အခန်း (၄၄၃)
Vol. 45 Ch. 443
ရုတ်တရက်ဆိုသလို... အဆင့်တက်တော့မည့်အရေးကြောင့် ဝမ်းသာနေသော ကျိရုရွှယ်၏ အပြုံးများမှာ တန့်သွားခဲ့ပြီး မျက်မှောင်ကြုတ်လျက် မျက်နှာအမူအရာမှာလည်း ချက်ချင်းပင် တည်ကြည်လေးနက်သွားကာ အကြည့်များမှာ အေးစက်လာခဲ့သည်။
လေထုထဲတွင် မသိမသာ ထွက်ပေါ်နေသော နတ်ဆိုးအငွေ့အသက်အချို့ကို သူမ အမှန်တကယ် ခံစားမိလိုက်ခြင်းပင်။
ရင်ထဲတွင် တုန်လှုပ်သွားသည်နှင့်အမျှ ကျိရုရွှယ်သည် အခြေအနေကို ချက်ချင်း သဘောပေါက်လိုက်သည်။
ဂြိုဟ်သားကျူးကျော်မှု စတင်နေပြီပဲ။
"တစ်ခြားကမ္ဘာက ကျူးကျော်မှု စတင်နေပြီပဲ။ အခုဆိုရင် လောကကြီးတစ်ခုလုံးမှာ ဟင်းလင်းပြင်အက်ကြောင်းတွေ ပြည့်နေလောက်ပြီ မဟုတ်ရင် နတ်ဆိုးအငွေ့အသက်တွေ ဒီလောက်အထိ ရှိလာစရာ အကြောင်းမရှိဘူး"
ကျိရုရွှယ်၏ မျက်နှာမှာ ပိုမိုခက်ထန်လာပြီး စိတ်ထဲတွင်လည်း စိုးရိမ်ပူပန်မှုများ ပိုတိုးလာခဲ့သည်။ ဂြိုဟ်သားကျူးကျော်မှုမှာ နောက်ဆုံးတော့ ဆိုက်ဆိုက်မြိုက်မြိုက် ရောက်ရှိလာခဲ့ခြင်းပင်။
သို့သော်လည်း လတ်တလောတွင် ကျူးကျော်မှုမှာ စတင်ကာစသာ ရှိသေးသဖြင့် လေထုထဲရှိ နတ်ဆိုးအငွေ့အသက် သိပ်သည်းဆမှာ မမြင့်မားသေးပေ။ ဤအချိန်သည် ဂြိုဟ်သားများကို ခုခံတွန်းလှန်ရန် အလွယ်ကူဆုံး အချိန်ပင်။
အချိန်ကြာလာသည်နှင့်အမျှ တစ်ကမ္ဘာလုံးတွင် နတ်ဆိုးအငွေ့အသက် သိပ်သည်းဆမှာ မလွဲမသွေ မြင့်တက်လာမည်ဖြစ်ပြီး ပတ်ဝန်းကျင် အခြေအနေမှာလည်း ဂြိုဟ်သားများ ရှင်သန်ရန် ပိုမိုသင့်တော်လာပေလိမ့်မည်။ ထိုအချိန်ကျရောက်ပါက ဂြိုဟ်သားများသည် ဤကမ္ဘာကို အကြီးအကျယ် ကျူးကျော်ကာ တိုက်ခိုက်ကြပေတော့မည်။
ဂြိုဟ်သားကျူးကျော်မှုကို ရင်ဆိုင်ရတော့မည်ဖြစ်ရာ ကျိရုရွှယ်သည် သူမ၏ လက်ရှိစိတ်အခြေအနေမှာ ကျင့်ကြံရန် မသင့်တော်တော့ကြောင်း သိရှိလိုက်သည်။ ထို့ကြောင့် သူမသည် ကျင့်ကြံခြင်းကို အမြန်ရပ်တန့်လိုက်ပြီး ကိုယ်တွင်းရှိ ဝိညာဉ်အဆီအနှစ် စီးဆင်းမှုများကို ထိန်းချုပ်ကာ အလွန်အမင်း အစွမ်းထက်လှသော အဆင့် ၆ အရှိန်အဝါများကိုပါ ပြန်လည်ရုပ်သိမ်းလိုက်သည်။
"ဂြိုဟ်သားကျူးကျော်မှုက စတင်နေပြီဆိုတော့... ဖေဖေ ကြိုတင်ပြင်ဆင်ထားနိုင်ဖို့ ငါ သွားသတိပေးရမယ် အကောင်းဆုံးကတော့ ဘာပြဿနာမှ မတက်အောင် လီမြစ်မြို့ထဲကို အရင်ရှင်းလင်းထားတာ အကောင်းဆုံးပဲ"
ဆုံးဖြတ်ချက်ချပြီးသည်နှင့် ကျိရုရွှယ်၏ မျက်ဝန်းများမှာ အရောင်တောက်သွားခဲ့သည်။ သူမသည် ကုတင်ပေါ်မှ အမြန်ထကာ ယုန်ရုပ်ဖိနပ်လေးကို စီးလျက် အောက်ထပ်သို့ အပြေးအလွှား ဆင်းသွားလေတော့သည်။
လုချွမ်းမှာလည်း သူ၏ ကျင့်ကြံခြင်းကို အဆုံးသတ်ကာ ဇွန်ဘီရုပ်သေး အုပ်စုနှင့်အတူ ဗီလာအတွင်းသို့ ရှေ့ပေါက်မှတစ်ဆင့် ပြန်လည်ဝင်ရောက်လာချိန်ပင်။
"ချီချီ... ဘာဖြစ်လို့လဲ ဗိုက်ဆာလို့လား"
အပေါ်ထပ်မှ ဆင်းလာသော ချီချီလေးကို မြင်လျှင် လုချွမ်းက ထုံးစံအတိုင်း နှုတ်ဆက်လိုက်သည်။
သို့သော်လည်း ချီချီလေး၏ မျက်နှာအမူအရာမှာ ပုံမှန်မဟုတ်သည်ကို မြင်လိုက်ရသောအခါ လုချွမ်း မျက်မှောင်ကြုတ်သွားခဲ့ပြီး စိတ်ထဲတွင် မကောင်းသော အတိတ်နိမိတ်တစ်ခုက ဖျတ်ကနဲ ပေါ်လာခဲ့သည်။ သူသည် အမြန်ပင် ရှေ့သို့တိုးကာ စိုးရိမ်တကြီး မေးမြန်းလိုက်သည်။ "ချီချီ... ဘာတွေဖြစ်နေတာလဲ"
"ဖေဖေ... သမီး အခုလေးတင် လေထုထဲမှာ နတ်ဆိုးအငွေ့အသက် တွေကို ခံစားမိတယ်။ အဲဒါက ဂြိုဟ်သားကျူးကျော်မှု စတင်နေပြီဆိုတဲ့ အဓိပ္ပာယ်ပဲ"
ကျိရုရွှယ်သည် အပိုစကားများ ပြောမနေတော့ဘဲ သူမ ရှာဖွေတွေ့ရှိမှုကို လုချွမ်းအား အမြန်အသိပေးလိုက်သည်။
သူမနှင့် နှိုင်းယှဉ်လျှင် ဖခင်ဖြစ်သူမှာ လီမြစ်မြို့အတွင်းရှိ အန္တရာယ်များကို ရှင်းလင်းရန် ပိုမိုစွမ်းဆောင်နိုင်စွမ်း ရှိသည်။
"ဒါဆို တကယ်ပဲ ဂြိုဟ်သားကျူးကျော်မှုပေါ့။ ဒီလောက်အမြန်ကြီး စတင်နေပြီလား..."
လုချွမ်း၏ မျက်ဝန်းအိမ်မှာ ကျဉ်းမြောင်းသွားခဲ့ပြီး ဘေးအန္တရာယ်တစ်ခု ကျရောက်တော့မည့် အာရုံက သူ့ထံသို့ ရိုက်ခတ်လာကာ ရင်ထဲတွင်လည်း တင်းကျပ်သွားခဲ့ရသည်။ ရောက်လာလိမ့်မည်ဟု ထင်ထားသည့်အရာမှာ မလွဲမသွေ ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။
ချီချီလေး၏ သတိပေးမှုကြောင့် လုချွမ်းသည် လေထုထဲရှိ စွမ်းအင်များကို ဂရုတစိုက် အာရုံခံကြည့်လိုက်ရာ မကြာမီမှာပင် လေထုအတွင်း ပျံ့နှံ့နေသော ထူးဆန်းသည့် စွမ်းအင်တစ်ခုကို ခပ်ဖျော့ဖျော့ ခံစားမိလိုက်သည်။
မျက်မှောင်အနည်းငယ် ကြုတ်လျက် လုချွမ်းသည် သူ၏ကိုယ်တွင်းရှိ ဝိညာဉ်အဆီအနှစ်ကို လှုံ့ဆော်ကာ လက်ညှိုးထိပ်တွင် စုစည်းလိုက်ပြီး လေထုထဲရှိ ထိုစွမ်းအင်ကို ထိတွေ့ရန် ကြိုးစားကြည့်လိုက်သည်။
ရှဲ...
နောက်တစ်ခဏတွင် လုချွမ်းသည် သူ၏လက်ကို ချက်ချင်း ပြန်ရုပ်သိမ်းလိုက်ပြီး လက်သည်းထိပ်ရှိ ဝိညာဉ်အဆီအနှစ်များကိုလည်း ချက်ချင်းပင် ဖျက်စီးပစ်လိုက်သည်။
သူ၏ ဝိညာဉ်အဆီအနှစ်နှင့် ထိုစွမ်းအင်တို့ ထိတွေ့မိချိန်တွင် ဖြစ်ပေါ်လာသော အပြောင်းအလဲကို ခံစားမိလိုက်သဖြင့် လုချွမ်း၏ မျက်နှာမှာ မှောင်မှိုင်းသွားခဲ့ပြီး ၎င်းမှာ ဂြိုဟ်သားကျူးကျော်မှု အမှန်တကယ်ဖြစ်ကြောင်း စိတ်ထဲတွင် သေချာသွားခဲ့သည်။
လေထုထဲရှိ ဤစွမ်းအင်အသစ်မှာ မွေးရာပါ ယုတ်မာရက်စက်သော သဘာဝရှိပုံရပြီး၊ ပြင်းထန်သော ကျူးကျော်ဝင်ရောက်နိုင်စွမ်းနှင့် ထူးဆန်းသော ကူးစက်တတ်သည့် ဂုဏ်သတ္တိများ ရှိနေသည်။ အကယ်၍ လုချွမ်းသာ အချိန်မီ မဖျက်စီးပစ်ခဲ့ပါက ဤစွမ်းအင်သည် ဝိညာဉ်အဆီအနှစ်မှတစ်ဆင့် သူ၏ ခန္ဓာကိုယ်ထဲသို့ပင် ကျူးကျော်၍ ဝင်ရောက်လာနိုင်သည်။
ဤစွမ်းအင်မှာ ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်သွားပါက မည်သို့သောအကျိုးသက်ရောက်မှု ရှိမည်ကို မသေချာသော်လည်း လုချွမ်းအနေဖြင့်တော့ စွန့်စားရန် မဝံ့ရဲပေ။
"ဒါက ချီချီပြောတဲ့ နတ်ဆိုးအငွေ့အသက် ဖြစ်ရမယ်..."
လုချွမ်း၏ အကြည့်များမှာ ပိုမိုလေးနက်သွားခဲ့သည်။ ဤနတ်ဆိုးအငွေ့အသက်၏ ထူးဆန်းမှုကို တွေးတောမိသည်နှင့်အမျှ ပုံရိပ်မပေါ်သေးသော ဂြိုဟ်သားများအပေါ် လုချွမ်း၏ သတိထားမှုမှာလည်း ပို၍ကြီးမားလာခဲ့သည်။ ဤကဲ့သို့သော စွမ်းအင်မျိုးအတွင်း၌ ရှင်သန်နေထိုင်ကြသော ဂြိုဟ်သားများက သေချာပေါက် သာမန်မဟုတ်ပေ။
"ဟူး..."
ချက်ချင်းပင် လေးလံနေသော စိတ်နှလုံးဖြင့် လုချွမ်းသည် တစ်စုံတစ်ခုကို သဘောပေါက်သွားဟန်ဖြင့် သက်ပြင်း ချလိုက်မိသည်။
မူလက ဂြိုဟ်သားကျူးကျော်မှုမှာ အချိန်အတန်ကြာမှ ရောက်ရှိလာမည်ဟု သူ ထင်မှတ်ထားခဲ့သည်။ သူသည် အဆင့် ၇ သို့ တက်လှမ်းပြီးမှသာ ကျူးကျော်လာမည့် ဂြိုဟ်သားများကို နှိမ်နင်းရန် ပြင်ဆင်ထားခဲ့သော်လည်း ဤမျှအမြန် ရောက်ရှိလာလိမ့်မည်ဟု လုံးဝ မမျှော်လင့်ထားခဲ့ပေ။ ကံဆိုးသည်မှာ ထိုဂြိုဟ်သားများသည် သူ့ကို အချိန်ပေးရန် အစီအစဉ်မရှိခြင်းပင်။
ပထမဆုံးအသုတ်အနေနဲ့ ရောက်လာမယ့် ဂြိုဟ်သားတွေက ဘယ်လောက်တောင် အင်အားကြီးမလဲ။ သူ့ရဲ့ အဆင့် ၆ ဇွန်ဘီရုပ်သေးတွေနဲ့ရော သူတို့ကို ယှဉ်နိုင်ပါ့မလား။
လုချွမ်း စိတ်ထဲမှ တိတ်တဆိတ် တွေးတောနေမိသည်။
"ဖေဖေ... အဲဒီဂြိုဟ်သားတွေက ဟင်းလင်းပြင်အက်ကြောင်းတွေထဲကနေ ထွက်လာတာ။ ဒီနတ်ဆိုးအငွေ့အသက်တွေကလည်း အဲဒီကနေပဲ ထွက်လာတာပဲ။ အထူးသဖြင့် ဒီအငွေ့အသက်တွေက တကယ့်ကို ကြောက်ဖို့ကောင်းတယ်။ သူတို့မှာ ဝါးမြိုတိုက်စားနိုင်စွမ်းတွေ ရှိတယ်။
အချိန်ကြာလာတာနဲ့အမျှ ဒီလိုပတ်ဝန်းကျင်မှာ အကြာကြီးနေရတဲ့ စိတ်ဓာတ်ပျော့ညံ့တဲ့ သတ္တဝါတွေက တဖြည်းဖြည်းနဲ့ တိုက်စားခံရပြီး ကြောက်မက်ဖွယ်ကောင်းတဲ့ မိစ္ဆာသားရဲတွေအဖြစ် ပြောင်းလဲသွားလိမ့်မယ်။ သူတို့ရဲ့ သဘာဝကလည်း ရက်စက်လာပြီး သွေးဆာလာလိမ့်
မယ်။ ပြီးတော့ သူတို့ပတ်ဝန်းကျင်က သက်ရှိမှန်သမျှကို လိုက်သတ်ကြတော့မှာ"
"ဒီဂြိုဟ်သားတွေကို ရှာဖို့ဆိုရင် အရပ်ရပ်မှာ ပျံ့နှံ့နေတဲ့ ဟင်းလင်းပြင်အက်ကြောင်းတွေကို အရင်ဆုံး ရှာဖွေရလိမ့်မယ်"
ဖခင်ဖြစ်သူက ဤအခြေအနေကို အင်အားကြီးရန်သူတစ်ဦးကို ရင်ဆိုင်ရသကဲ့သို့ သဘောထားနေသည်ကို မြင်သောအခါ ကျိရုရွှယ်က အလျင်အမြန်ပင် ရှင်းပြလိုက်သည်။
တကယ်လို့ ငါတို့သာ အဲဒီဂြိုဟ်သားတွေကို အချိန်မီ နှိမ်နင်းနိုင်မယ်ဆိုရင် လီမြစ်အခြေစိုက်စခန်းထဲက ဖြစ်နိုင်ခြေရှိတဲ့ ဟင်းလင်းပြင်အက်ကြောင်းတွေကို ရှာနိုင်မှာပဲ။ နောက်ပြီး နတ်ဆိုးအငွေ့အသက်မိနေတဲ့ သတ္တဝါတွေကိုလည်း အဆက်မပြတ် ရှင်းလင်းသွားနိုင်မယ်ဆိုရင်တော့... ငါနဲ့ ငါ့ရဲ့အဖေက လီမြစ်မြို့ထဲကို ဂြိုဟ်သားတွေ ကျူးကျော်လာမှာကို အချိန်အတော်ကြာအောင် ထိထိရောက်ရောက် တားဆီးထားနိုင်မှာပဲ။
ဤသို့ဖြင့် လီမြစ်အခြေစိုက်စခန်းသည် ယခင်ကထက် များစွာ ပိုမိုလုံခြုံသွားမည်ဖြစ်ပြီး သူမနှင့် သူမ၏ဖခင်အတွက်လည်း အလွန်အရေးကြီးသော ဖွံ့ဖြိုးတိုးတက်မှုကာလတစ်ခုကို ရရှိနိုင်မည်ဖြစ်သည်။
"ကောင်းပြီလေ"
ဤစကားကို ကြားသည်နှင့် လုချွမ်းသည် မျက်လုံးများကို မှိတ်ကာ အာရုံစူးစိုက်လိုက်ပြီး သူ၏ ဇွန်ဘီစစ်တပ်ကို လီမြစ်မြို့တစ်ခုလုံးရှိ ဂြိုဟ်သားခြေရာများနှင့် ဟင်းလင်းပြင်အက်ကြောင်းများကို ရှာဖွေရန် ချက်ချင်းပင် အမိန့်ပေး၍ စေခိုင်းလိုက်တော့သည်။
ကျိရုရွှယ်သည်လည်း ဘေးနားတွင် တိတ်ဆိတ်စွာ ရပ်နေရင်း ငြိမ်သက်စွာ စောင့်ဆိုင်းနေခဲ့သည်။ သူမ၏ ဝိညာဉ်အင်အားမှာ မနည်းလှသော်လည်း ရှာဖွေနိုင်စွမ်းမှာမူ သူမ၏ဖခင်ကို အဝေးကြီးမှ လှမ်းကြည့်နေရဆဲပင်။
လုချွမ်းသည် သူ၏ များပြားလှသော ဇွန်ဘီရုပ်သေးများ၏ အသိစိတ်နှင့် ချိတ်ဆက်လိုက်
သောအခါ သတင်းအချက်အလက် အမြောက်အမြားမှာ သူ၏ဦးနှောက်ထဲသို့ တစ်ဟုန်ထိုး စီးဝင်လာသဖြင့် ရုတ်တရက် ခေါင်းကိုက်သွားခဲ့ရသည်။
ခဏအကြာတွင် လုချွမ်းသည် မျက်လုံးများကို ပြန်ဖွင့်လိုက်ပြီး သူ၏မျက်ဝန်းများမှာ အရောင်တောက်သွားခဲ့သည်။
"ချီချီလေး... ဖေဖေ တစ်ခုခုကို ရှာတွေ့ပြီ"
လုချွမ်းသည် ကျိရုရွှယ်ကို ကြည့်ကာ ပြုံးလျက် ပြောလိုက်သည်။ လီမြစ်မြို့တစ်ခုလုံးတွင် သူ၏ စောင့်ကြည့်ကွန်ရက်ကို ဖြန့်ကြက်ထားပြီးဖြစ်ရာ အထူးသဖြင့် ဤလောကထဲတွင် ဆူညံပွက်လောရိုက်နေသော ဂြိုဟ်သားအင်အားစုများ၏ သတင်းအချက်အလက်ကို စုဆောင်းရသည်မှာ အလွန်ပင် အဆင်ပြေလှသည်။
"တကယ်လား ဖေဖေ ဘယ်နေရာမှာလဲဟင်"
ကျိရုရွှယ်က အံ့ဩတကြီးဖြင့် ချက်ချင်းပင် မေးမြန်းလိုက်သည်။
"မြို့လယ်ခေါင်မှာ"
...
လီမြစ်မြို့၏ မြို့လယ်ခေါင်၌ လေထုထဲရှိ နတ်ဆိုးအငွေ့အသက်များမှာ မြို့ထဲရှိ များပြားလှသော ဇွန်ဘီများအပေါ် မည်သည့်သက်ရောက်မှုမှ မရှိပုံရပြီး ၎င်းတို့မှာ ရှုပ်ထွေးလှသော လမ်းမများပေါ်တွင် ထုံးစံအတိုင်းပင် အဆုံးမရှိ လှည့်လည်သွားလာနေကြသည်။
မြို့၏ အရှေ့တောင်ဘက် ထောင့်စွန်းရှိ အနည်းငယ်ကျဉ်းမြောင်းသော လမ်းမတစ်ခုပေါ်တွင်မူ ခွေးခေါင်းနှင့်တူသော ဦးခေါင်းများရှိသည့် သတ္တဝါ တစ်ဒါဇင်ကျော်မှာ လမ်းမတစ်လျှောက်ရှိ ဇွန်ဘီများကို ထိုခဏ၌ သတ်ဖြတ်နေကြသည်။
ဘုန်း... ဘုန်း... ဘုန်း...
အသားစများနှင့် သွေးများ လွင့်စင်ထွက်လာမှုနှင့်အတူ ဇွန်ဘီများ၏ ကိုယ်ခန္ဓာများမှာ လွင့်စင်သွားကြပြီး မြေပြင်ပေါ်တွင် ခဏမျှ လူးလိမ့်ပြီးနောက် လုံးဝ ငြိမ်သက်သွားကြတော့သည်။
သာမန်ဇွန်ဘီများစွာ၏ ဝန်းရံခြင်းကို ခံထားရသော အနီးနားရှိ ဆင့်ကဲပြောင်းလဲထားသည့် ဇွန်ဘီများမှာမူ အန္တရာယ်ကို အာရုံခံမိပုံရပြီး တစ်ကိုယ်လုံး တုန်ယင်လျက် အက်ရှရှအော်ဟစ်သံများဖြင့် လမ်းဆုံးဆီသို့ အုပ်စုလိုက် တိုးဝှေ့ပြေးလွှားနေကြသည်။
သို့သော် ထိုခွေးခေါင်းပုံသဏ္ဌာန် သတ္တဝါများသည် သာမန်ဇွန်ဘီများကို ဂရုမစိုက်ဘဲ သူတို့ရှေ့ရှိ ဇွန်ဘီများကို လျှင်မြန်စွာ ရှင်းလင်းလိုက်ပြီး ချဉ်းကပ်လာသော ဆင့်ကဲပြောင်းလဲထားသည့် ဇွန်ဘီ တစ်ကောင်ချင်းစီကိုလည်း ထိရောက်စွာ သုတ်သင်နေကြသည်။
ထို့နောက်တွင် ၎င်းတို့သည် အသတ်ခံလိုက်ရသော ဇွန်ဘီများ၏ ဦးခေါင်းအတွင်းမှ အမြုတေ များကို တိုက်ရိုက် ထုတ်ယူလိုက်ကြသည်။ ကပ်ညှိနေသော သွေးများနှင့် ဦးနှောက်အစအနများကိုလည်း ဂရုမစိုက်ဘဲ ထိုအမြုတေများကို တိုက်ရိုက်ပင် ဝါးမြိုစားသောက်ကာ စိတ်လှုပ်ရှားဖွယ်ကောင်းသော်လည်း နားမခံသာသော ဟောင်သံများကို ထုတ်ဖော်နေကြတော့သည်။