← Chapters

အခန်း (၃၂၈-၃၃၀)

Vol. 22 Ch. 328-330

အခန်း (၃၂၈-၃၃၀)

Vol. 22 Ch. 328-330

အခန်း ၃၂၈

“ဒါက ဂျုံပျိုးပင်ပဲ။ ကြက်သွန်မိတ်နဲ့ အရမ်းဆင်တူတယ်။ သေချာကြည့်မယ်ဆိုရင် ဂျုံပျိုးပင်ရဲ့ အရွက်မျက်နှာပြင်မှာ အမွေးအမှင်တွေရှိတာကို မြင်ရလိမ့်မယ်...”

ရှောင်းယီ ထိုအသံနောက်သို့လိုက်သွားသောအခါ ယွမ်နွန်အား ဒေသခံအုပ်စုကြီးက အလယ်တွင်ဝိုင်းရံထားသည်ကို တွေ့လိုက်ရလေသည်။ ဒေသခံများသည် ယွမ်နွန်၏ရှင်းပြနေသောအချက်များကို အလွန်အာရုံစူးစိုက်ကာ နားထောင်နေခဲ့ကြသည်။

သူတို့ ထိုကဲ့သို့အလွန်လေးနက်နေခြင်း၏ တစ်စိတ်တစ်ပိုင်းမှာ ဤအသိပညာများသည် သူတို့အတွက် အလွန်ဆန်းသစ်လွန်းနေပြီး နောက်တစ်ခုမှာ သူတို့သေချာမနားထောင်လျှင် နားမလည်နိုင်သောကြောင့်ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော သူတို့၏ ရှားဘာသာစကား မကျွမ်းကျင်သေးသောကြောင့်ဖြစ်သည်။

ရှောင်းယီလာနေသည်ကို မြင်သောအခါ ယွမ်နွန်သည် သူ့ပတ်လည်ရှိ ဒေသခံများကို ပြောလိုက်သည်။

“မင်းတို့ အရင်ဆုံး ကိုယ့်ဘာသာကိုယ် လေ့လာကြည့်လိုက်ကြဦး။”

“ဟုတ်ကဲ့!”

ထိုသူများက တုံ့ပြန်လိုက်ကြသည်။

“သူတို့တွေ အရမ်းကို လေးလေးနက်နက် လေ့လာနေကြပုံပဲ။”

ရှောင်းယီက ပြုံးကာပြောလိုက်၏။ ယွမ်နွန်က ခေါင်းညိမ့်လိုက်သည်။

“အခုထိ ဘာသာစကားကို မကျွမ်းကျင်သေးပေမယ့် သူတို့မှာ ကောင်းမွန်တဲ့သဘောထားပြီး အတော်လေးတော်ကြတယ်။”

“အင်း ဒီလိုဆိုရင် နောက်ပိုင်းမှာ ဦးလေး အရမ်းကြိုးစားစရာမလိုတော့ဘူး”

ရှောင်းယီက ပြောလိုက်သည်။

“ဒါက ဘာကြိုးစားစရာလို့လဲ။ အခုလည်း ငါအရမ်းအဆင် ပြေနေတာပဲ။”

ယွမ်နွန်က ပြန်ဖြေလိုက်သည်။

“မင်းကိုယ်တိုင် ရိတ်သိမ်းချင်လို့လား။”

“မဟုတ်ပါဘူး။ ဦး‌လေးပဲ လက်ထောက်တွေကို ရိတ်သိမ်းဖို့ ကူညီပေးလိုက်ပါ။ ကျွန်တော်က လာကြည့်ရုံပဲ။”

ရှောင်းယီက ပြန်ဖြေလိုက်သည်။

ထိုအချိန်တွင် ဒေသခံတစ်ဦးသည် ချဉ်းကပ်လာပြီး ရှောင်းယီကို ရိုသေစွာနှုတ်ဆက်လိုက်၏။

“အရှင်!”

ထို့နောက် ယွမ်နွန်ကိုကြည့်ကာ ပြောလိုက်သည်။

“ရှန်းနွန် ကျွန်တော်တို့မှာ မေးခွန်းတစ်ခုရှိပါတယ်။ ဖြေပေးနိုင်မယ်လို့ မျှော်လင့်ပါတယ်။”

သူ၏လေသံမှာ အနည်းငယ် တောင့်တင်းနေသော်လည်း အဓိပ္ပာယ်ကို အတော်လေး ရှင်းရှင်းလင်းလင်း ဖော်ပြထားသည်။

“ရှန်းနွန်?”

ယွမ်နွန်သည် ထိုဘွဲ့ကို ကြားလိုက်ရသောအခါ အံ့အားသင့်သွားပြီး အလျင်အမြန် ပြောလိုက်၏။

“ဒီဘွဲ့ကို ငါ မခံယူနိုင်ဘူး။”

ရှောင်းယီသည်လည်း ခဏတာ အံ့အားသင့်သွားပြီး လေးနက်စွာပြောလိုက်သည်။

“ဘာလို့ မခံယူနိုင်တာလဲ။ သူတို့အတွက်တော့ ဦးလေးက ဆေးဖက်ဝင်အပင်တွေအားလုံးကို သိတဲ့ စိုက်ပျိုးရေးနတ်ဘုရားပဲ။ အရင်ကမ္ဘာမှာတောင် ဦးလေးရဲ့အောင်မြင်မှုတွေက ဒီစကားလုံးနှစ်လုံးကို ခံယူနိုင်သေးတယ်။”

ရှောင်းယီက ထိုဒေသခံကို ကြည့်ကာ မေးလိုက်သည်။

“မင်းတို့က ဘာလို့ သူ့ကို ရှန်းနွန်လို့ခေါ်တာလဲ။”

“အရှင်တို့အားလုံးက သူ့ကို ‘ဆရာကြီး’ လို့ခေါ်ကြတယ်။ ကျွန်တော်တို့ ခွဲခြားလို့မရဘူး။ လယ်သမားက စိုက်ပျိုးရေးအကြောင်းအားလုံးသိပြီး နတ်ဘုရားတစ်ပါးလိုပဲ။ အဲ့ဒါကြောင့် ကျွန်တော်တို့က သူ့ကို ရှန်းနွန်လို့ခေါ်တယ်”

ထိုဒေသခံ၏ မျက်လုံးထဲတွင် ဘာနှင့်မှနှိုင်းယှဉ်၍မရနိုင်သော ကြည်ညိုလေးစားမှုများ ပေါ်လွင်နေခဲ့သည်။

“အမှန်ပဲ နောက်ပိုင်းမှာ မင်းတို့ သူ့ကို ရှန်းနွန်လို့ ခေါ်လို့ရတယ်။”

ရှောင်းယီက ပြောလိုက်သည်။

“ဟုတ်ကဲ့ပါ အရှင်”

ထိုဒေသခံက ဝမ်းသာအားကဖြင့် ပြန်ဖြေလိုက်သည်။

သူတို့၏အရှင်က ယွမ်နွန်အတွက် သူတို့ပေးထားသည့်အမည်ကို အတည်ပြုပေးလိုက်ခြင်းက သူတို့အားလုံးကို အလွန်စိတ်လှုပ်ရှားသွားစေခဲ့သည်။

“ဦးလေးယွမ် ဦးလေး သူတို့ကို အရင်သင်ပေးလိုက်ပါ။ ကျွန်တော် ကြက်ဥသွားကောက်လိုက်ဦးမယ်။”

ထိုသို့ပြောပြီးနောက် ရှောင်းယီ ကြက်ဘဲမွေးမြူရေးနေရာဆီသို့ လျှောက်သွားခဲ့သည်။

“ရရှိသောပစ္စည်းများ -..., နှစ်ဆရိတ်သိမ်းမှုကို အသက်သွင်းလိုက်ပါပြီ။ ရရှိသောပစ္စည်းများ- ကြက်ဥ ( A အဆင့်) ၄၅၆၈။”

ကြက်ဥများကို ကောက်ယူယူပြီးနောက် ရှောင်းယီသည် ကြက်ဘဲမွေးမြူရေးနေရာ၏ထောင့်တစ်ခု၌ အစားအစာရှာဖွေနေသော ဘဲပေါက်သုံးကောင်ကို တွေ့လိုက်ရ၏။

“ဘဲ (B အဆင့်)- သာဘဲ၊ သင့်လျော်သောအသားနှင့်ဥများရရှိရန် မွေးမြူထားသည်။ လက်ရှိတွင် အာဟာရချို့တဲ့မှုဖြစ်နေသည်။”

“ဒီဒူခန်းရဲ့ကံက တကယ်ကောင်းတာပဲ။ B အဆင့် ဘဲကိုတောင် ရနိုင်တယ်။”

ရှောင်းယီက ရေရွတ်လိုက်သည်။

ဒူခန်းသည် အလွန်ကံကောင်းသော်လည်း သူတို့အတွက် အစားအစာများကို လုံးဝမထောက်ပံ့ပေးနိုင်ပေ။ B အဆင့်အစားအစာများကို ကြက်နှင့်ဘဲများအား ကျွေးမွေးလိုသူ မည်သူရှိပါမည်နည်း။

B အဆင့်အစားအစာဖြစ်ပါက အသက်ရှင်ကျန်ရသ်သူများသည် သူတို့ကိုယ်တိုင် ဦးစွာစားသုံးကြမည်ဖြစ်သည်။

B အတဆင့်အစားအစာကို ထုတ်လုပ်နိုင်ခြေရှိမရှိဆိုသည်မှာ နောက်ထပ်မေးခွန်းတစ်ခုဖြစ်သည်။

ပြီးနောက် ရှောင်းယီ ယွမ်နွန်ဆီသို ပြန်လျှောက်သွားပြီး သတိပေးလိုက်သည်။

“အဲ့ဒီဘဲသုံးကောင်ကို ပိုဂရုစိုက်လိုက်ဦး။ သူတို့က အာဟာရချို့တဲ့နေတယ်။”

“အင်း ငါ သူတို့ကို C အဆင့်ရေသန့်နဲ့ S အဆင့်မြက်ခင်းတွေ ကျွေးထားပြီးပြီ။”

ယွမ်နွန်က ပြန်ဖြေလိုက်သည်။ ရှောင်းယီက အိုကေလက်ဟန်ပြပြီး ထွက်လာခဲ့သည်။

ခြံကြီးထဲမှ ထွက်သည်နှင့် ကျန်းယွင်ထျန်းသည်လည်း ယောင်နှင့်အတူ သူ့ဆီသို့ လျှောက်လာလေသည်။

“ရှောင်းယီက ဒီကောင်ကဘာပြောချင်တာလဲမသိဘူး။ ငါလည်းနားမလည်ဘူး”

ကျန်းယွင်ထျန်းက ပြောလိုက်သည်။

ရှောင်းယီက ယောင်ကို သံသယအကြည့်ဖြင့် ကြည့်လိုက်၏။

“အရှင်...အရှင် ကျွန်တော့ကို ပြန်သွားနိုင်တယ်လို့ မပြောခဲ့ဘူးလား။ အဲ့ဒါ ကျွန်တော်ဘယ်တော့ပြန်ရမှာလဲ။”

ယောင်က ပြောလိုက်သည်။

“ငါ အဲ့အကြောင်းကို မေ့သွားတာပဲ။”

ရှောင်းယီက ပြောလိုက်သည်။

“အစ်ကိုကျန်း ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ပါတဲ့ အလတ်စားရွက်လှေတစ်စင်း သူ့ကိုပေးလိုက်ပါ။ ရတနာနေရာနဲ့ သူ့တည်နေရာနဲ့ အကွာအဝေးပေါ်မူတည်ပြီး သူ့ကျွန်းရဲ့တည်နေရာကို အကြမ်းဖျင်းအတည်ပြုနိုင်တယ်။ သူ့ဟာသူပြန်ခွင့်ပြုလိုက်။”

ကျန်းယွင်ထျန်း အနည်းငယ် အံ့အားသင့်သွားပြီးနောက် မေးလိုက်၏။

“မင်း ဒီလိုလုပ်မှာ သေချာလား။”

သူ၏အမြင်တွင် ထိုသို့ပြုလုပ်ခြင်းမှာ ကျွန်းအထိမ်းအမှတ်ကျောက်တိုင်တစ်ခုကို ဖြုန်းတီးလိုက်ခြင်းပင်ဖြစ်လေသည်။

ရှောင်းယီက ရှင်းပြလိုက်၏။

“အရင်က နက်မျိုးနွယ်စုကို တိုက်ခိုက်ခဲ့တုန်းက သူတို့ရဲ့မှော်ဆရာကိုသတ်ပြီး သူတို့ရဲ့ကျွန်းအထိမ်းအမှတ်ကျောက်ကျောက်လက်စွပ်ကို သိမ်းယူပြီး ဘူးကိုအသုံးပြုခွင့်ပေးခဲ့တယ်။ ဒါပေမယ့် ငါတို့ရဲ့ ကျွန်းအထိမ်းအမှတ်ကျောက်တိုင်နဲ့ ချည်နှောင်ပြီးတဲ့နောက်မှာ ကျွန်းအထိမ်းအမှတ်တိုင်လက်စွပ်က အထက်ကနေ အကြောင်းကြားချက်တွေနဲ့ ဂရုစိုက်မှုတွေကို လက်ခံလို့မရတော့တာကို တွေ့ခဲ့ရတယ်။”

ကျန်းယွင်ထျန်းသည် ထိုစကားကို ကြားလိုက်ရသောအခါ ချက်ချင်းပင် နားလည်သွားခဲ့သည်။

ရှောင်းယီသည် မှော်ဆရာယောင်နှင့် စာချုပ်ချုပ်ဆိုခြင်းသာလုပ်ဆောင်ပြီး သူ၏ကျွန်းအထိမ်းအမှတ်ကျောက်ကျောက်လက်စွပ်ကို မထိဘဲ ထားခဲ့၏။ ယခု သူသည် သူ့ကို ကျွန်းအထိမ်းအမှတ်ကျောက်တိုင်တစ်ခုပင် ပေးလိုက်ပြီဖြစ်သည်။ သို့မှသာ ယောင်သည် ဒေသခံမျိုးနွယ်စုများ၏ စောင့်ရှောက်မှုကို ရရှိနိုင်ဦးမည်ဖြစ်သည်။

ဤနည်းအားဖြင့် ရှောင်းယီသည် အထက်ကလုပ်ဆောင်ချက်များကို ကြိုတင်သိရှိနိုင်မည်ဖြစ်သည်။

“မင်းရဲ့အတွေးကို ငါနားလည်ပြီ။ ငါ အခုချက်ချင်းလုပ်လိုက်မယ်။ သူ့တို့နှစ်ယောက်လုံးကို အတူတူပြန်ခိုင်းဖို့ စီစဉ်ချင်လား။”

ကျန်းယွင်ထျန်း မေးလိုက်သည်။

“မလိုအပ်ဘူး။ သူ့ဟာသူပြန်ခွင့်ပြုလိုက်ပါ။ ပင်လယ်နတ်ဘုရားရုပ်တုကို သူ့ကိုငှားပေးလိုက်။”

ရှောင်းယီက ပြောလိုက်သည်။

ရှောင်းယီ ယောင်ကို ထိုကိစ္စအား ရှင်းပြလိုက်ပြီး ယောင်ကလည်း သဘောတူခဲ့သည်။

ရှောင်းယီ ရှင်းပြပြီးနောက် ကျန်းယွင်ထျန်းသည် ယောင်ကို ဆိပ်ကမ်းဆီသို့ ခေါ်ဆောင်သွားခဲ့သည်။

ဆိပ်ကမ်းသို့ရောက်သောအခါ ကျန်းယွင်ထျန်းက အလတ်စားရွက်လှေတစ်စင်းကို ညွှန်ပြကာ သူ့ကို တက်ရန် အမူအရာပြလိုက်သည်။

ယောင်က ခေါင်းညိမ့်ကာ ရွက်လှေပေါ်သို့တက်ကာ ရွက်လှေနှင့် ရှောင်းယီ၏ ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ကို သူ၏ကိုယ်ပိုင်အဖြစ် သိမ်းပိုက်ပြီး ရှောင်းယီကို မိတ်ဆွေစာရင်းတွင် ထည့်လိုက်သည်။

“အရှင် ကျွန်တော်မြေပုံကိုကြည့်လိုက်တော့ ဒီကနေ ကီလိုမီတာတစ်သောင်းလောက်ဝေးတယ်။ အထက်ကပို့လိုက်တဲ့ ဦးတည်ချက်ကျောက်က ကျွန်တော့်ဆီမှာ ရှိသေးတယ်။ အဲ့ဒါကို အသက်သွင်းလိုက်ရင် လမ်းပေါ်မှာ။အချိန်ကုန် သက်သာစေနိုင်တယ်။”

ယောင်က ပြောလိုက်သည်။

ဦးတည်ချက်ကျောက်သည် သတ်မှတ်ထားသည့်နေရာသို့ တည်နေရာကူးပြောင်းနိုင်သည့် ကိရိယာတစ်ခုဖြစ်ပြီး ဒေသခံမျိုးနွယ်စုတစ်ခုစီတိုင်းတွင် အသက်ရှင်ကျန်ရစ်သူမှား၏ကျွန်းတစ်ခုစီတိုင်းကို ပစ်မှတ်ထားထားပေသည်။

ယောင်သည် သူ့မျိုးနွယ်စု ပစ်မှတ်ထားသည့်ကျွန်းကို သိမ်းပိုက်ထားပြီးဖြစ်သော်လည်း ဦးတည်ချက်ကျောက်ကို သူ၏လက်ထဲတွင် ဆက်လက်ထိန်းသိမ်းထားခဲ့ပြီး ယခုအခါတွင် ၎င်းမှာ အသုံးဝင်လာပြီဖြစ်သည်။

“ဦးတည်ချက်ကျောက်မှာ ဒီလိုမျိုး မှော်ဆန်တဲ့သက်ရောက်မှုရှိတာ သိလိုက်ရတာပဲ။”

ရှောင်းယီ အနည်းငယ်အံ့အားသင့်သွားခဲ့သည်။

အစပိုင်းတွင် ဦးတည်ချက်ကျောက်သည် သတ်မှတ်ထားသည့်နေရာသို့ တည်နေရာကူးပြောင်းရန်အတွက်သာဖြစ်သည်ဟု တွေ့ခဲ့ရသောအခါက ရှောင်းယီသည် ၎င်းကို အသုံးမဝင်ဟု ခံစားခဲ့ရသည်။ ယခုစဉ်းစားကြည့်ပါက သင်သည် မည်သည့်နေရာတွင်ရှိစေကာမူ ဤဦးတည်ရာကျောက်ကို အသုံးပြုနိုင်သည်။ ဒေသခံကျွန်းသို့ ပြန်သွားရန် သို့မဟုတ် သတ်မှတ်ထားသော အသက်ရှင်ကျန်ရစ်သူကျွန်းသို့ သွားရန် ရွေးချယ်နိုင်ပေသည်။

ဟုတ်ပါသည်။ အကြောင်းပြချက်တစ်ခုမှာ ဦးတည်ချက်ကျောက်၌ စွမ်းအင်အပြည့်ရှိနေသောကြောင့်ပင်။

“အဲ့ဟာက ဒေသခံတွေကို ကိုင်တွယ်တဲ့နေရာမှာ အရမ်းအဆင်ပြေတယ်။”

ရှောင်းယီ ရေရွတ်လိုက်သည်။

သို့ရာတွင် အသက်ရှင်ကျန်ရစ်သူများသည် ဒေသခံများကို ကိုင်တွယ်ဖြေရှင်းနိုင်ပြီး ဦးတည်ချက်ကျောက်ကို ပြန်လည်သိမ်းပိုက်နိုင်ပါက သူကိုယ်တိုင်အသုံးပြုနိုင်မည်ဖြစ်သည်။

ရှောင်းယီ စိတ်ထဲမှ သက်ပြင်းချလိုက်မိသည်။ သူ၏စဉ်းစားပုံမှာ ကျပ်ခဲနေပုံပင် သို့မဟုတ်ပါက သူပြန်ရောက်သည်မှာ ကြာပြီဖြစ်လိမ့်ပေမည်။

နက်မျိုးနွယ်စု၏ ဦးတည်ချက်ကျောက်မှာ ရှောင်းယီထံတွင် အမြဲတမ်း ရှိနေခဲ့သည်။

ခေါင်းကို ခါယမ်းလိုက်ပြီးနောက် ရှောင်းယီ ယီထျန်းဂရုထဲ၌ သတင်းတစ်ပုဒ်တင်လိုက်၏။

“ဒီနေ့မွန်းတည့် ၁၂ နာရီက‌နေစတင်ပြီး အဆင့်မြင့်အစားအစာတွေကို တင်သွင်းမည်ဖြစ်ပြီး လူတိုင်း ပံ့ပိုးကြမယ်လို့ မျှော်လင့်ပါတယ်။”

ထိုနည်းတူပင် ရှောင်းယီသည် ဆုဝမ်အား ဘာသာစကားအမျိုးမျိုးဖြင့် အများသုံးချန်နယ်ပေါ်တွင် ထိုသတင်းကို ကြေညာရန် တောင်းဆိုခဲ့သည်။

လက်ရှိအချိန်သည် မနက် ၉:၃၀ ဖြစ်ပြီး ပြင်ဆင်ချိန်အချိန် အနည်းဆုံး နှစ်နာရီခွဲရှိသေးပြီး လူတိုင်းအတွက် တုံ့ပြန်နိုင်ရန် အချိန်လုံလောက်ပေသည်။

နှုတ်မှတဆင့် ပျံ့နှံ့သွားပါက ထိုအချိန်တွင် မသိသည့်သူ မည်သူမျှရှိကြတော့မည် မဟုတ်ပေ။

သို့သော် ရှောင်းယီသည် ဤအဆင့်မြင့်အစားအစာများကို မည်သို့စျေးနှုန်းသတ်မှတ်ရမည်ကိုမူ ဂရုတစိုက်စဉ်းစားရန် လိုအပ်ပေသည်။

အခန်း ၃၂၉

ဤဖွံ့ဖြိုးတိုးတက်မှုကာလပြီးနောက် လက်ရှိအသက်ရှင်ကျန်ရစ်နေသူများ၏ ကျွန်းများအားလုံးသည် အနည်းဆုံးသစ်တောကြီးတစ်ခုအဖြစ် ပြောင်းလဲသွားပြီဖြစ်ကာ လူတိုင်းသည် အခြေခံအားဖြင့် အငတ်ဘေးကို ခံစားနေရခြင်းမရှိတော့ပေ။

သာမန်အစားအစာများမှာ ယခုအချိန်၌ အလွန်ဈေးပေါနေပြီဖြစ်သည်။ မည်သည့်ရင်းမြစ်တစ်ခုတည်းကိုမဆို သာမန်အစားအစာအများအပြားနှင့် လဲလှယ်နိုင်ပေသည်။

သို့သော် ရေချိုမှာမူ အလွန်အရေးကြီးသော ကုန်ကြမ်းတစ်ခုအဖြစ် ဆက်လက်တည်ရှိနေဆဲဖြစ်သည်။ လူတိုင်းတွင် ရေသန့်စက်မရှိကြပေ။ လူတိုင်းတွင် ရေချိုကိုယ်တိုင်ထုတ်လုပ်နိုင်သော နည်းပညာလည်းမရှိကြပေ။

ထို့အပြင် ပင်လယ်ငါးများနှင့်ပတ်သက်လျှင် အချို့သောလူများတွင် ငါးမျှားတံများ သို့မဟုတ် ပိုမိုကောင်းမွန်သောငါးဖမ်းပိုက်များရှိကြပြီး ပုံမှန်အားဖြင့် ငါးအချို့ဖမ်းမိကြသည်။

သို့သော် ရှောင်းယီကဲ့သို့ အလိုအလျောက်ငါးဖမ်းပိုက်ကဲ့သို့သော ပလပ်အင်ကစ္စည်းတစ်ခုကို မည်သူမျှ မပိုင်ဆိုင်နိုင်ကြပေ။

အခြားအသက်ရှင်ရစ်နေသူများ၏ ကမ်းရိုးတန်းများသည် ရှောင်းယီကဲ့သို့ ရှည်လျားခြင်းမရှိသောကြောင့် ပင်လယ်အရင်းအမြစ်များသည် ပင်လယ်ငါးအပါအဝင် သဘာဝအားဖြင့် အလွန်နည်းပါးပေသည်။

ထို့အပြင် ကျွန်း၏အရွယ်အစားကန့်သတ်ချက်ကြောင့် ၎င်းတို့၏သစ်တောများသည် ရှောင်းယီကဲ့သို့ လျင်မြန်စွာ ဆင့်ကဲပြောင်းလဲနိုင်ခြင်းမရှိဘဲ ယုန်ကဲ့သို့သော သေးငယ်သည့်တိရစ္ဆာန်များပင် မပေါ်ပေါက်ကြသေးပေ။

ရှောင်းယီ၏ ထိုအကျိုးကျေးဇူးများအားလုံးသည် လက်မှတ်ထိုးဝင်ခြင်းစနစ်နှင့် စနစ်သတိပေးချက်များပေါ်တွင် အခြေခံထားခဲ့ခြင်းဖြစ်သည်။

စနစ်၏သတိပေးချက်မရှိပါက ရှောင်းယီသည် သစ်ပင်များနှင့် ကျောက်တုံးများကို ရင်းမြစ်များအဖြစ်သို့သာ ပြောင်းလဲနိုင်မည်ဖြစ်သည်။ ဤသည်မှာ သူ၏အချက်အလက် အားသာချက်သာဖြစ်သည်။

အနည်းငယ်စဉ်းစားပြီးနောက် ရှောင်းယီသည် အစားအစာအားလုံး၏စျေးနှုန်းများကို သတ်မှတ်လိုက်သည်။

ဈေးကွက်တွင် အုတ်မြစ်ကျောက်တစ်ခုသည် C အဆင့် ပင်လယ်ငါး ၂၀၀ ဂရမ်၊ သို့မဟုတ် B အဆင့် ၁၀၀ ဂရမ် သို့မဟုတ် A အဆင့် ငါး ၅၀ ဂရမ်နှင့် လဲလှယ်နိုင်ပေသည်။

လက်ရှိတွင် သစ်တောများတွင် ပေါ်ပေါက်လာနေသော တိရစ္ဆာန်များမှာ အတန်ငယ်ရှားပါးသောကြောင့် စျေးနှုန်းမှာ အနည်းငယ်ပို၍ မြင့်မားသည်။

အုတ်မြစ်ကျောက်တစ်ခုသည် C အဆင့် တိရစ္ဆာန်အသား ၁၈၀ ဂရမ်၊ သို့မဟုတ် B အဆင့် တိရစ္ဆာန်အသား ၉၀ ဂရမ်၊ သို့မဟုတ် A အဆင့် တိရစ္ဆာန်အသား ၄၅ ဂရမ်နှင့် လဲလှယ်နိုင်သည်။

သားရဲများ၏အသားသည် ပို၍ရှားပါးပြီး ပို၍စျေးကြီးပေသည်။

အုတ်မြစ်ကျောက်တစ်ခုသည် C အဆင့် သားရဲအသား ၁၆၀ ဂရမ်၊ သို့မဟုတ် B အဆင့် ၈၀ ဂရမ်၊ သို့မဟုတ် A အဆင့် ၄၀ ဂရမ်၊ သို့မဟုတ် S အဆင့် အသား ၂၀ ဂရမ်နှင့် လဲလှယ်နိုင်သည်။

သစ်သီးဝလံများ၊ ဟင်းသီးဟင်းရွက်များနှင့် ကောက်ပဲသီးနှံများကိုမူ အစုလိုက်အပြုံလိုက်ထုတ်လုပ်နိုင်သည်။ ရှောင်းယီသည် ယခုအခါ အိမ်ယာခြံဝင်း၏အားသာချက်ရှိပြီဖြစ်သောကြောင့် လက်ကျန်တစ်ချို့ကို ထပ်မံရောင်းချနိုင်ပြီဖြစ်သည်။

အုတ်မြစ်ကျောက်တစ်ခုသည် C အဆင့် ကောက်ပဲသီးနှံ ၃၀၀ ဂရမ်၊ B အဆင့် ကောက်ပဲသီးနှံ ၁၅၀ ဂရမ်၊ A အဆင့် ကောက်ပဲသီးနှံ ၇၅ ဂရမ်၊ သို့မဟုတ် S အဆင့် ကောက်ပဲသီးနှံ ၃၆ ဂရမ်နှင့် လဲလှယ်နိုင်သည်။

ယီထျန်းဂရုထဲတွင် လဲလှယ်နိုင်သောစျေးနှုန်းများမှာ ဈေးကွက်၏ ဈေးနှုန်းအပေါ် အခြေခံ၍ အစားအစာများကို 10% ပို၍လဲလှယ်နိုင်ပေသည်။

ရှောင်းယီ အစားအစာများ၏စျေးနှုန်းသတ်မှတ်ချက်ကို စဉ်းစားနေစဉ်း ယီထျန်းဂရုထဲ၌ ထိန်းမနိုင်သိမ်းမရဖြစ်နေပြီဖြစ်သည်။

“မနေ့ကလေးတင်မှ ယီရန်ပင်း အဆင့်မြင့်အစားအစာတွေ ဘယ်တော့စထုတ်မလဲဆိုပြီး ညည်းညူနေတာ။ ဒီနေ့ကြေညာချက်ထုတ်လိုက်မယ်လို့ ထင်မထားခဲ့ဘူး။”

“ငါ့ရဲ့အုတ်မြစ်ကျောက်တွေ အရမ်းဆာလောင်နေပြီ။”

“ဒါက ကျီကျီလား ကျီရှီလား။ ပထမတစ်ခုကတော့ အသုံးမဝင်ဘူး။ နောက်တစ်ခုကတော့ အစားအစာနဲ့လဲလို့ရတယ်။”

“အဲ့ဒါက အလုပ်ဖြစ်မဖြစ် မင်းဘယ်လိုသိလဲ။ စမ်းကြည့်ပြီးပြီလား။”

“ချီး! ငါယောက်ျား‌ပေါင်းထောင်ချီကို စမ်းကြည့်ပြီးပြီကွာ။ သူ့ကို စမ်းကြည့်စရာကိုမလိုဘူး။ အသုံးမဝင်ဘူးဆိုတာ သိပြီးသား။”

“အပေါ်ကလူက တန်ခိုးကြီးတာပဲ။ ငါ့ကိုရော ဘယ်တော့ စမ်းကြည့်ခွင့်ပေးမှာလဲ။”

“ထွက်သွားစမ်း! မစ္စတာယီရန်ပင်းတစ်ယောက်တည်းကသာ ငါနဲ့ထိုက်တန်တယ်။”

“ဟေးဟေး! ကျေးဇူးပြုပြီး အဓိကအချက်ကို အာရုံစိုက်ကြစမ်းပါ။ သူဆဌး ဒီလဲလှယ်မှုရဲ့ အချိုးအစားကို ဆုံးဖြတ်ပြီးပြီလား။ ငါအစီအစဉ်ဆွဲပြီး ဘယ်အဆင့်အစားအစာကို လုယူရမလဲဆိုတာ ဆုံးဖြတ်နိုင်အောင်လို့။”

“ဟုတ်တယ် သူဌေး မြန်မြန်ပြောပါတော့။ အဆင့်မြင့်တာတွေက အရမ်းဈေးကြီးနေရင် အုတ်မြစ်ကျောက်ရှိရင်တောင် တတ်နိုင်မှာမဟုတ်ဘူး။”

“မင်းအစီအစဉ်ဆွဲတာကို ရပ်လိုက်စမ်းပါ။ အသုံးမဝင်ဘူး။ မင်းရဲ့အစီအစဉ်တွေက အိမ်ထောင်မရှိဘဲ နှစ်သုံးဆယ်နေခဲ့တဲ့ အမေတွေရဲ့မြန်နှုန်းကို မမီနိုင်ဘူး။”

“အမှန်ပဲ မင်းက ရွေးချင်နေသေးတယ်လား။ မင်းလုလို့ရရင်ကို အရမ်းကောင်းနေပြီ။”

“သူ အဲ့လောက်တောင်ကြမ်းတာလား။”

တစ်စုံတစ်ယောက်က အားအင်ချည့်နဲ့စွာဖြင့် မေးလိုက်သည်။

“မင်း ပိုပြီးယုံကြည်မှုရှိစမ်းပါ။ ကျေးဇူးပြုပြီး ‘?’ ကိုဖယ်လိုက်။ သူက အရမ်းကြမ်းတယ်။ နောက်ဆုံးတစ်ခါတုန်းကဆိုရင် ငါမှာမျက်တောင်ခတ်လိုက်ရုံရှိသေးတယ် အဆင့်မြင့်အစားအစာတွေအားလုံး ကုန်သွားပြီ။”

ရှောင်းယီ စျေးနှုန်းများကို ဆုံးဖြတ်ပြီးနောက် ချက်ချင်းပင် ဂရုထဲသို့တင်လိုက်ပြီး ထပ်မံဖော်ပြလိုက်သည်။

“အထူးထောက်ပံ့ရေးပစ္စည်းအချို့ရှိသေးတယ်။ စျေးနှုန်းကိုတော့ မသတ်မှတ်ရသေးပါဘူး။”

“ကျေးဇူးတင်ပါတယ် သူဌေး။ ဒီတစ်ကြိမ်မှာ အုတ်မြစ်ကျောက်တစ်ခုက အဆင့်မြင့်အစားအစာအများကြီးနဲ့ လဲလှယ်လို့ရတယ်။”

“အစီအစဉ်ဆွဲစရာမလိုတော့ဘူး။ ငါ အဆင့်မြင့်ဆုံးတစ်ခုကို ရအောင်လုရမယ်။”

မူလက စျေးကြီးသည့်အဆင့်မြင့်အသားများကို မတတ်နိုင်မည်ကို စိုးရိမ်နေကြသော်လည်း ယခုကြည့်ရသည်မှာ စိုးရိမ်စရာမလိုတော့ပေ။

“သူဌေး ကျွန်တော့်မှာ မေးခွန်းတစ်ခုရှိပါတယ်။ ဒီပစ္စည်းတွေက ကန့်သတ်ချက်မရှိဘူးဆိုတာတော့ သေချာတယ်။ ယီထျန်းဂရုနဲ့ ဈေးကွက်မှာ ဘယ်နှစ်ခုစီ တင်မှာလဲ။”

ဤဝါကျသည် အဓိကအချက်ကို ထိမှန်သွားခဲ့ပေသည်။ ရှောင်းယီက ပြန်ဖြေလိုက်သည်။

“ဒါပေါ့ ငါတို့ ရှားနိုင်ငံကို ဦးစားပေးမယ်။ လက်ရှိမှာ ၆၀% ကို ဂရုထဲမှာ တင်မယ်။ ၄၀% ကို ဈေးကွက်မှာ တင်မယ်။ ဂရုက အားလုံးကို မစားနိုင်ဘူးဆိုရင် ဈေးကွက်ထဲကို လွှဲပြောင်းပေးမယ်။”

“အားလုံးမစားနိုင်ဘူးတဲ့လား။ မဖြစ်နိုင်ဘူး။ ရှားနိုင်ငံမှာ လူတွေအရမ်းများလွန်းလို့ အားလုံးမစားသုံးနိုင်ဘူးဆိုတာ ဘယ်လိုဖြစ်နိုင်မှာလဲ။”

“အမှန်ပဲ။ လက်ရှိဂရုထဲမှာ လူ ၁၃၀၀၀၀ ကျော်ရှိတယ်။ သူတို့က သူဌေးတို့အဖွဲ့ရဲ့အစားအစာတွေကို စားနိုင်သေးတယ်။”

“မှန်တယ်။ ငါတို့ဂရုထဲက လူအများကြီးက မစားသုံးနိုင်ဘူးဆိုရင် ယီရန်ပင်းသူဌေးတစ်ယောက်တည်းက ငါတို့ ရှာ နိုင်ငံတစ်ခုလုံးရဲ့ အသက်ရှင်ကျန်ရစ်နေသူတွေနဲ့ ညီမျှတယ်လို့ ဆိုလိုတာပဲ။ သူဌေးက အရမ်းစွမ်းအားကြီးတယ်‌ဆိုပေမယ့် ဒါက လက်ခံနိုင်စရာမရှိဘူး။”

ရှောင်းယီ ဘာမျှမပြောဘဲ ပြုံးသာပြုံးနေလိုက်ပြီး ဈေးကွက်ပေါ်သို့တင်ပြီးသည့်အခါမှ အားလုံးအကြောင်းပြောရန် စောင့်ဆိုင်းနေခဲ့သည်။

အချိန်သည် မွန်းတည့် ၁၂ နာရီသို့ အလျင်အမြန်ပင် ရောက်ရှိလာခဲ့သည်။

ပထမဦးစွာ C အဆင့် ပင်လယ်ငါးများကို တင်လိုက်သည်။ ဂရုထဲတွင် အုပ်စု 300,000 နှင့် ဈေးကွက်တွင် အုပ်စု 200,000 တင်ထားခဲ့သည်။

၎င်းတို့အားလုံးသည် ရှောင်းယီ ပြီးခဲ့သည့် 10 ရက်အတွင်း ရိတ်သိမ်းထားသော C အဆင့်ပင်လယ်ငါးများဖြစ်သည်။

ဤကြီးမားသောကိန်းဂဏာန်းကို မြင်လိုက်ရသောအခါ လူတိုင်းသည် ကြက်သေသေသွားခဲ့ကြသည်။

ပျမ်းမျှအားဖြင့် အသက်ရှင်ကျန်ရစ်နေသူများတွင် အုတ်မြစ်ကျောက် ၂၀ ခန့်ရှိပြီး လူ ၁၃၀,၀၀၀ တွင် အုတ်မြစ်ကျောက် ၂.၆ သန်းခန့်ရှိသည်။

သို့သော် ရှောင်းယီသည် C အဆင့်ပင်လယ်ငါးများကို တင်လိုက်ပြီး ၎င်းတို့၏ ကိုးပုံတစ်ပုံကို သတ်ပစ်လိုက်ပြီဖြစ်သည်။

“သေစမ်း! သူဌေးက C အဆင့်ပင်လယ်ငါးရဲ့အသိုက်ထဲကို သွားပြီးလုယက်ခဲ့တာလား။”

“အမှန်ပဲ။ ငါလည်း နေ့တိုင်းငါးဖမ်းပါတယ်။ C အဆင့် ပင်လယ်ငါးတစ်ကောင်ဖမ်းမိဖို့ဆိုရင် ရက်အတော်ကြာတယ်။ သူဌေးက ဒီလောက်အများကြီးကို ဘယ်ကနေရလာတာလဲ။”

“အပေါ်က သူငယ်ချင်းနှစ်ယောက်။ သူဌေးက အမိားကြီးတင်လိုက်တာဆိုပေမယ့် မင်းခဏလောက်နှောင့်နှေးရင် သူတို့ပျောက်သွားလိမ့်မယ်နော်။”

ရှောင်းယီ ငွေကြေးလဲလှယ်မှုအခြေအနေကို ကြည့်ရှုပြီး ချက်ချင်းပင် ရောင်းကုန်သွားကြောင်း တွေ့ရှိလိုက်ရသည်။ ရှောင်းယီ အုတ်မြစ်ကျောက် 500,000 ကို ချက်ချင်းရရှိခဲ့ပေသည်။

“နှစ်ဆရိတ်သိမ်းမှုကို အသက်သွင်းလိုက်ပါပြီ။ ရရှိသောပစ္စည်းများ - အုတ်မြစ်ကျောက် ၁ သန်း”

“အရမ်းကောင်းတယ်!”

ရှောင်းယီ စိတ်လှုပ်ရှားစွာဟစ်အော်လိုက်ပြီး ဆက်လက်တင်သွင်းလိုက်သည်။

B အဆင့် ပင်လယ်ငါး: ဂရုထဲတွင် 66,000 အုပ်စုနှင့် ဈေးကွက်တွင် 30,500 အုပ်စုတင်လိုက်၏။

ချက်ချင်းပင် မျက်တောင်တစ်ခပ်အတွင်း ဖမ်းဆီးခံလိုက်ရသည်။

B အဆင့် ပင်လယ်ငါးများသည် အသက်ရှင်ကျန်ရစ်နေသူအများစုအတွက် ပို၍ရှားပါးပေသည်။

“နှစ်ဆရိတ်သိမ်းမှုကို အသက်သွင်းလိုက်ပါပြီ။ ရရှိသောပစ္စည်းများ- အုတ်မြစ်ကျောက် ၁၉၃၀၀၀။”

ဆက်သွားမယ်။

A အဆင့် ပင်လယ်ငါးများကို တင်လိုက်သည်။ ဂရုထဲတွင် 40,000 အုပ်စုနှင့် ဈေးကွက်တွင် 32,000 အုပ်စုတင်လိုက်၏။

ဂရုထဲတွင်ဖြစ်စေ၊ ဈေးကွက်တွင်ဖြစ်စေ အားလုံးကို တစ်ချိန်တည်းမှာပဲ လုသွားခဲ့ကြသည်။

“နှစ်ဆရိတ်သိမ်းမှုကို အသက်သွင်းလိုက်ပါပြီ။ ရရိသောပစ္စည်းများ - အုတ်မြစ်ကျောက် ၁၄၄၀၀၀။”

သုံးမိနစ်အတွင်းမှာပင် ရှောင်းယီသည် ၁၀ရက်အတွင်း စုဆောင်းထားသော ပင်လယ်ငါးများအားလုံးကို ကုန်ဆုံးသွားစေခဲ့သည်။

“လူတိုင်းပဲ အစားအစာတွေချည်းပဲရောင်းနေရတာ ပျင်းစရာကောင်းတယ်။ အခု တခြားပစ္စည်းတွေကို ရောထည့်လိုက်မယ်။ စိတ်ဝင်စားရင် တိုက်ရိုက် ပုံဖော်လို့ရတယ်။”

ရှောင်းယီက ဂရုထဲတွင် ပြောလိုက်၏။

တစ်ချိန်တည်းမှာပင် ဆုဝမ်သည် ရှောင်းယီ၏စကားကို အများသုံးချန်နယ်သို့တင်ရန် ဘာသာပြန်ပေးလိုက်သည်။

“မဟုတ်ဘူးာ အဆင့်မြင့်အစားအစာတွေက ပိုစိတ်ဝင်စားစရာကောင်းတယ်လို့ ငါထင်တယ်။ ကျန်တဲ့အရာတွေကို ငါမလိုအပ်ဘူး။”

တစ်စုံတစ်ဦးက အော်ဟစ်လိုက်သည်။

“ဟုတ်တယ်။ အစားအစာတွေပဲ ဆက်တင်ကြရအောင်။ ငါလည်း ပိုပြီး အဆင့်မြင့်တဲ့အစားအစာတွေကို သိမ်းထားချင်တယ်။”

ရှောင်းယီ ပြုံးလိုက်ပြီး ချက်ချင်းပင် သူလုပ်ရန် ရည်ရွယ်ထားသည့်အရာကို ဂရုထဲနှင့် အများသုံးချန်နယ်ပေါ်တွင် တင်လိုက်တော့သည်။

လူတိုင်း ဒီပစ္စည်းစ္စည်းကို မြင်လိုက်ရသောအခါ ဂရုထဲ၌ ချက်ချင်းပင် တိတ်ဆိတ်သွားခဲ့တော့လေသည်။

အခန်း ၃၃၀

၁၀ စက္ကန့်ခန့်အကြာ တိတ်ဆိတ်မှုအပြီးတွင် စကားပြောချန်နယ်အပါအဝင် ဂရုသည် ပြန်လည်ရှင်သန်လာခဲ့လေသည်။

“သူဌေးက ရူးသွားပြီလား။ ဒီပစ္စည်းကို ရောင်းနေတာလား။”

“ဟုတ်တယ်။ သူဌေးကိုယ်တိုင်အတွက် အသုံးမဝင်ဘူးလား။ စက္ကူထုတ်ပြီး ရောင်းတာက ပိုကောင်းတယ်။ ပိုက်ဆံပိုရမှာမလိုချင်လို့များလား။”

“အခု ဆိုက်အကြီးစားတွေကို ဘယ်လိုကိုင်တွယ်ရမှာလဲ။ သစ်ရွက်တွေလား ဒါမဟုတ် အခေါက်လား။ စက္ကူရှိရင် ပိုကောင်းမှာပဲ။”

“စကားမပြောနဲ့တော့။ ငါရဲ့လိပ်ခေါင်းရောထပ်ဖြစ်လာပြန်ပြီ။”

“ဒီစက္ကူစက်ကို ကိစ္စရှင်းတဲ့အချိန်မှာ သန့်ရှင်းရေးလုပ်လို့ရတယ်။ မှတ်တမ်းတင်ဖို့လည်း အသုံးပြုနိုင်တယ်။ နောက်ဆုံးတော့ မှတ်ဉာဏ်ဘယ်လောက်ကောင်းကောင်း ခဲတံလောက်တော့ မကောင်းဘူး။”

“ဟုတ်တယ်။ သူဌေးတို့လို အင်အားစုကြီးတွေက မှတ်တမ်းတချို့လိုအပ်တယ်။ သူတို့အားလုံးကို သဲကျောက်တုံးတွေနဲ့ သစ်သားဘုတ်တွေပေါ်မှာပဲ ရေးထားတာလား။”

ရှောင်းယီသည် ဂရုနှင့် အများသုံးချန်နယ်သို့ ထည့်လိုက်တဲ့ပစ္စည်းက သူအရင်က ဖွံ့ဖြိုးတိုးတက်အောင်လုပ်ထားခဲ့သော စက္ကူစက်ထုတ်လုပ်မှုပုံများပင် ဖြစ်သည်။

သူ့တွင် ကိုယ်ပိုင်အဆင့်မြင့်စက္ကူစက်ရှိပြီးသားဖြစ်သောကြောင့် ထိုအရာကို လုံးဝမလိုအပ်တော့ပေ။ နှစ်ဆရိတ်သိမ်းမှုကို အခွင့်ကောင်းယူပြီး အမြတ်အစွန်းအများဆုံးရအောင် လွှင့်ပစ်နိုင်ပေသည်။

ရှောင်းယီက လူတိုင်း၏ဆွေးနွေးမှုကို ကြည့်ရင်း စိတ်ထဲတွင် ပြောလိုက်မိသည်။

‘ငါက မှတ်တမ်းတင်ဖို့ လိုအပ်လို့လား။ လုံးဝမလိုအပ်ဘူး။’

အခြားအသက်ရှင်ကျန်ရစ်နေသူများ၏အမြင်တွင် ယီရန်ပင်း၏အင်အားစုသည် အလွန်ကြီးမားသောအင်အားစုကြီး ဖြစ်ရမည်ဖြစ်သည်။ သို့မဟုတ်ပါက ဤကဲ့သို့ အလွန်ကောင်းမွန်သောပစ္စည်းများ ရှိနိုင်မည်မဟုတ်ပေ။

A အဆင့် သားရဲများသည် လူ ၁၀ ယောက်၊ ၈ ယောက်ထပ်ပို၍ ကိုင်တယ်ရမည်ဖြစ်သည်။

သို့သော် ၎င်းတို့မသိရှိကြသည်မှာ သူတို့ဆီ၌ အမှန်တကယ်အသက်ရှင်ကျန်ရစ်နေသူများမှာ ၁၀ ယောက်ပင်မပြည့်ဘဲ အလုပ်အများစုကို စက်များဖြင့် လုပ်ဆောင်ခြင်းကိုပင်ဖြစ်သည်။

ထိုအချိန်တွင် ကျူးချန်းကလန်မှ ချူရှန်းသည်လည်း သူ့ထံသို့ သီးသန့်စာပို့လာခဲ့လေသည်။

“သူဌေး...ခင်ဗျားမှာဒီပစ္စည်းရှိရင် စက္ကူအချို့ထုတ်လုပ်ပြီး ကျုက်ကိုရောင်းပါ။ ကျုပ် တစ်နေကုန် သစ်သားပြားပေါ်မှာပဲ မှတ်တမ်းတင်နေရတာ။ လက်တောင် အသားမာတက်တော့မယ်။”

ချူရှန်းက ပြောလိုက်သည်။

“မင်း စက္ကူလိုအပ်လို့လား။”

ရှောင်းယီက သံသယအပြည့်ဖြင့် မေးလိုက်သည်။

“ဒါပေါ့။ ကျုပ်တို့မှာ မှတ်တမ်းတင်စရာ အချက်အလက်တွေ အများကြီးရှိတယ်လေ။”

ချူရှန်းက စကားမပြောနိုင်ဖြစ်သွား၏။

“သူဌေး ခင်ဗျားက ဘာမှမှတ်တမ်းတင်စရာမရှိဘူးလား။”

“အင်း ငါ့ရဲ့စီမံခန့်ခွဲမှုက အရမ်းအကြမ်းဆန်နေသေးပုံပဲ။”

ရှောင်းယီက ပြန်ဖြေလိုက်သည်။

“သူဌေး ဘယ်သူမှ လေလံမတင်ရသေးခင် ချက်ချင်းပြန်ယူလိုက်ပါ”

ချူရှန်းက အလျင်အမြန် ပြောလိုက်သည်။

“ဟင့်အင်း မင်း စက္ကူလိုချင်ရင် ငါ့ကိုပြောပါ။ ပစ္စည်းတွေရောင်းပြီးရင် လက်ဆောင်အဖြစ် နည်းနည်းပေးမယ်။”

ရှောင်းယီက ပြန်ဖြေသည်။

ရှောင်းယီ၏တုံ့ပြန်မှုကို မြင်လိုက်ရသော ချူရှန်း ကြောင်အသွားခဲ့သည်။

“သူဌေး ခင်ဗျားမှာ တခြားစက္ကူစက်တွေ ထပ်ရှိနေသေးတာလား။”

ချူရှန်းက အားအင်ချည့်နဲ့စွာဖြင့် မေးလိုက်၏။

“ဟုတ်တယ် အိမ်သာသုံးစက္ကူတစ်ခုခု ဝယ်ချင်လား။”

ရှောင်းယီက အပြုံးတစ်ခုဖြင့် မေးလိုက်သည်။

“လိုချင်တယ်။”

ချူရှန်းက ချက်ချင်းပြန်ဖြေလိုက်သည်။

“ဟင်း ကျုပ်တို့မှာရှိတဲဘ အခေါက်နဲ့အရွက်တွေအကုန်လုံး သုံးပြီးသွားပြီ။”

“ကောင်းပြီ မင်းကို အရင်ဆုံး တစ်စိတ်တစ်ပိုင်းကို ပေးလိုက်မယ်။ မင်းကျေနပ်ရင် ဈေးနှုန်းကို ဆွေးနွေးကြတာပေါ့။”

ရှောင်းယီက ပြန်ဖြေလိုက်သည်။

“ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ် သူဌေး!”

ချူရှန်းက ဝမ်းသာအားရ ပြန်ဖြေလိုက်သည်။

ရှောင်းယီ ခဏတာစဉ်းစားလိုက်ပြီးနောက် ဝေါ်ကီတောက်ကီကို ကောက်ယူကာ အန်းရန်ကို ဆက်သွယ်လိုက်သည်။

“အန်းရန် ငါတို့စက္ကူစက်ကို အဖြူရောင်စက္ကူနဲ့ အိမ်သာသုံးစက္ကူအချို့ ပြုလုပ်ဖို့သုံးလိုက်ဦး။ သတ်မှတ်ချက်တွေကို ဂရုစိုက်ထားဦး။ သာမန်အဆင့်ပဲလုပ်။”

“ကောင်းပြီ။ ခဏနေရင် နင့်ဆီကိုပို့လိုက်မယ်။”

အန်းရန်က တုံ့ပြန်လိုက်သည်။

ထိုအချိန်တွင် အုပ်စုထဲရှိ တစ်စုံတစ်ဦးက ဈေးနှုန်းကို စတင်မေးမြန်းနေပြီဖြစ်သည်။

“သူဌေး ဒီစက္ကူစက်ထုတ်လုပ်မှုပုံကို ဘယ်လိုရောင်းမှာလဲ။”

“ဟုတ်တယ် ငါလည်း ဒီဟာကို အရမ်းစိတ်ဝင်စားတယ်။”

“အုတ်မြစ်ကျောက် ၃၀ နဲ့ ရောင်းပေးပါ။”

“အပေါ်ကလူ မင်းက ဘာတွေတွေးနေတာလဲ။ မင်းက အုတ်မြစ်ကျောက် ၃၀ တည်းနဲ့ ဒီပစ္စည်းကို ဝယ်ချင်နေတာလား။”

“မင်းမှာ အမြဲတမ်း အိပ်မက်ရှိဖို့လိုတယ်။ အိပ်မက်တွေက တကယ်ဖြစ်သွားရင်ကော။”

“ဒါက အိပ်မက်မဟုတ်ဘူး။ မင်းက နေခင်းကြောင်တောင် အိပ်မက်မက်နေတာပဲ။”

ရှောင်းယီ အနည်းငယ်စဉ်းစားပြီးနောက် ပြောလိုက်သည်။

“ဒီပစ္စည်းကို ဈေးကွက်မှာ လေလံတင်မယ်။ အခြေခံစျေးက အုတ်မြစ်ကျောက် ၁၀၀။ လေလံပိတ်ချိန်က တစ်နာရီပဲ။ နောက်ဆုံးအမြင့်ဆုံးစျေးနှုန်းပေးနိုင်တဲ့သူက အနိုင်ရမယ်။”

“အခြေခံစျေးက အုတ်မြစ်ကျောက် ၁၀၀ လား။ အရမ်းစျေးကြီးတာပဲ။ ဒါဆို ပြန်လိုက်တော့မယ်။”

“ဒီလိုပဲဖြစ်မယ်ဆိုတာ ငါမှန်းထားပြီးသား။ အင်အားစုကြီးတွေကပဲ ဒီလိုပစ္စည်းမျိုးကို အနိုင်ရနိုင်တယ်။ ငါတို့က ကြည့်နေရုံသက်သက်ပဲ။”

“ဟုတ်တယ်။ ဘယ်သူ့လက်ထဲရောက်သွားမလဲ မသိဘူး။”

“ဒါက ရွှမ်းယွမ်ဝူဝေ့ဆိုတဲ့ကောင်ရဲ့လက်ထဲ ရောက်သွားမယ်လို့ ငါထင်တယ်။”

“ဒါကတော့ သေချာတယ်လို့ မဆိုနိုင်ဘူး။ ဒီကမ္ဘာမှာအင်အားစုတွေက စီမံခန့်ခွဲဖို့မလွယ်ကူဘူး။”

ရှောင်းယီသည် စက္ကူစက်ထုတ်လုပ်မှုပုံကို ဈေးကွက်တွင် တင်လိုက်သည်နှင့် တစ်စုံတစ်ဦးက အုတ်မြစ်ကျောက် ၁,၀၀၀ ဖြင့် ချက်ချင်းကမ်းလှမ်းလိုက်သည်။

“ဒီအရူးကဘယ်ကရောက်လာတာလဲ။ ဘာလို့ ချက်ချင်း အခြေခံစျေးရဲ့ ၁၀ ဆနဲ့ လေလံဆွဲနေတာလဲ။ ဒီလိုလှည့်ကွက်မျိုးက တကယ်ကို မလွယ်ကူဘူး။”

“စက္ကူစက်တစ်လုံးဝယ်ဖို့ အုတ်မြစ်ကျောက်အများကြီးနသုံတာက သိပ်မသင့်တော်ဘူးလားလို့။”

“မင်းမှာလိပ်ခေါင်းရောဂါရှိရင် သင့်တော်မတော်သိလိမ့်မယ်။”

“အပေါ်ကလူက အမြင်ကျဉ်းတာပဲ။ စက္ကူထုတ်လုပ်မှုကို ကြီးမားတဲ့တီထွင်မှုလေးခုထဲက တစ်ခုအဖြစ် ဘာကြောင့်သိကြသလဲ။ ယဉ်ကျေးမှုအမွေအနှစ်နဲ့ ဆက်စပ်နေပြီး လူ့အဖွဲ့အစည်းဖွံ့ဖြိုးတိုးတက်မှုကို မြှင့်တင်ပေးလို့ပဲ။”

“အပေါ်ကလူ သမိုင်းသင်နေတာလား။ ဒီအချိန်မှာ လက်တွေ့ကျကျနေတာက မမှားပါဘူး။”

တိလင်းထျန်းရှားသည် ထိုအခေါ်ဈေးနှုန်းကိုကြည့်ပြီး မျက်မှောင်ကြုံ့ကာ မေးလိုက်၏။

“ချင်းလုံ အခု ငါတို့ အုတ်မြစ်ကျောက်ဘယ်လောက်လောက် ရွှေ့လို့ရနိုင်မလဲ။”

“စက္ကူစက်ကို ကျွန်တော်ယူမယ်လို့ ကတိပေးပြီးတော့ စက္ကူကို အတွင်းမှာ ဈေးနည်းနည်းနဲ့ ချရောင်းမယ်ဆိုရင် အုတ်မြစ်ကျောက် ၆၀၀၀၀ လောက် ရှာနိုင်တယ်။”

ချင်ချင်းလုံက ပြန်ဖြေလိုက်သည်။

လင်းအင်ပါယာဂရုတွင် လူဦးရေ ၁၀,၀၀၀ ခန့်ရှိသည်။ ပျမ်းမျှအားဖြင့် လူတစ်ဦးစီမှ အုတ်မြစ်ကျောက် ငါးခု၊ခြောက်ခုခန့် ရယူမည်ဆိုပါက ဤပမယဏသို့ ရောက်ရှိနိုင်သည်။

လူတိုင်း၏လက်ထဲတွင် အုတ်မြစ်ကျောက်များ အများကြီးရှိသော်လည်း အဆင့်မြင့်အစားအစာများနှင့် လဲလှယ်ချင်ကြသော်ကြောင့် အများအပြားညှစ်ထုတ်ရန်မှာ မဖြစ်နိုင်ပေ။

တိလင်းထျန်းရှားက ခေါင်းညိမ့်ကာ ပြောလိုက်သည်။

“ကောင်းပြီ ဈေးမြှင့်လိုက်။”

ချင်ချင်းလုံသည် ချက်ချင်းပင် ဈေးကွက်၌ ဈေးခေါ်လိုက်၏။

“အုတ်မြစ်ကျောက် ၂၀၀၀!”

ရွှမ်းယွမ်ဝူဝေ့၏ အင်အားစုသဘ် လင်းအင်ပါယာထက် လူပိုများသော်လည်း အုတ်မြစ်ကျောက် ၇၀၀၀၀ အထက်သာ မြှင့်တင်နိုင်ခဲ့သည်။

“မျက်လုံးဖြူဝံပုလွေအုပ်စုက သူတို့တစ်ခုခုကိုလိုချင်လာပြီဆိုရင် အားလုံးအတူတကွ စည်းလုံးကြတယ်။ အခုတော့ အုတ်မြစ်ကျောက်တွေထုတ်ဖို့ပြောရုံရှိသေးတယ်။ ဒင်းတို့က ဆင်ခြေဆင်လက်တွေမျိုးစုံနဲ့ ခေါင်းရှောင်သွားကြတယ်ပေါ့။ တကယ်ကို ကျေးဇူးကန်းတဲ့ဟာတွေပဲ။”

ရွှမ်းယွမ်ဝူဝေ့ အလွန်ဒေါသထွက်သွားပြီး အော်ဟစ်လိုက်၏။

ရွှမ်းယွမ်ဝူဝေ့သည် လက်ရှိအချိန်၌ ၎င်းတို့အားလုံးသည် အစာစားချင်စိတ်ကို နှိုးဆွပေးသည့် အစားအစာများသာဖြစ်ကြောင်း သိရှိထားသောကြောင့် လေလံတင်ရန် အလျင်စလိုမလုပ်ခဲ့ပေ။

“အုတ်မြစ်ကျောက် ၁၀,၀၀၀၊ ကျေးဇူးပြုပြီး ဒီလိုမျိုးစမ်းသပ်နေတာတွေကို ရပ်လိုက်တော့။ အချိန်ဖြုန်းနေတာပဲ။”

ဂျုန်းဟူသော အိုင်ဒီရှိသူတစ်ဦးက စျေးခေါ်လိုက်သည်။

“၂၀,၀၀၀ ငါတို့ယို့ကုန်းတော်ဝင်မိသားစုကို ကယ်တင်ဖို့အတွက် ငါ့ကိုမျက်သာပေးးကြပါ။”

အလီဇာက အော်ဟစ်လိုက်၏။

“၃၀,၀၀၀ မျက်နှသာလား။ မင်းရဲ့မျက်နှာက ဘယ်လောက်တန်လို့လဲ။”

ဂျက်ခ်က ပြောလိုက်သည်။

ယခင်ကမ္ဘာတွင် မည်သူမျှ အချင်းချင်း ဤမျှ ရန်လိုခြင်းမရှိသော်လည်း ဤနေရာတွင် သင်မည်သူဖြစ်သည်ကို မည်သူမျှ ဂရုစိုက်မည်မဟုတ်ပေ။

ရှောင်းယီသည် ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ရှေ့တွင် စက္ကူစက်ထုတ်လုပ်မှုပုံ၏စျေးနှုန်းများ မြင့်တက်လာသည်ကို ကြည့်ရှုရင်း စိတ်ထဲတွင် အလွန်ပျော်ရွှင်နေခဲ့သည်။

နောက်ဆုံးတော့ ကိုယ်မလိုချင်တဲ့ပစ္စည်းတွေကို ဈေးကောင်းနဲ့ရောင်းလို့ရတာ ကောင်းတယ်။

စျေးနှုန်းသည် အုတ်မြစ်ကျောက် ၅၀,၀၀၀ အထိ မြင့်တက်လာသောအခါ လေလံဆွဲမှုသည်လည်း နှေးကွေးသွားခဲ့သည်။

“ကျစ်! ကျစ်! ကျစ်! ဒီအင်အားစုကြီးတွေမှာ အုတ်မြစ်ကျောက်တွေ အများကြီးရှိတယ်လား။”

“ဒီနံပါတ်က သိပ်မဆိုးဘူး။ စွမ်းအားကြီးမားတဲ့ပုဂ္ဂိုလ်တစ်ယောက်အကြောင်း စဉ်းစားကြည့်။ ပျမ်းမျှအားဖြင့် လူတစ်ယောက်ဟာ ဒီနံပါတ်ကိုရဖို့ အများကြီးသုံးစရာမလိုဘူး။”

“အဲဒီလိုပဲထင်တယ်။ အပေါ်ကလူက အရမ်းတော်တာလား။ ဘာလို့ ပျော်စရာရှာဖို့ မင်းကိုယ်တိုင် ဂိုဏ်းထောင်ခဲ့တာလဲ။”

“ဒီနေရာမှာ အင်အားစုတစ်ခုတည်ထောင်ဖို့ဆိုတာ အဓိပ္ပါယ်မရှိဘူး။ ငါတို့အချင်းချင်း တကယ်ဆက်သွယ်ပြောဆိုနိုင်မှသာ အင်အားစုတစ်ခုတည်ထောင်တာက အဓိပ္ပါယ်ရှိလာလိမ့်မယ်။”

“မင်းက လူတွေအကြောင်းကို တကယ်နားလည်တာပဲ။”

တိလင်းထျန်း ခဏကြအောင် စဉ်းစားပြီးနောက် ပြောလိုက်၏။

“အုတ်မြစ်ကျောက် ၆၀,၀၀၀ လုံးနဲ့ တစ်ခါတည်းဈေးခေါ်လိုက်တော့။ ငါတို့ထက် ဈေးမြှင့်နိုင်တဲ့သူရှိရင် လက်လျှော့ပြီး အသင်းသားတွေကို အုတ်မြစ်ကျောက်တွေ ပြန်ပေးလိုက်ပါ။”

“ဟုတ်ကဲ့”

ချင်ချင်းလုံသည် တိလင်းထျန်းရှား၏ အမိန့်အတိုင်း အုတ်မြစ်ကျောက် ၆၀,၀၀၀ ဖြင့် တိုက်ရိုက်ခေါ်လိုက်တော့သည်။

အုတ်မြစ်ကျောက်ပေါင်း ၁၀,၀၀၀ နီးပါးကို တစ်ချိန်တည်းတွင် ပေါင်းထည့်လိုက်၏။ ယခုအခါ အခြားအင်အားစု စိတ်ရှုပ်ထွေးသွားခဲ့ကြသည်။ စက္ကူစက်တစ်လုံးဝယ်ယူရန်အတွက် အုတ်မြစ်ကျောက်များစွာ သုံးစွဲခြင်းမှာ ထိုက်တန်ခြင်းရှိမရှိ ချိန်ခွင်လျှာကို စတင်၍ချိန်ကိုက်ကြတော့သည်။

ဟုတ်ပါသည်။ အဓိကအကြောင်းရင်းမှာ အုတ်မြစ်ကျောက်များ မလုံလောက်သောကြောင့်ပင်။

ထိုအရာကို တစ်ခုတည်းသောစကားလုံးဖြင့်သာ ဖော်ပြနိုင်ပေသည်။

ဆင်းရဲသား...။

All Chapters