← Chapters

အခန်း (၉၁၇-၉၁၈)

Vol. 92 Ch. 917-918

အခန်း (၉၁၇-၉၁၈)

Vol. 92 Ch. 917-918

ကမ္ဘာပျက်ကြီး၏နဂါးဧကရာဇ်။ အပိုင်း (၉၁၇ + ၉၁၈)

မူရင်းစာရေးဆရာ - Silent Cake And Pastries

ဘာသာပြန် - Author Chang’e 🌕

True Immortal Team

ကုန်းကုန်းဧကရာဇ်၏ ဒုတိယအတွဲ။

ထိုစဉ် အိပ်မက်ဆိုးဧကရာဇ်၏ ခန္ဓာကိုယ်ကို ထိန်းချုပ်နေသော ရုပ်သေးဆရာသခင်မှာ ချက်ချင်းဆိုသလို အမှုန့်အဖြစ် ချေမှုန်းခံလိုက်ရလေတော့၏။

ကံကြမ္မာမိစ္ဆာသခင်က တုပိုင်ဘက်သို့ လှည့်ကာ ပြောလိုက်သည်။ "အိပ်မက်ဆိုးဧကရာဇ်လိုမျိုး ကမ္ဘာနဲ့ မသက်ဆိုင်တဲ့သူကများ ကယ်တင်ရှင် လုပ်ချင်နေသေးတယ်။ လွန်ခဲ့တဲ့ ငါးနှစ်လောက်ကတည်းက ကျွန်တော် သူ့ကို သတ်ပစ်လိုက်တာ... ဒီလိုလူမျိုးတွေက မာနကြီးပြီးတော့ ထောင်လွှားလွန်းတယ်လေ။"

အိပ်မက်ဆိုးဧကရာဇ်သည် သူ့ရှေ့တွင်ရှိနေသော ကံကြမ္မာမိစ္ဆာသခင်၏လက်၌ အမှန်တကယ်ပင် အသတ်ခံလိုက်ရသည်လား။ ထိုအရာက လွန်ခဲ့သော ငါးနှစ်ကတည်းကတဲ့လား။

အိပ်မက်ဆိုးဧကရာဇ်သည် မည်မျှတောင် အစွမ်းထက်သနည်း။ သူသည် ငရဲမျှော်စင်အတွက် စည်းမျဉ်းများကို သတ်မှတ်ပေးခဲ့သူ ၊ ထိုက်ခန်အင်ပါယာ ဧကရာဇ်သုံးပါး၏ ဆရာသခင်ဖြစ်ပြီး ၊ ကမ္ဘာပျက်ကပ်ကြီးအတွင်းရှိ လူသားများ၏ သိုင်းပညာအခြေအနေကို တစ်ကိုယ်တော် ပြောင်းလဲပေးခဲ့သူပင် ဖြစ်လေ၏။

ကမ္ဘာပေါ်ရှိ လူသားသိုင်းပညာရှင် အားလုံး၏ အဆင့်အတန်းမှာ မဟာအိပ်မက်ဆိုးကြောင့်သာ မြင့်မားလာခဲ့ရခြင်းဖြစ်သည်ဟု ဆိုနိုင်ပေသည်။ သူ၏ ကိုယ်ပိုင်စွမ်းအားဖြင့် ကမ္ဘာပျက်ကပ်ကြီးအလွန် လူသားတို့၏ သိုင်းပညာအဆင့်အတန်းကို ဆယ်နှစ်အတွင်း တာ့နင်အင်ပါယာထက် အဆများစွာ သာလွန်သွားစေရန် စွမ်းဆောင်ပေးနိုင်ခဲ့၏။

သို့သော်ငြားလည်း ဤမျှ အစွမ်းထက်လှသော သူသည်ပင် ကံကြမ္မာမိစ္ဆာသခင်၏ ဖျက်ဆီးမှုကို ခံလိုက်ရ၏။

တုပိုင်က မေးသည်။ "မင်းရဲ့ ဇာတ်လမ်းအတွက် ဘယ်လိုဇာတ်သိမ်းမျိုးကို ရည်ရွယ်ထားတာလဲ။"

ကံကြမ္မာမိစ္ဆာသခင်က ပြန်လည်ဖြေကြားလေ၏။ "ဝိညာဉ်မိစ္ဆာတွေရဲ့ အောက်ပိုင်းမှာ အပေါက်မရှိဘူးဆိုတာ ခင်ဗျား သိသင့်တယ်လေ။ အဲဒီတော့ မူလအစီအစဉ်အရဆိုရင် ခင်ဗျားနဲ့ မင်းသမီး ရန်ယဲ့ရှောင်တို့ မင်္ဂလာခန်းဆောင်မှာ နောက်ဆုံး ပေါင်းဖက်တော့မယ့်အချိန်ကျမှ လုံးဝ ဝင်လို့မရဘူးဆိုတာကို ခင်ဗျား သိသွားမှာပေါ့။ အဲဒီနေရာက ပိတ်နေတာလေ။ ကမ္ဘာပျက်ကပ်ကြီး မတိုင်ခင်တုန်းကလည်း ကမ္ဘာပေါ်မှာ ဒီလိုရုပ်ရှင်မျိုး ရှိခဲ့ဖူးတယ်။ စကားလက်ဂျိုဟန်ဆန် သရုပ်ဆောင်ထားတာလေ... နာမည်က ဘာတဲ့။"

တုပိုင်က ဆိုသည်။ "အန်ဒါသစကင်း။"

ကံကြမ္မာမိစ္ဆာသခင်က ထောက်ခံလိုက်၏။ "ဟုတ်တယ်... ဟုတ်တယ်... ဟုတ်တယ်... ဒါနဲ့ စကားမစပ်... စကားလက်ဂျိုဟန်ဆန်က အသက် ၃၀ ကျော်တဲ့အချိန်မှာ ကြည့်မကောင်းလောက်အောင်ကို အိုသွားတာ။ နှမြောစရာပဲ။ ဟောလိဝုဒ်က နာမည်ကြီး မင်းသမီးတစ်ယောက်တောင် ဂျပန်အေဗွီမင်းသမီးလောက် လတ်ဆတ်မှု မရှိဘူးလေ။"

တုပိုင်က ပြောသည်။ "ဒါပေမဲ့... ငါ အကုန်လုံးကို သိမြင်သွားခဲ့ပြီပဲ။ မင်းရဲ့ ကြီးကျယ်ခမ်းနားတဲ့ ဇာတ်လမ်းကြီးကို ပြီးပြည့်စုံတဲ့ ဇာတ်သိမ်းနဲ့ အဆုံးသတ်နိုင်မှာ မဟုတ်တော့ဘူးလေ။"

ကံကြမ္မာမိစ္ဆာသခင်က ပြန်လည်ချေပလိုက်၏။ "မဟုတ်ဘူး... မဟုတ်ဘူး... ကျွန်တော် နောင်တမရပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ အနုပညာလက်ရာတိုင်းက အပြစ်အနာအဆာလေးတွေ ရှိဖို့ လိုအပ်တယ်လေ။ နေပါဦး... ကျွန်တော် စဉ်းစားကြည့်ရအောင်။ ခင်ဗျား ကြုံတွေ့ခဲ့ရသမျှ အရာအားလုံးက ကျွန်တော် ကြိုးကိုင်ခြယ်လှယ်နေတဲ့ ဇာတ်လမ်းတစ်ပုဒ်ဆိုတာကို ဘယ်အချိန်ကတည်းက ခင်ဗျား သိသွားခဲ့တာလဲ။ ပထမဆုံး သံသယဝင်ခဲ့တာက ကျန်းရှောင်မန် စွမ်းအင်ကျောက်သလင်း အများကြီးကို ထုတ်ယူလိုက်တဲ့အချိန်... အဲဒီထဲမှာ ပုံရိပ်ယောင်ကိုယ်ပွား ကျောက်သလင်းတစ်တုံး အံကိုက်ပါလာလို့ မြို့စားမင်း လျန်ကျင်းကို ခင်ဗျား အောင်မြင်စွာ အနိုင်ယူနိုင်ခဲ့တာ မဟုတ်လား။"

တုပိုင်က ခေါင်းညိတ်ပြလိုက်သည်။

ကံကြမ္မာမိစ္ဆာသခင် ကျောက်ယန်ဖိန်က ဆက်ပြောလေ၏။ "ဒုတိယအကြိမ်က ခင်ဗျားကို ဧကရာဇ်ထိုက်ခန် ဝန်ခံခဲ့တဲ့အချိန် ဖြစ်ရမယ် မဟုတ်လား။"

တုပိုင်က အတည်ပြုလိုက်သည်။ "ဟုတ်တယ်... အဲဒီဝန်ခံချက်က သိပ်ကို လက်တွေ့ဆန်လွန်းနေတယ်လေ။ ဒါပေမဲ့ အရေးအကြီးဆုံးအချက်ကတော့ ဧကရာဇ်ထိုက်ခန်က လင်းလုအပေါ်မှာ ထားရှိတဲ့ ခံစားချက်ကြောင့်ပဲ။ လင်းလုက ဘယ်လိုမိန်းမမျိုးလဲ။ အပေါ်ယံဆန်ပြီး အချည်းနှီးဖြစ်နေတဲ့ မိန်းမတစ်ယောက်လေ။ တက္ကသိုလ်ကျောင်းသူဘဝတုန်းက နာမည်ကြီး တံဆိပ်တွေကို ဝယ်နိုင်ဖို့အတွက် အလိုလိုက်အကြိုက်ဆောင်တတ်တဲ့ ရုပ်ဆိုးဆိုး သူဌေးအိုကြီးတစ်ယောက်ရဲ့ မွေးစားတာကို ခံခဲ့ရတဲ့သူ။"

"လီရှောင်ချန်က ဘာဖြစ်လို့များ အဲဒီလို မိန်းမမျိုးကို တကယ်ချစ်သွားရမှာလဲ။ သူက ဂုဏ်သိက္ခာကြီးမားလှတဲ့ ဧကရာဇ်ထိုက်ခန်လေ။ ဘယ်လိုအရာကများ သူ့ကို ညစ်ပတ်နေတဲ့ မိန်းမတစ်ယောက်အပေါ် မှီခိုချင်စိတ် ပေါက်သွားစေတာလဲ။ ဘဝက မရေရာ မသေချာလွန်းလို့ပေါ့... ဒါမှမဟုတ် ဝက်တစ်ကောင် ၊ ခွေးတစ်ကောင်လောက်တောင် တန်ဖိုးမရှိတဲ့ ဘဝမျိုးကို ရောက်နေလို့ပဲ ဖြစ်ရမယ်။ ဒါဆိုရင် ဧကရာဇ်ထိုက်ခန်က ဘာဖြစ်လို့များ သူ့ဂုဏ်သိက္ခာတွေကို ချနင်းပစ်ခဲ့ရတာလဲ။"

ကံကြမ္မာမိစ္ဆာသခင် ကျောက်ယန်ဖိန်က ရှင်းပြလေ၏။ "ဘာဖြစ်လို့လဲဆိုတော့ လွန်ခဲ့တဲ့ နှစ်အနည်းငယ်က သူ့ရဲ့ ဆရာဖြစ်တဲ့ အိပ်မက်ဆိုးဧကရာဇ်ကို ကျွန်တော် သတ်ပစ်လိုက်ပြီး သူ့ရဲ့ ကျောရိုးကို နောက်တစ်ကြိမ် ချိုးပစ်ခဲ့လို့ပဲ။ ဒါကြောင့် သူက နောက်တစ်ကြိမ် ထိတ်လန့်တုန်လှုပ်ပြီး သိမ်ငယ်သွားခဲ့တာလေ။ သေမှာကို ကြောက်ပြီး အသက်ရှင်ချင်စိတ် ပြင်းပြလွန်းလို့ ကျွန်တော့်ရှေ့မှာ ဒူးထောက်ခဲ့ရတာပေါ့။"

တုပိုင် ဧကရာဇ်ထိုက်ခန် လီရှောင်ချန်ကို လှမ်းကြည့်လိုက်သည်။

သူ၏ အသံမှာ နားထဲတွင် ကြားယောင်နေဆဲပင် ဖြစ်၏။ အိပ်မက်ဆိုး မိစ္ဆာဘုရင်၏ လှောင်ပြောင်ကစားမှုများကို သူ မုန်းတီးသည်... ထို့ကြောင့် သူ လက်စားချေလိုသည်... တိုက်ခိုက်လိုသည်ဟု ပြောခဲ့သည် မဟုတ်ပါလော။

သို့သော်ငြားလည်း ကံကြမ္မာမိစ္ဆာသခင်က သူ၏ လည်ပင်းပေါ်သို့ သားသတ်ဓား တင်လိုက်သောအခါတွင်မူ သူသည် ဒူးထောက်ခဲ့ရဆဲပင် ဖြစ်သည်။

ကံကြမ္မာမိစ္ဆာသခင် ကျောက်ယန်ဖိန်က ဆက်ပြောလေ၏။ "ကျွန်တော် ဖန်တီးခဲ့တဲ့ ကံကြမ္မာဇာတ်လမ်းကြီးထဲမှာ ဧကရာဇ်ထိုက်ခန် လီရှောင်ချန်ရဲ့ အခန်းကဏ္ဍက အရမ်းကို အရေးကြီးတယ်။ သူက လုံးဝကို ဒုတိယ ဇာတ်လိုက်ပဲလေ။ ဒါကြောင့် လွန်ခဲ့တဲ့ နှစ်အနည်းငယ်က သူ့ကို ကျွန်တော် သေခွင့်မပေးချင်ခဲ့တာ အသေအချာပေါ့။ ဧကရာဇ်ထိုက်ခန်အဖြစ် ဆက်လက် တာဝန်ယူခိုင်းထားခဲ့တယ်။ ပြီးတော့ ခင်ဗျား နိုးလာတဲ့အချိန်မှာ ခင်ဗျားကို ထိခိုက်နစ်နာအောင်လုပ်ပြီး ထပ်လှည့်စားဖို့အတွက် သူ့ကို ချက်ချင်း စေလွှတ်ခဲ့တာပဲ။"

ဧကရာဇ်ထိုက်ခန်မှာ မြေပြင်ပေါ်တွင် မလှုပ်မယှက် ဒူးထောက်နေဆဲပင် ဖြစ်သည်။

ကံကြမ္မာမိစ္ဆာသခင် ကျောက်ယန်ဖိန်က လှောင်ပြောင်လိုက်၏။ "တုပိုင်... လူသားတွေရဲ့ သိမ်ငယ်ယုတ်ညံ့မှုဆိုတာ ဘယ်တော့မှ ပြောင်းလဲသွားမှာ မဟုတ်ဘူး။ လီရှောင်ချန်ဆိုတာ သိမ်ငယ်ပြီး အရှက်အကြောက်ကင်းမဲ့တဲ့ လူတစ်ယောက်ပဲ။ ရုပ်ဆိုးပြီး သိမ်ငယ်နေတဲ့ လီရှောင်ချန်ပဲဖြစ်ဖြစ် ၊ မာနထောင်လွှားနေတဲ့ သခင်လေး ဖန်းချန်ပဲဖြစ်ဖြစ် ၊ ပြိုင်ဘက်ကင်း ဧကရာဇ်ထိုက်ခန်ပဲဖြစ်ဖြစ်... ဒီအချက်ကတော့ ပြောင်းလဲသွားမှာ မဟုတ်ဘူး။ သူက အမြဲတမ်း သိမ်ငယ်ပြီး အရှက်ကင်းမဲ့နေမှာပဲ။ သူ့ရဲ့ သိုင်းပညာတွေ ဘယ်လောက်ပဲ အစွမ်းထက်နေပါစေ... သူ့ရဲ့ နှလုံးသားကတော့ အမြဲတမ်း အားနည်းနေမှာပဲ။"

ထို့နောက် မိစ္ဆာသခင်က လှောင်ပြောင်ရယ်မောလိုက်လေသည်။ "ပြီးတော့ အရှက်အကွဲဆုံးက အဲဒီလိုလူမျိုးဟာ လူကောင်းတစ်ယောက် မဖြစ်နိုင်ရုံသာမက ၊ လူဆိုးတစ်ယောက်တောင် မဖြစ်နိုင်ဘူး။ သူက ခင်ဗျားကို လှည့်စားဖို့ သရုပ်ဆောင်နေရပေမဲ့ တစ်ချိန်တည်းမှာပဲ နောင်တရနေတဲ့ လူကြီးပုံစံမျိုးလည်း ဖမ်းချင်နေသေးတယ်။ ဒါကြောင့် မင်္ဂလာပွဲမတိုင်ခင် နေ့လယ်ပိုင်းမှာ ခင်ဗျားကို ရိပ်မိသွားစေမယ့် အဓိပ္ပာယ်မရှိတဲ့ စကားတွေ လာပြောခဲ့တာလေ။ သူ့ရဲ့ ကိုယ်ပိုင် နှလုံးသားကို ကယ်တင်နိုင်မယ့်ပုံစံမျိုးနဲ့... ဘယ်လောက်တောင် ရယ်စရာကောင်းလိုက်သလဲ။"

ထို့နောက် ကံကြမ္မာမိစ္ဆာသခင် ကျောက်ယန်ဖိန်သည် အခြားကိုယ်ပွားတစ်ခုအဖြစ် ခွဲထွက်သွားပြီး ဧကရာဇ်ထိုက်ခန်၏ ဘေးသို့ လျှောက်သွားကာ ဖြည်းညင်းစွာ ပြောလိုက်၏။ "လီရှောင်ချန်... မင်းက လူကောင်းတစ်ယောက် ဖြစ်ချင်ရင် လူကောင်းတစ်ယောက်ပဲ ဖြစ်ရမယ်။ လူဆိုးတစ်ယောက် ဖြစ်ချင်ရင်လည်း လူဆိုးတစ်ယောက်ပဲ ဖြစ်ရမယ်။ ဘာဖြစ်လို့ အဲဒီလောက်တောင် ဝေခွဲမရ ဖြစ်နေရတာလဲ။ မင်းရဲ့ သရုပ်ဆောင်စွမ်းရည်က အရမ်းကောင်းပေမဲ့ အနုပညာမြောက်အောင်တော့ မလုပ်နိုင်သေးဘူးပဲ။"

ကံကြမ္မာမိစ္ဆာသခင် ကျောက်ယန်ဖိန်က အမိန့်ပေးလိုက်သည်။ "ဒီကို ကုလားထိုင်တစ်လုံး ယူလာခဲ့စမ်း။"

ချက်ချင်းဆိုသလိုပင် လူတစ်ယောက်က ကုလားထိုင်တစ်လုံး ယူဆောင်လာလေ၏။

လူတိုင်းက သူ ထိုင်တော့မည်ဟု ထင်မှတ်ထားခဲ့ကြသော်ငြား မည်သူကမျှ ကြိုတင်ခန့်မှန်းမထားသည့် အရာတစ်ခု ဖြစ်ပေါ်လာသည်။ သူသည် ကုလားထိုင်ကို ခေါက်လိုက်ပြီးနောက် မြေပြင်ပေါ်တွင် ဒူးထောက်နေသော ဧကရာဇ်ထိုက်ခန်အား တိုက်ရိုက်ပင် ရိုက်ချလိုက်လေတော့၏။

"ဘန်းးး ဘန်းးး ဘန်းးး"

သာမန် ခေါက်ကုလားထိုင်လေးသည် ဧကရာဇ်ထိုက်ခန်၏ ခန္ဓာကိုယ်ပေါ်သို့ အဆက်မပြတ် ကျရောက်လာပြီး သူ၏ ခမ်းနားလှသော သံချပ်ကာကြီးကို တစ်စစီ ရိုက်ခွဲပစ်လိုက်သည်။

လီရှောင်ချန်၏ ရုပ်ဆိုးပြီး ပိန်ချုံးနေသော ခန္ဓာကိုယ်လေးမှာ မြေပြင်ပေါ်တွင် ကွေးကွေးလေးဖြစ်သွားကာ အပြည့်အဝ ပေါ်လွင်လာတော့၏။

ကံကြမ္မာမိစ္ဆာသခင် ကျောက်ယန်ဖိန်မှာ ရူးသွပ်နေသည့်အလား အော်ဟစ်ကာ လီရှောင်ချန်အား ကုလားထိုင်ဖြင့် အရူးအမူး ရိုက်နှက်နေတော့သည်။ "ငါက မင်းကို အထာကျကျ သရုပ်ဆောင်ခိုင်းထားတာလေ... ငါက မင်းကို အထာကျကျ သရုပ်ဆောင်ခိုင်းထားတာကို မင်းက စုန်းဘုရင်အာသတ်စ်ရဲ့ သံချပ်ကာကို ဝတ်ထားသေးတယ်။ ပြီးတော့ တောဘုရင်ရဲ့ သံချပ်ကာကိုလည်း ဝတ်ထားသေးတယ်။"

မကြာမီမှာပင် လီရှောင်ချန်မှာ ရိုက်နှက်ခံရမှုကြောင့် သွေးသံတရဲရဲ ဖြစ်သွားလေတော့၏။

လီရှောင်ချန်မှာ အသည်းအသန် တုန်ယင်နေပြီး သနားစရာကောင်းလောက်အောင် ငိုကြွေးနေသော်ငြား လုံးဝ ပြန်လည်မခုခံရဲချေ။ သူ၏ တစ်ကိုယ်လုံးမှာ ဘောလုံးတစ်လုံးကဲ့သို့ လုံးဝ ကွေးကွေးလေး ဖြစ်နေတော့သည်။

သူ၏ သိုင်းပညာစွမ်းရည်မှာ အလွန်အမင်း အစွမ်းထက်လှပြီး ငရဲနယ်ပယ်၏ အထွတ်အထိပ်အဆင့်တွင် ရှိနေသူတစ်ဦး ဖြစ်၏။ သို့သော် ယခုအချိန်တွင်မူ သူသည် မိဘမဲ့ဂေဟာ၌ရှိစဉ်က လီရှောင်ချန်နှင့် ဘာမျှမကွာခြားတော့ပေ။ အနိုင်ကျင့်ခံရချိန်တိုင်း ထောင့်တစ်နေရာတွင် ကွေးကွေးလေးနေကာ အရိုက်ခံ ၊ အဆဲခံရုံသာ တတ်နိုင်ပြီး လုံးဝ ပြန်လည်မခုခံရဲချေ။

ကံကြမ္မာမိစ္ဆာသခင် ကျောက်ယန်ဖိန်က ဆဲရေးတိုင်းထွာရင်း လီရှောင်ချန်အား အကြမ်းပတမ်း ဆက်လက်ရိုက်နှက်နေလေသည်။ "ငါက မင်းကို ရေခဲသရဖူခံတပ်ကို တည်ဆောက်ခိုင်းတာလေ... မင်း သိလား... ငါက ဝေါလ်အော့ဖ်ဝါးခရပ်ဖ်ကို အမုန်းဆုံးပဲကွ။ အနံ့အသက်ဆိုးပြီး ရှည်လျားလွန်းတယ်... ရှုပ်ထွေးလွန်းတယ်။ အဆုံးသတ်သင့်တဲ့အချိန်မှာ မဆုံးဘဲ ဂန္ထဝင်မြောက်တာတွေကို ဖျက်ဆီးပစ်နေတယ်... ဂန္ထဝင်မြောက်တာတွေကို ဖျက်ဆီးပစ်နေတယ်လို့။"

ထိုသို့ဖြင့် ဧကရာဇ်ထိုက်ခန် လီရှောင်ချန်မှာ သွေးသံတရဲရဲဖြင့် ရိုက်နှက်ခံရပြီးနောက် လုံးဝကို အရှုံးပေးသွားလေတော့၏။

နောက်ဆုံးတွင် ကံကြမ္မာမိစ္ဆာသခင်သည် လီရှောင်ချန်၏ ဦးခေါင်းကို အတိကျဆုံး နင်းချေရန် ခြေထောက်ကို မြှောက်လိုက်လေသည်။ တိုက်ရိုက်ပင် နင်းချေတော့မည့်ပုံပေါ်နေ၏။

တုပိုင်က တားလိုက်သည်။ "တော်တော့..."

ကံကြမ္မာမိစ္ဆာသခင် ကျောက်ယန်ဖိန်မှာ လေထဲတွင် ရပ်တန့်သွားပြီးနောက် တုပိုင်ကို လှမ်းကြည့်လိုက်၏။

တုပိုင်သည် ဧကရာဇ်ထိုက်ခန် လီရှောင်ချန်၏ ဘေးသို့ လျှောက်သွားကာ သူ၏ ရုပ်ဆိုးပြီး ပိန်ချုံးနေသော ခန္ဓာကိုယ်လေးကို တွဲထူပေးလိုက်သည်။

လီရှောင်ချန်၏ ပါးစပ်ထဲမှ သွေးများ အဆက်မပြတ် ထွက်ကျနေပြီး သွေးခဲများကိုပါ အန်ထုတ်နေလေ၏။

လီရှောင်ချန်က ငိုယိုလိုက်သည်။ "ဆရာအိပ်မက်ဆိုးက အဲဒီလောက်တောင် အစွမ်းထက်တာကို ကံကြမ္မာမိစ္ဆာသခင်က သတ်ပစ်လိုက်တယ်။ ငါ... ငါလည်း အတူတူ သေလိုက်ချင်ခဲ့တာပဲ... ဒါပေမဲ့... ဒါပေမဲ့ ငါ့မှာ တကယ်ကို သတ္တိမရှိခဲ့ဘူး။ ဒါကြောင့်မို့လို့ ဒူးထောက်ခဲ့ရတာ... ငါ... ငါက တကယ်ကို အားနည်းပြီး အရည်အချင်းမရှိတဲ့ လူတစ်ယောက်ပါ... အဲဒီအချိန်တုန်းက ငါ တကယ်ကို မင်းလို ရဲရင့်ချင်ခဲ့တာ... အိပ်မက်ဆိုး မိစ္ဆာဘုရင်ကို တကယ်ပဲ လက်စားချေချင်ခဲ့တာ... ဒါပေမဲ့... ဒါပေမဲ့ ငါ မလုပ်နိုင်ခဲ့ဘူး... ငါ အရမ်းကြောက်ခဲ့တယ်။"

တုပိုင် နားလည်ကြောင်း ခေါင်းညိတ်ပြလိုက်၏။

လီရှောင်ချန်က ဆက်ပြောသည်။ "ငါ... ငါက ပုံမှန်လူတစ်ယောက် မဟုတ်ဘူး။ ငါက ကပ်ပါးကောင်တစ်ကောင်ပါပဲ။ မိဘမဲ့ဂေဟာကနေ တက္ကသိုလ်ရောက်တဲ့အထိ မင်းရဲ့ဘေးနားမှာ ကပ်ပါးကောင်အဖြစ် နေလာခဲ့တာ။ မင်းဆီကနေ ထွက်သွားဖို့ လုံးဝ မရဲခဲ့ဘူး။ တာ့နင်အင်ပါယာရဲ့ ဟင်းလင်းပြင်လောကကို ရောက်တော့လည်း အိပ်မက်စနစ်ထဲမှာ နေရာတစ်ခု ယူခဲ့တယ်။ ကမ္ဘာပျက်ကပ်ကြီးလွန် ကမ္ဘာမြေကို ပြန်ရောက်လာတော့လည်း ဆရာမဟာအိပ်မက်ဆိုးကို မှီခိုခဲ့ရပြန်တယ်။ ငါ မှီခိုစရာမရှိရင် ငါ လုံးဝ ဘာလုပ်ရမှန်း မသိတော့ဘူး။"

လီရှောင်ချန်သည် မိဘမဲ့ဂေဟာမှစ၍ အမြဲတမ်း သူတစ်ပါးအပေါ် မှီခိုနေထိုင်လေ့ရှိသူ ဖြစ်လေ၏။ သူသည် အခြားသူများ၏ အရိပ်အောက်တွင် နေထိုင်ရသည်ကို အသားကျနေပြီဖြစ်ကာ သူ၏ လွတ်လပ်သော ကိုယ်ပိုင်စရိုက်လက္ခဏာ ပျောက်ဆုံးနေပြီ ဖြစ်သည်။ သူ မည်မျှပင် အစွမ်းထက်နေပါစေ ဤအချက်ကိုမူ ပြောင်းလဲနိုင်မည် မဟုတ်ချေ။

လီရှောင်ချန်ရ ရှိုက်ကြီးတငင် ငိုကြွေးရင်း ပြောလိုက်လေတော့၏။ "မင်း ဒီတစ်ခါ ပြန်လာတဲ့အချိန်မှာ... ငါ... ငါ အရမ်းဝမ်းသာခဲ့တယ်။ ငါ... ငါ မင်းကို အမှန်တရားတွေ အားလုံးကို တကယ် ပြောပြချင်ခဲ့တာ။ ဇာတ်လမ်းထဲမှာ မင်း ဘာဖြစ်နေလဲဆိုတဲ့ အမှန်တရားရယ်... ကျောက်ယန်ဖိန်က ကံကြမ္မာနဲ့ ကစားနေတယ်ဆိုတဲ့ အမှန်တရားရယ်ကို ပြောပြချင်ခဲ့တာ... ဒါပေမဲ့... ဒါပေမဲ့ ငါ မရဲခဲ့ဘူး... သူက အရမ်းကို အစွမ်းထက်ပြီး ကြောက်စရာကောင်းလွန်းလို့ပါ။"

တုပိုင် ခေါင်းညိတ်ပြလိုက်ပြီးနောက် သူ၏ ဦးထုပ်ပေါ်မှ သံစူးတစ်ခုကို ဖြုတ်ယူကာ လီရှောင်ချန်၏ ရင်ဘတ်ဆီသို့ ချိန်ရွယ်လိုက်ရင်း ပြောလိုက်သည်။ "ငါ သိပါတယ်... ငါ မြန်မြန် လုပ်ပေးမယ်... မင်း အရမ်း နာကျင်ရမှာ မဟုတ်ပါဘူး။"

လီရှောင်ချန်က ပြောလိုက်၏။ "ငါက ယဲ့ဟိုင်ထန်ကို သတ်ခဲ့တယ်... အခု မင်းက သူ့အတွက် လက်စားချေပေးလိုက်တာပဲ... ကောင်းပါတယ်... သိပ်ကောင်းပါတယ်... ငါ့သမီး ၊ ငါ့သားနဲ့ ငါ့မိန်းမ လင်းလုတို့ကို မင်းဆီမှာ အပ်ခဲ့မယ်နော်။ သူတို့ကို ကာကွယ်ပေးပါ... ထိုက်ခန်အင်ပါယာကိုလည်း မင်းကိုပဲ လွှဲပေးခဲ့ပါမယ်... လူသားတွေရဲ့ နောက်ဆုံး မျှော်လင့်ချက်က မင်းအပေါ်မှာပဲ မူတည်နေပြီ။"

တုပိုင်က ခေါင်းညိတ်ပြလိုက်သည်။

ထို့နောက် သူ၏ လက်ထဲရှိ သံစူးလေးက လီရှောင်ချန်၏ နှလုံးသားထဲသို့ ရုတ်တရက် ထိုးဖောက်ဝင်ရောက်သွားလေတော့၏။

"ဖူးးး"

သွေးများ ပန်းထွက်လာလေသည်။

လီရှောင်ချန်၏ မျက်လုံးများ ရုတ်တရက် ပြူးကျယ်သွားလေ၏။

"ငါ့ဘဝက တကယ်ကို အဖြစ်ဆိုးကြီးတစ်ခုပဲ... ကျေးဇူးပါ ညီအစ်ကိုရာ..."

ကမ္ဘာပျက်ကြီး၏နဂါးဧကရာဇ်။ အပိုင်း (၉၁၇ + ၉၁၈) ပြီး။

မူရင်းစာရေးဆရာ - Silent Cake And Pastries

ဘာသာပြန် - Author Chang’e 🌕

True Immortal Team

ကုန်းကုန်းဧကရာဇ်၏ ဒုတိယအတွဲ။

All Chapters