← Chapters

အခန်း (၃၂၂-၃၂၄)

Vol. 22 Ch. 322-324

အခန်း (၃၂၂-၃၂၄)

Vol. 22 Ch. 322-324

အခန်း ၃၂၂

ရှောင်းယီ မှော်ဆရာကို ကိုင်တွယ်ပြီးနောက် ကျန်းယွင်ထျန်းသည် နောက်ဆုံးကျန်သည် ဒေသခံနှစ်ဦးအား ကိုင်တွယ်နေသည်ကို မြင်လိုက်ရသည်။

“တစ်ယောက်ကို အသက်ရှင်လျက် ချန်ထားလိုက်။”

“အိုကေ!”

ကျန်းယွင်ထျန်းက တုံ့ပြန်လိုက်သည်။ သူသည် လူတစ်ဦးကို အလွယ်တကူ သတ်ပစ်လိုက်ပြီးနောက် ရပ်လိုက်သည်။

ကျန်ရှိနေသေးသော ဒေသခံတစ်ဦးသည် ချက်ချင်းပင် မြေပြင်ပေါ်တွင် ဒူးထောက်ကာ စတင်အော်ဟစ်လေတော့သည်။

ရှောင်းယီက သူ့နားသို့ လျှောက်သွားကာ မေးလိုက်သည်။

“မင်းတို့ရဲ့သင်္ဘောက ဘယ်မှာလဲ။”

“အနောက်ဘက်တည့်တည့်မှာပါ”

ထိုဒေသခံက ပြန်ဖြေလိုက်သည်။

“အစ်ကိုကျန်း သူ့ကိုခေါ်သွားပြီး လှေကိုသွားယူလိုက်။ ငါဒီမှာ မင်းကိုစောင့်နေမယ်။”

“ကောင်းပြီ!”

ကျန်းယွင်ထျန်းက တုံ့ပြန်ပြီး ထိုဒေသခံကို အနောက်ဘက်သို့ ခေါ်ဆောင်သွားခဲ့သည်။

“လှေပေါ်တက်ကြရအောင်”

ရှောင်းယီက အန်းရန်ကို ခေါ်လိုက်၏။ သူ့ဘေးနားရှိ မှော်ဆရာသည် တုံ့ဆိုင်းခြင်းမရှိဘဲ ရှောင်းယီနှင့်အတူ အပျော်စီးရွက်သင်္ဘောပေါ်သို့ တက်သွားခဲ့လေသည်။

အပျော်စီးရွက်သင်္ဘောပေါ်ရှိ ဇိမ်ကျကျ တန်ဆာဆင်မှုများကို မြင်လိုက်ရသောအခါ မှော်ဆရာသည် ဤပစ္စည်းမှာ ဤကမ္ဘာတွင် ရှိသင့်သည့်အရာမဟုတ်ကြောင်း ခံစားလိုက်ရ၏။

ထိုစဉ် ရှောင်းယီက သူ့ဘက်သို့လှည့်ကြည့်ကာ မေးလိုက်သည်။

“မင်းနာမည်ဘယ်လိုခေါ်လဲ။”

“ကျွန်တော့်နာမည်က ယောင်ပါ”

မှော်ဆရာက ချက်ချင်းပင် တုံ့ပြန်လိုက်သည်။

“ကောင်းပြီ မင်းကုန်းပတ်ပေါ်မှာနေလို့ရတယ်။”

ထိုသို့ပြောပြီးနောက် အန်းရန်နှင့်အတူ လှေအတွင်းပိုင်းသို့ လျှောက်သွားခဲ့သည်။

ယွမ်ရှီနှင့် အခြားသူများသည် ရှောင်းယီကို တွေ့ထားကြပြီးသားဖြစ်ကာ နှုတ်ဆက်လိုက်ကြ၏။

“အရှင်!”

ရှောင်းယီက သူတို့ကို လက်ခါပြလိုက်သည်။

“မင်းတို့ အရင်ဆုံး အနားယူထားကြ။”

“ဟုတ်ကဲ့”

ထို့နောက် ယွမ်ရှင့်နှင့် အခြားတစ်ယောက်သည် အပြင်ထွက်သွားပြီး ကုန်းပတ်ပေါ်သို့ ရောက်လာခဲ့ကြသည်။ မှော်ဆရာယောင်ကို မြင်လိုက်ရသောအခါ သူတို့သည် အနည်းငယ် အံ့အားသင့်သွားပြီး ယွမ်ရှီက သူ့နား၌ သွားထိုင်လိုက်၏။

“မင်းက ဒီကျွန်းက ဒေသခံလား။”

ယွမ်ရှီက ဒေသခံဘာသာစကားဖြင့် အလွန်ကျွမ်းကျင်စွာ မေးမြန်းလိုက်သည်။

စာချုပ်ကတ်များကို အသုံးပြုထားသော ကျောက်စရစ်ခဲနှင့် အခြားဒေသခံသည် လီယန်ဖန်တီးထားသော အဝတ်အစားများကို ဝတ်ဆင်ထားပြီးဖြစ်သောကြောင့် ကိုယ်ဗလာနှင့် တိရစ္ဆာန်အရေခွံများကို ဝတ်ဆင်မထားခဲ့ကြပေ။

ယောင်က ယွမ်ရှီ၏စကားကို ကြားသောအခါ စက္ကန့်များစွာကြာအောင် ကြောင်အသွားပြီးနောက် သတိထားမိသွားခဲ့သည်။

“မင်းက ဒေသခံလား။”

ယွမ်ရှီက ခေါင်းညိမ့်ပြလိုက်သည်။

“ဟုတ်တယ်။ ဒါပေမယ့် အခုတော့ အရှင့်ရဲ့လက်အောက်ငယ်သားဖြစ်နေပြီး။ အရှင်နဲ့တောင် တွေ့ဆုံနိုင်ခဲ့တယ်ဆိုတော့ မင်းရဲ့ကံက အရမ်းကောင်းတာပဲ။”

‘ငါကံက အရမ်းကောင်းတာလား။ မင်းညီမကို ကံကောင်းတာလားကွ။’

ယောင် စိတ်ထဲမှ ညည်းညူမိလိုက်သည်။

“အခုအချိန်မှာ ငါပြောတဲ့အဓိပ္ပာယ်ကို မင်းနားမလည်သေးပေမယ့် တစ်နေ့မှာ မင်းနားလည်လာပါလိမ့်မယ်။ အရှင်က ငါတို့မျိုးနွယ်စုထဲက မှော်ဆရာတွေထက် အများကြီးပိုပြီး စွမ်းအားကြီးတယ်။ သူ့နောက်ကို လိုက်မှသာ တကယ့်ကောင်းမွန်တဲ့ဘဝကို ရရှိနိုင်လိမ့်မယ်။”

ယွမ်ရှီသည် ယောင်၏ စကားမပြောနိုင်ဖြစ်နေသောမျက်နှာကို ကြည့်ကာ စိတ်အားထက်သန်စွာ ပြောလိုက်သည်။

ထိုစဉ် ရှောင်းယီသည် သူ၏ခရီးစဉ်မှ ရရှိခဲ့သော အောင်မြင်မှုများကို စတင်ရေတွက်နေခဲ့သည်။

သူကိုယ်တိုင် တောင်ပေါ်သို့ ယူလာခဲ့သော ရတနာသေတ္တာသုံးလုံးတွင် အုတ်မြစ်ကျောက်များ ၁၄၀ ပါရှိသည်။ စာလိပ်သုံးခုမှာ လေးပုံစံကွက် (C အဆင့်)၊ ဗိုင်းငင်စက်နှင့် ရက်ကန်းစက်ပုံစံကွက်၊ ရေသန့်စက်ထုတ်လုပ်မှုပုံစံ (C အဆင့်) တို့ဖြစ်သည်။

ဦးလေးချန်း၏ ရတနာသေတ္တာသုံးလုံးတွင်လည်း အုတ်မြး်ကျောက်အရေအတွက်မှာ အတူတူပင်ဖြစ်ပြီး စာလိပ်သုံးခုမှာ သံမြားပုံစံကွက် (C အဆင့်)၊ လှည်းပုံစံကွက်၊ ပင်လယ်ဆားထုတ်စက်ထုတ်လုပ်မှုပုံစံ (C အဆင့်) တို့ဖြစ်သည်။

မှော်ဆရာယောင်၏ ရတနာသေတ္တာသုံးလုံးတွင်လည်း အုတ်မြစ်ကျောက်အရေအတွက်မှာ အတူတူဖြစ်ပြီး စာလိပ်သုံးခုမှာ လက်ပစ်ဒူးလေးပုံစံကွက် (C အတင့်)၊ သစ်သားနွားနှင့် ရေမြင်းပုံစံကွက်၊ ရေသန့်စက်ထုတ်လုပ်မှုပုံစံ (C အဆင့်) တို့ဖြစ်သည်။

နောက်ထပ်ဒေသခံမျိုးနွယ်စုတစ်ခုမှ ရရှိခဲ့သော ရတနာသေတ္တာသုံးလုံးတွင် အုတ်မြစ်ကျောက်အရေအတွက်မှာ တူညီပြီး စာလိပ်သုံးခုမှာ ပတ်တီးပုံစံကွက် (C အဆင့်)၊ သစ်သားအိမ်ပုံစံကွက်၊ ပင်လယ်ဆားထုတ်စက်ထုတ်လုပ်မှုပုံစံ (C အဆင့်) တို့ဖြစ်သည်။

ယီတုန်းနိုင်ငံအဖွဲ့မှ ရရှိခဲ့သော ရတနာသေတ္တာသုံးလုံးတွင်လည်း ပါရှိသည့်အုတ်မြစ်ကျောက်များမှာ အတူတူပင်ဖြစ်သည်။ စာလိပ်သုံးခုမှာ မာကျောသည့်လေးပုံစံကွက် (C အဆင့်)၊ သားရေစက်ပုံစံကွက်၊ ပင်လယ်ဆားထုတ်စက်ထုတ်လုပ်မှုပုံစံ (C အဆင့်) တို့ဖြစ်သည်။

တောင်ထိပ်ရှိ နောက်ဆုံးရတနာများမှာ ဒုံးပျံလေးပုံစံကွက် (C အဆင့်)၊ မီးလုံးပုံစံကွက် (C အဆင့်)၊ လက်ပစ်သေနတ်ထုတ်လုပ်မှုပုံစံ နှင့် အုတ်မြစ်ကျောက်တစ်ထောင်တို့ဖြစ်သည်။

ကျွန်းပေါ်ရောက်သည်နှင့် သတ်ခံခဲ့ရသော ကံမကောင်းအကြောင်းမလှသည့် လူနှစ်ဦးမှလွဲ၍ အခြားသူများ၏ ရရှိမှုများအားလုံး ရှောင်းယီထံတွင် ရှိနေခဲ့လေသည်။

ရှောင်းယီသည် ဤရတနာရှာဖွေရေး ခရီးစဉ်မှ အမြောက်အမြားရိတ်သိမ်းနိုင်ခဲ့ပေသည်။

ထိုအချိန်တွင် အလတ်စားရွက်လှေတစ်စင်းသည် အပျော်စီးရွက်သင်္ဘောနားသို့ မောင်းနှင်လာပြီး ကျန်းယွင်ထျန်းက လှေပေါ်မှ ခုန်ဆင်းလာခဲ့သည်။

ရှောင်းယီသည် ထိုအလတ်စားရွက်လှေကို ချက်ချင်းပင် လဲလှယ်ပေးလိုက်သည်။

ထိုအချိန်တွင် ဆုဝမ်သည် ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ရှေ့တွင် ရှိနေပြီး ငွေကြေးလဲလှယ်မှုကို လက်ခံပြီးနောက် မေးလိုက်၏။

“နင်တို့ ပြီးသွားကြပြီလား။”

“ပြီးပြီ သိပ်မကြာခင် ပြန်ရောက်မယ်။”

ရှောင်းယီက ပြန်ဖြေလိုက်သည်။

“အိမ်မှာ အရာအားလုံး အဆင်ပြေပါတယ်မလား။”

“အင်း ပုံမှန်မဟုတ်တာ ဘာမှမရှိဘူး။”

ဆုဝမ်က ပြန်ဖြေ၏။

“လမ်းမှာ ဂရုစိုက်ပါ။”

“စိတ်မပူပါနဲ့။”

ရှောင်းယီက ပြန်ဖြေလိုက်သည်။ ဆုဝမ်နှင့် စကားပြောပြီးနောက် ရှောင်းယီက ရှောင်ယောက်အား ချက်ချင်း အမိန့်ပေးလိုက်တော့၏။

“ရှောင်ယောက် အိမ်ပြန်ကြမယ်။”

“ဟုတ်ကဲ့...တိုက်ရိုက်ပြန်သွားရမလား သို့မဟုတ် ယခင်က လျှို့ဝှက်ရတနာမြေပုံပေါ်က အမှတ်အသားတွေအတိုင်း သွားရမလား။”

ရှောင်ယောက် မေးလိုက်သည်။

ထိုအခါ ရှောင်းယီသည် ရတနာမြေပုံကို အသက်သွင်းပြီးနောက် ကျွန်းအထိမ်းအမှတ်ကျောက်တိုင်၏ မြေပုံစာမျက်နှာပေါ်တွင်ထို လမ်းကြောင်းကို မှတ်သားလိုက်သည်။

အပျော်စီးရွက်သင်္ဘောပေါ်တွင် ကျွန်းအထိမ်းအမှတ်ကျောက်တိုင်တစ်ခုပါ တပ်ဆင်ထားသောကြောင့် ရှောင်ယောက်သည် ထိုမြေပုံလမ်းကြောင်းကို သဘာဝအတိုင်း ဖတ်ရှုနိုင်ပေသည်။

“နှစ်ခုကြားမှာ ကွာခြားချက်ကြီးကြီးမားမားရှိလား။”

ရှောင်းယီက စူးစမ်းစွာ မေးလိုက်သည်။

“နည်းနည်း ကွာခြားချက်ရှိပါတယ်။ နည်းနည်းတော့ အချိန်ပိုယူရနိုင်တယ်။”

ရှောင်ယောက်က ပြန်ဖြေလိုက်သည်။

ရှောင်းယီ အနည်းငယ်စဉ်းစားပြီးနောက် ပြောလိုက်သည်။

“ရတနာမြေပုံလမ်းကြောင်းအတိုင်း ပြန်သွားမယ်။”

“ဟုတ်ကဲ့”

ရှောင်ယောက်က တုံ့ပြန်လိုက်သည်။

“စုစုပေါင်းခရီးအကွာအဝေး ၆၈၀၀ ကီလိုမီတာရှိပြီး ခန့်မှန်းခြေအားဖြင့် ၁၁ နာရီ ၅၀ မိနစ်ကြာပါမယ်။”

ဤခရီးမှာ တိုက်ရိုက်အကွာအဝေးထက် ကီလိုမီတာ ၈၀၀ ပိုများသည်။

ထိုအရာမှာ ကီလိုမီတာ ၈၀၀ သာဖြစ်ပြီး ရှောင်းယီသည် တစ်နာရီကျော် ပိုကုန်သည်ကို ဂရုမစိုက်ပေ။

ထို့အပြင် ရှောင်းယီသည် ဤမြေပုံလမ်းကြောင်း၏ အဓိကအခန်းကဏ္ဍမှာ ဤနေရာတွင် ရှိသင့်သည်ဟု ခန့်မှန်းထားခဲ့သည်။

ဟုတ်မှန်ကြောင်း လမ်းပေါ်တွင် အတည်ပြုရန် လိုအပ်နေသေးသည်။

အပျော်စီးရွက်သင်္ဘောသည် ၎င်း၏လမ်းကြောင်းအတိုင်း ရှောင်းယီ၏ကျွန်းဆီသို့ လျင်မြန်စွာ ရွက်လွှင့်သွားခဲ့သည်။

မှော်ဆရာယောင်သည် အပျော်စီးရွက်သင်္ဘော၏ အမြန်နှုန်းကို ကြည့်ရှုကာ ဆီးသွားချင်စိတ်ပင် ထပ်ဖြစ်သွားခဲ့လေသည်။ ဤတစ်ကြိမ်တွင် သူသည် ကြောက်ရွံ့ခြင်းမဟုတ်ဘဲ စိတ်အားထက်သန်မှုနှင့် ရင်သပ်ရှုမောဖွယ်ခံစားမှုတို့ဖြင့်သာ ပြည့်နှက်နေခဲ့သည်။

၎င်းတို့၏ရွက်လှေများသည် ခရုသင်းရွေ့သည့်နှုန်းထားကဲ့သို့ပင် ခံစားရပေသည်။

သူသာ အကျဉ်းသားဖြစ်မနေပါက ပင်လယ်လေပြင်တွင် ဟစ်အော်မိမည်ဖြစ်သည်။

“အားလုံးပဲ အလှည့်ကျအနားယူကြတာပေါ့။”

ရှောင်းယီက ပြောလိုက်သည်။

ထိုအခါ အန်းရန်သည် လှေအတွင်းခန်းထဲသို့ ဝင်သွားခဲ့ပြီး ကျန်းယွင်ထျန်းမှာမူ လှေမောင်းခန်းရှိ ထိုင်ခုံပေါ်တွင် လဲလျောင်းကာ အိပ်ပျော်သွားတော့သည်။

သူတို့သည် မနေ့ညက သန်းခေါင်ယံအချိန်မှစကာ ထွက်ခွာလာပြီးကတည်းက နံနက် ၉ နာရီအထိ ကောင်းစွာအနားယူခြင်း မရှိခဲ့ကြပေ။ ထို့ကြောင့် သူတို့၌ ဘာမှလုပ်စရာမရှိသည့်အချိန်တွင် အိပ်စက်ခြင်းဖြင့်သာ အချိန်ကုန်ခဲ့ကြသည်။

ရှောင်းယီသည်လည်း ထိုင်ခုံပေါ်တွင် လဲလျောင်းကာ အိပ်ပျော်သွားခဲ့သည်။

သူတို့ နိုးလာသောအခါ နေ့လယ်ခင်းအချိန်သို့ ရောက်နေပြီဖြစ်သည်။

ဆုဝမ်က သူတို့၏နေ့လယ်စာကို ပို့ပေးလိုက်သည့်အသံကြောင့် သူတို့အားလုံးနိုးလာကြခြင်း ဖြစ်ပေသည်။

ရှောင်းယီက သူ၏မျက်နှာကို ပွတ်သပ်ကာ မေးလိုက်၏။

“ရှောင်ယောက် ပုံမှန်မဟုတ်တာ တစ်ခုခုရှိလား။”

“ပုံမှန်မဟုတ်တာ ဘာမှမရှိပါဘူး။”

ရှောင်ယောက်က ပြန်ဖြေသည်။

ရှောင်းယီ ခေါင်းညိမ့်လိုက်၏။ သူ့ဘေးနားတွင်ရှိနေသော ကျန်းယွင်ထျန်းမှာမူ မျက်မှောင်ကြုံ့နေခဲ့သည်။

“ဒီလိုမျိုး တိတ်ဆိတ်နေတာက တစ်ခုခုမှားယွင်းနေသလိုပဲ။ ပင်လယ်နတ်ဘုရားရုပ်တု ဒီလောက်တောင် အစွမ်းထက်တာလား။”

ရှောင်းယီနှင့် ပထမဆုံးတွေ့ဆုံစဥ်အချိန်တုန်းက သူတို့သည် လမ်းတစ်လျှောက် ပင်လယ်သတ္တဝါများ၏ မရေမတွက်နိုင်သော တိုက်ခိုက်မှုများကို ကြုံတွေ့ခဲ့ရကြောင်း သိထားရပေသည်။

ယခုအခါ သုံးနာရီကျော်ကြာနေပြီဖြစ်သော်လည်း ပင်လယ်သတ္တဝါများမှာ လုံးဝပျောက်ကွယ်သွားပုံရ၏။

ရှောင်းယီက ခေါင်းခါကာ ပြောလိုက်သည်။

“မဖြစ်နိုင်ဘူး။ ရုပ်ထုကအစွမ်းထက်တယ်ဆိုရင်တောင် နေ့စဉ်တိုက်ခိုက်မှုတွေကတော့ ဆက်ဖြစ်နေဦးမှာပဲ။ ဒါက မြေပုံလမ်းကြောင်းရဲ့ ရည်ရွယ်ချက်ပဲလို့ ငါသံသယရှိတယ်။”

“ရတနာမြေပုံလမ်းကြောင်းက ငါတို့ကို ဘေးကင်းကင်းနဲ့ ပြန်လာနိုင်အောင် လုပ်ပေးနေတာလို့ ဆိုလိုချင်တာလား။”

ကျန်းယွင်ထျန်းက မေးလိုက်သည်။ ရှောင်းယီက ခေါင်းညိမ့်ပြလိုက်၏။

“ဒီလမ်းကြောင်းအတိုင်း ပြန်သွားမယ်ဆိုရင် ပင်လယ်သတ္တဝါတွေ ဒါမှမဟုတ် ပင်လယ်ဘေးအန္တရာယ်တွေနဲ့ ကြုံရမှာမဟုတ်ဘူး။”

ကျန်းယွင်ထျန်း ယုံကြည်သွားခဲ့သည်။

“အရှင် အပြင်ဘက်မှာ သင်္ဘောတစ်စီးရောက်လာနေပါတယ်”

ထိုအချိန်တွင် ယွမ်ရှီက လှေမောင်းခန်းအတွင်းသို့ ဝင်ရောက်လာကာ ပြောလိုက်လေသည်။

အခန်း ၃၂၃

ရှောင်းယီနှင့် ကျန်းယွင်ထျန်း ချက်ချင်းပင် လှေကုန်းပတ်ပေါ်သို့ လျှောက်သွားလိုက်ကြသည်။ အပျော်စီးရွက်သင်္ဘော၏ ညာဘက်တွင် အလတ်စားရွက်လှေတစ်စင်းသည် သူတို့ဆီသို့ ရွက်လွှင့်လာနေ၏။

ထိုအလတ်စားရွက်လှေ၏ နောက်တွင် အရွယ်အစားကြီးမားသော လှေတစ်စင်းကြီး အမှန်တကယ် ရှိနေခဲ့သည်။

“ဒီလှေက အကြီးကြီးပဲဟ။”

ကျန်းယွင်ထျန်းက အံ့အားသင့်စွာဖြင့် ပြောလိုက်သည်။ ဤမျှကြီးမားသော ရွက်လှေကို သူတစ်ခါမျှ မမြင်ဖူးခဲ့ပေ။

ရှောင်းယီက ခေါင်းညိတ်ကာ ပြောလိုက်သည်။

“အကြီးစားရွက်လှေပဲ”

အလတ်စားရွက်လှေမှာ ၏၏အမြင့်ဆုံးအမြန်နှုန်းသို့ ရောက်ရှိနေပြီဖြစ်သည်။ သို့သော်လည်း ၎င်းနှင့် ရွက်လှေအကြီးစားကြားရှိ အကွာအဝေးမှာ ပိုပို၍ နီးကပ်လာနေ၏။

ထိုစဉ် ရုတ်တရက် အမျိုးသားတစ်ဦးသည် အလတ်စားရွက်လှေ၏ လှေမောင်းခန်းထဲမှ ပြေးထွက်လာကာ အပျော်စီးရွက်သင်္ဘောကို အော်ဟစ်လိုက်သည်။

“ယီရန်ပင်းသူဌေး ကျွန်တော့်ကိုကယ်ပါ! ကျွန်တော့်မှာရှိသမျှအားလုံးကို မင်းကိုပေးဖို့ဆန္ဒရှိပါတယ်။!”

လူငယ်တစ်ဦးက သူ၏ခွန်အားအားလုံးကို အသုံးပြုပြီး အသည်းအသန် အော်ဟစ်လိုက်၏။

သူ၏စကားကိုကြားလိုက်ရသောအခါ ရှောင်းယီ ဇဝေဇဝါဖြစ်သွားပြီး ရှေ့သို့တက်ကာ အသံကိုမြှင့်၍ မေးလိုက်သည်။

“မင်း ငါ့ကိုသိလို့လား။”

“ကျွန်တော်မသိပါဘူး။ ဒါပေမယ့် ဒီအပျော်စီးရွက်သင်္ဘောကို ပိုင်ဆိုင်တဲ့သူက မစ္စတာယီရန်ပင်းတစ်ယောက်တည်းပဲရှိတယ်။ ကျေးဇူးပြုပြီး ကျွန်တော့်ကူညီပါ။ ကျွန်တော့် ဘဲသားပေါက်သုံးကောင်ရှိတယ်။ အားလုံးကို သူဌေးကိုပေးပါ့မယ်။”

လူငယ်က အော်ပြောလိုက်သည်။

ရှောင်းယီသည် ထိုလူ၏နောက်တွင် လိုက်ပါလာသော ရွက်လှေအကြီးစားကို ကြည့်ကာ ပြောလိုက်၏။

“သူတို့အားလုံးကို သိမ်းလိုက်။”

“ကောင်းပြီ ဘေးကနေပတ်ပြီး အကြီးစားရွက်လှေဆီ သွားမလား။”

ကျန်းယွင်ထျန်းက မေးလိုက်သည်။

“ဒါက ကိစ္စမရှိဘူး။”

ရှောင်းယီက အပြုံးတစ်ခုဖြင့် ပြောလိုက်၏။

“အားလုံးပဲ မင်းတို့ဘေးပတ်ပတ်လည်က လက်ရန်းတွေကို ကိုင်ထားကြ။ ငါတို့ရဲ့အပျော်စီးသင်္ဘောက နောက်တစ်ခါ ဝင်တိုက်တော့မယ်။ မင်းတို့ခန္ဓာကိုယ်တွေကို သေချာထိန်းထားကြ။”

“ဟုတ်ကဲ့”

လူအားလုံးက တစ်ပြိုင်နက်တည်း တုံ့ပြန်လိုက်ကြသည်။

ထို့နောက် ရှောင်းယီနှစ်ယောက် လှေမောင်းခန်းသို့ ပြန်သွားပြီး ၎င်းတို့၏ ထိုင်ခုံခါးပတ်များကို ပတ်လိုက်ကြသည်။

လူအားလုံး အဆင်သင့်ဖြစ်ပြီးနောက် ရှောင်းယီက ရှောင်ယောက်ကို အမိန့်ပေးလိုက်၏။

“ရှောင်ယောက် အဲ့ဒီအကြီးစားရွက်လှေကို သွားဝင်တိုက်လိုက်။”

“ဟုတ်ကဲ့”

ရှောင်ယောက်က တုံ့ပြန်ပြီး မူလလမ်းကြောင်းကို ချက်ချင်းပြောင်းလဲကာ အလတ်စားရွက်လှေကို ရှောင်တမ်းသွားခဲ့သည်။

လူငယ်သည် အပျော်စီးသင်္ဘောက သူရှိရာဘက်သို့ လာနေသည်ကို မြင်လိုက်ရသောအခါ ဝမ်းသာအားရဖြင့် အော်ဟစ်လိုက်သည်။

“အစ်ကိုကြီး ကျွန်တော့်ကိုကယ်ပါ! အစ်ကိုကြီး ကျွန်တော့်ကိုကယ်ပါ!”

ထိုလူငယ်ကို ကြည့်ရသည်မှာ ရူးသွပ်လုနီးပါးပင် ဖြစ်နေပုံရ၏။

သို့သော် အပျော်စီးသင်္ဘောသည် သူ့နောက်ရှိ အကြီးစားရွက်လှေကို တိုက်မိမည့်အချိန်တွင် ထိုလူငယ် အံ့အားသင့်သွားပြီး အော်ဟစ်လိုက်လေသည်။

“သူဌေး ရပ်လိုက်ပါ!”

ထိုအကြီးစားရွက်လှေသည် ကြိုတင်တုံ့ပြန်မှုများ ပြုလုပ်ထားခဲ့ပြီးဖြစ်၏။ အပျော်စီးသင်္ဘော ပြေးဝင်လာသည့်ဘက်တွင် ဒေသခံများ အများအပြား စုရုံးနေခဲ့သည်။

သူတို့၏လက်ထဲတွင် သံလှံများကို ကိုင်ဆောင်ထားပြီး အပျော်စီးသင်္ဘောဆီသို့ စတင်ပသ်လွှတ်လိုက်လေတော့သည်။

အချို့ဒေသခံများသည် သူတို့၏လက်ထဲတွင် ရိုးရှင်းသောလေးများကိုကိုင်ဆောင်ကာ အပျော်စီးသင်္ဘောဆီသို့ ပစ်ခတ်နေကြသည်။

အပျော်စီးသင်္ဘော၏ ကုန်းပတ်ပေါ်တွင်ရှိနေခဲ့သော ယွမ်ရှီနှင့် အခြားသူများကို ရှောင်းယီက ကြိုတင်ခေါ်ယူထားပြီးဖြစ်ပေသည်။

ထိုစဉ် သံလှံများနှင့် မြှားများ ပျံဝဲဝင်လာပြီး အပျော်စီးသင်္ဘောကို ထိမှန်သွားလေတော့သည်။ သို့သော်လည်း ၎င်းတို့သည် အပျော်စီးသင်္ဘော၏ခုခံကာကွယ်မှုကို လုံးဝချိုးဖောက်၍မရနိုင်ခဲ့ပေ။

အကြီးစားရွက်လှေပေါ်ရှိ ဒေသခံများက ချက်ချင်းပင် အော်ဟစ်ကြတော့သည်။

“မြန်မြန်ရှောင်ကြ! အဲ့ဒီဝင်လာတဲ့သင်္ဘောကို ငါတို့မဖျက်ဆီးနိုင်ဘူး။!”

“အခုချက်ချင်း ပြန်လှည့်။ တိုက်မိးတော့မယ်။!”

“တစ်ဖက်သင်္ဘောပေါ်ကို ခုန်တက်ပြီး တိုက်ခိုက်ဖို့ အဆင်သင့်ပြင်ထားကြ။!”

ဘုမ်း!

ကလစ်!

အပျော်စီးရွက်သင်္ဘောသည် အကြီးစာူရွက်လှေ၏ ညာဘက်ခြမ်းကို အပြင်းအထန် ဝင်တိုက်မိပြီး ရွက်လှေတစ်ခုလုံး ဘယ်ဘက်သို့ တိမ်းစောင်းသွား၏။

အပျော်စီးသင္ဘောနှင့် တိုက်မိသော နေရာတွင်ရှိသော သင်္ဘောကိုယ်ထည်မှာ တိုက်ရိုက်ပဲ့ထွက်သွားခဲ့သည်။

အကြီးစားရွက်လှေကို ဝင်တိုက်ပြီးနောက် ပျော်စီးသင်္ဘောသည် ချက်ချင်းပင် အကွာအဝေးတစ်ခုသို့ ဆုတ်ခွာသွားပြီး နောက်တစ်ကြိမ် ထပ်မံ၍ ဦးတည်လာခဲ့ပြန်သည်။

“ငါတို့သင်္ဘော ပျက်စီးသွားပြီ။! အမြန်ပြန်ပြင်တော့။!”

“သူတို့ နောက်တစ်ခေါက်ပြန်လာနေပြီ။!”

“ဒီသင်္ဘောက ဘယ်လိုသင်္ဘောလဲ။ ဘယ်လိုလုပ် အဲ့လောက်တောင်ကြမ်းနိုင်ရတာလဲ။”

ဝုန်း!

ကလစ်!

အပျော်စီးသင်္ဘောသည် တစ်နေရာတည်းသို့ နောက်တစ်ဖန် ဝင်တိုက်မိသွား၏။

ဤတစ်ကြိမ်တွင် အကြီးစားရွက်လှေ၏ အက်ကွဲကြောင်းနားသို့ တည့်တည့်တိုက်မိသွားခဲ့လေသည်။

“မဖြစ်ဘူး! ငါတို့သင်္ဘော မြုပ်တော့မယ်!”

“ဘာလုပ်ရမလဲ။ ဒါကိုပြင်ဖို့ နည်းလမ်းမရှိဘူး။!”

“တစ်ဖက်သင်္ဘောပေါ်ကို ခုန်တက်ပြီး သူတို့ကို တိုက်ခိုက်ကြ!”

“ဟုတ်ကဲ့”

ဒေသခံများသည် ချက်ချင်းပင် ၎င်းတို့ကို ထပ်မံ၍ဝင်တိုက်လာသော အပျော်စီးသင်္ဘောပေါ်သို့ ခုန်တက်လိုက်ကြသည်။

“ရပ်တော့!”

ရှောင်းယီက ချက်ချင်း အော်ဟစ်လိုက်သည်။

အပျော်စီးသင်္ဘောမှာ ချက်ချင်းပင် ရပ်တန့်သွားတော့သည်။

ထိုအခါ အကြီးစားရွက်လှေမှ ခုန်ထွက်လာသော ဒေသခံများမှာ ပင်လယ်ထဲသို့ တစ်ယောက်ပြီးတစ်ယောက် ပြုတ်ကျသွားလေတော့သည်။

ထိုအဖြစ်ကိုမြင်လိုက်ရသောအခါ သင်္ဘောပေါ်တွင်ရှိနေသော ခေါင်းဆောင်က ချက်ချင်းပင် အော်ဟစ်လိုက်၏။

“အခုချက်ချင်း ပြန်လှည့်ပြီး ရန်သူ့သင်္ဘောဆီကိုသွား!”

သူသည် အကြီးစားရွက်လှေကို အပျော်စီးသင်္ဘောနားသို့ ချဉ်းကပ်ရန် ကြိုးစားလိုက်၏။

“ဟုတ်ပြီ အတူတူလုပ်ပြီး မြန်မြန်တိုက်ခိုက်ကြရအောင်။ ငါတို့ ဒီသင်္ဘောကြီးကို မြုပ်သွားခိုင်းလိုက်လို့မရဘူး။!”

ရှောင်းယီက ရွှမ်းယွမ်ဓားကို ဆွဲထုတ်ကာ ပြောလိုက်သည်။

“ကောင်းပြီ”

ကျန်းယွင်ထျန်းက ပြန်ဖြေလိုက်သည်။

ရှောင်းယီနှင့်တို့ ချက်ချင်းပင် သင်္ဘောကုန်းပန်ပေါ်သို့ လျှောက်သွားလိုက်ကြ၏။ ယွမ်ရှီတို့သည်လည်း သံလှံများကိုင်ဆောင်ကာ သူတို့နောက်မှလိုက်လာခဲ့ကြသည်။

တစ်ဖက်ခေါင်းဆောင်သည် ရှောင်းယီတို့ လှေဖြင့် ထွက်ပြေးမသွားကြောင်း မြင်လိုက်ရသော အလွန်ဝမ်းသာသွားခဲ့သည်။

“ဒီလှေကိုသာ ငါတို့သိမ်းပိုက်နိုင်မယ်ဆိုရင် ပင်လယ်ပြင်ထဲမှာ ငါ့ကို ဘာကမှတားဆီးလို့မရနိုင်တော့ဘူး။”

အကြီးစားရွက်လှေသည် အပျော်စီးသင်္ဘောနှင့် တိုက်မိခဲ့သော်လည်း ချက်ချင်းနစ်မြုပ်မသွားခဲ့ပေ။ ပဲ့ထိန်းသည် သူတို့သင်္ဘောကိုယ်ထည်ကို အပျော်စီးသင်္ဘောဆီသို့ ရွေ့လျားနိုင်ရန် အပြင်းအထန်ကြိုးစားလိုက်သည်။

“တိုက်!”

ခေါင်းဆောင်သည် ဓားရှည်တစ်ချောင်းကို ဆွဲထုတ်ကာ အော်ဟစ်လိုက်၏။

အကြီးစားရွက်လှေပေါ်ရှိ ဒေသခံများသည် ချက်ချင်းပင် အပျော်စီးသင်္ဘောပေါ်သို့ ခုန်တက်ကြတော့သည်။

ရှောင်းယီတို့ငါးဦးသည် အပျော်စီးသင်္ဘော၏အစွန်းသို့ လျှောက်သွားကာ ဒေသခံများ သူတို့၏အပျော်စီူသင်္ဘောပေါ်သို့ ရောက်မလာစေရန် စတင်ကာကွယ်လိုက်သည်။

ရှောင်းယီ လေထဲသို့ ခုန်တက်ပြီး ဒေသခံတစ်ဦးကို ရေထဲသို့ ကန်ချလိုက်၏။

ကျန်းယွင်ထျန်းသည်လည်း သူ၏ဓားမြှောက်ဖြင့် ခုန်တက်လာသော ဒေသခံတစ်ဦး၏ ခြေထောက်နှစ်ဖက်ကို ထိုစိုက်လိုက်ပြီး ပင်လယ်ထဲသို့ ထပ်မံကန်ချလိုက်လေသည်။

အန်းရန်ဘက်တွင်မူ ပို၍ပင် အဆင်ပြေချောမွေ့နေသေးပေသည်။ သူမသည် လေးကြိုးကိုတစ်ခါလွှတ်လိုက်တိုင်း ပစ်မှတ်အားလုံးကို လေထဲ၌ရှိနေစဉ်မှာပင် ပင်လယ်ထဲသို့ ပစ်ချနိုင်ခဲ့သည်။

ကျောက်စရစ်ခဲတို့နှစ်ယောက်သည်လည်း ၎င်းတို့၏လှံများဖြင့် ဒေသခံများကို တိုက်ရိုက်ထိုးဖောက်ကာ ပင်လယ်ထဲသို့ ပြုတ်ကျစေခဲ့သည်။

“ရပ်!”

ခေါင်းဆောင်က ချက်ချင်းပက် သူ၏အသံကိုမြှင့်တင်ကာ အော်ဟစ်လိုက်၏။

ရန်သူမှာ အလွန်သန်မာလွန်းနေပြီဖြစ်သည်။ သူတိုဘဘက်မှ အင်အားသုံး တိုက်ခိုက်၍မရနိုင်ပေ။

ရှောင်းယီသည် ၎င်းတို့၏တိုက်ခိုက်မှုများ ရပ်တန့်သွားသည်ကိုမြင်သောအခါ ပြုံးကာပြောလိုက်သည်။

“မင်းတို့မလာရင် ငါတို့လာမယ်။ အန်းရန် ကာထားပေး!”

“အင်း”

အန်းရန်က တုံ့ပြန်လိုက်၏။

ထို့နောက် ရှောင်းယီသည် အပျော်စီးသင်္ဘော၏ လက်ရန်းကို တွန်းကန်ကာ အကြီးစားရွက်လှေပေါ်သို့ ခုန်တက်လိုက်တော့သည်။

“သူ့ကို အပေါက်ဖြစ်အောင်လုပ်ကြစမ်း!”

ခေါင်းဆောင်က ချက်ချင်းပင် အော်ဟစ်လိုက်၏။

ဘေးဘက်တွင်ရှိနေသော ဒေသခံများသည် ချက်ချင်းပင် သံလှံများဆွဲကိုင်ကာ ပြေးဝင်တော့သည်။

ဝှစ်ရှ် ဝှစ်ရှ် ဝှစ်ရှ်!

ရုတ်တရက် ဝါးမြှားသုံးစင်းပျံသန်းလာပြီး ပြေးဝင်သော ဒေသခံသုံးဦးလုံးကို ပစ်ခတ်သတ်ဖြတ်လိုက်၏။

လှေပေါ်ရှိ ဒေသခံများသည် ကြက်သေသေသွားခဲ့ကြသည်။ သူတို့ အံ့အားသင့်နေစဉ်၌ ရှောင်းယီသည် အကြီးစားရွက်လှေ၏ ကုန်းပတ်ပေါ်သို့ ရောက်ရှိသွားခဲ့ပြီဖြစ်သည်။

“သတ်!”

ခေါင်းဆောင်က အော်ဟစ်ကာ ရှောင်းယီဆီသို့ ဦးတည်ကာ ပြေးဝင်သွားလေသည်။

အနီးရှိ ဒေသခံများသည်လည်း စုရုံးကာ ဝိုင်းလိုက်ကြ၏။

ကျန်းယွင်ထျန်းသည် အကြီးစားရွက်လှေပေါ်သို့ ခုန်တက်လိုက်သော်လည်း ရှောင်းယီထက် ခြေတစ်လှမ်းနောက်ကျသွားခဲ့သည်။

အန်းရန်သည် ကျန်းယွင်ထျန်းအား အနှောင့်အယှက်ပေးနိုင်သော ဒေသခံအားလုံးကို ကိုင်တွယ်ဖြေရှင်းလိုက်သည်။

ရှောင်းယီနှင့် ကျန်းယွင်ထျန်းတို့သည် သိုးအုပ်ထဲသို့တိုင်းဝင်သွားသောကျားများနှင့် သဏ္ဍာန်တူပြီး ထိုဒေသခံများမှာ ၎င်းတို့လုံးဝမယှဉ်နိုင်ပေ။

သူ၏လူများ လျော့နည်းလာသည်ကို မြင်သော ခေါင်းဆောင်သည် ရှောင်းယီတို့နှစ်ဦးအား ဒေါသတကြီး ဟစ်အော်လိုက်၏။

“သတိထား!”

ရှောင်းယီက အော်လိုက်ပြီး သူ၏နားတစ်ဖက်ကို တစ်ဖက်လက်ဖြင့် ပိတ်လိုက်သည်။

ဤသို့ပြုလုပ်လိုက်သော်လည်း သူ၏ခေါင်းမှာ မူးဝေသွားခဲ့သေး၏။ သို့သော်လည်း သက်ရောက်မှုအများကြီးမရှိခဲ့ပေ။

ကျန်းယွင်ထျန်းမှာမူ ထိုအသံလှိုင်းတိုက်ခိုက်မှုကို ခံစားလိုက်ရပြီး သူ၏ဦးနှောက်တစ်ခုလုံး ဗလာဖြစ်သွားခဲ့လေသည်။

“အန်းရန် အစ်ကိုကျန်းကို ကာကွယ်ထား!”

ရှောင်းယီက အော်ပြောကာ သူ့ရှေ့ရှိ ဒေသခံအားလုံးကို ဓားတစ်ချက်တည်းဖြင့် သတ်ပစ်ပြီး ခေါင်းဆောင်ဆီသို့ ပြေးဝင်သွားခဲ့သည်။

ခေါင်းဆောင်သည် ရှောင်းယီက သူ၏အသံတိုက်ခိုက်မှု၏ သက်ရောက်ခြင်းအား လုံးဝမခံရသည်ကို မြင်လိုက်သောအခါ အံ့အားသင့်သွားပြီး ချက်ချင်းပင် ထွက်ပြေးတော့၏။

“ဘယ်ကိုထွက်ပြေးမှာလဲ!”

ရှောင်းယီ အော်ဟစ်ကာ ဒေသခံများစွာ၏ တိုက်ခိုက်မှုများကို ရှောင်တိမ်းပြီး ခေါင်းဆောင်ထံသို့ ရောက်ရှိသွားခဲ့သည်။

ခေါင်းဆောင်သည် ချက်ချင်းပင် သူ၏ဓားရှည်ဖြင့် သူ့ဆီသို့ ခုတ်ပိုင်းလိုက်၏။

ရှောင်းယီသည် ထိုဓားချက်ကို အလွယ်တကူ ရှောင်တိမ်းကာ သူ၏နှလုံးသားကို ဓားတစ်ချက်နည်းဖြင့် ထိုးဖောက်သတ်ပစ်လိုက်လေသည်။

“ဆွစ်! ဆွစ်! ဆွစ်!”

အန်းရန်၏လှုပ်ရှားမှုများနောက်၌ နောက်ဆက်တွဲပုံရိပ်များပင် ထင်ဟပ်နေခဲ့ပြီး ကျန်းယွင်ထျန်း၏အနီးသို့ ချဉ်းကပ်လာသော ဒေသခံအားလုံးကို မရပ်မနားပစ်ခတ်ကာ သတ်ဖြတ်နေခဲ့သည်။

“ရပ်လိုက်တော့!”

ရှောင်းယီသည် သူသတ်လိုက်သော ခေါင်းဆောင်ကို တွန်းထုတ်ရင်း အော်လိုက်၏။

ဒေသခံများသည် ၎င်းတို့၏ခေါင်းဆောင်မှာ သတ်ဖြတ်ခံလိုက်ရပြီဖြစ်ကြောင်း မြင်လိုက်ရသောအခါ ဆက်၍တိုက်ခိုက်ချင်စိတ်မရှိကြတော့ဘဲ သူတို့၏လက်နက်များကို ပစ်ချလိုက်တော့သည်။

ဘမ်း!

ရုတ်တရက် သင်္ဘော၏ဘယ်ဘက်ခြမ်းမှ ပြင်းထန်သည့်ပေါက်ကွဲသံတစ်သံ ထွက်ပေါ်လာ၏။ သင်္ဘောကုန်းပတ်ပေါ်ရှိ လူအားလုံးသည်လည်း ယိုင်နဲ့သွားခဲ့တော့လေသည်။

အခန်း ၃၂၄

ရှောင်းယီသည် ချက်ချင်းပင် အကြီးစားရွက်လှေ၏ ဘယ်ဘက်ခြမ်းသို့ ရောက်သွားပြီး ပင်လယ်ထဲသို့ ငုံ့ကြည့်လိုက်၏။

ထိုအခါ ဧရာမအနက်ရောင်ပုံရိပ်တစ်ခုသည် အကြီးစားရွက်လှေကို အလွန်လျင်မြန်စွာ ဝင်တိုက်လာခဲ့သည်။

“ဘမ်း”

ကျယ်လောင်သည့်ပေါက်ကွဲသံတစ်ခု ထပ်မံကြားလိုက်ရပြီး ရွက်လှေမှာ ညာဘက်သို့ တိမ်းစောင်းသွားခဲ့သည်။

“ဧရာမသတ်ဖြတ်သူဝေလငါး (A အဆင့်) - အရှည် ၂၀.၃၂ မီတာ၊ အလေးချိန် ၁၈.၃၆ တန်ရှိသော ကြီးမားသည့်သွားများပါရှိသည့် ဝေလငါးဖြစ်သည်။ နှုတ်သီးရှည်ကာ သွားများချွန်ထက်ပြီး တိုက်ခိုက်ရာတွင် ကျွမ်းကျင်သည်။ ပင်လယ်ပြင်ရှိ ထင်ရှားသော သတ္တဝါမျိုးဖြစ်သည်။ ဤသတ္တဝါသည် အလွန်အန္တရာယ်ရှိကြောင်း သတိပြုပါ။”

စနစ်၏သတိပေးချက် ကြားလိုက်ရပြီးနောက် ရှောင်းယီ စိတ်ထဲမှ ရေရွတ်မိလိုက်၏။

“ဘာလို့ အရမ်းကြီးနေရတာလဲ။”

ယခင်ကမ္ဘာတွင် ရှောင်းယီသည် “Jaws” ဟုခေါ်သော ရုပ်ရှင်ကို ကြည့်ခဲ့ဖူးသည်။ ထိုအခါက သူသည် အဖြူရောင်ငါးမန်းကြီးများ၏ ကြမ်းတမ်းရက်စက်ပုံကို မြင်တွေ့ခဲ့ရပြီး ၎င်းတို့ထံ၌ သဘာဝရန်သူများ ရှိမရှိကို အွန်လိုင်းတွင် ရှာဖွေကြည့်ခဲ့ဖူးပေသည်။

ထိုစုံစမ်းစစ်ဆေးမှုမှတစ်ဆင့် ရှောင်းယီသည် ထိုဧရာမငါးမန်းဖြူကြီးများ၌ သဘာဝရန်သူတစ်ဦးတည်းသာရှိကြောင်း တွေ့ရှိခဲ့ရသည်။ ၎င်းမှာ သတ်ဖြတ်သူဝေလငါးများပင် ဖြစ်ပေသည်။

သို့သော် ထိုစဉ်က တွေ့ရှိခဲ့သော သတ်ဖြတ်သူဝေလငါးကြီးများ၏ အရှည်နှင့် အလေးချိန်ဒေတာများသည် ဤတစ်ခု၏ထက်ဝက်မျှသာရှိပြီး ဤနေရာတွင်ရှိနေသော ဝေလင်းကြီးမှာ သေချာပေါက် ပို၍ပြင်းထန်ပေသည်။

“ပြီးသွားပြီ။ ပင်လယ်နတ်ဘုရား ဒေါသထွက်နေပြီ!”

“မြန်မြန်ပြေးတော့ ဒီလိုမှမဟုတ်ရင် မင်းတို့အားလုံး သေကြေပျက်စီးရလိမ့်မယ်။”

“ထွက်ပြေးမှာလား။ မင်းက ပင်လာ်နတ်ဘုရားရဲ့ မျက်စိအောက်ကနေ လွတ်နိုင်မှာမို့လို့လား။”

“ဒီမှာနေပြီး သေဖို့စောင့်နေတာထက်စာရင် ပိုကောင်းတယ်ကွ။”

“အရှင် ကျွန်တော်အညံ့ခံပါတယ်။ ကျွန်တော့်ကိုမသတ်ပါနဲ့။ အရှင့်ရဲ့သင်္ဘောပေါ်ကို တက်ခွင့်ပေးပါ!”

အကြီးစားရွက်လှေပေါ်ရှိ ဒေသခံများသည် ရှောင်းယီရှေ့တွင် ဒူးထောက်ကာ အော်ဟစ်နေကြ၏။

ရှောင်းယီသည် သင်္ဘောကြီးပေါ်ရှိ ဒေသခံများကို ခြုံကြည့်လိုက်သည်။ လူဦးရေ သုံးဆယ်ခန့်သာ ကျန်တော့ပေသည်။ သူ အနည်းငယ်စဉ်းစားလိုက်ပြီးနောက် ပြောလိုက်၏။

“အန်းရန် သူတို့ကိုစောင့်ကြည့်ထား။ သူတို့ နည်းနည်းလောက်လှုပ်တာနဲ့ တစ်ခါတည်းသတ်ပစ်လိုက်။”

“ကောင်းပြီ။”

အန်းရန်က တုံ့ပြန်လိုက်သည်။

“မင်းတို့ ဟိုဘက်ကိုသွားပြီး လက်ကိုခေါင်းနောက်မှာထား။ ပြီးရင် ကုန်းပတ်ပေါ်မှာ ထိုင်နေ။ မလှုပ်နဲ့။!”

ရှောင်းယီက ဒေသခံများကို ကြည့်ကာ ပြောလိုက်သည်။

“ဟုတ်ကဲ့၊ ကျေးဇူးတင်ပါတယ် အရှင်”

ဒေသခံများက ချက်ချင်းပင် အလွန်အမင်းရိုကျိုးသွားခဲ့ကြသည်။

သတ်ဖြတ်သူဝေလငါးကြီးသည် ၎င်း၏ခန္ဓာကိုယ်အနေအထားကို ချိန်ညှိပြီး နောက်တစ်ကြိမ် ပြန်လည်တိုက်ခိုက်လာခဲ့သည်။

“အစ်ကိုကျန်း လေးနဲ့မြှား!”

ရှောင်းယီက အော်ဟစ်လိုက်သည်။

ကျန်းယွင်ထျန်းသည် ချက်ချင်းပင် သူဆောင်ထားသော လေးနှင့်မြှားကို ပစ်ပေးလိုက်၏။

ရှောင်းယီသည် ဝေလငါးကို ချိန်ရွယ်ကာ ချက်ချင်းပင် ပစ်ခတ်လိုက်တော့သည်။ ဝေလငါး၏အရွယ်အစားမှာ အလွန်ကြီးမားသောကြောင့် ဂရုတစိုက်ချိန်ရွယ်မထားခဲ့လျှင်ပင် ထိမှန်နိုင်ပေသည်။

ဝှစ်ရှ် ဝှစ်ရှ်!

ရှောင်းယီသည် မြှားသုံးစင်းကို တစ်ဆက်တည်း ပစ်လွှတ်လိုက်ပြီး အားလုံးသည် ဝေလငါးကြီး၏နောက်ကျောကို ထိမှန်သွားခဲ့သည်။

ဝေလငါးကြီးသည် နာကျင်မှုကို လုံးဝခံစားရသည့်ပုံမရဘဲ အကြီးစားရွက်လှေကိုသာ ဆက်လက်တိုက်ခိုက်နေဆဲဖြစ်သည်။

“မင်းတို့ကောင်တွေ မြန်မြန်သွား!”

ရှောင်းယီ အော်ဟစ်လိုက်၏။

ထိုအခါ ဒေသခံများသည် ချက်ချင်းပင် အပျော်စီးသင်္ဘောပေါ်သို့ ခုန်တက်လိုက်ကြလေသည်။

ဒေသခံအားလုံး သင်္ဘောပေါ်မှ ထွက်ခွာသွားပြီးနောက် သင်္ဘောသည် ရှောင်းယီ၏ပိုင်ဆိုင်မှာအဖြစ် သတ်မှတ်ခြင်းခံလိုက်ရပြီဖြစ်သည်။

သင်္ဘောကိုသိမ်းပိုက်ပြီးနောက် ရှောင်းယီသည် ချက်ချင်းပင် အပျော်စီးသင်္ဘောပေါ်သို့ ပြန်ခုန်လိုက်၏။ ထို့နောက် ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ရှေ့သို့သွားကာ ထိုအကြီးစားရွက်လှေကို လဲလှယ်လိုက်လေသည်။

သူတို့သည် ရှောင်းယီ၏ လဲလှယ်မှုလိုအပ်ချက်များကို အချိန်နှင့်တပြေးညီ ပံ့ပိုးပေးနိုင်ရန်အတွက် ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ရှေ့တွင် စောင့်ကြည့်ရန် တစ်စုံတစ်ယောက်ကို စီစဉ်ထားခဲ့ကြ၏။ ဤအချိန်အတောအတွင်း ယွမ်နွန်က ကျွန်းအထိမ်းအမှတ်ငျောက်တိုင်ရှေ့တွင် စောင့်ကြည့်နေခဲ့လေသည်။

ရှောင်းယီလဲလှယ်လိုက်သော အကြီးစားရွက်လှေကို မြင်လိုက်ရသောအခါ သူသည် အနည်းငယ် ကြောင်အသွားပြီးနောက် ချက်ချင်းပင် လဲလှယ်မှုကို သဘောတူလိုက်သည်။

ယွမ်နွန် လဲလှယ်မှုကို သဘောတူပြီးနောက် အကြီးစားရွက်လှေသည် ပင်လယ်ထဲမှ ချက်ချင်းပင် ပျောက်ကွယ်သွားခဲ့တော့သည်။

ထိုအခါ တေလငါးကြီး၏တိုက်ခိုက်မှုသည် သင်္ဘောနှင့်လွဲချော်သွားပြီး ရှေ့သို့ ၁၀ မီတာ ၁၀ ကျော် လွင့်သွားပြီးမှသာ ရပ်တန့်သွားခဲ့လေသည်။

အနီးအနားတွင်ရှိနေသော အလတ်စားရွက်လှေပေါ်ရှိ လူငယ်သည် ထိုဧရာမပင်လယ်သတ္တဝါကြီးကို မြင်လိုက်ရသောအခါ သူ၏ခြေထောက်များ အားပျော့ကာ ခွေယိုင်သွားလေတော့သည်။

ဝေလငါးကြီးသည် ၁၀ မီတာ ကျော် ရှေ့ရောက်သွားခဲ့ခြင်းဖြစ်ပြီး သူ၏အလတ်စားရွက်လှေနှင့် အလွန်နီးကပ်သွားခဲ့သည်။

“သွားပြီ...ပြီးသွားပြီ!”

လူငယ်သည် သူနှင့်အလွန်နီးကပ်လာသော ဝေလငါးကြီးကို ကြည့်ကာ ဆောက်တည်ရာမရ ရေရွတ်လိုက်မိ၏။

ယီရန်ပင်းသည် အလွန်စွမ်းအားကြီးသော်လည်း စောစောကလေးတင် ယီရန်ပင်းသည် ထိုဝေလငါးကြီးနှင့် ရင်ဆိုင်ရန် ကြိုးစားမည့်အစား အကြီးစားရွက်လှေအကြီးပေါ်မှ ကြောက်လန့်တကြားထွက်ပြေးခဲ့သည်။

ဤအရာက ယီရန်ပင်းသည် ဤဧရာမဝေလငါးကြီးကို ကိုင်တွယ်နိုင်ခြင်းမရှိကြောင်း ဖော်ပြနေပေသည်။

ယီရန်ပင်းပင် မကိုင်တွယ်နိုင်ပါက သူသည်လည်း ကျန်းသေပေါက် သေရမည်သာဖြစ်သည်။

လူငယ်သည် ကုန်းပတ်ပေါ်သို့ ခွေယိုင်ကာလဲကျသွားတော့သည်။

သို့သော် ဧရာမဝေလငါးကြီးသည် သူ၏အနီးရှိ အလတ်စားရွက်လှေကို မတိုက်ခိုက်ဘဲ အပျော်စီးရွက်သင်္ဘောဆီသို့ ဦးတည်ကာ တိုက်ခိုက်လာခဲ့သည်။

လူငယ်၏မျက်လုံးများ ပြူးကျယ်သွားပြီး သူသည် ကပ်ဘေးဆိုးကြမှ လွတ်မြောက်သွားသည်ဟုပင် ခံစားလိုက်ရသည်။

နောက်အခိုက်တွင် သူသည် ချက်ချင်းပင် သူ၏အလတ်စားရွက်လှေကို ထိန်းချုပ်ကာ အဝေးရာ ရွက်လွှင့်တော့လေသည်။ သူသည် ဤဧရာမပင်လယ်သတ္တဝါကြီး၏လက်မှ လွတ်မြောက်လိုနေခဲ့သည်။

သူအကူအညီတောင်းခဲ့စဥ်အခါက ပေးခဲ့သည်ကတိများမှာ သူ၏အသက်နှင့်နှိုင်းယှဉ်လျှင် အရေးမပါတော့ပေ။

ရှောင်းယီသည် ထိုလူငယ်၏လှုပ်ရှားမှုများကို မြင်လိုက်ရသောအခါ ချက်ချင်းအမိန့်ပေးလိုက်၏။

“ရှောင်ယောက် အဲ့ဒီအလတ်စားရွက်လှေကို လိုက်ဖမ်း!”

“ဟုတ်ကဲ့”

ရှောင်ယောက်က တုံ့ပြန်လိုက်သည်။

အပျော်စီးရွက်သင်္ဘောသည် အလတ်စားရွက်လှေအား လိုက်ဖမ်းနေစဉ် ဧရာမဝေလငါးကြီးမှာ အပျော်စီးသင်္ဘောကို လိုက်ဖမ်းနေလေသည်။

မူလအတိုင်း သင်္ဘောနှစ်စီးကြားရှိ အကွာအဝေးမှာ ဝေးကွာခြင်းမရှိပေ။ အပျော်စီးသင်္ဘောအတွက် အလတ်စားရွက်လှေကို ဖမ်းမိရန်အတွက် အချိန် ၁၀စက္ကန့်ခန့်သာ ကြာမြင့်ခဲ့ပေသည်။ ထို့နောက် ရှောင်းယီက ထိုအပေါ်သို့ ခုန်တက်လိုက်တော့သည်။

“မင်းကို ငါကယ်တင်ပေးခဲ့တယ်။ ဒါပေမယ့် မင်းရဲ့ကတိအတိုင်း မလုပ်ဆောင်ခဲ့ဘူး။”

ရှောင်းယီက ထိုလူငယ်ကို စိုက်ကြည့်ကာ ပြောလိုက်သည်။

“သူဌေး ကျွန်တော်ပေးခဲ့တဲ့ ကတိကို သေချာပေါက်တည်မှာပါ။ ဒါပေမယ့် အခုတော့ ကျွန်တော် အသက်ရှင်ချင်သေးတယ်။”

ထိုလူငယ်က ငိုကြွေးရင်း ပြောလိုက်၏။

ဘမ်း!

ထိုစဉ် သူတို့အနီးရှိ အပျော်စီးသင်္ဘောမှာ ဧရာမဝေလငါးကြီးနှင့် တိုက်မိသွားပြီး ပြင်းထန်စွာ ခါရမ်းသွားခဲ့သည်။

ကုန်းပိတါပေါ်ရှိ အညံ့ခံထားသော ဒေသခံများသည် တကွဲတပြားဖြစ်သွားခဲ့၏။ အန်းရန်နှင့် အခြားသူများမှာမူ ပြဿနာမရှိပေ။ သူတို့သည် ဘေးဘက်ရှိ လက်ရန်းကို ဆုပ်ကိုင်ထားခဲ့ကြပေသည်။

ရှောင်းယီသည် အေးစက်စွာ နှာခေါင်းရှုံ့လိုက်၏။ ထို့နောက် ရွှမ်းယွမ်ဓားကိုဆွဲထုတ်ကာ ထိုလူငယ်အား သတ်ဖြတ်ရန် အသင့်ပြင်လိုက်လေသည်။

ဝုန်း!

ထိုစဥ် အလတ်စားရွက်လှေသည်လည်း တိုက်ခိုက်ခံရလေသည်။ ရှောင်းယီသည် ချက်ချင်းပင် ဘေးဘက်ရှိ လက်ရန်းကို ဆုပ်ကိုင်ပြီး ပင်လယ်ထဲရှိ ဧရာမဝေလငါးကြီးကို မျက်မှောင်ကြုံ့ကာ ကြည့်လိုက်၏။

“ဒီဝေလငါးက ငါ့ကိုလိုက်ပြီးတိုက်ခိုက်နေတာများလား။”

ရှောင်းယီ သံသယအပြည့်ဖြင့် ရေရွတ်လိုက်မိသည်။

ဘမ်း!

ဧရာမဝေလငါးကြီးသည် အလတ်စားရွက်လှေကို နောက်တစ်ခါ တိုက်ခိုက်လိုက်၏။ သူသည် အပျော်စီးသင်္ဘောကိုမူ လုံးဝဥဿုံ မျက်ကွယ်ပြုထားခဲ့လေသည်။

ရှောင်းယီလက်ထဲရှိ ဓားနှင့် ဘေးတစ်ဖက်မှ ဧရာမဝေလငါးကြီး၏တိုက်ခိုက်မှုကို မြင်ရသော လူငယ်သည် အလွန်စိတ်ရှုပ်ထွေးသွားပြီး အလျင်အမြန်‌ပြောလိုက်၏။

“သူဌေး ကျွန်တော့်အသက်ကိုချမ်းသာပေးပါ။ ကျွန်တော် သူဌေးကို ကူညီပေးနိုင်ပါတယ်။ ကျွန်တော်က တက္ကသိုလ်ကျောင်းသားတစ်ယောက်ဖြစ်ပြီး ချက်ပြုတ်နည်းကို လေ့လာနေတာပါ။ ကျွန်တော် သူဌေးကို ဝိုင်ချက်ဖို့ကူညီနိုင်တယ်။ ပြီးတော့ ကျွန်တော့်လှေပေါ်က ဘဲတွေကလည်း C အဆင့်ပဲ။ အားလုံး သူဌးကိုပေးပါ့မယ်။”

ထိုစကားကိုကြားသောအခါ ရှောင်းယီ အနည်းငယ်စဉ်းစားလိုက်ပြီးနောက် ပြောလိုက်သည်။

“အပျော်စီးသင်္ဘောပေါ်ကို အရင်တက်သွားလိုက်။ ဒီဝေလငါးကြီးကို ရှင်းပြီးမှ မင်းကိစ္စကို ဆက်ပြောကြတာပေါ့။ မကောင်းတဲ့အတွေးတွေရှိရင် မင်းကိုတစ်ခ့တည်းသတ်ပစ်မယ်ဆိုတာ မမေ့နဲ့။”

“ဟုတ်ကဲ့ပါ ဟုတ်ကဲ့ပါ။ သူဌေးရဲ့စကားကို ကျွန်တော် နားထောင်ပါ့မယ်။”

ထိုလူငယ်က ချက်ချင်းပင်တုံ့ပြန်ပြီး အပျော်စီးသင်္ဘောပေါ်သို့ ခုန်တက်သွားလေတော့သည်။

သို့သော် ဧရာမတေလငါးကြီးသည် ထိူလူငယ်၏လှုပ်ရှားမှုများကို လုံးဝလျစ်လျူရှုထားပြီး ရှောင်းယီရှိရာ အလတ်စားရွက်လှေကိုသာ ဆက်လက်တိုက်ခိုက်နေဆဲဖြစ်သည်။

ရှောင်းယီသည် ရွက်လှေနှင့် ကျွန်းအထိမ်းအမှတ်ကျောက်တိုင်အပါအဝင် လှေပေါ်ရှိ အရာအားလုံးကို သိမ်းပိုက်ပြီးနောက် အားလုံးကို လှဲလိုက်ပြီး သူကိုယ်တိုင်မှာမူ အပျော်စီးသင်္ဘောပေါ်သို့ ပြန်လည်ရောက်ရှိသွားခဲ့သည်။

“ရှောင်ယောက် အခုချက်ချင်း ယခင်လမ်းကြောင်းအတိုင်း အမြင့်ဆုံးအမြန်နှုန်းနဲ့ ဆက်သွားမယ်။”

ရှောင်းယီက ပြောလိုက်သည်။

“ဟုတ်ကဲ့”

အပျော်စီးသင်္ဘောသည် ထပ်မံ၍ ရှေ့သို့ အရှိန်မြှင့်တင်လိုက်ပြီး ဧရာမဝေလငါးကြီးသည်လည်း နောက်မှလိုက်ဖမ်းနေခဲ့သည်။

ဤဧရာမဝေလငါးကြီး၏မြန်နှုန်းသည် တစ်နာရီလျှင် ၁၀၀ ကီလိုမီတာအထိ သွားနိုင်သော်လည်း အပျော်စီးသင်္ဘောထက်တော့ နှေးကွေးနေဆဲဖြစ်သည်။

အပျော်စီးသင်္ဘောသည် စတင်ရွေ့လျားသည့်အချိန်မှာပင် ဧရာမဝေလငါးကြီးကို ချန်ထားခဲ့လိုက်လေသည်။

ကုန်းပတ်ပေါ်ရှိ ဒေသခံများသည် အပျော်စီးသင်္ဘောက ဧရာမဝေလငါးကြီးအား ခါထုတ်လိုက်သည်ကို မြင်တွေ့ရသောအခါ ဝမ်းသားအားရ ကြွေးကြော်ကြလေတော့သည်။

“အကုန်လုံး တိတ်တိတ်နေ!”

ရှောင်းယီက အော်လိုက်၏။ ဒေသခံများသည် ချက်ချင်းပက် တိတ်သွားကြခဲ့သည်။

“မင်း ငါနဲ့လိုက်ခဲ့။”

ရှောင်းယီသည် စောစောက အလတ်စားရွက်လှေပေါ်ရှိ လူငယ်ကို လက်ညိုးထိုးကာ ပြောလိုက်သည်။

လူငယ်သည် ကပ်ဘေးဆိုးကြီးမှ လွတ်မြောက်သွားခဲ့ပြီးဖြစ်ကြောင့် ရှောင်းယီနောက်သို့ နားခံစွာဖြင့် လိုက်သွားခဲ့လေသည်။

“မင်းအကြောင်း အရင်ပြော။ ဘာတွေဖြစ်ခဲ့တာလဲ။”

ရှောင်းယီက ကုလားထိုင်ပေါ်တွင်ထိုင်ကာ မေးလိုက်၏။

“မင်္ဂလာပါသူဌေး...ကျွန်တော့်နာမည်က ဒူခန်းပါ။ ကျွန်တော့်အဖေက သောက်ရတာကိုကြိုက်ပါတယ်။ အဲ့ဒါကြောင့် သူကကျွန်တော့်ကို ဒီနာမည်ပေးခဲ့တာပါ။ ကောလိပ်မှာတုန်းက ကျွန်တော်က အရက်ချက်ခြင်းကို အဓိကလေ့လာခဲ့ပါတယ်။ ကျွန်တော် ဘွဲ့ရပြီးလို့ တစ်နှစ်သာသာလောက်ပဲ အလုပ်လုပ်ရသေးတယ် အခုလိုတွေဖြစ်ပျက်သွားတာပါ။ ကျွန်တော်...”

“ရပ်လိုက်တော့။ အခုငါသိချင်တာက အဲ့ဒီဒေသခံသင်္ဘောက မင်းကိုဘာလို့လိုက်ဖမ်းနေလဲဆိုတာပဲ။ အဓိကအချက်ကိုပဲ အရင်ဆုံးပြောကြတာပေါ့။”

ရှောင်းယီက သူ့စကားစကို ဖြတ်ပြောလိုက်တော့သည်။

All Chapters