← Chapters

လင်းရီကို ထိလို့မရဘူး

Vol. 161 Ch. 2335

လင်းရီကို ထိလို့မရဘူး

Vol. 161 Ch. 2335

“ ဒါ လုံးဝ မဖြစ်နိုင်ဘူး ….”

လျိုရှောင်တုန်း အံ့ဩဘနန်း ဖြစ်နေမိပြီး ထိုင်ခုံက ပြုတ်ကျလုနီးပါး ဖြစ်သွားခဲ့သည်။

ဤသို့သော စကားလုံးများနှင့် ထိုက်တန်ဖို့ရာအတွက် လူတစ်ယောက်၏ အချက်အလက်က မည်မျှ အရေးကြီးနေဖို့ လိုမလဲဆိုတာကို သူလုံးဝ စိတ်ကူးမယဉ်နိုင်ပေ။

အချိန်အတော်ကြာသည်ထိအောင် ကြက်သေသေသွားပြီးနောက် လျိုရှောင်တုန်း ရှော့ခ်ရနေရာမှ အသိစိတ်ပြန်ကပ်လာခဲ့သည်။

ဤအချိန်ကျတော့မှပဲ လင်းရီ ပြောသွားသည့် စကားလုံးများ နောက်ကွယ်က တကယ့်အမှန်တရားကို သူ နားလည်သွားခဲ့တော့၏။

အကယ်၍ သူသာ တကယ်ပဲ ဤကိစ္စတွင် ပါဝင်ပတ်သက်လိုက်မည်ဆိုပါက မီးနှင့် ကစားသလို ဖြစ်သွားလိမ့်မည်။

လျိုရှောင်တုန်း လက်သီး ကျစ်နေအောင် ဆုပ်ထား၏။ အတွင်းစိတ် လွန်ဆွဲမှုက တင်းမာနေသည်။ သို့သော် အဆုံး၌ သူ့ဖုန်းကို ထုတ်ပြီး ဖန်းချွင်းဝေထံ ဆက်သွယ်လိုက်သည်။

ဖန်းချွင်းဝေ မရှိပါက သူသည် ယနေ့လို နေရာမျိုးကို ရောက်လာခဲ့မှာ မဟုတ်ချေ။

ဤကိစ္စ ပြောပြပေးခြင်းက ကျေးဇူးပြန်ဆပ်လိုက်သည်ဟု သတ်မှတ်နိုင်သည်။

…..

ရဲစခန်းထဲက ထွက်ခွာလာခဲ့ပြီးနောက် ဖန်းချွင်းဝေသည် ဆေးရုံသို့ ပြန်လာခဲ့သည်။ ထိုအချိန်တွင် ခွဲစိတ်မှု ပြီးဆုံးသွားခဲ့ပြီး ဖန်းဟုန်ရှန်းနှင့် ဝမ်ထောင်တို့နှစ်ဦးလုံး တွန်းလှန်းဖြင့် လူနာခန်းထဲသို့ ရောက်လာခဲ့ကြ၏။

“ ခွဲစိတ်တာ ဘယ်လိုနေလဲ …. ဒေါက်တာကရော ဘာပြောသေးလဲ …” ဖန်းချွင်းဝေ စိုးရိမ်တကြီးနှင့် မေးမြန်းလိုက်သည်။

“ ခြေထောက်တွေကိုတော့ ကယ်တင်လိုက်နိုင်တယ် … ဒါပေမယ့် နောက်ဆက်တွဲ ဘေးထွက်ဆိုးကျိုးတွေကြောင့်မို့ သာမန်လူ တစ်ယောက်လို လမ်းပြန်လျှောက်နိုင်ဖို့ ခဲယဉ်းသွားပြီ …” ကျောက်ယွင်လန်က ငိုကြွေးရင်းတစ်ဆင့် ပြောကြားလိုက်၏။

ရလဒ်ကို ကြားသိလိုက်ရတော့ ဖန်းချွင်းဝေ ပိုလို့တောင် ဒေါသထွက်သွားခဲ့သည်။

“ မှောက်သွားတဲ့ နို့အပေါ် ငိုနေလို့ အကျိုးမရှိဘူး … ငါ လူလွှတ်ပြီး အဲ့ကောင်ကို ဖမ်းခိုင်းထားတယ် … တရားဥပ‌ဒေ လမ်းကြောင်းကနေတစ်ဆင့် လှုပ်ရှားနေပြီ …. မကြာခင် အမိန့်ကျလာတော့မယ် … ဒီကောင် ကျင်းရန်မြို့ကနေ ရှင်လျက် ထွက်မသွားနိုင်စေရဘူး ….”

“ ချီးပဲ ….”

ဖန်းလုံထန်သည် သူ့ဝှီးချဲ လက်တင်ကို အားပြင်းပြင်းနှင့် ထုနှက်လိုက်သည်။

“ အဲ့ ခွေးမသား … လုံးဝ ခွင့်လွှတ်ပေးလို့မရဘူး ….”

ရန်ဘက် သေသွားခဲ့လျှင်ပင် သူ့ အဖေ ယခုလို ဖြစ်ရပ်မျိုး ဖြစ်သွားခဲ့မှုအပေါ် သူ လုံးဝ လက်သင့် မခံနိုင်ပေ။

“ အဘိုး … ကျွန်တော်တို့တွေ တရားဥပဒေ လမ်းကြောင်းကတစ်ဆင့် မသွားဘဲ သူ့ကို ဒီနေရာ ခေါ်လာပေးလို့ မရဘူးလား … ကျွန်တော်ကိုယ်တိုင် သူ့ကို သင်ခန်းစာပေးချင်တယ် …” ဖန်းလုံထန်က နာကျည်းမုန်းတီးစွာ ဆိုလိုက်၏။

“ သူက ဖန်းမိသားစုကို ဒီလိုမျိုး ဆုံးရှုံးမှုတွေ ဖြစ်ပေါ်စေတယ် … တစ်ချက်တည်းနဲ့ ပစ်သတ်လိုက်ရင် သက်ညှာပေးလွန်းရာ ကျသွားမှာပေါ့ ….”

ဖန်းချွင်းဝေ၏ မျက်လုံးတို့ ရွေ့လျားသွားပြီး “ ငါ လျိုရှောင်တုန်းနဲ့ စကားပြောကြည့်လိုက်မယ် … ပြဿနာတော့ မရှိနိုင်လောက်ဘူး ….”

“ အဲ့တာဆိုရင်တော့ အကောင်းဆုံးပဲ …” ဖန်းလုံထန် လက်သီးကျစ်ကျစ်ပါအောင် ဆုပ်လိုက်ပြီး “ ဒင်းသေချင်စိတ်ပေါက်ပြီး သူ လုပ်ခဲ့တဲ့ အရာအတွက် တစ်သက်လုံး နောင်တရသွားအောင် လုပ်ပေးမယ် ….”

ကလင် ကလင် ကလင် …

ထိုအချိန်မှာပဲ ဖန်းချွင်းဝေ၏ ဖုန်းသံ မြည်ဟည်းလာခဲ့၏။ လျိုရှောင်တုန်း ဆက်သွယ်လာခဲ့ခြင်းပင်။

“ အေး … ပြော …” ဖန်းချွင်းဝေ ဖုန်းကိုင်လိုက်သည်။

“ အကြီးအကဲဖန်း … အခြေအနေ မကောင်းဘူး … ကျုပ်တို့တွေ လင်းရီဆိုတဲ့ကောင်ကို ထိလို့ မဖြစ်ဘူး … သူ့ဖိုင်ကို ကြယ်ငါးပွင့် အဆင့် လျှို့ဝှက်ချက်ဆိုပြီး သတ်မှတ်ထားတယ် … သူ့နောက်ခံက လုံးဝ ထိတ်လန့်စရာပဲ …. ဒီအတွက် ရေရှည် အစီအစဉ် တစ်ခု လိုလိမ့်မယ် ….”

“ မင်း ဘာပြောလိုက်တယ် ….”

ဤသတင်း ကြားတော့ ဖန်းချွင်းဝေ ထိတ်လန့်သွားခဲသည်။ “ မင်း သေချာ မြင်လိုက်တာရော ဟုတ်ရဲ့လား ….”

“ မမှားနိုင်ဘူး … အဲ့လိုရေးထားတာ သေချာတယ် ….” လျိုရှောင်တုန်းက အသံတုန်ယင်စွာ ပြောဆိုလိုက်ပြီး “ ကျုပ် စဉ်းစားကြည့်ပြီးသွားပြီ … ဖန်းမိသားစုကို ဆန့်ကျင်ဝံ့နေတာရယ် … အကြီးအကဲဖန်းအရှေ့မှာ အကြောက်အရွံ့ကင်းနေတာကို ကြည့်လိုက်ရင် သူ့ရဲ့ အထောက်အထားက အဓိက အကြောင်းအရင်း ဖြစ်လိမ့်မယ် …. သူ့ကို သွားထိလိုက်ရင် ခန့်မှန်းလို့ မရနိုင်တဲ့ အကျိုးရလဒ်တွေ ရှိလာနိုင်တယ် ….”

ဖန်းချွင်းဝေ၏ အမူအရာမှာ အလွန်အမင်း အကျည်းတန်သွားခဲ့ပြီး မည်သို့ တုံ့ပြန်ရမှန်း မသိ ဖြစ်သွားခဲ့၏။

လျိုရှောင်တုန်း ပြောသွားသည်က ယုတ္တိကျသည်။

ထိုကဲ့သို့သော အထောက်အထားမျိုးကို ပိုင်ဆိုင်ထားသည့် လူတစ်ယောက်တွင် သာမန်လူတို့ စိတ်ကူးယဉ်နိုင်သည်ထက် ကျော်လွန်သည့် တစ်စုံတစ်ရာ ရှိနေမည်မှာ ကျိန်းသေသည်။

“ ငါ နားလည်ပြီ …”

ဖန်းချွင်းဝေ ဖုန်းချလိုက်၏။ ဖန်းမိသားစုက သူ၏ အခက်တွေ့နေသည့် အမူအရာကို သတိထားမိတော့ …

“ ဘာဖြစ်တာလဲတဲ့ အဘိုး ….”

“ ငါတို့ အဲ့ လင်းရီကို ထိလို့ မဖြစ်နိုင်လောက်တော့ဘူး ….”

“ သူ့ကို ထိလို့ မရဘူးဟုတ်လား …..”

ဖန်းမိသားစုတစ်ခုလုံး အံ့အားသင့်သွားခဲ့သည်။ သူတို့ထဲ မည်သူကမျှ ဤသို့သော အခြေအနေမျိုးကို မျှော်လင့်မထားခဲ့ကြပါချေ။

ဖုန်းထဲတွင် ပြောသွားသည့် အကြောင်းအရာများကို ဖန်းချွင်းဝေ ဖန်းမိသားစုထံ ပြောပြလိုက်သည်။ နားထောင်ပြီးသည့်နောက် ဖန်းမိသားစုဝင်များအားလုံး ကူကယ်ရာမဲ့စွာ ခံစားနေကြရပြီး ဘာလုပ်လို့ဘာကိုင်ရမှန်း မသိ ဖြစ်သွားခဲ့ကြ၏။

“ အဘိုး သိသလောက်ဆိုရင် … ဘယ်လို လူမျိုးကပဲ အဲ့လို အထောက်အထားမျိုး ရှိနိုင်လောက်လဲ ….”

ဖန်းလုံထန် အနည်းငယ် စိုးရိမ်ထိတ်လန့်နေပြီး အခြေအနေ၏ လေးနက်ပြင်းထန်မှုကို နားလည်ချင်နေသည်။

“ ပြောရခက်တယ် …. ဒါပေမယ့် ပုံမှန်ဆို အဲ့လို အထောက်အထားမျိုး ရှိတဲ့လူတွေက စစ်တပ်က ဟုတ်ရင်ဟုတ် ၊ မဟုတ်ရင် သုတေသနဘက်ကပဲ …. အဲ့လိုလူတွေက နိုင်ငံအတွက် သိပ်ကို အရေးပါတယ် … မဟုတ်ရင် အဲ့လိုမျိုး လျှို့ဝှက်ထားမှာ မဟုတ်ဘူး ….”

“ ဒါဆို ကျွန်တော်တို့တွေ သူ့ကို တကယ်ကြီး သွားထိလို့ မရတော့ဘူးပေါ့နော်….”

“ အဲ့လိုလုပ်ရုံ ရှိတော့တာပဲ ….” ဖန်းချွင်းဝေ သက်ပြင်းချလိုက်ပြီး “ အဲ့လို အထောက်အထားမျိုးက ရာဇဝတ်မှု ကင်းလွတ်ခွင့်လို့တောင် ပြောလို့ရတယ် … ဖန်းမိသားစုလည်း ဘာမှ မတတ်နိုင်ဘူး ….”

“ ဒါဆို သူ့ကို ဒီတိုင်းပဲ လွှတ်ပေးလိုက်တော့မှာလား …..”

“ ဘယ်တတ်နိုင်မှာ … ဒါပေမယ့် သူလည်းမလွယ်လောက်ပါဘူး … ဒီလိုမျိုး ကိစ္စကြီး ဖြစ်သွားပြီးတော့ သူ့ရဲ့ အထောက်အထားနဲ့ ပတ်သက်ပြီး စိုးရိမ်စရာတွေ ဖြစ်နေလောက်ပြီ … ဘာဆိုဆို ငါတို့ ဖန်းမိသားစုကလည်း ပေါ့သေးသေးမိသားစုမှ မဟုတ်တာ ….”

ဖန်းချွင်းဝေ သက်ပြင်းချလိုက်သည်။ “ အခုလောလောဆယ်တော့ ဒီကိစ္စကို ဆိုင်းထားကြတာပေါ့ … တကယ်လို့ မင်း တကယ်ပဲ လက်စားချေချင်တယ်ဆိုရင် နောက် နှစ်နည်းနည်းလောက် သည်းခံထားဦး …. ဖန်းမိသားစုမှာ အခွင့်အရေးတွေ ရှိပါတယ် ….”

“ ကောင်းပြီလေ ….”

ဖန်းလုံထန် လက်သီး ဆုပ်ထားပြီး မကျေမချမ်း ဖြစ်မှုများကို အတွင်းတွင် မြိုသိပ်ထားလိုက်သည်။ နောင်အနာဂတ်တွင် လင်းရီအား ကိုင်တွယ်နိုင်မည့် အခွင့်အရေးကို သူ သေချာပေါက် ရှာဖွေသွားမှာ ဖြစ်၏။

ဘန်း …

ထိုအချိန်မှာပဲ လူနာ အခန်းတံခါးက တွန်းပွင့်လာခဲ့ပြီး ဖန်းမိသားစုဝင်များအားလုံး လှည့်ကြည့်လိုက်ကြသည်။ သို့သော် လူဒါဇင်ခန့် ဝင်ရောက်လာသည်ကို မြင်တော့ ၎င်းတို့အားလုံး ကြက်သေသေသွားခဲ့ကြ၏။

၎င်းတို့အားလုံးက ယူနီဖောင်းတွေ ဝတ်ဆင်ထားကြပြီး မျက်နှာထားများက လေးနက်တည်ကြည်နေကြကာ ဖြောင့်မတ်သည့် အော်ရာတို့ ပျံ့လွင့်နေသည်။

ဖန်းချွင်းဝေ မကျေမချမ်း မျက်မှောင်ကြုတ်လိုက်သည်။

“ မင်းတို့ ဘယ်ကောင်တွေလဲ… ဘယ်သူ ဒီထဲ ဝင်ခွင့်ပေးလိုက်တာလဲ ….”

ခေါင်းဆောင်ဖြစ်သည့် အမျိုးသားက ဖန်းချွင်းဝေ၏ လေသံကို မည်သို့သော တုံ့ပြန်မှုမျှ မပေးဘဲ သူ၏ အိတ်ထောင်ထဲက အထောက်အထားကို ထုတ်ကာ ဖန်းချွင်းဝေရှေ့တွင် ပြသလိုက်သည်။

“ ကျုပ်တို့က ဗဟိုကနေလွှတ်လိုက်တဲ့ ဗဟိုစုံစမ်းစစ်ဆေးရေး အသင်းကပဲ … ဒီနှစ်တွေမှာ ဖန်းမိသားစု ကျင်းရန်မှာ အာဏာပြ ကြီးစိုးလွန်းနေတယ် … အခုအချိန်က စာရင်းအသစ်နဲ့ စာရင်းဟောင်းတွေ ပေါင်းရှင်းရမယ့်အချိန်ပဲ ….”

“ မင်း … မင်းတို့က ရန်ကျင်းစုံစမ်းစစ်ဆေးရေး အသင်းပဲ ….”

“ ကြိုတင် အသိပေးတာမျိုး ဘာတစ်ခုမှ မရတော့ အံ့ဩသွားတယ်မလား ….” ခေါင်းဆောင် အမျိုးသားက နှာမှုတ်လိုက်ပြီး “ ကျုပ်တို့ ဒေသခံ ဘယ်အဖွဲ့အစည်းကိုမှ သတင်းမပို့ခဲ့ဘူး …. အမိန့်လက်ခံရရှိတာနဲ့ ကျင်းရန်ကို တိုက်ရိုက် ထွက်လာခဲ့တာ … အပိုစကား ပြောနေဖို့ အချိန်မရှိဘူး …. စစ်ဆေးခံဖို့ အသင့်ပြင်ထားလိုက်တော့ ….”

ကြက်သေသေသွားခြင်း …

ဖန်းမိသားစုဝင်များအားလုံး ကြက်သေသေသွားခဲ့ကြသည်။

ဒေသခံ အာဏာပိုင်များအား အသိမပေးဘဲ ရန်ကျင်းမှ ကျင်းရန်သို့ တိုက်ရိုက် ပျံသန်းလာသည်က အခြေအနေ ကိစ္စရပ်၏ လေးနက်ပြင်းထန်မှု မည်မျှ ကြီးမားသည်ကို ဖော်ပြနေသည်။

ဤတစ်ကြိမ်တွင်တော့ ဖန်းမိသားစုသည် သူတို့ တစ်မိသားစုလုံး ပျက်စီးသွားနိုင်လောက်မည့် ကပ်ဘေးကြီးကို ရင်ဆိုင်နေရပြီ ဖြစ်၏။

ဖန်းချွင်းဝေ မည်သည့် ခုခံရုန်းကန်မှုမျှ မပြုလုပ်ခဲ့ပေ။ အိုမင်းနေသည့် သူ့မျက်ဝန်းတို့က အရောင်ကင်းမဲ့လို့ သွားခဲ့၏။

“ မသွားခင် ငါ တစ်ခုလောက် မေးချင်တယ် …. ငါ့ကို ဂုဏ်သိက္ခာ နည်းနည်းပေးတဲ့အနေနဲ့ ဖြေပေးမယ်လို့ မျှော်လင့်ပါတယ် …”

ခေါင်းဆောင် အမျိုးသားက ခေတ္တ တုံ့ဆိုင်းသွားပြီး … “ အိုကေလေ … ပြောပါ …..”

“ မင်းတို့ ဘာလို့ ရုတ်တရက်ကြီး ဒီရောက်လာခဲ့ကြတာလဲ ….”

“ ဒါ မြင်သာနေတဲ့ အရာပဲ မဟုတ်ဘူးလား ….”

စာစဉ် (၁၆၁) ပြီး၏။

All Chapters