← Chapters

အခန်း (၁၈၁)

Vol. 19 Ch. 181

အခန်း (၁၈၁)

Vol. 19 Ch. 181

ရှန်ကျစ်ဟူ တံခါးကို တွန်းဖွင့်လိုက်ချိန်တွင် စစ်ဘက်ဆိုင်ရာ အဆင့်အမြင့်ဆုံး ပုဂ္ဂိုလ်ကြီးနှစ်ဦးက စားပွဲရှေ့တွင် ရပ်နေရင်း သုတေသနဌာန ဝတ်စုံကိုဝတ်ထားသော အမျိုးသားတစ်ဦး၊ ဝတ်စုံပြည့်ကို ဝတ်ထားသော အမျိုးသားတစ်ဦးတို့နှင့် စကားပြောနေကြသည်ကို မြင်တွေ့လိုက်ရ၏။

အခြေစိုက်စခန်း၏ အရေးပါသော ပုဂ္ဂိုလ်ကြီးများတိုင်းကို တစ်နေရာတည်းတွင် ဆုံတွေ့ရလိမ့်မည်ဟု သူ မမျှော်လင့်ထားခဲ့သောကြောင့် ခဏမျှ မျက်မှောင်ကြုတ်မိသွားသည်။

ထိုသူများက တစ်စုံတစ်ခုကို အပြင်းအထန် ဆွေးနွေးနေကြခြင်း ဖြစ်လေ၏။

ရှန်ကျစ်ဟူက စားပွဲရှေ့တွင် ရပ်၍ အလေးပြုလိုက်သောကြောင့် လူတိုင်း၏ အာရုံက သူ့ထံသို့ ရောက်ရှိလာလေသည်။

စစ်ဝတ်စုံနှင့် အမျိုးသားတစ်ဦးက လက်ကိုဝေ့ယမ်းပြ၍ မေးလိုက်ပေ၏။

“ဘယ်လိုလဲ၊ ရလဒ် တစ်ခုခု ရခဲ့လား”

ရှန်ကျစ်ဟူကပြောလိုက်ပေသည်။

“အရင် မှတ်တမ်းတွေနဲ့ ဘာမှမခြားပါဘူး၊ ရှူးယန်အသင်းက သူတို့က မြေအောက်မှာ တွေ့ခဲ့တဲ့ ကျောက်တုံးတွေကို အပ်နှံဖို့ ရွေးချယ်ခဲ့ပါတယ်၊ ဒါက သူက ကျွန်တော့်ကို ပေးလိုက်တဲ့ပစ္စည်းပါ”

သူက ပြောရင်းနှင့် အိတ်ကပ်ထဲမှ သေတ္တာကို ထုတ်၍ စားပွဲပေါ်သို့ တင်လိုက်ပြီး ထိုလူကြီးများကို တစ်ချက်ကြည့်လိုက်လေ၏။

စစ်ဝတ်စုံနှင့် လူကြီးနှစ်ဦးက စစ်ဘက်ဆိုင်ရာ ထိပ်တန်းပုဂ္ဂိုလ်ကြီး သုံးဦးအနက် နှစ်ဦးဖြစ်ပြီး၊ ဝတ်စုံပြည့်နှင့် ပုဂ္ဂိုလ်က နိုင်ငံရေးလောကတွင် အလွန်ပင် ကြည်ညိုလေးစားခြင်းကိုခံရသော လူကြီးတစ်ဦးပင် ဖြစ်သည်။

ငွေဖြူရောင် သုတေသနဝတ်စုံနှင့် လူမှာက လက်ရှိ အစွန်းရောက်ဂိုဏ်းကို ဦးဆောင်နေသော လီကျွင်းပင် ဖြစ်လေသည်။

လီကျွင်း၏ ပုံစံက အသက် ခုနစ်ဆယ်ကျော်ခန့် ရှိပုံရ၏။

သူက အရပ်ရှည်ပြီး ပိန်သွယ်၍ ဖြူဖွေးနေသော ဆံပင်များကို သေသပ်စွာ ဖြီးသင်ထားပြီး ငွေရောင်မျက်မှန်ကို တပ်ဆင်ထားသည်။

ရှန်ကျစ်ဟူအနေဖြင့် ဤအဘိုးအို၏ ရူးသွပ်သောဘက်ကို မမြင်ဖူးခဲ့ပါက သူ့ကို ယဉ်ကျေးသိမ်မွေ့သော ပညာတတ် အဘိုးအိုတစ်ဦးဟု ထင်မိပေလိမ့်မည်။

သူတို့ လေးဦးလုံးက တစ်နေရာတည်းတွင် ဆုံနေကြသည်ဆိုလျှင် ထူးခြားသော ကိစ္စတစ်ခုခုက ရှိနေသည်က သေချာပေ၏။

ဝတ်စုံပြည့်နှင့် အဘိုးအိုက တောင်ဝှေးကို အားပြုလျက် ချောင်းတစ်ချက်ဟန့်၍ တောင်ဝှေးဖြင့် စားပွဲပေါ်မှ သေတ္တာကို ချိတ်ယူကာ သူ၏လက်ထဲသို့ ထည့်လိုက်သည်။

ထို့နောက် လူတိုင်း၏ စူးစိုက်ကြည့်နေမှုအောက်တွင် သူက သေတ္တာကို ဖွင့်လိုက်လေ၏။

သေတ္တာထဲရှိ အနီရောင်အလင်း ဖျော့ဖျော့ လင်းလက်နေသော ကျောက်တုံးကို မြင်လိုက်ရချိန်တွင် လူအုပ်ကြီးက အမျိုးမျိုးသော အမူအရာများကို ဖော်ပြလာကြသည်။

လီကျွင်း၏ မျက်နှာတွင် အလွန်အမင်း ဝမ်းသာအားရဖြစ်မှုများက ဖြတ်ခနဲပေါ်လာ၏။

သူ၏ လက်များက တုန်ယင်နေပြီး အိတ်ကပ်ထဲမှ လက်ကိုင်ပုဝါကို ထုတ်၍ ကျောက်တုံးကို ယူလျက် မျက်လုံးနှင့် အနီးကပ်ကြည့်ရှုလေသည်။

အထဲဘက်မှ အနီရောင်အလင်းကို မြင်သောအချိန်တွင် သူက မနေနိုင်စွာဖြင့် အံ့ဩတကြီး ရေရွတ်လိုက်မိသည်။

“ဒါပဲ! ဒါက တကယ်ကို ပြည့်စုံတဲ့ မူလကျောက်တုံးပဲ! အပိုင်းအစလေး တစ်ခုလေးရဖို့တောင် ငါတို့တွေ အစွမ်းကုန် ကြိုးစားခဲ့ရတာ၊

အခုလို ပြည့်စုံတဲ့ ကျောက်တုံးကြီးက ငါတို့ဆီကို အလိုအလျောက် ရောက်လာလိမ့်မယ်လို့ ဘယ်သူ ထင်မှာလဲ”

ရှန်ကျစ်ဟူက လီကျွင်း၏ စိတ်လှုပ်ရှားနေသော စကားများကြောင့် အတော်လေး စိတ်ရှုပ်ထွေးသွားရ၏။

လီကျွင်းနှင့် သူ၏အဖွဲ့က ဤအရာက မည်သည့်အရာဖြစ်ကြောင်းသည်ကို ကြိုတင်သိရှိနေကြသည်လား။

သူက သံသယကို ထုတ်မပြောဘဲ မူလကျောက်တုံး ဟူသော အမည်ကိုသာ သူ၏ စိတ်ထဲတွင် စွဲမြဲစွာ မှတ်သားထားလိုက်လေသည်။

“အိုး.. ဒါနဲ့ မင်းရောက်လာတာ အတော်ပဲ၊ အမေရိကန်ကို သွားတဲ့ မင်းရဲ့ အသင်းသားတွေက ပြန်ရောက်လာပြီ၊

အခုက အခြေစိုက်စခန်းရဲ့ ဆေးရုံမှာ ရှိနေကြမယ်ထင်တယ်၊ လွှဲပြောင်းမှုတွေကို ပြီးရင်တော့ သူတို့ ပြန်နိုင်ကြမှာပါ”

စစ်ဝတ်စုံနှင့် လူကြီးက တစ်စုံတစ်ခုကို သတိရသွားပုံရပြီး သူ၏ အကြည့်ကို ကျောက်တုံးဆီမှ လွှဲကာဘေးတွင် တိတ်ဆိတ်စွာ ရပ်နေသော ရှန်ကျစ်ဟူထံသို့ ကြည့်လာပြီး ပြောလိုက်ပေ၏။

သူ၏ အသင်းသားများက ပြန်ရောက်လာပြီဟု ကြားရသောအချိန်တွင် ရှန်ကျစ်ဟူ၏ ပထမဆုံး ခံစားချက်က ဝမ်းသာမှု ဖြစ်သော်လည်း၊

သူတို့အားလုံးက ဆေးရုံတွင် ရှိနေကြသည်ဟု သိလိုက်ရချိန်တွင်တော့ သူ၏ စိတ်က ချက်ချင်းပင် လေးလံသွားရသည်။

အမေရိကန်သို့ စေလွှတ်လိုက်သော အဖွဲ့က သုတေသနပြုလုပ်ရန်အတွက် ဆင့်ကဲပြောင်းလဲသူအဖွဲ့တစ်ဖွဲ့ ဖြစ်ပြီး၊ လူတိုင်းက အထူးလေ့ကျင့်ထားသော အထူးတပ်ဖွဲ့ဝင်များ ဖြစ်ကြကာ စွမ်းရည်ကလည်း အလွန်ပင် ကောင်းမွန်ကြ၏။

ကမ္ဘာပျက်ကပ် ဆိုက်ရောက်ပြီးနောက်တွင် ကမ္ဘာမြေက ထူးခြားသော ဒြပ်ပစ္စည်းတစ်ခုဖြင့် ဖုံးလွှမ်းခံထားရသကဲ့သို့ ဖြစ်နေပြီး၊ လွှတ်တင်ထားသော ဂြိုဟ်တုများနှင့် အာကာသ စောင့်ကြည့်ရေး စခန်းများကလည်း ပျက်စီးခြင်း သို့မဟုတ် လူစုကွဲခြင်းများ ဖြစ်နေခဲ့ကြသည်။

သူတို့က တချို့သော နယ်မြေအနည်းငယ်တွင် အချက်ပြမှုများကို ပြန်လည်၍ ရရှိအောင် ပြုလုပ်နိုင်ခဲ့သော်လည်း ချင်းဟိုင်-တိဘက်ကဲ့သို့သော ဝေးလံသည့် ဒေသများက အပြင်ဘက်လောကနှင့် အဆက်အသွယ် ပြတ်တောက်နေဆဲပင်။

ကမ္ဘာပျက်ကပ်က ဆိုက်ရောက်ပြီး တစ်နှစ်ကြာမြင့်ခဲ့ပြီဖြစ်သော်လည်း စစ်ဆေးရန် စေလွှတ်လိုက်သော ဆင့်ကဲပြောင်းလဲသူအဖွဲ့များထံမှ ရရှိသည့် သတင်းများမှလွဲ၍ သန္ဓေပြောင်းနယ်မြေများက မည်ကဲ့သို့ ဖြစ်နေသည် သို့မဟုတ် အသက်ရှင်ကျန်ရစ်သူ မည်မျှရှိသည်ကို မည်သူကမျှ သေချာစွာ မသိကြပေ။

စစ်ဝတ်စုံနှင့် လူကြီးက စားပွဲပေါ်မှ ထိန်းချုပ်ခလုတ်ကိုယူ၍ အရှေ့ရှိ စခရင်ကို နှိပ်လိုက်ပေ၏။

ပုံရိပ်က စက္ကန့်ဝက်ခန့် ဝေဝါးသွားပြီးနောက် သစ်ပင်များ ကျဲပါးသော်လည်း ပေါင်းပင်များဖြင့် ပြည့်နှက်နေသော ခြောက်သွေ့သည့် မြေရိုင်းပြင်တစ်ခုက စခရင်ပေါ်တွင် ပေါ်လာလေသည်။

ရိုက်ကူးနေသူက ကင်မရာကို သူ၏ နဖူးတွင် ကပ်ထားပုံရသောကြောင့် သူက လှုပ်ရှားလိုက်တိုင်း ပုံရိပ်က တုန်ခါနေပြီး စကားပြောသံများကလည်း အလွန်ပင် နီးကပ်စွာ ကြားနေရ၏။

“ခြေလှမ်းကို ဖြည်းဖြည်းလှမ်းကြ၊ သူတို့ မြင်မသွားစေနဲ့”

သူတို့က ဖမ်းဆီးရေး မစ်ရှင်တစ်ခုကို ဆောင်ရွက်နေပုံရ၏။

တစ်ခါတစ်ရံတွင် သူတို့၏ ဘေးရှိ အသင်းဖော်များက သေနတ်များကို ကိုင်ဆောင်လျက် လက်နက်အပြည့်အစုံဖြင့် သစ်ပင်ကြီးများ၏ နောက်ကွယ်တွင် ပုန်းကွယ်နေကြသည်။

ထို့နောက် သိပ်သည်းလာသော နယ်မြေထဲသို့ ဖြည်းဖြည်းချင်း တိုးဝင်နေကြသည်ကို မြင်ရသည်။

ကင်မရာက ရုတ်တရက် အောက်သို့ ငုံ့သွားပြီး ရိုက်ကူးနေသူက လေသံခပ်တိုးတိုးဖြင့် အရေးတကြီး အော်ဟစ်လိုက်ပေ၏။

“လူတိုင်း ဝပ်နေကြ! အကာအကွယ်ကို ယူကြ!”

ထို့နောက် ချက်ချင်းပင် တခြားလူတစ်စုက စခရင်ပေါ်တွင် ပေါ်လာလေသည်။

အကွာအဝေးကြောင့် ထိုအဖွဲ့ကလည်း အနက်ရောင် တိုက်ပွဲဝင်ဝတ်စုံများကို ဝတ်ဆင်ထားပြီး ပုခုံးပေါ်တွင် သေနတ်များကို ထမ်းလျက် ထိုနယ်မြေထဲသို့ ဂရုတစိုက် ဝင်ရောက်လာသည်ကိုသာ မြင်နိုင်၏။

သူတို့၏ မျက်နှာများကို လည်ပင်းမြင့် အင်္ကျီများဖြင့် တစ်ဝက်ခန့် ဖုံးအုပ်ထားလေ၏။

ထိုလူများ တဖြည်းဖြည်း နီးကပ်လာချိန်တွင် ဗီဒီယိုထဲ၌ အလွန်တိုးညှင်းသော အသံကို ထပ်မံ၍ ကြားလိုက်ရပြန်သည်။

“အသင့်ပြင်ထားကြ၊ ငါ သုံးအထိ ရေတွက်ပြီးရင် အပေါ်ကိာတက်မယ်၊ လင်းယန် မင်းတို့ အဖွဲ့က နောက်ကနေ အကာအကွယ် ပေးထား”

ပြောလာသူက သုံးအထိ ရေတွက်ပြီးနောက် စခရင်က ရုတ်တရက် ပြင်းထန်စွာ တုန်ခါသွားလေတော့သည်။

လူနှစ်စုက စခရင်ပေါ်တွင် လုံးထွေးသတ်ပုတ်နေကြပြီး သေနတ်သံများနှင့် အော်ဟစ်သံများကလည်း အဆက်မပြတ် ထွက်ပေါ်နေ၏။

ရိုက်ကူးနေသူ၏ ကင်မရာက ရမ်းခါနေရင်းမှ သူ့ထံသို့ ပြေးဝင်လာသော တစ်စုံတစ်ယောက်၏ မျက်နှာတည့်တည့်သို့ ရိုက်ကူးမိသွားသည်။

ထိုသူ၏ မျက်လုံးများက အတွင်းသို့ ချိုင့်ဝင်နေပြီး မျက်ကွင်းများက ညိုမည်း၍၊ သူငယ်အိအ်က အပြာစိမ်းရောင် ဖြစ်နေပြီး အသံမျိုးစုံ ထွက်ပေါ်နေလေသည်။

သူက နိုင်ငံခြားဘာသာစကားဖြင့် စကားပြောနေခြင်းပင်။

ဗီဒီယိုက ခေတ္တရပ်သွားပြီးနောက် ပြီးဆုံးသွားလေသည်။

“ဒါက နယ်စပ်မှာ တပ်စွဲထားတဲ့ ငါတို့ရဲ့ ဆင့်ကဲပြောင်းလဲသူအဖွဲ့ပဲ၊

သူတို့က စုံစမ်းစစ်ဆေးဖို့အတွက် တရုတ်နယ်စပ်ကို ဖြတ်ကျော်ဝင်ရောက်လာတဲ့ အမေရိကန် စစ်သားတစ်စုကို ရှာဖွေတွေ့ရှိခဲ့ကြတယ်၊

သူတို့တွေ နယ်စပ်ပတ်ဝန်းကျင်မှာ ရက်အနည်းငယ်ကြာအောင် ပုန်းအောင်းနေခဲ့ကြတာ၊

နှစ်ဖက်က အပြန်အလှန် ပစ်ခတ်မှုတွေကို ဖြစ်ပြီးတဲ့နောက်မှာ ငါတို့ရဲ့လူတွေက သူတို့ကို အောင်အောင်မြငရမြင် ဖမ်းဆီးနိုင်ခဲ့ပြီး မြို့တော် B ကို ပြန်ပို့လိုက်ပြီ၊

ဒီလူတွေကတစ်ဆင့် လက်ရှိတရုတ်နိုင်ငံက မသိသေးတဲ့ အချက်အလက်တချို့ကို ငါတို့ သိရှိခဲ့ရတယ်”

စစ်ဝတ်စုံနှင့် အမျိုးသားက ရှန်ကျစ်ဟူကို ပြောလိုက်ပေ၏။

“ဖမ်းဆီးရေး စစ်ဆင်ရေးက လွန်ခဲ့တဲ့ နှစ်လကတည်းက လုပ်ခဲ့တာ၊

အဲဒီအမှုကို အမေရိကန်စစ်တပ်ဆီကို လွှဲပေးခဲ့တယ်၊ သူတို့က ပြည်သူတွေကို အကာအကွယ်ပေးဖို့နှင့်၊ သူတို့ လိုချင်တာကို ရဖို့အတွက် ငါတို့နဲ့ ပူးပေါင်းဖို့ ရွေးချယ်ခဲ့ကြတယ်”

ရှန်ကျစ်ဟူက အကြမ်းဖျင်းကို နားလည်သွားပြီး မေးလိုက်ပေ၏။

“ဒါဆို လောင်ကျန်းတို့အဖွဲ့ ဒီတစ်ခေါက် သွားရတဲ့ မစ်ရှင်က အဲဒီပူးပေါင်းဆောင်ရွက်မှုကြောင့်လား ”

လောင်ကျန်းဆိုသည်မှာ လွန်ခဲ့သော တစ်လကျော်က ဆင့်ကဲပြောင်းလဲသူအဖွဲ့ကို ဦးဆောင်ပြီး မစ်ရှင်သို့သွားခဲ့သည့် အထူးတပ်ဖွဲ့ဝင် ဖြစ်သည်။

ထိုမစ်ရှင်က အလွန်လျှို့ဝှက်လွန်းသောကြောင့် သူ ထွက်သွား

ချိန်က ရှန်ကျစ်ဟူ မည်သည့်အရာကိုသွားလုပ်သည်ကိုပင် မသိခဲ့ပေ။

လောင်ကျန်းက ထွက်သွားချိန်က အတော်လေး အခြေအနေကောင်းနေပြီး ဤအလုပ်ပြီးလျှင် အချိန်အတော်ကြာ အနားယူတော့မည်ဟု ပြောသွားခဲ့သည်ကိုတော့ သူက ဝေဝါးစွာ မှတ်မိနေ၏။

သို့သော်လည်း လောင်ကျန်းက ပြန်မလာခင်မှာပင် ဆေးရုံရောက်သွားလိမ့်မည်ဟု သူ မမျှော်လင့်ထားခဲ့ပေ။

“ဟုတ်တယ်၊ ဒီအမေရိကန်တွေက ဥာဏ်လည်းများသလို လောဘလည်း ကြီးကြတယ်၊

ဒါပေမဲ့ သူတို့ရဲ့ သိပ္ပံနဲ့ နည်းပညာက ငါတို့က လက်ရှိသိထားတာထက် ပိုပြီး အဆင့်မြင့်နေတာကိုတော့ ဝန်ခံရလိမ့်မယ်”

စစ်ဝတ်စုံနှင့် အမျိုးသားက စကားပြောနေချိန်တွင် လီကျွင်းက ထိုနေရာသို့ စိတ်အားထက်သန်စွာ စိုက်ကြည့်နေရင်း မကျေမနပ်ဖြင့်မှတ်ချက်တစ်ခုကို ထပ်ဖြည့်လိုက်လေ၏။

“သူတို့ရဲ့ စမ်းသပ်မှုတွေက အဆင်ပြေနေတာပဲမပြောနဲ့၊ တကယ်လို့ အရင်က စမ်းသပ်မှုတွေကသာ မရပ်တန့်ခဲ့ရင် ငါတို့ရဲ့ သုတေသနဌာနကလည်း အခုဆို အဖြေတစ်ခုကို ထွက်နေလောက်ပြီ!”

လီကျွင်းမှာ ကမ္ဘာပျက်ကပ်မဖြစ်မီက ပြည်ပရောက် တရုတ်လူမျိုးတစ်ဦး ဖြစ်ခဲ့သည်။

သူ၏ သုတေသနဌာနက ပြည်ပတွင် တည်ရှိပြီး အမေရိကန်နှင့် ဂျပန်တို့တွင် ရုံးခွဲများ ရှိခဲ့၏။

သူ၏ပြောစကားအရ ပြည်ပရှိ သုတေသန ပတ်ဝန်းကျင်က ပို၍ ပေါ့ပါးလွတ်လပ်သည်။

ရှန်ကျစ်ဟူတစ်ယောက် ကျောရိုးထဲအထိ အေးစိမ့်သွားသကဲ့သို့ ခံစားရပြီး မည်သည့်စကားမှ ပြန်မပြောခဲ့ပါချေ။

All Chapters