← Chapters

အခန်း (၄၄၆)

Vol. 45 Ch. 446

အခန်း (၄၄၆)

Vol. 45 Ch. 446

ကျိရုရွှယ်၏ သတိပေးစကားကို ကြားသောအခါ လုချွမ်းမှာ အနည်းငယ် အံ့အားသင့်သွားမိသည်။ ဤကိုဘိုးလ်များတွင် မျိုးနွယ်စုဗီဇစွမ်းရည်များရှိနေလိမ့်မည်ဟု သူ မထင်မှတ်ထားခဲ့ပေ။ သို့သော် ချီချီလေးက အထူးတလည် ပြောဆိုလာသည်ဖြစ်ရာ ဤအဆင့် ၅ ကိုဘိုးလ်ကို သူ အနည်းငယ် ဂရုပြုရန် ဆုံးဖြတ်လိုက်သည်။

နောက်တစ်ခဏတွင်တော့ အဆင့် ၆ ဇွန်ဘီရုပ်သေးများထဲမှ မီးလျှံ ၁ သည် အုပ်စုရှေ့သို့ ဖြည်းညှင်းစွာ ထွက်ပေါ်လာခဲ့သည်။

ဝူး...

ထိုခဏ၌ပင် သတ်ဖြတ်လိုစိတ်များ ပြည့်နှက်နေသော အကြည့်များဖြင့် အဆင့် ၅ ကိုဘိုးလ်သည် လှမ်းကြည့်လိုက်ပြီး ကမ္ဘာမြေကြီး တုန်ဟည်းသွားမတတ် ဟိန်းဟောက်လိုက်သည်။

ချက်ချင်းပင် သူ၏ ခန္ဓာကိုယ်မှာ သိသိသာသာ ကြီးထွားလာခဲ့ပြီး မူလအရပ် တစ်ပေခန့်မှ သုံး ပေအထိ မြင့်မားလာခဲ့သည်။ ယခင်က လက်ထဲတွင် အံကိုက်ဖြစ်နေသော အနက်ရောင် စစ်သုံးပုဆိန်ကြီးမှာလည်း ယခုအခါ ကလေးကစားစရာတစ်ခုအလား သေးငယ်သွားခဲ့ရသည်။

တစ်ချိန်တည်းမှာပင် အဆင့် ၅ ကိုဘိုးလ်၏ ရုပ်ပိုင်းဆိုင်ရာ ပြောင်းလဲမှုများကို သာမန်မျက်စိဖြင့်ပင် အထင်အရှား မြင်တွေ့နေရသည်။ မူလကရှိသော ငွေရောင်အမွှေးအမျှင်များမှာ ကျွတ်ထွက်သွားခဲ့ပြီး သတ္တုရောင် တလက်လက်တောက်နေသော အရေပြားများ ပေါ်ထွက်လာခဲ့ရာ အလွန်တရာ ကျစ်လျစ်တောင့်တင်းပြီး လေးပေခန့်ရှိသည့်ပုံသဏ္ဌာန်သို့ ကူးပြောင်းသွားခဲ့သည်။

ယခုအခါ ထိုအဆင့် ၅ ကိုဘိုးလ်မှာ ဧရာမ သတ္တုဘီလူးကြီးတစ်ကောင်နှင့်ပင် တူနေတော့သည်။

"ဒါက ဧရာမကိုယ်ထည်ဖန်တီးခြင်းနဲ့ ရွှေဝါးမြိုခြင်းပဲ။ သူက မျိုးနွယ်စုဗီဇစွမ်းရည် နှစ်ခုတောင် နိုးထထားတာပဲ"

ကိုဘိုးလ်၏ အပြောင်းအလဲများကို ကြည့်ရင်း ကျိရုရွှယ်က အံ့ဩတကြီး ရေရွတ်လိုက်မိသည်။

ဧရာမကိုယ်ထည်ဖန်တီးခြင်းမှာ နားလည်ရလွယ်ကူလှသည်။ ၎င်းမှာ ခန္ဓာကိုယ်ကို အချိုးအစားအလိုက် ကြီးထွားစေခြင်းဖြစ်ပြီး ခွန်အားနှင့် ဖျက်ဆီးနိုင်စွမ်းကို အဆမတန် မြင့်တက်စေသည်။

ရွှေဝါးမြိုခြင်းမှာမူ ကိုဘိုးလ်များကို သတ္တုရိုင်းများကို အစာခြေဖျက်နိုင်သော စွမ်းရည်ကို ပေးစွမ်းခြင်းပင်။ ဤစွမ်းရည်ကို အသက်သွင်းနိုင်သည့် မည်သည့်ကိုဘိုးလ်မဆို သတ္တုရိုင်းအမြောက်အမြားကို စားသုံးခြင်းဖြင့် ၎င်းတို့၏ ကိုယ်ခန္ဓာကို သံမဏိကဲ့သို့ မာကျောတောင့်တင်းလာအောင် လေ့ကျင့်ပြီးတည်ဆောက်နိုင်ကြသည်။

"ဝူး..."

ရုပ်သွင်ပြောင်းလဲသွားသော ကိုဘိုးလ်တပ်မှူးသည် သူ၏ရင်ထဲရှိ ရက်စက်ကြမ်းကြုတ်မှုများကို ထုတ်ဖော်ကာ ဒေါသတကြီး ဟိန်းဟောက်လိုက်ပြီးနောက် နောက်ပါကိုဘိုးလ်များနှင့်အတူ ရှေ့သို့ တစ်ဟုန်ထိုး ပြေးဝင်လာတော့သည်။

"ဟင်း..."

အင်အားတိုးလာသော ကိုဘိုးလ်ကို ရင်ဆိုင်ရသော်လည်း လုချွမ်းကတော့ အနည်းငယ်မျှ ထိတ်လန့်ခြင်းမရှိဘဲ မီးလျှံ ၁ ကို ရှေ့သို့တက်၍ ခုခံရန် ထိန်းချုပ်လိုက်သည်။

"ငါလည်း မင်းကို အဖော်လုပ်ပေးရသေးတာပေါ့"

တစ်ချိန်တည်းမှာပင် ကျိရုရွှယ်သည်လည်း သူမ၏ စိတ်စွမ်းအင်များကို အသုံးပြုကာ လေထဲသို့ ပျံတက်၍ ရှေ့သို့ ပြေးထွက်သွားခဲ့သည်။

စစ်တလင်းအတွင်း၌ အဆင့် ၅ ဇွန်ဘီရုပ်သေးများသည် ကိုဘိုးလ်တပ်မှူးကို ကျော်ဖြတ်ကာ ၎င်းနှင့်အတူ ပါလာသော အခြားကိုဘိုးလ်များကို ပစ်မှတ်ထားလျက် သွေးချောင်းစီးစေမည့် သတ်ဖြတ်မှုကြီးကို စတင်လိုက်ကြတော့သည်။

ဝုန်း... ဝုန်း... ဝုန်း...

မီးလျှံ ၁ သည် ကားတစ်စီးခန့် ကြီးမားလှသော ဧရာမ မီးလုံးကြီးများကို ထုတ်လွှတ်လိုက်ပြီး ကိုဘိုးလ်တပ်မှူးရှိရာသို့ အရှိန်အဟုန်ဖြင့် ပစ်ပေါက်လိုက်သည်။

ကိုဘိုးလ်တပ်မှူးမှာ အလွန်လျှင်မြန်လှသော ထိုမီးလုံးများကို မရှောင်တိမ်းနိုင်ဘဲ တိုက်ရိုက် အထိမှန်သွားခဲ့ရာ ဆက်တိုက်ဆိုသလို ပေါက်ကွဲမှုများ ဖြစ်ပေါ်ပြီး မီးတောက်များမှာ ကောင်းကင်ယံအထိ ထိုးတက်သွားခဲ့သည်။

ချက်ချင်းပင် မီးတောက်များ ဝါးမြိုခြင်း ခံလိုက်ရသော ကိုဘိုးလ်သည် စူးရှစွာ အော်ဟစ်လိုက်ပြီး သူ၏ ရှေ့သို့ တိုးလာသော အရှိန်မှာလည်း ခဏတာ တန့်သွားခဲ့ရသည်။

သံမဏိဖြင့် သွန်းလုပ်ထားသကဲ့သို့ မာကျောလှသော ကိုဘိုးလ်၏ ခန္ဓာကိုယ်သည်ပင်လျှင် မီးလျှံ ၁ ၏ အဆင့် ၆ မီးတောက်များကို မတွန်းလှန်နိုင်ဘဲ တစ်ကိုယ်လုံး မည်းတူးကာ အရေပြားများ ဖောင်းကြွပြီး အသားစိုင်များမှာလည်း ကြေမွပျက်စီးကုန်တော့သည်။

"ဝူး..."

အထိနာသွားသော ကိုဘိုးလ်တပ်မှူးသည် ဒေါသတကြီး ဟိန်းဟောက်လိုက်ပြီးနောက် နောက်ထပ် ရောက်ရှိလာမည့် မီးလုံးများကို အသည်းအသန် ရှောင်တိမ်းလိုက်သည်။ သူသည် အဆုံးမရှိသော ဒေါသများကို သယ်ဆောင်လာကာ သူ၏ ဧရာမ အနက်ရောင် လက်သီးကြီးဖြင့် မီးလျှံ ၁ ရှိရာသို့ အားကုန်လွှဲ၍ ထိုးနှက်လိုက်ရာ လေထုကို ခွဲထွက်သွားသော အသံမှာ နားကွဲမတတ် ပြင်းထန်လှသည်။

အရေးကြီးသော ထိုခဏ၌ပင် မီးလျှံ ၁ သည် ၎င်း၏ မီးလျှံကိုယ်ထည်အဖြစ်သို့ ပြောင်းလဲခြင်းကို အောင်မြင်စွာ လုပ်ဆောင်နိုင်ခဲ့ပြီး ကောင်းကင်ယံသို့ ပျံတက်သွားခဲ့သည်။

ဘုန်း...

လွဲချော်သွားသော လက်သီးချက်သည် မြေပြင်ပေါ်သို့ တိုက်ရိုက်ကျရောက်သွားရာ မိုးထစ်ချုန်းသံကဲ့သို့ ပြင်းထန်သော ပေါက်ကွဲမှုကြီး ဖြစ်ပေါ်ခဲ့သည်။ ဆယ်မီတာပတ်လည်အတွင်းရှိ ကွန်ကရစ်လမ်းမကြီးမှာ လန်တက်သွားပြီး ဖုန်မှုန့်များနှင့် အုတ်ခဲကျိုးများမှာလည်း လေထဲသို့ လွင့်စင်သွားခဲ့သည်။

ထိုခဏ၌ပင် ကောင်းကင်ယံ၌ ဝဲပျံနေသော ကျိရုရွှယ်က ချက်ခြင်းလှုပ်ရှားလိုက်သည်။ သူမ၏ ခါးပတ်အိတ်အတွင်းမှ တူတစ်ချောင်းခန့် ထူထဲသော သံမှိုအကြီးစားတစ်ချောင်း ထွက်ပေါ်လာပြီး သူမ၏ ရှေ့မှောက်တွင် လွင့်မျောနေသည်။

ဝီ... ဝီ...

နောက်တစ်ခဏတွင် အရပ်မျက်နှာအနှံ့မှ စိတ်စွမ်းအင်များ၏ ပြင်းထန်စွာ ဖိသိပ်မှုအောက်၌ ထိုသံမှိုမှာ ထိန်းမနိုင်သိမ်းမရ တုန်ယင်လာခဲ့ပြီး သွားကြားထိုးတံခန့် အရွယ်အစားအထိ လျှင်မြန်စွာ ကျုံ့ဝင်သွားခဲ့သည်။

ရှူး...

ချက်ချင်းပင် ဖိသိပ်ထားသော ထိုသံမှိုသည် အနက်ရောင် မျဉ်းတစ်ကြောင်းအလား လေထုကို ခွဲထွက်လျက် တစ်ဟုန်ထိုး ပြေးထွက်သွားတော့သည်။

ဖောက်...

ကိုဘိုးလ်တပ်မှူးသည် တိုက်ကွက်လွဲချော်သွားသဖြင့် ပြန်အထတွင်ပင် စူးရှလှသော လေတိုးသံနှင့်အတူ ရောက်ရှိလာသော သံမှိုမှာ သူ၏ နဖူးအလယ် တည့်တည့်သို့ ဖောက်ဝင်သွားခဲ့ပြီး သွေးစက်အချို့ လွင့်စင်သွားခဲ့သည်။

ကိုဘိုးလ်၏ မာကျောလှသော ဦးခေါင်းခွံဖြစ်စေ ရွှေဝါးမြိုခြင်းစွမ်းရည်ဖြင့် သန်မာအောင် လုပ်ထားသော အသားစိုင်ဖြစ်စေ ထိုပြင်းအားပါလှသော သံမှိုကို ခဏမျှပင် ခုခံနိုင်စွမ်း မရှိခဲ့ချေ။

ဝုန်း...

ဦးခေါင်းဖောက်ဝင်ခံလိုက်ရသည်နှင့် ကိုဘိုးလ်တပ်မှူး၏ ရန်လိုမှုနှင့် ဒေါသမာန်များ ပြည့်

နှက်နေသော မျက်ဝန်းအိမ်များက ချက်ချင်းပင် အရောင်မှိန်သွားခဲ့သည်။ သူ၏ အသိစိတ်များ ချုပ်ငြိမ်းသွားခဲ့ပြီး ဧရာမ ခန္ဓာကိုယ်ကြီးမှာလည်း မြေပြင်ပေါ်သို့ အားအင်ချိနဲ့စွာ လဲကျသွားခဲ့ရရာ ခြေလက်များမှာမူ ပင်ကိုယ်ဗီဇအရ တုံ့ပြန်လှုပ်ရှားနေဆဲပင်။

"အဆင့် ၅ လောက်နဲ့ သေလမ်းရှာနေတာပဲ"

မူလအရွယ်အစားသို့ ပြန်လည်ကျုံ့ဝင်သွားသော ကိုဘိုးလ်တပ်မှူး၏ အလောင်းကို ကြည့်ကာ လုချွမ်းက ခေါင်းယမ်းလိုက်သည်။

ကိုဘိုးလ်တပ်မှူး သေဆုံးပြီးနောက် မကြာမီမှာပင် ကျန်ရှိနေသော ကိုဘိုးလ်များကိုလည်း အဆင့် ၅ ဇွန်ဘီရုပ်သေးများက တစ်ကောင်ပြီးတစ်ကောင် အပြတ်အသတ် ရှင်းလင်းလိုက်ကြသည်။

လုချွမ်းသည် သူ၏ ဇွန်ဘီရုပ်သေးများကို ထိန်းချုပ်ကာ စစ်တလင်းကို စတင်ရှင်းလင်းလိုက်သည်။

ကိုဘိုးလ်တပ်မှူး၏ ကိုယ်တွင်း၌ နတ်ဆိုးအမြုတေလုံးရှိနေနိုင်သည်ကို သတိရမိသဖြင့် ကျိရုရွှယ်သည် ဇွန်ဘီရုပ်သေးများ သယ်ဆောင်လာသော ထိုအလောင်းကို လုချွမ်းထံမှ လွှဲပြောင်းရယူလိုက်သည်။

သူမ၏လက်ထဲရှိ ပင်ပန်းဘောလုံးအရွယ်အစားခန့်ရှိသော ခရမ်းရောင် သလင်းလုံးလေးကို ကြည့်ရင်း ကျိရုရွှယ်၏မျက်နှာတွင် ဝမ်းသာအားရဖြစ်မှုများ အထင်အသား ပေါ်လွင်နေသည်။ ဤနတ်ဆိုးအမြုတေလုံးသည် သူမ၏ခွန်အားကို မြှင့်တင်ပေးနိုင်သည်ဖြစ်ရာ လက်လွှတ်ခံစရာ အကြောင်းမရှိပေ။

အဆင့်မြင့် ဇွန်ဘီရုပ်သေးများ၏ လျင်မြန်သော လှုပ်ရှားမှုများကြောင့် မြေပြင်ပေါ်ရှိ ကိုဘိုးလ်အလောင်းများမှာ ခဏချင်းပင် ရှင်းလင်းသွားခဲ့သည်။

"နောက်တစ်ဆင့်ကတော့ ဒီနယ်မြေထဲမှာ ကျန်ရှိနေသေးတဲ့ ကိုဘိုးလ်တွေကို အပြတ်ရှင်းဖို့ပဲ"

လုချွမ်း၏ မျက်ဝန်းအိမ်တွင် အေးစက်သော အလင်းတန်းများ ဖျတ်ကနဲ ဖြစ်သွားပြီးနောက် သူ့အား ဗဟိုပြု၍ အရပ်မျက်နှာအနှံ့သို့ ဇွန်ဘီရုပ်သေးများကို ဖြန့်ကြက်စေကာ မြို့အနှံ့ရှိ ကိုဘိုးလ်များကို လိုက်လံရှာဖွေ၍ သုတ်သင်စေခဲ့သည်။

ဝုန်း... ဝုန်း...

ကိုဘိုးလ်အလောင်း အမြောက်အမြား တင်ဆောင်ထားသော ယာဉ်တန်းသည် လမ်းမအတိုင်း ဖြည်းညှင်းစွာ ရွေ့လျားလာခဲ့ပြီးနောက် အဆောက်အအုံတစ်ခု၏ ရှေ့သို့ ဆိုက်ရောက်လာခဲ့သည်။

လမ်းပြရန်အတွက် သီးသန့် ချန်ထားခဲ့သော နောက်ဆုံး ကိုဘိုးလ်အနည်းငယ်ကိုပါ အစီအရင်လိုက် သတ်ဖြတ်ပြီးနောက် လုချွမ်းသည် ဇွန်ဘီရုပ်သေးများကို ထိုအဆောက်အအုံအတွင်းသို့ အရှိန်အဟုန်ဖြင့် ဝင်ရောက်ကာ အမြန်ဆုံး ရှာဖွေစေလိုက်သည်။

မကြာမီမှာပင် ကားပေါ်တွင် မျက်လုံးမှိတ်၍ ထိုင်နေသော လုချွမ်းသည် ဝမ်းသာအားရဖြင့် မျက်လုံးများကို ဖွင့်လိုက်ပြီး ဘေးနားရှိ ကျိရုရွှယ်ကို ဤသို့ ပြောလိုက်သည်။

"တွေ့ပြီ... ဒီဟင်းလင်းပြင်အက်ကြောင်းက တကယ့်ကို လျှို့ဝှက်တဲ့နေရာမှာ ရှိနေတာပဲ။ အဆောက်အအုံရဲ့ အောက်ဆုံးထပ် မြေအောက်ခန်းထဲမှာ ဖုံးကွယ်နေလို့ ခုနက ရှာမတွေ့ခဲ့တာ"

ကျိရုရွှယ်သည်လည်း ထိုသတင်းကို ကြားရသောအခါ အလွန်ဝမ်းသာသွားပြီး "ဖေဖေ... ဒီအက်ကြောင်းရဲ့ တစ်ဖက်ခြမ်းက ကိုဘိုးလ်မျိုးနွယ်စုတွေနဲ့ တိုက်ရိုက် ချိတ်ဆက်နေဖို့ များပါတယ်။ အခု ဒီမှာတွေ့ရတဲ့ ကိုဘိုးလ်တွေက ရှေ့ပြေးတပ်ဖွဲ့တွေပဲ ရှိသေးတာ။ နောက်ပိုင်းမှာ ပိုပြီးများတဲ့ ကိုဘိုးလ်တွေ ထပ်ရောက်လာဦးမှာ" ဟု အလျင်အမြန် ပြောလိုက်သည်။

သူမ ဆိုလိုရင်းကို နားလည်သွားသဖြင့် လုချွမ်းက ခေါင်းညိတ်ကာ "ဒါဆိုရင်တော့ ငါ့ရဲ့ ဇွန်ဘီရုပ်သေးတွေကို ဒီမှာပဲ အမြဲတမ်း တပ်စွဲထားလိုက်မယ်။ ဘယ်လောက်ပဲလာလာ အကုန်သတ်ပစ်မယ်။ ဒီကိုဘိုးလ်တွေ အပြင်ကိုထွက်ပြီး ပြဿနာရှာလို့ မရအောင် တားဆီးထားရမယ်" ဟု ပြောလိုက်သည်။

"ဟုတ်ကဲ့ ဒီအက်ကြောင်းကိုသာ မြဲမြဲစောင့်ထားနိုင်မယ်ဆိုရင် ကိုဘိုးလ်မျိုးနွယ်စုက အရမ်း အင်အားမကြီးသရွေ့တော့ သူတို့တွေ ဒီဘက်ကို ကျော်ဖြတ်နိုင်မှာ မဟုတ်ပါဘူး" ဟု ကျိရုရွှယ်က ကျေနပ်စွာဖြင့် ခေါင်းညိတ်လိုက်သည်။

သို့သော်လည်း နောက်တစ်ခဏ၌ ကျိရုရွှယ်၏ မျက်ခုံးတန်းများမှာ ပြန်လည်တွန့်ချိုးသွားခဲ့ပြန်သည်။

ယခုအခါ လီမြစ်မြို့အတွင်း၌ ကိုဘိုးလ်များ ပေါ်ပေါက်လာပြီဖြစ်ရာ ကမ္ဘာအနှံ့တွင်လည်း အခြားသော ဂြိုဟ်သားမျိုးနွယ်စုများစွာ ကျူးကျော်ဝင်ရောက်နေပြီဖြစ်ကြောင်း သံသယဖြစ်

ဖွယ် မရှိပေ။ လောကကြီးတစ်ခုလုံးမှာ မကြာမီ ပရမ်းပတာ ဖြစ်သွားနိုင်ခြေရှိသဖြင့် သူတို့၏ ခွန်အားကို မြှင့်တင်ရန်မှာ အလွန်ပင် အရေးတကြီး လိုအပ်နေပြီ ဖြစ်သည်။

လုချွမ်းသည်လည်း ကျိရုရွှယ်ကဲ့သို့ပင် စိုးရိမ်ပူပန်မှုများ ရှိနေခဲ့သည်။

ယနေ့ ရင်ဆိုင်ခဲ့ရသော ကိုဘိုးလ်များမှာ ဂြိုဟ်သားမျိုးနွယ်စုများ၏ ပျမ်းမျှအင်အားကို ကိုယ်စားပြုသည်ဟု သူ မယုံကြည်ပေ။ နောင်တွင် ကျူးကျော်လာမည့် ဂြိုဟ်သားများမှာ ပိုမို၍ အစွမ်းထက်လာကြလိမ့်မည်။ အကယ်၍ သူ၏ခွန်အားမှာ ထိုဂြိုဟ်သားများထက် မသာလွန်နိုင်ပါက အရာအားလုံးမှာ အချည်းနှီးသာ ဖြစ်ပေလိမ့်မည်။

All Chapters