းကိုတော့ မခုခံနိုင်ပေ။

အခွံထဲရှိအသားတွေ အခွံအဟကြားမှ ချက်ချင်းပဲ ပွင့်ထွက်ကုန်၏။

"အား...."

ရွမ်ကျား နာကျင်စွာ ဟိန်းဟောက်လိုက်ရ၏။

"ရပ်, ရပ်တော့..."

ဂျန်ဖန်း မရပ်ပေ။ ထိုအစား ပိုမြန်မြန်တောင် တီးခတ်လိုက်၏။

အခွံအတွင်းမှ ဂီတသံကြောင့် အသားကြေမွသံတွေ ထွက်ပေါ်လာခဲ့သည်။

ရွမ်ကျား နောက်ထပ် တောင့်မခံနိုင်တော့ပေ။

လိပ်ခွံလည်နေတာကို ရပ်တန့်လိုက်၏။

ထိုအခါ အလံအစီရင်မှမီးတောက်တွေ နောက်တစ်ကြိမ်ဖုံးလွမ်းသွားပြီး ၎င်းကို နာနာကျင်ကျင် အော်ဟစ်နေစေခဲ့သည်။

"ခွေးမသား, ငါသေရင် မင်းလည်း ကောင်းကောင်းနေရမယ်မထင်နဲ့...."

၎င်းက အသက်ပြင်းပြင်းရှူသွင်းလိုက်၏။

ထို့နောက် နတ်ဆိုးအင်ပါယာသွေးအဆီအနှစ်က အနီရင့်ရောင်အော်ရာအဖြစ်ပြောင်းသွားပြီး ၎င်းပါးစပ်ထဲချက်ချင်း စုပ်ယူခံလိုက်ရသည်။

ဂျန်ဖန်း မျက်ခွံတွေ တွန့်လိမ်သွား၏။

ဤအရာက စွမ်းအားအကြီးဆုံး နောက်ဆုံးတိုက်ခိုက်မှုဆိုတာ တွေးနေစရာကို မလိုပေ။

ပြတ်ပြတ်သားသားပဲ ရှေးဟောင်းဗျတ်စောင်းကို ဘေးဖယ်ပြီး နောက်ဆုံးကျန်ရှိသည့် တိမ်ပေါက်ကွဲရေးသံမဏိဘောလုံးကို ထုတ်ယူလိုက်သည်။

ထို့နောက် ရွမ်ကျား အသက်ရှူနေသည့်အခိုက်အတန့်ကို အမိိအရယူပြီး ၎င်းပါးစပ်ထဲပစ်သွင်းလိုက်၏။

ရွမ်းကျားမျက်လုံးတွေ ဖောင်းကားသွားပြီး တစ်ခုခုမှားနေတာခံစားမိကာ ပါးစပ်ပိတ်ဖို့ကြိုးစားလိုက်၏။

သို့ပေမယ့် စုပ်အားကသန်မာလွန်း၍ တိမ်ပေါက်ကွဲရေးသံမဏိဘောလုံးကို မျိုချမိသွားသည်။

၎င်းက ထိပ်ထိပ်ပျာပျာအမူအရာပြသလာပြီး ဟိန်းဟောက်လိုက်၏။

"မင်း... မင်းဘာပစ်ထည့်လိုက်တာလဲ...."

ဂျန်ဖန်း မတုံ့ပြန်ပေ။

အတွေးတစ်ခုနှင့်...

တိမ်ပေါက်ကွဲရေးဘောလုံး ချက်ချင်း ပေါက်ကွဲသွားခဲ့သည်။

ဘုန်း...

သေးငယ်သည့် တိမ်မှိုပုံသဏ္ဍာန်တစ်ခု လေထဲမှာ ထွက်ပေါ်လာခဲ့သည်။

အစီရင်အလံတွေထဲ၌ နောက်ထပ် လှုပ်ရှားမှုမရှိတော့ပေ။

ကြီးမားသည့်လိပ်ခွံကြီးသာ ကျန်တော့၏။

ရွမ်ကျားခန္ဓာကိုယ် အပိုင်းပိုင်းအစစ လွင့်စင်သွားပြီဖြစ်သည်။

ဖန်းရှင်ကုန်း ကျောရိုးတစ်လျှောက် အေးစက်မှုကို ခံစားလိုက်ရသည်။

ရွမ်းကျား.. ဒီလိုပဲ.... သေသွားပြီ?

သူ၏အနည်းငယ်ပြန်ကောင်းလာသည့်အခြေအနေကို အခွင့်ကောင်းယူပြီ....

အလျှင်အမြန်ပဲ ဂူဝကို ပြေးတော့သည်။

ကလန်...

သို့ပေမယ့် သူလှုပ်ရှားသည်နှင့်...

နောက်မှ ထက်ရှသည့်အသံလှိုင်းတစ်ခုတိုက်ခိုက်လာပြီး သူ့အား နံရံနှင့်ဝင်တိုက်သွားစေခဲ့သည်။

ဖူး...

ဒဏ်ရာအပြင်းအထန်းရပြီးဖြစ်သည့် ဖန်းရှင်ကုန်း နောက်ထပ် သွေးတစ်လုပ်အန်လိုက်ရသည်။

သူက အလျှင်အမြန်ပဲ မတ်တပ်ရပ်ပြီး လက်ချင်းယှက်ကာ ပြောလိုက်သည်။

"တာအိုမိတ်ဆွေ, တာအိုမိတ်ဆွေ, ကျေးဇူးပြုပြီး, ခဏနေပါအုန်း..."

"ငါတို့ကြားမှာ ဘာရန်ငြိုးမှမရှိပါဘူး။ ဘာလို့ ဒီလောက်ထိ တွန်းပို့နေတာလဲ...."

ဂျန်ဖန်း ထူးမခြားနားစွာ ပြောလိုက်သည်။

"ရတနာတွေငါရသွားတဲ့သတင်းပျံံ့သွားမှာ မလိုချင်ဘူး...."

"ဒီတော့, ရွေးချယ်စရာမရှိပဲ မင်းကို သတ်ရတော့မှာပေါ့...."

ဖန်းရှင်ကုန်း အလျှင်အမြန်ပဲ လက်ဝှေ့ယမ်းပြီး ပြောလိုက်သည်။

"မဟုတ်ဘူး, မဟုတ်ဘူး, ငါ မင်းရဲ့ပုံစံအစစ်ကို မသိဘူးလေ..."

"ငါ သတင်းဖြန့်ရင်တောင် ဘာလုပ်နိုင်မှာလဲ...."

ဂျန်ဖန်း ရယ်လိုက်၏။

"အကြီးအကဲဖန်း, မင်းက တကယ်သရုပ်ဆောင်ကောင်းတာပဲ..."

"ငါဘယ်သူလဲ မင်းမသိဘူးဆိုတာ ငါမယုံဘူး..."

All Chapters