← Chapters

အံ့ဖွယ်အမှုတံခါး

Vol. 10 Ch. 973

အံ့ဖွယ်အမှုတံခါး

Vol. 10 Ch. 973

တိကျန်ဗောဓိသကျက ဝိညာဉ်မြစ်ရေများကို စုပ်ယူနေခြင်းကို ရပ်နားလိုက်ပြီး အဆုံးမရှိသည့် ကောင်းကင်ထက်သို့ မော့ကြည့်လိုက်သည်။

သူ၏အမြင်အာရုံက အာကာသတစ်ခုလုံးကို ဖြတ်သန်းသွားပြီး အဆက်မပြတ်လှုပ်ရှားနေသည့် နဂါးငွေ့တန်းမြစ်ရေများဆီသို့ ထိုးဖောက်ကြည့်လိုက်သည်။

ထို့နောက်… နဂါးငွေ့တန်းတစ်နေရာမှ ထူးဆန်းသည့်တံခါးတစ်ချပ်ပွင်လာပြီး စကြာဝဠာကြီးတစ်ခုလုံးသည် အဆုံးစွန်ထိ နက်ရှိုှုင်းလျှက် ရှိလေသည်။

ထိုတံခါးသည် အံ့ဖွယ်အမှု၏တံခါးဟု ခေါ်ဆိုသည့် ကျုန်းမြောက်တံခါး ဖြစ်လေသည်။ ထိုတံခါးပွင့်သွားခြင်းသည် တာအိုဆရာ လီချင်းဆွေ ကိုယ်ထင်ပြခြင်းလည်း ဖြစ်၏။

သူမသည် တာအိုနှင့် အလှမ်းမဝေးတော့ပေ။ သုံးခန္ဓာဖြတ်တောက်ကျင့်စဉ်အောင်မြင်ပြီးနောက် သူမနှင့် စကြာဝဠာကြီး၏ ဆက်နွယ်မှုက စည်းချက်ညီလျှက်ရှိလေသည်။

သူမက လက်ဖဝါးတစ်ဖက်ကို အသာပင့်မြှောက်လိုက်ပြီး ခြေထောက်တစ်ဖက်ကိုလည်း အသာပင့်မြှောက်ကာ တင်ပျဉ်ခွေထိုင်သည့် ကိုယ်ဟန်အနေအထား ပြုလုပ်လိုက်သည်။

သူမပြုလုပ်လိုက်သည့် ကိုယ်ဟန်အနေအထားသည် မိုးနှင့်မြေ၏ လျှို့ဝှက်လမ်းစဉ် တစ်ခု ဖြစ်လေသည်။

တာအိုဆရာလီချင်းဆွေဆိုသည်က အတိတ်အချိန်များစွာကပင် လောကတွင် အမြင့်မားဆုံးရပ်တည်နိုင်ခဲ့သည့် နတ်ဘုရားတစ်ပါး ဖြစ်ပြီး ကြောက်မက်ဖွယ်ရာကောင်းလွန်းလှသူတစ်ယောက်လည်း ဖြစ်သည်။

ယခုတော့ သူမက မြင့်မားသည့် အဆင့်တစ်ခုသို့ ထပ်မံတက်လှမ်းသွားနိုင်ခဲ့ပြီး  ဖြစ်လေသည်။

အံ့ဖွယ်အမှုတံခါး ဖွင့်လှစ်လိုက်ခြင်းက လီချင်းဆွေ၏ တာအိုသဘာဝလမ်းစဉ်နှင့် အောင်မြင်မှုကို သရုပ်ပြထားခြင်းသာ ဖြစ်လေသည်။

လူ့လောကလမ်းစဉ်၏ ဆန္ဒသဘောထားသည် မိုးကောင်းကင်၏ ဆန္ဒသဘောထားသာဖြစ်ပြီး မိုးကောင်းကင်၏ ဆန္ဒသဘောထားသည်လည်း လူ့လောကလမ်းစဉ်၏ ဆန္ဒသဘောထားပင် ဖြစ်သည်။

လူတစ်ယောက်၏ အမြင်ဖြင့်ကြည့်မည်ဆိုလျှင် အတ္တကင်းစင်သွားပြီး အရာရာကို တပြေးညီ သိမြင်နားလည်သွားခြင်းကို ဆိုလိုသည်။ သို့သော်… တကယ်တမ်း လီချင်းဆွေရရှိသွားသည့် အောင်မြင်မှုက ထို့ထက်ပိုလေ၏။

အံ့ဖွယ်အမှုတံခါးဖွင့်လှစ်လိုက်ခြင်း၏ အဓိပ္ပါယ်မှာ အကန့်အသတ်မဲ့ စကြာဝဠာအတွင်းမှ လူသားသက်ရှိတစ်ဦးချင်းစီ၏ တည်ရှိမှုကို အကန့်အသတ်များဖြင့် ခွဲခြားပိုင်းဖြတ်ထားခြင်း မရှိတော့ဘဲ အရာအားလုံးကို တန်းတူညီမျှ ထားရှိခြင်းကို ဆိုလိုသည်။

လူသားများသည် လောက၏တရားနည်းလမ်းအတိုင်း လိုက်ကြရမည်ဖြစ်ပြီး လူ့လောကလမ်းစဉ်ကတော့ မိုးကောင်းကင်လမ်းစဉ်အတိုင်းလိုက်နာရမည် ဖြစ်သည်။  မိုးကောင်းကင်လမ်းစဉ်က တာအိုတရားအတိုင်း လိုက်နာရမည်ဖြစ်ပြီး တာအိုတရားကတော့ သဘာဝတရားအတိုင်း လိုက်ရမည် ဖြစ်သည်။

အရင်အချိန်များတုန်းက ဆန်းလျန်သည်လည်း ရွှမ်မင်တံခါးကို ဖွင့်လှစ်ခဲ့ဖူးသည်။

သို့သော်… ရွှမ်မင်တံခါးက အံ့ဖွယ်အမှုတံခါးနှင့် တူညီခြင်း မရှိပေ။

ရွှမ်မင်တံခါး၏ မူလအဓိပ္ပါယ်က သိမ်မွေ့သည့် ကျင့်စဉ်တန်ခိုးစွမ်းအားနှင့် မှော်ပညာကို ဆိုလိုခြင်း ဖြစ်သည်။ ရွှမ်မင်တံခါးထဲတွင် မမြင်ရသည့်အရာအားလုံးက သိမ်မွေ့စွာ ပြောင်းလဲနေကြလေသည်။

မြင့်မားနက်ရှိုင်းပြီး ရောက်ရှိရန် ခက်ခဲသော ၊ မမြင်တွေ့နိုင်သည့် ထူးခြားဆန်းပြားမှုအားလုံး၏ "မူလ" ကို ထုတ်ဖော်ပေးသည့် သဘာဝတရားကို "တာအို" ဟု ခေါ်ခြင်း ဖြစ်သည်။

လောကတွင် ဖြစ်ပေါ်နေသည့် ပြောင်းလဲနေမှုများအားလုံး၏ အခြေခံသည်လည်း "တာအို" ပင် ဖြစ်သည်။

"တာအို" ဆိုသည်က ဆန်းလျန် လျှောက်လှမ်းမည့် ကိုင်ပိုင်တာအိုလမ်းစဉ်နှင့် အတူတူပင် ဖြစ်သည်။

ထို့ကြောင့် ဆန်းလျန် ရွှမ်မင်တံခါးကို ဖွင့်ခဲ့စဉ်က သူ၏ အဆုံးစွန်သော ရည်မှန်းချက်တစ်ခုကို ရရှိအောင်မြင်ခဲ့ဖူးသည်။

"တစ်ခု" သည် အရာအားလုံးဖြစ်လေသည်။ အရာအားလုံးသည်လည်း တစ်ခုတည်းပင် ဖြစ်၏။ဤသည်မှာ တာအိုဆရာသခင်ကြီးများ တည်ရှိခြင်း၏ ပုံရိပ်ပင် ဖြစ်လေသည်။

ယနေ့ လီချင်းဆွေနှင့် ဆန်းလျန်တို့ ရရှိခဲ့ကြသည့် အောင်မြင်မှုများက ကျင့်ကြံသူများကြားတွင် အလွန် ရှားရှားပါးပါးဖြစ်သော အောင်မြင်မှုများ ဖြစ်ကြလေသည်။

တာအိုကျမ်းစာထဲတွင် ရေးသားဖော်ပြထားသည့် အကြောင်းအရာများသည် အမှန်တကယ်ဖြစ်ကြောင်းကို သူတို့က ကိုင်တိုင်ကျင့်ကြံခြင်းဖြင့် သက်သေပြခဲ့ကြသူများ ဖြစ်ကြသည်။

ထို့ကြောင့် တာအိုတရားရှုထောင့်မှကြည့်မည်ဆိုလျှင် သူတို့ (၂)ယောက်၏ အောင်မြင်မှုသည် ခွဲခြားမရနိုင်ပေ။

သို့သော်… လောကပထမ တန်ခိုးစွမ်းအားအမြင့်မားဆုံးသူကတော့ ယခုအချိန်ထိ ဆန်းလျန်သာ ဖြစ်နေဆဲ ဖြစ်ပြီး လုံး၀ မပြောင်းလဲသည့် ကိစ္စသာ ဖြစ်သည်။

အကြောင်းမှာ… ဆန်းလျန်သည် လောကတစ်ခုလုံးရှိ နတ်ဘုရားများအားလုံး၏ ထိပ်ဆုံအးဆင့် ဖြစ်သည်သာမက အောင်မြင်မှုအားလုံးကိုလည်း ရရှိထားသူဖြစ်သည်။

သို့ရာတွင်… ယခုတော့ တာအိုဆရာလီချင်းဆွေသည် ဆန်းလျန်နှင့် ယှဉ်ပြိုင်နိုင်မည့်သူတစ်ယောက် ဖြစ်လာခဲ့ပြီ ဖြစ်သည်။

လောကတွင် ဆန်းလျန်နှင့်တစ်ယောက်ချင်း လက်ရည်ယှဉ်နိုင်သူဆို၍ တာအိုဆရာလီချင်းဆွေတစ်ယောက်သာ ရှိပေလိမ့်မည်။

လီချင်းဆွေ၏ နောက်တွင်တော့ တိကျန်ဗောဓိသကျနှင့် ရွှမ်တုတောက်ကျွင်းတို့က ကပ်လိုက်လျှက်ရှိသည်။ သို့သော်… သူတို့ (၂)ယောက် အနည်းငယ် နောက်ကျကျန်ရစ်ခဲ့ကြပြီ ဖြစ်သည်။

ရဲ့လျိုယွင်နှင့် ခုံရွှမ်းတို့က တိကျန်ဗောဓိသကျနှင့် ရွှမ်တုတောက်ကျွင်းတို့နောက်မှ ကပ်လိုက်လျှက် ရှိ၏။

အမှန်တော့ မည်သူတွေ မည်မျှတော်ပါစေ ဆန်းလျန်က ရှည်လျားသည့် မျိုးနွယ်ကြီးတစ်ခု၏ ခေါင်းဆောင်ဖြစ်လေသည်။ မည်သူမဆို ဆန်းလျန်၏ လမ်းစဉ်နောက်သို့ လိုက်လျှောက်ခွင့်ရှိကြသည်။

လက်ရှိအချိန်တွင် တာအိုဆရာလီချင်းဆွေက သုံးခန္ဓာဖြတ်တောက်ကျင့်စဉ်ကို အောင်မြင်သွားပြီ ဖြစ်သောကြောင့် ဆန်းလျန်က လောကပထမဆိုလျှင် လီချင်းဆွေက ဆန်းလျန်နောက်တွင် ကပ်လိုက်လျှက် ရှိလေသည်။

သို့သော်… ဆန်းလျန်ကဲ့သို့လူမျိုးကတော့ လောကတွင် တစ်ယောက်တည်းသာ ရှိလေ၏။

မမေ့ရမည့်အချက်မှာ ဤလောကတွင် အလွန်ထူးခြားဆန်းကျယ်သည့် ကျွမ်ကျိုးရှိနေသေးသည်ဆိုသည့် အချက်ပင် ဖြစ်သည်။ ကျွမ်ကျိုး၏ အဆင့်က လီချင်းဆွေနှင့် တန်းတူ ဖြစ်နိုင်ချေရှိ၏။

သို့သော်… တိကျန်ဗောဓိသကျကတော့ ကျွမ်ကျိုးက ဆန်းလျန်ကို အနိုင်ယူနိုင်မည်မဟုတ်ဟု ယူဆသည်။ ကျွမ်ကျိုးက ထူးခြားဆန်းကျယ်သည့် အလွှာပါးကို ချိုးဖျက်ပြီး ဆန်းလျန်ကိုရင်ဆိုင်ရန် လောကသို့ အကြောက်အလန့်မရှိ ဆင်းသက်လာမည် မဟုတ်သေးပေ။

လက်ရှိအချိန်တွင်တော့ တာအိုဆရာလီချင်းဆွေ တရားအလင်းရသွားခြင်းက လောကတစ်ခုလုံးတွင် လှုပ်လှုပ်ရှားရှားဖြင့် ကျော်ကြားသွားပြီ ဖြစ်သည်။

လောကရှိလူသားတိုင်းသည် လောကပထမ ကျင့်ကြံသူတစ်ယောက်ဖြစ်လာရန် အခွင့်အရေးရှိကြလေသည်။ သို့သော်… မရေမတွက်နိုင်သည့် လူအများကြားတွင် အချို့လူများကတော့ ပိုမိုကောင်းမွန်သည့် အခွင့်အရေးများကို ပိုင်ဆိုင်ထားကြသည်ကတော့ ငြင်းစရာမရှိပေ။

ထိုသို့သော ကွာခြားမှုက မရှောင်ရှားနိုင်သည့် ကွာခြားမှုဖြစ်သည်။

လူတိုင်းက တန်းတူညီမျှဖြစ်ပြီး မြင့်သူမရှိ ၊ နိမ့်သူမရှိ လောကတစ်ခုလုံး ပြီးပြည့်စုံသည့်အခြေအနေသည် စကြာဝဠာကြီး အကြွင်းမဲ့ပျက်စီးသွားသည့် အချိန်ကာလတွင်သာ ဖြစ်ပေလိမ့်မည်။

ရှေ့လျှောက်ရမည့်လမ်းက ခက်ခဲလွန်းသည်ဟု ဆိုရလျှင် နောက်ဆုံးထွက်သက်တစ်ချက်ကို ဆုပ်ကိုင်ထားရခြင်းကလည်း ခက်ခဲသည်။

ဝိညာဉ်မြစ်ရေများကို အချိန်ကြာမြင့်စွာ စုပ်ယူနေသည့် ဝန်ထုပ်ဝန်ပိုးကို ထမ်းရွက်ထားရသည့် တိကျန်ဗောဓိသကျ ၊ မည်သည့်အရာကိုမှ မတုန်မလှုပ် ရင်ဆိုင်လေ့ရှိသည့် တိကျန်ဗောဓိသကျ ၏မျက်ခုံးများက အနည်းငယ် တွန့်ချိုးသွားပြီး နဖူးကြောများလည်း ရှုံ့လျှက် ရှိလေသည်။

ရဲ့လျိုယွင်ကတော့ လုံး၀ တည်ငြိမ်အေးဆေးလျှက်ရှိသည်။ သူ၏ မျက်ခုံးများက အနည်းငယ် တွန့်ချိုးနေပြီး နှုတ်ခမ်းထက်တွင်တော့ အပြုံးတစ်စကို တွေ့မြင်ရမည် ဖြစ်သည်။

တုန်းဟွာတောက်ကျွင်းနှင့် နတ်မိစ္ဆာအဓိပတိကြီး သူ့ကို ဝိုင်းဝန်းတိုက်ခိုက်စဉ်က သူလွတ်အောင် ရုန်းထွက်လာနိုင်ခဲ့လေသည်။ ထိုသို့ ရုန်းထွက်လာနိုင်ခဲ့သည့်အတွက် သူ ကျင့်စဉ်လမ်း အဆင့်တက်သွားခဲ့သည်။

ယခု တုန်းဟွာတောက်ကျွင်းနှင့် အခြားနတ်ဘုရားများ ဆန်းလျန်ကို ဝိုင်းဝန်းတိုက်ခိုက်ပြီး ရှုံးနိမ့်သွားခဲ့ခြင်းက ရဲ့လျိုယွင်အတွက်လည်း အမြတ်ထွက်လေ၏။

တုန်းဟွာတောက်ကျွင်း သေဆုံးသွားပြီဖြစ်သည့်အတွက် ရဲ့လျိုယွင်အနေဖြင့် ပြတင်းတံခါးမှ စက္ကူစလေးကို ထိုးဖောက်ပြီး အခြားဘက်သို့ ကြည့်မြင်နိုင်သည့်အလား ရှေ့လျှောက်ရမည့်လမ်းလည်း ပွင့်လင်းသွားခဲ့ပြီ ဖြစ်သည်။

အခြားသူများနှင့်ယှဉ်လျှင် ရဲ့လျိုယွင် အနည်းငယ်နောက်ကျနေသေးသည့်တိုင် အမီတော့လိုက်နိုင်ခဲ့ပြီဟု ဆိုနိုင်သည်။

သို့သော်… အမီမလိုက်နိုင်ခဲ့လျှင်လည်း သူက အရေးစိုက်မည့်သူ မဟုတ်ပေ။

သေခြင်းရှင်ခြင်းတရားများကိုသယ်ဆောင်ပြီး ဝိညာဉ်မြစ်က စီးဆင်းနေဆဲ ဖြစ်လေသည်။

လောကရှိ လူအများစုနှင့် နတ်ဘုရားများ ၊ ကျင့်ကြံသူများအားလုံး အဆုံးမရှိသည့်ကောင်းကင်ကြီးဆီသို့ အာရုံစူးစိုက်လျှက် ရှိကြသည်။

နဂါးငွေ့တန်းနက်ရှိုင်းသည့်နေရာမှ ပွင့်ဟနေသည့် အံ့ဖွယ်အမှုတံခါးမှ အဆုံးမရှိသည့် တန်ခိုးစွမ်းအားများ ထွက်ပေါ်ကျဆင်းလျှက် ရှိလေသည်။

မရေမတွက်နိုင်သည့်သတ္တဝါများသည် ထိုမြင်ကွင်းကိုကြည့်ပြီး များစွာ အကျိုးအမြတ်ရခဲ့ကြသည်။

ဤသည်မှာ တာအိုဆရာလီချင်းဆွေ တာအိုနှင့် တသားတည်းကျသွားသည့် နိမိတ်လက္ခဏာပင် ဖြစ်လေသည်။ တာအိုက လောကကြီးရှိရာသို့ စီးဆင်းလာပြီး နေနှင့်လတို့အလားတောက်ပလျှက်ရှိလေသည်။

သက်ရှိသတ္တဝါများအားလုံးသည် အသက်ဓာတ်စွမ်းအားများဖြင့် ပြည့်ဝပြီး တောက်ပလျှက်ရှိသည်။

နောက်ဆုံးတော့ အံ့ဖွယ်အမှုတံခါးက ပြန်ပိတ်သွားပြီး နိမိတ်ပုံများအားလုံးသည်လည်း ပျောက်ကွယ်သွားလေသည်။ ထို့နောက် လောကကြီးက ပုံမှန်အတိုင်း ပြန်လည် လည်ပတ်လျှက် ရှိလေ၏။

ကောင်းကင်ကြီးတစ်ခုလုံးက လျှော်ဖွတ်လိုက်သည့်အလား အလွန်အမင်းကြည်လင်တောက်ပလျှက် ရှိသည်။

အမြင်စူးရှပြီး တန်ခိုးစွမ်းအားနက်ရှိုင်းသည့် တာအိုကျင့်ကြံသူများဆိုလျှင် ကောင်းကင်တစ်နေရာတွင် နဂါးငွေ့တန်း စီးဆင်းနေသည်ကိုပင် တွေ့မြင်ရမည် ဖြစ်သည်။

လောကကြီးက အလွန်ပင် ထူးခြားဆန်းကျယ်သွားလေသည်။

လောကရှိ လူသားများအားလုံး၏ နှလုံးသားများထဲတွင်လည်း မသိမသာလေး ပြောင်းလဲမှုလေးများက ထူးထူးဆန်းဆန်း ဖြစ်ပေါ်လာလျှက် ရှိသည်။ ထိုပြောင်းလဲမှုက အလွန်သိမ်မွေ့ပြီး နားလည်ရန်ခက်ခဲသော်လည်း မရပ်မနားပြောင်းလဲလျှက် ရှိလေသည်။

………….

ချင်းဆွေထျန်းကောင်းကင်ဘုံရှိ အဆောက်အဦတစ်ခုထဲတွင် ဆန်းချင်းချင်း ရှိနေလေသည်။

ထိုအချိန် မွေ့ယာသဖွယ် နူးညံ့လှသည့် တိမ်တိုက်တစ်ခု ဆန်းချင်းချင်းရှိရာသို့ လွင့်မျောလာလေ၏။ တိမ်တိုက်ထက်တွင် တာအိုဆရာလီချင်းဆွေ ထိုက်လျှက်သား လိုက်ပါလာလေသည်။

သူမက ယခင်ကထက်ပင် ချောမောလှပနေပြီး နူးညံ့သိမ်မွေ့သည့်အရိပ်အယောင်များလည်း ပေါ်လွင်လျှက်ရှိသည်။

သူမ တိမ်တိုက်ထက်မှ ဆင်းသက်လိုက်သည့်အချိန်တွင်တော့ တိမ်တိုက်က ပျောက်ကွယ်သွားလေသည်။

သူမ၏ ပခုံးနှစ်ဖက်ထက်မှ အပြာရောင်ပိုးချည်မျှင်များအလား တန်ခိုးစွမ်းအားများက ရေတံခွန်အလား စီးဆင်းနေလျှက် ရှိသည်။

ဆန်းချင်းချင်းက ရယ်မောလိုက်ရင်း…

"မမ…  မမက အရင်ကထက်တောင် ပိုလှလာပါလား…"

ထို့နောက် သူမက ရှေ့သို့အသာတိုးလိုက်ပြီး လီချင်းဆွေ၏ လက်မောင်းများကို ဆုပ်ကိုင်ပြီးတွဲခိုထားလိုက်သည်။

ထိုအခါ လီချင်းဆွေ၏ ပခုံးထက်မှ စီးဆင်းကျနေသည့် တန်ခိုးစွမ်းအားများက သိမ်မွေ့စွာပင် ဆန်းချင်းချင်းရှိရာသို့ ကျဆင်းသွားပြီး ဆန်းချင်းချင်း၏ ခန္ဓာကိုယ်ထဲသို့ စီးဆင်းဝင်ရောက်သွားလေသည်။

သူမသည် ဝိညာဉ်စွမ်းအားသစ်သီးကို စားလိုက်ရသည့်အလား တန်ခိုးစွမ်းအားများ ချက်ချင်းပင် သန့်စင်သွားသည်ဟု ခံစားလိုက်ရသည်။

ဆန်းချင်းချင်း စိတ်ထဲတွင် ကြိတ်ပြီး အံ့သြသွားလေသည်။

ယခုနှစ်များအတွင်း ဆန်းချင်းချင်း၏ ကျင့်ကြံခြင်းအဆင့်က များစွာ တိုးတက်လာခဲ့သည်။

တာအိုဆရာလီချင်းဆွေက ဝိညာဉ်ပစ္စည်းများစွာအသုံးပြုပြီး သူမ၏ တန်ခိုးစွမ်းအားများ တိုးတက်လာစေရန် သေသေချာချာ သင်ပြပေးခဲ့လေသည်။

ယခုဆိုလျှင် ဆန်းချင်းချင်းသည် မိုးကောင်းကင်နတ်ဘုရားများကြားတွင်ပင် ထိပ်တန်းအဆင့်သို့ ရောက်ရှိနေပြီ ဖြစ်လေ၏။

ထို့ကြောင့်… သူမလျှောက်လှမ်းခဲ့သည့် ကျင့်စဉ်လမ်းနှင့်ပတ်သက်ပြီး သူမ အလွန်ပင် ဂုဏ်ယူမိသည်။

သို့သော်… ယခုကဲ့သို့ သန့်စင်သည့် တန်ခိုးစွမ်းအားကို ရရှိရန်မှာတော့ မလွယ်ကူလှပေ။ သူမနှင့် ညီအစ်မလိုခင်မင်သည့် တာအိုဆရာလီချင်းဆွေသည် ထိုမျှတော်လိမ့်မည်ဟု သူမ ထင်မထားခဲ့မိပေ။

ဤသည်မှာ လီချင်းဆွေ နှစ်ပေါင်းများစွာ မနားမနေ ကျင့်ကြံခဲ့သည့် အကျိုးရလဒ်ဟုပင် ဆိုရမည် ဖြစ်သည်။

ဆန်းချင်းချင်းက သူမနှင့် ရင်းရင်းနှီးနှီးနေသည်ကို လီချင်းဆွေက မငြင်းပယ်ခဲ့သလို သဘောကျဟန်လည်း မပြခဲ့ပေ။

ထို့နောက် လီချင်းဆွေက အေးစက်သည့်မျက်နှာထားဖြင့် ဆန်းချင်းချင်းကို ကြည့်လိုက်ပြီး…

"ချင်းချင်း… မင်း ချင်းရှတောင်ကို သွားရမယ် ၊ ပြီးတော့ ဆန်းလျန်ကို ဟွင့်ယွမ်တာအိုသစ်သီးအကြောင်းသိရအောင် ချင်းဆွေထျန်းကောင်းကင်ဘုံကို လာခဲ့ဖို့ ဖိတ်ကြားလိုက်…"

ဆန်းချင်းချင်းမှာလည်း ချင်းဆွေထျန်းကောင်းကင်ဘုံတွင် နေရသည်မှာ ပျင်းရိငြီးငွေ့နေလေရာ ပြင်ပလောကတွင် ဆန်းလျန်နှင့် သွားတွေ့ရမည်ကို ငြင်းစရာအကြောင်းမရှိပေ။

ဆန်းချင်းချင်းက ရယ်မောလိုက်ပြီး…

"ကျွန်မ အခုပဲ သွားလိုက်ပါ့မယ်…"

လီချင်းဆွေက…

"လောစရာမလိုဘူး ၊ အေးအေးဆေးဆေးသွားလို့ရတယ် ၊ ဒီတစ်ခေါက် မင်းကို လူ့လောကမှာ လဝက်လောက် နေခွင့်ပေးမယ်…"

ထိုစကားကြောင့် ဆန်းချင်းချင်းမှာ လီချင်းဆွေကို ဖက်နမ်းချင်စိတ်ပင် ပေါက်သွားလေသည်။ သို့သော်… တကယ်တမ်း သူမ မလုပ်ရဲပေ။

သူမက ဝမ်းသာအားရလေသံဖြင့်…

"ဟုတ်ကဲ့…"

ဟုသာ ပြောလိုက်လေသည်။

လီချင်းဆွေက…

"ဒါနဲ့ ငါ တံခါးပိတ်မကျင့်ကြံခင်က မင်းကို ကျမ်းစာတွေထားတဲ့အဆောင်ကိုသွားပြီး တာအိုဆရာသခင်ထိုက်ယီရဲ့ ထိုက်ယီမရဏဓား (၇)လက်ကို လေ့ကျင့်ခိုင်းထားတာ ၊ မင်း လေ့ရောလေ့ကျင့်ရဲ့လား…"

ဆန်းချင်းချင်းက …

"အဲဒီကျမ်းစာကိုတော့ သွားပြီးရှာခဲ့ပါတယ် ၊ ဒါပေမဲ့ ကျမ်းစာက အရမ်းခက်လွန်းလို့ ဘာတွေရေးထားမှန်းတောင် နားမလည်ဘူး…"

ဆန်းချင်းချင်း၏ စကားကြောင့် လီချင်းဆွေက ဒေါသထွက်သွားခဲ့ခြင်း မရှိပေ။

လီချင်းဆွေက…

"မင်း ဒီဓားသိုင်းကို သင်မှဖြစ်မယ် ၊ ဒါမှ မင်းဘေးအန္တရယ်ကပ်ဆိုးကြီးကို ရင်ဆိုင်နိုင်မှာ ၊ ဒါပေမဲ့ အရမ်းတော့ အလျှင်လိုစရာ မလိုပါဘူး ၊ လူ့လောကကို ရောက်ရင် ကျိုးယီတောင်ကို အရင်ရှာပါ ၊ အဲဒီတောင်မှာ ထာဝရဓား ထွက်ပေါ်လာလိမ့်မယ် ၊ အဲဒါကို သွားယူပြီးမှ ထိုက်ယီမရဏဓား (၇)လက်ကို လေ့ကျင့်ပေါ့ ၊ ဒါဆိုရင် မင်းတစ်ဝက်လောက်ကြိုးစားလိုက်ဦးတော့ နှစ်ဆလောက် သိမြင်နားလည်သွားလိမ့်မယ်…"

လီချင်းဆွေ ဒေါသမထွက်သည်ကို သိလိုက်ရမှ ဆန်းချင်းချင်း စိတ်သက်သာရာရသွားလေသည်။

သူမ ထာဝရဓားအကြောင်းကို ကြားဖူးသည်။ သို့သော်… သိပ်ပြီး အရေးမစိုက်ခဲ့ပေ။

တာအိုဆရာလီချင်းဆွေကိုယ်တိုင် သူမကို သင်ပြပေးနေသည့်တိုင် သူမ ကျင့်ကြံရသည်ကို သိပ်ပြီး တက်တက်ကြွကြွရှိမနေခဲ့ပေ။

သို့သော်… လီချင်းဆွေ၏ ညွှန်ကြားမှုများကိုလည်း သူမ မလုပ်ဘဲလည်း မနေရဲပေ။

လီချင်းဆွေက ဆန်းချင်းချင်းကို တစ်ခါမှ အပြစ်မပေးတတ်ပေ။ သို့သော်… သူမကိုယ်တိုင်က အလိုလိုနေရင်း လီချင်းဆွေကို ကြောက်ရွံ့နေမိခြင်း ဖြစ်လေသည်။

***

All Chapters