အခန်း (၉၉၁-၉၉၃)
Vol. 67 Ch. 991-993
အခန်း (၉၉၁) ဗုဒ္ဓကံရေစက်ပါလာသူ
တွေးလေလေး မေ့ပျောက်ဆေးသည် တန်းဖိုးဖြတ်မရကြောင်း သိလာလေဖြစ်သည်။ အာရုံစူးစိုက်နိုင်စွမ်း ကောင်းစေသည်။ ကိစ္စများ ဖြေရှင်းနိုင်စွမ်း တိုးတက်စေသည်။ စိတ်ပိုင်းဆိုင်ရာ နာမကျန်းမှုများကိုပင် ကုသနိုင်သည်။
ထို့ပြင် ကျင့်ကြံသူတစ်ယောက် သောက်သုံးလျှင် ချက်ချင်းသမာဓိထူထောင်နိုင်လာမည်။
"ဒါနဲ့ကိုယ်တော်၊ နှလုံးမဲ့ဂိုဏ်းက ဘာလို့ဒီဆေးကိုတီထွင်သလဲဆိုတာ သိလား"
"ကျုပ်တို့ဗုဒ္ဓနိုင်ငံက နှလုံးမဲ့ဂိုဏ်းအကြီးအကဲတွေက ဒကာလုရဲ့ အကိုနှစ်နဲ့ အမှတ်မထင်တွေ့ခဲ့ကြလို့ ဖြစ်မယ်ထင်တယ်။ သူတို့ကျင့်ကြံမှုတွေ နှောက်ယှက်ခံရတော့ ဒကာလုရဲ့အကိုနှစ်ကို အရမ်းဒေါသထွက်ကြတယ်။
ဒါကြောင့် သူတို့စိတ်ကို တည်ငြိမ်အောင်ထိန်းဖို့ မေ့ပျောက်ဆေးကို လိုအပ်နေတာဖြစ်မယ်"
"ဒီအတွက်ကြောင့်နဲ့ အဖိုးတန်ရတနာတွေ အလဟဿဖြုန်းတီးကြတာလား"
လုယန် ခေါင်းခါသည်။ နှလုံးမဲ့ဂိုဏ်းအကြီးအကဲများသည် စိတ်ဓာတ်မခိုင်မာကြ။ ပထမ သူ့ဆရာဝစီပိတ်ကြောင့် စိတ်တည်ငြိမ်မှုပျက်သည်။ ယခု သူ့အကိုနှစ်ကြောင့် စိတ်တည်ငြိမ်မှုပျက်ကြပြန်သည်။
သူတို့စိတ်ကို ဘယ်သူမဆို နှောက်ယှက်ဖျက်ဆီးနိုင်သလိုဖြစ်နေသည်။
"မျက်စိသုံးလုံးသရဲကိုယ်တော်က မေ့ပျောက်ဆေးဖော်တဲ့နည်းကိုသိလား"
ကိုယ်တော်တွမ်ချန်း ခေါင်းခါသည်။
"မသိဘူး။ သူ့တို့မှတ်ဉာဏ်အရ ဒီဆေးဖော်နည်းဟာ နှလုံးမဲ့ဂိုဏ်းရဲ့ လျှို့ဝှက်ချက်ပဲ။ သူတို့ကိုတာဝန်ပေးတဲ့ အကြီးအကဲတောင် သိမယ်မထင်ဘူး"
လုယန် သက်ပြင်းချသည်။ အတော်ဆိုးသည်။ မေ့ပျောက်ဆေးဖော်နည်းကို အရယူပြီးအဆင့်မြှင့်ပေးချင်သည်။ နှလုံးမဲ့ဂိုဏ်းအတွက် ဝင်ငွေ့လမ်းကြောင်းဖန်တီးပေးချင်သည်။ သို့သော် သူ့ကို အခွင့်အရေးမပေးကြ။ ကောင်းကင်ရုံးတော်သခင်လေးကို မျက်နှာသာမပေးကြ။
"ဆေးဖော်နည်းမသိပေမယ့် ဒီဆေးဖော်ဖို့အတွက် လိုအပ်တဲ့ဆေးပစ္စည်းတွေတော့ ငါသိပါတယ်"
လုယန် အတော်အံ့အားသင့်သွားသည်။
"နတ်မယ်၊ ခင်ဗျားက ဒီပညာမျိုးလည်း တတ်တယ်ပေါ့"
နတ်မယ်လက်ပိုက်၍ ဝင့်ကြွားနေသည့်ပုံရိပ်က လုယန်၏ အံ့ဩနေသည့်မျက်လုံးထဲတွင် အရိပ်ထင်နေသည်။ ကောင်းကင်ကို ခေါင်းတစ်ဘက်စောင်း၍ မော့ကြည့်နေသည်။
"ဒါပေါ့၊ ပြိုင်ဘက်ကင်းလက်သီးပညာဖန်တီးဖို့ ဆေးပစ္စည်းတွေရဲ့ အာနိသင်တွေနဲ့ပတ်သက်ပြီး ငါအများကြီးလေ့လာထားတယ်လေ"
နတ်မယ်၏လက်သီးပညာသည် ကျန်းမာရေးလက်သီးပညာမှ ဆင်းသက်လာခြင်းဖြစ်သည်။ ထိုလက်သီးပညာထဲတွင် အရဟတ်တာအိုလက်သီး(ဘုန်းကြီးသစ်သီးလက်သီး)၊ မြက်တစ်ရာခြောက်သွေ့ခြင်းလက်သီး...စသည့်ပညာရပ်များ ပါဝင်သည်။
ဆေးပင်ဆေးမြစ်တို့၏ အာနိသင်ကို လေ့လာမထားလျှင် ထိုလက်သီးပညာကို တီထွင်နိုင်ခဲ့မည်မဟုတ်။
"အင်း..စဉ်းစားကြည့်ဦးမယ်။ ဒီမေ့ပျောက်ခြင်းဆေးလုံးမှာ ပါတာက ဝိညာဉ်သုံးပါးပန်းပွင့်ရယ်၊ ဗောဓိပင်ရွက်ရယ်...."
နတ်မယ် ဆေးပင်ဆေးမြစ်ပေါင်း တစ်ရာကျော် ဆက်ဆိုက်ရွတ်ပြသည်။ အာနိသင်များကို အတိအကျပြောသည်။
"ဆေးဖော်နည်းကိုတော့ ငါမခန့်မှန်းတတ်ဘူး"
နတ်မယ်က ပြောသည်။ ဆေးသန့်စင်သည့်ပညာကို သူမကျွမ်းကျင်။ ထိုနယ်ပယ်ကို သိပ်မလေ့လာဖြစ်ခဲ့။
"ဒါပေမယ့် ဆေးဖော်တယ်ဆိုတာက ဟင်းချက်တာနဲ့ သဘောတရားချင်းအတူတူပါပဲ။ ဆေးမြစ်တွေ ကျောက်တုံးတွေဘာတွေ အိုးတစ်လုံးထဲပစ်ထည့်ပြီး မီးပြင်းပြင်းနဲ့ချက်တာပဲ။
မေ့ပျောက်ဆေးရဲ့ ပါဝင်ပစ္စည်းတွေကိုလေ့လာပြီး ဟင်းတစ်ခွက်ဖြစ်အောင် မွှေကြော်လိုက်ရင် အာနိသင်ကက ဆေးလုံးနဲ့ အတူတူပဲဖြစ်မှာပါ။ အဲ...မဟုတ်သေးဘူး၊ ငါ့ဟင်းက ဆေးထက်တောင် အာနိသင်ပိုကောင်းဦးမှာ။
မေ့ပျောက်ဆေးဖော်စပ်နည်းကို မသိပေမယ့် 'မေ့လျော့ဟင်း'တော့ ငါချက်တတ်ပါတယ်။ ယင်ထန့်တို့က ဒီလိုဟင်းမျိုး တစ်ပန်းကန်စားပြီးတော့ အိပ်ပျော်သွားတယ်။ နိုးလာတော့ သူတို့ဘာစားခဲ့လဲဆိုတာ မေ့သွေားကြတယ်။
ဒီတော့ သူတို့အတွက် နောက်တစ်ပွဲထပ်ပြင်ပေးရတယ်။ သူတို့မှတ်ဉာဏ်အတော်ဆိုးတဲ့အချိန်ဆို ပွဲပေါင်းတစ်ဒါဇင်ကျော်လောက် စားနိုင်ကြတယ်။
မေ့ပျောက်တာနဲ့ သတိမေ့တာတာက တစ်ခုနဲ့တစ်ခု ဆက်စပ်နေလောက်တယ်။ ငါ့စွမ်းရည်နဲ့ပေါင်းစပ်ပြီး နှိုင်းယှဉ်လေ့လာကြည့်ရင် မြန်မြန်အဖြေထုတ်နိုင်လောက်ပါတယ်"
"နေပါစေတော့နတ်မယ်၊ ဒီလောက်ဆိုရင်ပဲ ရပါပြီ"
လုယန် ထိတ်လန့်သွားပြီး နတ်မယ်စိတ်ကူးကို အမြန်တားလိုက်ရသည်။ ယခုလောက်ကူညီလျှင် လုံလောက်သည်။ ထိုထက်ပိုလျှင် အန္တရာယ်ဖြစ်လာလိမ့်မည်။
သူ့အကိုနှစ်ကြောင့် ဒေါသထွက်ခဲ့သည့် နှလုံးမဲ့ဂိုဏ်းအကြီးအကဲကိုဖမ်းမိမှ 'မေ့လျော့ဟင်း'ကျွေးလည်း နောက်မကျ။ သေဒဏ်ကျအကျဉ်းသားကို နောက်ဆုံးတစ်နပ် ကောင်းကောင်းကျွေးလိုက်သည်မှာ နစ်နာစရာမရှိ။
မသေမျိုးတစ်ယောက်ချက်သည့် ဟင်းလျာဖြစ်သည်။ ထိုအခွင့်ထူးမျိုး အရူးအမူးလိုချင်ပြီး မရနိုင်သည့်လူများ လောကတွင် ဘယ်လောက်များမည်မသိ။
ဆေးဖော်နည်းကို မသိသော်လည်း အသုံးပြုသည့်ဆေးပစ္စည်းများကိုသိလျှင်ပင် မဆိုးလှ။
ဆေးဖော်နိုင်ရန် နှလုံးမဲ့ဂိုဏ်းက ထိုဆေးပင်ဆေးမြစ်များကို ပမာဏများစွာ ဝယ်ကြရမည်။ သို့မဟုတ် စိုက်ပျိုးကြရမည်။ ထိုအချက်ကိုအခြေခံ၍ အကိုတိုင်ဆက်စုံစမ်းလျှင် နှလုံးမဲ့ဂိုဏ်း၏သဲလွန်စများ ရလာနိုင်သည်။
သို့သော် ပါဝင်သည့်ဆေးအမယ်ပေါင်းက တစ်ရာကျော်ရှိသည်။ ခေါက်တုံ့ခေါက်ပြန် သတင်းပို့ဖို့ပင် ဘယ်နှဘဝသေရမည်မသိ။
......
အနောက်ပိုင်း မိုးပျံဘုံကျောင်း။
ဗုဒ္ဓနိုင်ငံ၏အုပ်ချုပ်သူ အနောက်ပိုင်းဘုံကျောင်းကိုယ်တော် မိန်ယုက စိပ်ပတီးကိုင်ထားရင်း လာလည်သူကို တည်ကြည်စွာကြည့်၍ လက်တစ်ကမ်းအကွာတွင်ရပ်နေသည်။
"ဒကာတော်ကျန်းချွန်၊ ကျုပ်တို့ဘုံကျောင်းက နှလုံးမဲ့ဂိုဏ်းနဲ့ဆိုင်တဲ့ ကိစ္စတွေကို သတိထားမိပါတယ်။ မြို့တော်တိုင်း ဘုံကျောင်းတိုင်းကို ဗုဒ္ဓကိုယ်တော်တွေလွှတ်ပြီး ရှာဖွေခိုင်းမယ်။ နှလုံးမဲ့ဂိုဏ်းသားတွေကိူ ရှာတွေ့တာနဲ့ ဗုဒ္ဓနိုင်ငံ ပြန်ငြိမ်းချမ်းလာမှာပါ။
ဒကာကျန်းချွန်က ဒီကိစ္စကို ကျုပ်တို့မဖြေရှင်းနိုင်လောက်ဘူးလို့ သံသယဝင်နေတာလား"
မင်းသားကျန်းချွန်နောက်သို့လိုက်လာသည့် အရာရှိများ မသိမသာမျက်မျောင်ကျုံ့သွားကြသည်။ ဗုဒ္ဓနိုင်ငံက ထိုကိစ္စကို နိုင်ငံတွင်းပြဿနာဟု စဉ်းစားထားဟန်ရှိသည်။ မဟာရှားကို ပါဝင်ပတ်သက်စေလိုဟန်မရှိ။
...မင်းတို့ဗုဒ္ဓနိုင်ငံ ကောင်းကောင်းထိန်းချုပ်နိုင်ရင် ငါတို့မဟာရှားကျင့်ကြံသူတွေက နှလုံးမဲ့ဂိုဏ်းသဲလွန်စကို ရှာတွေ့စရာအကြောင်းရှိလို့လား။
...ငါတို့မဟားရှားကျင့်ကြံသူတွေ မင်းတိုနိုင်ငံကိုရောက်တာ ရက်ပိုင်းပဲရှိသေးတယ်။ နှလုံးမဲ့ဂိုဏ်းတည်နေရာကို ရှာတွေ့တယ်။ ဗုဒ္ဓနိုင်ငံက ဒီကိစ္စကို မရိပ်မိခဲ့တာ နှစ်တွေဘယ်လောက်ကြာခဲ့ပြီလဲ...
မိန်ယုလည်း နည်းနည်းတော့စိတ်ပျက်နေသည်။ အလယ်ပိုင်းတိုက်နယ်သည် မင်းဆက်သုံးကြိမ် ပြောင်းလဲခဲ့သည်။ သို့သော် ဗုဒ္ဓနိုင်ငံက အမြဲတည်တံ့ခဲ့သည်။ အားကိုးစရာတစ်ခုခုရှိကြောင်း သိသာနေသည်။
သို့သော် ထိုအားကိုးရာကို တစ်ခြားလူများ သိသွား၍မဖြစ်။ မဟာရှားနှင့်အတူ ပူးပေါင်းဆောင်ရွက်လျှင် ထိုအကြောင်းပေါ်သွားနိုင်သည်။
နိုင်ငံအချင်းချင်း ညှိုနှိုင်းဆောင်ရွက်ရာတွင်၊ အထူးသဖြင့် ယခုနှလုံးမဲ့ဂိုဏ်းကိစ္စလို အလေးအနက်ပူးပေါင်းဆောင်ရွက်ရသည့် ကိစ္စမျိုးတွင် စည်းမျဉ်းများကို လေးစားကြရမည်။ နှလုံးမဲ့ဂိုဏ်းအကြောင်းကြားပြီးနောက် မဟာရှားက မင်းသားကျန်းချွန်ကို ပူးပေါင်းဆောင်ရွက်ရေ ညှိုနှိုင်းဆွေနွေးဖို့ ကိုယ်စားလှယ်အဖြစ် စေလွှတ်သည်။
သို့သော်ယခု ပထမခြေလှမ်းအစမှာပင် အနှောက်အယှက်ကြုံရသည်။
အိမ်ရှေ့မင်းသား ဘယ်လိုတုံ့ပြန်မည်မှန်း မသိသေးသဖြင့် အရာရှိများက ငြိမ်၍အာရုံစိုက်နေကြသည်။
ကျန်းချွန်က မပွင့်တပွင့်ပြုံးသည်။ ဗုဒ္ဓနိုင်ငံဘက်မှ ထိုသို့ပြောလာမည်ကို အစကတည်းက ကြိုတွက်ထားဟန်ရှိသည်။
သဘာဝလည်းကျပါသည်။ နှလုံးမဲ့ဂိုဏ်းကို ခြေရာခံဖို့ ဝိညာဉ်အာရုံ ဖြန့်ကြရမည်။ ဗုဒ္ဓနိုင်ငံတစ်ခုလုံးကို နေရာလွတ်မကျန်အောင် စုံစမ်းခွင့်ပေးရမည်။ ထိုအခြေအနေကို ဘယ်သူမှ လက်ခံနိုင်မည်မဟုတ်။
"နှလုံးမဲ့ဂိုဏ်းကိစ္စက ဗုဒ္ဓနိုင်ငံရဲ့ အတွင်းရေးကိစ္စပါ။ မဟာရှားအနေနဲ့ ဝင်စွက်ဖက်ရင် စည်းကျော်သလို ဖြစ်ပါလိမ့်မယ်။ ကျုပ်တို့မဟာရှားက အမြဲတမ်း စည်းမျဉ်းစည်းကမ်းအတိုင်း သွားတဲ့သူတွေပါ။
စည်းကျော်တာမျိုး လုံးဝမလုပ်ပါဘူး။ ဒါကြောင့်လည်း ဖြေရှင်းဖို့ နည်းလမ်းကောင်းတစ်ခု စဉ်းစားထားပါတယ်"
သူ့မှော်လက်စွပ်ထဲမှ စာရွက်တစ်ရွက်ထုတ်ပြီး လူတစ်ယောက်ခေါ်၍ ကိုယ်တော်မိန်ယုဆီ ပေးခိုင်းလိုက်သည်။
"ဒါက ဘိုးဘေးမုန်ကျင်းဇီရေးထးတဲ့ လျှောက်လွှာပါ။ သူက ဗုဒ္ဓနိုင်ငံကို လေးစားနေတာ ကြာပါပြီ။ ဗုဒ္ဓဝါဒထဲကို အမြဲဝင်ချင်ခဲ့တဲ့သူပါ။ ဒါပေမယ့် အခွင့်မသာခဲ့ဘူး။
ဒီအခြေအနေကို အခွင့်ကောင်းယူပြီး ဗုဒ္ဓနိုင်ငံကို သူဝင်ချင်ပါတယ်။ ကိုယ်တော်မိန်ယုအနေနဲ့ သူ့ကိုအခွင့်အရေးပေးမယ်လို့ မျှော်လင့်ပါတယ်။
ဘိုးဘေးမိန်ယုက ဗုဒ္ဓနိုင်ငံကိုဝင်ပြီး နှလုံးမဲ့ဂိုဏ်းကိစ္စ ဖြေရှင်းမယ်ဆိုရင် မဟာရှားဘက်က စည်းကျော်ရာ မရောက်တော့ပါဘူး"
......
"ဘာပေါက်တတ်ကရတွေလဲကွာ။ ငါတို့မုန်မိသားစုတစ်ခုလုံး ဗုဒ္ဓနိုင်ငံကို ဝင်သွားကြပြီလား"
သတင်းကြားချိန်တွင် မုန်ကျင်းကျီုး အကြီးအကျယ်အံ့အားသင့်သွားသည်။ စားနေသည့်ထမင်းဇွန်း ပန်းကန်ထဲသို့ပြုတ်ကျသွားသည်။ သက်သတ်လွတ်အစားအစာကို စားချင်စိတ်ပျောက်သွားသည်။
ခဏတာလာလည်ရင်းမှ ဘာကြောင့်ဗုဒ္ဓနိုင်ငံသားစစ်စစ်ဖြစ်သွားသည်မသိ။
...ငါက ရှုခင်းကြည့်ဖိုပဲ လာတာပါကွာ..
"မင်းနာမည်ပြောင်က အမှတ်မထင် မှားပေးထားတာမဟုတ်ဘူးလို့ ငါပြောသားပဲ။ မင်းက ဗုဒ္ဓဝါဒနဲ့ တကယ်ကံရေစက်ရှိလို့ပါ ဗုဒ္ဓမုန်"
ကုတင်စွန်းတွင်ထိုင်နေသည့်လုယန်က အိပ်ယာပေါက် နောက်ပြန်လှဲ၍ ဗိုက်ကိုနှိပ်ပြီးရယ်နေသည်။
အတော်ကြာအောင်ရယ်နေပြီးနာက် သူမောသွားသည်။ စေတနာအပြည့်ဖြင့် မုန်ကျင်းကျိုးပုခုံးကိုပုတ်၍ စကားလမ်းကြောင်းပြောင်းသည်။
"ကဲါ၊ ကဲပါ၊ ဗုဒ္ဓဂိုဏ်းးကိုဝင်တဲ့ကိစ္စ ဆက်မတွေးနဲ့တော့။ စိတ်အပြောင်းအလဲလေးဖြစ်အောင် အပြင်ထွက်ပြီး လမ်းလျှောက်ကြာတပေါ့"
ဗုဒ္ဓရေသဘင်ပွဲတော်နီးလာသဖြင့် ခိုင်ဟွမ်မြို့လည်း သက်ဝင်လှုပ်ရှားလာသည်။ တစ်ခြားဒေသမှ သာမန်လူများ ကျင့်ကြံသူများ ခိုင်ဟွမ်သို့ အပြေးအလွှားရောက်လာကြသည်။
ကြော်ငြာထုတ်သည့်အနေဖြင့် မြို့တော်ဂိတ်တံခါးတွင် လုယန်နှင့်မုန်ကျင်းကျိုးတို့၏ ပုံတူပန်ချီကားကြီးများကိုပင် ကပ်ထားသည်။
သို့သော် ထိုအဖြစ်က ကြော်ငြာထုတ်သည်ထက် အလိုရှိရာဇဝတ်သားဆုကြေးထုတ်သည်နှင့် ပိုတူနေသလိူ လုယန်ခံစားရသည်။
မည်သို့ဆိုစေ သူတို့နှစ်ယောက်၏ရုပ်ရည်ကို လူအများသိထားသည်။ အပြင်ထွက်လျှင် ရုပ်ဖျက်ဖို့လိုသည်။
ပါးလွှာသည့် မျက်နှာဖုံးများ မျက်နှာပေါ်ကပ်၍ ရုပ်ဖျက်ပြီးနောက် ခိုင်ဟွမ်ဘုံကျောင်းမှ ထွက်ကြသည်။
*****************************************
အခန်း (၉၉၂) အရိုးခေါင်းနတ်ဆိုးဂိုဏ်း
မျက်နှာဖုံးတပ်ပြီးနောက် ရုပ်သွင်ပြောင်းသွားသလို စွမ်းအင်ရောင်လည်းပြောင်းသွားသည်။ သူတို့နှစ်ယောက် လူအုပ်ကြားတွင် သိပ်မသိသာတော့။
"ဆန်ပြုတ်ထမင်း နှစ်ပွဲပေးပါ"
အသစ်အဆန်းကို လုယန်စိတ်ဝင်စားသည်။ ဤလမ်းဘေးစားဖိုမှုက ဘာမှန်းမသိသည့် အစားအသောက်တစ်ခု ချက်ပြုတ်နေသည်။ အတော်ထူထဲသည့်အိုးက တပွက်ပွက်ဆူနေသည်။
နေရာတိုင်းတွင် ယခုလိုပုံစံတူဆိုင်များရှိနေသည်။ ဗုဒ္ဓနိုင်ငံ၏ ထူးခြားသည့် အစားအသောက်ဖြစ်လိမ့်မည်။
"ရမယ်"
စားဖိုမယ်က ထမင်းပေါ်သို့ ခပ်ပျစ်ပျစ်အရည် ဇွန်းကြီးနှစ်ဇွန်းထည့်ပေးသည်။ စားချင်စရာတော့ တစ်စက်မှမရှိ။
လုယန် မြည်းကြည့်လိုက်သည်။ ငိုရခက်ရယ်ရခက် ဖြစ်သွားသည်။ အရသာက စကားလုံးဖြင့်ပင် ဖော်ပြ၍မရနိုင်။
ခိုင်ဟွမ်ဘုံကျောင်းတွင် သက်သတ်လွတ်အစားအစာများ သူတို့စားခဲ့သောက်သည်။ သခင်ကွေ့အိမ်တွင် စားသောက်ခဲ့သည်။ အတော်လေးအရသာရှိသည်။
ထို့ကြောင့်လည်း ဗုဒ္ဓနိုင်ငံ၏ အချက်အပြုတ်လက်ရာက စံရည်စံသွေးမီသည်ဟု ယုံကြည်ခဲ့ကြသည်။
"မဟာရှားမှာ ဒီလိုဟာမျိုး ဘာလို့တစ်ယောက်မှမဝယ်တာလဲလို့ ငါတွေးနေခဲ့တာ။ အခုမှသဘောပေါက်တယ်။ဘယ်သူက ဒါမျိုးကို စားမှာလဲကွာ"
မုန်ကျင်းကျိုး နည်းနည်းစားကြည့်ပြီးနောက် မှတ်ချက်ပြုသည်။
ဗုဒ္ဓနိုင်ံငံမှဆန်ပြုတ် တကယ်အရသာကောင်းလျှင် မဟာရှားတွင် ဟိုအရင်ကတည်းက ရောင်းခဲ့ကြလိမ့်မည်။ သို့သော် နှစ်သုံးသိန်းကြာအောင် ထိုဆန်ပြုတ်ဆိုင်များ ပျံ့နှံ့ခဲ့ခြင်းမရှိ။ အရသာဘယ်လောက်ဆိုးဝါးကြောင်း သက်သေခံနေသည်။
အနည်းဆုံးတော့ မဟာရှားနိုင်ငံသားများ၏ အကြိုက်မဟုတ်။
သူတို့နှစ်ယောက်နှစ်ယောက် ပထမဆုံးစထွက်လာသည့် နေ့မှာပင် စိတ်ဓာတ်ကျသွားသည်။ ဆန်ပြုတ်ကို ဖြေးဖြေးချင်းစားကြရသည်။
မစားလျှင်လည်း ဖြုန်းတီးရာရောက်မည်။ စားလျှင်လည်း ဖြုန်းတီးသည်ထက်ပင် ပိုဆိုးဝါးမည်။
"လောင်မုန်၊ ရသအာရုံကို ပိတ်ဆို့တဲ့ မှော်ပညာတစ်ခုခုတတ်လား"
"ငါတတ်ရင် အစောကြီးကတည်းက သုံးပြီးရောပေါ့ကွာ"
"သခင်တို့"
ရင်းနှီးနေသည့်စကားသံကို ကြားလိုက်ရသည်။ သူတို့ကို ခေါ်ခြင်းဖြစ်မည်ဟုယူဆသဖြင့်အလိုလို ခေါင်းမော့ကြည့်မိကြသည်။ အသံရှင်ကို မြင်လိုက်ရသည်။
"မိန်းကလေးကွေ့"
ယခု နှစ်ယောက်လုံးရုပ်ဖျက်ထားသည့်ဖြစ်၍ ကွေ့မိသားစုမှလွဲလျှင် သူတို့ကို ဘယ်သူမှမှတ်မိမည်မဟုတ်။
သခင်ကွေ့အိမ်သို့သွားစဉ်ကလည်း ထိုမျက်နှာဖုံးများကိုသာ တပ်ခဲ့သည်။
"တကယ်သခင်တို့ပါလား"
လုယန်တို့နှစ်ယောက်ကို ယခုလိုနုံချာသည့်ဆိုင်တစ်ခုတွင် တွေ့ရမည်ဟု ကွေ့ချွဲအာ ထင်မထားခဲ့။ အစက လူမှားသည်ဟု ထင်ခဲ့သည်။
မည်သို့ဆိုစေ ယခုလိုဆိုင်မျိုးသို့ ကျင့်ကြံသူများ လာလေ့မရှိကြ။
"မိန်းကလေးကွေ့ကရော ဒီကိုဘာလာလုပ်တာလဲ"
ကွေ့ချွဲအာက မနီးမဝေးမှ ခွက်ကိုယ်စီကိုင်ထားသည့်လူတန်းကို လက်ညှိုးထိုးပြသည်။
"ငါးရက်နေ့၊ ဆယ့်ငါးရက်နေ့နဲ့ နှစ်ဆယ့်ငါးရက်နေ့တွေမှာ အမြဲတမ်း ဒီကိုလာပြီး ဆန်ပြုတ်ဝေပေးတယ်လေ။ ဒီနေ့က မေလငါးရက်ပါ"
လုယန် နားလည်သွားသည်။ သခင်ကွေ့ကို ဒါနရှင်ကွေ့ဟု ခေါ်ကြသည်။ ခိုင်ဟွမ်ဘုံကျောင်းကို မွှေးတိုင်ဖိုးငွေ များစွာလှူခဲ့ခြင်းကြောင့်ဖြစ်မည်ဟု လုယန်တွေးခဲ့သည်။ ယခုလို တကယ်ဒါနစစ်စစ်ပြုနေမှန်း သူမသိခဲ့။
"ဒါနဲ့..မိန်းကလေးကွေ့ ဒီနေ့အားလား။ ကျုပ်တို့က ဒီနေရာနဲ့မရင်းနှီးသေးဘူး။ ခိုင်ဟွမ်မြို့ထဲကို လှည့်ပတ်ပြပေးလို့ရမလား"
လုယန် အားနာနာဖြင့် တောင်းဆိုသည်။
အစက ခိုင်ဟွမ်ဘုံကျောင်းကိုယ်တော်များကို ဒုက္ခမပေးတော့ဘဲ ကိုယ့်ဘာသာလျှောက်လည်ဖို့ တွေးခဲ့သည်။ သို့သော် ပထမဆုံးစားသည့် အစားအသောက်ကပင် အဆင်မချော။ ခြေဦးတည့်ရာ လျှောက်လည်၍ မဖြစ်တော့။ ထိုထက်ဆိုးဝါးသည့်အဖြစ်များ ကြုံလာနိုင်သည်။
ကွေ့ချွဲအာက ချက်ချင်းလက်ခံသည်။
"ရပါတယ်။ ဒါပေမယ့်ကျွန်မက သူငယ်ချင်းတစ်ယောက်နဲ့ လျှောက်လည်ဖို့ တိုင်ပင်ထားတာ။ သူပါလာရင်ရော အဆင်ပြေမလား။ သူက လူစည်တဲ့နေရာတွေကို သဘောကျလို့ပါ"
လုယန် လက်မြောက်ပြ၍ ပြုံးလိုက်သည်။
"ကွက်တိပါပဲ။ ငါတို့လည်း လူစည်ကားတဲ့နေရာတွေကို သဘောကျတယ်"
"ဒါဆို ဆန်ပြုတ်သွားဝေလိုက်ဦးမယ်နော်။ ခဏနေမှ တွေ့မယ်"
ဆန်ပြုတ်ဝေသည့်အလုပ်က လက်မလည်နိုင်အောင်ဖြစ်နေသည်ကို သူသတိထားမိသည်။ ဤနေရာတွင် အလကားနေလျှင် မသင့်တော်။ ထို့ကြောင့် ကွေ့ချွဲအာ သခင်ချုးကို အမြန်သွားကူသည်။
နာရီဝက်နီးပါးကြာမှ လုယန်တို့နှစ်ယောက် မျိုရခက်သည့်ဆန်ပြုတ်ကို လက်စသပ်နိုင်သည်။ ကျွေ့ချွဲအာလည်း တာဝန်ပြီးသွားသည်။
"သခင်တို့စောင့်နေရတဲ့အတွက် အားနာပါတယ်"
"အချိန်ကိုက်ပါပဲ။ သွားကြစိူ့၊ မင်းသူငယ်ချင်းနဲ့ မိတ်ဆက်ပေးပါဦး"
"သွားစို့လေ"
စိတ်အားတက်ကြွနေသည့် ကျွေ့ချွဲအာက လုယန်တို့ကို ဦးဆောင်ခေါ်သွားသည်။ သူ့သူငယ်ချင်းဆိုသူသည် လူချမ်းသာမိသားစုမှ သခင်မလေးတစ်ယောက်ဖြစ်မည်ဟု လုယန်တို့ထင်ထားသည်။
သို့သော် ကွေ့ချွဲအာက သူတို့ကို မြို့စွန်ဆင်ခြေဖုံးရပ်ကွက်ဆီ ခေါ်သွားသည်။
သူတို့အမူအရာကို ရိပ်မိသဖြင့် ကွေ့ချွဲအာ ခေါင်းလှည့်၍ ရှက်ကိုးရှက်ကန်းရှင်းပြသည်။
"ကလေးဘဝက ကျွန်မအိမ်ကခိုးထွက်တဲ့အချိန်မှာ ခင်ခဲ့တဲ့သူငယ်ချင်းပါ"
လုယန်မျက်နှာတွင် ထူးဆန်းသည့်အမူအရာပေါ်လာသည်။
"ဒီလမ်းကို ငါအတော်ရင်းနှီးနေသလိုပဲ"
နောက်ဆုံးတွင် ကွေ့ချွဲအာက အိမ်တစ်ခု၏တံခါးကိုခေါက်သည်။
"ချောင်ချောင်၊ ငါရောက်ပြီ။ တံခါးဖွင့်ပါဦး"
"ရောက်လာပြီလား အမချွဲအာ"
တံခါးပွင့်သွားသည်။ တကယ်ပင် ခိုင်ဟွမ်ဘုံကျောင်းသို့လာဖူးသည့် တန်ချောင်ချောင်ဖြစ်နေသည်။
"ဒီနှစ်ယောက်ကဘယ်သူလဲ"
လုယန်တို့ကိုမြင်ရသဖြင့် တန်ချောင်ချောင် နည်းနည်းအံ့အားသင့်သွားသည်။
ကွေ့ချွဲအာသည် သူစိမ်းများကို သူတို့အိမ်သို့ တစ်ခါမှခေါ်မလာဖူး။
"ငါမိတ်ဆက်ပေးမယ်။ ဒါက သခင်လု၊ ဒါက သခင်မုန်တဲ့"
လုယန်တို့က ရုပ်ဖျက်ထားသည်။ အပြင်လူများ အာရုံစိုက်မခံလိုကြောင်း ရိပ်စားမိသဖြင့် ကွေ့ချွဲအာက နာမည်အပြည့်အစုံမပြော။
မျိုးရိုးနာမည်ကြားသည်နှင့် တန်ချောင်ချောင်မျက်နှာတွင် အံ့ဩရိပ်ပေါ်လာသည်။
ကွေ့ချွဲအာတို့အိမ်တွင် ဖြစ်ခဲ့သည့်ကိစ္စက လူသိများသည်။ ထိုလူနှစ်ယောက်၏သရုပ်မှန်ကို ခန့်မှန်းဖို့မခက်လှ။ တန်ချောင်ချောင်၏ပါးနှစ်ဘက် စိတ်လှုပ်ရှားမှုကြောင့် နီရဲလာသည်။
"အထဲကိုဝင်ကြပါ။...အကိုရေ ဧည့်သည်လာတယ်"
"ညီမချွေ့အာလား...ဪ ဧည့်သည်တွေ တကယ်ပါလာတာပဲ"
တန်ချောင်ချောင်က သူ့အကိုကို တံတောင်ဖြင့်တို့သည်။
"သူတို့က တကယ့်ဆရာအစစ်တွေ။ တစ်ယောက်က သခင်လု၊ နောက်တစ်ယောက်က သခင်မုန်တဲ့။ စကားကိုယဉ်ယဉ်ကျေးကျေးပြောပါ"
တန်ချန်ဝူ မျက်လုံးပြူးသွားသည်။ လုယန်တို့၏ သရုပ်မှန်ကို သူလည်းခန့်မှန်းနိုင်သည်။
"တွေ့ရတာ ဝမ်းသာပါတယ်"
လုယန်က ပထမဆုံးတွေ့ဖူးသလိုဟန်ဆောင်၍ တန်ချန်ဝူကို နှုတ်ဆက်သည်။
"ဝမ်းသာပါတယ်။ ကျုပ်နာမည် တန်ချန်ဝူပါ"
ဘာကြောင့်မှန်းမသိ။ လုယန်ရှေ့တွင်နေရသည်ကို သူမလုံမလဲခံစားရသည်။ သူ့လျှို့ဝှက်ချက်များ ဖော်ထုတ်ခံရတော့မလို ထင်နေသည်။
မဖြစ်နိုင်။ မဖြစ်နိုင်လောက်။ ဒဏ္ဍာရီစွမ်းအားရှင်များပင် သူ့လျှို့ဝှက်ချက်ကို မသိနိုင်။ အချိန်နောက်ပြန်ရစ်နိုင်သည့်စွမ်းရည်အကြောင်း သူတစ်ယောက်သာသိသည်။ အချိန်နောက်ပြန်ရစ်သည့် အချိန်အတွင်းမှ မှတ်ဉာဏ်များကို သူတစ်ယောက်သာ ထိန်းထားနိုင်သည်။
"မင်းက ဆေးပညာလေ့လာနေတာလား"
စားပွဲပေါ်မှ ပွင့်နေသည့်စာအုပ်ကို လုယန်သတိထားမိသည်။ အသုံးများသည့် ဆေးမြစ်အမျိုးမျိုး စာရင်းပြုစုထားသည်။
"ဟုတ်တယ်၊ ကျွန်မအကိုက ဆေးဆိုင်တစ်ခုမှာ အလုပ်သင်လေ"
တန်ချောင်ချောင်က ဝင့်ကြွားသည့်လေသံဖြင့် သူ့အကိုအကြောင်း မိတ်ဆက်သည်။
"မင်းက စာဖတ်တတ်တယ်ပေါ့"
မုန်ကျင်းကျိုး နည်းနည်းအံ့ဩသွားသည်။ ပုံမှန်အားဖြင့် ဆင်ခြေဖုံးရပ်ကွက်မှ ကလေးများသညည် စာပေတတ်မြောက်နှုန်း အတော်နိမ့်ကြသည်။
"ညီမချွေ့အာ သင်ပေးတပါ"
ကွေ့ချွဲအာက တန်ချန်ဝူခေါင်းကို ရိုက်သည်။
"ငါ့ကို အမလို့ခေါ်ပါလို့ နင့်ကိုဘယ်နှခါပြောရမလဲ"
တန်ချန်ဝူ နှာခေါင်းတစ်ချက်ရှုံ့သည်။ သူထိုသို့မခေါ်နိုင်။
လုယန် အထာပေါက်သွားပြီး ပြုံးလိုက်သည်။ တန်ချန်ဝူက ကွေ့ချွဲအာကို ကျိတ်ကြွေနေပုံရသည်။
သဘာဝလည်းကျပါသည်။ သူတို့ချင်း ကလေးဘဝကတည်းက သိကျွမ်းခဲ့သည်။ ကွေ့ချွဲအာက အတော်လှပြီး စိတ်သဘောထားနူးညံ့သည်။ တန်ချန်ဝူ သူ့ကိုကျိတ်ကြွေသည်မှာ ဘာမှမဆန်းလှ။
လုယန် ထိုနှစ်ယောက်ကို စနောက်ရန်ပြင်နေစဉ် ရုတ်တရက် ဝုန်းခနဲအသံတစ်ချက်ကြားလိုက်ရသည်။ သစ်သားတံခါး ကြေမွသွားသည်။ ထူးဆန်းသည့် အနက်ရောင်ဝတ်စုံနှင့်လူများ အိမ်ထဲသို့ အတင်းဝင်လာသည်။
အနက်ရောင်ဝတ်စုံတို့၏အနားစွန်းတွင် အနီရောင်ဦးခေါင်းခွံရုပ်ပုံတစ်ခု ဆေးခြယ်ထားသည်။
ထိုအရိုးခေါင်းတံဆိပ်ကို တန်ချန်ဝူသိနေသဖြင့် မျက်နှာအကြီးအကျယ်ပျက်သွားသည်။
"အရိုးခေါင်းနတ်ဆိုးဂိုဏ်းကလူတွေပဲ"
ခေါင်းဆောင်လူက အေးစက်စက်ရယ်သည်။ အင်္ကျီခေါင်းစွပ်ကို ချွတ်လိုက်သည်။ ဖောင်းကားနေသည့် မျက်နှာတစ်ခုပေါ်လာသည်။
"ကောင်လေး၊ ငါက အရိုးခေါင်းနတ်ဆိုးဂိုဏ်းရဲ့ နက္ခတ်နှစ်ဆယ့်ရှစ်ခုကာကွယ်သူတွေထဲက ကာကွယ်သူတွေ'ကျောင်း'ပဲ။ ငါတို့ဂိုဏ်းကပစ္စည်းတစ်ခု မင်းယူသွားပြီးတော့မှ ငါတို့မတွေ့အောင် ရှောင်ပုန်းလို့ရမယ်ထင်နေလား"
ကာကွယ်သူကျောင်းက နှုတ်ခမ်းတစ်ချက်သပ်ပြီး လုယန်တို့လူစုကို အကဲခတ်သည်။ အားအင်ချိနဲ့သည့် သေမျိုးများသာဖြစ်သည်။
"ကဲပြော၊ မင်းအသတကြည်ပေးမှာလား။ အဲလိုဆို မင်းအလောင်း ပုံမပျက်စေရဘူး။ မဟုတ်ရင်တော့ အားလုံးကိုငါသတ်မယ်"
ဆိုးဝါးသည့်ကံကြမ္မာကို တန်ချန်ဝူစိတ်ထဲ ကျိန််ဆဲလိုက်သည်။ သူအတော်သတိထားခဲ့သည့်တိုင် အရိုးခေါင်းနတ်ဆိုးဂိုဏ်းလက်ထဲမှ မလွတ်သေး။
ကျင့်ကြံသူများသည် အမှန်တကယ်ပင် အံ့ဖွယ်မှော်စွမ်းအားမျိုးစုံ ပိုင်ဆိုင်ကြသည်။
လုယန်စိတ်ထဲ မေးခွန်းများပြည့်နေသည်။ အရိုးခေါင်းနတ်ဆိုးဂိုဏ်ဆိုသည်က ဘယ်လိုအဖွဲ့အစည်းမှန်းမသိ။ သူတစ်ခါမှမကြားဖူး။
*********************************
အခန်း (၉၉၃) နတ်ဆိုးဂိုဏ်းကျဆုံးခြင်း
ကျင့်စဉ်လမ်းဝင်ဖို့ အသက်မပြည့်သေးသည့်သဖြင့် တန်ချန်ဝူ ဝမ်းနည်းမိသည်။ သူသာကျင့်ကြံနိုင်လျှင် တစ်ခြားကျင့်ကြံသူများနှင့်ရင်ဆိုင်ရာတွင် ထိုမျှအခြေအနေဆိုးမည်မဟုတ်။
တစ်ဘက်လူသုံးသည့် ကျင့်စဉ်ပညာများအကြောင်း သူဘာမှမသိနိုင်။ ကိုယ့်ကိုယ်ကို သန်မာအောင်လုပ်ဖို့ သိုင်းပညာကို ဆက်လေ့ကျင့်ရုံသာရှိသည်။
လွန်ခဲ့သည့်သုံးလက မြို့ပြင်သို့ထွက်၍ ဆေးမြစ်စုဆောင်းခဲ့သည်။ သွားရသည့်ခရီးက အတော်ဝေးသည်။ အသွားအပြန် တစ်နေကုန်ကြာသည်။
ဆေးပညာလက်သင်တို့သည် ထိုနေရာတွင် နှစ်ရက်သုံးရက်ကြာအောင် နေရလေ့ရှိသည်။ သူလည်းထိုသို့ပင်ဖြစ်သည်။
အနားယူစရာ အိုအေစစ်တစ်ခုတွေ့သည်။ ပထမနေ့တွင် ဘာမှမဖြစ်။ ဒုတိယနေ့ညတွင် လူတစ်ယောက် အိုအေစစ်နားသို့ အမှတ်မထင်ရောက်လာသည်။ ဒဏ်ရာအပြင်းအထန်ရထားသည်။ သွေးများအဆက်မပြတ်စီးကျနေသည်။ သေသည်အထိ သူ့ကိုသတိမပြတ်စိုက်ကြည့်နေပြီး သစ်သားသေတ္တာတစ်လုံးကို ခပ်တင်းတင်းဆုပ်ကိုင်ထားသည်။
သူပြဿနာမဖြစ်ချင်။ ထိုလူသည် ကြီးမားသည့် အရှုပ်အထွေးတစ်ခုဖြစ်ခဲ့မှန်း သူရိပ်မိသည်။ ညဘက်ခရီးထွက်လျှင် ကြုံရတတ်သည့် အန္တရာယ်များကို အရေးမစိုက်တော့ဘဲ ချက်ချင်းထွက်သွားရန်ပြင်သည်။
သို့သော် သူထွက်မသွားနိုင်မီ ဝတ်ရုံနက်ဝတ်ထားသည့်လူများက အိုအေစစ်ကို ဝိုင်းလာကြသည်။ လျှို့ဝှက်ချက်ပေါက်ကြားမည်စိုးသဖြင့် မှော်ပညာသုံးကြသည်။ တန်ချန်ဝူကိုယ်ထဲမှ အရိုးများချက်ချင်းထိုးထွက်လာသည်။ သူ့နှလုံးကို ထိုးဖောက်သည်။ ထို့နောက်...သူသေသွားသည်။
ဒုတိယအချိန်စက်ဝန်းတွင် ထိုလူသေသည်အထိ သူစောင့်ခဲ့သည်။ သေတ္တာကိုဖွင့်သည်။ အမည်မသိဆေးလုံးတစ်ခုနှင့် ချွန်ထွက်သည့် ပစ္စည်းအစိပ်အပိုင်းတစ်ခု တွေ့ရသည်။
ဆေးကိုယူပြီး ထွက်ပြေးရန်ပြင်သည်။ သို့သော် ခြေတစ်လှမ်းနောက်ကျသွားသည်။ ဝတ်ရုံနက်များဝိုင်းလာပြန်သည်။ သူ့ကိုသတ်သည်။
တတိယစက်ဝန်းတွင် သေတ္တာကိုဖွင့်ပြီး ဆေးကိုချက်ချင်းမျိုချလိုက်သည်။ နာကျင်မှုဝေဒနာကြောင့် သူသတိလစ်သွားသည်။ သတိလစ်နေစဉ် ဝတ်ရုံနက်များက သူ့ကိုသတ်လိုက်သည်။
လေးခုမြောက်စက်ဝန်းတွင် သစ်သားသေတ္တာကို အရေးမစိုက်တော့ဘဲ အရုဏ်တက်ချိန်တွင် ခိုင်ဟွမ်မြို့ဆီ ပြန်ပြေးရန်ကြိုးစားသည်။ သို့သော် ဝတ်ရုံနက်များက အနားအနားပတ်လည်တွင် လူဖြန့်၍ ဝိုင်းထာသည်။ ထိုနေရာမှ ဘယ်သူမှမထွက်နိုင်အောင် ပိတ်ဆို့ထားသည်။ သူမလွတ်တော့ဘဲ သေသွားသည်။
ငါးခုမြောက်စက်ဝန်းတွင် ရန်သူစက်ကွင်းမှ လွတ်အောင်ဖောက်ထွက်နိုင်ခဲ့သည်။ သို့သော် ရုတ်တရက်ပေါ်လာသည့် သဲမုန်တိုင်းကြောင့် သေသွားသည်။
ခြောက်ခုမြောက်...
ခုနစ်ခုမြောက်...
အဆက်မပြတ်သံသရာလည်နေသည်။ နောက်ဆုံးတွင် အဖြစ်အပျက်တစ်ခုလုံးကို သူနားလည်လာသည်။ ထိုဝတ်ရုံနက်များသည် အရိုးခေါင်းနတ်ဆိုးဂိုဏ်းဝင်များဖြစ်သည်။
ဂိုဏ်းဝင်အားလုံး ကျင့်ကြံသူများဖြစ်သည်။ အနီးအနားမြို့တော်ရှစ်ခုထိ သူတို့ဩဇာ ပျံ့နှံ့သည်။ တကယ်ကြောက်စရာကောင်းသည်။
အဖွဲ့ဝင်တစ်ယောက်က ဂိုဏ်းရတာနာများကို မျက်စိကျသည်။ ခြင်ဆီသန့်စင်ဆေးနှင့်အတူ နောက်ခံသမိုင်းမသိရသည့် အလွန်ချွန်ထက်သည့် ပစ္စည်းတစ်ခုကို ခိုးသည်။
နောက်ဆုံးအချိန်စက်ဝန်းတွင် ထိုလူကို သူအလစ်တိုက်ခိုက်သည်။ ထိုလူကလည်း ဒဏ်ရာအပြင်းအထန်ရထားသည်။ ခိုင်ဟွမ်ဘုံကျောင်းမှ လက်ရှည်လက်သီးသိုင်း သူနည်းနည်းချင်းခိုးသင်ထားသည်။
ပြီးခဲသည့်အချိန်စက်ဝန်းများတွင် ပုံမှန်လေ့ကျင့်ခဲ့သည့် တိုက်ခိုက်စွမ်းအားနှင့် ပေါင်းစပ်၍ ထိုလူကိုသတ်လိုက်သည်။ သေတ္တာကိုယူသည်။ ခြင်ဆီသန့်စင်ဆေးလုံးကို မျိုလိုက်သည်။
သတိပြန်လည်လာပြီးနောက် ရန်သူအတားအဆီးကိုဖောက်ထွက်သည်။ ဝတ်ရုံနက်ဂိုဏ်းသားများက တားဆီးရန်ကြိုးစားကြသော်လည်း သဲမုန်တိုင်းကြောင့် ဖရိုဖရဲဖြစ်သွားသည်။
သူ့ခန္ဓာကိုယ်က ဆေးလုံးအစွမ်းကြောင့် ပိုအားကောင်းလာသည်။ သဲမုန်တိုင်းအတွက်လည်း ကြိုတင်ပြင်ဆင်ခဲ့သည်။ နောက်ဆုံးတွင် အသက်ရှင်လျက်လွတ်မြောက်ခဲ့သည်။
သို့သော်ယခု နောက်သုံးလအကြာတွင် အရိုးခေါင်းဂိုဏ်းသားများက သူ့ကိုတွေ့သွားသည်။
တကယ်အခက်တွေ့သည်။ နက္ခတ်နှစ်ဆယ့်ရှစ်လုံး ကာကွယ်သူတို့သည် ချီပြည့်စုံခြင်းအဆင့်စွမ်းအားရှင်များဖြစ်ကြောင်း သူကြားဖူးသည်။ တိုက်ရိုက်ရင်ဆိုင်ဖို့ လုံးဝမဖြစ်နိုင်။
ကာကွယ်သူကျောင်းကို ရှင်းပစ်နိုင်ဖို့ သူဘယ်နှကြိမ်သေရဦးမည်မသိ။
တန်ချန်ဝူစိတ်ထဲတွင် နောက်ထပ်အချိန်စက်ဝန်းအတွက် အစီအစဉ်များ ရေးဆွဲနေသည်။ ဗုဒ္ဓရေသဘင်ပွဲတော်က နောက်ဆယ်ရက်ကြာလျှင် စမည်။ တစ်ခြားဒေသမှကျင့်ကြံသူများ ခိုင်ဟွမ်သို့ ဝင်လာကြပြီဖြစ်သည်။
ထိုနယ်ခြားကျင့်ကြံသူများကို ကာကွယ်သူကျောင်းနှင့် အကွက်ဆင်ပေးရမည်။ သို့သော် အခြေတည်အဆင့်များသာ ကာကွယ်သူကျောင်းကို တိုက်ခိုက်နိုင်မည်။ ထိုကျင့်ကြံသူမျိုးကလည်း ရှာတွေ့ဖိုလွယ်သည်မဟုတ်။
ထို့ပြင် အရိုးခေါင်းနတ်ဆိုးဂိုဏ်းချုပ်သည် နတ်ဝိညာဉ်အဆင့်ဟု ကြားဖူးသည်။ လှုပ်ရှားမှုတိုင်းက ထူးခြားသည့်နိမိတ်များ ဖြစ်ပေါ်သည်။ မယုံနိုင်လောက်အောင် စွမ်းအားကြီးသည်။ မှော်ပညာတစ်ရာကျော်ကို ကျွမ်းကျင်သည်။
ယခုလက်ရှိအတားအဆီးကို ကျော်ဖြတ်နိုင်လျှင်ပင် နောက်ပိုင်းတွင် ဂိုဏ်းချုပ်ကို သူဘယ်လိုရင်ဆိုင်မည်နည်း။
မဟုတ်သေး... ဤတစ်ကြိမ်တွင် အချိန်စက်ဝန်း ပြန်စဖို့မလိုလောက်။
အတွေနစ်နေသည့်သခင်လုနှင့် ကြောင်တက်တက်ဖြစ်နေသည့်သခင်မုန်ကို တန်ချန်ဝူ လှည့်ကြည့်သည်။
ကွေ့ချွဲအာနှင့် ထန်ချောင်ချောင်က ကာကွယ်သူကျောင်းကို နားမလည်သည့်၊ စိတ်ဝင်စားသည့်၊ သဘောကျသည့် အကြည့်ဖြင့် ကြည့်နေသည်။ ထိတ်လန့်သည့် အရိပ်မျိုးတော့ လုံးဝမရှိ။
ဝတ်ရုံနက်တစ်ယောက်၏ အင်္ကျီလက်ထဲမှ အရိုးချွန်များ အဆက်မပြတ်လွင့်ပျံထွက်လာပြီး အခန်းတစ်ခုလုံး ပျံ့နှံ့သွားသည်။ လုယန်တို့အဖွဲ့ကို ချိန်ရွယ်ထားသည်။
အမိန့်တစ်ချက်ပေးလိုက်သည်နှင့် ထိုအရိုးချွန်များက ထပ်ပွားလာဦးမည်။ လုယန်တို့ခန္ဓာကိုယ်ကိူ ဆန်ခါပေါက်ဖြစ်အောင် ထိုးဖောက်သွားမည်။
"ဘာလဲ၊ ရတနာကို မပေးသေးဘူးပေါ့။ မင်းတို့က အခေါင်းမမြင်ရင် မျက်ရည်ထွက်မှာမဟုတ်ဘူး"
ကာကွယ်သူကျောင်း လှောင်ပြုံးပြုံးနေည်။ အားလုံးကိုသတ်ပြီး ထွက်သွားရုံသာရှိသည်။ ခိုင်ဟွမ်ဘုံကျောင်းပင် သူ့ကိုခြေရာခံနိုင်မည်မဟုတ်။
ဘေးနှစ်ဘက်မှ သူ့လူများကို မျက်ရိပ်ပြ၍အမိန့်ပေးသည်။
"လုပ်လိုက်တော့"
"ဘာကိုလုပ်ရမှာလဲ။ ငါစဉ်းစားနေတာ မင်းမမြင်ဘူးလား"
မုန်ကျင်းကျိုးက စိတ်မရှည်သည့်လေသံဖြင့်ပြောပြီး ရှေ့တက်သွားသည်။ ပြေးဝင်လာသည့်အရိုးချွန်များကို အရေးမစိုက်။
ကာကွယ်သူကျောင်း မျက်လုံးပြူးသွားသည်။ မပျက်စီးနိုင်ဟုထင်ရသည့် သူ့အရိုးချွန်များက မုန်ကျင်းကျိုးခန္ဓာကိုယ်ကို ထိသည်နှင့် ကြေမွသွားသည်။ လုံးဝထိရောက်မှုမရှိ။
"မဖြစ်နိုင်ဘူး...မင်းဘယ်သူလဲ"
ကာကွယ်သူကျောင်း အော်ဟစ်လိုက်သည်။ မူမမှန်သည့်အဖြစ်ကို ရိပ်စားမိလာသည်။ ဤတစ်ကြိမ် သံမဏိနံရံကို ခေါင်းနှင့်တိုက်မိခြင်းဖြစ်သည်။
မုန်ကျင်းကျိုး စကားပြောမနေတော့။ ပြင်းထန်သည့်စွမ်းအင်ရောင်ကို ထုတ်လွှတ်လိုက်သည်။ ကာကွယ်သူကျောင်းတို့လူစု တောင်တန်းတစ်ခု ထမ်းပိုးထားရသလို လေးလံလာပြီး ကြမ်းပြင်ပေါ်သို့ လဲပြိုသွားသည်။ ဒွာရကိုးပေါက်မှ သွေးများထွက်လာသည်။
"မင်းငါ့ကိုမသတ်ရဲပါဘူး။ အရိုးခေါင်းနတ်ဆိုးဂိုဏ်းကို လာသွေးတိုးစမ်းတယ်ပေါ့။ မင်းတို့ ကမ္ဘာအဆုံးထိထွက်ပြေးရင်တောင် ငါတို့လိုက်သတ်မယ်ကွ။ ငါ့ကိုတစ်ခြားလူတွေလိုမထင်နဲ့။
ကာကွယ်သူနှစ်ဆယ့်ရှစ်ယောက်ထဲမှာ ငါကအားအနည်းဆုံးပဲ။ သူတို့အထက်မှာ နတ်အလင်းကာကွယ်သူခုနစ်ယောက်၊ ဖုန်းရွှေကာကွယ်သူလေးယောက်။
ဘယ်ညာလက်ရုံးကာကွယ်သူနှစ်ယောက်၊ တော်ဝင်သားတော်နဲ့သမီးတော်၊ ပြီးတော့ လျှို့ဝှက်ဆန်းကျယ်ပြီး ခန့်မှန်းမရနိုင်တဲ့ခေါင်းဆေင်..."
ထိုစဉ် လုယန် မျက်လုံးပြူးသွားပြီး ခေါင်းမော့လာသည်။ တစ်ခုခုကို နားလည်သွားဟန်ရှိသည်။
"မင်းတို့ဝတ်စုံကို မြင်ဖူးပါတယ်လို့ တွေးနေတာ။ ငါတကယ်မြင်ဖူးတာပဲ"
ကျောက်စိမ်းတံဆိပ်ထဲမှ အနက်ရောင်ဝတ်စုံတစ်ခု ထုတ်လိုက်သည်။ အရိုးခေါင်းတံဆိပ်ကို ရွှေခြည်ငွေခြည်ထိုးထားသည်။ သေသပ်သည့် ထိပ်တန်းလက်ရာတစ်ခုဖြစ်သည်။
ထိုဝတ်စုံကိုမြင်ပြီးနောက် ကာကွယ်သူကျောင်း ကျောက်ရုပ်လိုဖြစ်သွားသည်။ အကြောက်တရားများ သူ့စိတ်ထဲသို့ ဒီရေလိုလိမ့်ဝင်လာသည်။ အသံများတုန်ရင်လာသည်။
"ဒါ...ဒါက ဂိုဏ်းချုပ်ရဲ့ဝတ်စုံပဲ"
ကာကွယ်သူအဖြစ်တာဝန်ထမ်းဆောင်နေစဉ်အတွင်း ကံကောင်းထောက်မ၍ အရိုးတောင်တန်းသွေးပင်လယ်ပေါ်ထိုင်နေသည့် အရိုးဖြူသရဲကို သူမြင်ဖူးခဲ့သည်။ သရဲအစေခံများစွာ ဝန်းရံနေသည်။
ခိုင်ဟွမ်မြို့တော်သို့ လာသည့်ခရီးစဉ်ကို လုယန်ပြန်သတိရလာသည်။
"ဒီကိုလာတဲ့လမ်းမှာ အရိုးဖြူသရဲလို့ခေါ်တဲ့ အရိုးဝိညာဉ်တစ်ယောက်ကို ငါတွေ့ခဲ့တယ်။ လောင်မုန်ကို ယောက်ျားအစေခံအဖြစ် ထိန်းချုပ်ဖို့ကြိုးစားလို့ လောင်မုန်က သူ့ကိုသတ်လိုက်တယ်။ လက်စသတ်တော့ အဲဒါ မင်းတို့ဂိုဏ်းချုပ်ဖြစ်နေတာကိုး"
အနက်ရောင်ဝတ်ရုံ၏ထူးခြားသည့် သွင်ပြင်ကြောင့်သာမဟုတ်လျှင် လုယန်နှင့်မုန်ကျင်းကျိုးတို့ အရိုးဖြူသရဲအကြောင်း သတိပင်ရမည်မဟုတ်။ ထိုသရဲသည် အဆင့်နိမ့်လက်ပါးစေ့အဆင့်သာရှိသည်။
"မဖြစ်နိုင်ဘူး..ဂိုဏ်းချုပ်က နတ်ဝိညာဉ်အခြေခံအဆင့် ဝါရင့်ကျင့်ကြံသူပဲ။ လွန်ခဲ့တဲ့နှစ်ငါးဆယ်ကတည်းက အဆင့်တက်ခဲ့တာ"
ကာကွယ်သူကျောင်း မယုံနိုင်အောင်ဖြစ်နေသည်။ သူတို့ဂိုဏ်းချုပ်သည် ဘက်စုံတော်သည့် နတ်ဝိညာဉ်အဆင့်ဖြစ်သည်။
လုယန်တွေးကြည့်သည်။ မှန်သည်။ အရိုးဖြူသရဲသည် တကယ်စွမ်းအားကြီးသည်။ လွန်ခဲ့သည့်နှစ်ငါးဆယ်ကဆိုလျှင် သူလုံးဝယှဉ်နိုင်မည်မဟုတ်။
"ဒီအရိုးဝိညာဉ်မှာ လက်အောက်ခံတွေရှိမယ် ထင်မထားမိဘူး။ ဒါပေမယ့် မင်းတို့ရောက်လာမှတော့ တစ်ခါတည်းအပြတ်ရှင်းရမှာပေါ့"
ထို့နောက် လုယန် တန်ချန်ဝူတို့သုံးယောက်ကို လှည့်မေးသည်။
"မင်းတို့ ဒီနေ့ခင်းပိုင်း ဘာမှလုပ်စရာမရှိဘူးမဟုတ်လား။ ငါတို့နဲ့အတူ ဒီနတ်ဆိုးဂိုဏ်းကို ရှင်းကြမလား။ မြန်မြန်ရှင်းနိုင်အောင်တော့ ကြိုးစားရမယ်။ ဒါမှ ညစာချိန်မီမှာ"
တန်ချန်ဝူ ကျောက်ရုပ်လို ခေါင်းငြိမ့်သည်။ သူ့ဦးနှောက်က လိုက်မီအောင် မနည်းကြိုးစားနေရသည်။
သို့သော် တန်ချောင်ချောင်နှင့် ကွေ့ချွဲအာတို့က အတော်စိတ်အားတက်ကြွလာသည်။ ထိုမစ်ရှင်က ခိုင်ဟွမ်မြို့ထဲ လှည့်ပတ်ပြေးလွှားနေရသည်ထက် ပို၍စိတ်ဝင်စားဖို့ကောင်းသည်။
ကာကွယ်သူကျောင်းကို ဝိညာဉ်မှတ်ဉာဏ်ရှာဖွေပြီးနောက် အရိုးဖြဂိုဏ်းရှိသည့်နေရာသို့ တန်းသွားကြသည်။ ဘာမှစကားအပိုမပြောဘဲ ချက်ချင်းတိုက်ခိုက်ရှင်းလင်းသည်။
"ငါတို့ဂိုဏ်းကို အတင့်ရဲပြီးကျူးကျော်လာတာ ဘယ်ကောင်လဲကွ..."
"နက္ခတ်ကာကွယ်သူသခင်တို့၊ ကျုပ်ကိုကယ်ပါဦး.."
"နတ်အလင်းကာကွယ်သူတို့၊ ကျုပ်ကိုကယ်ပါဦး..."
"ဖုန်းရွှေကာကွယ်သူတို့၊ ကျုပ်ကိုကယ်ပါဦး..."
"ဘယ်ညာလက်ရုံးကာကွယ်သူတို့၊ ကျုပ်ကိုကယ်ပါဦး..."
"တန်ချောင်ချောင်၊ ငါမွေးထားတဲ့ကိုယ်ပွားက..."
"ငါ့ကိသတ်ဖို့ကြိုးစားရင် တန်ချောင်ချောင်ခန္ဓာကိုယ်ထဲက သွေးသန္ဓေကို ဖောက်ခွဲပစ်မယ်..."
"တော်ဝင်သမီးတော်၊ ကျုပ်ကို ကယ်ပါဦး..."
"တော်ဝင်ဂိုဏ်းမွေခံ၊ ကျုပ်ကိုကယ်ပါဦး..."
"ဟူး...အခုမှပဲပြီးတော့တယ်"
လုယန်နှင့်မုန်ကျင်းကျိုးတို့ ဂိုဏ်းစခန်းခြောက်ခုကို အံ့ဖွယ်အမြန်နှုန်းဖြင့် တိုက်ခိုက်ရှင်းလင်းခဲ့သည်။
"ထင်ထားတာထက် ပိုမြန်သားပဲ။ သူတို့ကိုသတ်တာ နည်းနည်းမြန်လွန်းသွားတယ်။...ဒါနဲ့၊ တန်ချောင်ချောင်က ဘယ်လက်ရုံးကာကွယ်သူနဲ့ ရုပ်ချင်းနည်းနည်းဆင်သလိုပဲ။ အဲဒီ့ကာကွယ်သူက မသေခင်တစ်ခုခုပြောသွားသလားလို့"
မုန်ကျင်းကျိုး ပုခုံးတွန့်ပြသည်။
"မွေးထားတဲ့ကိုယ်ပွားဆိုလားဘာလားပဲ။ ဘာဖြစ်ဖြစ် အရေးမကြီးပါဘူးကွာ။ သူက သေပြီပဲ။ ဟိုကောင်မလေး သိပ်အများကြီးမသိတာ ပိုကောင်းပါတယ်။ သိရင် စိတ်ဖိအားတွေများလာနိုင်တယ်"
"ဒါလည်ဟုတ်တာပဲ"
ထန်ချန်ဝူ ဖြစ်စဉ်တလျှောက်လုံး မင်သက်မိနေခဲ့သည်။ ဖြစ်သွားသည့်အခြေအနေကို နားမလည်နိုင်တော့။
ကာကွယ်ူကျောင်း အိမ်ထဲဝင်လာသည်။ အချိန်စက်ဝန်းနောက်ပြန်လည်ပြီး အကြိမ်တစ်ဒါဇင်လောက်သေဖို့ သူ့ကိုယ်သူ စိတ်တင်းထားခဲ့သည်။ အန္တရာယ်ကြားတွင် သူပြန်ရှင်သန်မည်။
ဦးနှောက်နှင့်သတ္တိကိုသုံး၍ အရိုးခေါင်းနတ်ဆိုးဂိုဏ်းကို ရင်ဆိုင်မည်။ သူ့ညီ၏ထူခြားသည့် မူလဇစ်မြစ်ကို ဖော်ထုတ်မည်ဟု တွေးထားခဲ့သည်။
သို့သော်ယခု နေ့တစ်ပိုင်းတည်းဖြင့် အားလုံးကိစ္စပြီးသွားသည်။
***********************************