← Chapters

အခန်း (၇၀၉-၇၁၁)

Vol. 48 Ch. 709-711

အခန်း (၇၀၉-၇၁၁)

Vol. 48 Ch. 709-711

အခန်း (၇၀၉) - မဟာမိတ်အဖွဲ့ တည်ထောင်ခြင်း

~နဂါးနတ်ဘုရား နန်းတော်၏ ရင်ပြင်ထက်တွင် ဖုန်းဝူချန်သည် နောက်သို့ လှည့်ကြည့်လိုက်ရင်း မီးတောက်နဂါး၏ စွမ်းအားကို တိတ်တဆိတ် အံ့အားသင့်နေမိ၏။

ကောင်းကင်နှင့် မြေကြီးကို ဖျက်ဆီးပစ်နိုင်စွမ်းရှိသော အားလှိုင်းလုံးကြီးများက ပတ်ဝန်းကျင် တစ်ခွင်သို့ ရိုက်ခတ်သွားရာ လူအများအပြားကို သေမတတ် ထိတ်လန့်သွားစေခဲ့သည်မှာ အသေအချာပင် ဖြစ်၏။

မီးတောက်နဂါး၏ ပြိုင်ဘက်ကင်းသော အရှိန်အဝါသည် တိုက်ကြီး တစ်ခုလုံးကို ခြိမ်းခြောက်လွှမ်းမိုးထားနိုင်ရန် လုံလောက်နေသည်။

'နဂါးနတ်ဘုရား နန်းတော်မှာ အစွမ်းထက်တဲ့ အစောင့်အရှောက် မရှိဘူး... မီးတောက်နဂါးကို ငါတို့ဘက် ပါလာအောင် လုပ်ဖို့ နည်းလမ်းတစ်ခု ရှာရမယ်'

ဖုန်းဝူချန်က သူ့ဖာသာ တီးတိုးရေရွတ်လိုက်၏။

နဂါးနတ်ဘုရား နန်းတော်၏ အလုံးစုံသော အင်အားမှာ နှိုင်းယှဉ်ကြည့်လျှင် အလွန် အားနည်းနေသေး၏။ နတ်ဘုရားအသွင်ပြောင်းဘုံ ပညာရှင် တစ်ယောက်ကပင် နဂါးနတ်ဘုရား နန်းတော်ကို ကြီးမားသော ခြိမ်းခြောက်မှု ပေးနိုင်စွမ်း ရှိနေ၏။

ယနေ့တိုက်ပွဲတွင်သာ သူသာ အချိန်မီ မရောက်လာခဲ့ပါက နဂါးနတ်ဘုရား နန်းတော်သည် လောကကြီးထဲမှ လုံးဝ ပျောက်ကွယ်သွားလောက်ပြီ ဖြစ်သည်။

ယခုအခါ နဂါးနတ်ဘုရား နန်းတော်သည် နတ်ဘုရား ဘုရင် နန်းတော်၏ အာရုံစိုက်မှုကို ခံလိုက်ရပြီဖြစ်ရာ လိန်ဟွန်းသည် အစွမ်းထက် မဟာမိတ်များကို အချိန်မရွေး ခေါ်ဆောင်လာနိုင်၏။ မကြာသေးမီက ဖြစ်ပွားခဲ့သော တိုက်ပွဲကြီးကြောင့် အပြင်းအထန် အားနည်းနေသော နဂါးနတ်ဘုရား နန်းတော်အနေဖြင့် နတ်ဘုရား ဘုရင် နန်းတော်၏ ထပ်မံ ထိုးစစ်ဆင်မှုများကို ခံနိုင်ရည်ရှိမည် မဟုတ်တော့ချေ။

ကျန်းမိသားစုနှင့် အင်မော်တယ် လက်နက် စံအိမ်တို့မှာလည်း အကြီးအကျယ် ထိခိုက်အားနည်းသွားကြပြီး မည်သည့်အချိန်မှ ပြန်လည် နာလန်ထူနိုင်မည်ကို မသိရသေးပေ။ ထို့ကြောင့် သူတို့သည်လည်း နဂါးနတ်ဘုရား နန်းတော်ကို ကူညီရန် ယာယီအားဖြင့် မဖြစ်နိုင်တော့ချေ။

သို့ဖြစ်ရာ ဖုန်းဝူချန်အနေဖြင့် နန်းတော်၏ လုံခြုံရေးကို အနည်းဆုံး အာမခံနိုင်ရန်အတွက် နဂါးနတ်ဘုရား နန်းတော်တွင် အခြေချနေထိုင်ပေးမည့် အစွမ်းထက် ပုဂ္ဂိုလ်တစ်ဦးကို မဖြစ်မနေ ရှာဖွေရတော့မည် ဖြစ်၏။

သေချာသည်က ယခုအချိန်မှာ အချိန်ကောင်း မဟုတ်သေးပေ။ မီးတောက်နဂါး၏ ဒေါသများ ငြိမ်သက်သွားသည့် အချိန်အထိ သူ စောင့်ဆိုင်းရမည် ဖြစ်၏။

ထို့အပြင် မီးတောက်နဂါး၏ ပေါ်ထွက်လာမှုက လိန်ဟွန်းကို ဝိညာဉ်လွင့်မတတ် ခြောက်လှန့်လိုက်နိုင်သဖြင့် နတ်ဘုရား ဘုရင် နန်းတော်သည်လည်း လတ်တလောတွင် နဂါးနတ်ဘုရား နန်းတော်ကို လာရောက် တိုက်ခိုက်ရဲမည် မဟုတ်ပေ။

“အစ်ကိုကြီးဖုန်း”

လင်ရှောင်ရှောင်၏ အသံက သူ၏ နားထဲသို့ ပျံ့လွင့်လာ၏။

“ဟင်... ဘာဖြစ်လို့လဲ”

ဖုန်းဝူချန်က လှည့်မေးလိုက်၏။

“စီနီယာ မီးတောက်နဂါး ဘာဖြစ်သွားတာလဲဟင်”

လင်ရှောင်ရှောင်က မေးလိုက်စဉ် လျိုချင်းယန်နှင့် အခြားသူများကလည်း ကောင်းကင်ယံရှိ ကြောက်မက်ဖွယ် စွမ်းအင်များ ထွက်ပေါ်လာရာ နေရာဆီသို့ အကြည့်များ ရောက်သွားကြ၏။

“အရမ်းကို ကြောက်စရာကောင်းတာပဲ... မိုထျန်းယန်ထက်တောင် ပိုပြီး စွမ်းအားသေးတယ်”

လျိုချင်းယန်က တုန်ယင်နေသော အသံဖြင့် ပြောလိုက်သည်။ သူ၏ ခန္ဓာကိုယ်မှာလည်း ထိန်းမရအောင် တုန်ယင်နေ၏။

“ဘာမှ မဖြစ်ပါဘူး... သူ ဒေါသထွက်သွားရုံတင်ပါ”

ဖုန်းဝူချန်က ခေါင်းကို ခပ်ဖွဖွ ယမ်းရင်း ပြန်ဖြေလိုက်၏။

ထို့နောက် ဖုန်းဝူချန်သည် ထျန်းရှန်းဇီနှင့် အခြား ဆေးပညာရှင်များဘက်သို့ လှည့်ကာ ကျေးဇူးတင်စကား ဆိုလိုက်သည်။

“စီနီယာ ထျန်းရှန်းဇီ... ဒီတစ်ကြိမ် ကူညီပေးခဲ့တဲ့အတွက် အရမ်းကို ကျေးဇူးတင်ပါတယ်ဗျာ။ ခင်ဗျားတို့ စိတ်မကွက်ဘူးဆိုရင် နောင်ကို နဂါးနတ်ဘုရား နန်းတော်မှာပဲ ဆက်နေဖို့ စဉ်းစားပေးကြပါ”

“ဆေးဧကရာဇ်ကို ကျေးဇူးတင်ပါတယ် ခင်ဗျာ”

ထျန်းရှန်းဇီ၊ ရှားယွင်ရွှမ်နှင့် အခြားသူများမှာ ဝမ်းသာပီတိ ဖြစ်သွားကြတော့သည်။

တိုက်ကြီးပေါ်တွင် အစွမ်းအထက်ဆုံးဖြစ်သော နတ်ဘုရား ဘုရင် နန်းတော်ကို ရင်ဆိုင်ရမည် ဖြစ်သော်လည်း ထျန်းရှန်းဇီတို့သည် အသက်အန္တရာယ်ကို ပမာမထားဘဲ လာရောက် ကူညီပေးခဲ့ကြသည်။ ထို့ကြောင့် ဖုန်းဝူချန်ကလည်း အလွန်တရာ ကျေးဇူးတင်လှသလို သူတို့ကိုလည်း မိမိဘက် ပါလာအောင် စည်းရုံးရန် ရည်ရွယ်ထားခြင်း ဖြစ်၏။

နဂါးနတ်ဘုရား နန်းတော်သည် ပိုမို အင်အားကြီးမားလာရန် လိုအပ်လှသည်။ စစ်သည်တော်များချည်း သက်သက်ဖြင့် လုံးဝ လုံလောက်မည် မဟုတ်ချေ။

“ဒီတိုက်ပွဲကြောင့် ငါတို့နဲ့ နတ်ဘုရား ဘုရင် နန်းတော်က သေခန်းပြတ် ရန်သူတွေ ဖြစ်သွားခဲ့ပြီ။ လိန်ဟွန်းကလည်း ဒီကိစ္စကို ဒီအတိုင်း လွှတ်ထားမှာ မဟုတ်ဘူး။ ဒါပေမဲ့ လတ်တလောမှာတော့ သူတို့ ထပ်ပြီး လှုပ်ရှားရဲမှာ မဟုတ်သေးဘူး။ ဒီအချိန်လေးကို အသုံးချပြီး ဒဏ်ရာတွေကို ကုသရင်း ကြိုးကြိုးစားစား ကျင့်ကြံကြပါ”

ဖုန်းဝူချန်က လေးနက်သော လေသံဖြင့် မှာကြားလိုက်၏။

'ငါ တခြား ရှေးဦး ကမ္ဘာဦး စွမ်းအားတွေကို အမြန်ဆုံး ရှာဖွေရမယ်'

ဖုန်းဝူချန်က တီးတိုးရေရွတ်လိုက်ပြီးနောက် အတွေးတစ်ချက်ဖြင့် ကိုးထပ် ချန်ခွင်း မျှော်စင်ထဲသို့ ဝင်ရောက်သွားလေတော့သည်။

ရှေးဦး ကမ္ဘာဦး စွမ်းအားသည် ဖုန်းဝူချန်၏ ကျင့်ကြံခြင်းကို အလျင်မြန်ဆုံး တိုးတက်လာစေရန် ကူညီပေးနိုင်စွမ်း ရှိ၏။ အတိုတောင်းဆုံး အချိန်အတွင်း အစွမ်းထက်လာစေရန်အတွက် ရှေးဦး ကမ္ဘာဦး စွမ်းအားမှာ မရှိမဖြစ် လိုအပ်လှ၏။

'အစ်ကိုကြီးဖုန်း... ညီမကို ခွင့်လွှတ်ပါနော်။ နဂါးနတ်ဘုရား နန်းတော်ကို နောက်တစ်ကြိမ် အခုလို အကြပ်အတည်းမျိုး ထပ်မရောက်စေရပါဘူး... လုံးဝကို အဖြစ်မခံနိုင်တော့ပါဘူး'

လင်ရှောင်ရှောင်က ကိုးထပ် ချန်ခွင်း မျှော်စင်၏ ဝင်ပေါက်ကို ကြည့်ကာ စိတ်ထဲမှ ရေရွတ်လိုက်သည်။ သူမ၏ မျက်ဝန်းများမှ မျက်ရည်များက ထိန်းမရအောင် စီးကျလာ၏။

ဖုန်းဝူချန်နှင့် အခြားသူများ ဒဏ်ရာကုသရန် သွားပြီးနောက် လင်ရှောင်ရှောင်လည်း ထွက်ခွာသွားလေတော့သည်။ သူမသည် ဖုန်းဝူချန်ကို နှုတ်ဆက်ရန် ရည်ရွယ်ခဲ့သော်လည်း နှုတ်မှဖွင့်ဟ၍ မထွက်နိုင်တော့ဘဲ နှုတ်ဆက်စကားမဆိုဘဲ ထွက်သွားခဲ့ခြင်း ဖြစ်သည်။

ဤတိုက်ပွဲတွင် နဂါးနတ်ဘုရား နန်းတော်သည် ပျက်စီးလုနီးပါး ဖြစ်ခဲ့ရသဖြင့် လင်ရှောင်ရှောင်၏ ရင်ထဲတွင် မိမိကိုယ်ကိုယ် အပြစ်တင်မှုများနှင့် နောင်တတရားများ အပြည့် ဖုံးလွှမ်းနေ၏။ သူမ၏ နောက်ကွယ်တွင် ကြောက်မက်ဖွယ်ကောင်းသော အင်အားစုကြီး တစ်ခုလုံး ရှိနေပါလျက်နှင့် နဂါးနတ်ဘုရား နန်းတော်၏ အကြပ်အတည်းကို ကူညီမဖြေရှင်းပေးနိုင်ခဲ့ဘဲ အကြီးအကျယ် သေကြေပျက်စီးမှုများသာ ဖြစ်ပေါ်စေခဲ့သည် မဟုတ်ပါလော။

ထိုအကြောင်းကြောင့် လင်ရှောင်ရှောင်သည် မိမိကိုယ်ကိုယ် အသုံးမကျသူဟု အမြဲ ခံစားနေရပြီး နဂါးနတ်ဘုရား နန်းတော်ကို စိတ်ပျက်စေခဲ့ပြီဟု ယုံကြည်နေမိ၏။

“ရှောင်ရှောင်...”

ပင်မနန်းဆောင်ကြီး၏ တံခါးဝတွင် ရပ်နေသော မြောင်ချင်းချင်းက လင်ရှောင်ရှောင်၏ အတွေးများကို နားလည်နေပုံရသော်လည်း သူမကို လိုက်လံ မတားဆီးခဲ့ချေ။

...

“နဂါးမျိုးနွယ်စု ဟုတ်လား... မီးတောက်နဂါးတဲ့လား”

မိုထျန်းယန်က မျက်မှောင်ကြုတ်ကာ ပြောလိုက်သည်။

“ဒီလူရဲ့ စွမ်းအားက အရမ်းကို ထိတ်လန့်စရာကောင်းတယ်။ နဂါးမျိုးနွယ်စုရဲ့ အစောင့်အရှောက်ထက်တောင် မနိမ့်ကျဘူး။ ဒါပေမဲ့ သူက နဂါးမျိုးနွယ်စုရဲ့ သစ္စာဖောက်ပဲ”

“နဂါးမျိုးနွယ်စုရဲ့ သစ္စာဖောက် ဟုတ်လား”

နတ်ဘုရား ဘုရင် နန်းတော်မှ လူများမှာ အလွန်တရာ အံ့အားသင့်သွားကြပြီး ဘာတွေ ဖြစ်နေမှန်း သေချာ နားမလည်နိုင်အောင် ဖြစ်နေကြ၏။

နဂါးမျိုးနွယ်စု၏ အစွမ်းသတ္တိ မည်မျှကြီးမားကြောင်းကို သူတို့ မသိကြသော်လည်း မိုထျန်းယန်၏ မှုန်ကုပ်နေသော မျက်နှာထားကို ကြည့်ခြင်းအားဖြင့် ခန့်မှန်း၍ ရနိုင်သည်။

သို့သော် နတ်ဘုရား ဘုရင် နန်းတော်၏ နန်းတော်သခင်ကို ပို၍ တုန်လှုပ်စေခဲ့သည်မှာကား နတ်ဘုရား ဘုရင် နန်းတော်မှ စေလွှတ်လိုက်သော အစွမ်းထက် စစ်သည်တော် ရာဂဏန်းသည် နဂါးနတ်ဘုရား နန်းတော်ကို မချေမှုန်းနိုင်ခဲ့သည့်အပြင် သူတို့အားလုံး အသေသတ်ခံလိုက်ရခြင်းပင် ဖြစ်၏။

“ဖုန်းဝူချန် ဆိုတဲ့ ခွေးကောင်လေး... အဲဒီ လျှို့ဝှက်ဆန်းကြယ်တဲ့ အနက်ရောင် မီးတောက်ကို သူ ဘယ်ကနေ ရလာမှန်း ငါ မသိဘူး။ ဒါပေမဲ့ အဲဒါက အရမ်းကို ကြောက်စရာကောင်းတယ်။ အဲဒီ မီးတောက်ရဲ့ အပူချိန်ကို ငါကိုယ်တိုင်တောင် ခံနိုင်ရည် မရှိဘူးကွ”

လိန်ဟွန်းက အနက်ရောင် မီးတောက်ကို တွေးမိပြီး ကြက်သီးထကာ ပြောလိုက်သည်။

“ဖုန်းဝူချန်ဆီမှာ အဆင့်မြင့် အင်မော်တယ် လက်နက်တွေလည်း ရှိနေသေးတယ်။ သူ့ရဲ့ တိုက်ခိုက်ရေး စွမ်းအားက တော်တော်လေးကို ပြင်းထန်ပြီး ထျန်းကျီဘုံ စတုတ္ထအလွှာထက်တောင် မနိမ့်ကျဘူး။ ဖုန်းဝူချန်က အရမ်းကို မြန်မြန်ဆန်ဆန် ကြီးထွားလာတာမို့ သူ့ကို အမြစ်ကနေ လှန်ပစ်မှ ရမယ်”

ခွန်ယွင်ကလည်း ဝင်ပြောလိုက်၏။

“အနက်ရောင် မီးတောက် ဟုတ်လား”

နတ်ဘုရား ဘုရင် နန်းတော်၏ နန်းတော်သခင်က မိုထျန်းယန်ကို နားမလည်နိုင်စွာ အကြည့် ပို့လွှတ်လိုက်သည်။

“အဲဒီ အနက်ရောင် မီးတောက်က တခြား ဟာမဟုတ်ဘူး... လောကမှာ အစွမ်းအထက်ဆုံး မီးတောက်ဖြစ်တဲ့ ရှေးဦး ကမ္ဘာဦး ဝူမီးတောက်ပဲ။ အဲဒါက အဲဒီကောင်လေးရဲ့ လက်ထဲ ရောက်သွားလိမ့်မယ်လို့ တကယ်ကို မထင်ထားခဲ့ဘူး။ သူ့ခန္ဓာကိုယ်ထဲမှာ နဂါးမျိုးနွယ်စုရဲ့ သွေးမျိုးဆက် ရှိနေပေမယ့် သူက သာမန် လူသားတစ်ယောက် ဖြစ်နေတာတော့ တော်တော်လေး ထူးဆန်းတယ်”

မိုထျန်းယန်က ဖြည်းညင်းစွာ ရှင်းပြလိုက်၏။

“အခု နဂါးမျိုးနွယ်စုက ဝင်ပါလာပြီ ဆိုတော့... ရှေးဦး စွမ်းအားတွေနဲ့ ဝူမီးတောက်ကို ငါတို့ ပြန်ယူဖို့ ဆိုတာ ကောင်းကင်တက်ရသလို ခက်ခဲသွားပြီ မဟုတ်ဘူးလား”

အစောင့်အရှောက် တစ်ယောက်က မသေချာစွာဖြင့် လှမ်းမေးလိုက်၏။

“ငါတို့ရဲ့ အင်အားတွေကို ခဏ ထိန်းထားပြီး မိစ္ဆာ ဘုရင်ဆီက အမိန့်ကို စောင့်ကြတာပေါ့”

မိုထျန်းယန်က ခက်ထန်စွာ ပြောလိုက်သည်။ ထို့နောက် သူ၏ ခန္ဓာကိုယ်က အနက်ရောင် မြူခိုးများအဖြစ် ပြောင်းလဲသွားကာ လေထဲသို့ လွင့်စင်ပျောက်ကွယ်သွားလေတော့သည်။

“မီးတောက်နဂါးသာ ဝင်မပါခဲ့ဘူးဆိုရင် ငါတို့ အောင်မြင်နေတာ ကြာလှပေါ့ကွာ”

လိန်ဟွန်းက အံကို ကြိတ်ကာ မကျေမနပ်ဖြင့် အော်ဟစ်လိုက်၏။ ဤအခြေအနေကို သူ လုံးဝ လက်မခံချင်အောင် ဖြစ်နေ၏။

“ဖုန်းဝူချန်က နဂါးမျိုးနွယ်စုနဲ့ အချိတ်အဆက် ရှိနေတာပဲ”

နတ်ဘုရား ဘုရင် နန်းတော်၏ နန်းတော်သခင်က အလွန်တရာ မှုန်ကုပ်နေသော မျက်နှာထားဖြင့် ရေရွတ်လိုက်လေတော့သည်။

...

အချိန်များက လျင်မြန်စွာ ကုန်ဆုံးသွားပြီး လဝက်ခန့် ကြာမြင့်သွားခဲ့ပြီ ဖြစ်သည်။ ဝူကျိနယ်မြေ တစ်ခုလုံးမှာလည်း ယခုအချိန်အထိ အေးချမ်းငြိမ်သက်လျက် ရှိ၏။

နဂါးနတ်ဘုရား နန်းတော်မှာလည်း တဖြည်းဖြည်းနှင့် အသက်ဝင် လှုပ်ရှားလာပြီ ဖြစ်သည်။

ဖုန်းဝူချန် တံခါးပိတ် ကျင့်ကြံရာမှ ထွက်လာသည်နှင့် လူတိုင်းကို ပင်မနန်းဆောင်ကြီးထဲသို့ ချက်ချင်း ဆင့်ခေါ်လိုက်၏။

“အစ်ကိုဖုန်း... ဘာကိစ္စ အရေးတကြီး ရှိလို့လဲဗျ”

ပင်မနန်းဆောင်ကြီးထဲသို့ ဝင်ဝင်ချင်းပင် လျိုချင်းယန်က ပထမဆုံး လှမ်းမေးလိုက်သည်။ လူတိုင်း၏ သိချင်စိတ် ပြင်းပြနေသော အကြည့်များကလည်း ဖုန်းဝူချန်ထံသို့ စုပြုံရောက်ရှိသွားကြ၏။

ဖုန်းဝူချန်၏ မျက်နှာက လေးနက်တည်ကြည်သွားပြီးနောက် စကားစလိုက်သည်။

“နတ်ဘုရား ဘုရင် နန်းတော်က ငါတို့ရဲ့ ရှင်သန်မှုကို ခြိမ်းခြောက်လာပြီ။ ဒါကြောင့် နဂါးနတ်ဘုရား နန်းတော်က ဦးဆောင်ပြီး ဝူကျိနယ်မြေ တစ်ခုလုံးက အင်အားစုတွေ အားလုံးကို စုစည်းကာ မဟာမိတ်အဖွဲ့ တစ်ခု တည်ထောင်ဖို့ ငါ ရည်ရွယ်ထားတယ်”

“မဟာမိတ်အဖွဲ့ တည်ထောင်မယ် ဟုတ်လား”

လူအုပ်ကြီးမှာ အလွန်တရာ အံ့အားသင့်သွားကြပြီး ဆူညံသွားကြလေတော့သည်။

ဖုန်းဝူချန်က လက်တစ်ချက် ဝှေ့ယမ်းလိုက်ရာ သွေးရောင် အလင်းတန်းများစွာ ပန်းထွက်သွားပြီး ထျန်းရှန်းဇီ၊ ဟန်ခွန်းနှင့် အခြား ဆေးပညာရှင်များ၏ နဖူးများထဲသို့ ဝင်ရောက်သွား၏။ ချက်ချင်းပင် သူတို့၏ ခေါင်းထဲသို့ အချက်အလက် မြောက်မြားစွာ လှိမ့်ဝင်လာသည်။

“ဒါက မြေကမ္ဘာအဆင့် အဆင့်မြင့် ဆေးပညာ ကျင့်စဉ်နဲ့ အဆင့် (၇) ရုံရွှယ်တာဟွမ် ဆေးလုံး၊ အဆင့် (၇) ချင်းရွှီယွမ်ဟွမ် ဆေးလုံးတွေရဲ့ ဆေးညွှန်းတွေပဲ။ ဒီ အဆင့် (၇) ဆေးလုံး နှစ်မျိုးလုံးက ဒဏ်ရာတွေကို ကုသဖို့နဲ့ အစစ်အမှန်ယွမ်တွေကို ပြန် ဖြည့်တင်းဖို့အတွက် အရမ်းကို အစွမ်းထက်တယ်။ ခင်ဗျားတို့ အားလုံး ဆေးလုံး အမြောက်အမြားကို ဖော်စပ်ပေးဖို့ လိုအပ်တယ်။ လိုအပ်တဲ့ ဆေးမြစ်တွေကိုတော့ လေလံရုံကနေ ထောက်ပံ့ပေးလိမ့်မယ်”

ဖုန်းဝူချန်က လေးနက်စွာ ပြောလိုက်၏။

“ဟုတ်ကဲ့ပါ ခင်ဗျာ... ဆေးဧကရာဇ်ကို ကျေးဇူးတင်ပါတယ်ဗျာ”

ထျန်းရှန်းဇီနှင့် အခြားသူများက ရိုသေစွာ ပြန်လည် ဖြေကြားလိုက်ကြသည်။ သူတို့၏ နှလုံးသားထဲတွင် အတိုင်းမသိ ဝမ်းသာပီတိများဖြင့် ပြည့်လျှံနေကြတော့၏။

“ချီဟွမ်၊ ထျန်းရှင်း... မင်းတို့ လေလံရုံကို သွားပြီး ကူးပြောင်းရေး အခင်းအကျင်း တည်ဆောက်ဖို့ လိုအပ်တဲ့ ပစ္စည်းတွေကို သွားဝယ်ချေ။ လမ်းကြုံရင် လင်းမိုယန်တို့ကိုလည်း နဂါးနတ်ဘုရား နန်းတော်က မဟာမိတ်အဖွဲ့ တည်ထောင်မယ့်အကြောင်း အသိပေးလိုက်ဦး”

ဖုန်းဝူချန်က ဆက်လက် ညွှန်ကြားလိုက်သည်။

“ဟုတ်ကဲ့ပါ နန်းတော်သခင်”

ချီဟွမ်နှင့် အခြားသူများက ရိုသေစွာဖြင့် အမိန့်နာခံလိုက်ကြ၏။

“လှုပ်ရှားရတာ လွယ်ကူအောင်လို့ နဂါးနတ်ဘုရား နန်းတော်ကနေ ဝင်္ကပါပင်လယ်နယ်မြေအထိ ကူးပြောင်းရေး အခင်းအကျင်း တစ်ခုကို ငါ တည်ဆောက်မယ်။ အကြီးအကဲ ထျန်းရှန်းဇီ... ဝင်္ကပါပင်လယ်နယ်မြေက လူတွေ မဟာမိတ်အဖွဲ့ထဲ ဝင်မဝင် ဆုံးဖြတ်နိုင်အောင် စည်းရုံးဖို့ကတော့ ခင်ဗျားကိုပဲ အားကိုးရတော့မယ်ဗျာ”

ဖုန်းဝူချန်က လေးနက်သော လေသံဖြင့် ပြောလိုက်သည်။

“ဆေးဧကရာဇ် အရှင်... စိတ်ချပါ ခင်ဗျာ။ ကျွန်တော်.. အစွမ်းကုန် ကြိုးစားပါ့မယ်”

ထျန်းရှန်းဇီက ရိုသေစွာ ပြန်ဖြေလိုက်၏။

“ချင်းယန်၊ ပေတိုယန်... မင်းတို့က ကျန်းမိသားစုဆီ သွားကြ”

ဖုန်းဝူချန်က လျိုချင်းယန်တို့ဘက်သို့ လှည့်ကြည့်ကာ ပြောလိုက်သည်။

သူက.. ကြယ်တာရာနယ်မြေမှ စတင်ကာ အင်မော်တယ် လက်နက် စံအိမ်နှင့် ကျန်းမိသားစုတို့ကို အခြေခံ၍ မဟာမိတ်အဖွဲ့ကို စတင် လည်ပတ်ရန် ရည်ရွယ်ထားခြင်းပါ။ ထို့နောက်မှ ဝူကျိနယ်မြေ တစ်ခုလုံးသို့ တဖြည်းဖြည်း ချဲ့ထွင်သွားမည် ဖြစ်သည်။

နတ်ဘုရား ဘုရင် နန်းတော်သည် နဂါးနတ်ဘုရား နန်းတော်၏ အသက်ရှင်သန်ရေးကိုပင် ကြီးမားစွာ ခြိမ်းခြောက်နေပြီ ဖြစ်၏။ နတ်ဘုရား ဘုရင် နန်းတော်ကို ရင်ဆိုင်ရပ်တည်နိုင်ရန်အတွက် မဟာမိတ်အဖွဲ့ ဖွဲ့စည်းခြင်းမှာ မလုပ်မဖြစ် လုပ်ရမည့် ကိစ္စ တစ်ရပ်ပင် ဖြစ်တော့သည်။

အခန်း (၇၁၀) - နဂါးနတ်ဘုရား မဟာမိတ်အဖွဲ့

~ဖုန်းဝူချန်က ဘေးဘီဝဲယာကို မျက်စိကစားကြည့်လိုက်၏။ ထိုအခါမှ လင်ရှောင်ရှောင် မရှိနေသည်ကို သတိထားမိသွားပြီး နားမလည်နိုင်စွာ မေးလိုက်၏။

“ရှောင်ရှောင်ကို မတွေ့ပါလား”

သူ၏ စကားကြောင့်သာ ပင်မနန်းဆောင်ကြီးထဲတွင် လင်ရှောင်ရှောင် မရှိမှန်း ကျန်လူများအားလုံး သတိထားမိသွားကြတော့သည်။

“ဟုတ်သားပဲ... ရှောင်ရှောင်ကို မတွေ့တာ နည်းနည်းတောင် ကြာနေပြီ။ သူ ဘယ်ရောက်နေတာလဲ”

လျိုချင်းယန်က ဇဝေဇဝါဖြင့် မေးလိုက်၏။

“ရှောင်ရှောင်က တံခါးပိတ် ကျင့်ကြံနေတုန်းပဲလား မသိဘူး။ ပြီးခဲ့တဲ့ရက်တွေက အမေ လမ်းလျှောက်ထွက်ရင် သူ့ကို အဖော်ခေါ်မလို့ ရှာသေးတယ်။ အရိပ်အယောင်တောင် မတွေ့ရဘူး”

ရှောင်ချင်းချင်းက ခန့်မှန်းပြောဆိုလိုက်သည်။

“ရှောင်ရှောင် ပြန်သွားပြီ။ သူက ကိုယ့်ကိုယ်ကိုယ် အရမ်း အပြစ်တင်နေပုံရတယ်။ အရမ်းကို နောင်တရပြီး ဝမ်းနည်းနေမှန်း ကျွန်မ ကြည့်လိုက်တာနဲ့ သိတယ်။ သူ ဘာမှမပြောသွားတာက ကျွန်မတို့ကို မသိစေချင်လို့ ဖြစ်မယ်”

မြောင်ချင်းချင်းက ဝင်ပြောလိုက်၏။

“သူလည်း အစွမ်းကုန် ကြိုးစားပေးခဲ့တာပဲကို... ဘာတွေများ အပြစ်တင်စရာ ရှိလို့လဲ။ သူ အဆိုးဘက်ချည်းပဲ တွေးမနေသင့်ဘူး”

ရှောင်ချင်းချင်းက စိုးရိမ်တကြီး ရေရွတ်လိုက်သည်။ သူမသည် လင်ရှောင်ရှောင်ကို သမီးအရင်းတစ်ယောက်လို ချစ်ခင်ယုယသူ ဖြစ်၏။

“ဟူး... ဒီကောင်မလေးက အမြဲတမ်း အပြစ်တွေကို သူ့ခေါင်းပေါ်ချည်းပဲ တင်တတ်လွန်းတယ်”

ဖုန်းဝူချန်က ခပ်ဖွဖွ သက်ပြင်းချလိုက်၏။ သူ ဒီလိုဖြစ်မည်ကို ကြိုတင် ခန့်မှန်းမိပြီးသား ဖြစ်သော်လည်း ရင်ထဲတွင်တော့ ဘာမှ လုပ်မပေးနိုင်သည့် အားမလိုအားမရ ခံစားချက်မျိုး ဖြစ်ပေါ်နေသည်။

“ကဲ... အားလုံးပဲ ခွဲပြီး လှုပ်ရှားကြရအောင်။ မဟာမိတ်အဖွဲ့ကို အမြန်ဆုံး တည်ထောင်နိုင်လေ ပိုကောင်းလေပဲ။ ငါ အင်မော်တယ် လက်နက် စံအိမ်ကို တစ်ခေါက်လောက် သွားလိုက်ဦးမယ်”

ဖုန်းဝူချန်က ခပ်အေးအေးပင် ပြောလိုက်သည်။ စကားဆုံးသည်နှင့် သူ၏ ခန္ဓာကိုယ်သည် လေဟာနယ်ထဲသို့ လျှပ်တစ်ပြက် ပျောက်ကွယ်သွားလေတော့သည်။

ထျန်းရှန်းဇီ၊ ရှားယွင်ရွှမ်နှင့် အခြား အစွမ်းထက် ဆေးပညာရှင်များလည်း ဝင်္ကပါပင်လယ်နယ်မြေဆီသို့ ချက်ချင်း ပြန်သွားကြ၏။

ချီဟွမ်နှင့် အခြားသူများကလည်း သူတို့၏ တာဝန်များကို စတင် အကောင်အထည် ဖော်ကြ၏။ မဟာမိတ်အဖွဲ့ တည်ထောင်မည့် ဖုန်းဝူချန်၏ အစီအစဉ်ကို လူတိုင်းက စိတ်ရောကိုယ်ပါ အပြည့်အဝ ထောက်ခံထားကြခြင်း ဖြစ်၏။

ဖုန်းဝူချန် နောက်တစ်ကြိမ် ပြန်ပေါ်လာချိန်တွင် အင်မော်တယ် လက်နက် စံအိမ်၏ ရင်ပြင်ထက်သို့ ရောက်ရှိနေတော့သည်။

“ဆရာကြီးကို ဂါရဝပြုပါတယ် ခင်ဗျာ”

ဖုန်းဝူချန် ပေါ်လာသည်နှင့် အင်မော်တယ် လက်နက် စံအိမ်မှ တပည့်များအားလုံးက ရိုသေကျိုးနွံစွာ အရိုအသေပေးလိုက်ကြ၏။

“စံအိမ်သခင် ချီယွမ်တို့ရဲ့ အခြေအနေ ဘယ်လိုရှိလဲ”

ဖုန်းဝူချန်က စီနီယာ တပည့်တစ်ယောက်ကို လှမ်းမေးလိုက်၏။

“ဆရာကြီး ခင်ဗျာ... စံအိမ်သခင်နဲ့ အကြီးအကဲတွေက တော်တော်လေးတော့ သက်သာနေပါပြီ။ ဒါပေမဲ့ အပြည့်အဝတော့ မကောင်းသေးပါဘူး။ ဆရာကြီး ခဏလောက် စောင့်ပေးပါဗျာ။ ကျွန်တော်.. စံအိမ်သခင်နဲ့ အကြီးအကဲတွေကို အခုချက်ချင်း သွားရောက် သတင်းပို့လိုက်ပါ့မယ်”

ထိုတပည့်က ရိုသေစွာဖြင့် အစီရင်ခံလိုက်၏။

ဖုန်းဝူချန်က ခေါင်းတစ်ချက် ညိတ်ပြလိုက်ပြီး ပင်မနန်းဆောင်ကြီးဆီသို့ ခြေလှမ်းလိုက်တော့သည်။

ဖုန်းဝူချန် ရောက်လာကြောင်း သတင်းရသည်နှင့် ချီယွမ်အပြင် အင်မော်တယ် လက်နက် စံအိမ်၏ အကြီးအကဲများနှင့် ထိပ်ပိုင်းခေါင်းဆောင်များအားလုံး တံခါးပိတ်ကျင့်ကြံနေရာမှ ထွက်လာကာ ပင်မနန်းဆောင်ကြီးဆီသို့ အလျင်အမြန် လာကြ၏။

“ဆရာကြီးကို ကြိုဆိုပါတယ် ခင်ဗျာ”

ချီယွမ်နှင့် အခြားသူများက အလွန်တရာ ရိုသေလေးစားစွာဖြင့် နှုတ်ခွန်းဆက်လိုက်ကြသည်။

“ခင်ဗျားတို့အားလုံး ဒဏ်ရာတွေနဲ့ချည်းပဲကို... ဒီလောက် တရားဝင် အခမ်းအနားတွေ လုပ်နေစရာ မလိုပါဘူး”

ဖုန်းဝူချန်က လက်တစ်ချက် ဝှေ့ယမ်းလိုက်သည်။ ထို့နောက် လိုရင်းကိုသာ တိုက်ရိုက်သွားကာ မဟာမိတ်အဖွဲ့ တည်ထောင်မည့် ကိစ္စကို ပြောပြလိုက်လေတော့သည်။

“မဟာမိတ်အဖွဲ့ တည်ထောင်မယ် လား”

ချီယွမ်က အစပိုင်းတွင် အံ့အားသင့်သွားသော်လည်း ချက်ချင်းပင် သဘောတူလိုက်၏။

“နတ်ဘုရား ဘုရင် နန်းတော်က အရမ်း အင်အားကြီးတယ်။ ဒါ့အပြင် သူတို့က မိစ္ဆာမျိုးနွယ်စုနဲ့တောင် ပူးပေါင်းထားသေးတယ်။ သူတို့ကို ရင်ဆိုင်ဖို့ဆိုရင် ဝူကျိနယ်မြေ တစ်ခုလုံးရဲ့ အင်အားကို စုစည်းမှ ရလိမ့်မယ်။ မဟာမိတ်အဖွဲ့ တည်ထောင်တာက တကယ့်ကို အကြံကောင်းပဲ”

“ဆရာကြီးရဲ့ ဆေးဧကရာဇ် အဆင့်အတန်းနဲ့ဆိုရင် မဟာမိတ်အဖွဲ့ တည်ထောင်ဖို့က သိပ်ခက်ခဲမှာ မဟုတ်ပါဘူး”

“အင်မော်တယ် လက်နက် စံအိမ်နဲ့ ကျန်းမိသားစုက ကြယ်တာရာနယ်မြေမှာ ကိုယ်ပိုင် ဩဇာတိက္ကမ ရှိထားပြီးသားပါ။ အင်အားစုကြီးတွေကို မဟာမိတ်အဖွဲ့ထဲ ပါဝင်လာအောင် စည်းရုံးဖို့ဆိုတာ မခက်ခဲနိုင်ပါဘူး”

အကြီးအကဲများအားလုံးကလည်း တစ်ယောက်တစ်ပေါက် ထောက်ခံပြောဆိုလိုက်ကြ၏။

“အဲဒီလိုဆိုမှတော့ နဂါးနတ်ဘုရား မဟာမိတ်အဖွဲ့ကို တရားဝင် စတင် ဖွဲ့စည်းလိုက်ကြတာပေါ့”

ဖုန်းဝူချန်က ခပ်ဟဟ ပြုံးရင်း ပြောလိုက်သည်။ သူ၏ ခန္ဓာကိုယ်မှ ခမ်းနားကြီးကျယ်သော အရှိန်အဝါများ ဖြာထွက်လာပြီး သူ၏ မျက်ဝန်းများထဲတွင် ယုံကြည်မှုတို့ အပြည့်ရှိနေ၏။

“ဆရာကြီး... ကျွန်တော်.. ဒေသအသီးသီးက အခြား အင်အားစုကြီးတွေကို အမြန်ဆုံး ဆက်သွယ်ပြီး မဟာမိတ်အဖွဲ့ထဲ ဝင်လာအောင် ဖိတ်ခေါ်လိုက်ပါ့မယ်။ ဒီနည်းနဲ့ဆိုရင် နတ်ဘုရား ဘုရင် နန်းတော်ကို ကျွန်တော်တို့ ထိန်းချုပ်ထားနိုင်လိမ့်မယ်”

ဟု ချီယွမ်က လေးနက်စွာ ပြောလိုက်သည်။

ထိုစကားကို ကြားသောအခါ ဖုန်းဝူချန်က ခေါင်းယမ်းလိုက်ပြီး ၊

“အလျင်လိုရင် အမှားပါတတ်တယ်။ အစွန်းရောက်သွားရင် ပြောင်းပြန် ရလဒ်တွေပဲ ထွက်လာလိမ့်မယ်။ လောလောဆယ်တော့ မဟာမိတ်အဖွဲ့ကို ဝူကျိနယ်မြေ အလယ်မှာပဲ အရင် ဖွံ့ဖြိုးအောင် လုပ်ကြရအောင်။ အချိန်တန်မှ မဟာမိတ်အဖွဲ့ကို ချဲ့ထွင်လည်း နောက်မကျသေးပါဘူး”

ဖုန်းဝူချန်၏ စကားက အကြောင်းပြချက် မရှိဘဲ ပြောနေခြင်း မဟုတ်ပေ။ နဂါးနတ်ဘုရား မဟာမိတ်အဖွဲ့သည် အစောပိုင်း စီစဉ်နေဆဲ အဆင့်တွင်သာ ရှိသေး၏။ အကယ်၍ သူတို့သာ အလွန်အမင်း မြန်မြန်ဆန်ဆန်နှင့် ရဲရဲတင်းတင်း ချဲ့ထွင်လိုက်ပါက အခြား အင်အားစုများစွာ၏ ဆန့်ကျင်မှုကို မလွှဲမသွေ ရင်ဆိုင်ရမည် ဖြစ်သည်။

ပထမအချက်အနေဖြင့် နတ်ဘုရား ဘုရင် နန်းတော်သည် တိုက်ကြီးပေါ်တွင် အစွမ်းအထက်ဆုံး အင်အားစုကြီး ဖြစ်၏။ မည်သူ့ကိုမဆို မျက်တောင်တစ်ခတ်အတွင်း အမြစ်ပြတ် ချေမှုန်းပစ်နိုင်လောက်အောင် ကြောက်စရာကောင်းသော အင်အားစုကြီး ဖြစ်၏။

ထိုကဲ့သို့ ထိတ်လန့်ဖွယ် တည်ရှိမှုကြီး တစ်ခုကို ဘယ်အင်အားစုကများ ရန်သူအဖြစ် ရင်ဆိုင်ရဲမည်နည်း။

“မဟာမိတ်အဖွဲ့ရဲ့ အင်အားတွေ ချဲ့ထွင်လာပြီး နတ်ဘုရား ဘုရင် နန်းတော်ကို ရင်ဆိုင်နိုင်တဲ့ စွမ်းအားတွေ ရှိလာပြီဆိုရင်တော့ တိုက်ကြီးရဲ့ ဒေသအသီးသီးက အင်အားစုကြီးတွေကို ဖိတ်ခေါ်ရင်လည်း နောက်မကျသေးပါဘူး”

ဖုန်းဝူချန်က ဆက်ပြောလိုက်၏။

ကျန်းမိသားစု၏ ထိပ်ပိုင်းခေါင်းဆောင်များသည်လည်း ဖုန်းဝူချန်က နဂါးနတ်ဘုရား မဟာမိတ်အဖွဲ့ကို တည်ထောင်ချင်ကြောင်း သိလိုက်ရချိန်တွင် မည်သည့် တွေဝေမှုမျှ မရှိဘဲ ချက်ချင်း သဘောတူလိုက်ကြသည်။

မဟာမိတ်အဖွဲ့ ဖွဲ့စည်းခြင်းသည် နတ်ဘုရား ဘုရင် နန်းတော်ကို ဆန့်ကျင်ရန်အတွက် အကောင်းဆုံး နည်းလမ်းဖြစ်ကြောင်း ယုံမှားသံသယဖြစ်ဖွယ် မရှိပေ။

နဂါးနတ်ဘုရား မဟာမိတ်အဖွဲ့ တည်ထောင်လိုက်ကြောင်း သတင်းက လျင်မြန်စွာ ဖွဲ့တည်သွားတော့သည်။

ကြယ်တာရာနယ်မြေ တစ်ခုလုံးရှိ လေလံရုံများ၊ ကောင်းကင်တာအိုဂိုဏ်းနှင့် အခြား အင်အားစုကြီးများအပြင် နာမည်ကြီး မိသားစုများအားလုံးကလည်း ချက်ချင်း တုံ့ပြန်လာကြ၏။ အချို့သော အစွမ်းထက် အလွတ်သိုင်းသမားများပင်လျှင် နဂါးနတ်ဘုရား မဟာမိတ်အဖွဲ့ထဲသို့ ဝင်ရောက်ရန် ဆန္ဒရှိနေကြ၏။

ကောင်းကင်ဘုံလူသား အဆင့်နှင့် ထျန်းကျီဘုံမှ အလွတ်သိုင်းသမား ပညာရှင်များက မဟာမိတ်အဖွဲ့ထဲသို့ တစ်ယောက်ပြီးတစ်ယောက် ဝင်ရောက်လာကြရာ အဖွဲ့၏ အင်အား ကြီးထွားလာမှု အရှိန်အဟုန်မှာ ကြယ်ကြွေသကဲ့သို့ အလွန်တရာ မြန်ဆန်လှ၏။

နဂါးနတ်ဘုရား မဟာမိတ်အဖွဲ့ ကြီးထွားလာသည်နှင့်အမျှ ဖုန်းဝူချန်မှာလည်း ကူးပြောင်းရေး အခင်းအကျင်းများကို တည်ဆောက်ရန် အလုပ်များနေ၏။

အင်မော်တယ် လက်နက် စံအိမ်၊ ကျန်းမိသားစုနှင့် ဝင်္ကပါပင်လယ်နယ်မြေ အတွင်းရှိ ထျန်းဟိုင်မြို့တို့တွင် ဖုန်းဝူချန် တည်ဆောက်ပေးထားသော ကူးပြောင်းရေး အခင်းအကျင်းများ ရှိနေပြီ ဖြစ်၏။ ထို့ကြောင့် နဂါးနတ်ဘုရား နန်းတော်ဆီသို့ အရပ်မျက်နှာ အသီးသီးမှ အလျင်မြန်ဆုံး အကူအညီများ ပေးပို့နိုင်တော့မည် ဖြစ်၏။

ကောင်းကင်နယ်မြေနှင့် ကျိုကျိုးနယ်မြေတို့ကလည်း ဖုန်းဝူချန်၏ နဂါးနတ်ဘုရား မဟာမိတ်အဖွဲ့ တည်ထောင်ကြောင်း သတင်းကို ကြားသိရသည်နှင့် မဆိုင်းမတွပင် ဝင်ရောက်လာကြလေတော့သည်။

မျက်တောင်တစ်ခတ်အတွင်းမှာပင် နဂါးနတ်ဘုရား မဟာမိတ်အဖွဲ့သည် အလွန်တရာ ကြောက်မက်ဖွယ်ကောင်းသော အင်အားစုကြီး တစ်ခုကို စုစည်းနိုင်ခဲ့ပြီ ဖြစ်သည်။

သို့သော် ဤမျှနှင့် လုံးဝ မလုံလောက်သေးချေ။ သူတို့အားလုံး ပေါင်းလိုက်လျှင်ပင် မိစ္ဆာမျိုးနွယ်စုကို ရင်ဆိုင်နိုင်ရန် မဖြစ်နိုင်သေးပေ။ နတ်ဘုရား ဘုရင် နန်းတော်ကို ဆိုလျှင်ကား ပြောစရာပင် မလိုတော့ချေ။

သေချာသည်က ဒါက အစသာ ရှိသေးပြီး ကြယ်တာရာနယ်မြေနှင့် ဝင်္ကပါပင်လယ်နယ်မြေ အတွင်း၌သာ ကန့်သတ်ထားခြင်း ဖြစ်၏။

သတင်းက ကြယ်တာရာနယ်မြေနှင့် ဝင်္ကပါပင်လယ်နယ်မြေတို့မှ တစ်ဆင့် ဟိုးလေးကျော်သွားခဲ့ပြီ ဖြစ်သည်။

အင်မော်တယ် လက်နက် စံအိမ်၊ ကျန်းမိသားစုနှင့် ထျန်းရှန်းဇီတို့ကဲ့သို့ အလွန် လေးစားခံရသော ပုဂ္ဂိုလ်ကြီးများ၏ အထောက်အပံ့ဖြင့် နောင်အနာဂတ်တွင် ပိုမို အစွမ်းထက်သော ပညာရှင်များနှင့် အင်အားစုကြီးများ မဟာမိတ်အဖွဲ့ထဲသို့ ဝင်ရောက်လာမည်မှာ သေချာလှ၏။

ဤကဲ့သို့ ကောင်းမွန်သော အစပျိုးမှုမျိုးဖြင့် နဂါးနတ်ဘုရား မဟာမိတ်အဖွဲ့ ကြီးထွားမလာမည်ကို စိုးရိမ်စရာ အကြောင်း လုံးဝ မရှိတော့ချေ။

နဂါးနတ်ဘုရား မဟာမိတ်အဖွဲ့သည် နတ်ဘုရား လက်နက်များ၊ ရတနာများ၊ အစွမ်းထက် ကျင့်စဉ်များနှင့် သိုင်းကွက်များအပြင် အမျိုးမျိုးသော ဆေးလုံးများကိုပါ ထောက်ပံ့ပေးနိုင်စွမ်း ရှိ၏။ မဟာမိတ်အဖွဲ့ကို ချဲ့ထွင်ရန်မှာ မခက်ခဲပေ။ အချိန်သာ လိုအပ်ခြင်း ဖြစ်သည်။

နဂါးနတ်ဘုရား မဟာမိတ်အဖွဲ့သည် တိုက်ကြီးတစ်ခုလုံးသို့ ဖွဲ့တည်သွားသည့် အချိန်ဆိုလျှင်ကား အကြောက်မက်ဖွယ်အကောင်းဆုံး အခိုက်အတန့်ပင် ဖြစ်လာတော့မည်တည်း။

ရက်အနည်းငယ် အတွင်းမှာပင် အင်အားစု အသီးသီးမှ ထိပ်ပိုင်းခေါင်းဆောင်များသည် နဂါးနတ်ဘုရား နန်းတော်ဆီသို့ တစ်ယောက်ပြီးတစ်ယောက် ရောက်ရှိလာကြ၏။ ဖုန်းဝူချန်ကို မြင်သည်နှင့် သူတို့အားလုံးက ရိုသေလေးစားစွာဖြင့် မဟာမိတ်ခေါင်းဆောင်ဟု ခေါ်ဝေါ်နှုတ်ဆက်ကြသည်။

နဂါးနတ်ဘုရား မဟာမိတ်အဖွဲ့ကို တည်ထောင်ခြင်းဖြင့် ဖုန်းဝူချန်သည် သေချာပေါက် မဟာမိတ်ခေါင်းဆောင် ဖြစ်လာခဲ့တော့၏။

အင်မော်တယ် လက်နက် စံအိမ်နှင့် ကျန်းမိသားစုတို့ ကိုယ်တိုင် ပါဝင်လာပြီး ဖုန်းဝူချန်ကို မဟာမိတ်ခေါင်းဆောင်ဟု ခေါ်ဝေါ်နေကြမှတော့ အခြား ဘယ်အင်အားစုကများ မောက်မာရဲပါတော့မည်နည်း။

နဂါးနတ်ဘုရား မဟာမိတ်အဖွဲ့ အစပျိုး ဖွဲ့စည်းမှု အောင်မြင်သွားပြီး ခိုင်မာသော ခြေကုပ်တစ်ခု ရရှိသွားချိန်တွင်တော့ ဖုန်းဝူချန်လည်း စိတ်သက်သာရာ ရသွားလေတော့သည်။

“အစ်ကိုကြီးဖုန်း... နဂါးနတ်ဘုရား မဟာမိတ်အဖွဲ့ကို တည်ထောင်လိုက်တာ တကယ့်ကို ထက်မြက်တဲ့ အကြံဉာဏ်ပဲဗျာ။ ရက်အနည်းငယ် အတွင်းမှာတင် ဒီလောက် ကြီးမားတဲ့ အင်အားစုကြီးကို စုစည်းနိုင်ခဲ့ပြီ”

ပင်မနန်းဆောင်ကြီးထဲတွင် လျိုချင်းယန်က စိတ်လှုပ်ရှားစွာဖြင့် အော်ဟစ်လိုက်၏။

“ဒါက အစပဲ ရှိပါသေးတယ်။ ကြယ်တာရာနယ်မြေနဲ့ ဝင်္ကပါပင်လယ်နယ်မြေက အင်အားစုကြီးတွေက မဟာမိတ်အဖွဲ့ထဲကို ဝင်လာကြပြီ။ ရှန်ဝူဂိုဏ်းကလည်း ပါဝင်လာပြီပဲ။ မကြာခင် အနောက်ပိုင်းဒေသက အင်အားစုကြီးတွေလည်း ရောက်လာလိမ့်မယ်လို့ ကျွန်တော် ယုံကြည်တယ်”

ထိုသို့ ၊ ယီထျန်းချင်းကလည်း အားတက်သရော ဝင်ပြောလိုက်၏။

“နဂါးနတ်ဘုရား မဟာမိတ်အဖွဲ့ကို တည်ထောင်ပြီးသွားပြီ။ လိန်ဟွန်းသာ ကမူးရှူးထိုး ရောက်လာရင် သူ နောင်တရသွားအောင် ငါတို့ သေချာပေါက် လုပ်ပေးရမယ်”

ပေတိုယန်ကလည်း ကြမ်းတမ်းစွာ အော်ဟစ်လိုက်၏။

ထိုအခါ၊ ဖုန်းဝူချန်က လေးနက်စွာ သတိပေးလိုက်၏။

“နတ်ဘုရား ဘုရင် နန်းတော်ရဲ့ နောက်ကွယ်မှာ မိစ္ဆာမျိုးနွယ်စု ရှိနေတယ်။ ငါတို့ရဲ့ လက်ရှိ အင်အားလောက်နဲ့တော့ သူတို့ကို ရင်ဆိုင်ဖို့ မလုံလောက်သေးဘူး... မဟာမိတ်အဖွဲ့က နုနယ်သေးတယ်”

တစ်ခဏမျှ စကားရပ်လိုက်ပြီးနောက် သူ.. ဆက်ပြောလိုက်သည်။

“ဒါပေမဲ့ မဟာမိတ်အဖွဲ့ကို တည်ထောင်လိုက်လို့ ငါတို့မှာ အကာအကွယ်တော့ ရသွားပြီ။ အနည်းဆုံးတော့ နဂါးနတ်ဘုရား နန်းတော်က မျှော်လင့်ချက်မဲ့တဲ့ အခြေအနေမျိုးကို မရောက်သွားအောင် ငါတို့ အာမခံနိုင်တယ်။ အားလုံးပဲ စိတ်ချလက်ချနဲ့ ကျင့်ကြံဖို့ကိုပဲ အာရုံစိုက်ထားကြပါ”

ထိုအချိန်တွင် ဖုန်းဝူချန်က လက်သီးကို ဆုပ်လိုက်ရာ အနက်ရောင် မီးတောက်တစ်ခု ထွက်ပေါ်လာ၏။ ထို့နောက် သူက ဆက်ပြောလိုက်သည်။

“အခြား ရှေးဦး ကမ္ဘာဦး စွမ်းအားတွေကို သွားရှာဖို့ အချိန်ကျပြီ”

အစပျိုး ဖွဲ့စည်းမှု ပြီးစီးသွားပြီး ကြီးမားလှသော အင်အားများကို စုစည်းနိုင်ခဲ့ပြီ ဖြစ်ရာ နဂါးနတ်ဘုရား နန်းတော်တွင် အကာအကွယ် ရှိသွားပြီ ဖြစ်၏။ ထို့ကြောင့် ဖုန်းဝူချန်လည်း စိတ်ပူစရာ မလိုတော့ဘဲ ထွက်ခွာနိုင်ပြီ ဖြစ်လေတော့သည်။

ပိုမို အစွမ်းထက်လာခြင်းကသာလျှင် တစ်ခုတည်းသော ထွက်ပေါက်ပင် ဖြစ်တော့၏။

အခန်း (၇၁၁) - လင်ရှောင်ရှောင်၏ ဒေါသ

~လွှမ်းမိုးခြင်း နယ်မြေ။ လွန်ခဲ့သော တစ်စက္ကန့်ကမှ နတ်ဘုရား ဘုရင် နန်းတော်၏ အထက် ကောင်းကင်ယံသည် ကြည်လင်ကာ အဆုံးအစမဲ့နေခဲ့၏။

သို့သော် နောက်တစ်စက္ကန့်၌ ကောင်းကင်နှင့် မြေကြီး၏ အရောင်အသွေးတို့ ရုတ်ခြည်း ပြောင်းလဲသွားသည်။

မျက်တောင်တစ်ခတ်အတွင်း နတ်ဘုရား ဘုရင် နန်းတော်၏ အထက် ကောင်းကင်ယံတွင် မည်းမှောင်သော တိမ်တိုက်ကြီးများ စုရုံးလာပြီး လျှပ်စီးနဂါးများ တလက်လက် တောက်ပလာ၏။ ထိုထူးဆန်းသော ဖြစ်စဉ်ကြောင့် နတ်ဘုရား ဘုရင် နန်းတော်မှ လူများအားလုံး အလွန်တရာ ဇဝေဇဝါ ဖြစ်သွားကြတော့သည်။

“ရွှမ်း... ရွှမ်း...”

အခိုက်အတန့်အကြာတွင် မည်းမှောင်နေသော ကောင်းကင်ကြီးက ရုတ်တရက် ဆုတ်ဖြဲခံလိုက်ရ၏။ အမိုက်မှောင်ဖုံးနေသော လေဟာနယ် အက်ကွဲကြောင်းကြီးများ ပေါ်ထွက်လာပြီး ထိုအထဲမှ လွှမ်းမိုးနိုင်စွမ်းရှိသော အရှိန်အဝါများက ရေကြီးရေလျှံသကဲ့သို့ တဝုန်းဝုန်း ရိုက်ခတ်ထွက်ပေါ်လာသည်။

စကားဖြင့် ဖော်ပြ၍မရနိုင်လောက်အောင် ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါ တစ်ခုက နတ်ဘုရား ဘုရင် နန်းတော် တစ်ခုလုံးကို လွှမ်းခြုံသွား၏။ ထိုအရှိန်အဝါက မျက်စိဖြင့် မမြင်နိုင်သော စွမ်းအားမားသည့် လေဟာနယ် တစ်ခုကို ဖန်တီးကာ နန်းတော်ကြီးကို ရက်စက်စွာ ဖိနှိပ်ထားသည့်အလား ထင်မှတ်ရ၏။

ထိုထိတ်လန့်ဖွယ်ရာ အရှိန်အဝါသည် နတ်ဘုရား ဘုရင် နန်းတော်၏ အထက်တွင်သာ တည်ရှိနေပြီး အပြင်ဘက်သို့ အနည်းငယ်မျှပင် ဖွဲ့တည်မသွားခဲ့ချေ။ ထိုအခိုက်အတန့်၌ နတ်ဘုရား ဘုရင် နန်းတော်မှ သောင်းနှင့်ချီသော တပည့်များအားလုံး အကြောက်တရားဖြင့် တုန်လှုပ်သွားကြသည်။ အားလုံး၏ မျက်နှာများ သွေးဆုတ်ဖြူရော်သွားသည်အထိ ဖိနှိပ်ခံလိုက်ရပြီး မြေပြင်ပေါ်သို့ ခွေခွေလေး လဲကျသွားကြလေတော့သည်။

“နတ်ဘုရားအသွင်ပြောင်းဘုံပဲ... အဲဒါ နတ်ဘုရားအသွင်ပြောင်းဘုံကွ”

နတ်ဘုရား ဘုရင် နန်းတော်ထဲမှ ထိတ်လန့်တကြား အော်ဟစ်သံများ ထွက်ပေါ်လာ၏။ နတ်ဘုရား ဘုရင် နန်းတော် တစ်ခုလုံး ကမောက်ကမ ဖြစ်သွားလေတော့သည်။

“ဝှစ်... ဝှစ်... ဝှစ်...”

နတ်ဘုရား ဘုရင် နန်းတော်၏ နန်းတော်သခင် လိန်ယွင်ခုန်း၊ အစောင့်အရှောက် လော့ဝူချန်၊ တပ်မှူးချုပ် ယဲ့ချန်းရွှေ၊ ဒုတိယအကြီးအကဲ ချန်ယွင်၊ တတိယအကြီးအကဲ ပိုင်ချင်းကျွယ် အပါအဝင် နတ်ဘုရားအသွင်ပြောင်းဘုံနှင့် ထျန်းကျီဘုံမှ အခြားသော အစွမ်းထက် ပညာရှင်များစွာ လျှပ်တစ်ပြက် ရောက်ရှိလာကြ၏။

သူတို့၏ မျက်နှာများထက်တွင် မှုန်ကုပ်လေးနက်သော အရိပ်အယောင်များ ဖုံးလွှမ်းနေ၏။ အားလုံး၏ အကြည့်များက လေဟာနယ် အက်ကွဲကြောင်းများဆီသို့ စူးစိုက်ရောက်ရှိနေကြသည်။ နတ်ဘုရား ဘုရင် နန်းတော်သည် အလွန်တရာ အစွမ်းထက်သော ရန်သူနှင့် ရင်ဆိုင်နေရတော့၏။

“ဒီ ကြောက်စရာကောင်းတဲ့ အရှိန်အဝါက နတ်ဘုရားအသွင်ပြောင်းဘုံ အဆင့် (၇) ကိုတောင် ရောက်နေပါလား”

လိန်ယွင်ခုန်းက မျက်မှောင်ကြုတ်လျက် ပြောလိုက်သည်။ ထိတ်လန့်ဖွယ်ရာ ဖိအားကြီးက သူ၏ အပေါ်သို့ လေးလံစွာ ကျရောက်နေ၏။ ကျူးကျော်လာသူ မည်သူမည်ဝါဖြစ်ကြောင်း လိန်ယွင်ခုန်း လုံးဝ မသိသော်လည်း ဤစွမ်းအားသည် နတ်ဘုရား ဘုရင် နန်းတော်ထက် အဆပေါင်းများစွာ သာလွန်နေကြောင်းကိုမူ သေချာပေါက် သိရှိနေ၏။

“နတ်ဘုရားအသွင်ပြောင်းဘုံက ဆယ့်သုံးယောက်တောင်... ဘယ်လို အင်အားစုမျိုးက ဒီလောက်တောင် ကြောက်စရာကောင်းနေရတာလဲ”

လိန်ဟွန်း၏ မျက်ခုံးများ အပြင်းအထန် တွန့်ချိုးသွားသည်။ သူ၏ မျက်ဝန်းများထဲတွင် အကြောက်တရားနှင့် စိုးရိမ်ပူပန်မှုတို့ တလက်လက် တောက်ပနေ၏။

“လာတဲ့သူတွေက အကြံဆိုးနဲ့ ရောက်လာတာ သေချာတယ်”

အစောင့်အရှောက် လော့ဝူချန်က လေးနက်သော လေသံဖြင့် ပြောလိုက်သည်။

တပ်မှူးချုပ် ယဲ့ချန်းရွှေမှာ စကားတစ်ခွန်းမျှ မဟသော်လည်း သူမ၏ မျက်နှာပေါ်တွင် ယခင်က တစ်ခါမှ မဖြစ်ပေါ်ဖူးသော လေးနက်တည်ကြည်မှုများ ရှိနေ၏။ ယဲ့ချန်းရွှေသည် အဘွားအိုတစ်ဦး ဖြစ်သော်ငြား နတ်ဘုရားအသွင်ပြောင်းဘုံ အဆင့် (၅) ကျင့်ကြံခြင်းကို ပိုင်ဆိုင်ထားရာ သူမ၏ စွမ်းအားမှာ တကယ်ကို အသည်းထိတ်ဖွယ် ကောင်းလှ၏။

“သခင်လေး... သူတို့ရဲ့ အရှိန်အဝါက နည်းနည်း ရင်းနှီးနေသလို မခံစားရဘူးလား”

ခွန်ယွင်က အနည်းငယ် ထိတ်လန့်တကြား မေးလိုက်၏။ သူ၏ အကြည့်များက မည်းမှောင်နေသော လေဟာနယ် အက်ကွဲကြောင်းများဆီသို့ စူးစိုက်နေဆဲ ဖြစ်သည်။

“နဂါးနတ်ဘုရား နန်းတော်က လင်ရှောင်ရှောင်ရဲ့ အရှိန်အဝါပဲ။ သူတို့ရဲ့ အရှိန်အဝါတွေက အဲဒီ ခွေးမလေးရဲ့ အရှိန်အဝါနဲ့ တစ်ပုံစံတည်းပဲကွ”

လိန်ဟွန်း၏ ခန္ဓာကိုယ် ရုတ်တရက် တုန်ရီသွားပြီး မျက်လုံးအိမ်များ အထွတ်အထိပ်ထိ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်သွားလေတော့သည်။

“လင်ရှောင်ရှောင် ဟုတ်လား... အဲဒီ လျှို့ဝှက်ဆန်းကြယ်တဲ့ မိန်းမလား”

လိန်ယွင်ခုန်းက နောက်တစ်ကြိမ် မျက်မှောင်ကြုတ်လိုက်ပြီး တစ်စုံတစ်ရာကို သဘောပေါက်သွားပုံ ရ၏။

“ကိစ္စတွေတော့ ဆိုးကုန်ပြီ”

ယဲ့ချန်းရွှေက မျက်မှောင်ကြုတ်ကာ ရေရွတ်လိုက်သည်။

မှန်၏။ ကောင်းကင်ယံရှိ အက်ကွဲကြောင်း တစ်ဒါဇင်ခန့်ထံမှ ထွက်ပေါ်လာသော ထိတ်လန့်ဖွယ် အရှိန်အဝါများသည် လင်ရှောင်ရှောင် သူမ၏ သွေးမျိုးဆက် စွမ်းအားကို အသုံးပြုစဉ်က အရှိန်အဝါနှင့် လုံးဝ တစ်ပုံစံတည်း ဖြစ်နေ၏။

ကောင်းကင်ယံအထက်တွင် ကြောက်မက်ဖွယ် အရှိန်အဝါ တစ်ဒါဇင်ကျော် လှိမ့်ဝင်လာပြီး ထိုအထဲမှ အစွမ်းအထက်ဆုံးသူမှာ လိန်ယွင်ခုန်း၏ စွမ်းအားနှင့် ညီမျှသော နတ်ဘုရားအသွင်ပြောင်းဘုံ အဆင့် (၇) သို့ ရောက်ရှိနေသည်။ ထို့ပြင် နတ်ဘုရားအသွင်ပြောင်းဘုံ အဆင့် (၆) သုံးယောက်၊ အဆင့် (၅) လေးယောက်၊ အဆင့် (၄) လေးယောက်နှင့် အဆင့် (၃) နှစ်ယောက်တို့ ပါဝင်နေ၏။

ဤမျှ ထိတ်လန့်ဖွယ်ကောင်းသော အင်အားစုကြီးသည် နတ်ဘုရား ဘုရင် နန်းတော်ကို မိနစ်ပိုင်းအတွင်း ခြေမွပစ်နိုင်စွမ်း ရှိသည်။

အချိန်သိပ်မကြာလိုက်ပေ။ မျက်စိကျိန်းမတတ် တောက်ပနေသော ပုံရိပ်တစ်ခုသည် အမိုက်မှောင်ဖုံးနေသော လေဟာနယ် အက်ကွဲကြောင်းတစ်ခုထဲမှ ဖြည်းညင်းစွာ ထွက်ပေါ်လာ၏။

ရောက်လာသူမှာ အခြားသူ မဟုတ်ဘဲ လင်ရှောင်ရှောင်ပင် ဖြစ်ပေတော့သည်။

“တကယ်ကြီး သူပဲ”

လင်ရှောင်ရှောင်၏ ပုံရိပ်ကို မြင်လိုက်ရသောအခါ လိန်ဟွန်း၏ မျက်နှာအမူအရာ အကြီးအကျယ် ပြောင်းလဲသွားပြီး အလွန်တရာ အံ့အားသင့်စွာဖြင့် အော်ဟစ်လိုက်မိ၏။

“သူက တကယ်တော့ ဘယ်သူများလဲ”

လော့ဝူချန်၏ မျက်နှာထားသည် အလွန်တရာ လေးနက်တည်ကြည်သွားသည်။ ကြောက်ရွံ့သွားသည်ဟု ဆိုလျှင်ပင် ပိုမည် မထင်ချေ။

ဤအခိုက်အတန့်၌ လင်ရှောင်ရှောင်သည် ယခင်ကနှင့် လုံးဝ မတူတော့ပေ။ သူမ၏ လှပသော မျက်နှာလေးသည် ရေခဲတမျှ အေးစက်နေပြီး ဂုဏ်ကျက်သရေတို့ဖြင့် ပြည့်စုံနေ၏။ လောကရှိ သက်ရှိအားလုံးကို ထိန်းချုပ်ထားသော အရှင်သခင် တစ်ပါးအလား အမြင့်ဆုံးနေရာတွင် ရပ်တည်နေသည်။

သူမ၏ မျက်နှာပေါ်တွင် မောက်မာမှုနှင့် ယုံကြည်မှုတို့ အပြည့်ရှိနေ၏။

လင်ရှောင်ရှောင် ပေါ်ထွက်လာသည်နှင့်တစ်ပြိုင်နက် ပုံရိပ်များ တစ်ခုပြီးတစ်ခု အက်ကွဲကြောင်းထဲမှ ထွက်ပေါ်လာကြပြီး ပြင်းထန်သော အရှိန်အဝါများကိုပါ တစ်ပါတည်း ယူဆောင်လာကြသည်။ သူတို့အားလုံး လင်ရှောင်ရှောင်၏ ကျောဘက်တွင် ရပ်တန့်လိုက်ကြ၏။

ဤအချက်ကပင် ဤနတ်ဘုရားအသွင်ပြောင်းဘုံ ပညာရှင် ဆယ့်သုံးယောက်စလုံးမှာ လင်ရှောင်ရှောင်၏ လက်အောက်ငယ်သားများ ဖြစ်ကြောင်း ဖော်ပြနေသည်။ လက်အောက်ငယ်သားများကပင် ဤမျှ ကြောက်စရာကောင်းသော စွမ်းအားများကို ပိုင်ဆိုင်ထားပါလျှင် လင်ရှောင်ရှောင်၏ နောက်ကွယ်ရှိ အထက်လူကြီးများမှာ မည်မျှအထိ ကြောက်စရာကောင်းနေမည်နည်း။

လင်ရှောင်ရှောင်က အမြင့်မှနေ၍ အောက်သို့ ငုံ့ကြည့်လိုက်သည်။ သေနေသော လူများကို ကြည့်နေသည့်အလား ရေခဲတမျှ အေးစက်သော သူမ၏ အကြည့်များက နတ်ဘုရား ဘုရင် နန်းတော်ဆီသို့ စူးစိုက်ရောက်ရှိနေ၏။

“လိန်ဟွန်း... ငါ ..နင့်ကို ပြောခဲ့တယ်နော်။ ငါ့ကို အသက်ရှင်လျက် ပြန်လွှတ်လိုက်ရင် နောင်တရစေရမယ်လို့”

လင်ရှောင်ရှောင်က အေးစက်စွာ ပြောလိုက်၏။ သူမ၏ စကားလုံးတိုင်းတွင် အရိုးကွဲမတတ် အေးစက်သော လူသတ်ချင်စိတ်များ အပြည့် ပါဝင်နေပြီး ကြားရသူတိုင်းကို ကြက်သီးထသွားစေသည်။

“နင်က အားနည်းတဲ့သူတွေကို အနိုင်ကျင့်ရတာ ကြိုက်တယ် မဟုတ်လား။ အင်အားသုံးပြီး တခြားသူတွေကို ဗိုလ်ကျရတာ သဘောကျတယ် မဟုတ်လား။ ဒီနေ့ အဲဒီ ခံစားချက်ကို မြည်းစမ်းကြည့်လိုက်စမ်း”

လင်ရှောင်ရှောင်က ရက်စက်စွာ ပြောလိုက်၏။

စကားအဆုံးတွင် လင်ရှောင်ရှောင်က သူမ၏ သွေးမျိုးဆက် စွမ်းအားကို လှုံ့ဆော်လိုက်သည်။ ကျောက်စိမ်းရောင် လက်ကလေးကို ဝှေ့ယမ်းလိုက်သည်နှင့် အလွန်တရာ ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါများ ထွက်ပေါ်လာပြီး မျက်စိကျိန်းမတတ် တောက်ပသော ရွှေရောင် အလင်းတန်းတစ်ခု ပစ်ခွင်းသွားလေတော့၏။

ထိုရွှေရောင် အလင်းတန်းသည် ချီမန် အခြေခံငါးပါး အမိန့်တော် ဟု အမည်ရသော အနက်ရောင် အမိန့်တော် အလံတစ်ခုပင် ဖြစ်သည်။

“နတ်ဘုရား လက်နက်”

အလွန်တရာ ဖျက်ဆီးနိုင်စွမ်း ပြင်းထန်သော အရှိန်အဝါကို ခံစားလိုက်ရသောအခါ လိန်ယွင်ခုန်းနှင့် အခြားသူများ၏ မျက်နှာများ တစ်ပြိုင်နက်တည်း ပျက်ယွင်းသွားကြတော့၏။

“နတ်ဘုရား လက်နက် ဟုတ်လား”

လိန်ဟွန်းနှင့် နတ်ဘုရား ဘုရင် နန်းတော်မှ အခြားသူများအားလုံး ဝိညာဉ်လွင့်မတတ် ကြောက်ရွံ့သွားကြသည်။

ချီမန် အခြေခံငါးပါး အမိန့်တော်ကို ထုတ်သုံးလိုက်သည်နှင့် ကြီးမားလှသော ရွှေရောင် စွမ်းအင်ကြီးတစ်ခု ဖြစ်ပေါ်လာပြီး နတ်ဘုရား ဘုရင် နန်းတော် တစ်ခုလုံးကို လွှမ်းခြုံသွားလေတော့၏။

“နတ်ဘုရားအသွင်ပြောင်းဘုံ အဆင့် (၉) ရဲ့ အရှိန်အဝါပဲ”

လိန်ယွင်ခုန်း၏ မျက်နှာပေါ်တွင် အကြောက်တရားများ ချက်ချင်း ပြည့်နှက်သွားသည်။

နတ်ဘုရား လက်နက်ထံမှ ဖြာထွက်နေသော စွမ်းအားသည် အမှန်တကယ်ပင် နတ်ဘုရားအသွင်ပြောင်းဘုံ အဆင့် (၉) ၏ စွမ်းအား ဖြစ်နေ၏။ လင်ရှောင်ရှောင်က နတ်ဘုရား လက်နက်ကို ထုတ်ယူလာခဲ့ခြင်းသည် နတ်ဘုရား ဘုရင် နန်းတော်အတွက် ထွက်ပေါက်အားလုံးကို ပိတ်ဆို့ကာ အမြစ်ပြတ် သုတ်သင်ပစ်ရန် ရည်ရွယ်ထားကြောင်း ရှင်းလင်းစွာ ပေါ်လွင်နေ၏။

“နတ်ဘုရား ဘုရင် နန်းတော်က မိစ္ဆာမျိုးနွယ်စုနဲ့ ပူးပေါင်းထားတာ မဟုတ်ဘူးလား။ သတ္တိရှိရင် သူတို့ရဲ့ ပညာရှင်တွေကို ခေါ်လိုက်လေ”

လင်ရှောင်ရှောင်က ယုံကြည်မှု အပြည့်ဖြင့် အေးစက်စွာ စိန်ခေါ်လိုက်သည်။

“မိန်းကလေး... ငါတို့ ညှိနှိုင်းကြရအောင်”

လိန်ယွင်ခုန်းက လေးနက်သော လေသံဖြင့် အလျှော့ပေး ပြောဆိုလိုက်၏။

“ပါးစပ်ပိတ်ထားစမ်း”

လင်ရှောင်ရှောင်က လိန်ယွင်ခုန်းကို အနည်းငယ်မျှပင် မျက်နှာမထောက်ဘဲ ကြိမ်းမောင်းလိုက်သည်။ လင်ရှောင်ရှောင်သည် ထိုမျှအထိ အာဏာပြင်း၏။

နတ်ဘုရား ဘုရင် နန်းတော်၏ နန်းတော်သခင် ဆိုသည်မှာ သူမအဖို့ အရေးမပါသော အရာတစ်ခုသာ ဖြစ်၏။

“နတ်ဘုရား ဘုရင် နန်းတော်ကို မြေလှန်ပစ်လိုက်။ လိန်ဟွန်းက လွဲပြီး ဘယ်သူ့ကိုမှ အရှင်မထားနဲ့”

ရင်ထဲတွင် မျိုသိပ်ထားရသော ဒေါသများအားလုံး ပေါက်ကွဲထွက်လာသည့်အလား လင်ရှောင်ရှောင်က ရုတ်တရက် အမျက်တကြီး ဟစ်အော်လိုက်လေတော့သည်။

“နားလည်ပါပြီ၊ သူတော်စင်မလေး”

နတ်ဘုရားအသွင်ပြောင်းဘုံ ပညာရှင် ဆယ့်သုံးယောက်က ရိုသေကျိုးနွံစွာ ပြန်လည် ဖြေကြားလိုက်ကြသည်။ ဤပညာရှင် ဆယ့်သုံးယောက်သည် တိုက်ခိုက်ရန် အနည်းငယ်မျှ တုံ့ဆိုင်းမနေကြချေ။ အမိန့်ကိုသာ နာခံကြပြီး မည်သည့်အခါမျှ မေးခွန်းထုတ်ခြင်း၊ သံသယဝင်ခြင်း မရှိကြပေ။

ပြင်းထန်သော တိုက်ပွဲကြီးတစ်ခု စတင်တော့မည် ဖြစ်တော့၏။

“အခင်းအကျင်းကို ဖွင့်လိုက်... နန်းတော်ကို ကာကွယ်ကြ”

လိန်ယွင်ခုန်းက အပူတပြင်း အော်ဟစ်လိုက်သည်။ သူ၏ အစစ်အမှန်ယွမ်များ အားလုံးကို အကုန်အစင် ထုတ်ယူကာ နတ်ဘုရားအသွင်ပြောင်းဘုံ အဆင့် (၇) ပညာရှင်ကို ထိပ်တိုက် ရင်ဆိုင်ရန် ဝင်ရောက်သွား၏။

“ထျန်းကျီ တိုက်ကြီးရဲ့ အစွမ်းအထက်ဆုံး နတ်ဘုရား ဘုရင် နန်းတော်သခင်... ခင်ဗျားက ကျွန်တော့်ရဲ့ လက်သီးဘယ်နှချက်ကို ခံနိုင်မလဲ ဆိုတာ သိချင်မိသား”

နတ်ဘုရားအသွင်ပြောင်းဘုံ အဆင့် (၇) ပညာရှင်က ခပ်ဟဟ မဲ့ပြုံးပြုံးရင်း မေးလိုက်သည်။ သူ၏ ဟန်ပန်တွင် မောက်မာမှုနှင့် ယုံကြည်မှုတို့ အပြည့်ရှိနေသည်။ လူလတ်ပိုင်းထံမှ ပေါက်ကွဲထွက်လာသော အရှိန်အဝါသည် လိန်ယွင်ခုန်းထက် အဆပေါင်းများစွာ ပိုမို အစွမ်းထက်နေပြီး လုံးဝ အဆင့်အတန်း တူညီမနေပေ။

“တပ်မှူးချုပ်... အပိုတွေ မပြောနေပါနဲ့။ နတ်ဘုရား ဘုရင် နန်းတော်မှာ သွေးချောင်းစီးပြီး အလောင်းတွေ တောင်လို ပုံသွားတာကို ကျွန်မ.. မြင်ချင်တယ်”

အဆုံးအစမရှိသော ဒေါသများ ပွက်ပွက်ဆူလာပြီး လင်ရှောင်ရှောင်က ကြိမ်းမောင်းလိုက်၏။ နဂါးနတ်ဘုရား နန်းတော် တိုက်ပွဲအပြီးတွင် လင်ရှောင်ရှောင်သည် စော်ကားမှုနှင့် ဒုက္ခပေါင်းစုံကို ခံစားခဲ့ရသည်။ ယနေ့သည်ကား သူမ၏ ဒေါသများကို ပေါက်ကွဲခွင့်ရမည့် နေ့ပင် ဖြစ်ပေတော့သည်။

“တပ်မှူးချုပ် ဟုတ်လား”

လင်ရှောင်ရှောင်၏ ခေါ်ဝေါ်ပုံကို ကြားလိုက်ရသောအခါ လိန်ယွင်ခုန်းနှင့် သူ၏ လူများအားလုံး၏ မျက်နှာများ အကြီးအကျယ် ပြောင်းလဲသွားကြ၏။ ဤ နတ်ဘုရားအသွင်ပြောင်းဘုံ အဆင့် (၇) ပညာရှင်က တပ်မှူးချုပ် အဆင့်သာ ရှိသေးသည်တဲ့လား။

“နားလည်ပါပြီ၊ သူတော်စင်မလေး”

တပ်မှူးချုပ်က ရိုသေစွာ ပြန်ဖြေလိုက်၏။ အနည်းငယ်မျှပင် မလေးမစား မလုပ်ရဲချေ။

“နတ်ဘုရား ဘုရင် ကောင်းကင် သတ်ဖြတ်ခြင်း အခင်းအကျင်း... ပွင့်စမ်း”

ယဲ့ချန်းရွှေက သူ၏ အစစ်အမှန်ယွမ်များကို လှုံ့ဆော်ကာ လက်ဟန်များ ဖော်ဆောင်လိုက်ပြီးနောက် ကျယ်လောင်စွာ ဟစ်အော်လိုက်၏။

လော့ဝူချန်၊ ချန်ယွင်နှင့် အခြား ပညာရှင်များကလည်း တစ်ယောက်ပြီးတစ်ယောက် ဝင်ရောက် လှုပ်ရှားကြ၏။ အမျိုးအစားစုံလင်လှသော နတ်ဘုရား လက်နက်များနှင့် မြင့်မြတ်သော ရတနာများကို ထုတ်ယူကာ မည်သူမျှ အင်အားချန်မထားရဲဘဲ အစွမ်းကုန် တိုက်ခိုက်ကြလေတော့သည်။

All Chapters