ဝိညာဥ်ထိုးဖောက်ခြင်း၏စွမ်းအား
Vol. 35 Ch. 449
ပြောပြီးနောက် တိုက်ရိုက်ပဲ လိပ်အသက်ရှူဝတ်ရုံကိုဖယ်ရှားလိုက်ရာ သူ၏အစစ်အမှန်အသွင်အပြင်ပေါ်လာ၏။
သူ့ခြေထောက်တွေပေါ်သွားတုန်းက တိမ်စိမ်းဂိုဏ်းတပည့်ဝတ်စုံပေါ်သွားတာကို မပြောလိုသေးပေ။
အသံတစ်ခုတည်းနှင့်ကို ဖန်းရှင်းကုန်း ဂျန်ဖန်းမှန်းမသိတာ မဖြစ်နိုင်ပေ။
သူက မသိချင်ယောင်ဆောင်နေတာပဲဖြစ်သည်။
အရင်ဦးဆုံးအားနည်းမှုကိုပြပြီး ပြန်ကောင်းလာသည့်အခါ ဂျန်ဖန်းကိုပြဿနာတက်အောင် လုပ်မည်ပဲဖြစ်သည်။
ဤအရာက ဂျန်ဖန်း သူ့ကိုသတ်ရမည့်အကြောင်းပြချက်ဖြစ်၏။
အဘယ်ကြောင့်ဆိုသော် သူ့အထောက်အထားပေါ်သွားသောကြောင့်ပင်။
သေချာပေါက်ပင်...
ဂျန်ဖန်း အစစ်အမှန်အသွင်အပြင်ကို မြင်သည့်အခါ ဖန်းရှင်းကုန်း အရမ်းကြီးအံံ့သြမသွားပေ။
သူက တည်ငြိမ်စွာပြောလိုက်သည်။
"ဟုတ်ပါပြီ, ငါဝန်ခံတယ်။ အဲ့တာမင်းဆိုတာ ငါခန့်မှန်းမိတယ်...."
"ဒါပေမယ့် ဒီနေရာကပစ္စည်းကို မင်းရှာတွေ့တာဆိုတော့ မင်းနဲ့ရေစက်ရှိလို့ပဲ..."
"ငါ မလုယူသလို အခြားသူဆီလည်း ပျံ့နှံစေမှာမဟုတ်ဘူး...."
"မင်းငါ့ကို မယုံရင် ငါ ကောင်းကင်နဲ့တိုင်တည်ပြီး ကျိန်ပြနိုင်တယ်..."
ဂျန်ဖန်း တစ်ခဏတွေဝေသွားသည်။
"ကောင်းပြီလေ, ငါတို့က ဂိုဏ်း ၉ ဂိုဏ်းကဆိုမှတော့...."
"မင်း ဒီနေ့ကိစ္စကို မထုတ်ဖော်ပါဘူးလို့ ကျိန်ဆိုလိုက်...."
ဖန်းရှင်ကုန်း ချက်ချင်းပဲ လက်နှစ်ချောင်းထောင်ပြီး ကျိန်ဆိုလိုက်၏။
"ငါ, ဖန်းရှင်ကုန်း, ကောင်းကင်နဲ့တိုင်တည်ပြီး ကျိန်ဆိုပါတယ်....."
သူ့စကားတစ်ဝက်မှာပဲ....
တစ်ခုခုကို သတိထားမိပြီး မျက်ခွံတွေ ကျုံ့သွားသည်။
မသိလိုက်ခင်မှာပဲ ဂျန်ဖန်း ငါးရောင်ခြယ်အလံကို ဆင့်ခေါ်ပြီး သူ့ဆီပစ်လွတ်လိုက်၏။
"မင်းဘာလုပ်နေတာလဲ...."
ဖန်းရှင်းကုန်း ကျယ်လောင်စွာအော်ပြီး အလျှင်အမြန် ဆုတ်လိုက်သည်။
သူက ငါးရောင်ခြယ်အစီရင်အလံ၏ဝန်းရံမှုမှ ကပ်သီလေး ရှောင်တိမ်းနိုင်လိုက်သည်။
ဂျန်ဖန်းမျက်လုံးတွေ မှေးကျဥ်းသွား၏။
"ဘာလုပ်နေတယ်ထင်လဲ..."
"ဒါပေါ့ မင်းအချိန်မဆွဲနိုင်အောင် လုပ်နေတာလေ..."
ကောင်းကင်ကို ကျိန်ဆိုမယ်....
ထိုအရာသာ အမှန်တကယ်အလုပ်ဖြစ်ခဲ့လျှင် လူတွေ တစ်ယောက်နှင့်တစ်ယောက် သတိထားဖို့လိုသေးသည်လား။
သူ့အတွေးတွေ ပေါ်သွားတော့ ဖန်းရှင်ကုန်း ဒေါသတကြီး နှာမှုတ်လိုက်သည်။
"မင်း, ခွေးမသား..."
"ငါက ဟိုလိပ်လို ရင်ဆိုင်ရလွယ်တယ်ထင်နေလား...."
"ဒဏ်ရာအပြင်းအထန် ရနေရင်တောင် မင်းငါ့ကို မကိုင်တွယ်နိုင်ဘူး...."
သူက အိတ်ထဲမှ လက်တစ်ဆုပ်စာ အနက်ရောင်သံဘောလုံးတွေ ထုတ်ယူပြီး ဂျန်ဖန်းဆီ အားနှင့်ပစ်လွတ်လိုက်၏။
ထို့နောက် သူ၏ဒဏ်ရာရနေသည့်ခန္ဓာကိုယ်ကြီးကိုတရွတ်ဆွဲကာ ဂူဝသို့ပြေးတော့သည်။
ဂျန်ဖန်း လွမ်းဆွတ်ခြင်းဆီးနှင်းဓားကိုဆွဲထုတ်ပြီး သာမန်ခုတ်ချက်နှင့် လာနေသည့်သံဘောလုံးအားလုံးကို ကြေမွသွားစေခဲ့သည်။
ဖန်းရှင်းကုန်း နောက်လှည့်ကြည့်လာပြီး ဉာဏ်များသည့်အမူအရာဖြင့် ကျယ်လောင်စွာ ရယ်လိုက်သည်။
"အရူး...."
"ငါလှုပ်ရှားခဲ့အခါ အဲ့လောက်ရိုးစင်းမယ်ထင်နေတာလား...."
ကွဲကြေသွားသည့်သံဘောလုံးတွေမှ ထူထည်းသည့်အနက်ရောင်အဆိပ်ငွေ့တွေ ထုတ်လွတ်လာပြီး ဂူအနက်ပိုင်းထဲသို့ ဒီရေတစ်ခုကဲ့သို့ တိုးဝင်သွားခဲ့သည်။
ဤအရာတွေက ရတနာတွေတူးဖော်ရရှိစဥ်က ကျန်ခဲ့သည့်အဆိပ်ပြင်းတွေပင်။
ဧရာမဂိုဏ်းက ၎င်းတို့ကို လျို့ဝှက်လက်နက်တွေအဖြစ် ပြောင်းလဲခဲ့၏။
အမြုတေဖွဲ့စည်းခြင်း နှောင်ပိုင်းအဆင့် သိုင်းပညာရှင်တောင် ထိမိလျှင် ခန္ဓာတစ်ခုလုံး ပုပ်သိုးဆွေးမြေ့သွားမည်ဖြစ်သည်။
ဖန်းရှင်းကုန်း ပုံမှန်ဆို ထိုအရာကို သုံးဖို့ တွန့်ဆုတ်နေ၏။
ဤကဲ့သို့ပစ္စည်းကောင်းတွေက သုံးလေကုန်သွားလေဖြစ်သည်။
ယနေ့ သူ့အသက်ကယ်ဖို့ နှစ်ပေါင်းများစွာစုစည်းခဲ့သည့်အဆိပ်လုံးအားလုံးကို အသုံးပြုခဲ့သည်။
သေချာပေါက်ပင်, အကျိုးသက်ရောက်မှုက ထူးကဲ၏။
ဤကဲ့သို့အဆိပ်ငွေ့များစွာနှင့် ဂျန်ဖန်း ရှောင်တိမ်းဖို့ နေရာမရှိပေ။
ဤအခိုက်အတန့်၌ သူက ချက်ချင်း သွေးကန်အဖြစ်ပြောင်းသွားမည်ဖြစ်သည်။
ဖန်းရှင်ကုန်း လှောင်ပြောင်လိုက်၏။
သို့ပေမယ့် ရုတ်တရက်...
ပြင်းထန်သည့်ဓားချီကြောင့် အဆိပ်ငွေ့တွေ ကွဲထွက်သွားခဲ့သည်။
ခရမ်းရောင်အလန်းတန်းတစ်ခု လေထဲမှာ ထိုးထွက်လာ၏။
ထိုအရာဘာလဲဆိုတာ သေချာရှင်းရှင်းလင်းလင်းမြင်လိုက်ရချိန်....
ဖန်းရှင်ကုန်းမျက်နှာ ကြောက်ရွံ့မှုကြောင့် ဖြူဖြော့သွားခဲ့သည်။
"ခရမ်းဓား...."
"ငါတို့ဂိုဏ်း မဟာအကြီးအကဲတိုင်ပုပိုင်ကိုသတ်သွားတဲ့ဓား..."
"တရားခံက မင်းပဲ..."
သူက မယုံနိုင်ဖြစ်နေခဲ့သည်။
ဧရာမဂိုဏ်း ဂိုဏ်း ၉ ဂိုဏ်းတစ်လျှောက်ရှာနေသည့် တရားခံက လက်စသတ်တော့ တိမ်စိမ်းဂိုဏ်းတပည့်လေးတစ်ယောက်ဖြစ်နေခဲ့သည်။
ခရမ်းဓား၏ကြောက်စရာကောင်းမှုကိုခံစားမိတော့...
ဖန်းရှင်ကုန်း ချက်ချင်းပဲ လျှာကိုက်ကာ ထူးဆန်းသည့်ခန္ဓာသန့်စင်နည်းစနစ်တစ်ခုကို အသုံးပြုလိုက်သည်။
ထိုအခါ တစ်ကိုယ်လုံးရှိကြွက်သားတွေ အရည်ကဲ့သို့ ရင်ဘတ်ဆီသို့စီးဆင်းသွား၏။
မျက်တောင်တစ်ခတ်အတွင်းမှာပဲ ခြေလက်တွေက အမွေတိုင်လောက်သေးပြီး ရင်ဘတ်က စည်းပိုင်းကဲ့သို့ဖောင်းကားလာသည့် ထူးဆန်းသည့်ပုံစံကြီးအဖြစ်ပြောင်းသွားခဲ့သည်။
ခရမ်းဓား နှလုံးကိုရွယ်ပြီး သူ၏ကြွက်သားတွေစုဝေးနေသည့် ရင်ဘတ်ထဲသို့ ထိုးသွင်းလိုက်သည်။
သို့ပေမယ့် ကြီးမားသည့်ကြွက်သားအစိုင်အခဲကြီးက မာကျောလွန်းနေရာ ခရမ်းဓား တစ်ဝက်နှင့် ရပ်တန့်သွားခဲ့သည်။
ချက်ချင်းပဲ...
ကြွက်သားတွေ နောက်တစ်ကြိမ် စီးဆင်းသွားပြီးခြေထောက်မှာ စုဆုံလိုက်၏။
ထိုအခါ သူ့ခြေထောက်တွေက မြင်းခြေထောက်တွေကဲ့သို့ ထူထည်းသွားခဲ့သည်။
ပြင်းထန်သည့်ကန်အားဖြင့် ယခင်လက်ဝါးချက်ထက်တောင် ပိုအားကောင်းသည့် အရှိန်ပေါက်ကွဲထွက်လာ၏။
မျက်တောင်တစ်ခတ်အတွင်းမှာပဲ....
သူက ဂူအပြင်ကကိုခုန်ထွက်သွားပြီး အထဲသို့လှည့်ကြည့်ကာ ရက်စက်စွာ ရယ်လိုက်၏။
"ဂျန်ဖန်း, မင်းတော့သွားပြီ...."
"ဧရာမဂိုဏ်းရဲ့ အဆုံးမရှိတဲ့လိုက်လံသတ်ဖြတ်မှုခံရဖို့ ပြင်ဆင်ထားလိုက်တော့...."
"ဟ...ဟ...ဟ..."
ဂူထဲ၌...
အဆိပ်မြူတွေ ရစ်ဝဲနေခဲ့သည်။
ဂျန်ဖန်း အဝတ်တွေအားလုံး တိုက်စားခံလိုက်ရ၏။
သို့ပေမယ့် သူ့ခန္ဓာကိုယ်က အကောင်းတိုင်းပင်။
သူက ရယ်နေသည့်ဖန်းရှင်ကုန်းကို ထူးမခြားစွာကြည့်ပြီး တည်ငြိမ်စွာ ပြောလိုက်သည်။
"မင်းလွတ်မယ်လို့ တကယ်ထင်နေတာလား...."
ပြောပြီးသည်နှင့်....
ကြည်လင်သည့်ဆူးချွန်တစ်ခု သူ့မျက်ခုံးနှစ်ခုကြားမှ ပြေးထွက်သွား၏။
ဝိညာဥ်တိုက်ခိုက်မှုက အကွာအဝေးနှင့် အကာအကွယ်တွေကို လျစ်လျူရှုနိုင်၏။
ချက်ချင်းပဲ...
ဆူးချွန် ဖန်းရှင်းကုန်းစိတ်ထဲဝင်ရောက်သွားခဲ့သည်။
"အား..."
ဖန်းရှင်ကုန်း ချက်ချင်းပဲ နာကျင်စွာ အော်ဟစ်လိုက်ရ၏။
၎င်းမှာ လွဓားတစ်ချောင်း သူ၏ဝိညာဥ်ကို ကြမ်းတမ်းစွာဆုတ်ဖြဲနေသလိုပင်။
မရေမတွက်နိုင်သည့်နာကျင်မှုတွေကို တောင့်ခံခဲ့သည့် သူကဲ့သို့ ခန္ဓာကျင့်ကြံသူတောင် ဤကဲ့သို့ နာကျင်မှုမျိုးကို မခံစားနိုင်ပေ။
သူ့အော်သံက သိပ်မကြာလိုက်ပေ။
အဘယ်ကြောင့်ဆိုသော် ခရမ်းရောင်အလင်းတန်းတစ်ခု သူ့ခန္ဓာကိုယ်ကို ထိုးဖောက်သွားသောကြောင့်ပင်။
ခရမ်းဓားက သူ့ကိုလေထဲမှာကပ်ရိုက်ထားပြီး ဂူထဲပြန်ဆွဲခေါ်လာကာ ဂျန်ဖန်းရှေ့အပြင်းအထန်ပြုတ်ကျသွားခဲ့သည်။
ဖန်းရှင်ကုန်း သွေးအများအပြားအန်လိုက်ရပြီး ဝိညာဥ်က မခံမရပ်နိုင်စွာ နာကျင်နေခဲ့သည်။
သူက မျက်လုံးဖွင့်နိုင်ရုံသာဖွင့်နိုင်ပြီး ထိခိုက်ဒဏ်ရာမရှိသည့်ဂျန်ဖန်းကို ကြောက်ရွံ့တကြီးကြည့်လိုက်သည်။
"မဖြစ်နိုင်တာ... မင်းဘယ်လိုလုပ်... အကောင်းတိုင်းရှိနေတာလဲ...."
ဂျန်ဖန်း ခရမ်းဓားကိုသူ့ဆီမှ ဆွဲနုတ်ပြီး ထူးမခြားနားစွာ ပြောလိုက်သည်။
"တိုင်းပုပိုင်နဲ့ အေးဆေးစကားသွားပြောလိုက်အုန်း..."
ဤသို့ဖြင့်...
သူက ဖန်ရှင်ကုန်းခေါင်းကို ဓားဖြင့်ထိုးစိုက်လိုက်သည်။
"မဟုတ်ဘူး..."
ဖန်းရှင်ကုန်း၏ ဆန္ဒမရှိစွာအော်ဟစ်သံက ကြမ်းတမ်းစွာ ဖြတ်တောက်ခံလိုက်ရသည်။
သူ့မျက်လုံးတွေ ပြူးကျယ်နေပြီး နက်ရှိုင်းသည့်နာကျည်းမှုတွေ ပြည့်နှက်နေခဲ့သည်။
သူ မယုံနိုင်ပေ။
သူက ဤကဲ့သို့ သေဆုံးသွားခဲ့သည်။
ထို့ပြင် ဂျူနီယာတစ်ယောက်၏လက်ထဲမှာ ဖြစ်၏။
ဂျန်ဖန်း ဓားသိမ်းလိုက်ပြီး အနည်းငယ် အသက်ရှူသွင်းလိုက်သည်။
"မင်းတို့လို လူတွေကို သတ်ရတာ တကယ်မလွယ်ဘူး...."
ဤကဲ့သို့ အဆင့်တစ်ခုထိ လေ့ကျင့်ထားသည့်လူတွေ၌ မရေမတွက်နိုင်သည့်နည်းလမ်းတွေ ရှိကြ၏။
သူ၏ဓားထိန်းချုပ်ရေးနည်းစနစ်တောင် တားဆီးခံခဲ့ရ၏။
ထို့ပြင် ထိုအရာက သေခါနီးထိ ဒဏ်ရာရထားချိန်ဖြစ်သည်။
အထွတ်အထိပ်အချိန်သာဆိုလျှင် ဂျန်ဖန်း သူတို့ဆံပင်တစ်မျှင်တောင် ထိခိုက်အောင်လုပ်နိုင်မည်မဟုတ်တာ သံသယရှိစရာမလိုပေ။
အကယ်၍ ဝိညာဥ်ထိုးဖောက်ခြင်းသာ တတ်မြောက်မထားလျှင် ယနေ့ သူ ဖန်းရှင်ကုန်းကို တားနိုင်မည်မဟုတ်ပေ။
ထိုအခါ အကျိုးဆက်က ခန့်မှန်းနိုင်တော့မည်မဟုတ်ပေ။
သူက ဖန်းရှင်ကုန်းခန္ဓာကိုယ်ကို ရှာဖွေလိုက်ရာ ခန္ဓာသန့်စင်ပစ္စည်းအချို့နှင့် တန်ဖိုးမရှိသည့်ပစ္စည်းအချို့သာ ရှာတွေ့လိုက်သည်။
ဤပစ္စည်းတွေက ယခင်ကဆို သူ့အတွက်အသုံးဝင်၏။
သို့ပေမယ့် ယခုတော့ မသုံးမဝင်တော့ပေ။
ရွမ်ကျားလည်း အပိုင်းပိုင်းပေါက်ကွဲသွားပြီး ဧရာမလိပ်ခွံကြီးနှင့် အတော်လေးထိခိုက်ထားသည့် အမြုတေသာ ကျန်တော့၏။
ဂျန်ဖန်း နတ်ဆိုးအမြုတေကို သေချာသိမ်းဆည်းလိုက်၏။
၎င်းမှာ နတ်ဆိုးဘုရင်သတ်သည့် သက်သေပင်။
လိပ်ခွံအတွက်တော့ ဂျန်ဖန်း ၎င်း၏မာကျောမှုကို သိသည်။
ခုခံရေးမှော်ရတာပြုလုပ်ဖို့ အတော်လေး သင့်တော်၏။
ကံကောင်းစွာဖြင့် သူ့၌ ကျယ်ဝန်းသည့်လေဟာနယ်သိုလှောင်ရတနာရှိနေခဲ့သည်။
မဟုတ်လျှင် နှမြောစွာနှင့်ပဲ ထားခဲ့ရမည်ဖြစ်သည်။
အတွေးတစ်ခုနှင့် တောင်အသေးတစ်လုံးစာလောက်ရှိသည့်လိပ်ခွံကြီး သိုလှောင်ရတနာထဲရောက်သွားခဲ့သည်။
နောက်ဆုံး၌ ဖန်းရှင်းခန္ဓာကိုယ်၌ များစွာသော အသံလှိုင်းအမှတ်အသားတွေနှင့် ဓားရာတွေ ရှိနေခဲ့ရာ ဧရာမဂိုဏ်းစစ်ဆေးတာမှ ကာကွယ်ဖို့ မီးရှို့ပစ်လိုက်သည်။
ဤနည်းဖြင့် ဖန်းရှင်ကုန်းပျောက်ကွယ်သွားမှုက သားရဲလှိုင်းတိုက်ခိုက်မှုကြောင့်ဟု လုံဝမှတ်ယူနိုင်ပြီပဲဖြစ်သည်။
သူ့ခန္ဓာကိုယ်ကို သားရဲဘုရင်တွေ စားသွားတာလည်း ဖြစ်နိုင်၏။
အရာအားလုံးကို ရှင်းလင်းပြီးနောက်....
ဂျန်ဖန်း နောက်တစ်ကြိမ် လိပ်အသက်ရှူဝတ်ရုံကို ခြုံလိုက်ပြီး ဂူထဲမှ တိတ်တဆိတ် ထွက်ခွာလာခဲ့သည်။
အပြင်ဘက်တိုက်ပွဲက ပြီးသွားပြီဖြစ်သည်။
ဖန်းရှင်းကုန်းမရှိတော့၍ ဧရာမဂိုဏ်းသားတွေ၏ကံကြမ္မာက သိသာ၏။
အမြုတေဖွဲ့စည်းခြင်းအဆင့် ၄ အဆင့် ၅ အနည်းငယ်က ဘယ်လိုလုပ် နတ်ဆိုးဘုရင် ဒါဇင်ချီကို ခုခံနိုင်မည်နည်း။
ချွင်းချက်မရှိ အားလုံးသေဆုံသွားခဲ့သည်။
သို့ပေမယ့် သားရဲဘုရင်တွေလည်း အထိနာခဲ့၏။
အမြုတေ အဆင့် ၄ သားရဲဘုရင် ၅ ယောက်၏ အလောင်းကြီးတွေ အေးစက်သည့်နှင်းပြင်ပေါ်၌ လဲလျောင်းနေခဲ့သည်။
မဟုတ်ပေ။ ဤအရာတွေက အလောင်းတွေ မဟုတ်ပေ။
၎င်းတို့က နတ်ဆိုးဘုရင် အမြုတေ ၅ ခုဖြစ်၏။
အကျိုးပြုမှတ် ၁၀၀ တန်တာပဲဖြစ်သည်။
ဂျန်ဖန်း ဘယ်လိုလုပ် လွဲချော်နိုင်မည်နည်း။
သားရဲဘုရင်တွေ ရွမ်ကျားကိုရှာနေစဥ်မှာပဲ ချက်ချင်း ခန္ဓာကိုယ်တွေနား ချည်းကပ်သွားခဲ့သည်။
သူက သားရဲဘုရင်တစ်ကောင်နား ချည်းကပ်သွား၏။
ထို့နောက် ခန္ဓာကိုယ်ကိုခွဲကာ နတ်ဆိုးအမြုတေကို ထုတ်ယူလိုက်၏။
ထို့နောက် ဒုတိယတစ်ကောင်...
တတိယတစ်ကောင်....
....
နောက်ဆုံး ၅ ကောင်မြောက်ရောက်ပြီး ၎င်း၏နတ်ဆိုးအမြုတေသိမ်းပြီးသည့်အခါ....
ရုတ်တရက် သူ့ခေါင်းပေါ် အရိပ်ကြီးတစ်ခုဖုံးလွမ်းသွား၏။
ထို့နောက် အေးစက်သည့်အသံတစ်ခု အထက်ဆီးမှ ထွက်ပေါ်လာခဲ့သည်။
"နတ်ဆိုးအမြုတေ ၅ ခုက လုံလောက်ပြီလား...."