← Chapters

အခန်း (၇၁၈-၇၂၀)

Vol. 48 Ch. 718-720

အခန်း (၇၁၈-၇၂၀)

Vol. 48 Ch. 718-720

အခန်း (၇၁၈) - လက်ဝါးတစ်ချက်

~တိတ်ဆိတ်သွား၏။

လက်ဖက်ရည်ဆိုင် ပတ်ဝန်းကျင်ရှိ လမ်းမကြီး တစ်ခုလုံး အပ်ကျသံ မကြားအောင်.. တိတ်ဆိတ်ငြိမ်သက်သွားသည်။

ထိုအံ့မခန်း ဆေးဖော်စပ်မှုက နေရာတွင် ရှိနေသူ အားလုံးကို အပြင်းအထန် တုန်လှုပ်သွားစေ၏။

လမ်းမကြီးပေါ်ရှိ လူအုပ်ကြီးမှာ မှော်ဂါထာ တစ်ခုဖြင့် ချုပ်နှောင်ခံလိုက်ရသည့်အလား အေးခဲသွားကြသည်။ မြင်ကွင်းတစ်ခုလုံး ရပ်တန့်သွားပြီး မည်သူကမျှ လက်တစ်ဆစ်ပင် မလှုပ်ဝံ့ကြတော့ချေ။

ဆေးပညာရှင် ဆရာကြီးလီမှာ လုံးဝ ကြောင်အမ်းသွား၏။ သူ၏ အိုမင်းသော မျက်လုံးအိမ်များမှာ ပြူးကျယ်ကာ ထွက်ကျလာမတတ် ဖြစ်နေသည်။ ဤကဲ့သို့ နတ်ဘုရားဆန်လှသော ဆေးဖော်စပ်မှုကို သူ ဘဝတစ်သက်တာတွင် တစ်ခါမှ မမြင်ဖူး မကြားဖူးခဲ့ချေ။

ဆရာကြီးလီ အနေဖြင့် ယုံကြည်ရန်ပင် အလွန်တရာ ခက်ခဲနေ၏။ အသက် (၂၀) ကျော် လူငယ်လေး တစ်ယောက်က ဤမျှ ကြောက်မက်ဖွယ်ကောင်းပြီး လျှို့ဝှက်ဆန်းကြယ်လှသော ဆေးပညာ စွမ်းရည်ကို ပိုင်ဆိုင်ထားသည်တဲ့လား။

“သူ... သူက ဆေးဖိုတောင် မလိုဘူးလား။ ဒါ... ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ”

သခင်လေးကုန်းက ကြောင်အမ်းအမ်းဖြင့် ရေရွတ်လိုက်သည်။ သူ၏ မျက်နှာအမူအရာမှာ အလွန်တရာ တောင့်တင်းနေ၏။

သခင်လေးကုန်းက တိတ်ဆိတ်မှုကို ပထမဆုံး စတင် ချိုးဖျက်လိုက်သူ ဖြစ်သည်။ သူ၏ တုန်ယင်နေသော အသံက သုသာန်တစပြင်လို တိတ်ဆိတ်မှုကို အက်ကွဲသွားစေ၏။

“ဆေးလုံး ဖော်ပြီးသွားတာလား”

လူတစ်ယောက်က မျက်တောင်လေး ပုတ်ခတ်ပုတ်ခတ်ဖြင့် ကြောင်အမ်းစွာ မေးလိုက်သည်။

“ဖော်... ဖော်ပြီးသွားတာလား မသိဘူး။ ဒါမှမဟုတ်... မဖော်ရသေးတာလား။ ဒါပေမဲ့... သူ့မှာ ဆေးဖိုတောင် မရှိဘူးလေ”

“မျက်တောင်တစ်ခတ် အတွင်းမှာတင် ဆေးလုံး ဖော်ပြီးသွားတာလား။ ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ ဒါ တစ်ခုခု မျက်လှည့်ပြလိုက်တာလား”

ဖုန်းဝူချန်၏ ဆေးဖော်စပ်မှု အမြန်နှုန်းက လျင်မြန်လွန်းလှ၏။ မြင်ကွင်းက လေထဲတွင် လွင့်မျောနေသည့်အလား မှော်ဆန်လွန်းလှရာ လူတိုင်းကို မျက်လှည့်တစ်ခုဟုပင် ထင်မှတ်သွားစေသည်။ လူတိုင်း သတိမဝင်လာနိုင်ခင်မှာပင် ဆေးလုံးက အသင့်ဖြစ်နေခဲ့ပြီပင်။

မျက်စိတစ်မှိတ် အတွင်းမှာပင် လမ်းမကြီး တစ်ခုလုံး အုတ်အော်သောင်းနင်း ဖြစ်သွားကြပြီး ဆူညံသံများက ကောင်းကင်သို့ ထိုးတက်သွားလေရာ ရွှမ်မုမြို့ တစ်ခုလုံးကိုပင် လွှမ်းမိုးသွားတော့သည်။

ဤဖြစ်ရပ်က ဆန်းကြယ်လွန်းလှသဖြင့် လူတိုင်းအဖို့ ယုံကြည်ရန် အလွန် ခက်ခဲနေကြသည်။ ဖုန်းဝူချန်က အဆင့် (၆) ဆေးလုံးကို မျက်တောင်တစ်ခတ်အတွင်း ဖော်စပ်လိုက်နိုင်သည် ဆိုခြင်းကို လက်ခံရမည်ထက်စာလျှင် ဝက်တစ်ကောင် သစ်ပင်တက်သွားသည်ကိုပင် သူတို့ ပို၍ ယုံကြည်ချင်ကြသေး၏။

ဖုန်းဝူချန်က မှင်သက်ကြောင်အမ်းနေသော ဆရာကြီးလီကို ကြည့်ကာ ခပ်ဟဟ ပြုံးရင်း ပြောလိုက်၏။

“ဆရာကြီးလီ... ကျွန်တော့်ရဲ့ ဒီ ဟော့ယန် ခရမ်းရောင် ဝိညာဉ် ဆေးလုံးက အရည်အသွေးမှာရော အရှိန်အဝါမှာပါ ခင်ဗျား ဖော်စပ်ခဲ့တာထက် အများကြီး သာလွန်ပါတယ်။ ခင်ဗျား ရှုံးသွားပါပြီ”

ဆေးပညာရှင် မဟုတ်သူများပင်လျှင် ဖုန်းဝူချန် ဖော်စပ်လိုက်သော ဆေးလုံးသည် အရည်အသွေး ပိုမိုမြင့်မားပြီး ဆရာကြီးလီ၏ ဆေးလုံးထက် ဝိညာဉ်စွမ်းအင်များ ပိုမို ပြည့်ဝနေကြောင်း မျက်မြင်ကိုယ်တွေ့ သိနိုင်သည်။ ကွာခြားချက်က ကြီးမားလွန်းလှပြီး ကြည့်လိုက်သည်နှင့် တစ်ချက်တည်း သိသာနေ၏။

“မဖြစ်နိုင်ဘူး... ဒါက လုံးဝ မဖြစ်နိုင်တဲ့ ကိစ္စပဲ”

ဆရာကြီးလီက မယုံကြည်နိုင်စွာ ခေါင်းကို အပြင်းအထန် ယမ်းရင်း ရေရွတ်လိုက်၏။

အဆင့် (၅) ဆေးပညာရှင် တစ်ဦးနှင့် ရွှမ်မုမြို့ ပတ်ဝန်းကျင် တစ်ဝိုက်တွင် အစွမ်းအထက်ဆုံး ပုဂ္ဂိုလ်ကြီး တစ်ဦးဖြစ်ပါလျက်နှင့် လူငယ်လေး တစ်ယောက်၏ ရှေ့တွင် ဤမျှ အရှက်တကွဲ အကျိုးနည်း ရှုံးနိမ့်သွားရခြင်းကို ဆရာကြီးလီ လုံးဝ လက်မခံနိုင်အောင် ဖြစ်နေရတော့သည်။

အကြီးအကျယ် တုန်လှုပ်နေကြသော လူအုပ်ကြီးကို ကြည့်ကာ လျိုချင်းယန်နှင့် အခြားသူများ၏ မျက်နှာပေါ်တွင် ဂုဏ်ယူဝင့်ကြွားသော အပြုံးလေးများ ထင်ဟပ်လာကြ၏။

“အခု ခွန်လွန်တောင်ကြား အကြောင်းကို ပြောပြလို့ ရပြီ မဟုတ်လား။ ခင်ဗျား သိထားသမျှ အားလုံးကို ပြောပြပါ”

ဖုန်းဝူချန်က တည်ငြိမ်သောအပြုံးဖြင့် ပြောလိုက်သည်။ သူ၏ လေသံမှာ အလွန်တရာ အေးဆေးတည်ငြိမ်နေ၏။

“ဆရာ... သူ့အလိမ်အညာတွေကို မခံပါနဲ့”

သခင်လေးကုန်းက အံ့အားသင့်နေမှုမှ ရုတ်တရက် သတိပြန်ဝင်လာပြီး ကမန်းကတန်း အော်ဟစ်လိုက်၏။

“ဒီလောကမှာ ဒီလောက် အစွမ်းထက်တဲ့ ဆေးပညာဆိုတာ လုံးဝ မရှိဘူး။ သူ ငါတို့ကို မျက်လှည့်ပြနေတာ။ သူ.. အဲဒီ ဆေးလုံးကို ဖော်လိုက်တာ မဟုတ်ဘူး။ ကြိုတင် ပြင်ဆင်လာခဲ့တာ သေချာတယ်”

“မျက်လှည့်ပြတာ ဟုတ်လား... ကြိုတင် ပြင်ဆင်လာတာ ဟုတ်လား”

လျိုချင်းယန်နှင့် အခြားသူများမှာ ကြောင်အမ်းသွားကြပြီး သူတို့၏ နှုတ်ခမ်းထောင့်များပင် မသိမသာ တွန့်ကွေးသွားကြတော့သည်။

“သခင်လေးကုန်း ပြောတာ သဘာဝကျတယ်။ ဘယ်သူကများ ဆေးလုံး တစ်လုံးကို မျက်တောင်တစ်ခတ် အတွင်း ဖော်နိုင်မှာလဲ”

“ဟုတ်တယ်... သူ ငါတို့ကို မျက်လှည့်ပြနေတာ သေချာတယ်။ သူ့မှာ ဆေးဖိုတောင် မရှိဘူးလေ။ အဆင့် (၆) ဆေးလုံးကို သူ ဘယ်လိုလုပ် ဖော်နိုင်မှာလဲ”

“ဒီလောက် ကောင်းကင်ဘုံကို အာခံနိုင်တဲ့ ဆေးပညာကို ငါလည်း မယုံဘူး။ အဆင့် (၈) ဆေးပညာရှင်တောင် မလုပ်နိုင်တာကို... လူငယ်လေး တစ်ယောက်က လုပ်နိုင်မယ် ဆိုတာ လုံးဝ မဖြစ်နိုင်တဲ့ ကိစ္စပဲ”

သခင်လေးကုန်း၏ စကားကြောင့် လူအုပ်ကြီးထံမှ ပြင်းထန်သော တုံ့ပြန်မှုများ ထွက်ပေါ်လာတော့၏။ လူတိုင်းက သခင်လေးကုန်း ပြောသည်ကိုသာ အမှန်ဟု ယုံကြည်လိုက်ကြသည်။

မျက်တောင်တစ်ခတ် အတွင်း အဆင့် (၆) ဆေးလုံးကို ဖော်စပ်နိုင်ခြင်းမှာ အမှန်တကယ်ပင် ဆန်းကြယ်ပြီး ကြောက်စရာကောင်းလွန်းလှသဖြင့် ယုံကြည်ရန် ခက်ခဲနေခြင်း ဖြစ်၏။

လူအုပ်ကြီး၏ တုံ့ပြန်မှုကို မြင်လိုက်ရသောအခါ ဖုန်းဝူချန် ကိုယ်တိုင်လည်း အနည်းငယ် ကြောင်အမ်းသွားရ၏။ နိုင်တာတောင်မှ လိမ်လည်သည်ဟု အထင်ခံရသည်တဲ့လား။

ဖုန်းဝူချန်မှာ ရယ်ရခက် ငိုရခက်နှင့် ဘာမှ မတတ်နိုင်သလို ခံစားလိုက်ရတော့သည်။ သို့သော် သူ ဘာမှလည်း ရှင်းပြမနေနိုင်ချေ။

အတွေးတစ်ချက်နှင့် ဆေးလုံးဖြစ်ပေါ်စေခြင်း နတ်ဘုရား စွမ်းရည်ဆိုသည်မှာ အမှန်တကယ်ပင် အခြားသူများ ယုံကြည်ရန် ခက်ခဲလွန်းလှ၏။

“ခွေးကောင်လေး... မင်းက ငါ့ကို လှည့်စားရဲတယ်ပေါ့လေ”

ဆရာကြီးလီ၏ မျက်နှာက ကြမ်းတမ်းစွာ ရှုံ့မဲ့သွားပြီး ဖုန်းဝူချန်ကို ဒေါသတကြီး အော်ဟစ်လိုက်၏။ သူ၏ မျက်ဝန်းများထဲတွင် လူသတ်ချင်စိတ်များ အပြည့် ပြည့်နှက်နေသည်။

ဖုန်းဝူချန် လိမ်လည်ခဲ့သည်ကို ဆရာကြီးလီ ယုံသည်ဖြစ်စေ၊ မယုံသည်ဖြစ်စေ... အနည်းဆုံးတော့ သူ၏ မျက်နှာကို ကယ်ဆယ်ရန် နည်းလမ်းရှာရမည်သာ ဖြစ်၏။

ရွှမ်မုမြို့၏ အစွမ်းအထက်ဆုံး ဆေးပညာရှင် တစ်ယောက် အနေဖြင့် ရွှမ်မုမြို့သူမြို့သားများရှေ့တွင် သူ မည်သို့ အရှက်ကွဲခံနိုင်မည်နည်း။ ပြီးတော့ လူငယ်လေး တစ်ယောက်ကို မည်သို့ အရှုံးပေးနိုင်မည်နည်း။

အကယ်၍ သူသာ ရှုံးသွားခဲ့ပါက အပြင်ထွက်၍ မျက်နှာပြဝံ့ပါတော့မည်လား။

“ဒါက လိမ်တာလား မလိမ်တာလား ဆိုတာ ခင်ဗျားရဲ့ ရင်ထဲမှာ သိပါတယ်။ တခြားသူတွေ မမြင်နိုင်ရင်တောင် ခင်ဗျားလည်း မမြင်နိုင်တာတော့ မဟုတ်ဘူးလေ”

ဖုန်းဝူချန်က ခပ်ဟဟ မဲ့ပြုံးပြုံးရင်း ပြန်ပြောလိုက်သည်။

“ဆရာ... ဒီကောင်လေးက ဆရာ့ကို ပေါ်တင် စော်ကားနေတာဗျ။ သူတို့နဲ့ စကားတွေ အများကြီး ပြောမနေနဲ့တော့... သူ့ကို သတ်ပစ်လိုက်ပါ”

သခင်လေးကုန်းက မီးလောင်ရာ လေပင့်ပေးလိုက်၏။

ရွှမ်မုမြို့၏ ပါရမီရှင် တစ်ယောက်အနေဖြင့် လျိုချင်းယန်၏ လက်သီးတစ်ချက်တည်းနှင့် အပြင်းအထန် ဒဏ်ရာရခဲ့ရသဖြင့် သခင်လေးကုန်းမှာ လုံးဝ အရှက်ကွဲသွားခဲ့ရသည်။ ယခု လက်စားချေရန် အခွင့်အရေး ရလာချိန်တွင် သူ သေချာပေါက် လက်လွတ်မခံပါချေ။

“ဝီ... ဝီ...”

ဆရာကြီးလီထံမှ ကောင်းကင်ဘုံလူသား အဆင့် (၈) ၏ ပြင်းထန်သော စွမ်းအားများ ပေါက်ကွဲထွက်လာ၏။ အစိမ်းရောင် အလင်းတန်းများက သူ၏ ခြေအောက်မှ လျှပ်တစ်ပြက် ပြန့်ထွက်သွားသည်။ ကြမ်းတမ်းသော အရှိန်အဝါများ ရိုက်ခတ်လာကာ တဟူးဟူး တိုက်ခတ်နေသော လေပြင်းကြီးများကြောင့် ပွဲကြည့်နေသူများ အားလုံး အကြောက်တရားဖြင့် အော်ဟစ် ထွက်ပြေးကြတော့သည်။

“အဘိုးကြီးက အတော်လေး အစွမ်းထက်တာပဲ”

ပေတိုယန်က အေးစက်စက် အပြုံးလေးဖြင့် မှတ်ချက်ချလိုက်၏။

“ကိုယ့်ကိုယ်ကိုယ် အထင်ကြီးလွန်းနေတာပါကွာ”

လျိုချင်းယန်က ပခုံးတစ်ချက် တွန့်ရင်း မမှုသည့်ဟန်ဖြင့် ပြောလိုက်သည်။

“ဝုန်း...”

ဆရာကြီးလီသည် စကားတစ်ခွန်းမျှ ထပ်မပြောတော့ဘဲ မြေပြင်ကို အပြင်းအထန် နင်းချလိုက်၏။ ကျယ်လောင်သော ပေါက်ကွဲသံနှင့်အတူ မြေပြင်ကြီး အက်ကွဲသွားပြီး ကျောက်စကျောက်နများ လေထဲသို့ လွင့်စင်သွားကာ သူ၏ ခန္ဓာကိုယ်ကြီးက ရှေ့သို့ လျှပ်တစ်ပြက် ပြေးထွက်သွားတော့သည်။

ထိုကြောက်မက်ဖွယ် တိုက်ခိုက်မှု အဟုန်က နှလုံးရပ်မတတ် ဖြစ်စေပြီး ဆရာကြီးလီ ဖြတ်သန်းသွားသော နေရာတိုင်းရှိ လမ်းမကြီးပေါ်တွင် အက်ကွဲကြောင်းကြီးများ ထင်ကျန်ရစ်ခဲ့၏။

မျက်စိတစ်မှိတ် အတွင်းမှာပင် ဆရာကြီးလီ၏ ပုံရိပ်က လျှပ်တစ်ပြက် အနီးသို့ ရောက်ရှိလာ၏။ ပြင်းထန်သော လေဆင်နှာမောင်း တစ်ခုကို တစ်ပါတည်း သယ်ဆောင်လာပြီး ပြင်းထန်သော စွမ်းအားများ ပြည့်နှက်နေသော သူ၏ လက်ဝါးကြီးက ဖုန်းဝူချန်ထံသို့ အနည်းငယ်မျှ ညှာတာခြင်း မရှိဘဲ ရိုက်ချလာလေတော့သည်။

ဆရာကြီးလီ၏ တိုက်ခိုက်မှုမှာ လုံးဝ ရက်စက်ကြမ်းကြုတ်လှပြီး လက်ဝါးတစ်ချက်တည်းနှင့် ပွဲသိမ်းသတ်ဖြတ်ရန် ရည်ရွယ်ထားသည်။

ပွဲကြည့်နေသူ လူအုပ်ကြီးမှာ သူတစ်ပါး ဒုက္ခရောက်သည်ကို ဝမ်းသာသည့်ဟန်ဖြင့် ပြုံးနေကြပြီး လူတိုင်းက ဖုန်းဝူချန် သေတော့မည်ဟု ယူဆကာ စောင့်ကြည့်နေကြ၏။

“ဝုန်း...”

“ဖူး...”

ဖုန်းဝူချန်၏ မျက်နှာအမူအရာ အနည်းငယ်မျှ မပြောင်းလဲသွားချေ။ ဆရာကြီးလီ လှုပ်ရှားလိုက်သည်နှင့် တစ်ပြိုင်နက် ဖုန်းဝူချန်က သူ၏ လက်ဝါးကို ပေါ့ပေါ့ပါးပါးပင် ပြန်လည် ရိုက်ထုတ်လိုက်၏။ ကျယ်လောင်သော ပေါက်ကွဲသံနှင့်အတူ ရက်စက်သော အပြုံးကြီး ပြုံးထားသည့် ဆရာကြီးလီ၏ ခန္ဓာကိုယ်မှာ ရုတ်တရက် တောင့်တင်းသွားပြီး သွေးများ ပန်းထုတ်လိုက်ရ၏။ ထို့နောက် သူ၏ ခန္ဓာကိုယ်ကြီး လေထဲ လွင့်စင်သွားပြီး လမ်းမကြီး၏ အဆုံးအထိ အရှိန်ပြင်းပြင်း လွင့်ထွက်သွားလေတော့သည်။

“ဒါ... ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ”

ဆရာကြီးလီ၏ မျက်နှာအမူအရာ အကြီးအကျယ် ပြောင်းလဲသွားပြီး အလွန်အမင်း တုန်လှုပ်သွားသဖြင့် မျက်လုံးများပင် ပြုတ်ကျမတတ် ပြူးထွက်နေတော့၏။

ကောင်းကင်ဘုံလူသား အဆင့် (၈) ပညာရှင်ကြီး တစ်ယောက် ဖြစ်ပါလျက်နှင့် လူငယ်လေး တစ်ယောက်၏ ပေါ့ပေါ့ပါးပါး ရိုက်ထုတ်လိုက်သော လက်ဝါးတစ်ချက်ကြောင့် သွေးအန်သွားရသည်တဲ့လား။

မှင်သက်မှု။ နေရာ တစ်ခုလုံး မှင်သက် တုန်လှုပ်သွားကြတော့သည်။

သူတစ်ပါး ဒုက္ခရောက်မည်ကို ကျေနပ်နေကြသူများနှင့် ဖုန်းဝူချန် အသေဆိုးဖြင့် သေရတော့မည်ဟု တွေးထင်ထားခဲ့ကြသူများ အားလုံး၏ မျက်နှာများပေါ်တွင် ယခုအခါ အကြောက်တရားနှင့် မယုံကြည်နိုင်မှုများသာ အပြည့် ဖုံးလွှမ်းသွားကြတော့၏။

“ဆရာ... ဆရာကြီးလီက အဲဒီ လူငယ်လေးရဲ့ လက်ဝါး တစ်ချက်တည်းနဲ့ ဒဏ်ရာရသွားတာလား”

“ဒါ... ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ ကောင်းကင်ဘုံလူသား အဆင့် (၈) ရောက်နေတဲ့ ဆရာကြီးလီတောင် အဲဒီ လူငယ်လေးကို မခံနိုင်ဘူးတဲ့လား”

“ပေါ့ပေါ့ပါးပါး လက်ဝါးရိုက်ချက်လေး တစ်ချက်က ဆရာကြီးလီကို ဒဏ်ရာရသွားစေတာ... အဲဒီ လူငယ်လေးကများ ထျန်းကျီဘုံ ပညာရှင်များ ဖြစ်နေမလား”

ဤအခိုက်အတန့်၌ ပတ်ဝန်းကျင် တစ်ခွင် နောက်တစ်ကြိမ် အုတ်အော်သောင်းနင်း ဖြစ်သွားပြန်၏။ လူတိုင်းက ဖုန်းဝူချန်၏ ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားကို အပြင်းအထန် ထိတ်လန့်သွားကြပြီး သူ့ထံသို့ ရောက်ရှိလာသော အကြည့်များတွင် အကြောက်တရားများ အပြည့် ပြည့်နှက်နေကြလေတော့သည်။

ဤမျှ ငယ်ရွယ်လွန်းပါလျက်နှင့် ကြောက်စရာကောင်းလောက်အောင် စွမ်းအားမားနေသူ တစ်ယောက်၏ နောက်ခံ အင်အားစုမှာ သေးငယ်မည် မဟုတ်ကြောင်း သေချာလှ၏။

“ဆရာကြီးလီ... ရှုံးသွားတာတောင်မှ လူသတ်ပြီး နှုတ်ပိတ်ချင်နေသေးတာလား။ ခင်ဗျား ရှုံးသွားတာကို လက်မခံနိုင်တာလား... ဒါမှမဟုတ် အရှက်ကွဲမှာ ကြောက်နေတာလား”

ဖုန်းဝူချန်က ခြေတစ်လှမ်း ရှေ့သို့ တိုးလိုက်ရင်း အေးစက်စွာ သရော်ကာ မေးလိုက်၏။

သူက သခင်လေးကုန်း ဘေးမှ ဖြတ်သွားသည့် အခိုက်အတန့်တွင် သခင်လေးကုန်းမှာ အကြောက်တရားများ လွှမ်းမိုးလာပြီး မြေပြင်ပေါ်သို့ ပျော့ခွေ လဲကျသွားတော့၏။

အပြင်းအထန် ဒဏ်ရာရသွားသော ဆရာကြီးလီသည် ဖုန်းဝူချန်ကို လုံးဝ မယုံကြည်နိုင်သော အကြည့်များဖြင့် စိုက်ကြည့်နေမိ၏။ သူ၏ မျက်စိရှေ့ရှိ လူငယ်လေးတွင် ဤမျှ ကြောက်စရာကောင်းသော ကျင့်ကြံခြင်း စွမ်းအားများ ရှိနေလိမ့်မည်ဟု သူ လုံးဝ လက်မခံနိုင်သေးချေ။

“ဆရာကြီးလီ... လောင်းကြေးကို လက်ခံပြီး အရှုံးပေးမလား၊ ဒါမှမဟုတ် ခင်ဗျားကို ကျွန်တော် သတ်ပစ်ရမလား။ တစ်ခု ရွေးလိုက်ပါ”

ဖုန်းဝူချန်က ခပ်ဟဟ မဲ့ပြုံးပြုံးရင်း ပြောလိုက်သည်။

မျက်စိတစ်မှိတ် အတွင်းမှာပင် ဖုန်းဝူချန်၏ ပုံရိပ်သည် ဆရာကြီးလီ၏ ရှေ့သို့ တစ္ဆေတစ်ကောင်အလား လျှပ်တစ်ပြက် ရောက်ရှိသွားပြီး ကြီးစိုးသော အရှိန်အဝါက ဆရာကြီးလီ၏ နှလုံးသားကို ဝိညာဉ်လွင့်မတတ် တုန်လှုပ်သွားစေလေတော့၏။

အခန်း (၇၁၉) - ကိုယ့်ကိုယ်ကိုယ် အထင်ကြီးလွန်းခြင်း

~“မင်းက ငါ့ကို ခြိမ်းခြောက်ရဲတယ်ပေါ့လေ”

ထိတ်လန့်နေသော ဆရာကြီးလီ၏ မျက်နှာမှာ နောက်တစ်ကြိမ် တောင့်တင်းသွားပြန်၏။ အဆုံးအစမရှိသော ဒေါသများက သူ၏ ရင်ထဲတွင် ရုတ်တရက် ပွက်ပွက်ဆူလာပြီး တစ်ကိုယ်လုံးလည်း တုန်ယင်လာလေတော့သည်။

လူပုံအလယ်တွင် ဖုန်းဝူချန် ခြိမ်းခြောက်လိုက်ခြင်းက ဆရာကြီးလီကို လုံးဝ အရေးမလုပ်ကြောင်း ပေါ်တင် ပြသလိုက်ခြင်းပင် ဖြစ်ရာ သူ့ကို အပြင်းအထန် ဒေါသဆွပေးလိုက်သလို ဖြစ်သွားသည်။

“ခြိမ်းခြောက်တော့ကော ဘာဖြစ်လဲ... ခင်ဗျားကို ခြိမ်းခြောက်ဖို့အတွက် ခင်ဗျားနဲ့ အရင် တိုင်ပင်နေရဦးမှာလား”

ဖုန်းဝူချန်က အနည်းငယ်မျှပင် မလေးမစား လုပ်ဟန်ဖြင့် ပြန်ပြောလိုက်၏။

“ရိုင်းစိုင်းလှတဲ့ ခွေးကောင်လေး... အရမ်းကြီး မောက်မာမနေနဲ့ကွ”

ဆရာကြီးလီက အံကို တင်းတင်းကြိတ်ကာ ဒေါသတကြီး ဟိန်းဟောက်လိုက်သည်။ သူ၏ မျက်နှာထားမှာ ရေညှစ်ချလိုက်လျှင်ပင် ထွက်လာမတတ် အလွန်တရာ အကျည်းတန် မှုန်ကုပ်နေ၏။

“ပြောမှာလား... မပြောဘူးလား”

ဖုန်းဝူချန်က အေးစက်စွာ မေးလိုက်သည်။ သူ၏ လက်ဝါးကို ဆရာကြီးလီဘက်သို့ ဖြည်းညင်းစွာ မြှောက်လိုက်ရင်း သူ၏ လေသံမှာလည်း ရေခဲတမျှ အေးစက်သွားတော့သည်။

သူတို့က ဖုန်းဝူချန်ကို မောက်မာသည်ဟု ထင်လေလေ၊ ဖုန်းဝူချန်ကလည်း ပို၍ ပေါ်တင် မောက်မာပြလေလေပင် ဖြစ်၏။

“အဲဒီ ကောင်လေးက တကယ်ပဲ ဆရာကြီးလီကို သတ်ပစ်တော့မလို့လား”

“ပြောရခက်တယ်။ အဲဒီ ကောင်လေးရဲ့ နောက်ခံက တော်တော် ကြီးပုံရတယ်။ သူက ဘာကိုမှ ကြောက်နေတဲ့ပုံ မပေါ်ဘူး”

“ဒါပေမဲ့ ထူးဆန်းတာက သူတို့ထဲက မျက်နှာတချို့ကို ငါ မြင်ဖူးသလိုပဲ... သေချာတော့ မမှတ်မိဘူး”

ဖုန်းဝူချန်၏ လှုပ်ရှားမှုကို မြင်လိုက်ရသောအခါ လမ်းမကြီးပေါ်ရှိ လူများအားလုံး အပြင်းအထန် လန့်ဖြန့်သွားကြသည်။

ဖုန်းဝူချန်က တကယ်ပဲ ဆရာကြီးလီကို သတ်ရဲသလား။

သတ်ရဲရုံသာမက သူသည် အချိန်မရွေး၊ နေရာမရွေး သတ်ပစ်နိုင်စွမ်း ရှိ၏။

ဖုန်းဝူချန်သည် လွှမ်းမိုးနိုင်စွမ်းရှိသော အရှိန်အဝါဖြင့် လှုပ်ရှားလိုက်ခြင်း ဖြစ်၏။ အကယ်၍ ဆရာကြီးလီသာ မပြောဘဲ ငြင်းဆန်နေမည်ဆိုလျှင် ဖုန်းဝူချန်သည် အနည်းငယ်မျှ တွေဝေခြင်းမရှိဘဲ ရက်စက်စွာ သတ်ဖြတ်ပစ်မည်မှာ အသေအချာပင် ဖြစ်သည်။

“ရပ်လိုက်စမ်း”

ထိုအခိုက်အတန့်၌ အာဏာပါသော အော်ဟစ်သံ တစ်သံ ထွက်ပေါ်လာ၏။ ၎င်းနှင့်အတူ လေဟာနယ်ကို ခွဲထုတ်လာသော အသံ (၁၀) ခုကျော်ခန့် ဆက်တိုက် ထွက်ပေါ်လာပြီး အားလုံးသည် အလွန်တရာ အစွမ်းထက်သော အရှိန်အဝါများကို သယ်ဆောင်လာကြသည်။

“ကုန်းမိသားစု ခေါင်းဆောင်... ကုန်းမိသားစု ခေါင်းဆောင် ရောက်လာပြီဟေ့”

“ဟွမ်မိသားစု ခေါင်းဆောင်နဲ့ အကြီးအကဲတွေလည်း ပါလာတယ်”

မြို့ထဲမှနေ၍ ကောင်းကင်ယံသို့ ပျံသန်းလာကြသော ပုံရိပ်များကို မြင်လိုက်ရသောအခါ လူအုပ်ကြီးမှာ ရုတ်တရက် ဆူညံပွက်လောရိုက်သွားကြတော့သည်။

“အဖေ... အကြီးအကဲတို့”

သခင်လေးကုန်း၏ မျက်နှာပေါ်တွင် ဝမ်းသာပီတိများ လင်းလက်သွားပြီး သူ၏ မျက်နှာပေါ်ရှိ အကြောက်တရားများက နောက်ဆုံးတွင် အပြီးတိုင် လွင့်စင်သွား၏။

“ဝှစ်... ဝှစ်... ဝှစ်...”

ပုံရိပ် (၁၀) ခုကျော်ခန့် လျှပ်တစ်ပြက် ရောက်ရှိလာကြသည်။ ထိုအထဲတွင် ရွှမ်မုမြို့၏ အင်အားကြီး မိသားစု (၃) ခုမှ မိသားစု ခေါင်းဆောင်များနှင့် အကြီးအကဲများ ပါဝင်ပြီး ကုန်းမိသားစု ခေါင်းဆောင်က ဦးဆောင်လာခြင်း ဖြစ်၏။

မိသားစု ခေါင်းဆောင် (၃) ယောက်စလုံးမှာ ထျန်းကျီဘုံသို့ ရောက်ရှိနေကြပြီ ဖြစ်ပြီး ကုန်းမိသားစု ခေါင်းဆောင်မှာ ထျန်းကျီဘုံ အဆင့် (၃) ဖြင့် အမြင့်မားဆုံး ဖြစ်၏။

အခြား အကြီးအကဲများမှာလည်း ကောင်းကင်ဘုံလူသား အဆင့် (၆) နှင့် အထက်တွင် ရှိနေကြရာ တစ်ယောက်ချင်းစီတိုင်းက အလွန်တရာ အစွမ်းထက်နေကြသည်။

“အဖေ... အကြီးအကဲတို့”

သခင်လေးကုန်းသည် ဒဏ်ရာများနှင့်အတူ ကမန်းကတန်း ပြေးသွားလိုက်၏။

“မင်းရဲ့ လက်... ဒါ ဘယ်သူလုပ်တာလဲ”

သခင်လေးကုန်း၏ လက်မောင်း ကျိုးနေသည်ကို မြင်လိုက်ရသောအခါ ကုန်းမိသားစု ခေါင်းဆောင်၏ မျက်နှာ ချက်ချင်း ရှုံ့မဲ့သွားပြီး အရိုးခိုက်မတတ် အေးစက်သော လူသတ်ချင်စိတ်များက ပတ်ဝန်းကျင် တစ်ခွင်သို့ ရိုက်ခတ်သွားတော့သည်။

ထျန်းကျီဘုံ အဆင့် (၃) ၏ စွမ်းအားမှာ ဆရာကြီးလီထက် အဆပေါင်းများစွာ ပိုမို ကြောက်စရာကောင်းလှရာ လမ်းမကြီးပေါ်ရှိ လူများမှာ အကြောက်တရားဖြင့် နောက်သို့ အထိတ်တလန့် ဆုတ်ခွာသွားကြ၏။

“အဖေ... သား ဘာမှမဖြစ်ပါဘူး။ ဒါပေမဲ့ ဆရာ ဒဏ်ရာရသွားပြီ။ အဲဒီ ခွေးကောင်လေးက သူ့ကို ဒဏ်ရာရအောင် လုပ်တာ။ အဖေ... သူ့ကို သတ်ပစ်ပါ။ အမြန် သတ်ပစ်လိုက်ပါ”

သခင်လေးကုန်းက ဖုန်းဝူချန်ကို လက်ညိုးထိုးကာ အသံကုန်ခြစ် ဟစ်အော်လိုက်သည်။

“ဆရာကြီးလီ... ဒဏ်ရာ အခြေအနေ ဘယ်လိုနေသေးလဲဗျ”

ကုန်းမိသားစု ခေါင်းဆောင်က ကမန်းကတန်း လှည့်ကြည့်ကာ ဆရာကြီးလီကို လှမ်းမေးလိုက်၏။

“ဆရာကြီးလီ... ဒီကောင်လေးက ဘယ်သူလဲ။ ဆရာကြီးကိုတောင် ဒဏ်ရာရအောင် လုပ်ရဲတာက”

ဟွမ်မိသားစု ခေါင်းဆောင်က ဖုန်းဝူချန်ကို တစ်ချက် အကြည့် ပို့လွှတ်ကာ ဆရာကြီးလီကို မေးလိုက်၏။ သူကိုယ်တိုင်လည်း တိတ်တဆိတ် အံ့အားသင့်နေမိသည်။

ဆရာကြီးလီ၏ မျက်နှာထားက အလွန်တရာ မှုန်ကုပ်နေပြီး အံကို တင်းတင်းကြိတ်ကာ ပြောလိုက်၏။

“သူ ဘယ်သူလဲ ဆိုတာတော့ ငါလည်း မသိဘူး။ ဒါပေမဲ့ သူ့စွမ်းအားက မသေးဘူး... ထျန်းကျီဘုံမှာ ရှိလောက်တယ်”

ဆရာကြီးလီနှင့် အခြားသူများသည် ဖုန်းဝူချန်၏ ကျင့်ကြံခြင်း အဆင့်အတိအကျကို မခွဲခြားနိုင်ကြပေ။ သို့သော် ဖုန်းဝူချန်က ဆရာကြီးလီကို ဒဏ်ရာရစေနိုင်ခဲ့သည့် အချက်ကို ကြည့်ခြင်းအားဖြင့် သူတို့ ဤမျှအထိ ခန့်မှန်းနိုင်ကြခြင်းသာ။

ဖုန်းဝူချန်က ထျန်းကျီဘုံ၏ ကျင့်ကြံခြင်း အဆင့်အတန်းကို တကယ်ပဲ ပိုင်ဆိုင်ထားသည် ဆိုသည်ကို ဆရာကြီးလီ လုံးဝ မယုံကြည်နိုင်အောင် ဖြစ်နေရသည်။

ကုန်းမိသားစု ခေါင်းဆောင်က သူ၏ မျက်လုံးများကို အန္တရာယ်များလှသည့်ဟန်ဖြင့် ကျဉ်းမြောင်းလိုက်၏။ သူ၏ လူသတ်ချင်စိတ် အားလုံးကို ဖုန်းဝူချန်ထံသို့ အပြည့်အဝ သော့ခတ်ထားပြီး ဒေါသတကြီး ကြိမ်းမောင်းလိုက်သည်။

“ရိုင်းစိုင်းလှတဲ့ ခွေးကောင်လေး... မင်းက တော်တော် သတ္တိကောင်းနေပါလား”

ထိုစကားကို ကြားသောအခါ ဖုန်းဝူချန်၏ မျက်နှာပေါ်တွင် ကြောက်ရွံ့မှု အနည်းငယ်မျှ မပေါ်လာဘဲ အေးစက်စွာ ပြန်ပြောလိုက်၏။

“လောင်းကြေးက လောင်းကြေးပဲ... ခင်ဗျား ရှုံးသွားပြီဆိုတော့ ခွန်လွန်တောင်ကြား အကြောင်းကို ကျွန်တော့်ကို ပြောပြရမယ်။ ဒါက ရှက်စရာကိစ္စမှ မဟုတ်တာ... ပြဿနာ အကြီးကြီး ဖြစ်အောင် လုပ်နေစရာ မလိုပါဘူး။ တကယ်လို့ ခင်ဗျားတို့က ပြဿနာကို ကြီးချင်သေးတယ် ဆိုရင်လည်း အဆုံးထိ ရင်ဆိုင်ပေးဖို့ ကျွန်တော် အသင့်ပါပဲ”

သူ၏ မိသားစု အင်အားကို အားကိုးကာ သခင်လေးကုန်းက ဒေါသတကြီး စွပ်စွဲလိုက်၏။

“မင်းမှာ ဆေးဖိုတောင် မရှိဘူးလေ... မင်း ဆေးဖော်ခဲ့တာမှ မဟုတ်တာ။ မင်းက မျက်လှည့်သုံးပြီး ဆေးလုံးကို ထုတ်ပြလာတာ... ပြီးတော့ ဆရာ့ကို အနိုင်ရပြီလို့ ပြောသေးတယ်။ ငါတို့ကို အရူးတွေများ မှတ်နေလား။ အားလုံးက မျက်မြင်ကိုယ်တွေ့ပဲကွ”

ကုန်းမိသားစု ခေါင်းဆောင်က အနည်းငယ် မှင်သက်သွားပြီး အံ့အားသင့်စွာ ရေရွတ်လိုက်သည်။

“မျက်လှည့်သုံးပြီး ဆေးဖော်တယ် ဟုတ်လား”

“ဗဟုသုတ မရှိတဲ့ကောင်... တုံးအလိုက်တာ”

ဖုန်းဝူချန်က မထီမဲ့မြင်ပြုစွာ ပြောလိုက်၏။

“ခွေးမသား... လူငယ် တစ်ယောက် ဖြစ်ပြီး လူကြီးတွေကို ဒီလို မလေးမစားနဲ့ ရိုင်းရိုင်းစိုင်းစိုင်း ဆက်ဆံရဲတယ်ပေါ့လေ”

ဟွမ်မိသားစု ခေါင်းဆောင်က ကြိမ်းမောင်းလိုက်တော့သည်။

ဖုန်းဝူချန်က ခပ်ဟဟ အေးစက်စက် ရယ်ရမ်းသွေးလိုက်ပြီး ပြန်ပြောလိုက်၏။

“အသက်ကြီးရုံသက်သက်နဲ့ ငါ့ရှေ့မှာ လာပြီး ဆရာကြီး မလုပ်စမ်းပါနဲ့။ ပြီးတော့ လူကြီးဆိုတဲ့ အဆင့်အတန်းကို သုံးပြီး ငါ့ကို လာဆုံးမဖို့ မကြိုးစားနဲ့... ခင်ဗျားတို့က အဲဒီလောက် အရည်အချင်း မရှိဘူး”

“မောက်မာလိုက်တဲ့ကောင်... ဒီအကြီးအကဲက ယဉ်ကျေးမှု မရှိတဲ့ မင်းလို ကောင်လေးကို သေချာ ဆုံးမပေးရသေးတာပေါ့”

ကုန်းမိသားစု၏ မဟာ အကြီးအကဲက ဒေါသတကြီး အော်ဟစ်လိုက်စဉ် ကောင်းကင်ဘုံလူသား အဆင့် (၉) ၏ ပြင်းထန်သော စွမ်းအားများ ပေါက်ကွဲထွက်လာတော့သည်။

ကုန်းမိသားစု၏ မဟာ အကြီးအကဲသည် အနည်းငယ်မျှ တွေဝေခြင်း မရှိဘဲ လျှပ်စီးတန်းတစ်ခုအလား ဖုန်းဝူချန်ထံသို့ ပြေးဝင်သွား၏။

အင်အားကြီး မိသားစု သုံးခုထဲမှ မိသားစု တစ်ခုအနေဖြင့် လူငယ်လေး တစ်ယောက်ဖြစ်သော ဖုန်းဝူချန်ကို ဤမျှအထိ မောက်မာရိုင်းစိုင်းခွင့် ပြုထားပါက ကုန်းမိသားစု၏ ဂုဏ်သိက္ခာ ဘယ်မှာ ရှိတော့မည်နည်း။

မဟာ အကြီးအကဲ၏ ဤစကားက ဖုန်းဝူချန်၌ မိဘသွန်သင်ဆုံးမမှု မရှိကြောင်းကို ပေါ်တင် စော်ကားလိုက်ခြင်း ဖြစ်ပြီး တစ်နည်းအားဖြင့် ဖုန်းဝူချန်၏ မိဘများကိုပါ စော်ကားလိုက်ခြင်းပင် ဖြစ်၏။

ထိုစကားကပင် ဖုန်းဝူချန်၏ ဒေါသများကို လုံးဝ ပေါက်ကွဲထွက်သွားစေရန် မီးမွှေးပေးလိုက်ခြင်း ဖြစ်သည်။

ဖုန်းဝူချန်သည် သူ့ကိုယ်သူ စော်ကားခံရခြင်းကို မည်မျှပင် သည်းခံနိုင်စေကာမူ သူ၏ မိဘများကို စော်ကားလာသူ မည်သူ့ကိုမဆို လုံးဝ ခွင့်လွှတ်ပေးမည် မဟုတ်ချေ။

ဖုန်းဝူချန်၏ မျက်နှာထားက အလွန်တရာ အေးစက်သွား၏။ သူ၏ မျက်ဝန်းများက ကြမ်းတမ်း ရက်စက်နေပြီး လူသတ်ချင်စိတ်များက မိစ္ဆာတစ်ကောင်အလား ဖုံးလွှမ်းလာရာ မည်သူကမျှ သူ့ကို တည့်တည့် မကြည့်ဝံ့တော့ချေ။

လွှမ်းမိုးနိုင်စွမ်းရှိပြီး ဆူပွက်နေသော အရှိန်အဝါ တစ်ခုက ဖုန်းဝူချန်၏ ခန္ဓာကိုယ်ထဲမှ စတင် ဖွဲ့တည်လာပြီး ပတ်ဝန်းကျင်ရှိ လူများ၏ နှလုံးသားများကို ဆုပ်ကိုင်ထားသည်။ ဤအခိုက်အတန့်၌ ဖုန်းဝူချန် ပြောင်းလဲသွားသည်ကို လူတိုင်း ခံစားသိရှိလိုက်ကြ၏။

“ဒါက... ဘာလဲ”

မဟာ အကြီးအကဲက တစ်စုံတစ်ရာကို အာရုံခံမိသွားပြီး သူ၏ မျက်နှာအမူအရာ အကြီးအကျယ် ပြောင်းလဲသွား၏။ ဖုန်းဝူချန်ထံမှ ထွက်ပေါ်လာသော အရှိန်အဝါကြောင့် သူ အပြင်းအထန် ထိတ်လန့်သွားပြီး တစ်ကိုယ်လုံးပင် တုန်ယင်လာတော့သည်။

“မဟာ အကြီးအကဲ... သတိထား။ ဒီအရှိန်အဝါက သာမန် မဟုတ်ဘူး”

ကုန်းမိသားစု ခေါင်းဆောင်က ကမန်းကတန်း သတိပေး အော်ဟစ်လိုက်၏။

သို့သော် အချိန်နှောင်းသွားခဲ့ပြီတည်း။

“ဝှစ်...”

“ဝုန်း...”

“ဖူး...”

ဒေါသအထွတ်အထိပ် ရောက်နေသော ဖုန်းဝူချန်က မျက်စိတစ်မှိတ်အတွင်း လှုပ်ရှားလိုက်၏။ သူ၏ ပုံရိပ်သည် မဟာ အကြီးအကဲ၏ ရှေ့သို့ အလွန်တရာ ထူးဆန်း ဆန်းကြယ်သော ဟန်ပန်ဖြင့် ရောက်ရှိသွား၏။ ရုတ်တရက် ပေါ်လာမှုကြောင့် မဟာ အကြီးအကဲမှာ လန့်ဖြန့်သွား၏။ သူ၏ အိုမင်းသော မျက်နှာ သွေးဆုတ်ဖြူရော်သွားသည်။

ထို့နောက် နားကွဲမတတ် ပေါက်ကွဲသံ တစ်သံ ထွက်ပေါ်လာ၏။ ပြင်းထန်သော စွမ်းအားက မဟာ အကြီးအကဲကို သွေးများ ပန်းထုတ်သွားစေသည်။ အနက်ရောင် မျဉ်းတန်းတစ်ခုအလား နောက်သို့ လွင့်စင်ထွက်သွားစေတော့သည်။

အမြန်နှုန်းက လျင်မြန်လွန်းလှပေရာ မဟာ အကြီးအကဲမှာ တုံ့ပြန်ရန် အခွင့်အရေးပင် မရလိုက်ချေ။ ကိုယ်ဖော့သိုင်းက ကျောချမ်းဖွယ်ရာ ဆန်းကြယ်လွန်းလှသဖြင့် မဟာ အကြီးအကဲမှာ လုံးဝကို အငိုက်မိသွားခဲ့ခြင်း ဖြစ်၏။

ဤလက်သီးတစ်ချက်ဖြင့်ပင် ဖုန်းဝူချန်သည် ကုန်းမိသားစု၏ မဟာ အကြီးအကဲကို အပြင်းအထန် ဒဏ်ရာရသွားစေခဲ့ပြီ ဖြစ်၏။

“မဟာ အကြီးအကဲ”

ကုန်းမိသားစု ခေါင်းဆောင်နှင့် အခြားသူများအားလုံး ထိတ်လန့်တုန်လှုပ်သွားကြပြီး အားလုံး ပါးစပ်အဟောင်းသား ဖြစ်သွားကြတော့သည်။

“လက်သီးတစ်ချက်တည်းနဲ့ ကုန်းမိသားစုရဲ့ မဟာ အကြီးအကဲကို အပြင်းအထန် ဒဏ်ရာရသွားစေတာလား”

ဆရာကြီးလီမှာ အလွန်အမင်း အံ့အားသင့်သွားရ၏။ ဖုန်းဝူချန်သည် ထျန်းကျီဘုံတွင် ရှိနေမည်ဟု သူ ခန့်မှန်းခဲ့သည်ကပင် လျှော့တွက်ထားသလို ဖြစ်နေပြီကို သတိထားမိလိုက်သည်။

“ဒါ... ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ”

သခင်လေးကုန်းမှာ နောက်တစ်ကြိမ် မှင်သက်သွားပြန်ပြီး သူ၏ မျက်နှာပေါ်တွင် အကြောက်တရားများ အသစ်တဖန် ပြန်လည် ထင်ဟပ်လာ၏။

“ရှီး...”

ပွဲကြည့်နေသူများမှာ အကြောက်တရားဖြင့် အေးစက်သော လေကို ပြင်းပြင်းရှိုက်သွင်းလိုက်မိကြတော့သည်။

“ကုန်းမိသားစုရဲ့ မဟာ အကြီးအကဲက လက်သီးတစ်ချက်တည်းနဲ့ ဒဏ်ရာရသွားတာလား။ မယုံနိုင်စရာပဲ... အဲဒီ လူငယ်လေးက ကြောက်စရာကောင်းလောက်အောင် အစွမ်းထက်တာပဲ”

“ကောင်းကင်ဘုံလူသား အဆင့် (၉) မှာ ရှိနေတာတောင်မှ လက်သီးတစ်ချက်ကို မခံနိုင်ဘူးတဲ့လား”

“မြန်လိုက်တာ... သေချာတောင် မမြင်လိုက်ရဘူး”

လူအုပ်ကြီးမှာ အုတ်အော်သောင်းနင်း ဖြစ်သွားကြတော့သည်။ ဖုန်းဝူချန် ထုတ်ဖော်ပြသလိုက်သော ကြမ်းတမ်းသည့် စွမ်းအားက သူတို့ကို နောက်တစ်ကြိမ် လုံးဝ မှင်သက်သွားစေခဲ့၏။ ဖုန်းဝူချန် မည်သည့် ကျင့်ကြံခြင်း အဆင့်သို့ ရောက်ရှိနေပြီလဲ ဆိုတာကို မည်သူကမျှ မခန့်မှန်းနိုင်ကြတော့ချေ။

“စွမ်းရည် အစစ်အမှန်လည်း မရှိဘဲနဲ့ လာတိုက်ခိုက်ရဲတယ်ပေါ့... ကိုယ့်ကိုယ်ကိုယ် အထင်ကြီးလွန်းနေတာပဲ”

ဖုန်းဝူချန်က မထီမဲ့မြင်ပြုစွာ ပြောလိုက်၏။

“ဟွန့်... မင်းဆီမှာ ဘာစွမ်းရည်တွေများ ရှိနေလဲ ဆိုတာ ငါ ကြည့်ချင်သေးတယ်”

ကုန်းမိသားစု ခေါင်းဆောင်က ဒေါသတကြီး ပြန်ပြောလိုက်သည်။ သူ၏ ရက်စက်သော အကြည့်များက ဖုန်းဝူချန်ထံသို့ စူးစိုက်ရောက်ရှိနေ၏။

“စကားတွေ အများကြီး ပြောမနေနဲ့... အချိန်ဖြုန်းတာပဲ။ ခင်ဗျားတို့ အားလုံး တစ်ပြိုင်တည်း ဝင်လာခဲ့လိုက်ပါလား”

ဖုန်းဝူချန်၏ ပုံရိပ်က ရွှမ်မုမြို့၏ အထက် ကောင်းကင်ယံသို့ ဖြည်းညင်းစွာ လွင့်မျောတက်သွားပြီး အေးစက်သော လေသံဖြင့် စိန်ခေါ်လိုက်၏။

ဖုန်းဝူချန်သည် ပြိုင်ဘက် (၁၀) ယောက်ကို တစ်ယောက်တည်း ရင်ဆိုင်ရန် အသင့်ဖြစ်နေတော့၏။

အခန်း (၇၂၀) - ပြင်းထန်သော စွမ်းအား

~“ခင်ဗျားတို့ အားလုံး တစ်ပြိုင်တည်း ဝင်လာခဲ့လေ”

ဖုန်းဝူချန်၏ စကားကြောင့် ကုန်းမိသားစု ခေါင်းဆောင်နှင့် အခြားသူများအားလုံး မှင်သက်သွားကြ၏။

ရွှမ်မုမြို့မှ ပွဲကြည့်နေသူများ၏ မျက်နှာပေါ်တွင်လည်း အံ့အားသင့်မှုများ ပြည့်နှက်သွားပြီး ထုံထိုင်းသွားကြတော့သည်။

ဖုန်းဝူချန်သည် ကုန်းမိသားစု ခေါင်းဆောင် အပါအဝင် အစွမ်းထက် ပညာရှင် တစ်ဒါဇင်ကျော်ကို သူ့ထံ တစ်ပြိုင်တည်း ဝင်လာရန် ဖိတ်ခေါ်လိုက်ခြင်း ဖြစ်၏။

ဒါက အနည်းငယ် မောက်မာလွန်းနေသည် မဟုတ်ပါလော။

ဖုန်းဝူချန်၏ လုပ်ရပ်က မောက်မာရုံ သက်သက် မဟုတ်ချေ။ ရွှမ်မုမြို့ရှိ အင်အားကြီး မိသားစု (၃) ခု၏ ထိပ်ပိုင်းခေါင်းဆောင်များကို အထင်သေးကြောင်း ပေါ်တင် ပြသလိုက်ခြင်း ဖြစ်ပြီး သူတို့ကို အနည်းငယ်မျှပင် မျက်လုံးထဲ မထည့်ထားကြောင်း ထင်ရှားနေသည်။

အင်အားကြီး မိသားစု (၃) ခု၏ ထိပ်ပိုင်းခေါင်းဆောင် အရေအတွက်မှာ (၁၃) ယောက် ရှိ၏။ ဒဏ်ရာရသွားသော ကုန်းမိသားစု၏ မဟာ အကြီးအကဲကို ဖယ်ထားလျှင်ပင် (၁၂) ယောက် ကျန်ရှိနေသေး၏။ ထိုအထဲတွင် ထျန်းကျီဘုံ ပညာရှင် (၃) ယောက် ပါဝင်ပြီး ကျန်အကြီးအကဲများ အားလုံးမှာလည်း အနည်းဆုံး ကောင်းကင်ဘုံလူသား အဆင့် (၆) စွမ်းအားကို ပိုင်ဆိုင်ထားကြသူများ ဖြစ်သည်။

ဤမျှ ကြောက်စရာကောင်းသော လူစုလူဝေးကြီးကို ဖုန်းဝူချန်က တစ်ပြိုင်တည်း တိုက်ခိုက်ရန် ပြောလိုက်သည်တဲ့လား။

မောက်မာလိုက်တာ။ အလွန်အမင်းကို မောက်မာလွန်းလှ၏။

ဖုန်းဝူချန်၏ ရိုင်းစိုင်းမောက်မာမှုက ပွဲကြည့်နေသူ အများအပြားကို ဒေါသထွက်စေခဲ့ပြီး ကျယ်လောင်စွာ ဆဲဆိုလာကြတော့သည်။

“ကုန်းမိသားစု ခေါင်းဆောင်... အဲဒီ ကောင်လေးက အရမ်းကို မောက်မာလွန်းတယ်။ သူ့ကို သတ်ပစ်လိုက်ပါ”

လူတစ်ယောက်က အမျက်တကြီး အော်ဟစ်လိုက်၏။

“ဟုတ်တယ်... သူ့ကို သတ်ပစ်လိုက်”

အခြားသူများကလည်း သံယောင်လိုက်ကာ ထောက်ခံလိုက်ကြသည်။

“မင်းက သေချင်နေတာပဲ ကောင်လေး။ မင်း သေချင်နေမှတော့ ငါကလည်း တားမနေတော့ဘူး... တိုက်ကြ”

အထင်သေးခံလိုက်ရသဖြင့် ကုန်းမိသားစု ခေါင်းဆောင်၏ မျက်နှာမှာ ကွက်ခနဲ ပျက်သွားပြီး လူသတ်ချင်စိတ်များ အပြည့်ဖြင့် ဟိန်းဟောက်လိုက်လေတော့သည်။

“မင်းက ဒီလောက်တောင် ရိုင်းစိုင်းရဲတယ်ပေါ့လေ။ ဒီနေ့ မင်းကို အပိုင်းပိုင်း အတစ်တစ် ဖြစ်အောင် ဆွဲဖြဲပစ်မယ်ကွ”

အကြီးအကဲ တစ်ယောက်က ဒေါသကြောင့် မျက်နှာ နီရဲလာကာ အော်ဟစ်လိုက်၏။

“မင်းမှာ အသေခံဖို့ အသက်ဘယ်နှချောင်း ပါလာလဲ ဆိုတာ ငါ ကြည့်ချင်သေးတယ်”

ပညာရှင် တစ်ဒါဇင်ကျော်လုံး ဖုန်းဝူချန်ကြောင့် ဒေါသအထွတ်အထိပ် ရောက်သွားကြတော့သည်။ သူတို့က ဟိန်းဟောက်လိုက်ကြပြီး ကောင်းကင်ယံသို့ ပျံတက်သွားကြကာ တစ်ယောက်ချင်းစီ၏ အစွမ်းကုန် အင်အားများကို ထုတ်လွှတ်လိုက်ကြ၏။

ပြင်းထန်သော လူသတ်ချင်စိတ်များနှင့် စွမ်းအင်များက ရွှမ်မုမြို့ တစ်ခုလုံးကို မျက်တောင်တစ်ခတ်အတွင်း ဖုံးလွှမ်းသွားတော့သည်။

တစ်မြို့လုံး သိမ့်သိမ့်ခါသွားအောင် လှုပ်ယမ်းသွား၏။

“ဒီ ကိုယ့်ကိုယ်ကိုယ် သေတွင်းတူးနေတဲ့ အဘိုးကြီးတွေ... နန်းတော်သခင်ရဲ့ မိဘတွေကိုတောင် စော်ကားရဲတယ်ဆိုတော့ တကယ်ပဲ အသက်ရှင်ရတာ ငြီးငွေ့နေကြပြီ”

နန်းကုန်းကျန့်က ခေါင်းကို ခပ်ဖွဖွ ယမ်းရင်း ပြောလိုက်သည်။

“သူတို့ဖာသာ သေလမ်းကို ရှာနေကြတာပဲ။ ဘယ်သူ့ကိုမှ အပြစ်တင်လို့ မရဘူး”

ကျန်းကျွင့်လန်ကလည်း အေးစက်စွာ ပြောလိုက်၏။

လျိုချင်းယန်နှင့် အခြားသူများမှာ လက်တစ်ချောင်းမျှပင် လှုပ်စရာ မလိုချေ။ သူတို့သည် ဘေးမှရပ်ကာ မြင်ကွင်းကို စောင့်ကြည့်နေရုံသာ ဖြစ်သည်။

“ဝီ... ဝီ...”

ကောင်းကင်ယံ အထက်တွင် ဖုန်းဝူချန်က သူ၏ ဖျက်ဆီးခြင်း စွမ်းအားများကို လှုံ့ဆော်လိုက်၏။ ဆူပွက်နေသော စွမ်းအားများက ကြမ်းတမ်းစွာ ပေါက်ကွဲထွက်လာ၏။ မျက်စိကျိန်းမတတ် တောက်ပသော သွေးရောင် အလင်းတန်းများ ပန်းထွက်လာပြီး လွှမ်းမိုးနိုင်စွမ်းရှိသော အရှိန်အဝါက ကြည့်နေသူများကိုပင် ကြက်သီးထသွားစေသည်။

“ထျန်းကျီဘုံ အဆင့် (၁) ပဲ”

ဖုန်းဝူချန်၏ ပြင်းထန်သော စွမ်းအားကို ခံစားလိုက်ရသောအခါ ကုန်းမိသားစု ခေါင်းဆောင်နှင့် အခြားသူများ၏ မျက်နှာများ တစ်ပြိုင်နက်တည်း အကြီးအကျယ် ပြောင်းလဲသွားကြလေတော့သည်။

“တကယ်ကြီး ထျန်းကျီဘုံကို ရောက်နေတာပါလား”

ရွှမ်မုမြို့သူ မြို့သားများမှာ အလွန်အမင်း ထိတ်လန့်သွားကြပြီး ဆူညံသံများက ကောင်းကင်သို့ ထိုးတက်သွား၏။

“ဒီကောင်လေးက တကယ်ကြီး ထျန်းကျီဘုံ အဆင့်ကို ရောက်နေတာပဲ။ သူ့ရဲ့ အရှိန်အဝါတွေက အခုထိ မြင့်တက်နေတုန်းပဲကွ”

ဟွမ်မိသားစု ခေါင်းဆောင်က အံ့အားသင့်စွာ အော်ဟစ်လိုက်သည်။ သူ၏ မျက်ဝန်းများထဲတွင် အကြောက်တရား အရိပ်အယောင်များ ပေါ်ထွက်လာ၏။

“သူ့ရဲ့ စွမ်းအားက သာမန် မဟုတ်ဘူး။ တိုက်ခိုက်ရေး စွမ်းအားကလည်း ကြောက်စရာကောင်းလောက်တယ်။ အရမ်းကို သတိထားကြ”

ကုန်းမိသားစု ခေါင်းဆောင်က လေးနက်စွာ သတိပေးလိုက်၏။ သူကိုယ်တိုင် ထျန်းကျီဘုံ အဆင့် (၃) တွင် ရှိနေသော်ငြား ဖုန်းဝူချန်၏ လျှို့ဝှက်ဆန်းကြယ်သော စွမ်းအားကို အထင်မသေးရဲတော့ချေ။

ဖျက်ဆီးခြင်း စွမ်းအားများကို လှုံ့ဆော်လိုက်သည်နှင့် တစ်ပြိုင်နက် ဖုန်းဝူချန်၏ အရှိန်အဝါသည် ထျန်းကျီဘုံ အဆင့် (၂) ၏ အထွတ်အထိပ်သို့ ချက်ချင်း ရောက်ရှိသွားလေတော့သည်။

“နတ်ဘုရား အရိပ်”

ဖုန်းဝူချန်က တိုးညှင်းစွာ ဟစ်အော်လိုက်ပြီး သူ၏ ကိုယ်ဖော့ပညာကို အသုံးပြုလိုက်၏။ သူ၏ ခန္ဓာကိုယ်သည် သွေးရောင် အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲသွားပြီး ရှေ့သို့ လျှပ်တစ်ပြက် ပြေးထွက်သွားသည်။ အလွန်တရာ ပြင်းထန်သော အဟုန်ဖြင့် ကောင်းကင်ယံကို ဖြတ်သန်းသွားရာ သူ၏ နောက်တွင် သွေးရောင် အလင်းတန်း လမ်းကြောင်းများ ထင်ကျန်ရစ်ခဲ့၏။

“ကြောက်စရာကောင်းလိုက်တဲ့ အမြန်နှုန်းပဲ”

လျိုမိသားစု ခေါင်းဆောင်က အံ့အားသင့်မှုနှင့် မယုံကြည်နိုင်မှုများ အပြည့်ဖြင့် ရေရွတ်လိုက်သည်။

“ဟွန့်”

ကုန်းမိသားစု ခေါင်းဆောင်က အေးစက်စွာ နှာခေါင်းရှုံ့လိုက်၏။ သူကလည်း ကိုယ်ဖော့ပညာကို ချက်ချင်း အသုံးပြုကာ ရှေ့သို့ ပြေးထွက်သွား၏။ သူ၏ အမြန်နှုန်းမှာ ဖုန်းဝူချန်ထက် အနည်းငယ်မျှ နိမ့်ကျမနေချေ။

“ဝှစ်... ဝှစ်... ဝှစ်...”

သို့သော် ကုန်းမိသားစု ခေါင်းဆောင် ရှေ့သို့ ပြေးထွက်သွားချိန်မှာပင် ဖုန်းဝူချန်၏ ပုံရိပ်က လျှို့ဝှက်ဆန်းကြယ်စွာ လင်းလက်သွားသည်။ သူ၏ သွေးရောင် ပုံရိပ်ထံမှ ရှင်းလင်းပြတ်သားသော နောက်ချန်အရိပ်များ ဆက်တိုက် ထွက်ပေါ်လာ၏။ မျက်တောင်တစ်ခတ် အတွင်းမှာပင် အရိပ်ပေါင်း ရာနှင့်ချီ၍ ပေါ်လာရာ သူ၏ ခြေရာကို မည်သူကမျှ မဖမ်းဆုပ်နိုင်အောင် ဖြစ်သွားကြတော့သည်။

“အရှိန်အဝါက ခဏပျောက်သွားလိုက်... ပြန်ပေါ်လာလိုက်နဲ့... ဒါက ဘယ်လို ကိုယ်ဖော့ပညာမျိုးလဲ”

ကုန်းမိသားစု ခေါင်းဆောင်က မျက်မှောင်အပြင်းအထန် ကြုတ်လိုက်၏။ သူ၏ ကျင့်ကြံခြင်းက ထျန်းကျီဘုံ အဆင့် (၃) တွင် ရှိနေသော်လည်း ဖုန်းဝူချန်၏ တည်နေရာကို လုံးဝ ဖမ်းမမိချေ။

အခြားသူများ ဆိုလျှင်ကား ပြောစရာပင် မလိုတော့ပေ။ သူတို့သည် ဘယ်နေရာကို တိုက်ခိုက်ရမည်မှန်း လုံးဝ မသိတော့အောင် ဖြစ်နေကြတော့သည်။

ဖုန်းဝူချန်၏ အမြန်နှုန်းက ပို၍ပို၍ မြန်ဆန်လာ၏။ ကောင်းကင်ယံ အထက်တွင် နောက်ချန်အရိပ်များ ပို၍ပို၍ များပြားလာသည်။ ထောင်နှင့်ချီသော အရိပ်များက စစ်တပ်ကြီးတစ်ခု ချီတက်လာသည့်အလား သိပ်သည်းကျပ်ညပ်နေရာ ပွဲကြည့်နေသူများ၏ မျက်စိများပင် ကျိန်းလာကြတော့သည်။

“ဂလု...”

ကောင်းကင်ယံရှိ ခမ်းနားပြီး ကြောက်မက်ဖွယ်ကောင်းသော မြင်ကွင်းကြီးကို ကြည့်ကာ ရွှမ်မုမြို့သူ မြို့သားများမှာ အကြောက်တရားဖြင့် တံတွေးကို ခက်ခဲစွာ မြိုချလိုက်ကြ၏။ သူတို့၏ မျက်နှာများမှာ သွေးဆုတ်ဖြူရော်နေပြီး ချွေးသီးချွေးပေါက်များ ကျနေကြတော့သည်။

“ဝုန်း... ဝုန်း... ဝုန်း...”

“ဖူး... ဖူး... ဖူး...”

နောက်တစ်စက္ကန့်၌ ဖုန်းဝူချန်က ပြင်းထန်သော ထိုးစစ်ကို စတင်လိုက်၏။ သူ၏ ပုံရိပ်က လေဟာနယ်ထဲမှ တစ္ဆေတစ်ကောင်အလား အသံတိတ် လျှပ်တစ်ပြက် ထွက်ပေါ်လာသည်။ ထို့နောက် အင်အားကြီး မိသားစု (၃) ခု၏ အကြီးအကဲများမှာ တစ်ယောက်ပြီးတစ်ယောက် အပြင်းအထန် ဒဏ်ရာရသွားကြ၏။ သူတို့အားလုံး သွေးများ ဝေါ့ခနဲ အန်ချလိုက်ရပြီး ခန္ဓာကိုယ်များမှာ အမြောက်ဆန်များအလား နောက်သို့ လွင့်စင်ထွက်သွားကြတော့သည်။

ဖုန်းဝူချန်၏ တိုက်ခိုက်မှုများကို လုံးဝ ခန့်မှန်း၍ မရနိုင်ချေ။ မည်သူကမျှ တုံ့ပြန်ရန် အချိန်မရလိုက်သလို ဖုန်းဝူချန် ဘယ်အချိန် ပေါ်လာသည်ကိုပင် အာရုံမခံနိုင်လိုက်ကြပေ။

မျက်စိတစ်မှိတ် အတွင်းမှာပင် အင်အားကြီး မိသားစု (၃) ခုမှ အကြီးအကဲများ အားလုံး အပြင်းအထန် ဒဏ်ရာရကာ လွင့်စင်သွားကြပြီး အသက်အန္တရာယ်နှင့်ပင် နီးကပ်သွားကြတော့သည်။

မိသားစု ခေါင်းဆောင် (၃) ယောက်စလုံး အကြီးအကျယ် တုန်လှုပ်သွားကြ၏။ သူတို့၏ ခန္ဓာကိုယ်များ တောင့်တင်းသွားပြီး မျက်နှာပေါ်တွင် အကြောက်တရားနှင့် မယုံကြည်နိုင်မှုများ အပြည့် ဖုံးလွှမ်းသွားသည်။

ရွှမ်မုမြို့ တစ်ခုလုံး အခိုက်အတန့်မျှ တိတ်ဆိတ်သွားပြန်၏။ လူတိုင်းက အလွန်အမင်း ကြောက်ရွံ့ တုန်လှုပ်နေကြသဖြင့် စကားတစ်ခွန်းမျှ မဟနိုင်ကြတော့ချေ။ အားလုံး တိုင်ပင်ထားသည့်အလား ကျောက်ရုပ်ကြီးပမာ ဖြစ်သွားကြတော့၏။

“...”

ဆရာကြီးလီ၏ အိုမင်းသော မျက်နှာမှာ ပြာနှမ်းသွားတော့သည်။ သူ တစ်စုံတစ်ရာကို စတင် သဘောပေါက်လာပုံ ရပြီး သူ၏ အိုမင်းသော မျက်ဝန်းများထဲတွင် မျှော်လင့်ချက် ကင်းမဲ့ခြင်း အရိပ်အယောင်များ ပေါ်ထွက်လာ၏။

“အခု ခင်ဗျားတို့ သုံးယောက်ပဲ ကျန်တော့တယ်”

ဖုန်းဝူချန်၏ ပုံရိပ်က ကုန်းမိသားစု ခေါင်းဆောင်နှင့် အခြားနှစ်ယောက်၏ အနောက်ဘက် မလှမ်းမကမ်းတွင် လျှို့ဝှက်ဆန်းကြယ်စွာ ပေါ်လာ၏။ သူ၏ အေးစက်သော အသံကို ကြားလိုက်ရမှသာ သူတို့ သုံးယောက်လုံး ဖုန်းဝူချန် ရောက်နေမှန်း သတိထားမိသွားကြလေတော့သည်။

“ဒါက အဓိပ္ပာယ် မရှိတာတွေပဲ”

ကုန်းမိသားစု ခေါင်းဆောင်၏ မျက်နှာ ကြမ်းတမ်းစွာ ရှုံ့မဲ့သွားပြီးနောက် အမျက်တကြီး ဟိန်းဟောက်လိုက်၏။ ထို့နောက် ဖုန်းဝူချန်ထံသို့ အရူးအမူး ပြေးဝင်သွားတော့သည်။ အခြား မိသားစု ခေါင်းဆောင် နှစ်ယောက်ကလည်း အနည်းငယ်မျှ တွေဝေခြင်း မရှိဘဲ ချက်ချင်း လိုက်ပါ လှုပ်ရှားလိုက်ကြ၏။

“ဝုန်း... ဝုန်း... ဝုန်း...”

“ဝီ... ဝီ...”

ထျန်းကျီဘုံ ပညာရှင် (၃) ယောက်က ပူးပေါင်းလိုက်ကြပြီး ဖုန်းဝူချန်နှင့်အတူ ကောင်းကင်နှင့် မြေကြီးကိုပင် တုန်လှုပ်စေမည့် တိုက်ပွဲကြီးကို ဆင်နွှဲကြလေတော့သည်။ သူတို့၏ ပေါက်ကွဲသံများက ရွှမ်မုမြို့ တစ်ခုလုံးတွင် ပဲ့တင်ထပ်သွား၏။

အားလှိုင်းများက တစ်လှိုင်းပြီးတစ်လှိုင်း ရိုက်ခတ်သွားပြီး မြင့်မားသော ကောင်းကင်ယံကြီးကိုပင် ရက်စက်စွာ ဆွဲဖြဲပစ်လိုက်ရာ အနက်ရောင် လေဟာနယ် အက်ကွဲကြောင်းကြီးများ ကျယ်ပြန့်စွာ ထွက်ပေါ်လာလေတော့သည်။

ထျန်းကျီဘုံ အဆင့် (၃) သို့ ရောက်ရှိနေသော ကုန်းမိသားစု ခေါင်းဆောင် ပါဝင်နေသည့်တိုင်အောင် ဖုန်းဝူချန်သည် တစ်ယောက်တည်းဖြင့် သုံးယောက်ကို ရင်ဆိုင်နေရသော်လည်း အနည်းငယ်မျှ အသာစီး အယူမခံရချေ။ ထို့အပြင် သူကပင် တဖြည်းဖြည်း အရေးသာလာ၏။

ကုန်းမိသားစု ခေါင်းဆောင်၏ စွမ်းအားက ဖုန်းဝူချန်ကို လုံးဝ ဖိနှိပ်မထားနိုင်ခဲ့ပေ။

ဖုန်းဝူချန်၏ ပြင်းထန်သော စွမ်းအားက ဒေါသထွက်နေသော ကုန်းမိသားစု ခေါင်းဆောင်နှင့် အခြားသူများ၏ ယုံကြည်မှုကို တဖြည်းဖြည်း တိုက်စားသွားပြီး သူတို့၏ နှလုံးသားများကို အကြောက်တရားများဖြင့် ဖြည့်တင်းပေးလိုက်သည်။

သူတို့သည် အစွမ်းကုန် ကြိုးစားကာ အစွမ်းထက် နက်နဲခြင်းအဆင့်နှင့် မြေကမ္ဘာအဆင့် သိုင်းကွက် အမျိုးမျိုးကို ထုတ်သုံးခဲ့ကြ၏။ သို့သော် အားလုံးမှာ သည်းကြီးမည်းကြီး တိုက်ခိုက်နေသော ဖုန်းဝူချန်၏ ရူးသွပ်ဖွယ်ရာ နည်းစနစ်များအောက်တွင် အစိတ်စိတ်အမွှာမွှာ ရိုက်ချိုးခံလိုက်ရ၏။

အချိန်များ ကုန်ဆုံးလာသည်နှင့်အမျှ မိသားစု ခေါင်းဆောင် သုံးယောက်စလုံး ဒဏ်ရာ အသီးသီး ရရှိလာကြ၏။ သူတို့၏ မျက်နှာများ ဖြူရော်နေပြီး အစစ်အမှန်ယွမ်များလည်း အကြီးအကျယ် ကုန်ခမ်းနေပြီ ဖြစ်၏။ သို့တိုင်အောင် ဖုန်းဝူချန်ကို ဆံပင်တစ်ပင်မျှပင် ထိခိုက်အောင် မလုပ်နိုင်ခဲ့ကြချေ။

ဖုန်းဝူချန်၏ ကြီးမားလှသော စွမ်းအားအောက်တွင် သူတို့မှာ ဘာမှ မတတ်နိုင်သည့် ခံစားချက်မျိုးကို ခံစားနေကြရတော့သည်။

ထျန်းကျီဘုံ အဆင့် (၁) ၏ စွမ်းအားက ဤမျှ ကြောက်စရာကောင်းလိမ့်မည်ဟု သူတို့ လုံးဝ မတွေးထားခဲ့မိချေ။ သူတို့၏ နားလည်ထားမှုများကို လုံးဝ ပြောင်းပြန်လှန်ပစ်လိုက်ခြင်းပင် ဖြစ်၏။

ရွှမ်မုမြို့ တစ်ခုလုံး အသံများ လုံးဝ တိတ်ဆိတ်သွားတော့သည်။ အပ်ကျသံကိုပင် ကြားရလောက်အောင် ငြိမ်သက်နေပြီး အာကာသ၏ တိတ်ဆိတ်သော အမှောင်ထုထဲသို့ ကျဆင်းသွားသည့်အလား ထင်မှတ်ရ၏။

“ထျန်းကျီဘုံ အဆင့် (၁) ကို ရောက်နေတဲ့ သူတစ်ယောက်က ဒီလောက် ကြောက်စရာကောင်းတဲ့ စွမ်းအားတွေ ရှိနေဖို့ဆိုတာ လုံးဝ မဖြစ်နိုင်ဘူး။ လုံးဝကို မဖြစ်နိုင်တာ”

လျိုမိသားစု ခေါင်းဆောင်က ထိတ်လန့်တကြား ခေါင်းကို အပြင်းအထန် ယမ်းရင်း ရေရွတ်လိုက်မိသည်။

ဤတိုက်ပွဲကြီးက သူ၏ ဘဝအတွက် အိပ်မက်ဆိုး တစ်ခုအလား ဖြစ်နေတော့၏။

“ဒီကောင်လေးက သူ့ရဲ့ စွမ်းအားအပြည့်ကို မသုံးသေးတဲ့ပုံပဲ... အရမ်းကို ကြောက်စရာကောင်းလွန်းတယ်။ သူက တကယ်တော့ ဘယ်သူများလဲကွာ”

ဟွမ်မိသားစု ခေါင်းဆောင်ကလည်း တုန်ယင်နေသော အသံဖြင့် ပြောလိုက်၏။

သူတို့သည် မရေမတွက်နိုင်သော တိုက်ပွဲပေါင်း များစွာကို ဆင်နွှဲခဲ့ဖူးသော်လည်း ဖုန်းဝူချန်ကဲ့သို့ ကြောက်စရာကောင်းသော ရန်သူမျိုးနှင့် တစ်ခါမှ မကြုံတွေ့ခဲ့ဖူးချေ။

“မြန်မြန်... ဝူဖုန်း မြို့စားမင်းနဲ့ အင်အားကြီး မိသားစု လေးခုကို သွားအကြောင်းကြားလိုက်တော့”

ကုန်းမိသားစု ခေါင်းဆောင် ကိုယ်တိုင်လည်း စတင် ထိတ်လန့်လာတော့၏။ သူတို့ သုံးယောက် ပေါင်းတိုက်တာတောင်မှ ဖုန်းဝူချန်၏ ပြိုင်ဘက် လုံးဝ မဟုတ်ချေ။

“ကျွန်တော် အခု သွားလိုက်ပါ့မယ်”

သခင်လေးကုန်းက ထိတ်လန့်တကြား အော်ဟစ်လိုက်ပြီး အချိန်ဆွဲမနေရဲတော့ဘဲ ချက်ချင်း ထွက်ပြေးသွားလေတော့သည်။

“မြန်မြန်... ကောင်းကင်ဓားဂိုဏ်းကိုလည်း သွားအကြောင်းကြားလိုက်”

ဆရာကြီးလီကလည်း အထိတ်တလန့် ဝင်ပြောလိုက်၏။

“ကောင်းကင်ဓားဂိုဏ်း ဟုတ်လား”

ဖုန်းဝူချန်က အနည်းငယ် အံ့အားသင့်သွားသော်လည်း နှာခေါင်းရှုံ့

လိုက်သည်။

“ကောင်းကင်ဓားဂိုဏ်းက ခင်ဗျားတို့ကို ကယ်နိုင်မယ်လို့ ထင်နေတာလား။ သူတို့မှာ အဲဒီလောက် သတ္တိရှိမယ်လို့ ကျွန်တော်... မထင်ဘူး”

All Chapters