အခန်း (၂၃၇၅-၂၃၇၆)
Vol. 170 Ch. 2375-2376
အပိုင်း (၂၃၇၅)
[ညာဘက် လက်မောင်း - မာန]
ကမ္မကံ တန်ဖိုး : ၂၆၈,၃၃၄.၄
ပထမ ကပ်ဘေး ရှင်သန်ခြင်း... (၇/၇)
ဒုတိယ ကပ်ဘေး အောင်မြင်ခြင်း... (၁/၁)
တတိယ ကပ်ဘေး အောင်မြင်ခြင်း... (၃/၃)
စတုတ္ထ ကပ်ဘေး အောင်မြင်ခြင်း... (၁၈/၁၈)
ပဉ္စမ ကပ်ဘေး တားဆီးခြင်း ... (၄၇ နှစ်)
...
[ဘယ်ဘက် လက်မောင်း - ရမ္မက်]
ကမ္မကံ တန်ဖိုး : ၂၆၈,၃၃၄.၄
ပထမ ကပ်ဘေး အောင်မြင်ခြင်း... (၇/၇)
ဒုတိယ ကပ်ဘေး အောင်မြင်ခြင်း... (၁/၁)
တတိယ ကပ်ဘေး အောင်မြင်ခြင်း... (၃/၃)
စတုတ္ထ ကပ်ဘေး အောင်မြင်ခြင်း... (၁၈/၁၈)
ပဉ္စမ ကပ်ဘေး တားဆီးခြင်း ... (၄၇ နှစ်)
...
ကံကောင်းထောက်မစွာဖြင့် ဝေ့ဝူယင်ထံတွင် နောက်ထပ် ငရဲ ကပ်ဘေး မတိုင်မီအထိ အချိန် လေးဆယ့်ခုနစ်နှစ် ကျန်ရှိနေသေးသည်။
တိုက်ပွဲအတွက် အချိန်ကန့်သတ်ချက်မှာ အချိန်စက်ဝန်း တစ်ခုသာ ဖြစ်၏။ ထို့ကြောင့် သူတို့ ပြီးစီးသည်ဖြစ်စေ၊ မပြီးစီးသည်ဖြစ်စေ အဖြေကို နှစ်ဆယ့်ခုနစ်နှစ် အတွင်းတွင် ဆုံးဖြတ်မည် ဖြစ်သည်။ သို့မဟုတ် သာမန် အချိန်စီးဆင်းမှုအရဆိုလျှင် နှစ်ဆယ့်လေးနာရီ အချိန် တစ်ရက်တည်းသာ ဖြစ်လေသည်။
တစ်ရက်တည်း။
တစ်ရက်တည်းသာ ဖြစ်၏။
၎င်းမှာ အလွန်အမင်း အရှိန်မြှင့်ထားသော အချိန်ဇုံ အတွင်း၌ ရှင်သန်နေထိုင်ရခြင်းသည် မယုံကြည်နိုင်လောက်အောင် အန္တရာယ်များသောကြောင့် ဖြစ်သည်။ ထို့ကြောင့် ၎င်းကို ရက်ပေါင်း တစ်သောင်းရှိသော စက်ဝန်းတစ်ခုအတွင်း၌သာ ကန့်သတ်ထားမှသာလျှင် ဘေးကင်းလုံခြုံမှု အရိပ်အယောင် အချို့ကို ထိန်းသိမ်းထားနိုင်မည် ဖြစ်ပေသည်။
မှတ်တမ်းများအရ ဤကဲ့သို့သော အချိန်နှုန်းထားသည် အချိန်မြစ် ၏ ပြင်းထန်သော အပြစ်ပေးမှုကို ခံရမည် ဖြစ်သည်။ အထွတ်အထိပ် သူတော်စင်များ ပင်လျှင် ဤသို့သော ကန့်သတ်ချက်များကို ချိုးဖောက်ရန် မရဲဝံ့ကြချေ။
သို့သော်... အချိန်မြစ် က ၎င်းကို တိကျစွာ တားမြစ်ထားသည်ဟူသော အယူအဆကို ဝေ့ဝူယင် က ပယ်ဖျက်နိုင်ခဲ့ပြီ ဖြစ်သည်။ အကြောင်းမှာ သူသည် ဤနေရာတွင် ၎င်း၏ တည်ရှိမှုကို ခံစားနေရဆဲ ဖြစ်သောကြောင့်ပင်။ အကယ်၍ သူ ခန့်မှန်းရမည်ဆိုလျှင်၊ ၎င်းကို အထူးတလည် ခွင့်မပြုထားသည်မှာ ကောင်းကင် တာအိုများ ပင် ဖြစ်သည်။ ထို့ပြင် အချိန်မြစ် ကလည်း အပြန်အလှန် သဘောတူညီချက်ဖြင့် ထိုတားမြစ်ချက်ကို တစ်နည်းနည်းဖြင့် အသက်ဝင်စေခဲ့ခြင်း ဖြစ်၏။ သူတို့နှစ်ဦးကြားတွင် အပေးအယူ သဘောတူညီချက် တစ်ခု ရှိနေပုံရလေသည်။
သေချာပေါက်ပင် ကောင်းကင် တာအိုများ ကို မျက်မြင် မတွေ့ဖူးသူများ သို့မဟုတ် ၎င်းနှင့် အချိန်မြစ် ကို ရင်းနှီးကျွမ်းဝင်စွာ မသိရှိသူများ၏ မျက်လုံးထဲတွင် ဤအမှန်တရားကို လွယ်ကူစွာ ဆုံးဖြတ်နိုင်ရန်မှာ မဖြစ်နိုင်ပေ။
အလွန်အမင်း အရှိန်မြှင့်ထားသော အချိန်ဇုံ ကို တည်ဆောက်ပြီးနောက် ကြားနေ အထွတ်အထိပ် သူတော်စင် သုံးပါးသည် ဝေ့ဝူယင် ၏ ညွှန်ကြားချက်များအောက်တွင် ဝိညာဉ် ကွန်ရက် ကို တည်ဆောက်ခဲ့ကြသည်။ ထိုအရာက ကြည့်ရှုသူများကို အဖြစ်အပျက်များ၏ အသေးစိတ် အချက်အလက်များကို ကြည့်ရှုခွင့် ပေးထား၏။ ထို့နောက် ချက်ချင်းဆိုသလိုပင် အရာအားလုံး အဆင်သင့် ဖြစ်သွားခဲ့လေသည်။
တာအို တရားဥပဒေ ထိန်းသိမ်းသူများ သည် နောက်သို့ ဆုတ်သွားကြ၏။ သူတို့သည် သူတို့၏ ကောင်းကင်ရှန့်ထို အဂ္ဂိရတ် ပညာရှင်များ ကို ဆက်လက် အကာအကွယ် မပေးတော့ချေ။ မိုးကုပ်စက်ဝိုင်းများ သည် အချိန်ကွဲလွဲမှု၏ သက်ရောက်မှုနှင့် မသက်မသာဖြစ်မှုများကို လျှော့ချရန်အတွက် နည်းလမ်းပေါင်းစုံကို အသုံးပြုခဲ့ကြသည်။ ဝိညာဉ် အစီအရင်များ ထုတ်ဖော်ခြင်းမှသည် ရတနာများကို အသုံးပြုခြင်းအထိ ပါဝင်လေသည်။ သူတို့ထဲမှ တစ်ဦးတစ်ယောက်မျှ လျော့နည်းနေခြင်း မရှိပေ။ တစ်ချိန်တည်းမှာပင် ဝေ့ဝူယင်ကတော့ သူ၏ ကိုယ်ပိုင်အိမ်တွင် သက်တောင့်သက်သာ ရပ်နေသကဲ့သို့ တည်ငြိမ်စွာပင် ရှိနေခဲ့၏။
အစွမ်းကုန် သန့်စင်ခြင်း ဂလက်ဆီ အတွင်းရှိ မျှော်စင်များ၏ မိုးကုပ်စက်ဝိုင်း ခုနစ်ပါး နှင့် အာရုဏ်ဦး အဂ္ဂိရတ် ရှန့်ထို တို့ကြားရှိ ဥဿုံ အဂ္ဂိရတ် တိုက်ပွဲ သည် အဆင်သင့် ဖြစ်နေပြီ ဖြစ်သည်။
တောက်ပသော ကြယ်နန်းတော် ၏ နန်းတော်သခင် သည် စင်မြင့်ထက်သို့ တက်ရောက်လာခဲ့သည်။ ထို့နောက် ဤသို့သော သမိုင်းဝင် အဖြစ်အပျက်ကြီးကို ကြည့်ရှုခွင့်ရလောက်အောင် ကံကောင်းသော ပရိသတ်များအား ကြေညာလိုက်၏။
"ဒီ ဥဿုံ အဂ္ဂိရတ် တိုက်ပွဲ ရဲ့ စည်းမျဉ်းတွေကို ကျွန်တော် ရှင်းပြပါ့မယ်…”
…
တောက်ပသော ကြယ်နန်းတော် သခင် တစ်ယောက် ဂလက်ဆီ ၏ ရိုးရာဓလေ့အရ ဥဿုံ အဂ္ဂိရတ် တိုက်ပွဲ ၏ စည်းမျဉ်းစည်းကမ်းများကို ထပ်ခါတလဲလဲ ရှင်းပြနေစဉ် ဝေ့ဝူယင်၏ စိတ်အာရုံထဲ၌ အတိတ်မှ အမှတ်တရများမှာ တဟုန်ထိုး ဝင်ရောက် ဖြစ်ပေါ် နေခဲ့လေသည်။
ပထမဆုံးသော ဥဿုံ အဂ္ဂိရတ် တိုက်ပွဲ တွင် ဝေ့ဝူယင်သည် သွေးပန်းပဲဖို ကုန်းမြေတိုက်ကြီး ပေါ်ရှိ အန်း မျိုးနွယ်စု၏ ကိုယ်စားလှယ်အဖြစ် ယွမ်တောက်ထျန်း နှင့် ရင်ဆိုင်ခဲ့ရ၏။ သူ မရည်ရွယ်ဘဲ ကယ်တင်ခဲ့မိသော ထိုအန်း မျိုးနွယ်စု ညီအစ်မများသည် အာဏာရှင်များ အဖွဲ့သို့ ဝင်ရောက်ခဲ့ရုံသာမက သူ၏ အကောင်းဆုံး လက်အောက်ငယ်သားများစာရင်းတွင် ပါဝင်လာနိုင်လောက်အောင် ခွန်အားကြီးမားလာခဲ့ပြီး ရွေးချယ်ခံ ဘုရင် ပြိုင်ပွဲ တွင်ပင် ပါဝင်ယှဉ်ပြိုင်နိုင်ခဲ့ကြသည်။ ပို၍ အရေးကြီးသည်က ထိုနေ့သည် ရွှီရီဖေး ကို သူ ပထမဆုံး မြင်တွေ့ခဲ့ရသော နေ့ပင် ဖြစ်သည်။ တစ်ချက်လေး ကြည့်လိုက်ရုံမျှဖြင့် သူ၏ နှလုံးသားလေး လှုပ်ခတ်သွားပြီး ရင်ခုန်သံများ မြန်ဆန်သွားခဲ့ရလေသည်။ သူ မည်သို့များ လွမ်းဆွတ်တမ်းတခြင်း မဖြစ်ဘဲ နေနိုင်မည်နည်း။
တိုက်ကြီး တစ်ခုကိုသာ သိမ်းပိုက်ရန် ကြံစည်နေသော နေသွေးနီနီဂိုဏ်း၏ တပည့်ငယ်လေး ဘဝကနေ ရှုပ်ထွေးလှသော အချစ်ရေး ကိစ္စများကြောင့် ဂိုဏ်း၏ စွန့်ပစ်ခြင်းကို ခံခဲ့ရသည်။ သို့တိုင်အောင်... သူသည် တစ်ဆင့်ချင်း ကြိုးစားရုန်းကန်ခဲ့ပြီး ဂြိုဟ်များ၊ နယ်မြေများနှင့် ဂလက်ဆီ များကိုပင် သိမ်းပိုက်နိုင်ခဲ့ပြီ ဖြစ်၏။ ငရဲ၏ အထပ်များကိုပင် အမှန်တကယ် သိမ်းပိုက်နိုင်ခဲ့သည်ကိုလည်း မမေ့သင့်ပေ။
ထို့နောက်... သူ၏ ပါရမီကို မိမိအတွက် ခိုးယူရန် ကြိုးစားခဲ့သော ချင်ကူးယဉ်ကို သူ ရဲဝံ့စွာ စိန်ခေါ်ခဲ့သည်။ ထိုပွဲတွင် သူသည် သာလွန်ခြင်းအဆင့် အရည်အသွေး ထုတ်ကုန်များ၏ လျှို့ဝှက်ချက်များကို မတော်တဆ ဖော်ထုတ်နိုင်ခဲ့၏။ ၎င်းက နောင်တစ်ချိန်တွင် စကြဝဠာ သမိုင်းတစ်လျှောက် ပထမဆုံးသော သေမျိုး ရှန့်ထို အဂ္ဂိရတ် ပညာရှင် အဖြစ် သူ၏ လမ်းကြောင်းကို သတ်မှတ်ပေးခဲ့သည်။ ထို့နောက် အတုမဲ့ ဖန်တီးခြင်း အဂ္ဂိရတ် ကြယ်များ ကို ပထမဆုံး ပိုင်ဆိုင်နိုင်သူအဖြစ်လည်း မှတ်တမ်းဝင်စေခဲ့လေသည်။
ယခုက တတိယ အကြိမ်မြောက် ဥဿုံ အဂ္ဂိရတ် တိုက်ပွဲ ဖြစ်သည်။
ပထမတုန်းက သေချာစွာ ပြင်ဆင်ထားသော ရှုံးနိမ့်မှု တစ်ခုအဖြစ် အဆုံးသတ်ရန် ရည်ရွယ်ထားခဲ့သော်လည်း ယခုအခါ စိန်ခေါ်မှုကို မြည်းစမ်းလိုသော တောက်လောင်နေသည့် ဆန္ဒတစ်ခုအဖြစ်သို့ ပြောင်းလဲသွားခဲ့ပြီ ဖြစ်သည်။ ထို့ပြင် အခက်အခဲများကြားမှ အောင်ပွဲကို လုယူလိုစိတ်များလည်း ပြင်းပြနေခဲ့၏။
သူ အနိုင်ရချင်သည်။
သူ နိုင်ကိုနိုင်ရမည်။
သူသည် အဆိုးမြင် အတွေးများ၏ ဖိစီးနှိပ်စက်မှုကို ဆက်လက် မခံစားရတော့ချေ။ အကန့်အသတ်မဲ့ ကျယ်ဝန်းသော နယ်မြေနှင့် မှန်းဆ၍မရနိုင်လောက်အောင် များပြားလှသော သက်ရှိများ ပါဝင်သည့် ဂလက်ဆီ အုပ်စု တစ်ခုလုံး၏ အထွတ်အထိပ် အဆင့်ရှိ အဂ္ဂိရတ် တာအို ကို ဆန့်ကျင်ယှဉ်ပြိုင်ရမည် ဖြစ်သည်။ ဤနေရာတွင် အောင်ပွဲခံနိုင်ရန် သူ၏ ရှည်လျားလှသော အဂ္ဂိရတ် လမ်းခရီးတစ်လျှောက် တည်ဆောက်ထားခဲ့သည့် နောက်ဆုံးသော အားသာချက် အားလုံးကို အသုံးပြုရန် ဝေ့ဝူယင် အဆင်သင့် ဖြစ်နေခဲ့လေပြီ။
ဥဿုံ အဂ္ဂိရတ် တိုက်ပွဲ ၏ စည်းမျဉ်းများသည် ရိုးရှင်းသလို ရှုပ်ထွေးလှသည်။ ၎င်း၏ စည်းမျဉ်းများအတွင်းတွင် မသိမသာနှင့် သိသာထင်ရှားသော အရေးကြီးသည့် ဆုံးဖြတ်ချက်ချမှတ်မှု များစွာ ပါဝင်နေ၏။ ရွေးချယ်မှုတိုင်းက ရလဒ်အပေါ် ကြီးမားသော သက်ရောက်မှု ရှိစေသည်။ အချိန်ကိုက်ဖြစ်မှုနှင့် အရည်အသွေးဆိုင်ရာ အသေးငယ်ဆုံးသော အပိုင်းအစလေးကပင် အနိုင်အရှုံးကို အဆုံးအဖြတ် ပေးနိုင်စွမ်း ရှိလေသည်။
စတင်ရမည်ဆိုလျှင် ဤပြိုင်ပွဲတွင် အဂ္ဂိရတ် ထုတ်ကုန် အမျိုးအစား လေးမျိုးလုံး ပါဝင်သည်။ ၎င်းတို့မှာ ဆေးလုံး၊ ဆေးတောင့်၊ ဆေးအနှစ် နှင့် ဆေးရည် တို့ ဖြစ်ကြ၏။
၎င်းသည် အဂ္ဂိရတ် ပညာရှင် တစ်ဦး၏ အဂ္ဂိရတ် တာအို ရှိ အလုံးစုံ ကျွမ်းကျင်မှုကို အနည်းငယ်မျှ လျစ်လျူရှုခြင်းမရှိဘဲ စိန်ခေါ်ခြင်း ဖြစ်သည်။ အနိုင်ရသူသည် ငြင်းဆန်၍မရနိုင်လောက်အောင် ပြတ်သားပြီး ခိုင်လုံသော နည်းလမ်းဖြင့် အောင်ပွဲကို ရယူရန် လိုအပ်လေသည်။ အစွမ်းကုန် သန့်စင်ခြင်း ဂလက်ဆီ ၏ ယဉ်ကျေးမှုအရ၊ ၎င်းသည် အဂ္ဂိရတ် ပညာရှင် တစ်ဦးကို 'သတ်ဖြတ်' သော နည်းလမ်းများအနက်မှ တစ်ခုဖြစ်သည်။ သူတို့၏ အဂ္ဂိရတ် တာအို ကို ချေမှုန်းပစ်ခြင်း သို့မဟုတ် လောင်းကြေးကို အတင်းအကျပ် မိမိကိုယ်ကို သတ်သေမှုအဖြစ် ပြောင်းလဲပစ်ခြင်းပင် ဖြစ်လေသည်။
စိန်ခေါ်ခံရသူ ဝေ့ဝူယင်သည် တိုက်ပွဲအတွက် ပထမဆုံး ထုတ်ကုန် အမျိုးအစားကို ရွေးချယ်ခွင့် ရှိသည်။ ထို့နောက် စိန်ခေါ်သူ မိုးကုပ်စက်ဝိုင်းများသည် ယခင်က ရွေးချယ်ထားသော အမျိုးအစားများကို ချန်လှပ်ကာ နောက်ထပ် ရွေးချယ်မှုကို ပြုလုပ်ရမည်။ ဤနည်းအတိုင်း အမျိုးအစား လေးမျိုးလုံး ရွေးချယ်ပြီးသည်အထိ အပြန်အလှန် ပြုလုပ်ရမည် ဖြစ်၏။
ရွေးချယ်ခြင်း ကဏ္ဍ ပြီးဆုံးသွားပြီးနောက်၊ ရွေးချယ်သည့်ဘက်မှ သူတို့ လိုချင်သော ဆေးဖော်စပ်ခြင်း ဖော်မြူလာကို ရွေးချယ်ရသည်။ ထိုရွေးချယ်မှုတွင် အဆင့် သတ်မှတ်ချက်လည်း ပါဝင်လေသည်။
ဤသည်မှာ နှစ်ဖက်စလုံးအတွက် အားသာချက် ရယူရန် ဒုတိယမြောက် တိုက်ပွဲ ဖြစ်သည်။ အခြားတစ်ဖက်က မရင်းနှီးသော၊ သူတို့၏ အထူးပြု ဖော်မြူလာများ ပါဝင်နိုင်သည့် ဖော်မြူလာများကို ရွေးချယ်ခွင့် ပေးထားခြင်း ဖြစ်၏။ သို့သော်လည်း ကောင်းကင်ရှန့်ထို သန့်စင်ခြင်း၏ ကောင်းကင်သန့်စင် နိုဗာအမြုတေ ဆေးအနှစ် ကဲ့သို့သော သူတို့၏ အထူးပြု ဖော်မြူလာများကို လျှို့ဝှက်ထားလိုသော အဂ္ဂိရတ် ပညာရှင်များ လည်း ရှိတတ်သည်။ ထိုသို့ဆိုလျှင် သူတို့၏ အဖိုးတန် မျိုးဆက် လျှို့ဝှက်ချက်များ ပေါက်ကြားသွားမည်ကို စိုးရိမ်သောကြောင့် ၎င်းကို ရွေးချယ်လေ့ မရှိကြချေ။
သို့သော် တစ်ခါတစ်ရံတွင်မူ ဤသို့ မျိုးဆက် လျှို့ဝှက်ချက်များကို ဖော်ထုတ်ရဲသော လုပ်ရပ်သည် ထိုသို့ ပြုလုပ်ဝံ့သူများအတွက် ကြီးမားသော အားသာချက် ဖြစ်လာနိုင်သည်။ သူတို့၏ ရွေးချယ်မှုတွင် အနိုင်ရရန် အာမခံချက်တစ်ခုကို ရရှိသွားစေလေသည်။
***
အပိုင်း(၂၃၇၆)
ရွေးချယ်စရာ လေးခု ရှိသောကြောင့်၊ ဥဿုံ အဂ္ဂိရတ် တိုက်ပွဲ တစ်ခုတွင် ဖြစ်နိုင်ခြေရှိသော ရလဒ် ခြောက်မျိုး ရှိလေသည်။
၃-၀ -ဝေ့ဝူယင် အနိုင်
၃-၀ -မိုးကုပ်စက်ဝိုင်းများ အနိုင်
၂-၂ - အဆုံးအဖြတ်ပွဲ -ဝေ့ဝူယင် အနိုင်
၂-၂ - အဆုံးအဖြတ်ပွဲ -မိုးကုပ်စက်ဝိုင်းများ အနိုင်
၃-၁ -ဝေ့ဝူယင် အနိုင်
၃-၁ -မိုးကုပ်စက်ဝိုင်းများ အနိုင်
သာမန် ဥဿုံ အဂ္ဂိရတ် တိုက်ပွဲ များနှင့် ခြားနားစွာပင် ဝေ့ဝူယင် သည် အဂ္ဂိရတ် တာအို ၏ ဘီလူးကြီးများ အားလုံးကို တစ်ပြိုင်နက်တည်း တိုက်ခိုက်နေရခြင်း ဖြစ်သည်။ သူတို့သည် သူတို့၏ အမွေအနှစ်များကို အသုံးချကာ ဤကဲ့သို့ တရားမျှတမှုမရှိသော ခုနစ်ယောက် တစ်ယောက် ယှဉ်ပြိုင်မှုကို အကြောင်းပြချက် ပေးခဲ့ကြ၏။ သို့သော် တရားမျှတမှု ဆိုသည်မှာ ဥဿုံ အဂ္ဂိရတ် တိုက်ပွဲ ၏ ရည်ရွယ်ချက် ဘယ်သောအခါမျှ မဟုတ်ခဲ့ပေ။ သို့တိုင်အောင် သူတို့ ပါဝင်ပတ်သက်နေမှုက ရှုပ်ထွေးမှု အဆင့်တစ်ခုကို ထပ်တိုးစေခဲ့ပြီး အပို စည်းမျဉ်းတစ်ခုကို မလွဲမသွေ သတ်မှတ်လိုက်ရလေသည်။
ဤကဲ့သို့ ခက်ခဲကြမ်းတမ်းသော အခြေအနေတွင် ဝေ့ဝူယင် သည် ကောင်းကင်ရှန့်ထို အဂ္ဂိရတ် ပညာရှင်များ ခုနစ်ပါးလုံးကို အနိုင်ယူရမည် ဖြစ်သည်။ ရွေးချယ်ထားသော ကဏ္ဍတစ်ခုတွင် မိုးကုပ်စက်ဝိုင်းများ ခုနစ်ပါးအနက် လေးပါးကို ဝေ့ဝူယင်က သာလွန်နိုင်သရွေ့ ၎င်းသည် သူ၏ အောင်ပွဲ ဖြစ်လာမည် ဖြစ်၏။ ဤအခြေခံ စည်းမျဉ်းမှာ ဤကဲ့သို့သော အများစုနှင့် တစ်ယောက် ယှဉ်ပြိုင်ရသည့် အဂ္ဂိရတ် တိုက်ပွဲ များတွင် ထုံးစံအတိုင်းပင် ဖြစ်လေသည်။
ယေဘုယျအားဖြင့် ကြည့်လျှင် ဤစည်းမျဉ်းက ဝေ့ဝူယင် အတွက် အကျိုးရှိပုံပေါ်သော်လည်း၊ အဂ္ဂိရတ် တာအိုရှိ သူတို့၏ အဆင့်အတန်း ကွာဟချက်က မိုးနှင့် မြေကြီးလို ခြားနားလှပေသည်။ ကောင်းကင်ရှန့်ထို အဂ္ဂိရတ် ပညာရှင် ခုနစ်ပါးနှင့် မဟာအဆင့် လောကရှန့်ထို အဂ္ဂိရတ် ပညာရှင် တစ်ဦး ယှဉ်ပြိုင်ရခြင်းမှာ အကျိုးရှိရန် အလွန် အလှမ်းဝေးလွန်းလှသည်။
မည်သို့ပင်ဆိုစေကာမူ... မိုးကုပ်စက်ဝိုင်းများသည် ဝေ့ဝူယင်ကို ဤမျှတမှုမရှိသည့် အခြေအနေထဲသို့ စိတ်ပိုင်းဆိုင်ရာအရ တွန်းပို့ခဲ့ကြခြင်း ဖြစ်၏။ ကြည့်ရှုသူများ၏ အမြင်တွင်မူ ၎င်းသည် ဗြောင်ကျကျ အနိုင်ကျင့်ခြင်း တစ်ရပ်ပင် ဖြစ်လေသည်။
"ပါဝင်သူအားလုံးကို စည်းမျဉ်းတွေ ရှင်းရှင်းလင်းလင်း ပြောပြပြီးပြီလို့ ထင်ပါတယ်.... မေးစရာများ ရှိသေးလား...."
တောက်ပသော ကြယ်နန်းတော်၏ နန်းတော်သခင် က လေးနက်သော လေသံဖြင့် မေးလိုက်သည်။ ထိုသို့သော စည်းမျဉ်းများကို အပြည့်အဝ နားလည်သဘောပေါက်ရန် အရေးကြီးကြောင်းကို အလေးပေး ပြောဆိုလိုက်ခြင်း ဖြစ်၏။
မိုးကုပ်စက်ဝိုင်းများ ဖြစ်စေ၊ ဝေ့ဝူယင် ဖြစ်စေ... သူတို့အားလုံးက ခေါင်းညိတ်ကာ နားလည်ကြောင်း နှုတ်မှ ထုတ်ဖော်ပြောဆိုလိုက်ကြသည်။ ထိုအခါမှသာ နန်းတော်သခင်သည် လေကို ပြင်းပြင်း ရှူသွင်း၊ ရှူထုတ်လိုက်ပြီးနောက် ပါဝင်သူ တစ်ဖက်စီကို လေးနက်စွာ စိုက်ကြည့်လိုက်၏။ ညင်သာသော လက်ဟန်ချိပ်စည်း တစ်ခုနှင့်အတူ ကောင်းကင် ပဲ့တင်ထပ် ချီစွမ်းအင် များက သူ့ထံမှ ခုန်ပေါက် ထွက်ပေါ်လာသည်။ ထို့နောက် ပါဝင်ယှဉ်ပြိုင်သူ တစ်ဦးချင်းစီအတွက် ဆေးဖော်စပ်ခြင်း ဇုံများကို သတ်မှတ်ပေးသည့်အနေဖြင့် အပျက်အစီး မန်နာ များဖြင့် ဖွဲ့စည်းထားသော ကြည်လင်နေသည့် မြေပြင်ပေါ်တွင် လေးထောင့်ပုံစံ မျဉ်းကြောင်းများ ရေးဆွဲ ပေါ်ထွက်လာလေတော့သည်။
မြေပြင်ပေါ်တွင် ဖန်တီးထားသော တောက်ပနေသည့် အလင်းတန်း တစ်ခုက ဝေ့ဝူယင် နှင့် မိုးကုပ်စက်ဝိုင်းများကို နှစ်ပိုင်း ပိုင်းခြားပေးထားသည်။ သူတို့သည် မျက်နှာချင်းဆိုင်ကာ တစ်ဖက်စီတွင် နေရာယူလိုက်ကြ၏။
"သတ်မှတ်ထားတဲ့ နေရာတွေကို သွားပြီး ပြင်ဆင်မှုတွေ စတင်နိုင်ပါပြီ.... အဲဒီလိုလုပ်ဖို့ သင်တို့မှာ အချိန် ခုနစ်ရက် ရှိပါတယ်...."
နန်းတော်သခင် က ညွှန်ကြားလိုက်သည်။ ထို့နောက် ကြားနေ အထွတ်အထိပ် သူတော်စင် သုံးပါးသည် ကောင်းကင်ယံတွင် သူတို့၏ နေရာများကို ယူလိုက်ကြ၏။ သူတို့သည် အစီအစဉ် ကြေညာသူများအဖြစ် မဆောင်ရွက်ကြပေ။ စည်းမျဉ်းများနှင့် ရိုးရာဓလေ့များကို ထိန်းသိမ်းရန် ဒိုင်လူကြီးများနှင့် ကြီးကြပ်သူများအဖြစ်သာ ဆောင်ရွက်ကြမည် ဖြစ်လေသည်။
အစီအစဉ် ကြေညာသူများကို ဝေ့ဝူယင်၏ ဝိညာဉ် ကွန်ရက် နှင့် ချိတ်ဆက်ထားသည်။ သူတို့အထဲတွင် လော့နင်၊ ဖန်တီးခြင်း ဇုံ မှ ထျန်းရှီယာ၊ ပင်လယ်နှင့် ကောင်းကင် အကယ်ဒမီ မှ အဖြူရောင် ကောင်းကင်၊ နူးညံ့သော ကျောက်စိမ်း အကယ်ဒမီ မှ မေ့ရှောင်ယန် နှင့် ကြီးထွားခြင်း ဇုံ ရှိ အစွမ်းကုန် သန့်စင်ခြင်း ခန်းမ မှ ဟောက်ချန်းရွှယ် တို့ ပါဝင်ကြလေသည်။
လော့နင် ကို ချန်လှပ်ထားပါက ကျန်သူများအားလုံးမှာ လောကရှန့်ထို အဂ္ဂိရတ် ပညာရှင်များ ဖြစ်ကြသည်။ သူတို့အထဲမှ အများစုမှာ သာယာနာပျော်ဖွယ်ကောင်းသော အသံများနှင့် ပြိုင်စံရှား အလှတရားများကို ပိုင်ဆိုင်ထားသည့် အောင်မြင်ကျော်ကြားသော အမျိုးသမီးချောလေးများ ဖြစ်ကြ၏။ ထို့ကြောင့် ကြည့်ရှုသူများအနေဖြင့် သူတို့၏ အပြုအမူများနှင့် တည်ရှိမှုများကို မငြီးငွေ့ဘဲ မျက်စိပသာဒဖြစ်စွာ ကြည့်ရှုခံစားနိုင်ကြလေသည်။ ဟောက်ချန်းရွှယ် သည် အဓိက ကြေညာသူ ဖြစ်သည်။ သူ၏ ဆူညံတက်ကြွသော စွမ်းအင်များမှာ ပုံမှန်မဟုတ်ဘဲ အမြင့်ဆုံးသို့ ရောက်ရှိနေခဲ့၏။
မိုးကုပ်စက်ဝိုင်း တစ်ပါးစီ ပြုလုပ်လာမည့် ကြိုတင်ပြင်ဆင်မှုများနှင့် ပတ်သက်၍ အစီအစဉ် တင်ဆက်သူများမှာ ခန့်မှန်းပြောဆိုနေကြပြီ ဖြစ်သည်။
အချိန် အရှိန်မှင့်ထားသည့် ဇုန် တစ်ခု အတွင်း၌ မှော်သန့်စင် ဆေးအိုး တစ်ခုကို သေချာစွာ နေရာချထားရန်မှာ ကျွမ်းကျင်မှုနှင့် သိမ်မွေ့မှုတို့ လိုအပ်သည်။ ၎င်းသည် ဆေးဖော်စပ်သည့် အချိန်နှင့် အရည်အသွေးကို ကြီးမားစွာ သက်ရောက်မှု ရှိစေနိုင်၏။ ၎င်းတွင် အနုပညာတစ်ရပ် ရှိနေပြီး အသေးအမွှား ကိစ္စရပ်တစ်ခု လုံးဝ မဟုတ်ချေ။
မိုးကုပ်စက်ဝိုင်းများ သည် သူတို့အတွက် သတ်မှတ်ထားသော ဇုံများအတွင်းသို့ ဝင်ရောက်သွားကြသည်။ ၎င်းတို့မှာ ပြီးပြည့်စုံသော ကုဗတုံးပုံစံများ ဖြစ်ကြ၏။ ထိုဇုံများအတွင်း၌ သူတို့၏ လေပိုင်နက်ကိုပင် ကန့်သတ်ထားလေသည်။ မသိမသာ တောက်ပနေသော အလင်းတန်း မှိန်မှိန်လေးများက သူတို့အနေဖြင့် အလျား မိုင်တစ်ရာ၊ အနံ မိုင်တစ်ရာ၊ အမြင့် မိုင်တစ်ရာ ရှိသော နယ်မြေအတွင်း၌သာ လှုပ်ရှားနိုင်ကြောင်း ဖော်ပြနေသည်။
၎င်းသည် အလွန်အမင်း ကျယ်ဝန်းသည်ဟု ထင်ရသော်လည်း သူတို့အဆင့်ရှိ ကျင့်ကြံသူများ အတွက်မူ ထိုသို့မဟုတ်ပေ။ သူတို့၏ ကြိုတင်ပြင်ဆင်ရေး ကိရိယာများ၊ ကျင့်စဉ်များ၊ အစီအရင်များနှင့် ဝင်္ကပါများကို နေရာချထားရန်နှင့် လှုပ်ရှားရန်အတွက် ကြီးမားသော နေရာလွတ် လိုအပ်လေသည်။ အမှန်စင်စစ်... ဤနေရာလွတ်မှာ အလွန်ပင် ကျဉ်းမြောင်းလှသည်။ သူတို့၏ ပုံမှန် ကျင့်ကြံခြင်း အကျယ်အဝန်း ဧရိယာမှာ ဂြိုဟ်တစ်လုံးလုံး သို့မဟုတ် အထူးပြုလုပ်ထားသော နယ်မြေများ ဖြစ်သောကြောင့်တည်း။
ဝေ့ဝူယင်ကတော့ ခြားနားပေသည်။ သူသည် အများအားဖြင့် သူ၏ မူလအာရုဏ်ဦး နန်းတော် ရှိ အဂ္ဂိရတ် အခန်းအတွင်း၌သာ လုပ်ဆောင်လေ့ ရှိ၏။ ၎င်းမှာ အဓိကအားဖြင့် သူ၏ မွေးရာပါ ပါရမီနှင့် ဆေးဖော်စပ်ခြင်း နည်းလမ်းများကြောင့် ဖြစ်သည်။ သူ၏ တစ်သက်တာလုံးတွင် ပြင်ပ အားသာချက်များကို ရရှိခဲ့ဖူးခြင်း အလွန် ရှားပါးလှသည်။ ထို့ကြောင့် ပြင်ပ အားသာချက်များကို အသုံးချရန် သိပ်ပြီး စိတ်အားထက်သန်မှု မရှိချေ။
အမှန်တကယ်တော့ ဝေ့ဝူယင် အသုံးပြုခဲ့ဖူးသမျှ အကြီးမားဆုံးသော ပြင်ပ အားသာချက်မှာ မှော်သန့်စင် ဆေးအိုး များသာ ဖြစ်သည်။ အဂ္ဂိရတ် ဆေးဖော်စပ်ခြင်း နည်းလမ်းများနှင့် ပတ်သက်လာလျှင် သူသည် မူလသဘာဝအတိုင်း လုပ်ဆောင်လိုသူ တစ်ဦးနှင့် ဆင်တူလေသည်။ ၎င်းက အတုမဲ့ ဖန်တီးခြင်း အဂ္ဂိရတ် ကြယ်များ ကို သူ နိုးထစေနိုင်ခဲ့ခြင်းကို ပိုမို ခိုင်လုံစေခဲ့၏။ ထို့ပြင် သမားရိုးကျ အစဉ်အလာများအားလုံးကို ဖီဆန်သော ပထမဆုံး သေမျိုး ရှန့်ထို အဂ္ဂိရတ် ပညာရှင် ဟူသည့် ပြိုင်ဘက်ကင်း ဂုဏ်ပုဒ်နှင့်လည်း လိုက်ဖက်ညီလှပေသည်။
ရုတ်တရက် နယ်မြေအတွင်းရှိ အပျက်အစီး မန်နာ များ ငြိမ်သက်သွားသည်။ ယခင်က တစ်ခါမျှ မကြုံဖူးသော ဖိအားနှင့် ပြင်းထန်မှုတို့ တဖြည်းဖြည်း ဖြစ်တည်လာခဲ့၏။ ၎င်းမှာ ယုံကြည်နိုင်ဖွယ်မရှိလောက်အောင် ကြီးမားလှသော စိတ်ပိုင်းဆိုင်ရာ အင်အား၏ သန့်စင်သော ရလဒ်တစ်ခုပင် ဖြစ်လေသည်။
ကြက်သွေးရောင်နှင့် ရွှေရောင် ဝတ်စုံကို ဝတ်ဆင်ထားသည့် ကောင်းကင်ရှန့်ထို ထုတ်ယူခြင်း၏ ထူးကဲစွာ အရပ်မြင့်မားသော ပုံရိပ်က စတင် လှုပ်ရှားလာခဲ့သည်။ သူက လေထုဆီသို့ လက်လှမ်းလိုက်စဉ် အံ့မခန်း သူတော်စင်ဆန်ပြီး နတ်ဘုရားဆန်သော တည်ရှိမှုကို ထုတ်ဖော်လိုက်၏။ ထို့နောက် ပြင်းထန်စွာ အသက်ရှူသွင်းပြီး အားပါပါ အသက်ရှူထုတ်လိုက်ရာ မိုင်တစ်ရာ ကျယ်ဝန်းသော နယ်မြေသည် ကြက်သွေးရောင် အလင်းတန်းများဖြင့် ပေါက်ကွဲထွက်လာတော့သည်။ ၎င်းအတွင်း၌ ရွှေရောင် အလင်းပွင့်လေးများ ထွက်ပေါ်လာ၏။ အကယ်၍ ရေတွက်ကြည့်မည်ဆိုလျှင် ထိုအလင်းရောင်များမှာ ခုနစ်ရာ့ ခုနစ်ဆယ့် ခုနစ်ခု တိတိ ရှိလေသည်။
၎င်းတို့တစ်ခုစီချက်းသည် ကြက်သွေးရောင် ကြယ်တာရာ ကောင်းကင်ယံရှိ တောက်ပနေသော ကြယ်များနှင့် ဆင်တူနေသည်။ ဒေသတစ်ခုလုံးကို မှားယွင်းနိုင်စရာ မရှိသော နေကြယ်နှင့် ကောင်းကင် တောက်ပမှုတို့ဖြင့် လွှမ်းခြုံထားသကဲ့သို့ ဖြစ်နေ၏။ ချက်ချင်းပင် သူ၏ အော်ရာ ပြင်းထန်မှုမှာ ထိုးကျသွားသော်လည်း သန့်စင်မှုမှာမူ မြင့်တက်လာခဲ့သည်။ ၎င်းမှာ သူက အံ့မခန်း နယ်မြေ အမျိုးအစား ဝိညာဉ် အစီအရင် တစ်ခုကို ထုတ်ဖော်လိုက်သောကြောင့် ဖြစ်သည်။ ထို့နောက် သူသည် မျက်ခုံးကြားကို ညှစ်ကာ သူ၏ အသိစိတ် ပင်လယ် ကို ဆွဲထုတ်လိုက်သကဲ့သို့ လုပ်ဆောင်လိုက်လေသည်။
သူ၏ အသိစိတ် ပင်လယ် အတွင်းရှိ အစစ်အမှန် ဝိညာဉ် သို့ သွားရာ တံခါးပေါက်ဖြစ်သော သူ၏ စိတ်မျက်လုံး အတွင်းမှနေ၍၊ သူ့ထက် အဆတစ်ရာခန့် ကြီးမားသော ကြက်သွေးရင့်ရောင် မှော်သန့်စင် ဆေးအိုး ကြီးတစ်ခု ထွက်ပေါ်လာခဲ့သည်။
ဝှစ်...
မိုးကုပ်စက်ဝိုင်း ထုတ်ယူခြင်းသည် လှပစွာ လွင့်ဝဲနေသော ဝတ်ရုံများနှင့်အတူ အပေါ်သို့ ပျံတက်သွား၏။ သူ၏ ချောမောသော မျက်နှာသွင်ပြင်နှင့် လွှမ်းမိုးနိုင်စွမ်းရှိသော တည်ရှိမှုကို ပိုမို ထင်ရှားစေသည့် ခံ့ညားထည်ဝါမှုကို ထုတ်လွှတ်ထားလေသည်။ လေမတိုက်ဘဲ လွင့်ဝဲနေသော ဝတ်ရုံများနှင့်အတူ သူသည် နတ်ဘုရားတစ်ပါးနှင့် ဆင်တူနေပေသည်။ မှော်သန့်စင် ဆေးအိုး ၏ မျက်နှာပြင်သည် စုပ်ယူအားတစ်ခုကို ထုတ်လွှတ်လိုက်ပြီး ကောင်းကင်ကြယ်များနှင့် ဆင်တူနေသော ရွှေရောင် အလင်းများကို ၎င်းအတွင်းသို့ ဆွဲသွင်းလိုက်လေသည်။
ဖြန်း...
တစ်ချိန်တည်း၌... ယောကျ်ား မိန်းမ ခွဲခြားမရသော ကောင်းကင်ရှန့်ထို ကြီးထွားခြင်းသည် သူ၏ လက်နှစ်ဖက်ကို ရိုက်ချလိုက်သည်။ အချိုမြိန်ဆုံးသော အိပ်မက်များနှင့် အဆိုးရွားဆုံးသော အိပ်မက်ဆိုးများ၏ ကြောက်မက်ဖွယ် အရိပ်များ အလား ဝဲလှည့်နေသော တက်ကြွမှုနှင့် ယိုယွင်းပျက်စီးမှု စွမ်းအင်များ ပေါက်ကွဲထွက်ပေါ်လာ၏။ မွေးကင်းစ ကလေးငယ်များ၏ ရယ်မောသံများနှင့် သက်ကြီးရွယ်အို ဝိညာဉ်များ၏ နောင်တတရားများဖြင့် အော်ဟစ်ငိုယိုသံများက ၎င်းအတွင်းမှ အနှောင့်အယှက်ဖြစ်ဖွယ် ပဲ့တင်ထပ်လာလေသည်။
ဝှစ်... ဝှစ်... ဝှစ်...
သူသည် ပစ္စည်းခုနစ်ခုကို ဆွဲထုတ်လိုက်၏။ ၎င်းတို့မှာ ကံကြမ္မာ၏ ခုန်ပေါက်မှုများဖြင့် ကြွယ်ဝနေပြီး အဆုံးမဲ့ အသက်စွမ်းအင်များ ပါဝင်သည့် စင်ကြယ်သော အဖြူရောင် ကျောက်တိုင် သုံးခုနှင့်၊ သေဆုံးခြင်း၏ အမှောင်မိုက်ဆုံးသော ပျက်သုဉ်းမှုများကို ထုတ်လွှတ်နေသည့် အနက်ရောင် ကျောက်တိုင် လေးခုတို့ ဖြစ်ကြသည်။ ၎င်းကို ကြည့်လိုက်ရုံဖြင့်ပင် အသက်စွမ်းအင်များ ဆုံးရှုံးနေရသကဲ့သို့ ခံစားရစေပြီး အလွန်အမင်း မသက်မသာ ဖြစ်စေလေသည်။ ထင်ယောင်ထင်မှား ဖြစ်စေ၊ မဖြစ်စေကာမူ ၎င်း၏ အော်ရာ အားလုံးကို တောက်ပနေသော အကာအကွယ်တစ်ခုဖြင့် မိုင်တစ်ရာ ဇုံအတွင်း၌ အပြည့်အဝ ပိတ်လှောင်ထားခဲ့သည်။ ထိုအကာအကွယ်သည် တိုက်စားခံရမှုနှင့် ပြုပြင်မှု လက္ခဏာများကို ခံစားနေရ၏။
အချိန် အရှိန်မြှင့်ဇုန် အတွင်းရှိ အားလုံးမှာ အံ့သြချီးကျူးမှုများနှင့် မယုံကြည်နိုင်ဖွယ် မျက်နှာအမူအရာများဖြင့် စောင့်ကြည့်နေခဲ့ကြသည်။ ထိုနေရာတွင် ရှိနေသော အထွတ်အထိပ် သူတော်စင် တစ်ပါးမျှ ချွင်းချက်မရှိပေ။ အချို့ဆိုလျှင် အံ့ဩထိတ်လန့်လွန်း၍ အသက်ရှူမှားသွားခဲ့ကြလေသည်။
"အသက်စွမ်းအင် နဲ့ ယိုယွင်းပျက်စီးခြင်း ကောင်းကင် တစ်ပိုင်း အစီအရင် လား...."
ဝင်္ကပါ အလံ ခုနစ်ခုက ပံ့ပိုးပေးထားသော ဤ နယ်မြေ-အမျိုးအစား ဝိညာဉ် အစီအရင် သည် အထွတ်အထိပ် သူတော်စင် တိုင်းကို မတူညီသော လေးနက်မှုများဖြင့် စောင့်ကြည့်စေရန် လုံလောက်နေပေသည်။ ၎င်းသည် ကောင်းကင်ငယ်များ ကို အတုယူထားခြင်း ဖြစ်၏။
"ကောင်းကင်ရှန့်ထို ကြီးထွားခြင်းကတော့ လုံးဝ နောက်မဆုတ်တော့ဘူးပဲ...."
ဂိုလိုင်ယက် ငှက် အရှင်သခင် က တီးတိုးရေရွတ်လိုက်သည်။
"...."
ရွှေရောင် ညဉ့်ဦးယံ အရှင်သခင် နှင့် တောက်ပသော ကြယ် အရှင်သခင် တို့သည် တိတ်ဆိတ်နေကြသော်လည်း သူတို့၏ အကြည့်များမှာ အဆက်မပြတ် လှုပ်ခတ်နေခဲ့လေသည်။ ကြေညာသူများမှာလည်း ထပ်တူပင် အံ့သြမှင်သက်နေကြလေ၏။
***