← Chapters

အခန်း (၃၁၆-၃၁၈)

Vol. 22 Ch. 316-318

အခန်း (၃၁၆-၃၁၈)

Vol. 22 Ch. 316-318

အခန်း ၃၁၆

ထိုဒေသခံများ၏ စကားဝိုင်းကိုနားထောင်ရင်းမှတစ်ဆင့် ရှောင်းယီတစ်ယောက် အလွန်အံ့အားသင့်သွားခဲ့သည်။

သေချာသည်မှာ သူတို့သည်လည်း ရတနာရှာဖွေရန် ဤနေရာသို့ ရောက်ရှိလာကြခြင်းပင်။

တနည်းအားဖြင့် သူတို့လို အသက်ရှင်ကျန်ရစ်သူများအတွက်တင်မကဘဲ ဒေသခံများသည်လည်း ရတနာမြေပုံကို ရရှိထားခြင်းဖြစ်နိုင်ပေသည်။

ထို့ပြင် အသက်ရှင်ကျန်ရစ်သူများဆီမှ အနိုင်ကျင့်ကာ လူယူထားခြင်းမျိုးလည်း ဖြစ်နိုင်သေး၏။

မည်သို့ပင်ရရှိလာစေကာမူ ထိုဒေသခံများမှ ရတနာအတွက် ယှဉ်ပြိုင်နေကြပြီဖြစ်သည်။

တောင်ထိပ်ပေါ်သို့တက်လာသည့် ဒေသခံများထဲ၌ အဆင့်အမြင့်ဆုံးဒေသခံမှာ သဘာဝအတိုင်း C အဆင့်သို့ရောက်ရှိနေပြီဖြစ်သော ကြံခိုင်သန်မာပုံရသည့်ဒေသခံပင်ဖြစ်လေသည်။

ရှောင်းယီတို့အဖွဲ့သည် အပြင်ထွက်ကာ ထိုဒေသခံအုပ်စုကို ရှင်းထုတ်နိုင်သော်လည်း ထိုသို့လုပ်ရခြင်းမှာ အလွန်စိတ်ရှုပ်စရာကောင်းပေသည်။ ထို့ကြောင့် ထိုခူများအား အရင်ဆုံးတိုက်ခိုက်ခွင့်ပေးပြီးနောက်မှ လှုပ်ရှားခြင်းကသာ ပို၍ကောင်းမည်ဖြစ်သည်။

ဤကမ္ဘာကြီးသည် လူတိုင်း၏အင်အားအဆင့်ကို အကြမ်းဖျင်းတိုင်းတာပြီးနောက် ဤကဲ့သို့ထားရှိခဲ့ခြင်းဖြစ်နိုင်၏။

အကယ်၍ B အဆင့် ဒေသခံတစ်ယောက် ရောက်လာခဲ့လျှင် တခြားအသက်ရှင်ကျန်ရစ်သူများအနေနှင့် ဆက်ကစားရနိုင်တော့မဟုတ်ဘဲ လက်လျှော့ပစ်လိုက်ရုံသာ ရှိပေလိမ့်မည်။

ထိုဒေသခံအဖွဲ့၏လုပ်ရပ်များသည် သူတို့တက်လာခဲ့စဉ်က အရှေ့တွင်တွေ့ခဲ့သည့် ဆုလာဘ်အဖြစ်ပေးထားသော ရတနာသေတ္တာသုံးလုံးမှာ လုံးဝမလိုအပ်ကြောင်း ရှောင်းယီကို နားလည်စေခဲ့၏။

သူသည် အားကောင်းသည့်အဖွဲ့တစ်ဖွဲ့နောက်ကိုလိုက်ပြီး နောက်ဆုံးရတနာကြီးကို စောင့်ကြည့်နေရုံပင်။

ထိုအရာကို ရတနာရှာဖွေမှုအတွက် နည်းလမ်းတစ်မျိုးအဖြစ် မှတ်ယူနိုင်ပေသည်။

ဒေသခံ ၁၈ ယောက်သည် ကျောက်ပြားများ မတပ်ဆင်ရသေးသည့် အရပ်မျက်နှာသုံးခုကို အဖွဲ့သုံးဖွဲ့ခွဲကာ ကာကွယ်ထားကြသည်။

လူနှစ်ယောက်ကို ဖယ်ထုတ်လိုက်ပြီးနောက် သေမင်းနတ်ဘုရားသည်လည်း လက်လျှော့လိုက်ပြီဖြစ်၏။ ရှောင်းယီမှ ကျောက်ပြားတစ်ခု တပ်ဆင်ခဲ့ပြီး ဒေသခံတစ်ယောက်ပါ ထပ်ထည့်လိုက်သည့်အခါ ကျောက်ပြားမထည့်ရသေးသည့် အရပ်မျက်မှာသုံးခုသာ ကျန်တော့ပေသည်။

ထို့ကြောင့် ကျန်သည့်လူများမှာ ထိုအရပ်မျက်နှာသုံးခုမှသာ တက်လာနိုင်ချေအရှိဆုံးဖြစ်ပေသည်။

ရှောင်းယီက သူတို့ကို ချောင်းကြည့်လိုက်ပြီးနောက် လေသံတိုးတိုးဖြင့် ပြောလိုက်၏။

“မင်းတိုနားလိုက်ကြဦး။ ဒါက ကြာလိမ့်ဦးမယ်ထင်တယ်။”

အန်းရန်တို့နှစ်ယောက်က ခေါင်းညိမ့်လိုက်ကြသည်။

ထို့နောက် ကျန်းယွင်ထျန်းနှင့် အန်းရန်တို့သည် သူတို့အနီးရှိ သစ်ပင်ကြီးကိုမှီကာ မျက်လုံးမှိတ်ကာ အနားယူလိုက်ကြတော့သည်။

ရှောင်းယီသည် ဒေသခံများကို တစ်ချက်ချောင်းကြည့်လိုက်ပြီးနောက် စိတ်ထဲ၌ ရေရွတ်လိုက်၏။

“စနစ် လက်မှတ်ထိုးဝင်မယ်။”

ယခု ဒုတိယနေ့သို့ ရောက်ရှိနေပြီဖြစ်သောကြောင့် လက်မှတ်ထိုးဝင်ရမည့်အချိန်သို့ ရောက်ရှိလာပြီဖြစ်သည်။

“လက်မှတ်ထိုးဝင်ခြင်းအောင်မြင်ပါသည်။ ရရှိသောဆုလာဘ် - ခဲတံထုတ်လုပ်ရေးစက် (Sဆင့်)”

ထိုဆုလာဘ်ကိုကြည့်ပြီး ရှောင်းယီသည် သူ၏မျက်လုံးများကိုလှိမ့်လိုက်ကာ ကူကယ်ရာမဲ့စွာဖြင့် ရေရွတ်လိုက်မိ၏။

“ငါ တကယ်ကို ခဲတံထုတ်စက်ကို ဆုလာဘ်အဖြစ်ရခဲ့တာလား။”

ရှောင်းယီသည် ထိုခဲတံထုတ်စက်ကို ဒုတိယအကြိမ်ပင် ထပ်မကြည့်တော့ဘဲ သူ့နောက်ကသစ်ပင်ကြီးကိုမှီကာ လေဟာနယ်ထဲသို့ အမူရာမဲ့စွာ စိုက်ကြည့်နေခဲ့၏။

မကြာခင်မှာပင် မိုးသောက်အချိန်သို့ ရောက်ရှိလာခဲ့သည်။ ရှောင်းယီတို့သည် တစ်ယောက် နှစ်နာရီစီ အလှည့်ကျအနားယူခဲ့ကြပေသည်။

တောင်ထိပ်တွက် ချုံခိုတိုက်ခိုက်ရန် စောင့်ဆိုင်းနေကြသော ဒေသခံများမှာ စောင့်နေကြဆဲဖြစ်သော်လည်း တခြားသူများမှာ တောင်ထိပ်ပေါ်သို့ ရောက်မလာကြ‌သေးသလို ကျောက်ပြားယူလာသည့် တောရိုင်းတိရစ္ဆာန်များကိုလည်း မတွေ့ရသေးပေ။

အနည်းဆုံးတော့ မည်သူမှလက်မလျှော့ကြသေးဘဲ အားလုံး အပြင်းအထန် ကြိုးစားနေကြဆဲပင်။

ကျန်းယွင်ထျန်း ရှောင်းယီကိုကြည့်လိုက်ပြီး မျှော်လင့်ချက်ကင်းမဲ့စွာဖြင့် လေသံတိုးတိုးနှင့် ပြောလိုက်၏။

“ငါတို့ဘယ်ချိန်ထိအောင် စောင့်နေရဦးမှာလဲ။”

“သိပ်မကြာလောက်တော့ဘူးလို့ငါထင်တယ်။”

ရှောင်းယီက ပြန်ဖြေသည်။

သူတို့ရှိရာအရပ်မျက်နှာ၌ ဒေသခံများ ချောင်းမြောင်းနေခြင်းမရှိသောကြောင့် သူတို့၏လေသံလျှော့ထားသမျှကာလပတ်လုံး ထိုဒေသခံများ သူတို့ကို ရှာတွေ့နိုင်မည်မဟုတ်ပေ။

ကျန်းယွင်ထျန်း အကူညီမဲ့စွာဖြင့် သူ၏ခေါင်းကို ခါယမ်းလိုက်မိသည်။

ကျန်းယင်ထျန်း သက်ပြင်းချလိုက်မိ၏။ ထိုအချိန်မှာပင် မြောက်ဘက်မှ ခြေသံများ ထွက်ပေါ်လာခဲ့လေသည်။

သူတို့နှစ်ယောက် တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ပြီး ချက်ချင်းပင် မြောက်ဘက်ကို လှည့်ကြည့်လိုက်ကြသည်။

ထိုအရပ်၌ လူအိုကြီးတစ်ယောက်သည် လူသုံးယောက်ကို ခေါ်ဆောင်ပြီး အတော်ကလေး ရှက်စရာကောင်းသည့်အခြေအနေများဖြင့် တောင်ထိပ်ပေါ်သို့ ရောက်ရှိလာခဲ့လေသည်။

ထိုရောက်လာသည့်သူမှာ ဦးလေးချန်းမှလွဲ၍ အခြားသူမဟုတ်ပေ။ သူတို့သည် လူသုံးယောက်ဆုံးရှုံးခဲ့ရသော်လည်း တောင်ထိပ်ပေါ်သို့ အောင်မြင်စွာ ရောက်ရှိလာနိုင်ခဲ့ကြ၏။

တောင်ထိပ်ပေါ်က မြင်ကွင်းကိုမြင်လိုက်ရပြီးနောက် ဝမ်မသာနိုင်ခင်မှာပက် ညတစ်ဝက်လုံးလုံးချောင်းမြောင်းနေခဲ့ကြသည့် ဒေသခံများ ချက်ချင်းပင် ထွက်ပေါ်လာခဲ့တော့လေသည်။

ဦးလေးချန်တို့လေးယောက်သည် ချက်ချင်းပင် နောက်ပြန်ဆုတ်ပြီး ရုတ်တရက်ပေါ်လာသည့် ဒေသခံခြောက်ယောက်ကို သတိထားကာ ကြည့်လိုက်ကြ၏။

“ဒီမှာ တကယ်ကို ဒေသခံတွေရှိနေတာပဲ။”

ဦးလေးချန်းက မျက်မှောင်ကြုံ့ကာ ရေရွတ်လိုက်သည်။

“လူခြောက်ယောက်ပဲရှိတာ ကံကောင်းတယ်။”

သူ၏အတွေးမဆုံးမီမှာပင် သူတို့ဘေးနားမှ နောက်ထပ်အဖွဲ့နှစ်ဖွဲ့ ထပ်မံ၍ ထွက်ပေါ်လာခဲ့ပြန်၏။

ဦးလေးချန်း၏နှလုံးသားတစ်ခုလုံး နှစ်မြုပ်သွားခဲ့သည်။

“မကောင်းတော့ဘူး။”

သူတို့သည် တောင်ထိပ်ပေါ်သို့ ရောက်လာနိုင်ရန်အတွက် လူသုံးယောက်ဆုံးရှုံးခဲ့ရပြီး ကျန်သည့်လူများမှာလည်း ပင်ပန်းနွမ်းနယ်နေကြပြီဖြစ်သည်။ ယခု သူတို့ထက်လေးဆများသည့် ဒေသခံရန်သူများကို ရင်ဆိုင်ရမည်ဆိုလျှင် ကပ်ဆိုက်ခြင်းပင်ဖြစ်၏။

ဦးလေးချန်း မျှော်လင့်ချက်မဲ့စွာဖြင့် သူ၏ခေါင်းကို ခါးယမ်းလိုက်မိသည်။ အကယ်၍ တိုက်ပွဲသာ စတင်ခဲ့လျှင် သူသည် ဤလူသုံးယောက်ကို စွန့်လွှတ်လိုက်ရုံမှလွဲ၍ အခြားရွေးချယ်စရာမရှိတော့ပေ။

သူ့၏ခန္ဓာကိုယ်နှင့် ကျွမ်းကျင်မှုများနှင့်ဆိုလျှင် သူသာထွက်ပြေးချင်ပါက ထိုဒေသခံများက သူ့ကိုထိန်းထားနိုင်မည်မဟုတ်ပေ။

ဦးလေးချန်း ကြိုးစားကြည့်ရန် တွေးနေစဉ်မှာပက် အနောက်ဘက်မှ ခြေသံများကြားလိုက်ရလေသည်။

ဦးလေးချန်းတို့လေးယောက်ကို ဝိုင်းထားသည့် ဒေသခံများသည် ချက်ချင်းပင် နောက်ပြန်ဆုတ်ကာ အနောက်ဘက်ကို သတိထားကာ ကြည့်လိုက်ကြသည်။

နောက်ထပ်လူတစ်ယောက်ရောက်လာပြီဖြစ်သောကြောင့် သူတို့ အလောတကြီး မလုပ်ရဲပေ။

အနောက်ဘက်မှ နောက်ဆုံးရောက်လာသည့်အဖွဲ့ကို မြင်လိုက်ရသောအခါ ဦးလေးချန်းတို့တစ်ဖွဲ့လုံးသည် ထပ်မံ၍ သူတို့၏နှလုံးသားထဲ၌ အေးစက်မှုကို ခံစားလိုက်ရ၏။

နောက်ထပ် ဒေသခံအဖွဲ့တစ်ဖွဲ့။

ရှောင်းယီတို့သည်လည်း မူလက အရှေ့ဘက်တွင် ရှိနေကြခြင်းပေသည်။ အနောက်ဘက်မှ ဆူညံသံကြားလိုက်ရသောအခါ သူတို့သည် အမေအထားကို နည်းနည်းရွေ့လိုက်ပြီးနောက် တစ်ဖက်တွင်ရှိနေသော ဒေသခံအဖွဲ့ကို မြင်လိုက်ရလေတော့သည်။

“ဘာတွေဖြစ်နေတာလဲ။ ဘာလို့ ဒေသခံတွေ ထပ်ရောက်လာပြန်တာလဲ။”

ကျန်းယွင်ထျန်းက လေသံတိုးတိုးဖြင့် ပြောလိုက်သည်။

“သူတို့အားလုံးက ရတနာရှာဖွေဖို့လာကြတာပဲ။ အခု ပိုပြီးစိတ်ဝင်စားစရာကောင်းလာပြီ။”

ရှောင်းယီ၏စကားကိုကြားတော့ ကျန်းယွင်ထျန်းနှင့် အန်းရန်တို့ ခဏတာမျှ ကြောင်အသွား၏။

“နင်ဆိုလိုတာက ဒေသခံတွေမှာလည်း ရတနာမြေပုံရှိတယ်လို့လား။”

အန်းရန်က ပြောလိုက်သည်။ ရှောင်းယီ ခေါင်းညိမ့်ပြလိုက်သည်။

“ဒါဆိုဘယ်လိုလုပ်ကြမလဲ။ ငါတို့ တစ်နယ်တည်းသားချင်းတွေကို ကူညီကြမလား။”

ကျန်ယွင်ထျန်းက မေးလိုက်၏။

လူသားများချင်းချင်းအကြား၌ မည်သို့ပင်တိုက်ခိုက်နေကြပါစေ ပြင်ပရန်သူနှင့်တွေ့သည့်အခါ စည်းလုံးညီညွတ်စွာရပ်တည်ရန် လိုအပ်ပေသည်။

ရှောင်းယီ ပြန်မဖြေရသေးခင်မှာပင် တောင်ဘက်မှ ခြေသံများထွက်ပေါ်လာသည်ကို ကြားလိုက်ရလေသည်။

“အရင်ဆုံးကြည့်ကြတာပေါ့။ ပြီးမှ ဆက်ပြောကြမယ်။”

ရှောင်းယီက ဖြေလိုက်၏။

တစ်နယ်တည်းသားချင်းများကို ကူညီသည်ဖြစ်စေ မကူညီသည်ဖြစ်စေ အရင်ဆုံး ကိုယ်ကိုယ်တိုင်ဘေးကင်းနေရန် လိုအပ်ပေသည်။

ထိုစဥ် ထိုအဖွဲ့ တောင်ထိပ်ပေါ်သို့ ရောက်လာခဲ့ကြ၏။ ထို့နောက် ရှောင်းယီက တိုးတိုးရေရွတ်လိုက်မိသည်။

“တော်သေးတာပေါ့...ဒါက အသက်ရှင်ကျန်ရစ်သူတွေအဖွဲ့ပဲ။”

ထိုအသက်ရှင်ကျန်ရစ်သူများအဖွဲ့၌ အဖွဲ့ဝင် ၁၂ ယောက်ရှိပေသည်။

သူတို့ရောက်လာသည်ကိုမြင်သောအခါ အားလုံး ရပ်တန့်သွားခဲ့ကြလေသည်။

“ဒေသခံတွေက ဒီကိုဘယ်လိုရောက်လာတာလဲ။”

တောင်ထိပ်သို့ နောက်ဆုံးရောက်ရှိလာသော အသက်ရှင်ကျန်ရစ်သူများမှာ ဒေသခံများကို မြင်လိုက်ရပြီးနောက် အလွန်အံ့ဩသွားခဲ့ကြသည်။

ရှောင်းယီသည် သူတို့၏စကားပြောသံကို ကြားလိုက်ရသောအခါ ထိုအဖွဲ့က ယီတုန်းနိုင်ငံမှဖြစ်နေသောကြောင့် အံ့အားသင့်သွားခဲ့၏။

ထိုစဉ် ကျန်းယွင်ထျန်းကလည်း ရှောင်းယီကိုကြည့်ကာ လေသံတိုးတိုးဖြင့် ပြောလိုက်သည်။

“ယီတုန်းနိုင်ငံလား။”

ရှောင်းယီ ခေါင်းညိမ့်ပြလိုက်၏။

ထိုအချိန်၌ ဦးလေးချန်းသည် ဤနေရာရှိ လှုပ်ရှားမှုများကို သတိထားမိသွားပုံရလေသည်။ သူက လေသံကျယ်ကျယ်ဖြင့် အော်ပြောလိုက်သည်။

“ဟေး! ငါတို့နှစ်ဖွဲ့စလုံးက အသက်ရှင်ကျန်ရစ်သူတွေပဲ။ ငါတို့မဟာမိတ်ဖွဲ့ပြီး ဒီဒေသခံတွေကို အရင်ရှင်းပစ်ကြရအောင်။”

“နာဂါနိုခွန် သူက ရှားနိုင်ငံသားပဲဖြစ်ရမယ်။ ကျွန်တော်တို့ သူတို့နဲ့ပူးပေါင်းသင့်လို့ရနိုင်ပါ့မလား။”

တစ်ယောက်က တီးတိုးမေးလိုက်၏။

တောင်ထိပ်ပေါ်သို့ နောက်ဆုံးရောက်ရှိလာခဲ့သည့် အသက်ရှင်ကျန်ရစ်သူမှား၏ ခေါင်းဆောင်သည် ဒေသခံများ၏ လူပမာဏကိုကြည့်ပြီး ခေါင်းအနည်းငယ်ညိမ့်လိုက်သည်။

ထိုအချိန်တွင် တစ်ဖက်အဖွဲ့မှ လူတစ်ယောက်ထွက်လာပြီး အနည်းငယ်လူံထွေးနေသည့် ရှားဘာသာစကားဖြင့် အော်ပြောလိုက်သည်။

“ငါတို့ရဲ့ မစ္စတာနာဂာနိုက မဟာမိတ်ဖွဲ့ဖို့သဘောတူတယ်။ ဒေသခံတွေကို အရင်ဆုံရှင်းထုတ်မယ်။ နောက်ဆုံးမှ ရတနာပိုင်ဆိုင်မှုအကြောင်းကို ဆွေးနွေးမယ်။”

ထိုအဖြေကိုကြားသောအခါ ဦးလေးချန်း၏အကြည့်များ ထပ်မံတင်းမာသွားပြီး တစ်ကိုယ်တည်း ရေရွတ်လိုက်မိသည်။

“ယီတုန်းနိုင်ငံက အဖွဲ့ဖြစ်နေမယ်လို့ မျှော်လင့်မထားမိဘူး။ ဒီတစ်ခါတော့ နောက်ဆုံးရတနာရဖို့က ခက်ခဲတော့မယ့်ပုံပဲ။”

တောင်ဘက်မှ ထွက်ပေါ်လာသည့် ခြေသံများကိုကြားရုံနှင့်ပင် ထိုယီတုန်းနိုင်ငံ၏အဖွဲ့တွင် လူ ၁၀ ယောက်ကျော်ရှိကြောင်း သိနိုင်ပေသည်။

သူတို့တွင်မူ လူလေးယောက်သာရှိသောကြောင့် ထိုနောက်ဆုံးရတနာကိုညယှဉ်ပြိုင်နိုင်ရန် ဘယ်လိုမှမဖြစ်နိုင်ပေ။

ထိုမျှသာမက ဦးလေးချန်းသည် သူမည့်သို့ အသက်ရှင်အောင်ကြိုးစားရမယ်ကိုလည်း စဉ်းစားထားရပေလိမ့်မည်။ ဒေသခံများမှာ ရင်ဆိုင်ရခက်သော်လည်း ယီတုန်း၏လူများကိုမူ လုံးဝယုံကြည်၍မရနိုင်ပေ။

နာဂါနိုအီချီရိုက သူ၏လက်ဟန်ပြလိုက်၏။ ထိုအခါ သူ့နောက်တွင်ရှိ‌နေသော အနက်ရောက်ဝတ်စုံများဝတ်ဆင်ထားသည့် အသက်ရှင်ကျန်ရစ်သူ ၁၀ ယောက်သည် ချက်ချင်းပင် သူတို့၏ ဆာမူရိုင်းဓားများကိုဆွဲထုတ်ကာ အရှေ့ရှိ ဒေသခံများဆီသို့ ပြေးဝင်သွားလေတော့သည်။

အရှေ့ဘက်ရှိ ဒေသခံများမှာ ဦးလေးချန်းတို့ကိုဝိုင်းထားသည့် ဒေသခံများနှင့် အတူတူပင်ဖြစ်သည်။

ဦးလေးချန်းသည် ယီတုန်းနိုင်ငံအဖွဲ့က လှုပ်ရှားလိုက်သည်ကိုမြင်သောအခါ ချက်ချင်းပင် အော်ပြောလိုက်၏။

“အားလုံး အတူတူတက်ကြ!”

“ဟုတ်ကဲ့”

တစ်ချိန်တည်းမှာပင် အနောက်ဘက်တွင်ရှိနေသော ဒေသခံများသည်လည်း ပြေးဝင်လာကြလေသည်။

အခန်း ၃၁၇

အဖွဲ့လေးဖွဲ့မှာ ချက်ချင်းဆိုသလိုပင် အတူတူ တိုက်ခိုက်ကြလေတော့သည်။

ကျန်းယွင်ထျန်းသည် ရှောင်းယီကိုကြည့်ကု သဘာဝအတိုင်း သူ့ကိုလှုပ်ရှားချင်သလားဟု မေးလိုက်၏။

ရှောင်းယီက အနည်းငယ်စဉ်းစားပြီးနောက် တီးတိုးပြောလိုက်သည်။

“အန်းရန် သူတို့ကို ဘက်ညီသွားအောင် ကူညီပေးလိုက်ပါ။”

“အင်း”

အန်းရန်က ပြန်ဖြေပြီး သူမနှင့်အနီးဆုံးရှိ သစ်ပင်ပေါ်သို့ အလျင်မြန်တက်သွားလိုက်သည်။

ခြုံငုံကြည့်လျှင် ဒေသခံများ၏ အရေအတွက်မှာ အသက်ရှင်ကျန်ရစ်သူများထက် ပိုများနေဆဲပင်။

ဒေသခံအဖွဲ့နှစ်ဖွဲ့၏ စုစုပေါင်းလူဦးရေမှာ လေးဆယ်နီးပါးရှိသော်လည်း ယီတုန်းနိုင်ငံအဖွဲ့နှင့် ဦးလေးချန်းတို့ဘက်ရှိ လူများကိုပေါင်းလိုက်လျှင်ပင် စုစုပေါင်းလူဦးရေမှာ အယောက်နှစ်ဆယ်ပင် မပြည့်ပေ။

အန်းရန်သည် အမြင့်တစ်နေရာမှ ခြုံကြည့်လိုက်ပြီးနောက် ဒေသခံတစ်ချို့ကို အရင်ဆုံးဖြေရှင်းရန် ပြင်ဆင်လိုက်တော့သည်။

ဒေသခံများ အလွန်များပြားနေသည်ကိုမြင်သောအခါ နာဂါနိုအီချီရိုသည် ဘေးကနေရပ်ပြီး B အယောင်ဆောင်နေခြင်းကို ရပ်တန့်လိုက်၏။ သူသည်လည်း ဆာမူရိုင်းဓားကိုဆွဲကိုင်ပြီး ရှေ့သို့ ပြေးဝင်သွားတော့သည်။

ထိုစဉ် အနောက်ဘက်ရှိ ဒေသခံခေါင်းဆောင်က ဒေါသတကြီး ဟိန်းဟောက်လိုက်၏။

နာဂါနိုအီချီရိုသည် သူ၏ခေါင်းတစ်ခုလုံး နစ်မြှုပ်သွားသကဲ့သို့ ခံစားလိုက်ရသည်။

တိုက်ပွဲကိုကြည့်နေသည့် ရှောင်းယီတို့သုံးယောက်ပင်လျှင် တုန်လှုပ်သွားခဲ့သည်။

“ဒါကဘာလဲ။ ခြင်္သေ့ဟိန်းသံစွမ်းရည်လား။”

ကျန်ယွင်ထျန်းက မျက်လုံးပြူးကာ ပြောလိုက်၏။

ရှောင်းယီက ခေါင်းခါလိုက်ပြီး တီးတိုးပြောလိုက်သည်။

“အန်းရန် ဘာမှမလုပ်သေးနဲ့ဦး။ မှော်ဆရာကိုယ်တိုင် သူ့ရဲ့အဖွဲ့နဲ့ ဒီကိုရောက်လာမယ် ငါမထင်ထားခဲ့မိဘူး။ အခုက ပျော်စရာရှာရမယ့်အချိန်ပဲ။”

“ဟုတ်ကဲ့”

အန်းရန်က နူးညံ့စွာ ပြန်ဖြေ၏။

“မင်းဆိုလိုတာက ခုန်ကအော်လိုက်တဲ့ ဒေသခံတွေက မှော်ဆရာတွေလား။”

ကျန်ယွင်ထျန်းက စိတ်ဝင်တစားဖြင့် မေးလိုက်သည်။

ရှောင်းယီက ခေါင်းညိမ့်ပြပြီး ဖြေလိုက်သည်။

“ဟုတ်တယ်။ လက်ရှိသတင်းအချက်အလက်တွေအရ ဒီလိုမျိုး ထူးဆန်းတဲ့စိတ်ပိုင်းဆိုင်ရာတိုက်ခိုက်မှုမျိုးကို မှော်ဆရာတွေပဲ လုပ်နိုင်တယ်။ ငါတောင် အဲဒီတုန်းက အငိုက်မိလုနီးပါးဖြစ်သွားခဲ့တာ။”

နာဂါနိုအီချီရို ရပ်တန့်သွားသည့်အခိုက်တွင် မှော်ဆရာသည် နာဂါနိုအီချီရိုဆီသို့ ကျောက်လှံတစ်ချောင်း ပစ်လွှတ်လိုက်၏။

“နာဂါနိုခွန် သတိထား!”

လူတစ်ယောက်က အော်ဟစ်ကာ ပြေးလာခဲ့သည်။

ဝှစ်။

ထိုလူသည် ကျောက်လှံအား သူခန္ဓာကိုယ်ဖြင့် ဝင်ခံလိုက်၏။

“အီနိုယီ!”

နာဂါနိုအီချီရိုသည်လည်း ထိုအချိန်တွင် အသိပြန်ဝင်လာခဲ့ပြီး သူ၏မျက်လုံးများ ပြာဝေသွားခဲ့သည်။

သူသည် သူ၏ဆာမူရိုင်းဓားကိုလွှဲယမ်းပြီး သူ့ကိုအလစ်တိုက်ခိုက်ခဲ့သည့် မှော်ဆရာဆီသို့ အားကုန်ပြေးဝင်သွားတော့သည်။

မှော်ဆရာသည် သူနှင့်တိုက်ခိုက်ချင်စိတ်မရှိဘဲ ဆုတ်လိုက်၏။ မှော်ဆရာဘေးနားရှိ ဒေသခံများက ချက်ချင်းပင် သူ့ကိုတားဆီးလိုက်ကြသည်။

သို့သော်လည်း ထိုဒေသခံများမှာ နာဂါနိုအီချီရိုနှင့် မယှဉ်နိုင်ပေ။ နာဂါနိုသည် လူအုပ်ထဲသို့ ပြေးဝင်သွားပြီး ‌ဒေသခံရှစ်ယောက်ကို ဓားဖြင့်ခုတ်သတ်ပစ်လိုက်သည်။

မှော်ဆရာသည် နာဂါနိုအီချီရို၏ ရက်စက်ကြမ်းကြုတ်မှုကို မြင်သောအခါ ချက်ချင်းပင် အော်ဟစ်လိုက်လေသည်။

ထိုအခါ သူ့နောက်ကလိုက်လာကြသော ဒေသခံများမှာ ချက်ချင်းပင် တောင်အောက်သို့ ပြန်ဆုတ်ကြတော့သည်။

“ထွက်ပြေးချင်တာလား။ အဲလောက်မလွယ်ဘူးကွ။”

နာဂါနိုအီချီရိုက ဒေါသတကြီး ဟိန်းဟော်လိုက်၏။

“နာဂါနိုခွန် မလိုက်ပါတော့နဲ့။ ချုံခိုတိုက်ခိုက်မှုတွေကို သတိထား!”

ကျောက်လှံနှင့် ထိုးစိုက်ခြင်းခံထားရသော အီနိုယီက အော်ပြောလိုက်သည်။

ထိုအခါ ပြေးထွက်သွားသည့် နာဂါနိုအီချီရို၏ခန္ဓာကိုယ်ကးမှာ ချက်ချင်းရပ်တန့်သွားခဲ့လေသည်။ သူသည် ဒေါသထွက်နေသော်လည်း သူ၏အစိတ်ကို မဆုံးရှုံးသေးပေ။

အီနိုယီ၏သတိပေးချက်မှာ အဓိပ္ပါယ်ရှိပေသည်။ အကယ်၍ ဒေသခံတစ်ယောက်ယောက်သာ ချောင်းမြောင်းနေခဲ့လျှင်မူ သူသည်သန်မာသော်လည်း မရှုံနိမ့်နိုင်သည်တော့ မဟုတ်ပေ။

“ရှောင်းယီ အဲ့ဒီနိုင်ငံသားတွေက အရမ်းသန်မာလား။”

ကျန်ယွင်ထျန်းက မေးလိုက်သည်။

“ကံကောင်းထမစွာနဲ့ပဲ အဲ့ဒီလူကို နာဂါနိုလို့ခေါ်တယ်။ သူက B အဆင့်ပဲ။”

ရှောင်းယီက ပြန်ဖြေ၏။

ကျန်ယွင်ထျန်း ရုတ်ချည်းပြောလိုက်သည်။

“အဲ့ဒါကြောင့် သူကနည်းနည်းသန်မာပါတယ်လို့ ထင်နေတာ။ B အဆင့်နဲ့ သူတို့ရဲ့ဘူရှီဒိုသာရှိရင် ဒီဒေသခံတွေ သူ့ရဲ့ပြိုင်ဘက်မဟုတ်နိုင်ဘူး။”

ရှောင်းယီသည် အဝေးရှိ ဦးလေးချန်းတို့ဘက်က တိုက်ပွဲကိုကြည့်နေခဲ့သည်။ ဦးလေးချန်းတို့ဘက်၌ တစ်ယောက်ကျပြီးသွားပြီဖြစ်ပြီး ပြေးဝင်သွားတဲ့ အနက်ရောင်ဝတ်စုံဝတ် စစ်သားနှစ်ယောက်လည်း လဲကျနေခဲ့သည်။ သူတို့ သေသလား၊ ရှင်သလားကိုပင် မသိနိုင်ပေ။

“အန်းရန် ဟိုဘက်က ဒေသခံတွေကိုဖြေရှင်းလိုက်။ ဒေသခံ ၁၈ ယောက်ကို သူတို့ ကိုင်တွယ်နိုင်ပုံမရဘူး။”

ရှောင်းယီက ဝေါ်ကီတော်ကီဖြင့် ပြောလိုက်သည်။

“ကောင်းပြီ”

အန်းရန်က ပြန်ဖြေ၏။

“ဝှစ်ရှ်”

ထိုစဉ် သိပ်သည်းနေသည့်သစ်ရွက်များကြားမှ ဝါးမြားတစ်ချောင်း ပျံသန်းထွက်သွားတော့သည်။

ဖြူး!

ထိုမြှားသည် ဒေသခံတစ်ဦး၏ ဦးခေါင်းကို စိုက်ဝင်သွားပြီး ထိုဒေသခံမှာ ချက်ချင်းပင် မှောက်သွားတော့လေသည်။

ထိုမြှားတစ်ချက်က ဒေသခံအဖွဲ့ထဲ၌ အပေါက်တစ်ပေါက်ဖြစ်သွားစေခဲ့၏။

ထိုစစ်သားများသည်လည်း ချက်ချင်းပင် အခွင်းအရေးကိုအရယူကာ တိုက်ခိုက်လိုက်ကြပြီး နောက်ထပ်ဒေသခံတစ်ယောက်ကို သတ်ပစ်လိုက်နိုင်ခဲ့သည်။

ဒေသခံများ ချက်ချင်းပင် နောက်ဆုတ်သွားရ၏။ ဦးလေးချန်းနှင့် အခြားသူများလည်း အသက်ရှူချောင်သွားခဲ့လေသည်။

ဦးလေးချန်းသည် ဒေသခံ၏ခေါင်းတွင် စိုက်ဝင်နေသော ဝါးမြားကို မျက်လုံးထောင့်မှကြည့်လိုက်ပြီး စိတ်ထဲတွင်ပြောလိုက်၏။

“နောက်ထပ်လူတွေရှိနေသေးတယ်။ သူတို့က ငါတို့ကို အမြတ်ထုတ်ချင်နေတဲ့အဖွဲ့ပဲဖြစ်ရမယ်။”

ဒေသခံနှစ်ဖွဲ့ ဆုတ်သွားပြီးနောက် ဦးလေးချန်းက ချက်ချင်းပင် အော်ပြောလိုက်သည်။

“ခုနက ကျုပ်တို့ကို ဘယ်သူကူညီလိုက်တာများလဲ။ ကျေးဇူးပြုပြီး ထွက်လာပေးပေးပါ။”

ယီတုန်းနိုင်ငံအဖွဲ့ကို တစ်အားထက်သန်စွာကြည့်ရင်း ဦးလေးချန်းသည် ရှောင်းယီတို့ကို ရေထဲဆွဲချရုံသာတတ်နိုင်ခဲ့လေသည်။

မူလက နာဂါနိုအီချီရိုသည် ဦးလေးချန်တို့အဖွဲ့ကို သတ်ကစ်ရန် အဆင်သင့်ဖြစ်နေခဲ့ပြီဖြစ်သည်။ ထိုစဉ် သူသည် ဦးလေးချန်း၏စကားကိုကြားလိုက်ရပြီး ချက်ချင်းပင် ဘေးပတ်ပတ်လည်ကို ဝေ့ကြည့်လိုက်၏။

“ရှောင်းယီ ငါတို့ထွက်တွေ့သင့်လား။”

အန်းရန်က မေးလိုက်သည်။

ရှောင်းယီသည် ထိုဒေသခံများမှာ ဤကဲ့သို့ ပြတ်ပြတ်သားသားဖြင့် ပြန်လည်ဆုတ်ခွာသွားမည်ဟု မျှော်လင့်မထားခဲ့ပေ။ သူသည် နှစ်ဖက်စလုံး ရောထွေးတိုက်ခိုက်ကြမည်ဟုသာ ထင်ထားခဲ့ခြင်းဖြစ်၏။ ထို့သို့ရောထွေးသတ်ပုတ်မှာမရှိလျှင်ပင် သူတို့အတွက် ပြဿနာသိပ်မရှိပေ။ အနည်းငယ် ပိုပြီးအားစိုက်ထုတ်ရရုံသာ ရှိပေသည်။

“ထွက်မယ်!”

ရှောင်းယီက ထိုသို့ပြောလိုက်ပြီးနောက် တောင်ထိပ်ပေါ်သို့ ထွက်လာခဲ့လိုက်သည်။ အန်းရန်သည်လည်း သစ်ပင်ပေါ်ကဘခုန်ဆင်းကာ လိုက်လာခဲ့သည်။

ရှောင်းယီတို့ဘက်တွင် လူသုံးယောက်သာရှိကြောင်း မြင်လိုက်ရသောအခါ နာဂါနိုအီချီရိုက လှောင်ရယ်လိုက်သည်။

“ဟမ့်! မင်းတို့တောင်ထိပ်ပေါ်ရောက်တာ အတော်ကြာနေပြီပဲ။”

ရှောင်းယီက ခေါင်းညိမ့်လိုက်သည်။

ဦးလေးချန်းက ရှောင်းယီ၏တုန့်ပြန်မှုကို ကြည့်လိုက်ပြီး ဆုတ်ွာရန် အသင့်ပြင်ဆင်နေပြီဖြစ်၏။

ရှောင်းယီသည် ယီတုန်းဘာသာစကားကိုနားလည်နေသောကြောင့် ယီတုန်းလူမျိုးဖြစ်မည်မှာ ၉၀% လောက် သေချာပေသည်။

ပြည်တွင်း၌ မည်သို့ပင် စစ်ဖြစ်နေစေကာမူ အပြင်မှာတွေ့လျှင်မူ အခြားနိုင်ငံကလူများကိုသာ အရင်ရှင်းပစ်ရမည်ဖြစ်၏။

“ဒါပေါ့...ငါတို့အားလုံး အကြာကြီးအိပ်နေခဲ့ရတာ။ မင်းတို့ အရမ်းနှေးတာပဲ။”

ရှောင်းယီက ပြောလိုက်သည်။

ဦးလေးချန်း၏မျက်လုံးများ ချက်ချင်းပင် အလင်းရောင်များဖြင့် တောက်ပသွားတော့သည်။ ရှောင်းယီ၏ကျွမ်းကျင်ပြေပြစ်သော ရှားဘာသာစကားက သူသည် ယီတုန်းလူမျိုးမဟုတ်ကြောင်း ပြသနေပေသည်။

ဤသို့ဆိုလျှင် သူတို့အဖွဲ့နှစ်ဖွဲ့သာ ပူးပေါင်းလိုက်ပါက ယီတုန်းနိုင်ငံနှင့် နောက်ဆုံးရတနာအတွက် ယှဉ်ပြိုင်နိုင်ပေလိမ့်မည်။

နာဂါနိုအီချီရိုသည် ရှောင်းယီ၏စကားကို ကြားလိုက်ရပြီးနောက် အံ့အားသင့်သွားခဲ့သည်။ ထိုလူသည် သူတို့ယီတုန်းနိုင်ငံဘာသာစကားကို ပြောနေခြင်းမဟုတ်ဘဲ သူက နားလည်နေ၏။

သို့သော်လည်း ယခု ထိုအကြောင်းကို ဆွေးနွေးရန်အချိန်မဟုတ်သေးပေ။ သူက စပ်ဖြဲဖြဲဖြင့် မေးလိုက်သည်။

“မင်းက ရှားနိုင်ငံသားလား။”

ရှောင်းယီ ခေါင်းညိမ့်ပြလိုက်၏။ နာဂါနိုအီချီရိုက ဆက်ပြောသည်။

“ရွံစရာကောင်းတဲ့အရှေ့အာရှသားပဲ။ မင်းကိုယ်တိုင်ဆင်းသွားသွားမလား ဒါမှမဟုတ် ငါမင်းကိုပို့ပေးရမလား။”

ရှောင်းယီက သူ့ကိုတစ်ချက်စိုက်ကြည့်လိုက်သည်။

“သူတို့ရဲ့ဘိုးဘေးတွေကို မေ့သွားသူတွေက ဒီမှာပဲ ထာဝရနေရမယ်။”

“ဟားဟား!!!”

နာဂါနိုအီချီရိုက အော်ရယ်လိုက်ပြီးနောက် တိုက်ခိုက်ရန် အသင့်ပြင်လိုက်တော့သည်။

ကျန်းယွင်ထျန်းမှာ သူ၏ဓားမြှောင်ကို ဆွဲထုတ်ပြီးပြီဖြစ်ပြီး အန်းရန်သည်လည်း ဝါးမြားကို လေးကြိုးတွင်တပ်ဆင်ထားပြီးဖြစ်၏။

ထိုစဥ် ရုတ်တရက် ဒေသခံနှစ်ဖွဲ့ဆုတ်သွားသည့် ဦးတည်ချက်မှ မျောက်နှစ်ကောင်ပေါ်လာပြီး အရပ်ရှစ်မျက်နှာကျောက်တိုင်၏ ခွက်ချိုင့်ထဲတွင် ကျောက်ပြားတစ်ချပ်စီ တပ်ဆင်လိုက်သည်။

ကလစ်!

တောင်ထိပ်ပေါ်ရှိ အရပ်ရှစ်မျက်နှာကျောက်တိုင်၌ အက်ကြောင်းများ ဖြစ်ပေါ်လာလေသည်။

အားလုံး ချက်ချင်းပင် နောက်ပြန်ဆုတ်လိုက်ကြ၏။

ဝုန်း!

ထိုစဉ် အရပ်ရှစ်မျက်နှာကျောက်တိုင်မှာ လုံးဝကြေမွှသွားတော့သည်။ ထိုအတွင်း၌ ပစ္စည်းနှစ်ခုသာ ကျန်ရှိနေခဲ့လေသည်။

ခန္ဓာကိုယ်အရှည် ၅ မီတာရှိတဲ့ ကျားတစ်ကောင်။

ယခင်ရတနာသေတ္တာသုံးလုံးထက် ပိုမိုကြီးမားသည့် ရတနာသေတ္တာတစ်လုံး။

“ဝေါင်း!”

ထိုစဉ် ကျားက ဒေါသတကြီး ဟိန်းဟောက်လိုက်ပြီး လူတိုင်း၏အာရုံကို ရတနာသေတ္တာမှ သူ့ဆီသို့ ဆွဲယူသွားလိုက်သည်။

ဧရာမကျားကြီးကို ကြည့်လိုက်ပြီးနောက် နာဂါနိုအီချီရိုသည် ထိုကျားမှာ အလွန်အန္တရာယ်များသည်ဟု ခံစားလိုက်ရသည်။

“အားလုံးပဲ ဒီကျားကိုအရင်သတ်ပြီးမှ ရတနာကို ခွဲဝေမယ်ဆိုရင်ရော ဘယ်လိုလဲ။”

နာဂါနိုအီချီယိုက ချက်ချင်းပင် အော်ပြောလိုက်ပြီး အီနိုယီက ချက်ချင်းပင် ဘာသာပြန်ပေးလိုက်၏။

ထိုအခါ ဦးလေးချန်းက ခေါင်းညိမ့်ကာ ပြောလိုက်သည်။

“ဟုတ်တယ် အရင်ပူးပေါင်းကြတာပေါ့။ ကျားကိုသတ်ပြီးမှ ရတနာအကြောင်းပြောကြမယ်။”

ထိုစဉ် ရှောင်းယီက နာဂါနိုအီချီရိုကိုကြည့်ကာ ပြောလိုက်သည်။

“မင်းအခုလေးတင် အရမ်းမိမိုက်တဲ့ပုံစံ လုပ်နေတာမဟုတ်ဘူးလား။ အဲ့ဒါကို မင်းဘာသာကိုင်တွယ်လိုက်လေ။ ငါဘေးကကြည့်နေမယ်။”

“ဟမ့်! မင်းက ဝါးနိုင်တာထက် ပိုစားချင်နေတာပဲ။ မင်းတို့မှာ သုံးယောက်ပဲရှိတယ်။ မင်းတို့လူသုံးယောက်တည်းနဲ့ ဒီကျားကိုသတ်နိုင်မယ်လို့ ထင်နေတာလား။”

နာဂါနိုအီချီရိုက ဒေါသတကြီးဖြင့် ပြောလိုက်သည်။

ရှောင်းယီက သူ၏ခေါင်းကို ခါယမ်းလိုက်၏။

“လူသုံးယောက်လား။ မဟုတ်ဘူး ငါတို့အတွက် လူတစ်ယောက်ပဲလိုတယ်။”

အခန်း ၃၁၈

“မောက်မာလိုက်တာ!”

နာဂါနိုအီချီရိုက အော်ငေါက်လိုက်၏။

ဘေးနားတွင်ရှိနေသော ဦးလေးချန်းသည် ရှောင်းယီတို့တွေက ပူးပေါင်းရန် လုံးဝစိတ်ကူးမရှိကြောင်း မြင်သောအခါ ဤမဟာမိတ်မှာ လုံးဝအလုပ်ဖြစ်မည်မဟုတ်ကြောင်း သိသွားခဲ့လေသည်။

ထိုအကြောင်းကိုတွေးတောပြီးနောက် ဦးလေးချန်းက ဆုံးဖြတ်ချက်ချပြီး တီးတိုးပြောလိုက်၏။

“အခုချက်ချင်း ပြန်ဆုတ်မယ်။”

ကျန်သုံးယောက်သည် ထိုအမိန့်ကိုကြားလိုက်ရသောအခါ ကောင်းကင်၏စကားသံကို ကြားလိုက်ရသကဲ့သို့ပင် ချက်ချင်း နောက်လှည့်ကာ တောင်အောက်သို့ ပြေးဆင်းတော့လေသည်။

နာဂါနိုအီချီက သူတို့၏လှုပ်ရှားမှုကိုမြင်သောအခါ အမိန့်ပေးလိုက်၏။

“မင်းတို့‌လေးယောက် သူတို့ကိုသွားကိုင်တွယ်လိုက် ပြီးရင် သူတို့ရဲ့ပစ္စည်းတွေကိုပြန်ယူလာခဲ့။”

“ဟိုင်း!”

စစ်သားလေးယောက်မှာ ချက်ချင်းပင် သူတို့နောက်သို့ လိုက်သွားတော့သည်။

သူတို့သည် ယခင်တိုက်ပွဲတွင် စစ်သားနှစ်ယောက်ဆုံးရှုံးခဲ့ရပြီး ယခုရှောင်းယီတို့ရှေ့တွင် စစ်သားခြောက်ယောက်သာ ကျန်တော့ပေသည်။

“မင်းက တော်တော်လေးယုံကြည်မှုရှိနေတာပဲ။”

ရှောင်းယီက ပြုံးကာ ပြောလိုက်သည်။

“ရှားလူမျိုးတွေက ကိုင်တွယ်ရအလွယ်ကူဆုံးပဲ။”

နာဂါနိုအီချီယို အေးစက်စက်လေသံဖြင့် ပြော၏။

“တကယ်လား။ ဒါဆိုရင် ဒီအင်းစက်ကြီးနဲ့ အရင်ဆုံး စကားပြောလိုက်ပါဦး။”

ရှောင်းယီက ဘေးတွင်ရှိနေသောကျားကို ညွှန်ပြလိုက်သည်။

ကျားမှာ နာဂါနိုအီချီရိုဆီသို့ ခုန်အုပ်လာပြီဖြစ်၏။

ထို့နောက် ရှောင်းယီသည် ကျောက်တုံးတစ်တုံးရှာကာ ထိုအပေါ်တွင် ထိုင်လိုက်သည်။

ကျားသည် လူအုပ်ထဲသို့ ပြေးဝင်သွားပြီး စစ်သားတစ်ယောက်ကို လက်ဝါးတစ်ချက်တည်းဖြင့် အဝေးသို့ ရုန်ထုတ်ပစ်လိုက်လေသည်။

“ဖူး!”

စစ်သားသည် လေထဲမှာ သွေးများစွာ အန်ထုတ်လိုက်ရပြီး မြေကြီးပေါ် ပြင်းထန်စွာပြုတ်ကျကာ မည်သည့်အသံမျှ ထွက်မလာတော့ပေ။

ကျန်သူများမှာ ကျား၏ကြမ်းတမ်းရက်စက်မှုကို မြင်လိုက်ရသောအခါ မတတ်သာဘဲ နောက်ပြန်ဆုတ်လိုက်ရတော့သည်။

“နာဂါနိုခွန် ဒီကျားက သွားထိလို့မရဘူး။”

အီနိုယီက တည်ကြည်လေးနက်စွာ ပြောလိုက်သည်။

“ကျွန်တော်တို့တိုက်ခိုက်နေတာကို သူတို့ကို ထိုင်ကြည့်နေခွင့်မပြုနိုင်ဘူး။”

နာဂါနိုအီချီရိုသည် အီနိုယီ၏ဆိုလိုရင်းကို ချက်ချင်းသဘော‌ပေါက်သွားခဲ့သည်။ သူသည် ချက်ချင်းပင် ရှေ့ကိုပြေးဝင်သွားပြီး သူ၏ဆာမူရိုင်းဓားဖြင့် ကျားကိုခုတ်ပိုင်းလိုက်တော့သည်။

ကျားသည် ဆယမူရိုင်းဓားကို လွယ်လွယ်ကူကူရှောင်တမ်းသွားပြီး သူ၏အမြီးကိုလွှဲယမ်းကာ နာဂါနိုအီချီရို၏ရင်ဘတ်ကို ပုတ်ထုတ်လိုက်လေသည်။

“ဟမ့်!”

နာဂါနိုအီချီရိုက နှာမှုတ်ကာ ခြေနှစ်လှမ်း နောက်ပြန်ဆုတ်လိုက်၏။

ကျားက ထပ်မံခုန်အုပ်လာခဲ့သည်။ နာဂါနိုအီချီရိုသည် သူရှိနေသည့်နေရာမှ လှိမ့်ထွက်ကာ ကျား၏ကုတ်ချက်ကို ရှောင်တိမ်းလိုက်သည်။ ထို့နောက် သူသည် ရှောင်းယီဆီသို့ တည့်တည့်ပြေးဝင်သွားတော့သည်။

“ငါလာမယ်! ငါလာမယ်!”

ကျန်းယွင်ထျန်းက ချက်ချင်းပင် ပြောလိုက်၏။

ရှောင်းယီနှင့် အန်းရန်တို့သာ လှုပ်ရှားလိုက်လျှင် သူ့ထံ၌ အခွင့်အရေးမရှိတော့မှာကို သူကြောက်ပေသည်။

“ဟုတ်ပါပြီ လာခဲ့!”

ရှောင်းယီက ကူကယ်ရာမဲ့သွားခဲ့သည်။ ကျန်းယွင်ထျန်းက ချက်ချင်းပင် သူ့ကိုကြိုဆိုလိုက်၏။

“ကောင်းတယ်!”

နာဂါနိုအီချီရိုက အော်ဟစ်ပြီး သူ့ကိုဓားဖြင့်ထိုးလိုက်သည်။

ကျန်းယွင်ထျန်းက ထိုဓားချက်ကို သူ့လက်ထဲကဓားမြှောင်ဖြင့် အလွယ်တကူပင် တားဆီးလိုက်၏။

“မင်းကမြန်ချင်ပါတယ် ဒါပေမယ့် မမြန်သေးဘူး။ အားကောင်းချင်တယ် ဒါပေမယ့် အားမကောင်းဘူး။ မင်းကို ငါတို့ကိုစိန်ခေါ်ဖို့ ဘယ်သူ့ကသတ္တိတွေပေးလိုက်တာလဲ။ လျန်ကျင်းရူလား။”

နာဂါနိုအီချီယိုသည် ထိုကဲ့သို့ထိပ်တိုက်ရင်ဆိုင်လိုက်ရပြီးနောက် တုန်လှုပ်သွား၏။ တစ်ချက်သာတိုက်ခိုက်သေးသော်လည်း သူသည် ယနေ့ နံရံကိုဝင်တိုက်မိသွားပြီဖြစ်ကြောင်း သိလိုက်ရပြီဖြစ်သည်။

သူမယှဉ်နိုင်ကြောင်း သိသွားသော်လည်း သူ၏နောက်တွင်ရှိနေသောကျားက သူ့ကိုကြမ်းတမ်းအောင် ပြုလုပ်ပေးနေခဲ့လေသည်။

နာဂါနိုအီချီရိုသည် ချက်ချင်းပင် ဘေးသို့ရှောင်တိမ်းလိုက်ပြီး ကျန်းယွင်ထျန်းကို တစ်ပတ်ပတ်ကာ သူ့ကို ကျားနှင့်တိုက်ရိုက်ရင်ဆိုင်ခိုင်းလိုက်၏။

ကျန်းယွင်ထျန်းက လှောင်ရယ်လိုက်ပြီး သူ၏လမ်းကိုပိတ်ဆို့ကာ ဓားမြှောင်ကို အလယ်တည့်တည့်သို့ ထိုးစိုက်လိုက်သည်။

နာဂါနိုအီချီရိုသည် ကျန်းယွင်ထျန်း၏လှုပ်ရှားမှုကို လုံးဝမတားဆီးနိုင်ခဲ့ပေ။ ထို့ကြောင့် သူသည် မြေကြီးပေါ်သို့ အလျင်အမြန်လှဲချကာ ပျင်းရိနေသောမြည်းတစ်ကောင်ကဲ့သို့ ဘေးကိုလှိမ့်ထွက်လိုက်ရုံသာ တတ်နိုင်ခဲ့သည်။

“ဘုန်း!”

ကျားသည် မြေပေါ်သို့လှိမ့်သွားသော နာဂါနိုအီချီယို၏ ညာဘက်လက်မောင်းကို လက်သည်းတစ်ချက်တည်းဖြင့် ကုတ်ဖြဲပစ်လိုက်ပြီး လက်မောင်းမှ သွေးများစီးကျလာတော့သည်။

သူ၏တိုက်ခိုက်မှု အောင်မြင်သွားပြီးနောက် ကျားသည် နာဂါနိုအီချီရိုကို ဆက်မတိုက်တော့ဘဲ ကျန်းယွင်ထျန်းကိုစိုက်ကြည့်ကာ သူ၏ပတ်ပတ်လည်တွင် လှည့်ပတ်နေ၏။

သူ့ရှေ့တွင်ရှိနေသောလူသားသည် အလွန်အန္တရာယ်များသည်ဟု သူခံစားနေခဲ့ရသည်။

ကျား၏အာရုံမှာ ကျန်းယွင်ထျန်းဆီ ရောက်နေသည်ကိုမြင်သောအခါ နာဂါနိုအီချီရိုသည် သူ၏ညာဘက်လက်မောင်းကိုဆုပ်ကိုင်ရင်းဖြင့် ဝမ်းသာသွားခဲ့သည်။

သူသည်သူ၏အဖွဲ့ဆီသို့ပြန်သွားပြီး ကျားနှင့်ကျားတို့ကြားရှိ တိုက်ပွဲကို ထိုင်ကြည့်ရန် ပြင်လိုက်လေသည်။

“ဒါက Bဆင့်ကျားပဲ။ မင်းကူညီချင်လား။”

ရှောင်းယီက မေးလိုက်၏။ တကယ်တမ်းတွင် ရှောင်းယီသည် ယဉ်ကျေးမှာအရသာ ပြောလိုက်ခြင်းဖြစ်ပြီး ကူညီရန်အစီအစဉ်မရှိပေ။ အန်းရန်သည်ပင်လျှင် တုတ်တုတ်မျှမလှုပ်ပေ။

“မလိုပါဘူး။ မလိုပါဘူး။ လုံးဝမလှုပ်ပါနဲ့။”

ကျန်ယွင်ထျန်းက ချက်ချင်းပင် အော်ဟစ်လိုက်သည်။

ရှားဘာသာစကားကိုနားလည်သည့် အီနိုယီမှာ သူတို့ကို မျက်လုံးကြီးပြူးကာ ကြည့်နေမိလေသည်။

သူသည် အချက်သုံးချက်ဖြင့် အံ့အားသင့်နေမိခဲ့သည်။

ပထမဆုံးအနေဖြင့် ရှောင်းယီသည် ထိုကျား၏အဆင့်ကို အမှန်တကယ်ပြောနိုင်နေသည်။ ထိုအရာမှာ သူ၏ကျွမ်းကျင်မှုလော သို့မဟုတ် ပစ္စည်းတစ်ခုခုရှိ၍ပင်လော။

ဒုတိယအနေဖြင့် ကျန်းယွင်ထျန်းသည် သူ့အဖွဲ့သားများ၏ကူညီမှုကို ငြင်းပယ်ပြီး B အဆင့်ကျားကို တစ်ယောက်တည်း တိုက်ခိုက်ချင်နေခဲ့သည်။

နောက်ဆုံးအနေဖြင့် ပို၍ထိတ်လန့်စရာကောင်းသည်မှာ သူ၏အဖွဲ့သားနှစ်ယောက်မှာ ကူညီရန် အမှန်တကယ်ပြင်ဆင်မထားကြခြင်းပင်ဖြစ်သည်။

နာဂါနိုအီချီယိုသည် အီနိုယီအနားသို့ ပြန်ရောက်လာသောအခါ သူ့ကိုမေးလိုက်၏။

“သူတို့ဘာတွေပြောနေကြတာလဲ။”

အီနိုယီသည် သူတို့၏စကားဝိုင်းနှင့် သူ၏ကိုယ်ပိုင်ခန့်မှန်းချက်များကို တင်းမာနေသည့် မျက်နှာအမူအယာဖြင့် ပြန်ပြောပြလိုက်သည်။

နာဂါနိုအီချီရိုသည်လည်း ရှောင်းယီတို့ကို ထိတ်လန့်စွာကြည့်လိုက်မိ၏။ ထို့နောက် သူ၏နှလုံးခုန်နှုန်းများမှာလည်း နည်းနည်းငယ် မြန်ဆန်လာခဲ့လေသည်။

“သူတို့တကယ်ပဲ အရမ်းသန်မာကြတာလား။”

ကျားသည် ကျန်းယွင်ထျန်းဆီသို့ တစ်ဟုတ်ထိုးပြေးဝင်တိုက်ခိုက်နေသော်လည်း ကျန်းယွင်ထျန်းမှာ အလွယ်တကူရှောင်တိမ်းနေခဲ့ပြီး သူလက်ထဲရှိဓားမြှောင်ဖြင့် ကျား၏ကိုယ်ပေါ်၌ အမာရွတ်များ ချန်ထားနေခဲ့သည်။

“ဝေါင်း!”

ကျားက ဒေါသတကြီး ဟိန်းဟောက်လိုက်၏။ သူ့ကိုယ်ပေါ်ရှိနာကျင်မှုများက သူ့ကိုအလွန်ဒေါသထွက်စေခဲ့လေသည်။

သားရဲများသည် ကျွမ်းကျင်မှုနှင့် ခွန်အားအရာ၌ သဘာဝအရ အာသာချက်များရှိသော်လည်း ကျန်းယွင်ထျန်းက သူ့ထက် အဆင့်ကြီးတစ်ဆင့် ပိုမြင့်ပေသည်။

ကျန်းယဠယွင်ထျန်း ကျားကိုကြည့်ကာ အပြုံးတစ်ခုဖြင့် ပြောလိုက်သည်။

“စိတ်မဆိုးပါနဲ့ဦး ဖြည်းဖြည်းကစားကြတာပေါ့။”

ထို့နောက်တွင်မူ နာဂါနိုအီချီရိုတို့၏မျက်လုံးများ ပိုမိာဝိုင်းစက်လာခဲ့လေသည်။ ကျန်းယွင်ထျန်းသည် ကျားက ကြောင်ကိုဆော့နေသကဲ့သို့ ကျား၏ပတ်လည်တွင် ကစားနေခဲ့သည်။

ကျား၏ကိုယ်ပေါ်တွင် ဒဏ်ရာများဖြင့် ဖုံးလွှမ်းလာသော်လည်း ကျန်းယွင်ထျန်းမှာမူ ပို၍ပို၍ပင် အေးဆေးတည်ငြိမ်လာခဲ့သည်။

“နာဂါနိုခွန် ကျွန်တော်တို့ ဒီလူနဲ့ လုံးဝမယှဉ်နိုင်ဘူး။ မြန်မြန်ထွက်သွားမှဖြစ်မယ်။”

အီနိုယီက ရတနာသေတ္တာကို မျက်စပစ်ပြပြီး တိုးတိုးပြောလိုက်သည်။

နာဂါနိုအီချီယိုသည် အီနိုယီ၏စကားကိုကြားသောအခါ ချက်ချင်းပင်ခေါင်းညိမ့်ပြီး ပြောလိုက်၏။

“ရတနာသေတ္တာကို အတူလုယူကြမယ်။”

ဒဏ်ရာရနေသည့် အီနိုယီကလွဲလျှင် ကျန်ငါးယောက်လုံး ရတနာသေတ္တာဆီကို ပြေးဝင်သွားတော့သည်။

“ဝှစ်ရှ်! ဝှစ်ရှ်! ဝှစ်ရှ်!”

ရုတ်တရက် သူတို့နားထဲ၌ လေထုကို ဖြန်သန်းလာသည့်အသံများ ကြားလိုက်ရသည်။ နာဂါနိုအီချီရိုသည် သူ၏ခြေလှမ်းများကို ချက်ချင်းပင် ရပ်တန့်လိုက်၏။ ထို့နောက် ဝါးမြားတစ်စင်း သူ၏နှာဖျားကိုဖြတ်ကာ ပျံသွားလေသည်။

ထိုအခိုက်တွင် နာဂါနိုအီချီယို၏နောက်ကျော၌ ချွေးစေးများဖြင့် ရွှဲနေခဲ့သည်။

ကျန်လေးယောက်မှာမူ တစ်ယောက်ပြီးတစ်ယောက်အော်နေကြရပြီး သူတို့၏ခန္ဓာကိုယ်၌ ဝါးမြားများ စိုက်ဝင်နေခဲ့ကြသည်။

“ဇာတ်လမ်းကို ပြီးအောင်တောင် မဖတ်ရသေးဘူးလေ။ ဘာလို့လှုပ်ရှားချင်ရတာလဲ။”

ရှောင်းယီက ပြုံးကာ ပြောလိုက်၏။

သူ၏ဘေးနားတွင်ရှိသော အန်းရန်က လက်ထဲလေးကို ပြန်ချလိုက်သည်။

နာဂါနိုအီချီယိုသည် ဤအမျိုးသမီးမှာ ကျားနှင့်ကစားနေသည့် အမျိုးသားထက် ပိုမိုသန်မာကြောင်း ချက်ချင်းပင် နားလည်သွားလေသည်။

“သူတို့က ဘယ်သူတွေလဲ။ သူတို့က ဘယ်လိုတောင် အရမ်းစွမ်းအားကြီးနေကြတာလဲ။”

နာဂါနိုအီချီယို၀နှလုံးသားထဲ၌ လှိုင်းလုံးကြီးမှား တလိမ့်လိမ့်တက်လာနေခဲ့သည်။

သူသည် ပထမအပတ်ကတည်းက B အဆင့်ရေသန့်စက်တစ်လုံး ရထားခဲ့ပြီး ထိုရေကို နေ့တိုင်းသောက်ခိုင်းခဲ့ကြောင်း သိထားရပေမည်။ သူသည် မကြာခင်ကမှ B အဆင့်ခန္ဓာကိုယ်သို့ အဆင့်တက်အောင် လုပ်နိုင်ခဲ့ခြင်းဖြစ်ပေသည်။

သူ၏ B အဆင့်ခန္ဓာကိုယ်ဖြင့် ဤတစ်ကြိမ်၌ ရတနာများကို သိမ်းပိုက်နိုင်မည်ဟု ထင်ထားခဲ့သော်လည်း ရတနာကိုကာကွယ်ရန့် ခင်းကျင်းထားသည့်သားရဲမှာ B အဆင့်ဖြစ်နေလိမ့်မည်ဟု မျှော်လင့်မထားခဲ့မိပေ။

ထိုပြင် ထို B အဆင့်ကျားကို ဆော့ကစားနိုင်သည့် ရှားလူမျိုးတစ်ယောက်လည်း ရှိနေပေသေးသည်။

နာဂါနာနိုအီချီယို အီနိုယီဆီသို့ ပြန်ရောက်လသောအခါ အီနိုယီက ပြောလိုက်၏။

“နောက်ဆုတ်ကြရအောင် ကျွန်တော်တို့က သူတို့နဲ့ လုံးဝမယှဉ်နိုင်ဘူး။”

နာဂါနိုအီချီရိုက ခေါင်းညိမ့်ပြကာ နောက်လှည့်ပြီး ထွက်ပြေးရန် ပြင်တော့သည်။

သို့သော် သူနောက်လှည့်လိုက်သည်နှင့် ရှောင်းယီသည် သူတို့ရှေ့တွင်ပေါ်လာပြီး ပြုံးပြကာ ပြောလိုက်၏။

“ဇာတ်လမ်းက မဆုံးသေးဘူးလေ။ ဘာလို့အလျင်လိုနေတာလဲ။”

နာဂါနိုအီချီယိုသည် ရှောင်းယီ သူတို့ဆီသို့ မည်သို့ရောက်ရှိလာကြောင်းကို ရှင်းရှင်းလင်းလင်းမမြင်လိုက်ရပေ။ ထို့နောက် မသိစိတ်အရ သူ၏ဆာမူရိုင်းထားကိုထုတ်ကာ ထိုးစိုက်လိုက်လေသည်။

သို့သော်လည်း ရှောင်းယီသည် လက်ညှိုးနှစ်ချောင်းထောင်ကာ သူ၏ဆာမူရိုင်းဓားကို တိကျစွာဖိညှပ်ထားလိုက်သည်။

နာဂါနိုအီချီယို တုန်လှုပ်သွားပြီး ရှောင်းယီ၏လက်ချောင်းများကြားမှ သူ၏ဆာမူရိုင်းဓားကို ဆွဲထုတ်ရန် ကြိုးစားလိုက်၏။ သို့သော်လည်း သူလုံးဝဆွဲထုတ်၍မရနိုင်ကြောင်း သဘောပေါက်သွားတော့လေသည်။

All Chapters