← Chapters

သန်မာတဲ့ နဂါးနဲ့ နယ်ခံမြွေ

Vol. 161 Ch. 2328

သန်မာတဲ့ နဂါးနဲ့ နယ်ခံမြွေ

Vol. 161 Ch. 2328

ဖန်းချောင်ချောင် ကြက်သေသေသွားခဲ့ပြီး ကြမ်းပြင်သို့ ဘုတ်ခနဲ ပြုတ်ကျသွားခဲ့ကာ စကားတစ်ခွန်းပင် မဟဝံ့တော့ချေ။

“ ပြန်ပြီး မင်းအိမ်ကို ပြောလိုက် …. သုံးရက်အတွင်း ငွေ သုံးဘီလီယမ်ကို လျန်မိသားစု အကောင့်ထဲ ပြန်လွှဲပေးရမယ် … မဟုတ်လို့ကတော့ အကျိုးဆက်တွေကို ရင်ဆိုင်ဖို့ ပြင်ဆင်ထားလိုက်တော့ …”

ကျောချမ်းဖွယ်ရာ အရှိန်အဝါ တစ်ရပ်က ဖန်းချောင်ချောင်ပေါ်သို့ ဖိနှိပ်လာခဲ့၏။

သူမရှေ့ရှိ ဤလူက တကယ်ပဲ လူသတ်ရဲသည်ဟူသော ခံစားချက်မျိုး ရရှိနေသည်။

ထိုအချိန်၌ ဖန်းချောင်ချောင် တစ်ဦးတည်းသာမက ၊ ဘားထဲရှိ ကျန်သူများလည်း ထပ်တူညီစွာ ခံစားနေကြရသည်။

လူတစ်ယောက်က ဤမျှ ရက်စက်နိုင်လိမ့်မည်လို့ သူတို့တွေ မျှော်လင့်မထားခဲ့ပါချေ။

ဓားသွားထက်ရှိ သွေးများကို ဖန်းချောင်ချောင်နှင့် သန့်ရှင်းပြီးနောက် လင်းရီ နောက်ကျောဘက်တွင် ပြန်သိမ်းထားပြီး ဆော်ဩလိုက်၏။

“ သွားကြစို့ ….”

သူတို့ အနီးနားတွင် ဝိုင်းရံနေကြသည့် လူတိုင်း မသိစိတ်အလျာက် လမ်းတစ်ခု ပြုလုပ်ပေးလိုက်ကြသည်။ မည်သူကမျှ မဟန့်တားဝံ့ပါဘဲ လင်းရီတို့ ထွက်ခွာသွားသည်ကို ငြိမ်သက်၍သာ စောင့်ကြည့်နေကြရလေသည်။

“ ဖက်ခ် … အစ်ကိုကြီးလင်းက အံ့ဩဖို့ကောင်းလွန်းပါတယ် ….”

ကောင်းကျုံးယွမ်က စိတ်လှုပ်ရှားမှု အရှိန်မပြေသေးသည့်နှယ် ပြောဆိုလိုက်ပြီး “ အဲ့ တစ်ချက်က လုံးဝကို ကြက်သီးမွေးညှင်းထချင်စရာပဲ ….”

“ အဲ့လိုလုပ်မှလည်း ရမှာ ….” လင်းရီ ပြောလိုက်ပြီး “ မဟုတ်ဘဲ လူ သုံးလေးရာလောက် ငါတို့ဆီ စုပြုံပြီး တက်လာခဲ့ရင် ငါလည်း ချောင်မှာမဟုတ်ဘူး ….”

“ လင်းကြီး ငါတို့ကောင်တွေကို မခေါ်လာခဲ့ရင်တောင် သူတစ်ယောက်တည်းနဲ့တင် ကိစ္စက ပြတ်နေပြီ ….”

“ ငါ တစ်ယောက်တည်း ကိုင်တွယ်လို့လည်း ရတယ် … ဒါပေမယ့် ဆေးရုံက သူတို့ အကုန်လုံးအတွက် ကုတင်လောက်ပါ့မလားဆိုတာတော့ မေးခွန်းထုတ်စရာပဲ ….”

“ ဖက်ခ် … ဟားဟား …. စောက်ရမ်းမိုက်တယ် ….”

“ အိုကေ … ဒီလောက်ဆို လုံလောက်ပြီ ….” ချင်းဟန် ပြောလိုက်ပြီး “ တစ်နေရာရှာပြီး သွားသောက်ကြစို့ … အပြင်ရောက်တုန်းရောက်ခိုက် ဘယ်သူမှ ငါတို့ကို ထိန်းချုပ်လို့ မရဘူး … ဒီနေ့တော့ အချိန်ကောင်းလေးတွေ ဖန်တီးရမယ် …”

“ လစ်ကြစို့ …..”

….

လင်းရီနှင့် သူ့အုပ်စု ထွက်ခွာသွားခဲ့ပြီးနောက် ဖန်းလုံထန်သည် အရေးတကြီး ဆေးရုံတင်လိုက်ရသည်။

လမ်းတွင် ဖန်းချောင်ချောင်က အိမ်သို့ ဖုန်းဆက်လိုက်ပြီး သတင်းကြားတော့ ဖန်းမိသားစုသည်လည်း ဆေးရုံသို့ အလျင်အမြန် လိုက်လာခဲ့ကြ၏။

ဆေးရုံ၏ အရေးပေါ်ခန်း အပြင်ဘက်တွင် လူ အယောက် နှစ်ဆယ်ခန့် ရှိကြပြီး အကုန်လုံးက ဖန်းလုံထန်နှင့် ရင်းနှီးသည့် ဆက်ဆံရေးတို့ ရှိသူများပင်။ သတင်းကြားတော့ ၎င်းတို့ အကုန်လုံး ဤနေရာသို့ အလျင်စလို ပြေးလာခဲ့ကြလေသည်။

၎င်းတို့ အကုန်လုံးက ခုံတန်းရှည်များပေါ်တွင် ခေါင်းငိုက်စိုက်ကျလျက် ထိုင်နေကြပြီး အတွင်းရှိ တစ်စုံတစ်ယောက်က သေသွားသကဲ့သို့ စိတ်ပျက်ဝမ်းနည်းနေမိကြ၏။

ယခုလေးတင် ဖြစ်သွားခဲ့သည့် ကိစ္စက ပြန်တွေးမိလိုက်တိုင်း သူတို့ အတွက် မျက်နှာပျက်စရာပင်။

လူ အယောက် သုံးလေးရာကျော် ခေါ်ထားခဲ့သော်လည်း တစ်ဖက်က တစ်ယောက်တည်းနှင့် အနိုင်ယူသွားခဲ့သည်။ သူတို့အားလုံး ကျင်းရန်တွင် ပြစရာ မျက်နှာ မရှိတော့ပေ။ အကယ်၍များ နောက်တစ်ကြိမ် အခွင့်အရေး ရလာခဲ့မည်ဆိုပါက သူတို့ အကုန်လုံး လှုပ်ရှားကြမည်မှာ ကျိန်းသေပေါက် ဖြစ်၏။

သို့ပေမယ့် အခွင့်အရေးကား ကျော်လွန်သွားခဲ့လေပြီ။

ထိုအချိန်မှာပဲ ကော်ရစ်ဒါမှနေ၍ အလောတကြီးနိုင်သည့် ခြေလှမ်းသံတို့ ထွက်ပေါ်လာခဲ့သည်။

မသိစိတ်အလျောက် လှည့်ကြည့်လိုက်တော့ ဒါဇင်ချီသည့် လူအုပ်စုတစ်စုက ချဉ်းကပ်လာနေသည်ကို မြင်တွေ့လိုက်ရလေသည်။

“ အဖေ … အမေ ….”

“ အဖေ ….”

ဦးဆောင်လာသည့် အမျိုးသားနှစ်ဦးက တောင့်တင်းသည့် ကိုယ်ထည်နှင့် ပခုံးကျယ်သည့် ယောက်ျားသားများပင်။ သို့သော် ၎င်းတို့အနက် တစ်ဦး၌ ပညာတတ်၊ လူရည်မွန် အရှိန်အဝါတို့ သင်းပျံ့နေပြီး အခြားတစ်ယောက်ကတော့ မာဖီးယားကဲ့သို့ အော်ရာများ ပျံ့လွင့်နေသည်။

ပညာတတ် တစ်ယောက်နှင့်တူသည့် အမျိုးသား၏ နာမည်က ဖန်းဟုန်ရှန်း ဖြစ်ပြီး ဖန်းလုံထန်နှင့် ဖန်းချောင်ချောင်တို့၏ ဖခင်ဖြစ်သည်။

ဖန်းဟုန်ရှန်း၏ မိသားစုက ယခင် ဟွာရှ၏ တော်လှန်ရေးတွင် နက်ရှိုင်းသော အဆက်အသွယ်များ ရှိခဲ့ဖူး၏။ စီးပွားရေး ဖွင့်ပေးသည့် အစောပိုင်း နှစ်များတွင် အခွင့်အရေးကို အမိအရ ဖမ်းဆုပ်ပြီး မိသားစု၏ စီးပွားရေးလုပ်ငန်းသည်လည်း တိုးတက်ကြီးပွားလာလေသည်။

( တော်လှန်ရေးက မော်စီတုန်းခေတ်မှာ။ စီးပွားရေး ဖွင့်ပေးလာတာက တိန်းရှောင်ဖျင် ခေတ်မှာပါ။)

သူတို့၏ အဓိက အာရုံစိုက်ရာကတော့ ကျောက်မီးသွေး နယ်ပယ်ဖြစ်၏။ ထို့ပြင် ယခုနှစ်ပိုင်း၌ စွမ်းအင်သစ် နယ်ပယ်ကဏ္ဍသည်လည်း အနာဂတ်တွင် လူသုံးများမည့် အရိပ်အယောင်တို့ မြင်တွေ့နေရသည့် အတွက်ကြောင့် ဖန်းဟုန်ရှန်းသည် ဤအပိုင်းတွင်လည်း ကြိုတင် စီမံမှုတို့ ပြုလုပ်ထားခဲ့၏။ အချိန်တစ်ခုကြာသည်နှင့် သူသည် နိုင်ငံတွင်း မည်သူကမျှ လျစ်လျူမရှုနိုင်သည့် ဒိတ်ဒိတ်ကျဲ လူတစ်ယောက် ဖြစ်လာပေတော့မည်။

ဖန်းဟုန်ရှန်း၏ နံဘေးတွင် ရှိနေသူကတော့ ဝမ်ထောင် ဖြစ်ပြီး ဝမ်ချန်၏ ဖခင်ပင်။

ဝမ်ချန်နှင့် ဖန်းဟုန်ရှန်းတို့၏ မိသားစု နောက်ခံများက ကမ္ဘာကြီးလောက် ခြားနားနေသော်လည်း ငယ်ပေါင်းကြီးဖော်များ ဖြစ်ကြ၏။ စပ်တူအကျိုးစီးပွားတစ်ခုကို ဝေမျှထားသည့်အတွက်ကြောင့် ၎င်းတို့ နှစ်ဦး၏ ဆက်ဆံရေးကတော့ အဆင်ပြေပြေရှိနေသည်။

ထို့ပြင် ဤနှစ်များ တစ်လျှောက်၌ ဖန်းဟုန်ရှန်း နောက်ကွယ်တွင် ကျူးလွန်ခဲ့သည့် မကောင်းသည့် ကိစ္စရပ်များကို ဝမ်ထောင်ကပဲ ကိုင်တွယ်ဖြေရှင်းပေးခဲ့သည်။ မဟုတ်ပါက ဖန်းဟုန်ရှန်း၏ စီးပွားရေးသည်လည်း ဤမျှ ချောချောမွေ့မွေ့နှင့် လည်ပတ်နိုင်နေမှာ မဟုတ်ချေ။

နှစ် ၂၀ ကျော်ကြာအောင် အလှည့်အပြောင်း များစွာနှင့် ရင်ဆိုင် ကြုံတွေ့ခဲ့ပြီးနောက် ဖန်းဟုန်ရှန်းသည် အနောက်ပိုင်း ဒေသ၌ အချမ်းသာဆုံး လူပုဂ္ဂိုလ်တစ်ဦး ဖြစ်လာခဲ့ပြီး ဝမ်ထောင်မှာတော့ အာဏာကြီး လွှမ်းမိုးမှုအားကောင်းသည့် ပုဂ္ဂိုလ်တစ်ဦး ဖြစ်လာခဲ့သည်။ နှစ်ယောက်မှာ အချင်းချင်း ကျွန်းကိုင်းမီ၊ ကိုင်းကျွမ်းမှီ ရှိနေကြရင်း တစ်ယောက်ကိုယ်တစ်ယောက် အောင်မြင်မှု ရအောင် ကူညီပေးကြသည်။ သူတို့နှစ်ဦး၏ နာမည်ကို ထုတ်ပြောလိုက်သည့်အချိန်တိုင်း မည်သူကမျှ ဇယားလာမရှုပ်ဝံ့သည်အထိ လွှမ်းမိုးမှုအားကြီး၏။

“ မင်း အစ်ကိုပြောတော့ သူ ကိုင်တွယ်ဖို့ တစ်ယောက်ယောက် လွှတ်လိုက်မယ်ဆို … ဘယ်လိုဖြစ်ပြီး သူကိုယ်တိုင် ဒဏ်ရာရလာခဲ့တာ ….”

ဖန်းလုံထန်၏ အခြေအနေအကြောင်းကို ဖန်းဟုန်ရှန်း အနည်းငယ် နားလည်ပြီး ကိစ္စ၏ အတွင်းအပြင် အခြေအနေကိုလည်း အနည်းငယ် သိထားသည်။

သူ့သား တာဝန်ယူလိုက်သည်နှင့် ကိစ္စကို အလွယ်လေး ဖြေရှင်းလိုက်နိုင်မည်ဟု တွေးထင်ထားခဲ့သော်လည်း ယခုလို ဆေးရုံတင်လိုက်ရမည့် တစ်ချက်ကိုတော့ ဘယ်တုန်းကမျှ မျှော်လင့်မထားခဲ့ချေ။

ဖန်းချောင်ချောင်က ဘားတွင် ဖြစ်ပျက်ခဲ့သည့် အခြေအနေများအား ဖန်းဟုန်ရှန်းထံ အကြမ်းဖျင်း ရှင်းပြလိုက်သည်။

ဤစကားကြားတော့ ဝမ်ထောင်၏ မျက်နှာအမူအရာမှာ ချက်ချင်းလက်ငင်း ပြောင်းလဲသွားခဲ့လေသည်။

“ အဲ့ကလေးက အတော်လေး ရက်စက်တဲ့ကောင်ပဲ … လူတစ်ယောက်ကိုယ်တောင် ဓားနဲ့ ထိုးဝံ့နေတယ် ….”

“ ဦးလေးဝမ် … အခုက ဒီအကြောင်းပြောရမယ့် အချိန် မဟုတ်သေးဘူး … ကျွန်မတို့ အနိုင်ကျင့်ခံလိုက်ရတယ် … ဦးလေး ကျွန်မတို့ကို လက်စားချေဖို့ ကူညီပေးရမယ်နော်….”

“ ဖြစ်ပြီးမှတော့ စိတ်လှုပ်ရှားနေလို့ အသုံးမဝင်ဘူး ….”

ဝမ်ထောင်ကြည့်ရသည်မှာ အင်မတန် တည်ငြိမ်နေပုံရပြီး “ ဒီကိစ္စမှာ မင်းတို့ဘက်က မှားယွင်းခံရတယ်ဆိုတာ ငါသိတယ် .. ပြီးတော့ ကျင်းရန်မှာ ဖြစ်ခဲ့တဲ့ ကိစ္စဆိုတော့ ဦးလေး ကျိန်းသေပေါက် ကူညီပေးမှာပေါ့ … စိတ်ကို အေးအေးထား ….”

“ အခြေအနေ ဘယ်လိုရှိလဲ ….” ဖန်းဟုန်ရှန်းက အသံနိမ့်ပြီး မေးလိုက်၏။

“ ဆရာဝန်ပြောတာတော့ ဒဏ်ရာက ပြင်းထန်တယ်တဲ့ … ဒါပေမယ့် အသက်အန္တရာယ် ခြိမ်းခြောက်နိုင်တဲ့အထိတော့ မဟုတ်ပါဘူး …..”

“ အဲ့တာဆို ကောင်းတယ် ….”

ဖန်းဟုန်ရှန်းက ဝမ်ထောင်ကို အဓိပ္ပာယ်ပါပါ အကြည့်တစ်ချက် ပေးလိုက်ပြီး “ ဟိုဘက်နားသွားပြီး စကားပြောကြစို့ ….”

နှစ်ယောက်က လှေကားထစ်ဝင်ပေါက်ဝနားတွင် မတ်တပ်ရပ်လိုက်ပြီး တစ်ယောက်ကို စီးကရက်တစ်လိပ်စီ မီးညှိလိုက်ကြသည်။

“ ညီကိုဖန်း … မင်း ဒီကိစ္စ ဘယ်လို ကိုင်တွယ်ချင်လဲ … ငါ ကြားမိတာတော့ လျန်မိသားစုကလည်း ကျိုးဟိုင်မှာ လွှမ်းမိုးမှုက မသေးဘူး …”

“ မသေးတာ ဟုတ်တယ် … ဒါပေမယ့် သူတို့ အခု အဆုံးသတ်သွားပြီ ….” ဖန်းလုံထန်က အထင်တသေးအမူအရာဖြင့် ပြောလိုက်ပြီး “ သူတို့ အထွတ်အထိပ် အချိန်အခါကာလတုန်းကတောင် ဒီကောင်တွေကို ငါ ခေါင်းထဲထည့်ခဲ့တာ မဟုတ်ဘူး …..”

“ အဲ့လိုဆိုရင်တော့ ကိုင်တွယ်လို့ လွယ်မှာပါ ….”

“ ဒါပေမယ့် ငါကတော့ ရောက်တာနဲ့ ချက်ချင်း လူကို ဓားနဲ့ ပြေးထိုးဝံ့တဲ့ ကောင်လေးနဲ့တော့ တွေ့ချင်မိသား … သူက ဇတော့ တော်တော်ရှိတယ် ….”

“ လျန်အိမ်ကကောင်တွေ ငှားထားတဲ့ လူမိုက်တစ်ယောက် နေမှာပေါ့ ….” ဝမ်ထောင် ပြောလိုက်ပြီး “ သာမန်လူဆိုရင် ဒီလိုမျိုး လုပ်ဝံ့မှာ မဟုတ်ဘူး … ဒါပေမယ့် ပြဿနာက အခု သူတို့ကို ဘယ်လို ရှာမလဲ ဆိုတာပဲ …..”

“ လွယ်ပါတယ်… လျန်မိသားစုရဲ့ သုံးဘီလီယမ်က ငါ့နားမှာ ရှိနေတုန်းပဲ … ဒီတော့ ငါ့ဘက်က အသာစီးရှိတယ် … သူတို့ကို ရှာတွေ့ဖို့က ပြဿနာ မဟုတ်ဘူး ….”

ဖန်းလုံထန်က စီးကရက် ပြာကို တောက်ချလိုက်ပြီး ဆက်ပြော၏။

“ တွေ့လို့ရအောင် စီစဉ်ပေးမယ် … ကျန်တာကိုတော့ မင်းပဲ ကြည့်ကြပ်ရွှိုင်းလိုက် ….”

“ အိုကေ … အခု သူတို့က ရန်ကျင်းရောက်လာတယ်ဆိုတော့ မမေ့နိုင်မယ့် ခရီးလေးတစ်ခု ဖြစ်အောင် စီစဉ်ပေးရမှာပေါ့ ….”

….

နောက်တစ်နေ့ လင်းရီ မျက်လုံးပွင့်လာသည့် အချိန်၌ မွန်းလွဲ တစ်နာရီ ရှိနေလေပြီ။

တစ်ညလုံး ပါတီလုပ်ခဲ့ပြီး ဤသို့သော အချိန်မျိုးတွင် အိပ်ရာနိုးသည်က ပုံမှန်မျှသာ ဖြစ်၏။

ဖုန်းကို စစ်ဆေးကြည့်ပြီးနောက် လွဲချော်သွားသည့် ဖုန်းကော အမြောက်အများကို လင်းရီ မြင်တွေ့လိုက်ရသည်။

ကျီချင်းရန်သာမက လီချူးဟန်လည်း သူ့အား ဆက်သွယ်ထားလေသည်။

ကျီချင်းရန် ဖုန်းခေါ်ထားသည်က သာမန်မျှဖြစ်၏။ သူတို့နှစ်ဦးက အကြောင်းအရာ ထွေထူးမရှိလျှင်ပင် နေ့တိုင်း ဖုန်းပြောနေကြပင်။

သို့သော် လီချူးဟန် သူ့ထံသို့ ဖုန်းခေါ်လာခဲ့သည်ကတော့ ရှား၏။

အကယ်၍ ပြဿနာ တစ်စုံတစ်ရာ မရှိပါက သူ့အား လွှတ်ပေးထားလေသည်။

လင်းရီ ကျီချင်းရန်ထံ ဖုန်းပြန်ခေါ်ပြီး သူမနှင့် စကားခေတ္တ ပြောလိုက်သည်။ ပြီးနောက် ဖုန်းပြန်ချပြီး လီချူးဟန်ထံသို့ ဝီချက် ဗွီဒီယိုကော‌ ခေါ်လိုက်၏။

အကြိမ်ရေ အနည်းငယ် မြည်ဟည်းပြီးနောက် ဗွီဒီယိုကောက ချိတ်ဆက်သွားခဲ့၏။

လီချူးဟန်၏ နောက်ခံမြင်ကွင်းကို ကြည့်ရသလောက်ကတော့ ဆေးရုံရှိ သူမ၏ နားနေခန်းထဲ ရှိနေပုံပင်။

“ ဖုန်းခေါ်ထားတာ မြင်လို့ ကိစ္စ တစ်ခုခု ရှိလို့လား ….”

လင်းရီ ပြောရင်းဖြင့် သမ်းဝေလိုက်၏။

“ အင်း … ငါ … ငါ နင့်ကို ပြောစရာ နည်းနည်းရှိတယ် …”

“ ပြောလေ … ဘာလို့ တုံ့ဆိုင်းနေတာ ….”

“ ဒီမနက်ခင်းတုန်းက အန်ကယ်နဲ့ အန်တီ ငါ့ကို လာတွေ့သွားတယ် ….”

“ အာ … ဘယ်က အန်ကယ်နဲ့ အန်တီလဲ …” လင်းရီ ရှုပ်ထွေးသွားပြီး “ မင်းသူတို့နဲ့ အဆက်အသွယ်ဖြတ်ပြီးတာတောင် လာပြီး ပြဿနာ လာရှာနေတုန်းလား ….”

“ ငါ့ ဆွေမျိုးတွေ မဟုတ်ဘူး … နင့်မိဘတွေ … သူတို့ ဆေးရုံလာပြီး ငါနဲ့ လာတွေ့သွားတယ် …”

“ ဟမ် ….”

All Chapters