အခန်း (၁၀၀၀-၁၀၀၂)
Vol. 67 Ch. 1000-1002
အခန်း (၁၀၀၀) ဒုက္ခရောက်သည့်နေ့
"ဒကာလုက လူတွေကို အစုအပြုံလိုက်ခေါ်လာတဲ့နည်းလမ်းနဲ့ ကုသိုလ်ပြုတာလား"
"ဒီတစ်ယောက်က သုခကိုယ်တော်ကျင့်စဉ် ကျင့်တယ်။ ဒီတစ်ယောက်က သတ်သေဖို့ကြိုးစားတယ်။ ဒီတစ်ယောက်က စိတ်ညှို့ပညာတတ်တယ်...."
တစ်ယောက်ချင်းစီ၏နောက်ခံကို လုယန်မိတ်ဆက်ပေးသည်။ အမှုအားလုံးကလည်း တကယ်အရေးစိုက်သင့်သည်။ ဖမ်းဆီးရသည့်အလုပ်ကပင် လွယ်သည်မဟုတ်။ အခြေအနေကို စကားတစ်ခွန်းနှစ်ခွန်းဖြင့် ရှင်းပြ၍မရ။
နောက်ဆုံးတစ်ယောက်အကြောင်း ရှင်းပြပြီးချိန်တွင် လုယန်က အလေးအနက်ထပ်ပြောသည်။
"ကံကောင်းလို့ပေါ့။ လောင်မုန်နဲ့ကျုပ် ပွဲတော်မှာပြဿနာတစ်ခုခုပေါ်ပြီး ဝရုန်းသုန်းကားဖြစ်လာမယ်လို့ စိတ်ထဲမှာခံစားမိတယ်။ ဒါကြောင့် မြို့တော်ထဲက ပုံမှန်မဟုတ်တဲ့ လှုပ်ရှားမှုတွေကို စောင့်ကြည့်ခဲ့တယ်။ အခုကြည်လေ၊ သူတို့ကို ရှာတွေ့လာပြီပဲ"
သူ့စကားနားထောင်နေရင်း တွမ်ချန်း ကြောက်ချွေးပြန်လာသည်။ ထိုလူများအားလုံး တကယ့်အန္တရာယ်ကောင်များဖြစ်သည်။ လူတစ်ယောက်လွတ်နေခဲ့လျှင်ပင် ဤဗုဒ္ဓရေသဘင်ပွဲတော် ပျက်စီးသွားလိမ့်မည်။
သူကြိုတင်ပြင်ဆင်မထား၍ မဟုတ်။ ထိုအန္တရာယ်ကောင်များအားလုံးက လျှို့ဝျက်လှုပ်ရှားခဲ့ခြင်းကြောင့်ဖြစ်သည်။ အင်အားတိုးမြှင့်ထားသည့် ကင်းလှည့်အဖွဲ့များပင် သူတို့ကို ရှာမတွေ့ခဲ့။
"ဒကာတို့နှစ်ယောက် ဒီလူတွေကို ဘယ်လိုတွေ့အောင်ရှာနိုင်တာလဲ။ ကျုပ်ကို ပညာတစ်ခုနှစ်ခုလောက် သင်ပေးလို့ရမလား"
လုယန်က ကိုယ့်ကိုယ်ကိုနှိမ့်ချသည့် ဟန်ပန်ဖြင့် လက်ခါပြသည်။
"ဘာပညာမှ ထူးထူးထွေထွေမရှိပါဘူး။ ဒါက လောကအရှင်ရဲ့ ကာကွယ်စောင့်ရှောက်မှုပါပဲ"
ထိုစကားကြောင့် တွမ်ချန်း ရင်ထဲထိသွားသည်။ မှန်သည်။ ထိုတစ်ခုသာဖြစ်နိုင်သည်။ မဟုတ်လျှင် ဝိညာဉ်အာရုံကို မနားတမ်းဖြန့်ထားလည်း လူအားလုံးကိုတော့ ရှာတွေ့နိုင်မည်မဟုတ်။
"ဒကာတို့နှစ်ယောက်က တကယ့်ကိုဗုဒ္ဓကောင်းချီးရထားတဲ့ လူတွေပဲဖြစ်မယ်"
"ကိုယ်တော်။ ဒီလူတွေကိစ္စ ကိုယ်တော်ပဲရှင်းလိုက်ပါတော့။ ဆန်ခါတင်ရှစ်ယောက် ရွေးရမယ့်အချိန် ရောက်တော့မယ်ထင်တယ်။ ကျုပ်နဲ့လောင်မုန် ပြိုင်ပွဲကွင်းဆီ သွားလိုက်ဦးမယ်"
လုယန်က အချိန်ကို ခန့်မှန်း၍ပြောသည်။
အမှန်တော့ ဖုတ်ကောင်အဆိပ်ဖြန့်သူကို ဖမ်းပြီးချိန်က ပွဲတော်ထဲလှည့်ပတ်ဖို့ အချိန်အတော်ရသေးသည်။ သို့သော် ထင်မထားခဲ့။ နောက်ထပ်အဖမ်းခံမည့်လူများက အစဉ်လိုက်စောင့်နေသည်။ အားလုံးကိုဖမ်း၍ ခိုင်ဟွမ်ဘုံကျောင်းသို့ ပြန်ပို့ရသဖြင့် အချိန်ကုန်သလောက်ဖြစ်သွားသည်။
"ဟုတ်ပါပြီ"
လုယန် ဂိတ်တံခါးမှထွက်လိုက်ချိန်တွင် သူ့မြင်ကွင်းများ အမှောင်ကျသွားသည်။ မြင်ကွင်းပြန်ပေါ်လာချိန်တွင် ပြိုင်ပွဲစင်နားသို့ သူရောက်နေသည်။
"လောင်လု၊ သူတို့တိုက်ခိုက်တာ ကြည့်ကြမလား"
မုန်ကျင်းကျိုးက ဆူညံနေသည့်စင်မြင့်ဆီ လက်ညှိုးထိုးပြသည်။ အတော်စိတ်ဝင်စားနေဟန်ရှိသည်။
လုယန် မျက်ခုံးတစ်ချက်လှုပ်သွားသည်။ မဟုတ်သေး။ ဘာကြောင့် ပွဲတော်ချိန်တွင် အချိန်စက်ဝန်းနောက်ပြန်လည်သွားသည်မသိ။ ပွဲတော်ရက်မှာပင် သူကောင်းကောင်းပျော်ခွင့်မရ။
"ကြည့်မနေပါနဲ့ကွာ။ သူတို့တိုက်ခိုက်စွမ်းအားက သာမန်ပါပဲ။ သူတို့ထဲမှာ အတော်ဆုံးလူက မြေအဆင့် ကိုးဆယ့်ကိုးနဲ့ ကိုးဆယ့်ငါးပဲဖြစ်မှာပါ"
တစ်ကြိမ်ကြည့်ပြီးဖြစ်၍ လုယန်အချိန်ကုန်မခံချင်တော့။
"မြေအဆင့်ဆိုတာဘာလဲ"
လုယန် နဖူးကိုလက်ဖြင့်အုပ်လိုက်သည်။ လက်ရှိလောင်မုန်က မြေအဆင့်အကြောင်းမသိသေးသည့်အဖြစ်ကို သူမေ့သွားသည်။
"အနောက်မိုးပျံဘုံကျောင်းက ဗုဒ္ဓနိုင်ငံကျင့်ကြံသူတွေကို အဆင့်ခွဲထားတဲ့စနစ်ပါ။ လူအဆင့်၊ မြေအဆင့်၊ ကောင်းကင်အဆင့်ဆိုပြီးရှိတယ်....."
"သဘောပေါက်ပြီ"
မုန်ကျင်းကျိုး နားလည်လာသည်။ ဘာမှသိပ်မတွေးတော့။ ဆက်စုံစမ်းမှသာ သိနိုင်မည့်ကိစ္စဖြစ်သည်။
"ဒါပေမယ့် ဒီမြေအဆင့်ဆိုတာ ဘယ်လောက်စွမ်းအားရှိလဲ မင်းမသိချင်ဘူးလား"
မုန်ကျင်းကျိုးက ပြိုင်ပွဲကိူ စိတ်ဝင်စားနေဆဲဖြစ်သည်။ ဆက်ကြည့်လိုပုံရသည်။
စင်မြင့်ပေါ်တွင် ဟောာ်ယင်က ဖန်ဝူတိကို အလေးအနက် စိုက်ကြည့်နေသည်။
"မင်းက အရဟတ်ဗုဒ္ဓခန္ဓာပိုင်ရှင်လို့ကြားတယ်။ ခန္ဓာကိုယ်ကို ရွှေနဂါးပတ်ပြီး မွေးလာတယ်။ အဲဒါက မွေးရာပါ အမှတ်အသားဖြစ်လာတယ်။ မွန်းတည့်ချိန်မှာ...."
မုန်ကျင်းကျိုး အတော်ကြာအောင် ကြည့်နေပြီးနောက် စိတ်ပျက်သွားသည်။
"သူတို့အစွမ်းက ဒီလောက်ပဲလား။ ငါရွှေသန္ဓေအဆင့်တုန်းကဆိုရင် သူတို့နှစ်ယောက်လုံးကို တစ်ပြိူင်တည်းတိုက်နိုင်တယ်"
"ဘာမှကြည့်စရာမရှိဘူးလို့ ငါမင်းကိုပြောသားပဲ"
"မြေအဆင့်ကျင့်ကြံသူတွေ ပေါ်လာမယ်ဆိုတာ မင်းဘယ်လိုသိတာလဲ"
မုန်ကျင်းကျိုး တွေးမရ။ ခိုင်ဟွမ်ဘုံကျောင်းပင် ပြိုင်ပွဲဝင်များအကြောင်းမသိ။ ပြိုင်ပွဲဝင်ခါနီးမှ စာရင်းသွင်းကြခြင်းဖြစ်သည်။
"သိတာပေါ့။ ဒါတွေအားလုံးကို ငါတစ်ကြိမ်ကြုံခဲ့ပြီးသားပဲ"
"တစ်ကြိမ်ကြုံခဲ့ပြီးပြီဆိုတာ ဘာကိုပြောတာလဲ"
မုန်ကျင်းကျို အတော်အံ့အားသင့်နေသည်။
လုယန် ရှင်းပြသည်။ အစောပိုင်းက အချိန်စက်ဝန်းအကြောင်းတွေးနေသဖြင့် ရှင်းပြခွင့်မရခဲ့။
"အဲဒီ့ကိစ္စက ငါဝိညာဉ်ပြောင်းအလတ်တန်းဆင့်ကို တက်တဲ့အချိန်ကနေ စခဲ့တာ...."
အစအဆုံး အားလုံးကို သူရှင်းပြသည်။ ပြီးခဲ့သည့် ခြောက်လအတွင်း အတွေ့အကြုံများကို ပြန်ပြောပြသည်။ မုန်ကျင်းကျိုး လုံးဝမင်သက်မိနေသည်။
မသေမျိုးတစ်ဝက်အဆင့်များ အချိန်ကို ရပ်တန့်နိုင်ကြောင်း သူ့ဘိုးဘေးများထံမှကြားဖူးသည်။ သို့သော် အချိန်နောက်ပြန်ရစ်သည့်ကိစ္စမျိုးတော့ လုံးဝမကြားဖူး။
လုယန်ပြောပုံဆိုပုံက လိမ်ညာနေဟန်လည်းမရှိ။
"ဪ...အဲလိုလား။ အရိယဖလက အဲလိုတောင်လုပ်နိုင်တယ်ပါ့..."
မုန်ကျင်းကျိုး သဘောပေါက်သွားပြီးခေါင်းငြိမ့်သည်။ ထို့နောက် ရုတ်တရက် အူကြောင်ကြောင်ပုံစံ ဖြစ်လာသည်။
"အဲ လောင်လု၊ ခုနက မင်းဘာအကြောင်းပြောနေတာလဲ"
လုယန် '..."
သောက်လခွမ်းတဲ့မှပဲ။ အရိယဖလရဲ့ မေ့ပျောက်ခြင်းဗီဇစွမ်းရည်အကြောင်း မေ့သွားတယ်ကွာ...နေ့တစ်ပိုင်းလုံး ရှင်းပြခဲ့ရတာ အာခြောက်ရုံသက်သက်ပါပဲလား...
"သခင်လု၊ သခင်မုန်"
ရင်းနှီးသည့်စကားသံပေါ်လာသည်။ လုယန် နောက်လှည့်ကြည့်စရာမလို။ တန်ချောင်ချာင်နှင့် ကွေ့ချွဲအာမှန်းသိသည်။
"သခင်တို့က အကဲဖြတ်ဒိုင်လုပ်ရမှာလို့ ပြောတယ်မဟုတ်လား။ ဘာလို့ဒီမှာရှိနေတာလဲ"
"အလှည့်မရောက်သေးလို့ပါ"
လုယန် ခပ်တိုတိုပြန်ပြောသည်။ ပြီးခဲ့သည့်တစ်ကြိမ်လို တန်ဝူချောင်အကြောင်းမမေးတော့။
"မင်းတို့နှစ်ယောက်ပဲလား။ ဟိုကောင်လေးချန်ဝူက ဘယ်မှာလဲ"
မုန်ကျင်းကျိုးက သူ့ကိုယ်စားမေးသည်။
"အကိုက ဆေးပစ္စည်းဝယ်ဖို့ ဆေးဆိုင်ပိုင်ရှင်နဲ့အတူ ကြာပန်းမြို့ကိုသွားတယ်"
"ဒါဆိုလည်း ဆန်ပြုတ်ဝေတဲ့အခါ ဂရုစိုက်ပါ မိန်းကလေးကွေ့"
လုယန် အကြံပေးလိုက်သည်။
ကွေ့ချွဲအာ အံ့အားသင့်သွားသည်။
"ကျွန်မ အဖေနဲ့အတူ ဆန်ပြုတ်ဝေမယ်ဆိုတာ သခင်လု ဘယ်လိုသိတာလဲ"
"မင်းမေ့နေပြီထင်တယ်။ မင်းတို့မိသားစုက ငါးရက်၊ ဆယ့်ငါးရက်၊ နှစ်ဆယ့်ငါးရက်နေတွေရောက်တိုင်း ဆန်ပြုတ်ဝေတယ်ဆိုတာ ပြောဖူးတယ်လေ။ ဒီနေ့က ဆယ့်ငါးရက်နေ့ပါ"
"မနက််ဖြန်မှ ဝေလို့မရဘူးလား"
မုန်ကျင်းကျိုးက မေးသည်။ ယနေ့သည် ပျော်ရမည့်နေ့မျိုးဖြစ်သည်။
လုယန် ခေါင်းခါသည်။
"မရဘူးလေ။ ဒီနေ့လုပ်တဲ့ကောင်းမှုဟာ သာမန်နေ့တွေထက်ဆယ်ဆပိုပြီးကုသိုလ်ရတယ်။ ဆန်ပြုတ်တွေ ပိုပြီးတောင်ဝေရဦးမှာ"
ကွေ့ချွဲအာ ပို၍အံ့အားသင့်သွားသည်။
"သခင်လုက ဒီလောက်ထိတောင် သိနေတယ်ပေါ့။ နယ်ခံတွေလောက်ပဲ ဒီယုံကြည်ချက်ကို သိကြတယ်ထင်ထားတာ"
ကွေ့ချွဲအာတို့နှင့် လမ်းခွဲပြီးနောက် မုန်ကျင်းကျိုးက လုယန်ကို အဖော်ညှိသည်။
"လောင်လု၊ ငါတို့လည်း ကောင်းမှုကုသိုလ်လေး နည်းနည်းလောက်သွားလုပ်ကြမလား"
"ဒါကလွယ်ပါတယ်"
ယနေ့ကုသိုလုပ်မည့် ကောင်းမှုများအကြောင်း သူ့လောက်ဘယ်သူမှ နားမလည်နိုင်။
လူစည်နေသည့်လမ်းအတိုင်း မုန်ကျင်းကျိုးကို သူခေါ်သွားသည်။ ရုတ်တရက် ဝတ်ရုံနက်လူတစ်ယောက်က သူတို့ကို ဖြတ်ခနဲလှည့်ကြည့်ပြီး ခြောက်ကပ်ကပ်ရယ်နေသည်။ မုန်ကျင်းကျိုး မင်သက်မိသွားသည်။
"ခိုင်ဟွမ်မြို့ရဲ့ ကပ်ဆိုးတွေကို မင်းတို့နဲ့ပဲ-.."
"ပြောပြိးသားစကားတွေကို ထပ်ပြောမနေနဲ့တော့ကွာ"
လုယန် ရှေ့သို့တက်သွားပြီး ဝတ်ရုံနက်မျက်နှာကို လက်ဝါးဖြင့်ရိုက်ချသည်။ ထိုလူလဲကျသွားသည်။
"လောင်လု၊ သူက..."
လုယန် ဆောင့်ကြောင့်ထိုင်၍ ဝိညာဉ်ချုပ်ကြိုးတစ်ချောင်းထုတ်ပြီး ဝတ်ရုံနက်ကို တုပ်နျောင်သည်။ ဤတစ်ကြိမ်တွင် ဝိညာဉ်မှတ်ဉာဏ် ရှာနေစရာမလိုတော့။
"သိပ်အများကြီးမမေးနဲ့။ ငါမင်းကို ကောင်းမှုကုသိုလ်လုပ်ဖို့ ခေါ်သွားပေးမယ်"
"အဲ..ဪ..အေးပါ"
ထို့နောက် နှာဗူးဘုန်းကြီး၊ ခန္ဓာကိုယ်ဖောက်ခွဲမည့်ကျင့်ကြံသူ။ ပင့်ကူကျင့်ကြံသူ...တစ်ယောက်ချင်းစီ ဖမ်းသည်။ တစ်ခါဖမ်းဖူးပြီးဖြစ်၍ ဤတစ်ကြိမ် လုယန် ပို၍ကျွမ်းကျင်မြန်ဆန်လာသည်။
"ကဲ..ပြီးပြီ။ သူတို့ကို တွမ်ချန်းဆီ-.."
စကားမဆုံးမီ လုယန်၏မြင်ကွင်း အမှောင်ကျသွားသည်။ ပြိုင်ပွဲစင်နားသို့ ပြန်ရောက်လာသည်။
အချိန်တစ်ခဏအတွင်း အချိန်စက်ဝန်း ငါးကြိမ်လည်သွားသည်။
"လောင်လု၊ သူတို့တိုက်ခိုက်တာ ကြည့်ကြမလား"
မုန်ကျင်းကျိုး ပြိုင်ပွဲစင်ဆီ လက်ညှိုးထိုးပြသည်။
"ကြည့်မနေပါနဲ့ကွာ။ အတော်ဆုံးလူဆိုလို့ မြေအဆင့်ကျင့်ကြံသူနှစ်ယောက်ပဲရှိတာပါ"
"မြေအဆင့်ဆိုတာဘာလဲ"
လုယန် ရှေ့သို့ ခြေနှစ်လှမ်းတက်သွားသည်။ လူအုပ်အစွန်မှ အသံအကျယ်ဆုံး ပရိတ်သတ်တစ်ယောက်၏ ပုခုံးကိုပုတ်လိုက်သည်။
"လာပါဦး၊ မြေအဆင့်ဆိုတာဘာလဲ သူ့ကိုရှင်းပြပေးလိုက်ပါဦး"
********************************
အခန်း (၁၀၀၁) ထောင်ချောက်မိသူ
မြေအဆင့်အကြောင်းရှင်းပြပြီးနောက် တန်ချောင်ချာင်တို့ရောက်မလာမီ လုယန်က လောင်မုန်ကို ကောင်းမှုကုသိုလ်လုပ်ဖို့ ဆွဲခေါ်သွားသည်။ အချိန်လု၍လုပ်မှ ပျော်ချိန်နည်းနည်းရမည်။
ထိုရာဇဝတ်သားများကို အရေးမစိုက်ဘဲလည်း သူမနေရဲ။ ဤအချိန်စက်ဝန်းက နောက်ဆုံးအကြိမ် အတည်ဖြစ်သွားနိုင်သည်။
ကံဆိုး၍ နောက်ဆုံးအချိန်စက်ဝန်းဖြစ်သွားလျှင် ဘယ်သူ့ကိုမှအားကို၍ ရတော့မည်မဟုတ်။ ခိုင်ဟွမ်မြို့တော် အကြီးကျယ်ဒုက္ခရောက်မည်။
အရင်ကလည်း ထိုသို့အလွဲအချော်များ သူကြုံဖူးသည်။
အချိန်စက်ဝန်းတစ်ခုတွင် သူပိတ်မိသည်။ တောင်ယော်ယဲ့နှင့် ဆယ့်ငါးကြိမ်မြောက် စကားပြောရသည့်အချိန်ဖြစ်သည်။ အထပ်ထပ်ပြောနေရသည်ကို ငြီးငွေ့လာသဖြင့် စိတ်မရှည်သလိုပြီးစလွယ်ပြောလိုက်မိသည်။
တိုက်တိုက်ဆိုင်ဆိုင် ထိုအကြိမ်က နောက်ဆုံးအချီန်စက်ဝန်းဖြစ်နေသည်။ ထောင်ယော်ယဲ့က သူ့အပေါ်အမှားတစ်ခုခုလုပ်မိ၍ သူစိတ်ဆိုးနေသည်ဟုထင်သွားပြီး မျက်ရည်နှင့်မျက်ခွက်ဖြစ်သွားသည်။ သူမနည်းချော့ယူရသည်။ အကျိုးအကြောင်းခိုင်လုံအောင် ဆင်ခြေပြရသည်။
ထိုအချိန်ကျမှ ထောင်ယော်ယဲ့ကျေနပ်သွားသည်။
"ခိုင်ဟွမ်မြို့ကပ်ဆိုးကို မင်းတို့နှစ်ယောက်နဲ့..."
"မိန်းကလေး...ငါ့ကိုပဲ ပေးလိုက်ပါ..."
"ငါကြာကြာနေရတော့မှာမဟုတ်ဘူး..."
"အခုချိန်ကစလို့ မင်းရဲ့အာရုံခံစားမှုတွေ..."
"ကိုယ်တော်၊ အားလုံးစုံပါပြီ။ ဝိညာဉ်မှတ်ဉာဏ်ပဲ ရှာလိုက်ပါတော့"
လုယန်က မုန်ကျင်းကျိုးကိုခေါ်၍ လုပ်စရာတာဝန်များကို တရစပ်လုပ်သည်။ အရင်အချိန်စက်ဝန်းများထက် ဖမ်းဆီးနှုန်းပိုမြန်လာသည်။
"မင်းက လုပ်တာကိုင်တာ စိတ်အရမ်းလောနေသလိုပဲနော်"
မုန်ကျင်းကျိုး လုယန်ဦးနှောက်ကို လိုက်မမီနိုင်တော့။ လုယန်ပုံစံက ဖြစ်လာမည့်အခြေအနေကို ကြိုသိသလို ဖြစ်နေသည်။
"မမေးပါနဲ့တော့ကွာ။ ငါအရမ်းပင်ပန်းနေလို့ပါ"
လုယန် သက်ပြင်းချသည်။ ခြောက်ခုမြောက်အချိန်စက်ဝန်း ထပ်ဖြစ်မလာဖို့ သူကျိန်၍ဆုတောင်းနေသည်။
ပန်းချီသကြားလုံးဆိုင်တစ်ခုရှေ့တွင်ရပ်လျက် သူ့ရုပ်ပုံသကြားလုံးတစ်ခု မုန်ကျင်းကျိုးရုပ်ပုံသကြားလုံးတစ်ခု ဝယ်သည်။
မုန်ကျင်းကျိုးကိုတစ်ခုလှမ်းပေးသည်။
"ရော့၊ ငါဝယ်ကျွေးတာပါ"
မုန်ကျင်းကျိုးစိတ်ထဲတွင် သရိုးသရီခံစားရသဖြင့် သကြားလုံးကို လက်ဘယ်ညာပြောင်း၍ ကြည့်နေသည်။ စားရမည်ကိုတွန့်ဆုတ်နေသည်။
သကြားလုံးရုပ်ပုံက မကောင်း၍မဟုတ်။ အသက်ဝင်လွန်းနေ၍ဖြစ်သည်။
လုယန်လည်း တုံ့ဆိုင်းဆိုင်းဖြစ်နေသည်။ သို့သော် ကိုယ့်ရုပ်ပုံပါသည့် သကြားလုံးကိုတွေ့ပြီးမှ တစ်ခုလောက်မဝယ်လျှင် ရှက်စရာလိုလိုခံစားရသည်။
သိစိတ်နယ်မြေမှနတ်မယ် စိတ်ဝင်စားလာဟန်ဖြင့် ကြာပလ္လင်ပေါ်တွင် ငေါက်ခနဲ ထထိုင်လာသည်။ မသေချာမရေရာသည့် အချိန်စက်ဝန်းကို ရောက်နေ၍လား။ သို့မဟုတ် လုယန်က ပုံတူသကြားလုံးဝယ်၍လားတော့မသိ။
"ရှောင်ယန်၊ လုပ်ပါ၊ နင့်ခန္ဓာကိုယ် ငါ့ကိုလွှဲပေးပါဦး"
လုယန်ကို ငြင်းခွင်မပေး။ ရှေးဟောင်းမဟာနတ်ဆိုးက ချက်ချင်းဝင်ပူးကပ်သည်။
လုယန်ခန္ဓာကိုယ်ဖြင့် သကြားလုံးကို လျှာဖြင့်လျက်သည်။ အနိမ်အမြင့်သံစုံရှိသည့် တေးသွားတစ်ပုဒ်ကို ညည်းသည်။
"ချိုလိုက်တာ"
ထို့နောက် ခန္ဓာကိုယ်ကို ပြန်လွှဲပေးသည်။
နတ်မယ်အမူအရာကိုမြင်ပြီးနောက် လုယန်လည်း မဝံ့မရဲအကဲစမ်း၍ ပုံတူသကြားလုံးကို လျှာဖြင့်လျက်ကြည့်သည်။ ပုံမှန်သကြားလုံးအရသာဟုသာ သူထင်သည်။ ဘာကြောင့်နတ်မယ်က 'ချိုလိုက်တာ'ဟု ပြောမှန်းမသိ။
တစ်ကြိမ်လျက်ပြီးဖြစ်၍ စိတ်ထဲတွင် မဝံ့မရဲမဖြစ်တော့။ သကြားလုံးကို သူဆက်စားသည်။
စိတ်လွတ်ကိုယ်လွတ်စားနေသည့် သူ့ကိူကြည့်၍ မုန်ကျင်းကျိုးလည်း ဣန္ဒေမဆည်တော့ဘဲ စ၍စားသည်။
သူတို့နှစ်ယောက် ပုံတူသကြားလုံးများစားရင်း လူစည်းကားသည့်လမ်းများပေါ် လျှောက်သွားသည်။
လမ်းသွားလမ်းလာတစ်ချို့ ပြောနေသည့်စကားသံက သူတို့နားထဲဝင်လာသည်။
"လောင်ချန်း၊ ငါတို့ကွာရှင်းကြမယ်။ နင်က အသက်လေးဆယ်ပြည့်နေပြီ။ ဘာတစ်ခုမှ အောင်မြင်တာမရှိသေးဘူး။ ဒီလိုမှန်းသာသိရင် ငါနင့်ကို လုံးဝလက်မထပ်ခဲံဘူး"
"သားလေး၊ မင်းက အသက်ခြောက်နှစ်တောင်ရှိပြီပဲ။ အဖေ့ငွေတွေ မသုံးနဲ့တော။ ကိုယ်ဘာသာရပ်တည်ဖို့ အချိန်ရောက်ပြီ။ သားအဖသံယောဇဉ်ကို ဒီနေ့ပဲဖြတ်ကြရအောင်"
"အဘိုးကြီး၊ ခင်ဗျားနေမကောင်းဖြစ်ကတည်းက ကျုပ်ငွေတွေအများကြီးကုန်ခဲ့တယ်။ ဒီနေ့ကစပြီး ခင်ဗျားသေသေရှင်ရှင် ကျုပ်ဂရုမစိုက်ဘူး။ ဒီအိမ်ကနေ ထွက်သွားတော့"
လုယန် ခြေလှမ်းရပ်သွားသည်။ ထိုသို့ပြောပုံဆိုပုံမျိုး လမ်းတလျှောက် ဆက်တိုက်ကြားခဲ့ရသည်။ ကွာရှင်းသည်။ အဖေကသားသမီးကို စွန့်ပစ်သည်။ သမီးက အမေကိုစွန့်ပစ်သည်။
ထိုသို့ဖြစ်နေသည့် အရေအတွက်က များလွန်းနေသည်။
"ခဏနေဦး။ သိပ်တော့မမူမှန်တော့ဘူး"
ရယ်သံမောသံပြည့်နေခဲ့သည့်လမ်းများ ရုတ်တရက် ရယ်မောသံပျောက်ဆုံးသွားသည်ကို သူတို့သတိမထားမိခဲ့။ ယခု ဆောင့်နင်းနေသည့်ခြေသံများ အေးစက်စက်စကားသံများကိုသာ ကြားနေရသည်။
သူတို့နှစ်ယောက်က ကိုယ့်ဘာသာ ပြောဆိုရယ်မောနေခဲ့ကြသည်။ ယခုမှ ပတ်ဝန်းကျင်မူမမှန်သည့်အဖြစ်ကို သတိထားမိသည်။
တစ်လမ်းလုံးတွင် သူတို့နှစ်ယောက်သာ ရယ်မောနေခြင်းဖြစ်သည်။ ထူးဆန်းနေသည်။
"ဘာတွေဖြစ်နေတာလဲ"
"မေ့ပျောက်ဆေးပဲ"
လုယန် ချက်ချင်းနားလည်သွားသည်။ မေ့ပျောက်ဆေး၏အာနိသင်ဖြစ်ကြောင်း ထင်ရှားနေသည်။ ခံစားချက်ပျောက်သွားသည်နှင့် ကိုယ်ကျိုးစီးပွားကိုသာ ကြည့်တော့မည်။ မိဘများအတွက် သားသမီးငယ်များသည် ဝန်ထုပ်ဝန်ပိုးဖြစ်သည်။ သားသမီးများတွက် သက်ကြီးရွယ်အိုမိဘများသည် ဝန်ထုပ်ဝန်ပိုးဖြစ်သည်။ အားလုံးကို စွန့်ပစ်ကြလိမ့်မည်။
လမ်းပေါ်မှလူအားလုံး မေ့ပျောက်ဆေးကို သောက်ခဲ့ခြင်းဖြစ်မည်။
မဟုတ်သေး။ မဖြစ်နိုင်။ ဤတစ်လမ်းတည်း ထိုသို့ဖြစ်နေခြင်းမဟုတ်။
ဝိညာဉ်အာရုံစွမ်းအားအောက်တွင် ဖုံးကွယ်ထားနိုင်သည့်အရာ ရှိဖို့ခဲယဉ်းသည်။ သို့သော် ဖုံးကွယ်ထားလည်း လုယန် အရေးမစိုက်နိုင်တော့။. သူ့ဝိညာဉ်အာရုံကိုဖြန့်လိုက်သည်။ လမ်းပေါင်းအိမ်ပေါင်းဆယ်ချီ၍ ဖုံးလွှမ်းသွားသည်။
သာမန်လူများရောကျင့်ကြံသူများပါ ခံစားချက်ကင်းမဲ့သည့် မျက်နှာမျိုးရှိနေသည်။ လူသေလို လမ်းလျှောက်နေကြသည်။
"မင်းကြည့်လိုက်ဦး။ ခိုင်ဟွမ်းတစ်မြို့လုံး အဲလိုအဖြစ်မျိုး ကြုံနေရပြီထင်တယ်"
လုယန် ရင်ထိတ်လာသည်။ ဆိုးဝါးသည့်ကိစ္စတစ်ခု ဖြစ်နေသည်ကို ခံစားမိသည်။
"နှလုံးမဲ့ဂိုဏ်းရဲ့လက်ချက်များလား။ လူအားလုံးအပေါ်သက်ရောက်အောင် သူတို့ဘယ်လိုလုပ်နိုင်တာလဲ"
မုန်ကျင်းကျိုးလည်း မျက်နှာတည်သွားသည်။ သူတို့မျက်စိအောက်တွင် ရုတ်တရက် ဖြစ်လာသည်။ အစောပိုင်းက လုံးဝသတိမထားမိခဲ့။
လုယန်တစ်ခုတွေးမိသဖြင့် အောက်မြေပြင်ကို ငုံ့ကြည့်လိုက်သည်။ မြေပြင်က စိုစွတ်နေသည်။ ရေစီးတစ်ချို့ အပြာရောင်ကျောက်ခင်းလမ်း၏ အက်ကြောင်းများထဲ စိမ့်ဝင်နေသည်။ လမ်းမျက်နှာပြင်နှင့် မြေသားများ စိုထိုင်းနေသည်။ သဲလွန်စတစ်ခု ရလိုက်သည်။
"တူးမြောင်းရေပဲ။ မျက်စိသုံးလုံးသရဲကိုယ်တော်ကို မှတ်ဉာဏ်ရှာဖွေတဲ့အချိန် ကိုယ်တော်တွမ်ချမ်းပြောခဲ့တာကို မင်းမှတ်မိလား"
လုယန် အစဖော်လိုက်သဖြင့် မုန်ကျင်းကျိုးလည်း နားလည်လာသည်။
"မေ့ပျောက်ဆေးက ရေနဲ့ထိရင် အရည်ပျော်သွားတယ်ဆိုတာလား။ ဒါဆို အဓိကပြဿနာက ရေပေါ့"
"ဟုတ်တယ်။ တစ်ယောက်ယောက်က မေ့ပျောက်ဆေးတွေအများကြီး တူးမြောင်းရေထဲကို သွန့်ပစ်ခဲ့တာဖြစ်မယ်။ ဒီနေ့က ဗုဒ္ဓရေသဘင်နေ့လေ။ လောကအရှင်ရဲ့မွေးနေပဲ။ သူ့မွေးနေ့ကို ဂုဏ်ပြုဖို့ လူတိုင်းက ရေလောင်းကြတယ်။
တူးမြောင်းရေတွေကို ခိုင်ဟွမ်တစ်မြို့လုံးမှာ ဖြန်းကြတယ်။ ရေက အငွေ့ပျံပြီး မေ့ပျောက်ဆေးအာနိသင်တွေ လေထဲကိုရောက်သွားတယ်။ လူတွေက ဘာမှသတိမထားမိဘဲ ဒီလေကိုရှူမိကြတာပဲ။
နတ်ဆိုးသားရဲတွေက မေ့ပျောက်ဆေးအစွမ်းကို ပိုပြီးအာရုံခံနိုင်တယ်။ ငါတို့ဖမ်းမိခဲ့တဲ့ ပင့်ကူကျင့်ကြံသူကို မှတ်မိလား။ ပင်ကူဘုရင်က သူ့ခန္ဓာကိုယ်ကို ဝင်ပူးတယ်။ ပင်ကူကပ်ဆိုက်မတတ်ဖြစ်ခဲ့တယ်လေ။ ဒါကလည်း ပင်ကူဘုရင်ကို မေ့ပျောက်ဆေးအစွမ်းက လွှမ်းမိုးလို့ စိတ်လွှတ်သွားတာဖြစ်မယ်။
ငါတို့က ကျင့်စဉ်အဆင့်မြင့်လို့ ဆေးငွေ့ရှူမိရင်တောင် ခဏပဲအာနိသင်သက်ရောက်မှာ။ ဆေးငွေ့တွေက လေထုနဲ့ရောစပ်ရတော့ အာနိသင်အများကြီးလျှော့သွားမယ်။ ဒါကြောင့် ငါတို့ဘာမှမဖြစ်တာ။ ဒါပေမယ့် တစ်ခြားကျင့်ကြံသူတွေက ဒီလိုခံနိုင်ရည်ရှိမှာမဟုတ်ဘူး"
"ကိုယ်တော်တွမ်ချန်းကို သွားတွေ့ရအောင်။ သူလည်း ဝိညာဉ်ပြောင်းအဆင့်ပဲ။ ငါတို့လောက် စွမ်းအားမကြီးပေမယ့် ဆေးဒဏ်တော့သင့်မှာမဟုတ်ဘူး"
နှစ်ယောက်သာ ဆုံးဖြတ်ချက်အမြန်ချသည်။ မြို့တော်တွင်းမပျံသန်းရအမိန့်ကို အရေးမစိုက်တော့ဘဲ လေထဲသို့တက်၍ ခိုင်ဟွမ်ဘုံကျောင်းဆီ ပျံသန်းသွားကြသည်။
ဘုံကျောင်းတံခါးတွင် သူတို့ဆင်းသည်။ ဘုံကျောင်းက လာလည်သူများ ပြည့်နက်နေဆဲဖြစ်သည်။ ဗုဒ္ဓကိုမွှေးတိုင်လှူဒါန်းသူ ဆုတောင်းသူများ၏ အရေအတွက်က မေ့ပျောက်ဆေးအစွမ်းကြောင့် ပို၍ပင်တိုးလာသည်။
သူတို့မျက်နှာက ခံစားချက်ကင်းမဲ့နေသည်။ ခိုင်ဟွမ်ဘုံကျောင်းထဲသို့ ရုပ်သေးရုပ်များလို ဝင်သွားသည်။ ကြေးပြားငွေပြားများ၊ ဝိညာဉ်ကျောက်များ အလှူခံဘုံးထဲသို့ ပုံစံတကျထည့်ကြသည်။
အစောပိုင်းက အများလှူ၍သာ ရောယောင်လှူဒါန်းခဲ့သူများ ရှိကောင်းရှိခဲ့မည်။ သို့သော်ယခု မေ့ပျောက်ဆေးအစွမ်းကြောင့် နှမျောတွန့်တိုစိတ်မျိုးပင် လုံးဝမရှိကြတော့။
လုယန်တို့နှစ်ယောက် ကျောင်ထိုင်၏ =အခန်းတံခါးကို အမြန်ဖွင့်၍ တန်းဝင်သွားသည်။
"ကိုယ်တော်၊ အခြေအနေမကောင်းတော့ဘူး။ မြို့တော်တစ်ခုလုံး မေ့ပျောက်ဆေးအဆိပ် သင့်နေကြပြီ"
******************************
အခန်း (၁၀၀၂) လက်သည်တရားခံ
ကျောင်းထိုင်၏အခန်းထဲတွင် သူတို့ဖမ်းထားသည့်လူအားလုံး ထိန်းသိမ်းထားသည်။ တွမ်ချန်းက တရားစီရင်ဆုံးဖြတ်ဖို့ တစ်ယောက်ချင်းစစ်ဆေးမေးမြန်းနေသည်။
လုယန်တို့ပြောသည့်သတင်းကြောင့် မျက်လုံးပြူးသွားပြီး ချက်ချင်းထရပ်လာသည်။
"ဘယ်လို"
ယခုနှစ်ဗုဒ္ဓရေသဘင်ပွဲက ဘာကြောင့်ပြဿနာပေါင်းသောင်းခြောက်ထောင် ကြုံနေရသည်မသိ။
လောကအရှင်ကောင်းချီးကြောင့် လုယန်တို့နှစ်ယောက်ကို ဖိတ်ခေါ်ထားမိ၍ တော်သေးသည်။ မဟုတ်လျှင် ပွဲတော်တွင်းပြဿနာများက ယခုထက်ပင်ပိုကြီးလာနိုင်သည်။
"ပြောပါဦး။ အခု အခြေအနေက ဘယ်လိုလဲ"
နှာဗူးဘုန်းကြီးကို စစ်ဆေးမေးမြန်းမှု ဆက်မလုပ်နိုင်တော့။ အားလုံးကို ချုပ်နှောင်ထားပြီးဖြစ်၍ ထွက်ပြေးနိုင်စရာလည်း အကြောင်းမရှိ။
"ကိုယ်တော်၊ အပြင်ဘက်ကို ဝိညာဉ်အာရုံသာ ဖြန့်ကြည့်လိုက်ပါတော့။ အခြေအနေကို သိပါလိမ့်မယ်"
တွမ်ချန်း ဝိညာဉ်အာရုံဖြန့်လိုက်သည်။ လုယန်တို့နှစ်ယောက်ဖြန့်သလောက် စက်ကွင်းမကျယ်သော်လည်း မြို့ထဲမှ မူမှန်သည့်အခြေအနေကို ရှင်းလင်းစွာမြင်သည်။
မြို့သူမြို့သားအားလုံး၏မျက်နှာက အပြုံးအရယ်မရှိ။ သရဲကိုယ်တော်မှတ်ဉာဏ်ထဲမှ မေ့ပျောက်ဆေးသောက်ထားသူတို့၏ လက္ခဏာများနှင့် ကွက်တိကျတူသည်။
"ကျုပ်တို့ခန့်မှန်းချက်အရ တူးမြောင်းရေမှာ ပြဿနာရှိနေတဘ်လို့မြင်တယ်။ နှလုံးမဲ့ဂိုဏ်းသားတွေက မေ့ပျောက်ဆေးတွေအများကြီး တူးမြောင်းထဲကို သွန်ပစ်ခဲ့တာဖြစ်မယ်"
လုယန်စကားကြားသည်နှင် တွမ်ချမ်းမျက်နှာ ပို၍ဖြူရော်လာသည်။
သူပေါ့ဆခဲ့မိသည်။ တူမြောင်းရေ ပြဿနာဖြစ်လာနိုင်သည့်အချက်ကို သူမစဉ်းစားမိခဲ့။ အမှန်တကယ်ပင် တစ်မြို့လုံးကို အသံတိတ်အဆိပ်ခတ်နိုင်သည့် ရင်းမြစ်တစ်ခုဖြစ်သည်။
အခြေအနေအရေးကြီးကြောင်း သူနားလည်သည်။
"ဒါဆို ကျုပ်တို့ဘယ်လိုလုပ်ကြမလဲ ဒကာတို့"
"မြို့ခံတွေကို အရင်ထိန်းရမယ်။ ကျုပ်တို့လာတဲ့လမ်းမှ ခံစားချက်မဲ့တဲ့လုပ်ရပ်တွေ အများကြီးမြင်ခဲ့ပြီးပြီ။ ဇနီးမယားတွေ သားသမီးတွေကို စွန့်ပစ်ကြတယ်။ စွန့်ပစ်နည်းမျိုးစုံရှိတယ်။ ကျုပ်တို့ထိုင်စောင့်နေရင် ပြဿနာကပိုကြီးလာလိမ့်မယ်။
လောင်မုန်နဲ့ကျုပ် လမ်းမှာတိုင်ပင်ခဲ့တယ်။ လေထဲမှာပျံ့နေတဲ့ မေ့ပျောက်ဆေးအာနိသင်က ဆေးတစ်လုံးသောက်တာလောက် မပြင်းထန်ဘူး။
အခြေတည်အဆင့်တွေတော့ သိပ်မသေချာပေမယ့် ရွှေသန္ဓေအဆင့်နဲ့ နတ်ဝိညာဉ်အဆင့်တွေကတော့ အသက်အောင့်ထားပြိး ဆေးငွေ့ထပ်မရှူရင် သူတို့ကိုယ်ထဲက ဆေးအာနိသင်တွေ ချက်ချင်းပျောက်သွားပြီး ပုံမှန်ပြန်ဖြစ်လာမှာပါ"
ဗုဒ္ဓရေသဘင်ပွဲ(စွမ်းရည်ယှဉ်ပြိုင်ပွဲ)တွင် ကျင့်ကြံသူတို့၏ အမြင့်ဆုံးအကန့်အသတ်သည် ရွှေသန္ဓေအဆင့်ဖြစ်သည်။ ထိုကြောင့်လည်း ခိုင်ဟွမ်မြို့ထဲတွင် ရွှေသန္ဓေကျင့်ကြံသူများ ပုံမှန်ထက်ပိုများသည်။ အတော်လေးအကူအညီရနိုင်သည်။
"လောင်မုန်နဲ့ကျုပ် မြို့ခံတွေကို တည်ငြိမ်အောင်ထိန်းပြီး ကျင့်ကြံသူတွေကို အသက်အောင့်ခိုင်းထားမယ်။ ကိုယ်တော်က ဘုံကျောင်းကိုယာယီပိတ်ပေးပါ။ ဧည့်သည်တွေ နောက်ထပ်ဝင်ခွင့်မပေးနဲ့တော့။
ဘုံကျောင်းကိုယ်တော်တွေကိုဦးဆောင်ပြီး မြို့တော်ကို ထိန်းချုပ်ဖို့ စီမံပါ"
"ကောင်းပါပြီ။ ကျူပ်အဲလိုဆက်လုပ်ပါ့မယ်။ ဒါပေမယ့် ဒကာတို့နှစ်ယောက်က သာမန်မြို့ခံတွေကိုလည်း ထိန်းရမယ်။ ကျင့်ကြံသူတွေကို အသက်အောင့်ခိုင်းရမယ်။ အဲဒါဘယ်လိုလုပ်ကြမှာလဲ"
မြိုတော်ကျင့်ကြံသူများ ခံစားချက်ကင်းမဲ့နေသဖြင့် လုယန်တို့နှစ်ယောက် ဖျောင်းဖျနိုင်ဖို့ များစွာခက်ခဲသည်။ ထိုကျင့်ကြံသူများက အလိုက်တသိပူးပေါင်းဆောင်ရွက်ပါ့မည်လော...
"ဒါက လွယ်ပါတယ်"
လုယန် ဗောဓိညောင်စေ့တစ်ခု ထုတ်သည်။ မြေကြီးထဲမြှုပ်၍ သစ်ပင်စိုက်မှော်ပညာဖြင့် သစ်သားကိုယ်ပွားတစ်ခု ဖန်တီးသည်။ ထို့နောက် အရိုးခေါင်းဝတ်ရုံနက်တစ်ခု ကျောက်စိမ်းတံဆိပ်ထဲမှဆွဲထုတ်၍ ကိုယ်ပွားပေါ်တွင် ရစ်ပတ်ပေးလိုက်သည်။
........
"အဘွားကြီး၊ ခင်ဗျားက ကျုပ်အမေဆိုပေမယ့် ခင်ဗျားပြောတဲ့အတိုင်း လိုက်လုပ်မယ်မထင်နဲ့။ ကျုပ်အနာဂတ်အတွက် ခင်ဗျားဆုံးဖြတ်ပေးဖို့မလိုဘူး"
"ငါက နင်ကောင်းဖို့အတွက် လုပ်နေတာပါ"
"ကျုပ်ကိုယ်ကျုပ် အပျက်စီးခံမယ်ထင်နေလား"
"ကျေးဇူးကန်းတဲ့ကောင်၊ နင့်လိုသားမျိုး ငါ့မှာမရှိခဲ့ရင်ကောင်းမယ်"
ထိုအဖြစ်မျိုး နေရာစုံတွင် မြင်နေရသည်။
လူမှုဆက်ဆံရေးတည်ဆောက်ဖို့ စိတ်ခံစားချက်နှင့် အကျိုးစီးပွားသည် အရေးကြီးသည့်အရာနှစ်ခုဖြစ်သည်။ ခံစားချက်မရှိတော့ဘဲ အကျိုးစီးပွားကိုသာ ကြည့်လာကြလျှင် ထိုလူမှုအဖွဲ့အစည်း ပြိုကွဲမတတ်ဖြစ်လာမည်။
ခိုင်စွမ်မြို့တော်သည် ယခု ပြိုကွဲပျက်စီးတော့မည့် အခြေအနေရောက်နေသည်။
ရုတ်တရက် မသဲမကွဲမြည်ဟိန်းတစ်ခု အဝေးဆီမှပေါ်လာသည်။ လက်သီးနှင့်မြေပြင်ကို ထိုးလိုက်သည်ထင်သည်။ မြေပြင်တစ်ခုလုံးတုန်ခါလာပြီး ဖုန်မှုန့်များ အလိပ်လိုက်ထလာသည်။
လေထုကိုထိုးခွဲလာသည့် ဓားအော်သံများ တရွှီးရွှီးထွက်ပေါ်နေသည်။
"သူခိုး၊ မင်းရပ်လိုက်စမ်း"
လူရိပ်သုံးခု ဖုန်မှုန့်များကြားမှ ပျံထွက်လာသည်။ တိုက်ခိုက်သံများ ပိုနီးကပ်လာသည်။ ပိုပြင်းထန်လာသည်။ ခိုင်ဟွမ်မြို့တော်အထက်သို့ ရောက်လာသည်။ အတော်ကြောက်စရာကောင်းသည်။
နောက်ဆုံးတွင် ထိုလူရိပ်သုံးခုကို သဲသဲကွဲကွဲ မြင်လာရသည်။
"ဓားမသေမျိုးလုနဲ့ ဗုဒ္ဓမုန်ပါလား"
"ဟိုတစ်ယောက်က ဘယ်သူလဲ"
"ဝတ်ရုံနက်ဝတ်ထားတော့ မမြင်ရဘူး"
မုန်ကျင်းကျိုး အရဟတ်လက်သီးကို ထိုးသွင်းလိုက်သည်။ လက်သီးရိပ်က နေတစ်စင်းထက်ပင် ပို၍တောက်ပနေသည်။
တစ်ချိန်တည်းမှာပင် မှော်အဆောင်ဆယ်ခုကျော် အသံတိတ်ဆုတ်ဖြဲလိုက်သည်။ ခံ့ညားထည်ဝါသည့် ဗုဒ္ဓကျမ်းရွတ်သံ လေထဲတွင် ပြည့်နက်သွားသည်။ ဗုဒ္ဓတစ်ထောင်က မုန်ကျင်းကျိုးအတွက် ကျမ်းစာများရွတ်ဖတ်ပေးနေသယောင်ရှိသည်။
လုယန်၏ ဦးခေါင်းနောက်ဘက်တွင် ရွှေရောင်ဓားချီဖြင့်ဖွဲ့စည်းထားသည့် ရောင်ခြည်စက်ဝန်းတစ်ခုပေါ်လာသည်။ မသေမျိုးအရှိန်အဝါမျိုးရှိသည်။
"ဒီနှစ်ယောက်က အစွမ်းအစနည်းနည်းတော့ရှိသားပဲ"
သစ်သားကိုယ်ပွား၏ ဝတ်ရုံနက်အောက်မှ အေးစက်စက်ရယ်မေသံ ထွက်ပေါ်လာသည်။
"မင်းဘယ်သူလဲကွ"
လုယန်က ချီးမွှမ်းစကားကို အရေးမစိုက်ဘဲ ခပ်တင်းတင်းအော်မေးသည်။
"အရိုးနတ်ဆိုးဂိုဏ်းချုပ် အရိုးဖြူသရဲလေ"
သစ်သားကိုယ်ပွားက ပြင်းထန်သည့်စွမ်းအင်ဖိအားကို ထုတ်လွှတ်လိုက်သည်။ မိုးမြေတစ်ခွင်ကို ဖျက်ဆီးတော့မယောင်ရှိသည်။ မြို့တော်တစ်ခုလုံးကို ဖုံးလွှမ်းသွားသည်။ နတ်ဝိညာဉ်အဆင့်မှစ၍ သာမန်လူများအထိ မြေပြင်ပေါ် ပြားပြားဝပ်သွားကြသည်။
အရိူးဖြူသရဲ၏ကျင့်စဉ်စွမ်းအားကို သာမန်လူများမသိကြ။ သို့သော် နတ်ဝိညာဉ်ကျင့်ကြံသူများက သိကြသည်။
သေချာပေါက် စုစည်းခြင်းအဆင့်ဖြစ်သည်။
"ဂိုဏ်းတစ်ဂိုဏ်းထင်တယ်"
လုယန် သူ့ဘာသာရေရွတ်လိုက်သည်။
ထိုစကားကြောင့် သစ်သားကိုယ်ပွားဒေါသထွက်လာသည်။
"နတ်ဆိုးဂိုဏ်းကို မလေးမစား စော်ကားရဲတယ်ပေါ့။ ဒါဆိုရင် ဒီမြို့တော်တစ်ခုလုံး စတေးခံဖို့သာပြင်ထားတော့။ စန်းလော်ဓားစက်ဝန်း.."
ဓားစက်ဝန်းတစ်ခု လေဟာနယ်တွင် ဖန်တီးလိုက်သည်။ စွမ်းအားသိပ်မရှိသော်လည်း ခမ်းနားထည်ဝါသည်။ ခိုင်ဟွမ်မြို့တော်အထက်တွင် ဘုံကျောင်းနှင့်တူသည့် မှော်စက်ဝန်းတစ်ခုပေါ်လာသည်။ အောက်ခြေတွင်ကျယ်ပြန့်ပြီး ထိပ်ဖျားသို့ရှူးသွားသည်။ စန်းလော်ငရဲနှင့် သဏ္ထာန်တူသည်။
"မြို့တော်ကိုမင်းက ဒုက္ခပေးမယ်ပေါ့။. မသေမျိုးသတ်ကောင်းကင်လက်သီး"
မုန်ကျင်းကျိုး ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။
"မသေမျိုးသတ်ဓားစက်ဝန်း"
လုယန် ချင်ဖုန်းဓားကို မြှောက်လိုက်သည်။ မီတစ်တစ်ရာရှည်သည့်ဓားရိပ် ဆန့်ထွက်လာသည်။ အရှေ့ပင်လယ်မှ သင်္ဘောကြီးတစ်စင်းကိုပင် ခွဲဖြတ်နိုင်လောက်သည်။
နှစ်ယောက်လုံး တတ်ထားသမျှပညာစုံစွမ်းအားပြ၍ လုယန်၏သစ်သားကိုယ်ပွားကို တိုက်ခိုက်သည်။
ခိုင်ဟွမ်မြို့ခံအားလုံး ကောင်းကင်တိုက်ပွဲကို မော့ကြည့်နေသည်။ အရိုးဖြူသရဲ၏တိုက်ခိုက်မှုများ မြို့တော်ပေါ်သို့ကျလာမည်ကို စိုးရိမ်နေကြသည်။
ထိုအချိန်တွင် ခိုင်ဟွမ်ဘုံကျောင်းမှ ကိုယ်တော်များက တွမ်ချန်း၏ညွှန်ကြားချက်အတိုင်း မြို့ထဲတွင်လူခွဲ၍ အရပ်သားများကြားမှ ဆက်ဆံရေးနှင့်လှုပ်ရှားမှုများကို လျော့ပါးအောင် ကြိုးစားကြသည်။
ပြင်းထန်သည့်တိုက်ကွက်များ ရာချီရင်ဆိုင်ပြီးနောက် သစ်သားကိုယ်ပွား မောပန်းသည့်အရိပ်အယောင်မျိုး ပေါ်လာသည်။ ဆက်မတိုက်ခိုက်နိုင်တော့။
"ကောင်းတယ်၊ သိပ်ကောင်းတာပေါ။ ဒဏ္ဍာရီသူရဲကောင်း လုယန်နဲ့မုန်ကျင်းကျိုးက နာမည်နဲ့တကယ်လိုက်ဖက်သာပဲ။ ဒီမြို့ထဲကလူတွကို ကာကွယ်ချင်တယ်မဟုတ်လား။ မင်းတို့ဘယ်လိုကာကွယ်မလဲ ကြည့်ရသေးတာပေါ့။ နတ်ဆိုးဂိုဏ်းက အမြဲတမ်းတည်တံ့နေမှာပါ"
ကိုယ်ပွားခန္ဓာ ရုတ်တရက်ဖောင်းကားလာသည်။ အပြောင်းအလဲက မြန်လွန်းသဖြင့် လုယန်တို့ တားဆီးချိန်မရလိုက်။ ကျယ်လောင်သည့် ပေါက်ကွဲသံထွက်ပေါ်လာသည်။ ကိုယ်ပွားခန္ဓာက သူ့ဘာသာဖောက်ခွဲလိုက်ခြင်းဖြစ်သည်။ အနက်ရောင်မီးခိုးများ လေထုထဲတွင် လွင့်မျောလာသည်။
လုယန် အကြီးအကျယ်မျက်နှာပျက်သွားသည်။
"အခြေအနေတော့ဆိုးပြီ။ အလောင်းတောင်တန်း သွေးပင်လယ်က အရိုးအဆိပ်တွေ ပြန့်သွားပြီ။ တစ်ခါရှူမိရုံနဲ့တင် ကိုယ်တွင်းအင်္ဂါတွေ တစ်စစီဖြစ်သွားမှာ မသေမျိုးတွေတောင် ကယ်နိုင်မှာမဟုတ်ဘူး"
သူတို့နှစ်ယောက် သိပ်သည်းသည့်မီးခိုးများကို ရိုက်ထုတ်ကြသည်။ အမှန်တော့ နေရာစုံသို့ပျံ့နှံ့အောင် လုပ်နေခြင်းဖြစ်သည်။
သူ့စကားကြောင့် မြို့ခံအရပ်သားများ အိမ်ထဲသို့ အမြန်ဝင်ပြီး တံခါးပိတ်ကြသည်။ ကျင့်ကြံသူများလည်း အသက်မရှူတော့ဘဲ ထိန်းထားကြသည်။
လုယန်တို့နှစ်ယောက် အကြည့်ချင်းဖလှယ်လိုက်သည်။
အားလုံးအဆင်ပြေသွားသည်။
ရွှေသန္ဓေအဆင့် နတ်ဝိညာဉ်အဆင့်များ မေ့ပျောက်ဆေးငွေ့ ထပ်မရှူမိတော့သဖြင့် အဆိပ်မြန်မြန်ပြေ၍ ပုံမှန်ပြန်ဖြစ်လာသည်။
အစောပိုင်းကဖြစ်ခဲ့သည့် မူမမှန်မှုကို သတိထားမိလာသည်။ မြို့ထဲမှ ထူးဆန်းသည့် အခြေအနေကိုလည်း ရိပ်မိလာသည်။
လုယန်တို့နှစ်ယောက် အခြေအနေကို နည်းနည်းထိန်းချုပ်နိုင်ပြီဟု တွေးနေစဉ်မှာပင် လူရိပ်နှစ်ခု ကောင်းကင်သို့ တက်လာပြီး သူတို့ကို အေးစက်စက်စိုက်ကြည့်သည်။
"ဝစီပိတ်ရဲ့တပည့်တွေ ပီသနေပါလား။ အစွမ်းအစနည်းနည်းရှိသားပဲ"
ထိုလူနှစ်ယောက်ကို မသိသော်လည်း သူတို့နောက်ခံကို လုယန်ချက်ချင်းခန့်မှန်းနိုင်သည်။
"နှလုံးမဲ့ဂိုဏ်းကလူတွေ။ မေ့ပျောက်ဆေးအဆိပ်ကိုဖြန့်ခဲ့တာ ခင်ဗျားတို့လက်ချက်မဟုတ်လား"
********************************