← Chapters

အခန်း (၁၀၉-၁၁၀)

Vol. 8 Ch. 109-110

အခန်း (၁၀၉-၁၁၀)

Vol. 8 Ch. 109-110

အခန်း (၁၀၉) - လီဟူ မီးတောက်ဖြင့် ရွှေပိုးကောင်ကို သန့်စင်ခြင်း

လူငယ်လေးမှာ ယပ်တောင်ကြီးအလား ကြီးမားသော လက်ဖဝါးများ ရှိပြီး ခြေထောက်များက တစ်ပေကျော် ရှည်လျားကာ ပေါင်တံများမှာ တိုင်လုံးကြီးများအလား တုတ်ခိုင်ပြီး ခါးအရွယ်အစားမှာ ဝက်ဝံ တစ်ကောင်နှင့် တူကာ လည်ပင်းမှာ သစ်ငုတ်တိုနှင့် တူပြီး ဦးခေါင်းမှာ ဇလုံကြီး တစ်ခုအလား ကြီးမားကာ ဆံပင်များမှာ သံမဏိအပ်များအလား မာကျောပြီး မျက်ခုံးထူထူ၊ မျက်လုံးပြူးပြူး၊ ပါးစပ်ကျယ်ကျယ်နှင့် နှာခေါင်းကားကား ရှိလေသည်။

ချင်မင်သည် လှံရှည် ကြီးကို ကိုင်ဆောင်ထားကာ လူတစ်ယောက်ကို လွှင့်ပစ်လိုက်သည်နှင့် ဖြူဖွေးနေသော ဝါးတောထဲမှ ထွက်ပေါ်လာသော ထူးခြားသည့် ရုပ်ရည် ရှိသည့် လူငယ်ကို မြင်တွေ့လိုက်ရလေသည်။

"ကောင်းပြီလေ လာကူညီလှည့်ပါ"

တကယ်တော့ ချင်မင်သည် ထိုလူငယ်က သူ့ကို မေးနေခြင်း ဟုတ်၊ မဟုတ် မသိသော်လည်း ပြန်ဖြေလိုက်ရခြင်းမှာ အချိန်မကုန်သဖြင့် ပြန်ဖြေလိုက်ခြင်း ဖြစ်ပြီး ယခုအခါ သူသည် တိုက်ခိုက်ရာတွင် အလွန်တရာ ရက်စက်လာခဲ့ပြီ ဖြစ်ပေသည်။

အနီးနားရှိ ရွှေရောင်ချပ်ဝတ် အစောင့်အရှောက် များက လူငယ်လေးကို ချက်ချင်း အလွန်တရာ သတိထားလာကြပြီး အနီးဆုံးရှိ လူအချို့က သူ့ကို အရင် စတင် တိုက်ခိုက်လိုက်ကြလေသည်။

ခန္ဓာကိုယ် တောင့်တောင့်တင်းတင်း ရှိသော လူငယ်မှာ လုံးဝ တွေဝေမနေဘဲ ယပ်တောင်ကြီးအလား ကြီးမားသော လက်ဖဝါးကို ဝှေ့ယမ်းလိုက်ရာ သူ့ဆီသို့ ပြေးဝင်လာသော ရောင်ဝါထုတ်လွှတ်ခြင်း အဆင့်ရှိသူ တစ်ဦးကို တိုက်ရိုက် လွှင့်ပစ်လိုက်ပြီး ကျောက်တုံးကြီး တစ်ခုနှင့် သွားစောင့်မိကာ ကြေမွသွားစေလေသည်။

"အားလုံးပဲ ဒီလောက်ကြီး ဒေါသ မကြီးကြပါနဲ့ ငါတို့ အားလုံးက ခန္ဓာကိုယ် မျိုးဗီဇ ပြောင်းလဲပြီး စွမ်းအားတွေ မြှင့်တင်နေတဲ့ သူတွေ လမ်းစဉ်တူတွေ ဖြစ်နေလျက်နဲ့ ဘာလို့ တွေ့တာနဲ့ တိုက်ခိုက် သတ်ဖြတ် နေကြတာလဲ"

လူငယ်လေးက ထိုနေရာတွင် ရပ်ကာ ဖျောင်းဖျနေလေသည်။

ထို့နောက် သူ၏ ယပ်တောင်ကြီးအလား ကြီးမားသော လက်ဖဝါးက ဖတ်ခနဲ အသံနှင့်အတူ သူ့ကို ဓားဖြင့် ဝင်ရောက် ခုတ်ပိုင်းသော အခြား ရောင်ဝါထုတ်လွှတ်ခြင်း အဆင့်ရှိသူ တစ်ဦးကို ရိုက်လွှင့်ပစ်လိုက်လေသည်။

"ဖူး"

ဖြူဖွေးနေသော ဝါးတောထဲသို့ ကျသွားသော ထို ရောင်ဝါထုတ်လွှတ်ခြင်း အဆင့်ရှိသူ မှာ သွေးများ အန်ချလိုက်ပြီး မျက်နှာ ဖြူရော်သွားကာ အကယ်၍ အကာအကွယ် ရွှေရောင် ချပ်ဝတ် သာ မရှိပါက သူ သေချာပေါက် ပေါက်ကွဲထွက်သွားလောက်ပြီ ဖြစ်ပေသည်။

"မင်းတို့ ရူးနေကြလား ငါ ပြောနေတယ်လေ ဒီလောက်ကြီး စိတ်မမြန်ကြပါနဲ့လို့ ဘာလို့ ငါ့ဆီကို ပြေးလာနေကြသေးတာလဲ"

ခန္ဓာကိုယ် တောင့်တင်းသော လူငယ်မှာ အလွန်တရာ ဒေါသထွက်နေလေသည်။

ချွတ်ခနဲ အသံတစ်ခု ထွက်ပေါ်လာပြီး သူ၏ ညာဘက် ခြေထောက်က လျှပ်စီးတန်း တစ်ခုအလား ဝှေ့ယမ်းလိုက်ရာ သူ့ဆီသို့ ထိုးဝင်လာသော လှံရှည် တစ်ချောင်းကို ရိုက်ချိုးပစ်လိုက်ပြီး လှံကိုင်ထားသူကို မီတာ နှစ်ဆယ်ခန့် အကွာသို့ ကန်ထုတ်ပစ်လိုက်လေသည်။

ဖြူဖွေးနေသော ဝါးပင် အများအပြား ကျိုးပဲ့သွားပြီး ကျိုးနေသော လှံကို ကိုင်ဆောင်ထားသူမှာ သွေးများ အန်ချလိုက်သဖြင့် ဖြူဖွေးနေသော ဝါးရွက်များ အများအပြား သွေးများ စွန်းထင်းသွားကာ သူ၏ ရင်ဘတ်မှ အလင်းရောင်များ ထွက်ပေါ်လာပြီး လျှို့ဝှက်ဆန်းကြယ်သော အက္ခရာများ လှုပ်ရှားလာလေသည်။

အကာအကွယ် ချပ်ဝတ်တန်ဆာက အလုပ်လုပ်သွားခြင်း ဖြစ်ကြောင်း သိသာလှပြီး သို့မဟုတ်ပါက သူ၏ တစ်ကိုယ်လုံး ကြေမွသွားလောက်ပြီ ဖြစ်ကာ အလွန်တရာ အစွမ်းထက်သော ကောင်းကင်အလင်း စွမ်းအား၏ ဆုတ်ဖြဲခြင်းကို ခံလိုက်ရပြီ ဖြစ်ပေသည်။

"နတ်လမ်းစဉ်ကျင့်ကြံသူ အဓိက တပည့် တွေ အဆုံးအဖြတ် တိုက်ပွဲ ဆင်နွှဲနေတာ မင်းတို့နဲ့ ဘာဆိုင်လို့လဲ ငါတို့ အချင်းချင်း ရင်းရင်းနှီးနှီး နေလို့ မရဘူးလား"

လူငယ်က ထပ်မံ မကျေမနပ် ပြောဆိုလိုက်ပြန်လေသည်။

ထို့နောက် သူသည် မိုးကြိုးပစ်သလို မြန်ဆန်သော အရှိန်ဖြင့် အနောက်သို့ ဆုတ်သွားကာ ဝင်ရောက် တိုက်ခိုက်လာသော အစွမ်းထက်သူ တစ်ဦးကို ဝင်တိုက်လိုက်ရာ ထိုသူမှာ မျက်နှာ ပုံပျက်သွားပြီး မျက်စိ၊ နှာခေါင်း၊ ပါးစပ်၊ နား များမှ သွေးများ ထွက်ကျလာကာ ဖြူဖွေးနေသော ဝါးတောထဲသို့ ကျသွားပြီး ပြန်မထနိုင်တော့ချေ။

လူတိုင်း သူ့ကို ကြည့်သော အကြည့်များ ပြောင်းလဲသွားလေသည်။ ပါးစပ်မှတော့ ဒေါသ မကြီးရန်၊ ရင်းရင်းနှီးနှီး နေရန် ပြောဆိုနေသော်လည်း သူ၏ တိုက်ခိုက်မှုများမှာ အလွန် ပြင်းထန်ပြီး အကယ်၍ အထူး အသက်ကယ် ချပ်ဝတ်တန်ဆာသာ မရှိပါက သူ၏ တိုက်ခိုက်ခြင်းကို ခံရသူတိုင်း ပေါက်ကွဲထွက်သွားမည် ဖြစ်ပေသည်။

"ညီအစ်ကို ကူညီပေးလို့ ကျေးဇူးတင်ပါတယ်"

ချင်မင်က ပြောလိုက်ပြီး သူ၏ နာမည်ကို လျှို့ဝှက်စွာ မေးလိုက်လေသည်။

"ရှန်ယိဝူ"

ခန္ဓာကိုယ် တောင့်တောင့်တင်းတင်း ရှိသော လူငယ်က ပြန်လည် ဖြေကြားလိုက်လေသည်။

ချင်မင်သည် ထိုလူကို အတော်လေး မှတ်မိနေလေသည်။ အဘယ်ကြောင့်ဆိုသော် သူ၏ ရုပ်ရည်မှာ အလွန် ထူးခြားလွန်းသောကြောင့် ဖြစ်ပေသည်။

ရှန်ယိဝူမှာ ခေါင်းမှ ခြေအထိ ကြီးမား တုတ်ခိုင်ခြင်း မရှိသော နေရာ မရှိဘဲ လူတစ်ယောက်တည်းက လူနှစ်ယောက်စာလောက် ကျယ်ဝန်းနေကာ ဝနေခြင်း မဟုတ်ဘဲ အလွန်တရာ တောင့်တင်းနေခြင်း ဖြစ်ပေသည်။

လော့ဖူ နတ်မြို့လေး တွင် ရှိနေစဉ်က သူတို့ နှစ်ဦး စကားပြောခဲ့ဖူးပြီး ချင်မင်က သူ့ကို မည်သူက ရူလိုင်ရဲ့ စွန့်ပစ်ခံတပည့် ဖြစ်သနည်း၊ မည်သူက ကျောက်စိမ်းစင်ကြယ် စွမ်းအား အမွေဆက်ခံသူ ဖြစ်သနည်း၊ ဓာတ်ကြီးငါးပါး နန်းတော် မှ တပည့် ရောက်နေသလား ဟု မေးမြန်းခဲ့ဖူးလေသည်။

ထိုစဉ်က ရှန်ယိဝူ သည် ခေါင်းခါပြကာ မသိဘူး ဟု ပြန်လည် ဖြေကြားခဲ့လေသည်။

ယခုအခါ ချင်မင် အလွန်တရာ သံသယ ဝင်နေသည်မှာ ထိုသူသည် ရူလိုင်ရဲ့ စွန့်ပစ်ခံတပည့် သို့မဟုတ် ကျောက်စိမ်းစင်ကြယ် စွမ်းအား အမွေဆက်ခံသူ ဖြစ်နိုင်ကြောင်း ပင် ဖြစ်လေသည်။

"ညီအစ်ကို တကယ်တော့ ငါက သဘောကောင်းလွန်းတဲ့ သူ မဟုတ်ပါဘူး အရာအားလုံးက ရေစက် ပဲ"

ရှန်ယိဝူ သည် လက်ကို ပွတ်သပ်ရင်း အနည်းငယ် ရှက်ရွံ့စွာဖြင့် ပြောလိုက်လေသည်။

ယခုအခါ သူတို့ နှစ်ဦး အတူတူ ရပ်နေကြသဖြင့် ရွှေရောင်ချပ်ဝတ် အစောင့်အရှောက် တစ်စုကို ယာယီ တားဆီးထားနိုင်ခဲ့ပြီး သူတို့ကို ဝါးတောစပ်တွင် ဝိုင်းထားသော်လည်း ဝင်ရောက် မတိုက်ခိုက်ရဲကြချေ။

ထိုမျှသာမက ထိုလူအုပ်စုမှာ အဝေးသို့ ဆုတ်သွားကြပြီး အနီးသို့ မကပ်ရဲကြချေ။

ချင်မင် သဘာဝကျကျ သိရှိထားသည်မှာ တစ်ခါသာ တွေ့ဖူးသည့် သူ တစ်ယောက်က အကြောင်းမဲ့သက်သက် ဝင်ရောက် ကူညီမည် မဟုတ်ကြောင်း ပင် ဖြစ်လေသည်။

သူက ပြောလိုက်၏။

"မင်း ဘာလိုချင်တာ ရှိလဲ ပြောပါ"

ရှန်ယိဝူ က ခေါင်းညိတ်ကာ ပြောလိုက်၏။

"ညီအစ်ကို မင်းက တကယ် ပြတ်သားတာပဲ ဒါဆိုရင်လည်း ငါ ပွင့်ပွင့်လင်းလင်းပဲ ပြောတော့မယ် ငါ အဝေးကနေ မင်းနဲ့ ချွေချုံရွှမ် တို့ တိုက်ခိုက်နေတာကို မြင်လိုက်ရတယ် မင်းရဲ့ ထူးခြားတဲ့ ကောင်းကင်အလင်း စွမ်းအား ကို ငါ အရမ်း သဘောကျပြီး လိုချင်နေတယ်"

ချင်မင်၏ မျက်လုံးအိမ်များ အနည်းငယ် ကျုံ့သွားလေသည်။ ထိုခန္ဓာကိုယ် တောင့်တင်းသော လူငယ်၏ လောဘက အလွန် ကြီးမားလွန်းလှပေသည်။

"မင်း အထင်မလွဲပါနဲ့ ငါက အခွင့်ကောင်း ယူပြီး မင်းကို အကျပ်ကိုင်တာ မဟုတ်ပါဘူး"

ရှန်ယိဝူက လက်ကာပြကာ ပြောလိုက်၏။

"ငါက အဆင့်တူတဲ့ ကျင့်စဉ် နဲ့ မင်းကို လဲလှယ်ပေးနိုင်တယ် အမှန်တိုင်း ပြောရရင် ငါ လီဟူ ကျမ်းစာကို အရမ်း လိုအပ်နေလို့"

ချင်မင် အံ့အားသင့်သွားလေသည်။ ခန္ဓာကိုယ် တောင့်တင်းသော လူငယ်မှာ ဗဟုသုတ အလွန် ကြွယ်ဝပြီး သူသည် လီဟူ စွမ်းအားကို ပေါင်းစပ်ထားပြီး ဖြစ်သော်လည်း ထိုသူက ခွဲခြား သိမြင်နိုင်သေးလေသည်။

ရှန်ယိဝူသည် သူ ငြင်းဆိုခြင်း မရှိသည်ကို မြင်သောအခါ ချက်ချင်း အလွန်တရာ စိတ်လှုပ်ရှားသွားပြီး ပြောလိုက်၏။

"မင်းဆီမှာ တကယ်ပဲ လီဟူ ကျမ်းစာ ရှိနေတာလား စိတ်ချပါ ငါ မင်းကို အရှုံးမပေးပါဘူး"

ချင်မင်က မေးလိုက်၏။

"မင်းက ရူလိုင်စွမ်းအား သို့မဟုတ် ကျောက်စိမ်းစင်ကြယ် စွမ်းအား ကို လေ့ကျင့်ထားတာ မလား ဒီလို ဒဏ္ဍာရီလာ ကျင့်စဉ်မျိုး ရှိနေတာတောင် လီဟူ ကျမ်းစာကို လိုအပ်သေးလို့လား"

ရှန်ယိဝူ က ပွင့်ပွင့်လင်းလင်း ပြောပြလိုက်၏။

"ငါ လေ့ကျင့်ထားတာက ရွှေပိုးကောင် ကျင့်စဉ်လေ လောလောဆယ် မီး စွမ်းအား ကျင့်စဉ်တစ်ခု ရဲ့ အကူအညီ လိုအပ်နေတယ် ဂိုဏ်းက ဆရာကြီးတွေ တွက်ချက်ပေးထားတာအရ အခု အချိန်မှာ လီဟူ မီးတောက် နဲ့ ရွှေပိုးကောင်ကို သန့်စင်တာ အကောင်းဆုံးပဲ အခွံခွာပြီး အသစ် ပြန်မွေးဖွားလာနိုင်သလို ကောင်းကင်ယံကို တစ်ဟုန်ထိုး ပျံတက်သွားနိုင်တဲ့အပြင် မီးတောက် ထဲမှာ ပြန်လည် မွေးဖွားလာနိုင်တဲ့ အကျိုးကျေးဇူး တွေလည်း ရှိတယ်"

ချင်မင် သူ့ကို ကြည့်သော အကြည့်များ ပြောင်းလဲသွားလေသည်။ ထိုသူ လေ့ကျင့်ထားသော ကျင့်စဉ်မှာ လုံးဝ မရိုးရှင်းကြောင်း သိသာလှပြီး တစ်ဖက်လူကလည်း လောလောဆယ်တွင်သာ လီဟူ ကျမ်းစာကို လိုအပ်ပြီး နောင်တစ်ချိန်တွင် အခြား ထူးခြားသော ကျင့်စဉ် များကို ဆက်လက် ပေါင်းစပ်ရမည် ဖြစ်ကြောင်း ပြောပြခဲ့လေသည်။

"ရင်းနှီးတဲ့ သူတွေကတော့ ငါ့ကို ရွှေပိုးကောင်လေး လို့ ခေါ်ကြတယ်"

ရှန်ယိဝူ က ပြုံးလျက် ပြောလိုက်လေသည်။

"မင်းက ဘယ် အဓိက တပည့်ကို ကူညီပေးနေတာလဲ"

ချင်မင်က မေးလိုက်လေသည်။

"အစွမ်းထက် တပည့် တစ်ယောက်ပါ သူက ငါ့ကို လိမ်သွားတယ် သူ ပေးတဲ့ မီးစွမ်းအား ကျမ်းစာက သာမန်လေးပဲ"

ထိုအကြောင်းကို ပြောသောအခါ ရှန်ယိဝူ မှာ အလွန်တရာ ဒေါသထွက်နေလေသည်။

"ဒါဆိုရင်လည်း သူ့ကို ဂရုစိုက်မနေနဲ့တော့ ငါနဲ့ ပူးပေါင်းမလား"

ချင်မင်သည် ယခုအခါ လီချင်းယွဲ့အတွက် အလွန် စိုးရိမ်နေလေသည်။ သူမသည် အဓိက တပည့် ငါးဦး၏ ဝိုင်းဝန်း တိုက်ခိုက်ခြင်းကို ခံနေရလေသည်။

ထို့အပြင် ယခု ရှေ့ရှိ လူအုပ်စုက သူ့ကို လာရောက် ပိတ်ဆို့နေသည့် ပုံစံကို ကြည့်ခြင်းအားဖြင့် သူနှင့် လီချင်းယွဲ့ကို လုံးဝ အသေသတ်ရန် ရည်ရွယ်ထားကြောင်း သိသာလှပေသည်။

ရှန်ယိဝူက ခေါင်းညိတ်ကာ ပြောလိုက်၏။

"ငါ အဲဒီ အစွမ်းထက် တပည့်ကို အိမ်ပြန်ပို့လိုက်ပြီ"

ချင်မင် အံ့အားသင့်သွားပြီး ပြောလိုက်၏။

"မင်း သူ့ကို သတ်လိုက်တာလား"

ရှန်ယိဝူ က ခေါင်းခါပြကာ ပြောလိုက်၏။

"ငါ သူ့ကို ရိုက်ထုတ်လိုက်ရုံပဲ"

ချင်မင် သတိပြုမိလိုက်သည်မှာ ထိုသူသည် ကြီးမားသော နောက်ခံ တစ်ခု ရှိမည်မှာ သေချာပြီး ထူးခြားသော ကျင့်စဉ် များကို လေ့ကျင့်ထားကာ ဒုတိယ အဆင့်ကြီး တွင် အလွန် အစွမ်းထက်သူ ဖြစ်နိုင်ကြောင်း ပင် ဖြစ်လေသည်။

"မင်း ငါ့ကို လူတစ်ယောက် ကယ်ဖို့ သွားကူညီပေး ငါ မင်းကို လီဟူ ကျမ်းစာ ပေးမယ်"

"မင်းက ငါ့ကို အဓိက တပည့် ငါးယောက် ကို သွားပြီး ရန်စခိုင်းနေတာလား အရမ်း အန္တရာယ်များတယ်"

ရှန်ယိဝူက လက်မခံချေ။

"လမ်းကြောင်းလေး တစ်ခု ဖောက်ပြီး သူမကို ဝိုင်းရံထားတာကနေ လွတ်အောင် ကူညီပေးရုံပဲ"

ချင်မင်သည် သူ၏ လက်ထဲတွင် ထူးခြားသော ကျင့်စဉ် တစ်ခုတည်း ရှိနေခြင်း မဟုတ်ကြောင်း ပြောပြလိုက်လေသည်။

ရှန်ယိဝူ က ပြောလိုက်၏။

"ငါ လီဟူ ကျမ်းစာ တစ်ခုတည်းကိုပဲ လိုအပ်တယ် ငါ အရင် သွားကြည့်လိုက်မယ် အခွင့်အရေး ရှိရင် ဝင်တိုက်ပေးမယ် အခွင့်အရေး မရှိရင်တော့ ငါ့ကို အပြစ်မတင်နဲ့"

သူသည် အမြန် ထွက်သွားပြီး ဝါးတောထဲတွင် ပျောက်ကွယ်သွားလေသည်။

ချင်မင် သံသယ ဖြစ်မိသည်မှာ ထိုသူ လေ့ကျင့်ထားသော ရွှေပိုးကောင် ကျင့်စဉ်မှာ ရူလိုင်စွမ်းအား သို့မဟုတ် ကျောက်စိမ်းစင်ကြယ် စွမ်းအား ၏ အစိတ်အပိုင်း တစ်ခု ဖြစ်နိုင်ပြီး ယခုအခါ ကျမ်းစာများကို ထပ်မံ ချဲ့ထွင်နေခြင်း ဖြစ်နိုင်ကြောင်းပင် ဖြစ်လေသည်။

ကျောက်စိမ်းစင်ကြယ် စွမ်းအား၊ ကောင်းကင်မဏ္ဍိုင် စွမ်းအား၊ ရူလိုင်စွမ်းအား တို့မှာ မည်သည့်အခါမျှ ရပ်တန့်နေခြင်း မရှိဘဲ အမြဲတမ်း တိုးတက်အောင် ပြုပြင် ပြောင်းလဲနေကြောင်း ကြားသိရပြီး ထို အမွေအနှစ် စာရွက် ပေါ်ရှိ အကြောင်းအရာများမှာ အပြောင်းအလဲ မရှိသော အရာများ မဟုတ်ချေ။

"တကယ်လို့ ရှန်ယိဝူက တကယ်ပဲ အဲဒီ ရှေးဟောင်း ဂိုဏ်းက လာတာ ဆိုရင် ပထမ အဆင့်ကြီး နှစ်ခု မှာ နတ်လမ်းစဉ်ကျင့်ကြံသူ တပည့်တွေကို လုံးဝ ကြောက်စရာ မလိုဘူး"

ချင်မင်၏ ကိုယ်ပိုင် အခြေအနေမှာ အနည်းငယ် မကောင်းတော့ချေ။ ထို ရွှေရောင်ချပ်ဝတ် အစောင့်အရှောက် အုပ်စုက အဝေးမှ ချဉ်းကပ်လာပြီး ဝိုင်းရံထားသော စက်ဝိုင်းကို တဖြည်းဖြည်း ကျဉ်းမြောင်းလာစေလေသည်။

"မင်းတို့ ဘာလို့ ဒီလို လုပ်နေကြတာလဲ ငါတို့ အေးအေးဆေးဆေး ထိုင်ပြီး စကားပြောလို့ မရဘူးလား..."

မကြာမီမှာပင် ချင်မင် စကားဆက်မပြောတော့ချေ။ အဘယ်ကြောင့်ဆိုသော် သူ့တွင် ခြိမ်းခြောက်နိုင်စွမ်း မရှိသောကြောင့် ဖြစ်ပြီး သူ့ကို ဝိုင်းထားသော လူများက သူ၏ ကောင်းကင်အလင်း များ အပြင်ဘက် မထွက်နိုင်သည်ကို မြင်သောအခါ သူ့ကို ဖမ်းဆီးရန် ကြိုးစားလာကြလေသည်။

အရေးအကြီးဆုံးမှာ ထိုအထဲတွင် ဦးဆောင်သူများ ရှိနေပြီး လူအနည်းစုမှာ အသေခံ တိုက်ခိုက်မည့် သူများ ဖြစ်ကာ ထို လူအနည်းစုကို သတ်ဖြတ်နိုင်မှသာ အန္တရာယ်မှ လွတ်မြောက်နိုင်မည် ဖြစ်ပေသည်။

"သေချင်တဲ့ လူတွေ ရှိနေမှတော့ ငါ မင်းတို့ကို ဖြည့်ဆည်းပေးရတာပေါ့"

ချင်မင်လည်း ဒေါသထွက်သွားလေသည်။

တိုက်ပွဲ ထပ်မံ စတင်သွားလေပြီ။

...

ထိုအချိန်တွင် အပြင်လောက၌ လီချင်းယွဲ့သည် ဒဏ္ဍာရီလာ ပစ္စည်းကို ရရှိမည်ဟု ဆွေးနွေးနေကြလေသည်။

ညသတင်းစာများ အားလုံးက သူမကို မှတ်ချက်ပေးကာ ချီးကျူးနေကြပြီး အရှိန်အဝါ မြှင့်တင်ပေးနေကြလေသည်။

မုန့်ရှင်းဟိုင်၏ ရင်ထဲတွင် လေးလံသွားလေသည်။ သူသည် ထိုကိစ္စများ၏ အတွင်းရေးများကို ကောင်းစွာ သိရှိထားပြီး ဤကဲ့သို့ ပူပူနွေးနွေး ဆွေးနွေးနေလေလေ ပြဿနာ ဖြစ်လာနိုင်လေလေ ဖြစ်ကာ လီချင်းယွဲ့သည် စီစဉ်ခံရနိုင်ချေ ရှိကြောင်း သိရှိထားလေသည်။

"တစ်ယောက်ယောက်က ချင်းယွဲ့ကို အမောင်းထုတ်ခံရအောင် လုပ်ပြီး လောင်းကစားဝိုင်း မှာ ပိုက်ဆံတွေ အများကြီး မြတ်ဖို့ ကြိုးစားနေတာလား"

အစောပိုင်းက မုန့်ရှင်းဟိုင်သည် ချင်မင်၏ တိုက်ပွဲ မှတ်တမ်း များကြောင့် အလွန် ဝမ်းသာနေခဲ့ပြီး အရသာရှိသော ဝိုင် ကို သောက်သုံးနေရသကဲ့သို့ ခံစားနေရသော်လည်း ယခုအခါ သူတို့ နှစ်ဦးစလုံး အန္တရာယ် ရှိနေနိုင်ကြောင်း ခံစားလိုက်ရလေသည်။

...

ချင်မင် ဒဏ်ရာရသွားလေပြီ။ အဓိက တပည့် ငါးဦး၏ ရွှေရောင်ချပ်ဝတ် အစောင့်အရှောက် များထဲတွင် အမှန်တကယ်ပင် အစွမ်းထက်သူများ ပါဝင်ပြီး ကောင်းကင်အလင်း များ အပြင်ဘက် ပြန့်နှံ့မှု အတိုင်းအတာမှာ အလွန်တရာ အံ့သြဖွယ် ကောင်းကာ ပြင်းထန်သော မီးတောက်များ လောင်ကျွမ်းနေသကဲ့သို့ ဖြစ်နေပြီး တောက်ပသော နေမင်းကြီး တစ်စင်း ထွန်းလင်းနေသကဲ့သို့ ဖြစ်နေလေသည်။

သူသည် ရိုက်ခတ်မှုကြောင့် သွေးသားများ ဆူပွက်သွားပြီး ပါးစပ်မှ သွေးများ ထွက်လာကာ ပြိုင်ဘက်က ပိုမို မြင့်မားသော အဆင့်ဖြင့် သူ့ကို ဖိနှိပ်ထားလေသည်။

"ထန်ယွီ"

ချင်မင် ထိုလူကို မှတ်မိသွားလေသည်။

လော့ဖူ နတ်မြို့လေး တွင် ရှိနေစဉ်က လူအချို့က ထိုလူအကြောင်းကို ဆွေးနွေးခဲ့ကြပြီး လော့ယွဲ့မြို့ က လာသူ ဖြစ်ကာ ဘဝသစ်ရရှိခြင်း အဆင့်တွင်ပင် ကောင်းကင်အလင်း စွမ်းအား ဆယ်မျိုးထက်မက ပေါင်းစပ်ထားနိုင်သူ ဖြစ်ကြောင်း ကြားသိခဲ့ရလေသည်။

"လူတွေ ပြောနေကြတဲ့ ရောင်ဝါထုတ်လွှတ်ခြင်း အဆင့်ရှိသူ တွေက တကယ်ပဲ အန္တရာယ် များတာပဲ"

ချင်မင်သည် ပါးစပ်ထောင့်ရှိ သွေးများကို သုတ်လိုက်လေသည်။

ယခုအခါ ထန်ယွီ တစ်ယောက်တည်း တိုက်ခိုက်နေခြင်း မဟုတ်ဘဲ အခြား လူများလည်း ဝိုင်းဝန်း တိုက်ခိုက်နေကြပြီး ချင်မင်၏ လက်ထဲရှိ လှံရှည် ကြီးပင် လွတ်ကျသွားလေသည်။

ထန်ယွီ အလွန်တရာ အံ့အားသင့်နေလေသည်။ သူသည် သာမန် ရောင်ဝါထုတ်လွှတ်ခြင်း အဆင့်ရှိသူ များထက် ပိုမို အစွမ်းထက်ပြီး မြင့်မားသော အဆင့်ဖြင့် ဘဝသစ်ရရှိခြင်း အဆင့်ရှိသူ တစ်ဦးကို ဖိနှိပ်ရန် ကြိုးစားခဲ့သော်လည်း ရလဒ် အနေဖြင့် သူ၏ လက်ဖဝါး အထိုးခံရကာ သွေးများ ထွက်လာခဲ့လေသည်။

ချင်မင် အသက်ပြင်းပြင်း ရှူလိုက်ပြီး မြေပြင်ပေါ်ရှိ လှံရှည် ကြီးကို ပြန်မကောက်သလို ဓားကိုလည်း မဆွဲထုတ်ဘဲ သူ လေ့ကျင့်ထားသော ကောင်းကင်အလင်း စွမ်းအားများ အားလုံး သူ၏ စိတ်ထဲတွင် တစ်ခုပြီး တစ်ခု ပေါ်လာလေသည်။

သူသည် ဓား၊ လှံ၊ မြား၊ တူ၊ လှံရှည် အစရှိသည်တို့ကို ကျွမ်းကျင်စွာ အသုံးပြုနိုင်သော်လည်း တကယ်တမ်းတွင် ကောင်းကင်အလင်း စွမ်းအား များကို ပိုမို ကျွမ်းကျင်ပြီး တိုက်ခိုက်ရေး နည်းစနစ်များမှာ လျှို့ဝှက်ကျမ်းစာ များကို ချန်ရစ်ခဲ့သူများထက် မညံ့ချေ။

ချင်မင်သည် လေ စွမ်းအား ကို အသုံးပြုလိုက်ရာ ခြေထောက်များက မြေကြီးနှင့် မထိသကဲ့သို့ မြက်ခင်းများပေါ်မှ ဖြတ်သန်းသွားပြီး ထန်ယွီကို ဝင်ရောက် တိုက်ခိုက်လိုက်လေသည်။

အနီးသို့ ရောက်ရှိသွားသော မျက်စိတစ်မှိတ်အတွင်းမှာပင် သူသည် လေကဲ့သို့ ပေါ့ပါးရာမှ ရုတ်တရက် မိုးကြိုး ပေါက်ကွဲသကဲ့သို့ ဖြစ်သွားပြီး ထန်ယွီကို လက်သီး စွမ်းအား ဖြင့် ထိုးကြိတ်လိုက်ရာ ဝါးတောထဲတွင် ကြောက်စရာကောင်းသော လေနှင့် မိုးကြိုးသံများ ထွက်ပေါ်လာလေသည်။

ထန်ယွီ အေးစက်စွာ ပြုံးလိုက်လေသည်။ သူသည် မြင့်မားသော အဆင့်ဖြင့် ဖိနှိပ်ရန်သာ ရည်ရွယ်ထားပြီး ခွန်အား တစ်ခုတည်းဖြင့် အရာအားလုံးကို အနိုင်ယူမည်ဟု တွေးထားလေသည်။

ထို့အပြင် သူနှင့် အစွမ်းချင်း မတိမ်းမယိမ်း ရှိသော နောက်ထပ် အစွမ်းထက်သူ တစ်ဦးလည်း လိုက်ပါလာပြီး အခြား လူများလည်း တစ်ပြိုင်နက်တည်း ဝင်ရောက် တိုက်ခိုက်လာကြကာ ဤ ထူးဆန်းသော ဘဝသစ်ရရှိခြင်း အဆင့်ရှိသူ ကို အမြန်ဆုံး ရှင်းလင်းရန် ကြိုးစားလိုက်ကြလေသည်။

ချင်မင်သည် မျက်စိတစ်မှိတ်အတွင်း လမ်းကြောင်း ပြောင်းလိုက်ပြီး ထန်ယွီ၏ နေမင်းလေး တစ်စင်းအလား တောက်ပနေသော လက်သီးကို ရှောင်ကွင်းသွားကာ လက်ဖဝါးတွင် ပိုးကြိုး စွမ်းအား ကို အသုံးပြုပြီး သူ၏ လက်မောင်းကို ထိတွေ့ကာ ရုတ်တရက် ဆွဲယူလိုက်ရာ ပြိုင်ဘက်ကို ယိမ်းထိုးသွားစေလေသည်။

သေချာသည်မှာ ချင်မင် ကိုယ်တိုင်လည်း ခံစားရ မလွယ်ကူချေ။ အဘယ်ကြောင့်ဆိုသော် တစ်ဖက်လူ၏ အကာအကွယ် ကောင်းကင်အလင်း မှာ အလွန်တရာ ပြင်းထန်လွန်းပြီး သူ ဖောက်ထွင်း ဝင်ရောက်သွားသောအခါ အဆက်မပြတ် တိုက်ခိုက်ခြင်းကို ခံရသောကြောင့် ဖြစ်ပေသည်။

ဒိုင်းခနဲ အသံတစ်ခု ထွက်ပေါ်လာပြီး ချင်မင်သည် ထန်ယွီ ယိမ်းထိုးသွားချိန်တွင် ခြေထောက်ကို မြင့်မြင့် မြှောက်ကာ ကြာပွတ် စွမ်းအား ကို အသုံးပြုပြီး တစ်ဖက်လူ၏ ဦးခေါင်းကို ကန်ချလိုက်လေသည်။

ထန်ယွီ ခေါင်းကို စောင်း၍ ရှောင်တိမ်းလိုက်သော်လည်း ပခုံးကို သံကြာပွတ် ဖြင့် ရိုက်ခံလိုက်ရသကဲ့သို့ ဖြစ်သွားပြီး ခန္ဓာကိုယ်မှာ ပိုမို မတ်တပ်မရပ်နိုင် ဖြစ်သွားလေသည်။

အခြား လူများ ရောက်လာသောအခါ ချင်မင်၏ ခန္ဓာကိုယ်တွင် ရွှေရောင် ကြိုးမျှင်များ ထွက်ပေါ်လာပြီး ၎င်းမှာ ရွှေပိုးကောင် စွမ်းအား ကို လည်ပတ်နေခြင်း ဖြစ်ကာ လူလေးဦး၏ လက်သီးနှင့် ခြေထောက်များကို အတင်းအကျပ် ခံယူပြီး ထန်ယွီကို ဆက်လက် တိုက်ခိုက်နေလေသည်။

သေချာသည်မှာ သူသည် ထန်ယွီနှင့် အစွမ်းချင်း မတိမ်းမယိမ်း ရှိသော ထိုလူ၏ ကြောက်စရာကောင်းသော လက်ဝါး တစ်ချက်ကို ရှောင်တိမ်းခဲ့လေသည်။ ထိုလူ၏ ကောင်းကင်အလင်းများမှာ လှိုင်းလုံးများအလား ရိုက်ခတ်နေပြီး အလွန် အန္တရာယ်များသော လူတစ်ဦး ဖြစ်ပေသည်။

ချင်မင်၏ ပိုးကြိုး စွမ်းအား နှင့် ကပ်ငြိ စွမ်းအား တို့မှာ ထန်ယွီ၏ ခန္ဓာကိုယ်မှ မခွာတော့ဘဲ သူ့ကို အလွန်တရာ နေရခက်စေပြီး ရွှံ့နွံထဲတွင် နစ်မွန်းနေသကဲ့သို့ ဖြစ်နေကာ သူ၏ ကြီးမားသော ခွန်အားများကို အပြည့်အဝ အသုံးမချနိုင်တော့ချေ。

ခဏအကြာတွင် ထန်ယွီ ညည်းတွားလိုက်ပြီး သူ၏ လက်ဖဝါးမှ သွေးသားများ အများအပြားကို ကပ်ငြိ စွမ်းအား ဖြင့် ဆွဲဖြဲခံလိုက်ရလေသည်။

ထို့အပြင် သူ၏ မျက်နှာပေါ်ရှိ အကာအကွယ် မှာလည်း အမည်မသိ အကြောင်းပြချက်ဖြင့် လန်ထွက်သွားပြီး ဒိုင်းခနဲ အသံနှင့်အတူ သူ၏ မျက်နှာကို လက်သီးဖြင့် အထိုးခံလိုက်ရကာ ကောင်းကင်အလင်း များ ဝင်ရောက်သွားသဖြင့် သူ၏ မျက်နှာ တစ်ခြမ်းလုံး သွေးသားများ ရစရာမရှိအောင် ဖြစ်သွားလေသည်။

ချင်မင် ကိုယ်တိုင်လည်း မျက်နှာ ဖြူရော်နေပြီး လက်နှစ်ဖက်စလုံး သွေးများ ထွက်နေကာ သူသည် လူအများအပြား၏ ဝိုင်းဝန်း တိုက်ခိုက်ခြင်းကို ခံနေရသော်လည်း ထန်ယွီ တစ်ယောက်တည်းကိုသာ ပစ်မှတ်ထား တိုက်ခိုက်နေသဖြင့် သူကိုယ်တိုင်လည်း ပေးဆပ်ရမည်မှာ သေချာလှပေသည်။

သူ၏ ခန္ဓာကိုယ်ပေါ်ရှိ ရွှေရောင် ချပ်ဝတ်တန်ဆာ မှာ တစ်စိတ်တစ်ပိုင်း ပျက်စီးနေပြီ ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ထို အကာအကွယ် အက္ခရာများမှာ တစ်ကြိမ် ပေါက်ကွဲထွက်ခဲ့ပြီး ဖြစ်ရာ ဤသည်မှာ အသေအကြေ တိုက်ပွဲ တစ်ခု ဖြစ်ကြောင်း သေချာလှပေသည်။

အချိန် အတော်ကြာပြီးနောက် ချင်မင်သည် ဓားကို ဆွဲထုတ်လိုက်ပြီး ကျောက်စိမ်းဖြူ သံမဏိဓား က ထန်ယွီ၏ ချပ်ဝတ်တန်ဆာ ထဲသို့ ထိုးဝင်သွားလေသည်။ အဘယ်ကြောင့်ဆိုသော် သူ၏ အကာအကွယ် အက္ခရာများမှာလည်း ပေါက်ကွဲထွက်ခဲ့ပြီး ဖြစ်ကာ မှေးမှိန်သွားခဲ့ပြီ ဖြစ်သောကြောင့် ဖြစ်ပေသည်။

"မင်း..."

ထန်ယွီ အလွန်တရာ ထိတ်လန့်သွားသော်လည်း ရုန်းကန်နိုင်စွမ်း မရှိတော့ဘဲ ရင်ဘတ်ကို ဖောက်ထွင်းခံလိုက်ရကာ ချက်ချင်း သေဆုံးသွားလေတော့သည်။

ချင်မင်သည် ယိမ်းယိုင်နေသော ခန္ဓာကိုယ်ဖြင့် နောက်သို့ လှည့်ကြည့်လိုက်ရာ ဤမျှလောက် အချိန်ကြာမြင့်စွာ တိုက်ခိုက်ပြီးနောက် မျက်နှာချင်းဆိုင်ရှိ လူအများအပြား၏ ချပ်ဝတ်တန်ဆာ များမှာလည်း ထိုအက္ခရာများ ပေါက်ကွဲထွက်ခဲ့ပြီး ဖြစ်ကာ အားလုံး ငြိမ်းသတ်သွားခဲ့ပြီ ဖြစ်ပေသည်။

သူ ဟိန်းဟောက်လိုက်ပြီး ရှေ့သို့ ပြေးဝင်ကာ တိုက်ခိုက်လိုက်လေသည်။

နောက်ဆုံးတွင် ထန်ယွီနှင့် အစွမ်းချင်း မတိမ်းမယိမ်း ရှိသော ထို အစွမ်းထက်သူ မှာလည်း သူ့အား ခေါင်းဖြတ်သတ်ခြင်း ခံလိုက်ရပြီး အစွမ်းထက်ဆုံး လူနှစ်ဦး အစဉ်လိုက် သေဆုံးသွားသောအခါ ထိုနေရာတွင် တကယ့် ဦးဆောင်သူများနှင့် အသေခံ တိုက်ခိုက်မည့် သူများ မရှိတော့သဖြင့် အခြား လူများလည်း လှည့်ကာ ထွက်ပြေးသွားကြပြီး အသက်စွန့်ကာ ဆက်လက် မတိုက်ခိုက်ကြတော့ချေ။

ချင်မင်၏ မျက်လုံးများ နီရဲနေပြီ ဖြစ်ကာ ပင်ပန်းနွမ်းနယ်နေသော ဒဏ်ရာရ ခန္ဓာကိုယ်ကို ဆွဲကာ ဆက်လက် လိုက်လံ သတ်ဖြတ်နေပြီး သူ၏ ဓားချက်တိုင်းတွင် သွေးများ ထွက်ပေါ်နေကာ စောစောက သူ့ကို ဝိုင်းဝန်း တိုက်ခိုက်ခဲ့သော လူများကို ဆက်တိုက် သတ်ဖြတ်လိုက်လေသည်။ ဤနေရာ တစ်ခုလုံး လုံးဝ တိတ်ဆိတ်သွားသည်အထိ ထိုလူများမှာ သေသူက သေ၊ ပြေးသူက ပြေး ဖြစ်သွားပြီးနောက် ချင်မင်သည် အသက်ပြင်းပြင်း ရှူကာ မြေပြင်ပေါ်သို့ ဖင်ထိုင်ရက် ကျသွားလေတော့သည်။

သူ၏ ချပ်ဝတ်တန်ဆာ မှာ ပျက်စီးနေပြီး တစ်ကိုယ်လုံး သွေးများ ဖုံးလွှမ်းနေကာ အကယ်၍ နောက်ထပ် လူတစ်ဦးသာ သူ့ကို အသေအကြေ လာရောက် တိုက်ခိုက်မည် ဆိုပါက သေချာပေါက် သေဆုံးမည် ဖြစ်ပေသည်။

သေဆုံးသွားသော ထိုလူများ၏ ခန္ဓာကိုယ်ပေါ်ရှိ ရွှေရောင် ချပ်ဝတ် များမှာလည်း အက္ခရာများ အားလုံး ပေါက်ကွဲထွက်ခဲ့ပြီး ဖြစ်ပေသည်။

"အဝေးက တိုက်ပွဲ က မပြီးသေးဘူးလား"

ချင်မင်သည် ဝါးတော အတွင်းပိုင်းသို့ လှမ်းကြည့်လိုက်လေသည်။

"ညီအစ်ကို မြန်မြန် သွားရအောင်"

မကြာမီမှာပင် ရှန်ယိဝူ အပြေးအလွှား ရောက်လာပြီး ပြောလိုက်၏။

"အရမ်း ကြမ်းနေကြပြီ အဓိက တပည့်တွေတောင် သေလုနီးပါး ဖြစ်နေပြီ"

"လီချင်းယွဲ့ကော ဘယ်လိုနေလဲ"

ချင်မင်က မေးလိုက်လေသည်။

ရှန်ယိဝူ က အမြန် ပြန်ဖြေလိုက်၏။

"သူမ ပြင်းပြင်းထန်ထန် ဒဏ်ရာရသွားတယ် လျှို့ဝှက် နည်းလမ်း ကို သုံးပြီး အဓိက တပည့် နှစ်ယောက် ကို အိမ်ပြန်ပို့လုနီးပါး ဖြစ်သွားလို့ အဲဒီ လူအုပ်စုက အရမ်း ကြောက်သွားကြတယ်"

"သူမ ဘယ်မှာလဲ ဘယ်လို အခြေအနေ ရှိလဲ မင်း ဝင်တိုက်ပေးခဲ့လား လို့ ငါ မေးနေတာ"

ချင်မင်က အလျင်စလို မေးလိုက်လေသည်။

"ငါ ဝင်တိုက်ဖို့ အချိန်မရလိုက်ဘူး အဲဒီ လူတွေ အားလုံးက အရမ်း ကြမ်းနေကြပြီ နတ်လမ်းစဉ်ကျင့်ကြံသူ တားမြစ် ကျင့်စဉ်တွေကို သုံးနေကြတာ အရောင် ခြောက်မျိုး ပါတဲ့ အလင်းတန်းတွေ အချင်းချင်း ပေါင်းစပ်သွားပြီး အဲဒါက စိတ်ဝိညာဉ် အလင်းတန်းတွေ အချင်းချင်း အသေအကြေ တိုက်ခိုက်နေကြတာ ငါ့ရဲ့ ရုပ်ခန္ဓာ နဲ့ အဲဒီထဲ ဝင်သွားရင် အဲဒီ ခြောက်ယောက် ရဲ့ အလင်းတန်းတွေ ပေါင်းပြီး ငါ့ကို အပိုင်းပိုင်း ဆုတ်ဖြဲပစ်လိမ့်မယ်"

ရှန်ယိဝူက ရှက်ရွံ့စွာဖြင့် ပြောလိုက်လေသည်။

သူက အမြန် ဆက်ပြောလိုက်၏။

"မင်း စိတ်ချပါ လီချင်းယွဲ့ ထွက်ပြေးသွားပါပြီ နောက်ဆုံးမှာ အောင်မြင်အောင် ထွက်ပြေးသွားနိုင်ခဲ့တယ် ကျန်ခဲ့တဲ့ လူတွေကလည်း သူမကို အရမ်း ကြောက်နေကြပြီး သူမက ပြင်းပြင်းထန်ထန် ဒဏ်ရာရသွားလို့ ဒဏ္ဍာရီလာ ပစ္စည်း ကို သွားလုနိုင်တော့မှာ မဟုတ်ဘူး လို့ ထင်ပြီး နောက်က မလိုက်ကြတော့ဘူး"

ချင်မင် ချက်ချင်း ထရပ်လိုက်ပြီး သူ ပြောသော ဦးတည်ရာ ဘက်သို့ လိုက်သွားလေသည်။

တစ်ချိန်တည်းမှာပင် သူ ခန့်မှန်းမိသည်မှာ လီချင်းယွဲ့သည် ထို အသက်စွမ်းအင်များ ထူထပ်သော နေရာသို့ ထွက်ပြေးသွားခြင်း ဖြစ်နိုင်ကြောင်း ပင် ဖြစ်လေသည်။ စောစောက ထိုနေရာကို ဖြတ်သန်းသွားစဉ် သူမက လွန်ခဲ့သော နှစ်ထောင်ပေါင်းများစွာက သူမ၏ ဆရာကြီး သည် ထိုနေရာတွင် အစီအစဉ် အချို့ ပြုလုပ်ခဲ့ကြောင်း ပြောခဲ့ဖူးလေသည်။

...

တကယ်ပင် ချင်မင်သည် အသက်စွမ်းအင်များ ထူထပ်သော နေရာတွင် လီချင်းယွဲ့ ချန်ရစ်ခဲ့သော သွေးကွက်များကို တွေ့ရှိခဲ့ပြီး ထိုနေရာတွင် သူမ၏ နာမည်ကို တိုးတိုးလေး ခေါ်လိုက်လေသည်။

"ငါ ဒီမှာ"

လီချင်းယွဲ့မှာ အလွန် အားနည်းနေပြီး အစွမ်းထက်သော အာရုံခံနိုင်စွမ်းကြောင့် လမ်းတစ်လျှောက် လိုက်လံ ရှာဖွေလာသော ချင်မင်ကို တွေ့ရှိသွားလေသည်။

"ချင်းယွဲ့ မင်း ဘယ်လိုနေလဲ"

ချင်မင် အမြန် ပြေးသွားပြီး သူမ၏ လက်မောင်းကို တွဲဖက်ထားလိုက်လေသည်။

"အရမ်း ဆိုးတယ် တကယ်လို့ နောက်ထပ် အဓိက တပည့် တစ်ယောက်သာ ရောက်လာရင် ငါတို့ နှစ်ယောက်လုံး သေရလိမ့်မယ်"

လီချင်းယွဲ့က ပြောလိုက်ပြီး အလွန် အားနည်းနေကာ သစ်ပင်ကြီး တစ်ပင်ကို မှီထားလေသည်။

သူမ၏ ငွေရောင် ချပ်ဝတ်တန်ဆာ မှာ စောစောကတည်းက ပျက်စီးနေပြီ ဖြစ်ပြီး တစ်ကိုယ်လုံး သွေးများ စွန်းထင်းနေလေသည်။

"ရူလိုင်ရဲ့ စွန့်ပစ်ခံတပည့် မင်း ဒီနေရာနဲ့ နည်းနည်း ဝေးဝေး သွားနေပေးပါ နောက် နာရီဝက် နေမှ ပြန်လာခဲ့"

လီချင်းယွဲ့က အဝေးရှိ ရှန်ယိဝူကို ကြည့်ကာ ပြောလိုက်လေသည်။

"အထင်မလွဲပါနဲ့ ငါ ချက်ချင်း ထွက်သွားပါ့မယ် နာရီဝက် နေမှ ညီအစ်ကို လီဆီ လာပြီး ထူးခြားတဲ့ ကျင့်စဉ်ကို လာလဲလှယ်ပါ့မယ်"

ရှန်ယိဝူမှာ ပြတ်သားစွာ ထွက်သွားလေတော့သည်။

လီချင်းယွဲ့၏ မျက်နှာပေါ်တွင် သွေးရောင် မရှိတော့ဘဲ အနည်းငယ် ဖျားနာနေသော နူးညံ့သည့် အလှတရား တစ်မျိုး ဖြစ်ပေါ်နေကာ လျှို့ဝှက်စွာ အသံလွှင့်ကာ ပြောလိုက်၏။

"ဒီ နေရာ တစ်ဝိုက်မှာ သေချာ ရှာကြည့်လိုက် ငါ့ရဲ့ ဆရာကြီး ရှာတွေ့ပြီး အစီအစဉ် ချထားခဲ့တဲ့ ထူးခြားတဲ့ တောင်နဲ့ မြစ် ဝိညာဉ် အသိုက်တစ်ခု ရှိနိုင်တယ် တကယ်လို့ အဲဒါ ရှိနေသေးရင် ငါတို့ ဒဏ်ရာတွေကို ကုသဖို့ ကူညီပေးနိုင်ရုံသာမက ရှေ့ကို တစ်လှမ်း ပိုတိုးသွားနိုင်အောင်ပါ ကူညီပေးနိုင်တယ်"

အခန်း (၁၁၀) - တောင်နှင့် မြစ် ဝိညာဉ် အသိုက်

"တောင်နဲ့ မြစ် ဝိညာဉ် အသိုက် ဆိုတာ ဘယ်လို နေရာမျိုးလဲ"

ချင်မင် အံ့အားသင့်သွားလေသည်။

သူသည် လီချင်းယွဲ့ကို တွဲဖက်ကာ ထိုအသက်စွမ်းအင်များ ထူထပ်သော နေရာတွင် လိုက်လံ ရှာဖွေနေလေသည်။

"အဲဒါက အစပိုင်းမှာ သဘာဝအတိုင်း ဖြစ်တည်လာတာပါ နည်းနည်းလေး ပြုပြင်လိုက်တာနဲ့ အံ့သြဖွယ် ကောင်းတဲ့ နေရာ တစ်ခု ဖြစ်လာနိုင်တယ် တချို့ နေရာတွေမှာ ရှားပါးတဲ့ ဆေးဘက်ဝင် အပင်တွေ ပေါက်ရောက်နိုင်ပြီး တချို့ နေရာတွေကတော့ မင်းမျိုးမင်းနွယ်တွေ သဘောကျတဲ့ သင်္ချိုင်းမြေတွေ ဖြစ်လာပြီး ဘိုးဘေးတွေရဲ့ အရိုးတွေကို အဲဒီကို ပြောင်းရွှေ့မြှုပ်နှံလေ့ ရှိကြတယ်..."

လီချင်းယွဲ့က လမ်းလျှောက်ရင်း ရှင်းပြနေလေသည်။ မူလက အပြစ်ပြောစရာ မရှိလောက်အောင် လှပသော မျက်နှာလေးမှာ ယခုအခါ အနည်းငယ် ဖြူရော်နေပြီး သူမ၏ ငွေရောင် ချပ်ဝတ်တန်ဆာ မှာလည်း အလွန်အမင်း ပျက်စီးနေကာ အများကြီး မကျန်တော့ချေ။

ဥပမာအားဖြင့် သူမ၏ ဘယ်ဘက် လက်မောင်းတွင် ပခုံးထိပ်တွင်သာ ချပ်ဝတ် အနည်းငယ် ကျန်ရှိတော့ပြီး ဖြူဝင်းသော လက်မောင်းလေးမှာ ပေါ်လွင်နေကာ တစ်ကိုယ်လုံးရှိ အက်ကွဲကြောင်းများ အပြည့်ရှိသော အကာအကွယ် ချပ်ဝတ်တန်ဆာ မှာ သွေးများ စွန်းထင်းနေသဖြင့် မပြည့်စုံသော အလှတရား တစ်မျိုးကို ဖန်တီးပေးနေလေသည်။

လီချင်းယွဲ့မှာ ပြင်းထန်စွာ ဒဏ်ရာရထားပြီး ငွေရောင် ချပ်ဝတ် ကျိုးပဲ့သွားသည်သာမက အတွင်းတွင် အသက်ကယ် အက္ခရာများ ရေးထွင်းထားသော ရွှေရောင် အင်္ကျီကပါ ပျက်စီးသွားပြီး လုံးဝ မှေးမှိန်သွားခဲ့လေပြီ။

ချင်မင်သည် ထန်ရွှီမီ ပေးခဲ့သော ဆေးကို ထုတ်ယူကာ သူမကို စားနိုင်၊ မစားနိုင် နှင့် သူမ၏ ဒဏ်ရာများအတွက် အသုံးဝင်၊ မဝင် မေးလိုက်လေသည်။

လီချင်းယွဲ့က ခေါင်းခါပြလိုက်လေသည်။ သူမသည် ဆေးစွမ်းကောင်း ကို စောစောကတည်းက စားသုံးထားပြီး ဖြစ်သော်လည်း အကျိုးသက်ရောက်မှု သိပ်မရှိဘဲ ဒီတစ်ကြိမ်တွင် သူမ သေလုနီးပါး ဖြစ်ခဲ့ရပြီး ဝိညာဉ်ဗိမာန် အတွင်းရှိ နတ်အလင်းရောင်များပင် ငြိမ်းသတ်သွားလုနီးပါး ဖြစ်ခဲ့လေသည်။

သူမ၏ စိတ်ဝိညာဉ် အင်အားများဖြင့် ဖွဲ့စည်းထားသော အလင်းတန်း များမှာလည်း ဖယောင်းတိုင်မီး အလား ယိမ်းယိုင်နေပြီး ယခင်က နေမင်းကြီးအလား တောက်ပခဲ့သော အခြေအနေသို့ ပြန်မရောက်နိုင်တော့ချေ။

...

လော့ဖူ နတ်တောင် အပျက်အစီး နေရာ၏ အပြင်ဘက်တွင် မုန့်ရှင်းဟိုင် ၏ ရင်ထဲတွင် အလွန်တရာ စိုးရိမ်နေလေသည်။ လီချင်းယွဲ့ကို အမောင်းထုတ်ခံရအောင် စီစဉ် ထားကြပြီး အန္တရာယ်ပင် ရှိနိုင်ကြောင်း သူ ပိုမို သံသယ ဝင်လာလေသည်။

တကယ်ပင် သွေးများ စွန်းထင်းနေသော ရွှေရောင်ချပ်ဝတ် အစောင့်အရှောက် များနှင့် နတ်လမ်းစဉ်ကျင့်ကြံသူ အစွမ်းထက် တပည့် အချို့ ထွက်ပြေးလာသောအခါ အတွင်းရှိ အခြေအနေများမှာ တဖြည်းဖြည်း ရှင်းလင်းလာလေသည်။

လူအများအပြား အလွန်တရာ အံ့အားသင့်သွားကြလေသည်။ အဓိက တပည့် ငါးဦးက ပူးပေါင်းကာ ဖြူဖွေးနေသော ဝါးတောထဲတွင် လီချင်းယွဲ့ကို ပြင်းထန်စွာ ဒဏ်ရာရစေခဲ့ပြီး သူမ၏ စွမ်းအားများကို အကြီးအကျယ် ကျဆင်းသွားစေကာ ဒဏ္ဍာရီလာ ပစ္စည်းကို ယှဉ်ပြိုင် လုယူရန် အရည်အချင်း လုံးဝ ဆုံးရှုံးသွားစေခဲ့လေသည်။

"ရွှေရောင်ချပ်ဝတ် အစောင့်အရှောက် အနည်းဆုံး ဆယ်ယောက်လောက် လီယဲ့ ရဲ့ လက်ထဲမှာ သေသွားတယ် ဒါပေမဲ့ သူကိုယ်တိုင်လည်း သွေးထွက်သံယို ဖြစ်ပြီး ပြင်းပြင်းထန်ထန် ဒဏ်ရာရသွားကာ အကာအကွယ် အက္ခရာတွေ ငြိမ်းသတ်သွားပြီ"

မုန့်ရှင်းဟိုင် သည် ဤသတင်းများကို ကြားသောအခါ မျက်နှာထား မကောင်းတော့ချေ။ ထိုသူ နှစ်ဦး၏ အခြေအနေမှာ အလွန် စိုးရိမ်ရပြီး ဤကဲ့သို့သော အခြေအနေမျိုးတွင် နောက်ထပ် လာရောက် တားဆီးမည့်သူ ရှိနေပါက အမှန်တကယ်ပင် အန္တရာယ် ရှိလေသည်။

"တကယ်ကို မဲခွဲထားတာပဲ"

လီချင်းယွဲ့ကို အဓိက တပည့် အားလုံးက ကြောက်ရွံ့ကြပြီး ဝိညာဉ်ဂူ ထဲသို့ မဝင်ရောက်ခင် ကတည်းက လျှို့ဝှက်စွာ တိုင်ပင်ထားကြခြင်း ဖြစ်ကြောင်းကို သူ မည်သို့ မသိဘဲ နေမည်နည်း။

လူအများအပြားက နှမြောနေကြလေသည်။ လီချင်းယွဲ့သည် ထိုဒဏ္ဍာရီလာ ပစ္စည်းကို ရရှိရန် မျှော်လင့်ချက် အကြီးမားဆုံး ဖြစ်ခဲ့သော်လည်း ဤကဲ့သို့ပင် အမောင်းထုတ်ခံလိုက်ရလေသည်။

အကြီးအကဲ တစ်ဦးက သက်ပြင်းချကာ ပြောလိုက်၏။

"သူမ ဒီတစ်ခါ တကယ်ကို မလွယ်ကူဘူး အဓိက တပည့် ငါးယောက် ဝိုင်းဝန်း တိုက်ခိုက်တာကို ခံရတာတောင် အသက်ရှင်လျက် လွတ်မြောက်လာနိုင်တယ် ဆိုတာ ကိုယ့်ကိုယ်ကိုယ် သက်သေပြဖို့ လုံလောက်တယ်"

ထိုရေကန်မှာ နောက်ကျိနေသော်လည်း လူအချို့က ရှင်းလင်းစွာ မြင်တွေ့နိုင်ပြီး ထိအရာများ အားလုံးတွင် လျှို့ဝှက်ချက် အချို့ ရှိနေကြောင်း သိရှိကာ အန္တရာယ် အငွေ့အသက် အချို့ကို အာရုံခံမိကြလေသည်။

လောကီအညစ်အကြေးများနှင့် ကင်းစင်သော အလယ်အလတ် အရွယ် အမျိုးသား တစ်ဦးက ပြောလိုက်၏။

"ဒဏ္ဍာရီလာ ပစ္စည်းကို မရရင်တောင် လီချင်းယွဲ့ က ဒီတစ်ခေတ်မှာ ဩဇာတိက္ကမ ကို တည်ဆောက်နိုင်ခဲ့ပြီ ဒီနေ့ တိုက်ပွဲ မှတ်တမ်း အရဆိုရင် နောင်တစ်ချိန်မှာ သူမကို အရှုံးမပေးရဲတဲ့သူ ဘယ်နှစ်ယောက် ရှိမှာလဲ"

"ဒါပေမဲ့ နှမြောစရာ ကောင်းတုန်းပဲ ဒီတစ်ခါ သူမသာ အဲဒီ ပစ္စည်း ကို ရသွားရင် အနာဂတ်မှာ လျှို့ဝှက်နယ်မြေ ရဲ့ ခေါင်းဆောင် ဖြစ်လာနိုင်ခြေ လုံးဝ မရှိဘူးလို့ မပြောနိုင်ဘူး"

လူအချို့ကလည်း ပြုံးလျက် ပြောလိုက်၏။

"အဲဒါတွေ ပြောနေလည်း အလကားပဲ လီချင်းယွဲ့ က အမောင်းထုတ်ခံလိုက်ရပြီ လေ"

ညနှင်းမြူ ကမ္ဘာရှိ မြို့ကြီး အသီးသီးမှ လောင်းကစားသမား များမှာ ထပ်မံ အော်ဟစ် ငိုကြွေးနေကြပြန်လေသည်။ အလွန်တရာ လှည့်စားခံရသည်ဟု ခံစားနေရပြီး အယုံကြည်ရဆုံးသော ညသတင်းစာ ကပင် အကူအညီ ပေးသူ ဖြစ်လာကာ သူတို့ကို လမ်းမှားသို့ ပို့ဆောင်ခဲ့သဖြင့် ဖြစ်ပေသည်။

"တောင်နတ်မင်းကြီး ရယ် ဖျက်ဆီးပစ်လိုက်ပါတော့ ငါ ဆက်ပြီး အသက်မရှင်ချင်တော့ဘူး"

...

"အဲဒီ အံ့သြဖွယ် ကောင်းတဲ့ နေရာတွေက တချို့က ဝိညာဉ် အသိုက် တွေ ဖြစ်သွားပြီး တချို့က သင်္ချိုင်းမြေ တွေ ဖြစ်သွားသလို တချို့ကလည်း မကောင်းဆိုးဝါး စွမ်းအား တွေ စုစည်းရာ နေရာ ဖြစ်သွားတတ်တယ်..."

လီချင်းယွဲ့က ချင်မင်ကို ဖြည်းဖြည်းချင်း ရှင်းပြနေလေသည်။

ဤ အသက်စွမ်းအင်များ ထူထပ်သော နေရာတွင် မြက်ခင်းများနှင့် သစ်ပင်များ အလွန် ရှင်သန်နေပြီး အနီရောင် ကျောက်တောင်များနှင့် ထူးဆန်းသော ကျောက်တုံးများ ရှိနေကာ ရှုခင်းများမှာ အလွန်တရာ လှပနေလေသည်။ မီးစမ်းရေများ စုစည်းထားသော စမ်းချောင်းလေး က တောင်တန်းများကြားတွင် စီးဆင်းနေပြီး ဤ အသက်ဝင်နေသော နေရာလေးကို ပျိုးထောင်ပေးနေလေသည်။

"တကယ်ကို ကြီးကျယ်ခမ်းနားတာပဲ"

ချင်မင်က ချီးမွမ်းလိုက်လေသည်။ ရှေ့တွင် ပေတစ်ထောင်ခန့် ရှည်လျားသော ရေတံခွန် ကြီး တစ်ခု ကျဆင်းနေပြီး ကြည်လင် တောက်ပကာ အနီရောင် အလင်းရောင်များ ထွက်ပေါ်နေပြီး ဤ လှပသော တောင်နှင့် မြစ် ကို ထွန်းလင်းပေးနေလေသည်။

မီးစမ်းရေ များက ရေတံခွန် အဖြစ် ပြောင်းလဲသွားခြင်းမှာ ပြင်ပလောကတွင် အရှားပါးဆုံးသော အရင်းအမြစ် ဖြစ်ပြီး ၎င်းကို ဗဟိုပြုကာ ဧရာမ မြို့ကြီး များကို တည်ဆောက်ကြမည် ဖြစ်သော်လည်း ဤနေရာတွင်မူ ရှုခင်း တစ်ခု အဖြစ်သာ ရှိနေလေသည်။

"ယခင်က အကောင်းဆုံး ကောင်းချီးပေးထားတဲ့ နေရာဆိုတဲ့ နာမည်နဲ့ တကယ် ထိုက်တန်ပါတယ်"

ချင်မင် လှမ်းကြည့်လိုက်ရာ ဆင်တူသော အံ့သြဖွယ် ရှုခင်းများ အများအပြား ရှိနေပြီး အဆင့်မြင့် မီးစမ်းရေ များမှာ အတော်လေး ထူထပ်နေလေသည်။

ထို့ကြောင့် လွန်ခဲ့သော နှစ်တစ်ထောင်က နတ်လမ်းစဉ်ကျင့်ကြံသူ အရေးပါသော ပုဂ္ဂိုလ် များက ဒီနေရာကို လျှို့ဝှက်ဂူအဖြစ် အဆင့်မြှင့်တင်ရန် ကြိုးစားခဲ့ခြင်းမှာ အံ့သြစရာ မဟုတ်ချေ။

"ညနှင်းမြူ ကမ္ဘာထဲမှာ လျှို့ဝှက် ဂူတွေ ရှိလား"

ချင်မင်က မေးလိုက်လေသည်။

"ငါ့ အသိပညာ အရတော့ အဲဒီလို နေရာမျိုး မရှိသေးဘူး"

လီချင်းယွဲ့က ပြန်ဖြေလိုက်လေသည်။ လော့ဖူ နတ်တောင် တွင် လျှို့ဝှက် ဂူ ၏ အရည်အသွေးများ ရှိသော်လည်း အသွင်ပြောင်းလဲရမည့် အချိန်သို့ မရောက်သေးချေ။

"ဒီမှာ ဆရာကြီးရဲ့ စာလုံးတွေ ရှိတယ် ငါတို့ ဒီလမ်းအတိုင်း လိုက်ရှာကြမယ်"

လီချင်းယွဲ့သည် ရေညှိများ ပေါက်နေသော ကျောက်တံတိုင်း ကို လက်ဖြင့် စမ်းသပ်ကြည့်လိုက်ရာ ရုတ်တရက် ခြေလှမ်း တစ်လှမ်း ယိမ်းထိုးသွားပြီး လဲကျလုနီးပါး ဖြစ်သွားလေရာ သူမ၏ ဒဏ်ရာမှာ မည်မျှ ပြင်းထန်ကြောင်း သိသာလှပေသည်။

ချင်မင် အမြန် ပြန်တွဲဖက်လိုက်ပြီး စိုးရိမ်သော အမူအရာဖြင့် မေးလိုက်၏။

"ဒီလောက် ပြင်းထန်တဲ့ ဒဏ်ရာမျိုးနဲ့ မင်းရဲ့ စိတ်ဝိညာဉ် ပင်လယ်နဲ့ ဝိညာဉ်ဗိမာန် တွေမှာ ပြဿနာ မဖြစ်လောက်ဘူး မလား"

"ဝိညာဉ် အသိုက် ကို ရှာတွေ့ရင် ဒါတွေက ဘာမှ မဟုတ်တော့ဘူး သူတို့လည်း သက်သာတာ မဟုတ်ပါဘူး နှစ်ယောက်က ငါ့လက်ချက်နဲ့ သေလုနီးပါး ဖြစ်သွားပြီး ကျန်တဲ့ သုံးယောက်လည်း ပြင်းပြင်းထန်ထန် ဒဏ်ရာရသွားတယ်"

လီချင်းယွဲ့က ပြောလိုက်လေသည်။

ချင်မင် သက်ပြင်းမချဘဲ မနေနိုင်တော့ချေ။ အချိန်ကာလက အရာအားလုံးကို ပြောင်းလဲနိုင်ပြီး ယခင်က နူးညံ့သိမ်မွေ့သော ကောင်မလေး သည် ယခုအခါ ဤမျှလောက် အဆင့်အထိ ကြီးထွားလာခဲ့ပြီ ဖြစ်ကာ နတ်လမ်းစဉ်ကျင့်ကြံသူ အဓိက တပည့် များကို သတ်ဖြတ်နိုင်ပြီး တိုးတက်မှု အရှိန်အဟုန်မှာ အလွန်တရာ ကြမ်းတမ်းလှပေသည်။

သူသည် ကိုယ့်ကိုယ်ကိုယ် မကျေနပ်ဘဲ သက်ပြင်းချချင်စိတ်များပင် ပေါက်လာလေသည်။ သူလည်း ပြင်းထန်စွာ ဒဏ်ရာရခဲ့သော်လည်း ထို ပြိုင်ဘက်များမှာ နာမည်ကြီး ပုဂ္ဂိုလ်များ မဟုတ်ဘဲ ထန်ယွီ တစ်ယောက်တည်းကိုသာ လူအချို့က ပြောဆိုခဲ့ကြခြင်း ဖြစ်ပေသည်။

လူငယ် သိုင်းဆရာကြီး၏ ဟန်ပန် ရှိသော ဟယ်ထိုက်၊ အရောင်ငါးမျိုး မိုးကြိုးမီး စွမ်းအား ကို လေ့ကျင့်ထားသော ချန်ရှုဟန်၊ သန့်စင်သော ယန် စွမ်းအား နန်းတော်မှ တပည့် ကျန်းချုံယွင်၊ ဓာတ်ကြီးငါးပါး နန်းတော်မှ လျှို့ဝှက်ဆန်းကြယ်သော အမွေဆက်ခံသူ နှင့် ကျောက်စိမ်းစင်ကြယ် အနွယ် မှ အပြင်စည်း တပည့်၊ ထိုလူများသာ အစွမ်းထက်သူများ ဖြစ်ကြပြီး အားလုံးက အကောင်းဆုံး ကောင်းကင်အလင်း စွမ်းအားများကို လေ့ကျင့်ထားကြလေသည်။

ထန်ယွီသည် လူအချို့၏ ပြောဆိုခြင်းကို ခံရရုံသာ ရှိပြီး ဘဝသစ်ရရှိခြင်း အဆင့်တွင် ကောင်းကင်အလင်း စွမ်းအား ဆယ်မျိုးထက်မက ပေါင်းစပ်နိုင်သူ ဖြစ်သော်လည်း အနည်းငယ် နောက်ခံ ရှိသူတိုင်း ဤသို့ မလုပ်နိုင်ဘဲ နေမလဲ။

"ငါ အများကြီး အားနည်းနေသေးတယ်"

ချင်မင်က သက်ပြင်းချကာ ပြောလိုက်လေသည်။ အကယ်၍ သူသာ ထို အစွမ်းထက်သူများ နှင့် တိုက်ခိုက်ရပါက ဤနေရာတွင် အသက်ဆုံးရှုံးသွားနိုင်သည်ဟု သူ ခံစားရလေသည်။

လီချင်းယွဲ့က ပြောလိုက်၏။

"ကိုယ့်ကိုယ်ကိုယ် အထင်မသေးပါနဲ့ မင်းက အရမ်း အစွမ်းထက်နေပါပြီ ဘဝသစ်ရရှိခြင်း ငါးကြိမ်ပဲ ဖြတ်သန်းရသေးတာတောင် ရောင်ဝါထုတ်လွှတ်ခြင်း အဆင့်ရှိတဲ့ လူတွေကို သတ်နိုင်နေပြီ အဲဒီလူတွေ နောက်ကွယ်မှာ ဂိုဏ်းတွေ ရှိပြီး သေချာ ပြုစုပျိုးထောင် ခံထားရလို့ ရောင်ဝါထုတ်လွှတ်ခြင်း အဆင့်ကို စောစောကတည်းက ရောက်နေကြတာ မင်း အမြန်ဆုံး အမီလိုက်နိုင်ပြီး သူတို့ကို ကျော်ဖြတ်နိုင်မယ်လို့ ငါ ယုံကြည်တယ်"

ချင်မင်သည် ခန္ဓာကိုယ် ဘဝသစ်ရရှိခြင်း ကို ဖြတ်သန်းပြီးနောက် လမ်းခရီး တစ်လျှောက် အဆင်ပြေချောမွေ့ခဲ့ပြီး ကောင်းကင်အလင်း စွမ်းအား မျိုးစုံကို ပေါင်းစပ်နိုင်ကာ ရွှေကြက်တောင်ကုန်း ကို တစ်ယောက်တည်း ဖျက်ဆီးပစ်နိုင်ခဲ့သဖြင့် တောက်ပသော တိုက်ပွဲ မှတ်တမ်းများ ရှိခဲ့သော်လည်း ဒီနေရာသို့ ရောက်လာသောအခါ ကြီးမားသော ဒေသများမှ ပြိုင်ဘက်များကို အလွယ်တကူ မယှဉ်နိုင်ကြောင်း တွေ့ရှိလိုက်ရလေသည်။

"ငါ ကိုယ့်ကိုယ်ကိုယ် ကြိုးစား မြှင့်တင်ဖို့ လိုတယ်"

သူက ခေါင်းညိတ်ကာ ပြောလိုက်လေသည်။

အဓိကအားဖြင့် လီချင်းယွဲ့ကို နှိုင်းယှဉ်စရာ အဖြစ် ထားရှိခြင်းကြောင့် ဖြစ်ပေသည်။ သူမသည် နတ်လမ်းစဉ်ကျင့်ကြံသူ အစွမ်းထက်ဆုံး အဓိက တပည့် များကို သတ်ဖြတ်နိုင်သော်လည်း ချင်မင် တိုက်ခိုက်ခဲ့ရသူများမှာ နာမည်မသိသော လူများသာ ဖြစ်ပေသည်။

"အို ငါတို့ နီးလာပြီ ထင်တယ်"

လီချင်းယွဲ့၏ မျက်နှာပေါ်တွင် ဝမ်းသာသော အမူအရာ ထွက်ပေါ်လာပြီး မျက်လုံးများထဲတွင် တောက်ပသော နတ်အလင်းရောင်များ လှုပ်ရှားလာကာ သူမသည် လျှို့ဝှက်ဆန်းကြယ်သော ဝိညာဉ် မျက်လုံး ဖြင့် ရှေ့ကို စိုက်ကြည့်နေလေသည်။

"ဟိုဘက်မှာ"

သူမက လမ်းတစ်ခုကို ညွှန်ပြလိုက်လေသည်။

ထိုနေရာ တစ်ဝိုက်တွင် တောင်ကုန်းများ အနှံ့ ရွှေရောင် မေပယ်ပင် များ ရှိနေပြီး အရွက်များ အားလုံးမှာ အဝါရောင် တောက်ပနေကာ မီးစမ်းရေ များလည်း ရှိနေသဖြင့် နေထိုင်ရန် အလွန် သင့်တော်သော နေရာလေး တစ်ခု ဖြစ်ပေသည်။

ချင်မင်သည် လီချင်းယွဲ့ကို တွဲဖက်ကာ ရွှေရောင် အရွက်များ ကြွေကျနေသော တောအုပ်လေးကို ဖြတ်သန်းပြီးနောက် မြေဆီလွှာ လုံးဝ မရှိဘဲ အပင်များလည်း မပေါက်ရောက်သော ကျောက်တောင်ကြီး တစ်ခု၏ ရှေ့သို့ ရောက်ရှိလာလေသည်။

ကျောက်တောင်ကြီးပေါ်တွင် တောင်ခါးပန်း ဆီသို့ သွားရာ လှေကားထစ်များ ဖောက်လုပ်ထားပြီး အလွန် မတ်စောက်လေသည်။

"ဒီနေရာပဲ ဒီ ဝိညာဉ် အသိုက်က အသုံးဝင်သေးဖို့ မျှော်လင့်ပါတယ်"

လီချင်းယွဲ့သည် ကျောက်တောင်ကြီး ပေါ်တွင် ဆရာကြီး ချန်ရစ်ခဲ့သော အမှတ်အသားများကို တွေ့မြင်လိုက်လေသည်။

ချင်မင်သည် သူမကို တွဲဖက်ကာ မတ်စောက်သော တောင်ပေါ်သို့ တက်လာခဲ့ပြီး တောင်ခါးပန်း သို့ ရောက်သောအခါ ပိတ်နေသော ကျောက်တံခါး တစ်ခုကို တွေ့လိုက်ရလေသည်။

"အဝေးမှာ လှုပ်ရှားမှု တွေ ရှိနေတယ်"

"လီချင်းရွှီ"

သူတို့ နှစ်ဦးသည် အဝေးရှိ တောင်ထွတ်ပေါ်တွင် လီချင်းရွှီ၏ လူရိပ်ကို တွေ့မြင်လိုက်ရပြီး သူသည် ရူလိုင်ရဲ့ စွန့်ပစ်ခံတပည့် ရှန်ယိဝူ နှင့် ရင်ဆိုင်နေကာ စောစောက တစ်ချက် တိုက်ခိုက်လိုက်ပုံ ရလေသည်။

"အရိပ်လို လိုက်နေတာပဲ သူ မင်း ဒဏ်ရာရထားတာကို သိပြီး နောက်ကနေ တောက်လျှောက် လိုက်လာကာ အခွင့်အရေး ယူပြီး တိုက်ခိုက်ချင်နေတာလား"

ချင်မင်သည် အဝေးသို့ စိုက်ကြည့်နေလေသည်။

လီချင်းယွဲ့က ပြောလိုက်၏။

"လက်စားချေဖို့ သက်သက် တော့ မဟုတ်လောက်ဘူး သူက ငါ့ရဲ့ ဆရာ ဒီနေရာမှာ အစီအစဉ် တွေ ချထားခဲ့တယ် ဆိုတာ ကြားဖူးပြီး ဝိညာဉ် အသိုက်ထဲကို ဝင်ချင်လို့လည်း ဖြစ်နိုင်တယ်"

ဤကိစ္စမှာ အလွန် လျှို့ဝှက်သော်လည်း လီချင်းရွှီ၏ ဆရာမှာ အဆင့်အတန်း အလွန် မြင့်မားသဖြင့် ပိတ်သိမ်းထားသော အချက်အလက် အချို့ကို ဖတ်ရှုခွင့် ရှိရာ လမ်းစ အချို့ကို တွေ့ရှိထားခြင်း ဖြစ်နိုင်ပေသည်။

ချင်မင်က ပြောလိုက်၏။

"ရှန်ယိဝူက တကယ်ကို ကြမ်းတာပဲ လီချင်းရွှီ ကို တားထားနိုင်တယ်"

သူ၏ မျက်နှာထား လေးနက်နေလေသည်။ အကယ်၍ ထိုရူလိုင်ရဲ့ စွန့်ပစ်ခံတပည့် သာ အနီးနားတွင် မရှိပါက သူနှင့် လီချင်းယွဲ့တို့မှာ အန္တရာယ် တစ်ခုနှင့် ကြုံတွေ့ရနိုင်လေသည်။

ထိုတစ်ကြိမ် ဝိညာဉ်ဂူ ခရီးစဉ်မှာ သူ ထင်မှတ်ထားသည်ထက် ပိုမို အန္တရာယ် များလှပေသည်။

လီချင်းရွှီ ပျောက်ကွယ်သွားပြီး နောက်ဆုံးတွင် ရှန်ယိဝူ နှင့် ကြီးမားသော တိုက်ပွဲ မဆင်နွှဲခဲ့ချေ။

ချင်မင်က တိုးတိုးလေး ပြောလိုက်၏။

"ငါ ရှန်ယိဝူဆီ သွားလိုက်ဦးမယ် သူ့ကို အကူအညီ လေး တစ်ခုလောက် တောင်းပြီး လီချင်းရွှီကို ယာယီ တားပေးထားခိုင်းရမယ် အဲဒီကောင်သာ အရေးကြီးတဲ့ အချိန်မှာ ရောက်လာရင် အခြေအနေ အရမ်း ဆိုးသွားလိမ့်မယ်"

လီချင်းယွဲ့ ခေါင်းညိတ်လိုက်လေသည်။ အချိန် ကြာလာသည်နှင့်အမျှ လီချင်းရွှီ သည် ဤနေရာသို့ ရောက်လာနိုင်ချေ ရှိလေသည်။

မကြာမီမှာပင် ချင်မင်နှင့် ရှန်ယိဝူ တို့ ထပ်မံ တွေ့ဆုံကြပြီး သူ စကားမစရသေးခင်မှာပင် ရူလိုင်ရဲ့ စွန့်ပစ်ခံတပည့် က ညည်းတွားလိုက်၏။

"ဒါ ဘယ်လို အခြေအနေကြီးလဲ မင်းနဲ့ တွေ့ပြီးကတည်းက ငါ အမြဲတမ်း နတ်လမ်းစဉ်ကျင့်ကြံသူ အဓိက တပည့်တွေနဲ့ မျက်နှာချင်းဆိုင် တွေ့နေရတယ် တကယ်ကို အန္တရာယ်များလွန်းတယ်"

"ငါ မင်းကို လီဟူ ကျမ်းစာ အရင် ပေးလိုက်မယ် ဒါပေမဲ့ မင်း ငါ့ကို ကူညီပြီး အဲဒီ လီချင်းရွှီ ကို တားပေးထားရမယ် မင်းရဲ့ အစွမ်းအစကို ငါ ယုံပါတယ်"

ရှန်ယိဝူ သည် ဤစကားကို ကြားသောအခါ ဇီးကွက်မျက်လုံးကြီးများ ချက်ချင်း တောက်ပလာပြီး စိတ်ဝင်စားသွားလေသည်။

"ဒါဆို အရမ်း ကောင်းတာပေါ့ ငါက အမြဲတမ်း ကျေးဇူးသိတတ်တဲ့ သူပါကွ တစ်ယောက်ယောက်က ငါ့ကို တစ်ပေလောက် ကောင်းရင် ငါက တစ်လံလောက် ပြန်ကောင်းတတ်တယ် မင်းလုံး၀ မရှုံးစေရဘူး ငါ့ဆီမှာ ဝူကျိ ကျမ်းစာဆိုတာ တစ်အုပ် ရှိတယ် မင်းရဲ့ ထူးခြားတဲ့ လီဟူ ကျမ်းစာထက် နည်းနည်း ပိုတန်ဖိုးကြီးတယ်"

ချင်မင်သည် ထိုစာအုပ်၏ နာမည်ကို ကြားလိုက်ရုံဖြင့် အလွန်တရာ သာမန် မဟုတ်ဘဲ ကြီးမားသော နောက်ခံ တစ်ခု ရှိမည်မှာ သေချာကြောင်း သိရှိလိုက်လေသည်။ ဝူကျိ ဆိုသော စာလုံး နှစ်လုံးက အရာအားလုံးကို ဖော်ပြနေပြီ ဖြစ်ပေသည်။

ထို့နောက် ချင်မင်က ကျမ်းစာကို ရွတ်ဆိုပြပြီး ရှန်ယိဝူသည် မျက်လုံးများ မှိတ်ကာ သေချာ နားထောင်ပြီး ရင်ထဲတွင် မှတ်သားနေလေသည်။

"ဒါက စာအုပ် တစ်အုပ်လုံးလေ မင်း စာလုံး တစ်လုံး မကျန် မှတ်မိနိုင်လို့လား"

ချင်မင်သည် သူ၏ ပါရမီကို အံ့အားသင့်သွားလေသည်။

ရှန်ယိဝူက ရှင်းပြလိုက်၏။

"ဘဝသစ်ရရှိသူ တွေက ရောင်ဝါထုတ်လွှတ်ခြင်း အဆင့်ကို ရောက်သွားရင် စိတ်ဝိညာဉ် အလင်းတန်း တချို့ကို စတင် အသုံးပြုနိုင်ပြီ ငါ့ရဲ့ ဂိုဏ်းမှာ ကြားရတဲ့ စာလုံးတွေကို ရက်အတော်ကြာတဲ့ အထိ ဦးနှောက်ထဲမှာ ယာယီ မှတ်သားထားနိုင်တဲ့ လျှို့ဝှက် နည်းလမ်း တစ်ခု ရှိတယ် အခု စက္ကူ နဲ့ ကလောင် မရှိလို့ ဒီနည်းလမ်း နဲ့ပဲ အရင် မှတ်ထားရတာ"

"မင်း တကယ်ပဲ စွန့်ပစ်ခံ တပည့် လား"

ချင်မင် သိပ်မယုံကြည်ချေ။

"မင်းက ငါ့ကို ရိုးရိုးသားသား ဆက်ဆံပြီး လီဟူ ကျမ်းစာကို အရင် ပေးတာ ဆိုတော့ ငါလည်း မင်းကို မဖုံးကွယ်တော့ပါဘူး ငါက စွန့်ပစ်ခံ တပည့် လို့တော့ ခေါ်လို့ မရဘူး ကိုယ့်အားကိုယ်ကိုးပြီး ရှင်သန်ခိုင်းထားတာလို့ခေါ်ရမယ် ဂိုဏ်း ထဲက ယှဉ်ပြိုင်မှု တွေ အရမ်း ပြင်းထန်လွန်းလို့ အခု ငါ လေလွင့်ကျင့်ကြံသူလို ဖြစ်နေပြီ အကြီးအကဲတွေက ရူလိုင် ကျင့်စဉ် ကို ချဲ့ထွင်ချင်လို့ နည်းလမ်း အများကြီး ကို စမ်းသပ်နေကြတာ ငါက အဲဒီထဲက နည်းလမ်း တစ်ခုကို စမ်းသပ် လျှောက်လှမ်းနေတာ"

ရှန်ယိဝူ သက်ပြင်းချလိုက်လေသည်။ သူ မည်သည့် အဆင့်အထိ ရောက်နိုင်မည် ဆိုသည်မှာ သူ ကိုယ်တိုင် အစွမ်းကုန် ကြိုးစားရမည် ဖြစ်ပြီး အကြီးအကဲများ၏ အဆိုအရ အောင်မြင်သူတိုင်းက သူတို့၏ စိတ်ကို အရင်ဆုံး ပင်ပန်းဆင်းရဲ ခံရမည် ဖြစ်ကာ နတ်တောင်ပေါ်တွင် နေထိုင်ပါက ပျက်စီးသွားမည် ဖြစ်ပေသည်။

သူက ပြောလိုက်၏။

"ရှုံးရင် ငါက စွန့်ပစ်ခံ တပည့်ပဲ နိုင်ရင် တခြား ဂိုဏ်းတူ ညီအစ်ကိုတွေကို ကျော်ဖြတ်နိုင်ရင် တစ်နေ့ကျရင် ငါ ပြန်သွားပြီး ရူလိုင် လုပ်လို့ ရပြီ"

"မင်း ရူလိုင် ဖြစ်လာဖို့ ငါ ကြိုပြီး ဆုတောင်းပေးပါတယ်"

ချင်မင်က ပြုံးလျက် ပြောလိုက်လေသည်။

ရှန်ယိဝူ က ခေါင်းခါပြကာ သက်ပြင်းချလိုက်၏။

"ငါ လုံးဝ မတွေးရဲပါဘူး တချို့ ဂိုဏ်းတူ အစ်ကိုတွေက အရမ်း ကြောက်စရာ ကောင်းတယ် ငါက အများကြီး လိုပါသေးတယ် ဟူး တောရိုင်း က ကောင်တွေ ဆိုတော့ ကျွေးမွေးမယ့် သူ မရှိဘူး တကယ်ကို ခက်ခဲပါတယ်"

သူ လီဟူ ကျမ်းစာကို မှတ်သားပြီးနောက် ချင်မင်ကို ဝူကျီ ကျမ်းစာကို ပြန်လည် ရွတ်ဆိုပြလေသည်။

ချင်မင်က သူ့ကို တားလိုက်ပြီး ပြောလိုက်၏။

"မင်း လေ့ကျင့်ပြရင်းနဲ့ ကျမ်းစာကို ရွတ်ပါ သေချာ အာရုံစိုက်ပြီး လုပ်ပါ ငါ မင်းဆီကနေ လိုက်သင်မယ်"

သူသည် ရောင်ဝါထုတ်လွှတ်ခြင်း အဆင့်သို့ မရောက်သေးသလို ရှန်ယိဝူဂိုဏ်း၏ လျှို့ဝှက် နည်းလမ်းလည်း မရှိသဖြင့် အမြန် မှတ်သားနိုင်မည် မဟုတ်ရာ စိတ်ပိုင်းဆိုင်ရာ ပေါင်းစပ်မှုကိုသာ ပြုလုပ်ရမည် ဖြစ်ပေသည်။

ရှန်ယိဝူ ခေါင်းညိတ်လိုက်ပြီး ထိုနေရာတွင် ကျမ်းစာကို ရွတ်ဆိုကာ ထူးခြားသော ကျင့်စဉ် ကို လေ့ကျင့်ပြလေသည်။

ချင်မင်၏ စိတ်ကို အပြည့်အဝ အာရုံစိုက်လိုက်ရာ ဒီတစ်ကြိမ်တွင် ရလဒ် အလွန် ကောင်းမွန်ပြီး ဝူကျီ ကျမ်းစာ၏ အဓိပ္ပာယ် အစစ်အမှန်ကို လုံးဝ သိရှိသွားလေသည်။

"မင်းက ဘဝသစ်ရရှိသူ အဆင့်ပဲ ရှိသေးတာကို ဒီလောက် မြန်မြန် မှတ်မိနိုင်တယ်လား"

ရှန်ယိဝူ ထင်မှတ်ထားသည်မှာ ကျမ်းစာကို အကြိမ်များစွာ ရွတ်ဆိုပြရမည် ဖြစ်သော်လည်း တစ်ကြိမ်တည်းဖြင့် လုံလောက်သွားမည်ဟု မထင်မှတ်ထားခဲ့ချေ။

သူ ချင်မင်ကို ကြည့်သော အကြည့်မှာ စောစောက တစ်ဖက်လူ သူ့ကို ကြည့်သော အကြည့်ကဲ့သို့ပင် ဖြစ်နေပြီး အလွန်တရာ အံ့အားသင့်နေလေသည်။

"နည်းနည်းပါးပါး မှတ်မိသွားတာပါ တကယ်လို့ နားမလည်တာ ရှိရင် နောက်မှ မင်းဆီကို လာမေးပါ့မယ်"

ချင်မင်က ပြောလိုက်လေသည်။

မကြာမီမှာပင် သူသည် ကျောက်တောင်ကြီး ရှိရာသို့ ပြန်ရောက်လာလေသည်။

လီချင်းယွဲ့သည် ထူးခြားသော စိတ်ဝိညာဉ် အလင်းတန်း ဖြင့် ကျောက်တံခါး ကို လှုပ်ရှားစေပြီးနောက် ထိုနေရာကို ဖွင့်လိုက်လေသည်။

ထင်မှတ်ထားသည်နှင့် မတူညီဘဲ အတွင်းရှိ လေထုမှာ ညစ်ညမ်းနေခြင်း မရှိဘဲ ဆန့်ကျင်ဘက် အနေဖြင့် အလွန် လတ်ဆတ်နေကာ လှိုင်းလုံးများအလား စိတ်ဝိညာဉ် အလင်းတန်း များ လှုပ်ရှားနေလေသည်။

လီချင်းယွဲ့က ပြောလိုက်၏။

"ဒီနေရာက မြေကြီးရဲ့ ပင်မ အကြော နဲ့ ဆက်သွယ်နေတယ် တခြား အကောင်းဆုံး ကောင်းချီးပေးထားတဲ့ နေရာတွေရဲ့ စွမ်းအင် ထက် အများကြီး ပိုများတယ်"

မကြာမီမှာပင် သူမ၏ မျက်နှာပေါ်တွင် ဝမ်းသာသော အမူအရာ ထွက်ပေါ်လာပြီး ပျက်စီးသွားသော စိတ်ဝိညာဉ် အလင်းတန်း များ ပြန်လည် လှုပ်ရှားလာကာ အရင်ကလောက် မမှေးမှိန်တော့ကြောင်း ခံစားလိုက်ရလေသည်။

"ဟင်"

ချင်မင် သတိပြုမိလိုက်သည်မှာ ဤနေရာသို့ ခြေချလိုက်သည်နှင့် သူ၏ စိတ်ဝိညာဉ် အင်အားများ အားကောင်းလာပြီး တဖြည်းဖြည်း တိုးတက်လာကာ တစ်စုံတစ်ရာ ပြောင်းလဲမှု ဖြစ်ပေါ်တော့မည့်အလား ဖြစ်နေလေသည်။

All Chapters