← Chapters

အခန်း (၉၁၉-၉၂၀)

Vol. 92 Ch. 919-920

အခန်း (၉၁၉-၉၂၀)

Vol. 92 Ch. 919-920

ကမ္ဘာပျက်ကြီး၏နဂါးဧကရာဇ်။ အပိုင်း (၉၁၉ + ၉၂၀)

မူရင်းစာရေးဆရာ - Silent Cake And Pastries

ဘာသာပြန် - Author Chang’e 🌕

True Immortal Team

ကုန်းကုန်းဧကရာဇ်၏ ဒုတိယအတွဲ။

"ဖြောင်းးး ဖြောင်းးး ဖြောင်းးး"

ကံကြမ္မာမိစ္ဆာသခင် ကျောက်ယန်ဖိန်၏ ကိုယ်ပွားသုံးခုစလုံးက လက်ခုပ်တီးလိုက်ကြလေ၏။

သူက တုန်ယင်နေသော အသံဖြင့် ပြောလိုက်သည်။ "အရမ်းကို စိတ်လှုပ်ရှားဖို့ ကောင်းတာပဲ... တကယ်ကို ရင်နင့်စရာကောင်းတာပဲ... ဒီရိုးရှင်းတဲ့ အခန်းလေးတစ်ခုတည်းနဲ့တင် လုံးဝကို အော်စကာဆုရလောက်တဲ့ သရုပ်ဆောင်ချက်ပဲ။"

ခန်းမကြီးတစ်ခုလုံး၌ သူ၏ ကိုယ်ပွားသုံးခုမှလွဲ၍ မည်သူကမျှ လက်ခုပ်မတီးကြချေ။ ထို့ကြောင့် သူ၏ မျက်နှာမှာ ရုတ်တရက် အေးစက်သွားကာ မေးလိုက်လေ၏။ "ဘာဖြစ်လို့ လက်ခုပ်မတီးကြတာလဲ။ လီရှောင်ချန်ရဲ့ သရုပ်ဆောင်ချက်က မကောင်းလို့လား။"

ထိုအခါမှသာ ခန်းမကြီးတစ်ခုလုံး၌ မိုးကြိုးထစ်ချုန်းသံကဲ့သို့ ကျယ်လောင်သော လက်ခုပ်သံများ ထွက်ပေါ်လာတော့သည်။

ထို့နောက် ကျောက်ယန်ဖိန်က လီရှောင်ချန်ထံသို့ တည့်မတ်စွာ ဦးညွှတ်လိုက်ပြီး ပြောလိုက်၏။ "ဧကရာဇ်ထိုက်ခန် လီရှောင်ချန်... ငြိမ်းချမ်းစွာ အနားယူပါတော့။"

"ပထမအကြိမ် အရိုအသေပေးခြင်း။"

"ဒုတိယအကြိမ် အရိုအသေပေးခြင်း။"

"တတိယအကြိမ် အရိုအသေပေးခြင်း။"

ကံကြမ္မာမိစ္ဆာသခင် ကျောက်ယန်ဖိန်သည် အလွန်အမင်း သေသပ်သေချာစွာဖြင့် ဦးညွှတ်အရိုအသေပေးလိုက်လေ၏။

ထို့နောက် သူက လက်ကို ညင်သာစွာ ဝှေ့ယမ်းလိုက်သည်။

ချက်ချင်းပင် ခွေးသုံးကောင် ပြေးဝင်လာပြီး လီရှောင်ချန်၏ အလောင်းကို လုယက်ကာ အရိုးပင်မကျန်သည်အထိ စားသောက်ကြလေတော့၏။

ကံကြမ္မာမိစ္ဆာသခင်က တုပိုင်၏ရှေ့တွင် ဆောင့်ကြောင့်ထိုင်ချလိုက်ပြီး မေးစေ့ကို လက်ဖြင့်ထောက်ကာ အလေးအနက် ပြောလိုက်သည်။ "တုပိုင်... လီရှောင်ချန်က သူ့ဘဝဟာ အဖြစ်ဆိုးကြီးတစ်ခုလို့ ပြောသွားတယ်လေ။ အဲဒီစကားက မှားတယ်လို့ ငါ ထင်တယ်။"

ကံကြမ္မာမိစ္ဆာသခင်က ရယ်မောလျက် ပြောလိုက်လေ၏။ "ဘာဖြစ်လို့လဲဆိုတော့ သူ့ရဲ့ဘဝက ချေးထုပ်ကြီးတစ်ခုလို စောက်တလွဲတွေ ဖြစ်နေခဲ့လို့ပဲ။"

"အဟားဟားဟား"

သူ၏ ရယ်မောပုံမှာ ရူးသွပ်ကာ ပုံကြီးချဲ့လွန်းနေပြီး စတီပင်ချောင်ထက်ပင် ပိုလွန်နေသေးသည်။ ဘေးနားရှိ လူတိုင်းကလည်း သူ့ကို လိုက်၍ ဟန်ဆောင်ပန်ဆောင် ရယ်မောကြလေ၏။

သို့သော်ငြားလည်း သူ၏ ရယ်မောသံမှာ ရုတ်တရက် ရပ်တန့်သွားပြီး သူ၏ မျက်နှာမှာ တစ်ခါမှ မရယ်ဖူးခဲ့သည့်အလား အလွန်အမင်း တည်တင်းသွားလေတော့သည်။ လူတိုင်းကလည်း အမှားတစ်စုံတစ်ရာ ပြုလုပ်မိမည်ကို ကြောက်ရွံ့ကာ ရယ်မောနေခြင်းကို အမြန်ရပ်တန့်လိုက်ကြ၏။

ထို့နောက် ကံကြမ္မာမိစ္ဆာသခင် ကျောက်ယန်ဖိန် မတ်တပ်ရပ်ကာ သူ၏ လက်ကို အသာအယာ ဝှေ့ယမ်းလိုက်လေသည်။ ထိုအခါ ခန်းမကြီးထဲတွင် ရုံးသုံးစာရေးစားပွဲတစ်လုံး ပေါ်လာ၏။ ထိုသည်မှာ ခေတ်သစ် ရုံးသုံးစားပွဲတစ်ခုပင် ဖြစ်သည်။

ကံကြမ္မာမိစ္ဆာသခင် ကျောက်ယန်ဖိန်က သူဌေးထိုင်ခုံပေါ်တွင် ထိုင်လိုက်ပြီး မျက်နှာချင်းဆိုင်ရှိ ကုလားထိုင်ကို ညွှန်ပြကာ ပြောလိုက်၏။ "လာ... လာ... လာ... ထိုင်ပါဦး ကယ်တင်ရှင်ကြီး... ထိုင်ပါဦး။"

တုပိုင် သူ၏ မျက်နှာချင်းဆိုင်တွင် ဝင်ထိုင်လိုက်သည်။

ကျောက်ယန်ဖိန်က စာချုပ်တစ်ခုကို ထုတ်ယူကာ တုပိုင်ထံသို့ ကမ်းပေးလိုက်ပြီး ပြောလိုက်၏။ "ဒီစာချုပ်သစ်လေးကို လက်မှတ်ရေးထိုးပေးပါ။"

တုပိုင် ကြည့်လိုက်ရာ စာချုပ်၏ ခေါင်းစဉ်တွင် ကယ်တင်ရှင် စာချုပ်ဟု ရေးသားထားသည်ကို တွေ့လိုက်ရသည်။

စာတန်းငယ်တွင်မူ ကံကြမ္မာမိစ္ဆာသခင်ထံသို့ ကျွန်အဖြစ် ရောင်းချခြင်း စာချုပ်ဟု ရေးသားထားလေ၏။

မိစ္ဆာသခင် ကျောက်ယန်ဖိန်က ပြောလိုက်သည်။ "ကယ်တင်ရှင်ကြီး တုပိုင်... ခင်ဗျား အချက်တစ်ချက်ကိုတော့ အရမ်း သိချင်နေမှာ အသေအချာပဲ။ ကျွန်တော်တို့ မိစ္ဆာတွေက အရမ်း အစွမ်းထက်ပြီး ကျွန်တော့်လက်အောက်မှာ မသေမျိုးတပ်မတော်သား သန်းနှစ်ထောင်တောင် ရှိတယ်။ ကမ္ဘာကြီးကို တစ်နှစ်အတွင်း ဖျက်ဆီးပစ်နိုင်ခဲ့ပြီး နိုင်ငံအာဏာပိုင် အားလုံးကိုပါ ရှင်းပစ်နိုင်ခဲ့တယ်။ ဒါဆို ဘာဖြစ်လို့ ၁၅ နှစ်ကြာတဲ့အထိ လူသားတွေ ရှိနေသေးတာလဲ။ ပြောရရင် လူသားတွေဆိုတာ လွန်ခဲ့တဲ့အချိန်ကတည်းက မျိုးသုဉ်းပျောက်ကွယ်သွားသင့်ပြီ မဟုတ်လား။"

တုပိုင် နားလည်သဘောပေါက်ဟန်ဖြင့် ခေါင်းညိတ်ပြလိုက်သည်။

ကျောက်ယန်ဖိန်က ဆက်ပြောလေ၏။ "ပန်ဒါဝက်ဝံတွေက အတိုင်းအတာတစ်ခုအထိ ရှားပါးသွားတော့ အမျိုးသားရတနာတွေ ဖြစ်လာခဲ့ကြတာပဲလေ။ လူသားတွေလည်း ချွင်းချက် မဟုတ်ပါဘူး။ ဒါပေါ့... ကျွန်တော်တို့က လူသား သန်း ၁၀ ကနေ သန်း ၂၀ အထိလောက် အများကြီး မလိုအပ်ပါဘူး။ ကမ္ဘာပျက်ကပ်ကြီး မတိုင်ခင်တုန်းက ပန်ဒါကောင်ရေ ၁၀ သန်း ရှိမယ်ဆိုရင် ရှားပါးမှာ မဟုတ်ဘူးလေ။"

"ကျွန်တော်တို့က လူသားတွေကို အကျဉ်းချပြီး မွေးမြူထားတယ်... တကယ်တမ်းပြောရရင် ဝက်တွေ ၊ နွားတွေ ၊ သိုးတွေကို မွေးမြူတာနဲ့ ဘာမှမကွာခြားပါဘူး။ အခုမှ ပေါက်ဖွားလာတဲ့ မိစ္ဆာလေးတွေက လူသားတွေရဲ့ အသားကို စားရတာ အနှစ်သက်ဆုံးဆိုတာ ခင်ဗျားလည်း သိမှာပါ။ ဒါကြောင့် ကျွန်တော်တို့က လူသားတွေကို မွေးမြူထားပြီး နှစ်အနည်းငယ်ကြာတိုင်း တစ်သုတ်စီ သတ်ဖြတ်ပြီး အသားစားရတာလေ။"

ဤမျှ ရက်စက်ပြီး ကျောချမ်းဖွယ်ကောင်းသော အမှန်တရားကြီးသည် ကျောက်ယန်ဖိန်၏ နှုတ်ဖျားမှ ထွက်ပေါ်လာရာတွင် သိပ်ကို ရိုးရှင်းလွန်းနေပြီး လူသားများက ကြက်သား ၊ ဘဲသား နှင့် ငါးများကို စားသောက်နေကြသကဲ့သို့ပင် ဖြစ်နေသည်။

တုပိုင် တုံ့ပြန်လိုက်၏။ "မင်းလည်း လူသားတစ်ယောက်ပါပဲ။"

ကံကြမ္မာမိစ္ဆာသခင် ကျောက်ယန်ဖိန်က ဒေါသတကြီး ပြန်ပြောလိုက်သည်။ "ခင်ဗျား ဘယ်သူ့ကို ဆဲနေတာလဲ... ခင်ဗျားက ဘယ်သူ့ကို လူသားလဲလို့ ဆဲနေတာလဲ။ ခင်ဗျားကမှ လူသားကွ ၊ ခင်ဗျားရဲ့ တစ်မိသားစုလုံးက လူသားတွေ။ ငါက လူသားသစ္စာဖောက်ကွ... နားလည်လား။ ငါက ကမ္ဘာမြေရဲ့ သစ္စာဖောက်ကွ။ ရှင်းလား။ ငါက ခေတ်သစ်ရဲ့ ဝမ်ကျင်းဝေးပဲ။ ငါ့ဘဝတစ်လျှောက်လုံး မိစ္ဆာဟင်းလင်းပြင်လောကရဲ့ ကြီးပွားတိုးတက်မှုအတွက် တိုက်ပွဲဝင်ဖို့ ဆန္ဒရှိတယ်ကွ။"

ဤလူသည် တကယ်ကို အရှက်မဲ့လွန်းလှ၏။

တုပိုင်မှာ လှောင်ပြောင်နေခြင်း မဟုတ်ပေ။ ဤလူ၏ စိတ်နှလုံးမှာ တကယ်ကို အားနည်းချက်ကင်းမဲ့လွန်းလှသည်။ သူ့အား စိတ်နှလုံးမိစ္ဆာဖြင့် တိုက်ခိုက်လျှင်ပင် အသုံးဝင်မည် မဟုတ်ချေ။

လီရှောင်ချန်ကဲ့သို့သော လူမျိုးကမှ နာကျင်မှုကို ခံစားရပြီး အရှက်တရားကို သိတတ်သေးသည်။

သို့သော်ငြားလည်း ကံကြမ္မာမိစ္ဆာသခင် ကျောက်ယန်ဖိန်၏ နှလုံးသားတွင်မူ မည်သည့် အပြစ်အနာအဆာမျှ မရှိချေ။ သူသည် လုံးဝကို စစ်မှန်ပြီး ရေမရောသည့် လူယုတ်မာကြီးတစ်ဦးပင် ဖြစ်လေ၏။

မည်သူမဆို စိတ်ပိုင်းဆိုင်ရာ ပြောင်းလဲတိုးတက်မှုဆိုသည်ကို ကြုံတွေ့ရစမြဲ ဖြစ်သည်။ အထူးသဖြင့် လီရှောင်ချန်၏ ကြေကွဲဖွယ်ကောင်းသော ဘဝကဲ့သို့ အရေးကြီးသော အဆင့်များတွင် အလွန်တရာ နာကျင်ကြေကွဲဖွယ် ကောင်းလှပြီး သူ၏ ဘဝတစ်လျှောက်လုံးကို ပုံဖော်ပေးခဲ့ခြင်း ဖြစ်လေ၏။

သို့သော် ယခု သူ၏ရှေ့တွင်ရှိနေသော ကျောက်ယန်ဖိန်မှာမူ လက်ရှိအခြေအနေသို့ ရောက်ရှိလာစေရန် စိတ်ပိုင်းဆိုင်ရာအရ မည်သို့ ပြောင်းလဲလာခဲ့သည်ကို တုပိုင် လုံးဝ မခန့်မှန်းနိုင်တော့ချေ။

ကျောက်ယန်ဖိန်က ပြောသည်။ "ဆောရီးပါ... စောစောက ကျွန်တော် နည်းနည်း စိတ်လှုပ်ရှားသွားလို့... စကားပြောရင် သတိထားပြောပါ။ ကျွန်တော်က သိမ်ငယ်တဲ့ လူသားတစ်ယောက် မဟုတ်တော့ဘူး။ ကျွန်တော့်ရဲ့ ခန္ဓာကိုယ်ထဲမှာ မိစ္ဆာသွေးတွေ ရှိနေပြီ။ မိစ္ဆာဘာသာစကားကိုလည်း ပြောတတ်နေပြီ။ မိစ္ဆာမျိုးနွယ်ရဲ့ နာမည်တစ်ခုကိုလည်း ယူထားပြီးပြီ။"

တုပိုင် မေးလိုက်၏။ "အိုး... မိစ္ဆာနာမည်တဲ့လား... ပြောပြပါဦး ငါ နားထောင်ကြည့်မယ်။"

ထို့နောက် ကျောက်ယန်ဖိန် ရှုပ်ထွေးပြီး နားလည်ရခက်သော အသံတစ်ခုကို ထုတ်ဖော်လိုက်လေသည်။ ထိုသည်က မိစ္ဆာဘာသာစကား ဖြစ်ဟန်တူ၏။

ကျောက်ယန်ဖိန်က ရှင်းပြလိုက်သည်။ "ဘာသာပြန်ရရင်တော့ လူစီဖာနီကိုလပ်စ်ကျောက်စစ် လို့ အဓိပ္ပာယ်ရတယ်... ဒါက ကျွန်တော့်ရဲ့ မိစ္ဆာနာမည်ပဲ... ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်က အိမ်မှာ စတုတ္ထမြောက် ကလေးလေ။"

ဤမိစ္ဆာနာမည်က တကယ်ကို ကောင်းလှပေ၏။ သိပ်ကို ဂုဏ်သိက္ခာရှိလှသည်။

ကျောက်ယန်ဖိန်က ဆက်ပြောသည်။ "လိုရင်းကို ပြန်သွားရအောင်... အိပ်မက်ဆိုးဧကရာဇ်ကို ကျွန်တော် သတ်ပြီးတဲ့နောက်မှာ ဧကရာဇ်ထိုက်ခန် ၊ ရုပ်သေးမဟာမိတ်အဖွဲ့ရဲ့ ခေါင်းဆောင် ၊ လေလွင့်မဟာမိတ်အဖွဲ့ရဲ့ စစ်သေနာပတိချုပ်... အားလုံးက ကျွန်တော့်ရဲ့ ခွေးတွေ ဖြစ်လာခဲ့တယ်။ လူသား သန်း ၂၀ က ကျွန်တော် မွေးမြူထားတဲ့ ဝက်တွေ၊ နွားတွေ၊ သိုးတွေ ဖြစ်လာပြီး ၊ ဒီလူသုံးယောက်ကတော့ သိုးကျောင်းခွေးတွေပေါ့။ အခု ဧကရာဇ်ထိုက်ခန် သေသွားပြီဆိုတော့ ခင်ဗျားကို သူ့နေရာမှာ အစားထိုးချင်တယ်။"

"ထိုက်ခန်အင်ပါယာရဲ့ ဧကရာဇ်... သိပ်ကို ဂုဏ်ကျက်သရေရှိတဲ့ ဘွဲ့အမည်ပဲ... ကျောက်ယန်ဖိန်ရဲ့ ခွေး... ပိုပြီးတော့ ဂုဏ်ကျက်သရေရှိတဲ့ နာမည်ပဲ။ မြန်မြန် လက်မှတ်ထိုးလိုက်ပါ။ ခင်ဗျားကို ပွင့်ပွင့်လင်းလင်းပဲ ပြောပါရစေ။ လူတစ်ယောက်ဖြစ်ရတာ အရေးအကြီးဆုံးက ပျော်ရွှင်ဖို့ပဲလေ။ ဒါပေမဲ့ လူသားတစ်ယောက်အနေနဲ့ မပျော်ရွှင်ရဘူးဆိုရင်ရော... ခွေးလုပ်လိုက်ပေါ့ဗျာ။"

ကျောက်ယန်ဖိန်က ဆက်ပြောသည်။ "လာ... လာ... လာ... လေးစားရပါသော အိပ်မက်ဆိုးအင်ပါယာရဲ့ မင်းသား ၊ လေးစားရပါသော ရုပ်သေးမဟာမိတ်အဖွဲ့ရဲ့ ခေါင်းဆောင် ၊ လေးစားရပါသော လေလွင့်မဟာမိတ်အဖွဲ့ရဲ့ စစ်သေနာပတိချုပ် ၊ လေးစားရပါသော ခေါင်းဆောင်လေး ဆိုမို ၊ လေးစားရပါသော စစ်သေနာပတိလေး ယန်ကျူး။"

ထိုလူငါးယောက်စလုံး မတ်တပ်ရပ်လိုက်ကြလေ၏။

ကျောက်ယန်ဖိန်က မေးလိုက်၏။ "ကယ်တင်ရှင်ကြီး တုပိုင်ကို ပြောပြလိုက်စမ်းပါဦး... မင်းတို့တွေ ငါ့ရဲ့ခွေး ဖြစ်ရတာ ပျော်ရဲ့လား။"

"ပျော်ပါတယ်။"

"ပျော်ပါတယ်။"

ထိုလူငါးယောက်က ညီညာစွာ အော်ဟစ်လိုက်ကြသည်။

ကျောက်ယန်ဖိန်က အမိန့်ပေးလိုက်သည်။ "လာ... ကယ်တင်ရှင်ကြီး တုပိုင်ကို တစ်ခေါက်လောက် ပြေးပြလိုက်စမ်းပါ။ သူ့ကို ခွေးတစ်ကောင် ဘယ်လိုလုပ်ရမလဲဆိုတာ သင်ပေးလိုက်ကြ။"

ထို့နောက် လူသားများထဲတွင် အစွမ်းအထက်ဆုံးဖြစ်သော ထိုပုဂ္ဂိုလ်ငါးဦးသည် မြေပြင်ပေါ်တွင် လေးဘက်ထောက်ကာ ခွေးများကဲ့သို့ 'ယဟောင်ကာ ပြေးလွှားနေကြတော့သည်။

"ဝုတ် ဝုတ် ဝုတ် ဝုတ် ဝုတ်"

ကျောက်ယန်ဖိန်က အရိုးတစ်ချောင်းကို မီတာရာချီ အကွာအဝေးသို့ ပစ်လွှတ်လိုက်ရာ ထိုလူသားခေါင်းဆောင် ငါးဦးလုံးသည် ခွေးများကဲ့သို့ ပြေးလိုက်သွားကြပြီး အရိုးကို လုယက်နေကြလေတော့၏။

ကျောက်ယန်ဖိန် တုပိုင်ဘက်သို့ လှည့်ကာ ပြောလိုက်သည်။ "ကြည့်... ကြည့်စမ်းပါ။ သူတို့ ဘယ်လောက်တောင် ပျော်နေကြလဲဆိုတာကို... အဲဒါကြောင့် ခွေးတစ်ကောင်ဖြစ်ဖို့ အရေးအကြီးဆုံးက ပျော်ရွှင်ဖို့ပဲလေ။ တုပိုင်... ကျွန်တော့်ရဲ့ ခွေးလုပ်တာ အဆင်ပြေတယ် မဟုတ်လား။ စာချုပ်ကို လက်မှတ်ထိုးလိုက်ပါ။ အခုကစပြီး ကျွန်တော်တို့က မိသားစုတစ်ခုပဲ။ ကျွန်တော်က ကျွန်တော့်ခွေးတွေအပေါ် အရမ်းကောင်းပါတယ်။ ဝံပုလွေက အသားစားပြီး ခွေးက ချေးစားတယ်။ ခင်ဗျားက ဝံပုလွေတစ်ပိုင်း ခွေးတစ်ပိုင်းဆိုတော့ အသားတစ်ဝက် ၊ ချေးတစ်ဝက် စားခွင့်ပေးမယ်လေ။"

တုပိုင် စာချုပ်ကို ကောက်ယူကာ သေချာစွာ ဖတ်ရှုလိုက်ပြီးနောက် မေးလိုက်၏။ "ငါးနှစ်တစ်ကြိမ်တိုင်း ထိုက်ခန်အင်ပါယာက လူသား တစ်သန်းကို မိစ္ဆာတွေ အသားစားဖို့အတွက် ပေးအပ်ရမယ်ပေါ့။"

ကျောက်ယန်ဖိန်က အတည်ပြုလိုက်၏။ "မှန်ပါတယ်... နောက်ရက်အနည်းငယ်နေရင် ခင်ဗျားရဲ့ ထိုက်ခန်အင်ပါယာက နောက်ထပ် လူသား တစ်သန်း ထပ်ပေးရမယ်။ ဒီအချိန်အတောအတွင်းမှာ သူတို့ကို အစာလေး ဘာလေး ပိုကျွေးထားဖို့ မှတ်ထားဦး။"

တုပိုင် စာချုပ်ကို အစမှအဆုံး ဖတ်ရှုလိုက်ပြီးနောက် စားပွဲပေါ်သို့ ပြန်ချထားလိုက်သည်။

ကျောက်ယန်ဖိန်က တိုက်တွန်းလိုက်၏။ "လက်မှတ်ထိုးလိုက်... လက်မှတ်ထိုးလိုက်... လက်မှတ်ထိုးပြီးသွားရင် ခင်ဗျားက ကျွန်တော့်ခွေး ဖြစ်သွားပြီ။ ခင်ဗျားကို အကောင်းဆုံး လည်ပတ်ကြိုးလေး ချက်ချင်းတပ်ပေးပြီး လမ်းလျှောက်ထွက်ဖို့ ခေါ်သွားမယ်။"

တုပိုင်က အေးစက်စွာ ပြောသည်။ "ကျောက်ယန်ဖိန်... ငါက သေရမှာကို မကြောက်ဘူးဆိုတာ မင်း သိသင့်တယ်..."

ကျောက်ယန်ဖိန်က ပြန်ဖြေလိုက်၏။ "သိတာပေါ့... ဒါပေမဲ့ ခင်ဗျားက ကြီးမြတ်တဲ့ လူတစ်ယောက်လေ။ လူသားမျိုးနွယ် မျိုးသုဉ်းပျောက်ကွယ်သွားတာကို ခင်ဗျား ဘယ်ကြည့်ရက်ပါ့မလဲ။ ငါးနှစ်တစ်ကြိမ် လူတစ်သန်း သေဆုံးရပေမဲ့ လူသားမျိုးနွယ်က ဆက်လက် ရှင်သန်ခွင့်ရဦးမှာလေ။ ခင်ဗျား ငြင်းဆန်လိုက်ရင်တော့ လူသားမျိုးနွယ် မျိုးသုဉ်းသွားလိမ့်မယ်။ လူသားမျိုးနွယ်ရဲ့ အနာဂတ်အတွက် ခင်ဗျားကို ကျွန်တော့်ခွေးအဖြစ် နေခိုင်းလိုက်ရတာပါပဲ။ အနည်းဆုံးတော့ ဒါက သတ္တိနည်းနည်းရှိတယ်လို့ ပြောလို့ရတာမို့ ကျွန်တော်လည်း နည်းနည်း စိတ်သက်သာရာရတာပေါ့။"

တုပိုင် ညင်သာစွာ ပြုံးလိုက်ပြီး တိတ်ဆိတ်သွားတော့၏။

ကျောက်ယန်ဖိန်က ဆက်ပြောသည်။ "လူသားတွေက ဒီလိုမျိုး အသက်ရှင်နေရတာထက်စာရင် မျိုးသုဉ်းသွားတာကမှ ပိုကောင်းဦးမယ် မဟုတ်လား။ အဲဒီလို လုံးဝ မတွေးပါနဲ့။ လူရိုင်းမျိုးနွယ်ငါးခုက တရုတ်ပြည်မကြီးကို ကျူးကျော်ဝင်ရောက်လာတဲ့အချိန် ၊ မွန်ဂိုယွမ်မင်းဆက်က အလယ်ပိုင်းလွင်ပြင်ကို ကျူးကျော်ဝင်ရောက်လာတဲ့အချိန်တုန်းက ဟန်လူမျိုးတွေ အားလုံး ခြေနှစ်ချောင်း သိုးတွေ ဖြစ်ခဲ့ရတာပဲလေ။"

"ဒါပေမဲ့ နောက်ပိုင်းကျတော့ သူတို့တွေ ပြန်မယူနိုင်ခဲ့ကြဘူးလား။ ခင်ဗျားက တရုတ်ပြည်ကြီးအကြောင်းကို အဲဒီလိုမျိုး တွေးနေမယ်ဆိုရင် တရုတ်ယဉ်ကျေးမှုဆိုတာ လွန်ခဲ့တဲ့အချိန်ကတည်းက ပျက်စီးသွားခဲ့လောက်ပြီ။ ခင်ဗျားအနေနဲ့ အရှက်ရမှုကို သည်းခံတတ်အောင် သင်ယူရမယ်... ကယ်တင်ရှင်ကြီးရဲ့။"

ကျောက်ယန်ဖိန် ကယ်တင်ရှင်အကြောင်း ပြောသောအခါ သူ၏ လေသံမှာ အလွန်တရာ အလေးအနက် ရှိနေသော်ငြား အလွန်အမင်း အဓိပ္ပာယ်မဲ့ပြီး လှောင်ပြောင်သရော်နေသည့်အလား ထင်မှတ်ရပေ၏။

ကျောက်ယန်ဖိန် လက်အုပ်ချီကာ အဆက်မပြတ် တောင်းပန်နေတော့သည်။ "ကယ်တင်ရှင်ကြီး တုပိုင်... ကျွန်တော် ခင်ဗျားကို တောင်းပန်ပါတယ်ဗျာ။ ကျွန်တော့်ရဲ့ ခွေးလုပ်ပေးပါ... ကျေးဇူးပြုပြီးတော့ပါ။"

တုပိုင် ပြောလိုက်၏။ "မင်း တကယ်ကို အထီးကျန်နေတာပဲ။"

ကျောက်ယန်ဖိန်က ပြန်ဖြေလိုက်သည်။ "ဟုတ်တယ်... ပြိုင်ဘက်ကင်းတယ်ဆိုတာ တကယ်ကို အထီးကျန်ပါတယ်။ ဘဝက နှင်းပွင့်တွေလို အထီးကျန်ဆန်လွန်းတယ်... ကျွန်တော့်ဘဝမှာ ရင်ခုန်စရာတွေ ၊ ဘဝရဲ့ ရည်မှန်းချက်တွေ ဘာမှမရှိတော့ဘူး။ ဒီအဆင့်မှာ ခင်ဗျားက ကျွန်တော့်ရဲ့ အကြီးမားဆုံးသော ဘဝရည်မှန်းချက်ပဲ။ တာ့နင်အင်ပါယာမှာ ခင်ဗျားရဲ့ လုပ်ရပ်တွေက သိပ်ကို အံ့မခန်းဖြစ်ခဲ့ပြီး ၊ ပွားလာတဲ့ ဟင်းလင်းပြင်လောကလေးဖြစ်တဲ့ ကမ္ဘာမြေကို အပြည့်အဝ ကယ်တင်နိုင်ခဲ့တယ်။ ခင်ဗျားကို ခွေးတစ်ကောင်အဖြစ် လက်ခံလိုက်ရမယ်ဆိုရင် အဲဒီအောင်မြင်မှုခံစားချက်ကြီးက ကျွန်တော့်ကို အနည်းဆုံး သုံးနှစ်လောက်တော့ ကျေနပ်သွားစေနိုင်မှာပဲ။"

တုပိုင် ကျောက်ယန်ဖိန်ကို အချိန်အတော်ကြာအောင် စိုက်ကြည့်နေလိုက်ပြီး သူ၏ မျက်လုံးများကို ကြည့်ကာ သက်ပြင်းချလိုက်၏။ "မင်း တကယ်ကို ပြိုင်ဘက်ကင်းတာပဲ။ ပြီးတော့ မင်းရဲ့ နှလုံးသားမှာ ဘာအားနည်းချက်မှကို မရှိတာ။"

ကျောက်ယန်ဖိန်က အေးစက်စက်ဖြင့် မေးလိုက်သည်။ "ဒါဆို သဘောမတူဘူးပေါ့... ခွေးတွေ ၊ ကြောင်တွေက စကားနားမထောင်ရင် သခင်ဖြစ်တဲ့သူက ဘာလုပ်သင့်တယ်ဆိုတာ ခင်ဗျား သိလား။ ဘာလုပ်သင့်တယ်ဆိုတာ ဘယ်သူများ ငါ့ကို ပြောပြမလဲ။"

ဘုရင်မ မိုဟန်က ဝင်ပြောလိုက်၏။ "သင်းကွပ်ပစ်လိုက်... သူ့ကို သင်းကွပ်ပစ်လိုက်... ဘာပဲဖြစ်ဖြစ် တာ့နင်အင်ပါယာရဲ့ ဟင်းလင်းပြင်လောကမှာ သူက မိန်းမစိုးတစ်ယောက်ပဲလေ။"

ကျောက်ယန်ဖိန်က ချီးကျူးလိုက်သည်။ "ကောင်းကောင်း ပြောလိုက်တာပဲ... ဘုရင်မ မိုဟန်... အခု မင်းမှာ နယ်မြေဘယ်လောက် ရှိနေပြီလဲ။"

ဘုရင်မ မိုဟန်က ပြန်လည်ဖြေကြားလိုက်၏။ "အရှင်မင်းမြတ် မဟာမိစ္ဆာသခင်... အခုဆိုရင် ကျွန်မမှာ ကွမ်တုံ ၊ ကွမ်ရှီး ၊ ယူနန် နဲ့ ကွေ့ကျိုး ဆိုတဲ့ ပြည်နယ်လေးခုစလုံးကို ပိုင်ဆိုင်ထားပါပြီ။ ပြီးတော့ အန်နမ်နိုင်ငံ တစ်ခုလုံးနဲ့ ပေါင်းပြီး သမိုင်းမှာရှိခဲ့တဲ့ မိုမင်းဆက်တွေထက် အဆပေါင်းများစွာ သာလွန်တဲ့ အကြုံစဖူး မိုတိုင်းပြည်ကြီးကို တည်ထောင်ထားနိုင်ပါပြီ။"

တုပိုင် မအံ့ဩဘဲ မနေနိုင်တော့ချေ။

ကမ္ဘာပျက်ကြီး၏နဂါးဧကရာဇ်။ အပိုင်း (၉၁၉ + ၉၂၀) ပြီး။

မူရင်းစာရေးဆရာ - Silent Cake And Pastries

ဘာသာပြန် - Author Chang’e 🌕

True Immortal Team

ကုန်းကုန်းဧကရာဇ်၏ ဒုတိယအတွဲ။

All Chapters