← Chapters

အခန်း (၃၂၅-၃၂၇)

Vol. 22 Ch. 325-327

အခန်း (၃၂၅-၃၂၇)

Vol. 22 Ch. 325-327

အခန်း ၃၂၅

ဒူခမ်းက ချက်ချင်းပြန်ဖြေလိုက်၏။

“ဟုတ်ကဲ့ပါ သူဌေး ကျွန်တော်က စကားများတဲ့သူမလို့ပါ။ မကောင်းတဲ့ရည်ရွယ်ချက် လုံးဝမရှိပါဘူး...”

“အဓိကအချက်ကို ပြော!”

ရှောင်းယီက ထပ်ပြောလိုက်သည်။

“ဟုတ်ကဲ့ပါ ဒီမနက်က ကျွန်တော် ထောက်ပံ့ပို့ဆောင်ရေးသေတ္တာတွေ ဖမ်းနေတုန်းအဲ့ ဒီသင်္ဘောကြီးကို တွေ့လိုက်ရတယ်။ ပြီးတော့ သူဌေးရဲ့ ဒူးလေးကြီးကို ငှားလိုက်တယ်။ ဘာမှပြောနေစရာကိုမလိုဘူး သူဌရဲ့ ဒူးလေးကြီးက တကယ့်ကိုပစ္စည်ူကောင်းပဲ။ ပုံပန်းသဏ္ဍာန်ကိုပဲ ကြည့်ရ...ရင်...”

ဒူခန်း ရှောင်းယီကို ကြည့်လိုက်မိသောအခါ သူ၏မပျော်ရွှင်ဖြစ်နေသော မျက်နှာကို မြင်တွေ့ရသောကြောင့် ချက်ချင်းပင် သူ၏လေပေါနေခြင်းကို ရပ်တန့်ကာ အခြေအနေကို ဆက်၍ရှင်းပြလိုက်သည်။

“ကျွန်တော် ဒူးလေးကြီးကို သုံးပြီး အဲ့ဒီသင်္ဘောကြီးကို တိုက်ခိုက်ခဲ့တယ်။ ဒါပေမယ့် ကျွန်တော် သူတို့ရဲ့ခံစစ်ကို လုံးဝချိုးဖောက်လို့မရဘူးဆိုတာ သိလိုက်ရတယ်။ ကျွန်တော့်ရွက်လှေထက် နှစ်ဆကြီးတဲ့ ရွက်လှေကို ကြည့်ပြီး သင်္ဘောပေါ်က ဒေသခံတွေ အတော်များများရှိမယ်ဆိုတာလည်း သိလိုက်ရတယ်။ ကျွန်တော်လည်း နည်းဗျူဟာအရ ဆုတ်ခွာဖို့ ဆုံးဖြတ်လိုက်တာ။”

“ဒီမတိုင်ခင်က မင်းကို ဒေသခံတွေက တိုက်ခိုက်ခဲ့ဖူးလား။”

ရှောင်းယီ မျက်မှောင်ကြုံ့ကာ မေးလိုက်သည်။

“မခံခဲ့ရဘူး ဒါက ပထမဆုံးအကြိမ်ပဲ။”

ဒူးခမ်းက ပြန်ဖြေ၏။

“အစတုန်းကတော့ ကျွန်တော်ကိုယ်ကျွန်တော် ကံကောင်းတဲ့သူလို့ ထင်ခဲ့မိတယ်။ ဘာလို့လဲဆိုတော့ ဒေသခံတွေရဲ့ တိုက်ခိုက်မှုကို တစ်ခါမှမကြုံခဲ့ရလို့ပဲ။ အခုကြည့်ရတော့ သူတို့က ကျွန်တော့်အတွက် စပရိုက်ကြီးတစ်ခု ပြင်ဆင်နေကြတာပဲ။”

“ပထမဆုံးတိုက်ခိုက်မှုအတွက် အကြီးစားရွက်လှေကို စီစဉ်ပေးတယ်ဆိုတာက ဘာကိုဆိုလိုတာလဲ။”

ရှောင်းယီက မျက်မှောင်ကြုံ့ကာ ရေရွတ်လိုက်မိသည်။

ရှောင်းယီပင် ထိုကဲ့သို့သော တိုက်ခိုက်မှုမျိုး မကြုံတွေ့ဖူးကြောင်း သိထားရပေသည်။

အကြီးစားရွက်လှေရှိသော ဒေသခံများ၏ ဖွံ့ဖြိုးမှုအဆင့်မှာ အလတ်စားရွက်လှေရှိသော ဒေသခံများထက် ပို၍မြင့်မားရမည်ဖြစ်သည်။

ရှောင်းယီ၏ကျွန်းသည် ဖွံ့ဖြိုးမှုအဆင့်မြင့်မားသော်လည်း ထိုကဲ့သို့သော ဆက်ဆံခံရမှုမျိုး မရရှိခဲ့ပေ။

ဤကမ္ဘာ့စည်းမျဉ်းသည် ဒူခန်းကို ရှောင်းယီထက် ပိုမိုခြိမ်းခြောက်မှုရှိသည်ဟု ထင်နေခြင်းပေလော။

သူ့ရှေ့ရှိ C အဆင့်ခန္ဓာကိုယ်ရှိသည့် ဒူခန်းကို ကြည့်လိုက်မိ၏။ သူက လုံးဝခြိမ်းခြောက်နိုင်ခြင်းမရှိပေ။

ဤပြဿနာသည် အချိန်တစ်ခုကြာသည်အထိ ရှင်းရှင်းလင်းသိရဦးမည်မဟုတ်ပေ။ ထိုအရာမှာ ကျပန်းဖြစ်ရပ်တစ်ခုလည်း ဖြစ်ကောင်းဖြစ်နိုင်ပေသည်။

“ဆက်ပြော”

ရှောင်းယီ သူ၏ခေါင်းကို အနည်းငယ်ခါယမ်းကာ ပြောလိုက်သည်။

“အဲ့ဒါနဲ့ ကျွန်တော်လည်ူ ဦးတည်ရာတစ်ခုကို ကျပန်းရွေးပြီး ကျွန်တော့်ပစ္စည်းတွေယူပြီး ထွက်ပြေးခဲ့တယ်။ ကျွန်တော် ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ကို ရွေ့ပြီး အုတ်မြစ်ကျောက်ကို ပြန်ရယူလိုက်တဲ့အတွက် သူတို့ ကျွန်တော့်ကို ထိခိုက်အောင် မလုပ်နိုင်ခဲ့ဘူး။ ကျွန်းပေါ်ကိုရောက်လာတဲ့ ဒေသခံတချို့လည်း ပင်လယ်ထဲ ကျသွားခဲ့တယ်။”

ဒူခန်းက အနည်းငယ်ဂုဏ်ယူစွာဖြင့် ပြောလိုက်သည်။

“သူတို့ မကျေမနပ်ကြနာ ဖြစ်ကောင်းဖြစ်လိမ့်မယ်။ အဲ့ဒါကြောင့် သင်္ဘောနဲ့ ကျွန်တော့်ကို လိုက်ဖမ်းတာပဲ။”

“သူတို့သင်္ဘောက ကျွန်တော့်သင်္ဘောထက် ပိုမြန်တယ်။ သူတို့က ကျွန်တော့်ကို ကျော်တက်တော့မယ့်အချိန်မှာ ကျွန်တော် သူဌေးနဲ့ တွေ့လိုက်ရတာ။”

ရှောင်းယီ ခေါင်းညိမ့်ကာ ‌မေးလိုက်၏။

“မင်း တကယ် ဝိုင်ချက်တတ်တာလား။”

“ကျွန်တော် တကယ်ကို ချက်တတ်ပါတယ်။ ရှေးခေတ်ကနေ ခေတ်သစ်အထိ ချက်ပြုတ်နည်းအားလုံးကို ကျွန်တော် နည်းနည်းစီလောက် သိထားတယ်။ ဘာပဲပြောပြော ကျွန်တော် တက္ကသိုလ်လေးနှစ်တက်ခဲ့တာက အလကားတော့မဖြစ်ခဲ့ပါဘူး။”

ဒူခန်းက ယုံကြည်မှုအပြည့်ဖြင့် ပြောလိုက်သည်။

“ကောင်းပြီ။ စာချုပ်ကတ်ကိုသုံးပြီး အခုကစပြီး ငါ့နောက်ကို လိုက်လာခဲ့။ ဒီလိုမှမဟုတ်ရင် မင်းကို ထားခဲ့ဖို့ကလွဲပြီး ငါမှာတခြားနည်းလမ်းမရှိတော့ဘူး။”

ရှောင်းယီ ပြောလိုက်၏။

“မဟုတ်ဘူး..မဟုတ်ဘူး..မဟုတ်ဘူး...ကျွန်တော် စာချုပ်ကတ်ကို သုံးပါ့မယ်ယ”

ဒူခန်းက ချက်ချင်းပြောလိုက်သည်။ ထို့နောက် ရှောင်းယီသည် ယွမ်နွန်ကို စာချုပ်ကဒ်တစ်ခုပို့ပေးရန် တောင်းဆိုလိုက်ပြီး ဒူခန်းဆီတွင် အသုံးပြုလိုက်သည်။ အောင်မြင်စွာ အသုံးပြုနိုင်ခဲ့၏။

“နောက်ဆုံးတော့ ကျွန်တော် သူဌေးရဲ့ ညီငယ်လေးတစ်ယောက် ဖြစ်လာခဲ့ပြီ။”

ဒူခန်းက ပျော်ရွှင်စွာပြောလိုက်သည်။ ရှောင်းယီ သူ့ကိုကြည့်ကာ အံ့အားသင့်သွားခဲ့သည်။

“မင်းက ညီငယ်လေး ဖြစ်ရတာကို အဲ့လောက်တောင်ကြိုက်တာလား”

“ကျွန်တော်က ညီငယ်လေးဖြစ်ရတာကို ကြိုက်တာမဟုတ်ပါဘူး။ သူဌေးရဲ့ညီငယ်လေးဖြစ်ရတာကို ကြိုက်တာပါ။”

ဒူခန်းက ပြန်ဖြေလိုက်သည်။

“တကယ်လို့ အရင်တက္ကသိုလ်အတူတက်ဖူးတဲ့သူတွေသာ ကျွန်တော် ယီရန်ပင်းသူဌေးရဲ့ ညီငယ်လေးဖြစ်သွားတာကိုသိရင် သူတို့ သေလောက်အောင် အားကျကြလိမ့်မယ်။”

“ငါ့ညီငယ်လေးဖြစ်ချင်တယ်ဆိုရင် အလုပ်လုပ်ရမယ်။ အသုံးမဝင်တဲ့သူတွေကို ငါတို့မြေတောင်မြှောက်မပေးဘူး။”

ရှောင်းယီက ပြောလိုက်သည်။

“ဒါပေါ့။ စိတ်မပူပါနဲ့။ ကျွန်တော် ကျွန်းကိုပြန်ရောက်တာနဲ့ ချက်ချင်းပဲ ထက်သန်တဲ့စိတ်ဝိဉာည်ကို ဆက်လက်ထိန်းသိမ်းပြီး ချက်ပြုတ်နည်းလုပ်ငန်းကို အမြန်ဆုံးဖွံ့ဖြိုးတိုးတက်အောင် လုပ်ဆောင်သွားမယ်။”

ဒူခန်းက ချက်ချင်းပင် ပြန်ပြောလိုက်၏။

“ကောင်းပြီ အရင်ဆုံးထမင်းစားကြရတာပေါ့။”

ရှောင်းယီက ပြောလိုက်သည်။ အချိန်အတော်ကြာအောင် ရုန်းကန်ပြီးနောက် ရှောင်းယီတို့အဖွဲ့သားများမှာ နေ့လယ်စာစားရန်ပင် အချိန်မရခဲ့ကြပေ။

အန်းရန်သည် နေ့လယ်စာကို ပြန်နွှေးပြီး ရှောင်းယီဆီသို့ ယူလာပေးခဲ့သည်။ အစားအစာများ၏ရနံ့မှာ အပျော်စီးသင်္ဘောတစ်ခုလုံးသို့ ပျံ့နှံ့သွားတော့သည်။

ဒေသခံများအားလုံးသည် ၎င်းတို့၏နှာခေါင်းများကို တရှုံ့ရှုံ့လုပ်လိုက်မိကြသည်။ သူတို့သည် ထိုကဲ့သို့သော မွှေးကြိုင်သည့်အနံ့မျိုးကို တစ်ခါမှ မရှူရှိုက်ဖူးခဲ့ကြပေ။

“အရမ်းမွှေးတာပဲ။”

ယောင်က တံတွေးမျိုချကာ ပြောလိုက်၏။ ထိုအခါ ကျောက်စရစ်ခဲက သူ့ဘေးကနေ ပြောလိုက်သည်။

“ဒါက ဘာကိုဆိုလိုတာလဲ။ ဒါက အရှင့်ရဲ့ကျွန်းမှာဆိုရင် အခြေခံအကျဆုံး အစားအစာပဲ”

ကျောက်စရစ်ခဲနှင့် ယောင်တို့၏ စကားပြောများကို ကြားလိုင်ရသော အခြားဒေသခံများက ချက်ချင်းပင် တွတ်ထိုးကြတော့သည်။

“မင်းကိုလည်း အဖမ်းခံခဲ့ရတာလား။”

ယွမ်ရှီက သူတို့ကို တစ်ချက်ကြည့်ကာ အနည်းငယ် ဂုဏ်ယူနေဟန်ဖြင့် ပြောလိုက်သည်။

“ငါက အရှင့်ဆီမှာ အညံ့ခံပြီးပြီ။ အခုချိန်မှာ ငါက အရှင့်ရဲ့ လက်အောက်ငယ်သားတစ်ယောက်ပဲ။”

သူ့စကားဆုံးသည်နှင့် ကျန်းယွင်ထျန်းသည် နေ့လယ်စာဗူးနှစ်ဗူးနှင့် ထွက်လာပြီး ယွမ်ရှီကိုပေးလိုက်ကာ စားရန် အမူအရာလုပ်ပြလိုက်သည်။

“ကျေးဇူးတင်ပါတယ်။”

ယွမ်ရှီက အနည်းငယ်တောင့်တင်းနေသော ရှားကွားဘာသာစကယးဖြင့်ဖြင့် ပြောလိုက်၏။ ကျန်းယွင်ထျန်းက သူ့ကို လက်မထောင်ပြလိုက်သည်။

ယွမ်ရှီနှင့် သူနှင့်အတူလာခဲ့သော အခြားဒေသခံတစ်ဦးစီသည် တစ်ယောက်တစ်ဘူးစီရရှိခဲ့ပြီး ဖွင့်၍စားသောက်လိုက်ကြသည်။

ပတ်ဝန်းကျင်ရှိ ဒေသခံအုပ်စုမှာမူ ၎င်းတို့၏တံတွေးများကိုသာ မျိုချနေခဲ့ကြရသည်။

“ငါလည်း သူတို့လို အညံ့ခံချင်လိုက်တာ။”

ဒေသခံတစ်ဦးက ရုတ်တရက်ပြောလိုက်၏။

“ငါလည်း ဆန္ဒရှိတယ်။”

အခြားဒေသခံများကလည်း လိုက်ပြောခဲ့ကြသည်။ ထိုစကားများကိုကြားသောအခါ ယွမ်ရှီက သူတို့ကို ခေါင်းမော့ကြည့်ကာ ပြောလိုက်၏။

“မင်းတို့ အညံ့ခံချင်တယ်ဆိုရင်တော့ အရှင်လက်ခံမလားဆိုတာကို ကြည့်ရမယ်။ ဒါပေမယ့် အရှင်က မင်းတို့ကို မသတ်သေးတဲ့အတွက် မင်းတို့မှာ အခွင့်အရေးတော့ရှိသင့်တယ်။ ဒါတွေအားလုံးက မင်းတို့ရဲ့အပြုအမူပေါ်မှာ မူတည်တယ်။”

ဒေသခံများ၏မျက်လုံးများ လင်းလက်တောက််ပလာခဲ့ကြသည်။ အရသာရှိသောအစားအစာများအတွက် သူတို့ကောင်းကောင်းပြုမူရမည်ဖြစ်သည်။

ကျန်းယွင်ထျန်းသည် သင်္ဘော၏အနောက်ဘက်သို့ ပြေးကြည့်လိုက်ပြီး လှေအတွင်းပိုင်းသို့ ပြန်လည်ဝင်ရောက်ကာ ရှောင်းယီကို ပြောလိုက်၏။

“ရှောင်းယီ ငါတို့ အဲ့ဒီဝေလင်းကြီးကို ရှင်းပစ်သင့်တယ်။”

“ငါတို့သူ့ကို ရှင်းပစ်သင့်ပါတယ်။ ဒါပေမယ့် အပျော်စီးရွက်သင်္ဘောရဲ့မြန်နှုန်းက အဲ့ဒီဝေလငါးကြီးကို လုံးဝဖိချေထားနိုင်တယ်။”

ရှောင်းယီက ပြန်ဖြေလိုက်သည်။

“ဒါပေမယ့် အဲ့ဒီဝေလငါးကြီးက ဘာလို့ ငါ့ကို စိုက်ကြည့်နေတာလဲဆိုတာလည်း ငါတွေးနေမိတယ်။”

ရှောင်းယီ စောစောကအခြေအနေအကြောင်း ပြန်ပြောပြလိုက်သည်။ ရှောင်းယီ မည်သည့်သင်္ဘောပေါ်တွင်ရှိနေပါစေ ထိုဝေလငါးကြီးက သူရှိနေသည့်သင်္ဘောကို တိုက်ခိုက်မည်ဖြစ်သည်။

“ဒါက ရတနာနဲ့ ဆက်စပ်မှုတစ်ခုခုတော့ရှိနေသင့်တယ်။”

ကျန်းယွင်ထျန်းက ပြောလိုက်သည်။ ရှောင်းယီ ခေါင်းညိမ့်ကာ ပြောလိုက်၏။

“ဆယ်ပုံပုံရင် ကိုးပုံလောက်က ဖြစ်နိုင်တယ်။ ငါက ရတနာမြေပုံကို အသုံးပြုပြီးထားပြီဆိုပေမယ့် ခုနက ဒူခန်းကိုကယ်တင်တုန်းက မူရင်းလမ်းကြောင်းကနေ သွေဖည်သွားခဲ့တယ်”

“တနည်းအားဖြင့် ငါတို့ လမ်းကြောင်းအတိုင်း တိတိကျကျရွက်လွှင့်မယ်ဆိုရင်တော့ အိမ်ကို အလွယ်တကူပြန်ရောက်နိုင်လိမ့်မယ်။”

ကျန်းယွင်ထျန်းက ပြောလိုက်သည်။ ရှောင်းယီက ဆက်ပြောသည်။

“ဒါပေမယ့် အခုချိန်မှာ ငါတို့ ဒါကိုတကယ်ဟုတ်မဟုတ် စစ်ဆေးဖို့အတွင် နည်းလမ်းမရှိဘူး။”

“နည်းလမ်းတစ်ခုတော့ရှိတယ်။”

ကျန်းယွင်ထျန်းက ပြောလိုက်သည်။

“သေမင်းနတ်ဘုရားကို မေးကြည့်လိုက်လေ။”

“အကြံကောင်းပဲ”

ရှောင်းယီ ချက်ချင်းပင်တုံ့ပြန်ကာ ကျွန်းအထိမ်းအထိမ်းအမှတ်ကျောက်တိုင်မှတစ်ဆင့် သေမင်းနတ်ဘုရားဆီသို့ စာပို့လိုက်သည်။

“သေမင်းနတ်ဘုရား မင်းကျွန်းကို ပြန်ရောက်ပြီလား။”

ရှောင်းယီက သိလိုဟန်ဖြင့် မေးလိုက်၏။

“မရောက်သေးဘူး။ သူဌေး နောက်ဆုံးရတနာကို ရခဲ့ပြီလား။”

သေမင်းနတ်ဘုရားက မေးလိုက်သည်။

“အင်း နည်းနည်းခက်ခဲပေမယ့် ချောချောမွေ့မွေ့ပဲ ကျော်ဖြတ်နိုင်ခဲ့တယ်။”

ရှောင်းယီက ပြန်ဖြေသည်။

‘ဒီယီရန်ပင်းက သူ့ရဲ့ဂုဏ်သတင်းနဲ့ တကယ်ကိုထိုက်တန်တာပဲ။ နောက်ဆုံးရတနာကိုတောင် ရအောင်ယူနိုင်တယ်။’

သေမင်းနတ်ဘုရားက စိတ်ထဲမှ ဟစ်အော်လိုက်မိသည်။

သေမင်းနတ်ဘုရားသည် ရတနာသေတ္တာတစ်လုံးတည်းကိုသာ ဖွင့်ခဲ့ပြီး နောက်ဆုံးတွင် လက်လျှော့ခဲ့ကြောင်း သိထားရမည်ဖြစ်သည်။ သူသည် တစ်ယောက်တည်းဖြစ်ပြီး ဒုတိယရတနာသေတ္တာ၏ အစောင့်အရှောင့်သားရဲနှင့် ယှဉ်ပြိုင်နိုင်ခြင်းမရှိခဲ့ပေ။

“သူဌေး ကျုပ်ဆီက လိုချင်တာတစ်ခုခုရှိလို့လား။

သေမင်းနတ်ဘုရားက အခြေအနေတစ်ခု ဖန်တီးကာ မေးလိုက်သည်။ ယီရန်ပင်းက သူကျွန်းသို့ ပြန်ရောက်မရောက်ကို ဂရုစိုက်ရန်အတွက် စာပို့ခြင်းဖြစ်သည်ဟု သူမယုံပေ။

“ဟုတ်တယ် ငါမင်းကို မေးချင်တာက မင်း ရတနာမြေပုံရဲ့လမ်းကြောင်းအတိုင်း ပြန်သွားတာလား။ ဒါမှမဟုတ်ဘဲ တိုက်ရိုက်ပြန်သွားတာလား။”

ရှောင်းယီက မေးမြန်းလိုက်သည်။

“သေချာပေါင် ရတနာမြေပုံရဲ့လမ်းကြောင်းအတိုင်း ပြန်သွားရမှာပဲလေ။ ကျုပ်ကတော့ ဒီရတနာမြေပုံလမ်းကြောင်းပြန်တာက တိုက်ရိုက်ပြန်သွားတာထက်စာရင် ပိုပြီးဘေးကင်းတယ်လို့ထင်တယ်။”

သေမင်းနတ်ဘုရားက ပြန်ဖြေသည်။

“ကောင်းတယ် ငါက ရတနာမြေပုံရဲ့လမ်းကြောင်းကို မလိုက်ခဲ့ဘူး။ စောစောကတင် ပင်လယ်သတ္တဝါကြီးတစ်ကောင်နဲ့ ကြုံလိုက်ရတယ်။ အခုချိန်မှာ ရတနာမြေပုံလမ်းကြောင်းအတိုင်းသွားတာက ဘေးကင်းရဲ့လားဆိုတာ စစ်ဆေးလို့မရတော့ဘူး။ အဲ့ဒါကြောင့် မင်းကျွန်းပေါ်ရောက်ရင် ဒီလမ်းကြောင်းရဲ့အခြေအနေကို ငါ့ကိုပြောပြနိုင်မလား။”

ရှောင်းယီက ပြောလိုက်သည်။

“ပြဿနာမရှိပါဘူး။”

သေမင်းနတ်ဘုရားက ပြန်ဖြေ၏။

“အခုထိတော့ အားလုံးအဆင်ပြေနေပါသေးတယ်။ လမ်းကြောင်းအတိုင်း ရွက်လွှင့်နေတုန်းပဲ။ ဘာဘေးအန္တရာယ်နဲ့မှ မကြုံရသေးဘူး။”

အခန်း ၃၂၆

“ကောင်းပြီ...မင်းဆီက နောက်ထပ်သတင်းတွေကို ငါစောင့်နေမယ်။”

ရှောင်းယီက ပြန်ဖြေလိုက်သည်။

“အင်း...ဒီတစ်ခါ ကျွန်တော် လမ်းအဆုံးထိမရောက်ခဲ့ပေမယ့် ရတနာသေတ္တာတစ်လုံးဖွင့်ပြီး C အဆင့် လက်ပစ်ဒူးလေးပုံစံကွက်တစ်ခုရခဲ့တယ်။ သူဌေးလိုချင်ရင် လက်ပစ်ဒူးလေးတချို့ ပြန်လုပ်ပေးနိုင်ပါတယ်။”

သေမင်းနတ်ဘုရားက ပြောလိုက်သည်။

“အခုချက်ချင်းတော့ မလိုအပ်သေးပါဘူး။”

ရှောင်းယီက ငြင်းဆန်လိုက်၏။

“ငါလည်း ပုံစံကွက်တစ်ခု ရထားတယ်။”

သေမင်းနတ်ဘုရား ခဏကြာအောင် ကြက်‌သေသေသွားပြီးနောက် ပြုံးကာ ပြောလိုက်သည်။

“အမှန်ပဲ သူဌေးက နောက်ဆုံးအဆင့်ကိုတောင် ရောက်ခဲ့တာဆိုတော့ ဒီထက်ပိုကောင်းတဲ့ပစ္စည်းတွေ သေချာပေါက်ရခဲ့မှာပဲ။ ကျုပ်အဆင့်နဲ့ကတော့ ဒါပဲရနိုင်ခဲ့တယ်။”

“မင်းမှားတယ်။ ဒီတစ်ခါ ရတနာတွေအားလုံးက C အဆင့်တွေချည်းပဲ။ တစ်ခုချင်းစီမှာ သူတို့ရဲ့ အားသာချက်တွေရှိပေမယ့် အဲ့ဒါက သိပ်အရေးမပါဘူး။”

ရှောင်းယီက ပြုံးကာ ပြောလိုက်သည်။

“လက်ပစ်ဒူးလေးပြန်လုပ်ဖို့ စဉ်းစားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။”

“ရပါတယ်။ အနာဂတါမှာအခွင့်အရေးရရင် သူဌေးနဲ့အလုပ်တွဲလုပ်ချင်ပါသေးတယ်။”

သေမင်းနတ်ဘုရားက ပြန်ဖြေလိုက်သည်။

“အခွင့်အရေးရမှာပါ။”

ရှောင်းယီက ပြောလိုက်သည်။

“ရှောင်ယောက် ခရီးအဆုံးကို ရောက်ဖို့ ဘယ်လောက်ကြာဦးမလဲ။”

သေမင်းနတ်ဘုရားနှင့် စကားပြောပြီးနောက် ရှောင်းယီက မေးလိုက်သည်။

“သုံးနာရီခွဲလောက်ကြာပါဦးမယ်။”

ရှောင်ယောက်က ပြန်ဖြေသည်။

အပြင်ဘက်တွင် နေဝင်နေပြီဖြစ်ပြီး ညအချိန်သို့ ရောက်ရှိလာပြီဖြစ်သည်။

“အန်းရန် ဆုဝမ်ကို ညစာပြင်ဆင်ခိုင်းလိုက်တော့။”

ရှောင်းယီက ကုန်းပတ်ပေါ်ရှိ ဒေသခံများကို ကြည့်ကာ ပြောလိုက်သည်။

“ကောင်းပြီ”

ဆုဝမ်ဆီသို့ ရှောင်းယီ၏တောင်းဆိုချက်ကို လွှဲပြောင်းပေးပြီးနောက် အန်းရန်က လေသံခပ်နိမ့်နိမ့်ဖြင့် မေးလိုက်သည်။

“သူတို့ကို ဒီလောက်ထိ ကောင်းပေးဖို့လိုလို့လား။”

“ဒီဒေသခံတွေကို ငါတို့ကျွန်းပေါ်မှာ နေထိုင်ဖို့အတွက် ကံကြမ္မာက စီမံထားတာ။ အင်အားသုံးပြီး ခြိမ်းခြောက်မှုက လုံလောက်တယ်။ အခုဆို သူတို့ကို အနီရောင်စွံပလွန်သီးတချို့ ပေးဖို့အချိန်ရောက်ပြီ။”

ရှောင်းယီက ပြန်ဖြေလိုက်သည်။ အန်းရန် ခေါင်းညိမ့်လိုက်၏။

တစ်နာရီအကြာတွင် ရှောင်းယီသည် လဲလှယ်ထားသော အစားအစာများကို အပျော်စီးရွက်သင်္ဘော၏ ကုန်းပတ်ပေါ်တွင် တိုက်ရိုက်ချထားလိုက်သည်။

“မင်းတို့ဆီက ငါလိုချင်တာ နာခံမှုနဲ့ သစ္စာရှိမှုပဲ။ မင်းတို့သာ အဲဒါလုပ်နိုင်ရင် မင်းတို့ရဲ့ဘဝက အရင်ကထက် ပိုပြီးကောင်းမွန်လာစေရမယ်လို့ ငါအာမခံနိုင်တယ်။”

ရှောင်းယီက ဒေသခံများကို ကြည့်ကာ ပြောလိုက်သည်။ ဒေသခံများသည် ချက်ချင်းပင် ကြမ်းပြင်ပေါ်တွင် ဒူးထောက်ကာ တုံ့ပြန်လိုက်ကြ၏။

“အရှင် ကျွန်တော်တို့ အရှင့်ရဲ့အမိန့်ကို အပြည့်အဝနာခံပြီး သစ္စာရှိပါ့မယ်။ ကျေးဇူးပြုပြီး စိတ်မပူပါနဲ့။”

ရှောင်းယီက လက်ဟန်ပြလိုက်၏။ ထိုအခါ ယွမ်ရှီတို့သည် ချက်ချင်းပင် ရှေ့တက်လာခဲ့သည်။

“ဒီအစားအစာကို သူတို့ကိုပေးလိုက်။”

ရှောင်းယီက အမိန့်ပေးလိုက်၏။

“ဟုတ်ကဲ့”

ယွမ်ရှီက တုံ့ပြန်လိုက်သည်။

အစားအစာအားလုံးကို ကျွန်းအထိမ်းအမှတ်ကျောက်တိုင်မှ ပလပ်စတစ်ဖြင့် ပြုလုပ်ထားသည့် ပလပ်စတစ်နေ့လယ်စာဗူးများဖြင့် ထုပ်ပိုးထားသည်။

ဒေသခံများသည် ထိုကဲ့သို့သော အလွန်လက်ရာမြောက်သော နေ့လယ်စာဗူးများကို တွေ့လိုက်ရသောအခါ အံ့အားသင့်စွာဖြင့် ၎င်းတို့လက်ထဲရှိ နေ့လယ်စာဗူးများကို လေ့လာလိုက်ကြသည်။ ထိုအခါ ယွမ်ရှီက သူတို့ကို ရှင်းပြလိုက်၏။

“ဒါကို နေ့လယ်စာဘူးလို့ခေါ်တယ်။ ထမင်းထည့်ဖို့သုံးတာ။ ဒါက ဇွန်း...”

ယွမ်ရှီသည် စားပွဲတင်ပစ္စည်းကိရိယာအမျိုးမျိုး၏ အသုံးပြုပုံများကို ၎င်းတို့အား တစ်ခုချင်းစီ ရှင်းပြလိုက်သည်။

“အရှင်တို့က တူနှစ်ချောင်းကို အသုံးပြုတဲ့နေရာမှာ ကျွမ်းကျင်ကြတယ်။ ဒီတူတွေ ထုလုံးရှည်ပုံစံတုတ်နှစ်ချောင်းပဲ။ ဒါပေမယ့် ဒီစားပွဲတင်ပစ္စည်းကိရိယာတွေကို အသုံးပြုတတ်ဖို့ဆိုနာ အရမ်းခက်ခဲတယ်။ မင်းတို့မှာသာ ယုံကြည်မှုရှိတယ်ဆိုရင် မင်းတို့လည်း အသုံးပြုနည်းကိုလည်း သင်ယူနိုင်တယ်။”

ယွမ်ရှီက သူ့စကားကို အဆုံးသတ်လိုက်သည်။

ဒေသခံများသည် ထိုစကားများကို ကြားလိုက်ရသောအခါ အံ့အားသင့်သွားခဲ့ကြသည်။

“မင်းက အများကြီးသိထားတာပဲ။”

ဒေသခံတစ်ဦးက ယွမ်ရှီကို အားကျစွာကြည့်ရင်း ပြောလိုက်သည်။ ယွမ်ရှိက သူ့ကို ကြည့်ကာ ပြောလိုက်၏။

“ငါသိထားတာက တစ်သောင်းပုံတစ်ပုံတောင်မရှိသေးဘူး။ အဲ့ဒါကြောင့် နောက်ပိုင်းမှာ ကျွန်းကိုရောက်ရင် သေသေချာချာလေ့လာသင့်တယ်။”

ဒေသခံများက ခေါင်းညိမ့်လိုက်ကြသည်။

“ကဲ စားကြရအောင်”

ယွမ်ရှီ ပြောလိုက်၏။

လူတိုင်း ချက်ချင်းပင် ၎င်းတို့၏နေ့လယ်စာဘူးများကို ဖွင့်ကာ အရသာအရှိဆုံးသော အစားအစာများကို စတင်စားသောက်ကြလေတော့သည်။

ရှောင်းယီတို့သည် လှေအတွင်းခန်းတွင် ညစာစားပြီးနောက် အပြင်ထွက်လာခဲ့ကြသည်။ ဒေသခံများသည်လည်း နေ့လယ်စာဗူးထဲရှိ အရာအားလုံးကို စားသုံးခဲ့ကြပေသည်။

“သူတို့ ဒါတွေကို ဆေးထားတာလား”

အန်းရန်သည် သူတို့လက်ထဲက သန့်ရှင်းတောက်ပြောင်နေသော နေ့လယ်စာဘူးများကို ကြည့်ပြီး အံ့အားသင့်စွာဖြင့် မေးလိုက်မိသည်။

ယွမ်ရှီက ချက်ချင်းပင် ရှေ့တက်ကာ ဖြေလိုက်သည်။

“ပထမဆုံးအကြိမ်။ အရသာရှိတယ်။ ပြောင်အောင်လျက်လိုက်တယ်။”

အန်းရန်က သူပြောသည့်အဓိပ္ပါယ်ကို သဘောပေါက်သွားပြီး ပြုံးကာ ပြောလိုက်သည်။

“ဒီနေ့လယ်စာဘူးတွေကို သူတို့အတွက် နောက်ပိုင်းမှာစားဖို့ သိမ်းထားခိုင်းလိုက်ပါ။”

ယွမ်ရှီသည် ကျွမ်းကျွမ်းကျင်ကျင် မပြောနိုင်သေးသော်လည်း ရှောင်းယီတို့သည် ၎င်းတို့ပြောသည့်စကားများကို အခြေခံအားဖြင့် နားလည်နိုင်ပေသည်။

“ဟုတ်ကဲ့”

ယွမ်ရှီက တုံ့ပြန်လိုက်သည်။

ယွမ်ရှီသည် ဒေသခံများအား ထိုအကြောင်းကို ပြောပြပြီးနောက် ဒေသခံများသည်လည်း ဝမ်းမြောက်ဝမ်းသာဖြင့် အော်ဟစ်လိုက်ကြ၏။

ရှောင်းယီက ထိုဒေသခံများကို ကြည့်ကာ အနည်းငယ် သက်ပြင်းချလိုက်မိသည်။

“ဒီဒေသခံတွေက တကယ်ကို ရိုးသားလွန်းတယ်။”

“အမှန်ပဲ မှော်ဆရာကသာ စိတ်ထားကျဉ်းမြောင်းတာ”

ကျန်းယွင်ထျန်းက ယောင်ကို ကြည့်ကာ ပြောလိုက်သည်။

ဘေးနားတွင်ရှိနေသော ယောင်သည် ကျန်းယွင်ထျန်း၏စကားကို နားမလည်နိုင်သော်လည်း သူ၏မျက်လုံးများနှင့် လှုပ်ရှားမှုများမှတစ်ဆင့် သူသည် သူ့ကို မရိုးသားကြောင်းပြောနေသည်အား ရှင်းရှင်းလင်းလင်းသိနိုင်ပေသည်။

ထို့ကြောင့် ယောင်က ချက်ချင်းပင် ပြောလိုက်၏။

“အရှင် ကျွန်တော်လည်း အရမ်းကိုမှ ရိုးရှင်းပါတယ်။”

ရှောင်းယီက သူ့ကို တစ်ချက်စောင်းကြည့်ကာ ပြောလိုက်သည်။

“ဟုတ်လား။ လောလောဆယ်တော့ မင်းက သရဲဘောကြောင်ပြီး သေရမှာကြောက်နေတာလို့ ငါမြင်နေရတယ်။”

“အရှင် ဘဝမှာ အသက်ရှင်နိုင်ဖို့က အရေးအကြီးဆုံးမဟုတ်ဘူးလား။”

ယောင်က ပြန်မေးလိုက်၏။ ရှောင်းယီ အနည်းငယ် ကြောင်အသွားပြီးနောက် ပြန်ပြောလိုက်သည်။

“အမှန်ပဲ။ မင်းပြန်ချင်လား ဒါမှမဟုတ် ငါ့ကျွန်းပေါ်မှာ နေချင်လား။”

ယောင်သည်လည်း ရှောင်းယီ၏စကားကို ကြားလိုက်ရသောအခါ အနည်းငယ် ကြက်သေသေသွားခဲ့သည်။

“ကျွန်တော် ပြန်လို့ရတယ်လို့ ဆိုလိုချင်တာလား”

“ဒါပေါ့”

ရှောင်းယီက ပြန်ဖြေလိုက်သည်။

“ဘာအခြေအနေတွေရှိတာလဲ။”

ယောင်က မျက်မှောင်ကြုံ့ကာ မေးလိုက်၏။

“ဒါပေါ့...ငါနဲ့စာချုပ်ချုပ်ပြီး မင်းကိုပေးတဲ့သတင်းအချက်အလက်တွေကို အမြဲတမ်းပြန်ပြောပြရမယ်။”

ရှောင်းယီက ပြောလိုက်သည်။

“ကျွန်တော့်မှာ ရွေးချယ်စရာမရှိတော့ပုံပဲ။”

ယောင်က ပြောသည်။

“မင်းမှာ အနည်းဆုံး ရွေးချယ်စရာသုံးခုရှိတယ်။ ငါ့ကျွန်းပေါ်မှာနေရမယ်။ နောက်တစ်ခုက သေရမယ်။ ဒါမှမဟုတ် ငါနဲ့စာချုပ်ချုပ်ပြီး ငါနဲ့ပူးပေါင်းရမယ်။”

ရှောင်းယီက ပြန်ဖြေလိုက်သည်။

“ဒါဆို နောက်ဆုံးတစ်ခုကိုပဲ ရွေးလိုက်မယ်”

ယောင်က ခါးသီစွာ ပြုံးလိုက်မိ၏။

“အရမ်းကို အမြော်အမြင်ရှိတဲ့ရွေးချယ်မှုပဲ။”

ရှောင်းယီက ပြောလိုက်သည်။

“ရတနာရှာဖွေဖို့မလာခင်က အထက်ကနေ မင်းကို ညွှန်ကြားချက်တွေပေးခဲ့သေးလား။”

“ပေးခဲ့တယ်။ ငါတို့ကို ရွက်လွှင့်ပြီး ရတနားမြေပုံရဲ့လမ်းကြောင်းအတိုင်း တင်းတင်းကျပ်ကျပ်လိုက်နာခိုင်းခဲ့တယ်။”

ယောင်က ပြန်ဖြေသည်။

“ကျွန်တော်တို့လည်း အထက်ကညွှန်ကြားချက်တွေကို မနာခံဘဲ မနေရဲခဲ့ဘူး။ ဒါပေမယ့် ပင်လယ်ထဲမှာ ရွက်လွှင့်ပြီး တစ်ရက်ပဲနေရရုံရှိသေးတယ် တိုက်ရိုက်တည်နေရာကူးပြောင်းတာခံလိုက်ရတယ်။”

ရှောင်းယီက ခေါင်းညိမ့်ပြီး စိတ်ထဲတွင် ပြောလိုက်မိ၏။

‘ဒါဆို အထက်ကလူတွေက အသက်ရှင်ကျန်ရစ်သူတွေကို လှည့်စားနေတာပဲ။’

လျို့ဝှက်ရတနာနယ်မြေကျွန်းမှ ထွက်ခွာမည့်အချိန်တွင် သူသည် အပျော်စီးသင်္ဘောဖြင့် ကျွန်းကိုပတ်၍ ရှာဖွေခဲ့သော်လည်း အခြားသင်္ဘောများကို မတွေ့ရှိခဲ့ရပေ။ ဆိုလိုသည်မှာ ရှစ်ဖွဲ့အနက် ရှောင်းယီ၊ သေမင်းနတ်ဘုရားနှင့် ဒေသခံနှစ်ဖွဲ့သာ ရွက်လွှင့်လာခဲ့ခြင်းဖြစ်ပြီး အခြားသူများကို တိုက်ရိုက်တည်နေရာကူးပြောင်းကာ ဤနေရာသို့ ရောက်ရှိလာခဲ့ခြင်းဖြစ်ပေသည်။

ပြောရမယ်ဆိုလျှင် ရွက်မလွှင့်လာခဲ့သော အခြားအဖွဲ့များမှာ ရှောင်းယီကိုပင် ကျေးဇူးတင်သင့်ပေသည်။

ရှောင်းယီက သူတို့ကို ကျွန်းပေါ်တွင် ထားဝရနေထိုင်ရန် ထားပေးခဲ့သောကြောင့် အိမ်အပြန်ခရီးအတွက် စဉ်းစားရန် မလိုအပ်တော့ပေ။

ယခုအချိန်တွင် ယောင်သည်လည်း ဆုံးဖြတ်ချက်ချပြီးသွားပြီဖြစ်သောကြောင့် ရှောင်းယီသည် ယောင်ဆီ၌ စာချုပ်ကတ်ကို အသုံးပြုခဲ့ပြီး ယောင်သည် သူ့လူတစ်ဦးဖြစ်လာခဲ့လေသည်။

“ဟို...ကျွန်တော့်ရဲ့ကျွန်းအထိမ်းအမှတ်ကျောက်တိုင်က လုယက်ခံလိုက်ရတော့ ကျွန်တော့်ကျွန်းကို ဖွံ့ဖြိုးတိုးတင်အောင်လုပ်ဖို့က ခက်ခဲလိမ့်မယ်။”

ယောင်က ရှောင်းယီ၏မျက်နှာအမူအရာကိုကြည့်ကာ ပြောလိုက်သည်။

“မင်းလည်း ရိုးသားပါတယ်လို့ပြောခဲ့တယ််မဟုတ်ဘူးလား။ ကျွန်းအထိမ်းအမှတ်ကျောက်တိုင်တစ်ခုလိုချင်ရင် ရှင်းရှင်းလင်းလင်းပြောပေါ့။ အဲ့ဒါကိုတောင် မင်းက လှည့်ပတ်နေသေးတယ်။”

ရှောင်းယီက သူ့ကို ကြည့်ကာ ပြောလိုက်သည်။

“တကယ်ပဲ အရှင့်ကို ဘာမှဖုံးကွယ်ထားလို့မရဘူး။”

ယောင်က သူ၏ခေါင်းကို ကုတ်ကာ ပြန်ဖြေလိုက်သည်။

“ကောင်းပြီ ငါပြန်ရောက်ရင် ဒီပြဿနာကို ဖြေရှင်းဖို့ နည်းလမ်းရှာပေးမယ်။ မင်းကျွန်းရဲ့တည်နေရာကို မှတ်မိသေးလား။”

ရှောင်းယီက မေးလိုက်သည်။

“ကျွန်တော့်ကျွန်းနဲ့ ရတနာနယ်မြေရဲ့ ဆက်စပ်တည်နေရာကိုပဲ မှတ်မိတယ်။”

ယောင်က ပြန်ဖြေသည်။ ရှောင်းယီက ခေါင်းညိမ့်လိုက်၏။

“အဲ့ဒါကို မှတ်ထား။”

သူတို့စကားပြောနေစဉ်အတွင်း အပျော်စီးသင်္ဘောမှာ ရှောင်းယီ၏ကျွန်းနှင့် နီးကပ်လာခဲ့လေသည်။

“မိနစ် ၁၀ အတွင်း ခရီးအဆုံးကို ရောက်ပါတော့မယ်။”

ရှောင်ယောက်က အသိပေးလိုက်သည်။

ထိုအခါ ရှောင်းယီ ကုန်းပတ်ပေါ်သို့ လျှောက်သွားပြီး အဝေးတွင်ရှိနေသောကျွန်းကို ကြည့်ကာပြောလိုက်၏။

“နောက်ဆုံးတော့ အိမ်ပြန်ရောက်ပြီ။”

ကျောက်စရစ်ခဲတို့သည်လည်း အလွန်စိတ်လှုပ်ရှားနေခဲ့ကြသည်။ သူတို့ အိမ်ပြန်ရောက်ပြီး အသိပညာအသစ်များကို ဆက်လက်သင်ယူရဦးမည်ဖြစ်သည်။ ဤရတနာရှာဖွေရေးခရီးကြောင့် နှစ်ရက်နီးပါးနှောင့်နှေးခဲ့ပြီး သူတို့သည် သူတို့၏အဖော်များထက် များစွာနောက်ကျကျန်နေခဲ့တော့မည်ဖြစ်သည်။

ဝုန်း!

ထိုစဉ် ဧရာမနဂါးခေါင်းတစ်ခုသည် အပျော်စီးသင်္ဘော၏ဘေးရှိ ပင်လယ်ထဲမှ ပေါ်ထွက်လာခဲ့လေသည်။

ဒေသဲ့များသည် ချက်ချင်းပင် ဒူးထောက်ချလိုက်ကြကာ တစ်ခုခုကို ပွစိပွစိဖြင့် ရွတ်ဆိုလိုက်ကြလေတော့သည်။

အခန်း ၃၂၇

“အားလုံးပဲ မကြောက်ကြပါနဲ့ ဒါက ငါတို့ရဲ့ အစောင့်အရှောက်သားရဲပါ”

ရှောင်းယီး ချက်ချင်းပြောလိုက်သည်။ ယွမ်ရှီသည်လည်း ခုမှရောက်ရှိလာသော များကိုကို နှစ်သိမ့်ပေးနေခဲ့သည်။ ရှောင်းယီနှင့် ယွမ်ရှီတို့၏စကားများကို ကြားလိုက်ရသောအခါ ဒေသခံများ၏မျက်လုံးများ၌ ထိတ်လန့်မှုနှင့် မယုံကြည်နိုင်မှုများဖြင့် ပြည့်နှက်သွားတော့သည်။

ပင်လယ်ထဲမှ ထွက်လာသော နဂါးခေါင်းသည် သဘာဝအတိုင်း ချင်းလုံပင်ဖြစ်သည်။

“ဝေါင်း!”

ချင်းလုံက ရှောင်းယီကိုကြည့်က ဟန်းဟောက်လိုက်ပြီး သူ၏မျက်လုံးထဲတွင် စိတ်ရှုပ်ထွေးမှုများ ရှိနေခဲ့သည်။

“လှေပေါ်မှာ ထူးခြားတဲ့အငွေ့အသက်တစ်ခုရှိတယ်လို့ ဆိုလိုတာလား။”

ရှောင်းယီက မျက်မှောင်ကြုံ့ကာ မေးလိုက်၏။

ချင်းလုံက ခေါင်းညိတ်ကာ ဆက်လက်ဟိန်းဟောက်လိုက်သည်။

“ဟုတ်တယ် အဲ့ဒါက စွမ်းအားကြီးပင်လယ်သားရဲတစ်ကောင် ဖြစ်သင့်တယ်။ ဒါပေမယ့် စိတ်မပူပါနဲ့။ သူက ငါနဲ့ ယှဉ်နိုင်မှာ မဟုတ်ပါဘူး။”

ရှောင်းယီ ခေါင်းညိမ့်ကြလိုက်သည်။

“အရင်က ငါ့ကို တိုက်ခိုက်ခဲ့တဲ့ ဝေလငါးကြီးများဖြစ်နေမလား”

သို့သော် ချင်းလုံက ထိုသားရဲမှာ သူနှင့်မယှဉ်နိုင်ဟု ဆိုသောကြောင့် အလွန်အမင်း စိုးရိမ်စရာ မလိုအပ်တော့ပေ။

အပျော်စီးသင်္ဘောသည် မကြာမီမှာပင် ဆိပ်ကမ်းသို့ ရောက်ရှိလာပြီး ရှောင်းယီတို့အဖွဲ့ ဆင်းသက်လိုက်ကြ‌လေသည်။

ည ၁၀ နာရီရှီပြီသော်လည်း ယွမ်နွန်နှင့် အခြားသူများသည် ရှောင်းယီ၏ပြန်လည်ရောက်ရှိလာမှုကို ကြိုဆိုရန် ဆိပ်ကမ်းတွင် စောင့်ဆိုင်းနေကြဆဲဖြစ်သည်။

ရှောင်းယီက ယွမ်နွန်နှင့် အခြားသူများကို နှုတ်ဆက်ပြီးနောက် ယွမ်ရှီကို အမိန့်ပေးလိုက်၏။

“ယွမ်ရှီ သူတို့ကို ဘူးရဲ့လက်အောက်ကို အရင်ခေါ်သွားလိုက်။ ပြီးရင်တဲနည်းနည်းလောက်ရှာပြီး ဒီတစ်ညအိပ်တော့ အိပ်ခွင့်ပြုလိုက်ပါ။ မနက်ဖြန်ကျရင် မသူတို့နေဖို့ နေရာစီစဉ်ပေးမယ်။”

“ဟုတ်ကဲ့”

ယွမ်ရှီက တုံ့ပြန်လိုက်သည်။

“အိမ်ပြန်ပြီး အနားယူကြရအောင်။ ပြောစရာတစ်ခုခုရှိရင် မနက်ဖြန်မှ ပြောကြမယ်။”

ရှောင်းယီက အားလုံးကို နှုတ်ဆက်လိုက်သည်။ လူတိုင်း တုံ့ပြန်လိုက်ကြပြီးနောက် သူတို့အခန်းများဆီသို့ ပြန်သွားကြလေတော့သည်။

ရှောင်းယီ သူ၏အိပ်ခန်းသို့ ပြန်ရောက်လာပြီးနောက် ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ရှေ့တွင် ထိုင်ကာ ယီထျန်းဂရုထဲကို ကြည့်လိုက်သည်။

“မစ္စတာယီရန်ပင်းက အဆင့်မြင့်အစားအစာတွေကို ဘယ်တော့ထုတ်ပြန်မှာလဲ။ ငါ မစောင့်နိုင်တော့ဘူး။”

“ဘာလို့ အဲ့လောက်တောင် စိတ်လှုပ်ရှားနေရတာလဲ။ သူဌေးကြီးက ရောင်းမယ်လို့ပြောထားရင် ရောင်းမှာပေါ့။ ဒီနှစ်ရက်အတွင်း တစ်ခုခုကြောင့် နှောင့်နှေးနေတာဖြစ်လောက်တယ်။”

“သူဌေးကြီးကို ဒေသခံတွေ ထပ်ပြီးတိုက်ခိုက်နေတာများလား။”

“ဖြစ်နိုင်တယ်။ သူဌေးကြီးက အမြဲတမ်း အခြားသူတွေနဲ့ ကွဲပြားတဲ့ ဆက်ဆံမှုမျိုးခံရတယ်။ ဒေသခံတွေရဲ့ တိုက်ခိုက်မှုတွေကလည်း သေချာပေါက် ကွဲပြားမှာပဲ။”

“မင်းတို့ဘာတွေပြောနေတာလဲ။ သူဌေးယီရန်ပင်း ရတနာအမဲလိုက်ဖို့ သွားတာပဲ။ မင်းတို့အားလုံးက ဝက်ဦးနှောက်တွေလား။ မနေ့ကတည်းက လူတိုင်း ရတနာမြေပုံအကြောင်းဆွေးနွေးနေတာကို မသိဘူးလား။”

“စုန်းမ! အပေါ်ကလူ ကျေးဇူးပြုပြီး ယဉ်ယဉ်ကျေးကျေး ပြောလို့ရမလား။”

“အမှန်ပဲ ကြက်တွေအကြောင်း မပြောကြတော့ဘူးနဲ့။ မင်းရော ငါ့ရော အားလုံးပဲ ယဉ်ယဥ်ကျေးကျေးနေကြရအောင်ကွာ။”

“ဒါပေမယ့် ဒါက ကြမ်းတမ်းတဲ့စကားလုံးတွေမဟုတ်ဘူးလေ။ သူဌေးကြီးက သေ‌ချာပေါက် ရတနာသွားတူးနေတာပဲ။”

“ရတနာထဲမှာ ဘာတွေပါလဲဆိုတာ သိချင်မိတယ်။”

“မင်းသိချင်ရင် ကိုယ့်ဟာကိုယ် သွားတူးကြည့်လေ။”

“ဒါဆို ငါမှာလည်း ရတနာမြေပုံရှိမှရမှာပေါ့။”

“ရတနာမြေပုံမရှိဘူး အဲ့တော့ ဘာလုပ်ရမှာလဲ။”

“‌အပေါ်ကလူက ယဉ်ကျေးပြီးသားပဲဟ။”

“သူဌေးကြီးက ရတနာမြေပုံက အရမ်းအန္တရာယ်များတယ်လို့ ပြောခဲ့တယ်မဟုတ်လား။ မင်းမှာရှိတယ်ဆိုရင်တောင် မင်းသွားရဲမှာလား။”

“ဒါပေါ့။ စမ်းကြည့်လိုက်လေ။ မင်းရဲ့စက်ဘီးကနေ မော်တော်ဆိုင်ကယ်ဖြစ်ချင်ဖြစ်သွားမှာ‌ပေါ့။ စွန့်စားကြည့်လိုက် မင်းရဲ့မော်တော်ဆိုင်ကယ်က Land Roverဖြစ်သွားလိမ့်မယ်။”

ရှောင်းယီ လူတိုင်း၏စကားများကို ကြည့်ကာ အုပ်ထဲသို့ စာတင်လိုက်၏။

“အားလုံးပဲ စိတ်မပူကြပါနဲ့။ ငါတို့အဖွဲ့က မကြာသေးခင်က အဆင့်မြင့်ပါဝင်ပစ္စည်းတွေကို စီစစ်နေတာပါ။ မကြာခင် ဈေးကွက်မှာတင်ပေးပါ့မယ်။”

“သူဌေးကြီး နောက်ဆုံးတော့ ပေါ်လာပြီ။ သိပ်ကောင်းတယ်။ ငါအုတ်မြစ်ကျောက်တွေ အများကြီးစုထားတယ်။ သူဌေးကိုစောင့်နေတာ။”

“ဟုတ်တယ် ဟုတ်တယ် ငါလည်း ဒီအဆင့်မြင့်အစားအစာတွေအတွက် အုတ်မြစ်ကျောက်တွေအားလုံးကို စုဆောင်းထားတယ်။”

ရှောင်းယီ ခဏရပ်တန့်လိုက်ပြီးနောက် ဆက်ပြောလိုက်သည်။

“ရတနာအကြောင်းဆိုရင် မင်းမှာ သေချာတဲ့စွမ်းအားမျိုးမရှိရင် သွားမရှာပါနဲ့။ ဒီတစ်ခေါက်မှာ အခြေခံအကျဆုံး အစောင့်အရှောက်သားရဲတွေက C အဆင့် သားရဲတွေပဲ။ နောက်ဆုံးအဆင့်မှာဆိုရင် B အဆင့် ကျားတစ်ကောင်ရှိတယ်။ လူတိုင်းပဲ ကိုယ့်ကိုယ်ကိုယ်သူတို့ တိုင်းတာသင့်တယ်။ မင်းတို့ရဲ့စွမ်းအားပေါ်မူတည်ပြီးတော့ သွားမသွား ဆုံးဖြတ်ကြပေါ့။”

“ဝှက်သယ်! C အဆင့်သားရဲလား။ B အဆင့်ကျားလား။ အိုကေ ငါခုနကပြောခဲ့တဲ့စကားကို ပြန်ရုပ်သိမ်းတယ်။ ငါမတိုက်တော့ဘူး။ လောင်းလည်းမလောင်းတော့ဘူး။”

“ဒါက အရမ်းကြမ်းတာပဲ။ သူဌေးကြီးတို့အဖွဲ့ပဲ ကိုင်တွယ်နိုင်မယ်ထင်တယ်။”

“သူဌေးကြီးက ရတနာတွေအားလုံးကို ထပ်ဖမ်းမိပြန်ပြီထင်တယ်။ သူဌေးကြီးက တကယ်အံ့ဩစရာကောင်းတယ်။”

“သူဌေး ရတနာထဲမှာ ဘာတွေပါလဲဆိုတာ နည်းနည်းလောက်ပြောပြပေးနိုင်မလား။”

“ပုံစံကွက်အနည်းငယ်၊ ရေသန့်စက်၊ ပင်လယ်ဆားထုတ်စက်၊ အုတ်မြစ်ကျောက်။”

ရှောင်းယီက ရိုးရိုးရှင်းရှင်းပင် ပြန်ဖြေလိုက်သည်။

“ဟူး...ရတနာက တကယ့်ကိုရတနာပဲ။ ပုံစံကွက်တစ်ခုကိုတောင် တိုက်ရိုက်ဖန်တီးပစ်လိုက်တယ်။ ဒါ့အပြင် ရေသန့်စက်နဲ့ ဆားထုတ်လုပ်စက်လည်းပါသေးတယ်။ အဲ့ဒါတွေကလည်း ဆွဲဆောင်မှုအရမ်းရှိတယ်။”

“ငါနောက်ထပ်စမ်းကြည့်ချင်စိတ်ဖြစ်မိသွားပြီ။”

ရှောင်းယီ ပြုံးလိုက်ပြီး အုပ်စုထဲတွင် စကားဆက်မပြောတော့ဘဲ ရတနာရှာဖွေရေးခရီးစဉ်မှ ရရှိခဲ့သော ပုံစံကွက်အားလုံးကို ကျွန်းအထိမ်းအမှတ်ကျောက်တိုင်တွင် အသုံးပြုလိုက်သည်။

ထို့နောက် C အဆင့်ရေသန့်စက်နှစ်လုံးနှင့် ပင်လယ်ဆားထုတ်စက်သုံးလုံးကို ထုတ်လုပ်ကာ ဗီလာ၏ ပထမအထပ်တွင် ထားလိုက်သည်။

“ကိုယ့်အိပ်ယာမှာ ကိုယ်အိပ်ရတာက ပိုပြီးသက်တောင့်သက်သာရှိတာပဲ။”

ထို့နောက် ရှောင်းယီ အိပ်ယာပေါ်သို့ ခုန်တက်ကာ အိပ်ပျော်သွားခဲ့သည်။

နောက်တစ်နေ့မနက် ရှောင်းယီ နိုးလာသည်နှင့် စနစ်၏သတိပေးချက်ကို လက်ခံရရှိခဲ့လေသည်။

“ဒင်! နှစ်ဆရိတ်သိမ်းခြင်းအကျိုးသက်ရောက်မှုကို စတင်လိုက်ပါပြီ။ အကျိုးသက်ရောက်မှုက တစ်ရက်ကြာပါမည်။”

“နှစ်ဆပျော်ရွှင်မှု ထပ်ရောက်လာပြီ။”

ရှောင်းယီ စိတ်လှုပ်ရှားသွားပြီး ဝေါ်ကီတော်ကီကို ကောက်ကိုင်ကာ ပြောလိုက်၏။

“ဒီနေ့ရိတ်သိမ်းရမယ့်အလုပ်တွေကို ငါဂရုစိုက်လိုက်မယ်”

“ကောင်းပြီ။”

လူတိုင်းက ချက်ချင်းပင် တုံ့ပြန်လိုက်ကြသည်။

ရှောင်းယီ အိပ်ယာပေါ်မှ ချက်ချင်းထပြီး မျက်နှာသစ်၊ ပါးလုပ်ကျင်းပြီးနောက် တိတ်တဆိတ်ပြောလိုက်၏။

“စနစ် လက်မှတ်ထိုးဝင်မယ်။”

“လက်မှတ်ထိုးဝင်ခြင်း အောင်မြင်ပါသည်။ ရရှိသောဆုလာဘ်- သတ္တုရိုင်းသန့်စင်စက် (SSS အဆင့်) ၁။”

“အပြင်ထွက်ပြီး နှစ်ဆရိတ်သိမ်းမှုကို ရယူလိုက်ပါ။ ရရှိသောဆုလာဘ်- သတ္တုရိုင်းသန့်စင်စက် (SSS အဆင့်) ၂။”

“သတ္တုရိုင်းသန့်စင်စက် (SSS အဆင့်)- ၎င်းသည် သတ္တုရိုင်းများမှ သတ္တုများကို ခွဲထုတ်နိုင်ပြီး သတ္တုများတွင်ပါဝင်သော အညစ်အကြေးများကို ဖယ်ရှားခြင်း သို့မဟုတ် သတ္တုများထဲသို့ ကွန်ပေါင်းများ ထည့်သွင်းကာ လိုအပ်သောသတ္တုများကို သန့်စင်နိုင်သည်။ အလိုအလျောက်နှင့် ဉာဏ်ရည်ဖြင့် လည်ပတ်သည်။ လူသားများ ဝင်ရောက်စွက်ဖက်ရန် မလိုအပ်ပေ။”

ရှောင်းယီ ထိုဆုလာဘ်ကို ကြည့်ကာ မေးလိုက်သည်။

“ဒါဆို သတ္တုပြန်ကြောတွေကို သူ့ဘာသာသူ ရှာဖွေပြီး သူ့ဘာသာသူ တူးဖော်သန့်စင်နိုင်မှာလား။”

“မဟုတ်ပါ။ ၎င်းတွင် သန့်စင်မှုလုပ်ဆောင်ချက်များ လုပ်ဆောင်ရန် သတ္တုရိုင်းလိုအပ်ပါသည်။”

“ဒါက ဘယ်လိုလုပ်ပြီး အလိုအလျောက်ဖြစ်နိုင်မှာလဲ။ လက်နဲ့တူးနေရဦးမှာပဲကို။”

ရှောင်းယီက ညည်းညူလိုက်သည်။

“ငါ့ကျွန်းမှာ သတ္တုကြောတွေ ဖွဲ့စည်းထားလားဆိုတာ မသိသေးဘူး။ မရှိရင်တော့ ဒီဟာကို ဖုန်တက်နေတဲ့ ဂိုဒေါင်ထဲမှာပဲ ထားရတော့မယ်။”

စနစ်သည် ရှောင်းယီ၏စကားများကို ရိုးရှင်းစွာပင် လျစ်လျူရှုကာ တိတ်ဆိတ်မှုဖြင့်သာ တုံ့ပြန်ခဲ့သည်။

ရှောင်းယီ ရွေးချယ်စရာမရှိတော့ဘဲ ထရပ်ပြီး ပင်လယ်ငါးများအား အရင်ရိတ်သိမ်းရန် ထွက်လာခဲ့လိုက်သည်။

“ရရှိသောပစ္စည်းများ - ပင်လယ်ငါး... နှစ်ဆရိတ်သိမ်းမှုကို အသက်သွင်းလိုက်ပါပြီ။ ရရှိသောပစ္စည်းများ - ပင်လယ်ငါး (A-အဆင့်) ၈၀၁ ကီလို၊ ပင်လယ်ငါး (B အဆင့်) ၁၈၆၅ ကီလို၊ ပင်လယ်ငါး (C အဆင့်) ၂၀၄၅၀ ကီလို။”

ထိုရိတ်သိမ်းမှုများကို ကြည့်ရင်း ရှောင်းယီက အန်းယွဲ့ကိုမေးလိုက်၏။

“ဦးလေးအန်း မကြာသေးခင်က ပင်လယ်ငါးအရေအတွက်ကို မှတ်တမ်းတင်ထားတာရှိလား။”

“အင်း အမြဲတမ်း ဒီပမာဏအတိုင်းပဲ ရှိနေတယ်။ အခု အလိုအလျောက်ငါးဖမ်းပိုက်က ထောက်ပံ့ပို့ဆောင်ရေးသေတ္တာတွေကို ဖမ်းစရာမလိုတော့ဘူးဆိုရင်တောင် ဖမ်းမိတဲ့ ပင်လယ်ငါးကတော့ အတူတူပဲ။ ဒါမှမဟုတ် နည်းနည်းတော့ လျော့သွားတာမျိုးလည်းဖြစ်နိုင်တယ်။”

အန်းယွဲ့က ပြန်ဖြေလိုက်သည်။

“ဒါပေမယ့် အတိအကျတော့မဟုတ်ဘူး။ ငါ့ခံစားချက်ပေါ်မူတည်ပြီး တွက်ထားတာ။”

ရှောင်းယီက ခေါင်းညိမ့်လိုက်သည်။

“ကျွန်တော်တို့ ကန်ထဲမှာလည်း ငါးမဖမ်းလို့မရဘူးထင်တယ်။ အခုကစပြီး သုံးရက်တစ်ကြိမ်လောက် ငါးဖမ်းကြရအောင်။”

“အင်း ကောင်းပြီ။”

အန်းယွဲ့က တုံ့ပြန်လိုက်သည်။

ငါးများကိုရိတ်သိမ်းပြီးနောက် ရှောင်းယီ ခြံထဲသို့ နည့်တည့်လျှောက်သွားခဲ့သည်။ တကယ်တမ်းတွင် ခြံထဲရှိ ရိတ်သိမ်းမှုများကို သူ၏ စိုက်ပျိုးရေးလက်ထောက်များက ရိတ်သိမ်းပေးနေသ၍ သူသွားလုပ်ရန် မလိုအပ်ပေ။

စိုက်ပျိုးရေးလက်ထောက်သည် ရှောင်းယီနှင့် သက်ဆိုင်ပြီး ၎င်း၏ရိတ်သိမ်းမှုသည် ရှောင်းယီ၏ရိတ်သိမ်းမှုနှင့် ညီမျှပေသည်။

စိုက်ပျိုးရေးလက်ထောက်များ ရိတ်သိမ်းထားသော ကောက်ပဲသီးနှံများကို ဂိုဒေါင်ထဲသို့ တိုက်ရိုက်ပင် ထည့်ပစ်လိုက်နိုင်၏။

အလိုအလျောက်ငါးဖမ်းပိုက်သည် ဉာဏ်ရည်တုမပါဝင်သောကြောင့် ဖမ်းမိသောငါးများကို ကမ်းခြေပေါ်တွင်သာ ထားနိုင်ပေသည်။ ဤနည်းအားဖြင့် ကျွန်းအထိမ်းအမှတ်ကျောက်တိုင် သို့မဟုတ် စနစ်သည် ၎င်းကို ရိတ်သိမ်းမှုတစ်ခုအဖြစ် မှတ်ယူမည်မဟုတ်ပေ။ ပင်လယ်ငါးများကို ထိုနေရာသို့သွားကာသာ ရိတ်သိမ်းရမည်ဖြစ်သည်။

ရှောင်းယီ ခြံထဲသို့မဝင်ခင်မှာပင် ယွမ်နွန်၏အသံကို ကြားလိုက်ရလေသည်။

All Chapters