← Chapters

နတ်မိစ္ဆာတွေဝိုင်းထားတယ်

Vol. 10 Ch. 980

နတ်မိစ္ဆာတွေဝိုင်းထားတယ်

Vol. 10 Ch. 980

ဝူကျီးချီ ကိစ္စရပ်များကို သေသေချာချာ သိရှိခြင်း မရှိသော်လည်း အနည်းဆုံးတော့ ကောင်ကင်ဘုံနန်းတော်တွင် ခိုလှုံနိုင်ခဲ့ပြီ ဖြစ်လေသည်။

နောက်ခံအင်အားအသစ်ရရှိပြီဖြစ်သောကြောင့် သူ၏ စိုးရိမ်စိတ်များလည်း ပျောက်ကွယ်သွားပြီ ဖြစ်သည်။

ထို့ပြင်… ကောင်းကင်ဘုံနန်းတော်သည် အသက်ဓာတ်စွမ်းအားများ ပြည့်ဝသည့်နေရာတစ်ခု ဖြစ်ပြီး နတ်ဆေးများလည်း နေရာတိုင်းတွင်ရှိလေရာ သူ၏ တန်ခိုးစွမ်းအားများပင် လျှင်မြန်စွာ ပြန်လည်ပြည့်ဝလာနိုင်လေသည်။

ထို့ကြောင့် ဝူကျီးချီက ရသည့်အခွင့်အရေးကို အလျှင်အမြန်ပင်လက်ခံလိုက်သည်။ ရေစွမ်းအာကို အသုံးပြုရမည့် ရေတပ်တွင် တာဝန်ထမ်းဆောင်ရမည်ဖြစ်သည့်အတွက် ရရှိသည့် ရာထူးက သူနှင့်လည်း ကိုက်ညီလေသည်။

ထို့ကြောင့်… နဂါးငွေ့တန်းရေတပ်တွင် ဝူကျီးချီ တက်တက်ကြွကြွဖြင့် တာဝန်ထမ်းဆောင်လျှက် ရှိလေတော့သည်။

မျက်စိတစ်မှိတ်အတွင်းမှာပင်… လဝက်ဆိုသော အချိန်က ကုန်ဆုံးသွားခဲ့ပြီ ဖြစ်သည်။

ဝူကျီးချီသည် နဂါးငွေ့တန်းရေတပ်တွင် အလုပ်လုပ်နေစဉ် သူ့ရင်ထဲတွင် ထူးဆန်းသည့် ခံစားချက်တစ်ခုကို ခံစားလိုက်ရသည်။

ထို့ကြောင့် သူက အရှေ့ဆီသို့ လှမ်းကြည့်လိုက်သော်လည်း မည်သည့်ထူးခြားချက်မှ မတွေ့ရပေ။

သို့သော်… ထူးဆန်းသိမ်မွေ့သည့်အသံတစ်သံက မည်သည့်နေရာကမှန်းမသိ ထွက်ပေါ်လာပြီး နဂါးငွေ့တန်းအခြားတစ်ဖက်တွင် ရေလှိုင်းများ ထက်ပိုင်းကွဲသွားပြီး ရေလှိုင်းများအတွင်းမှ တံခါးတစ်ချပ် ထွက်ပေါ်လာလေသည်။

ကြည်လင်သည့် ပုံရိပ် (၂)ခုက ထိုတံခါးအတွင်းသို့ ဝင်ရောက်သွားပြီး တံခါးက ပြန်ပိတ်သွားလေသည်။

ထို့နောက် မည်သည့်ထူးခြားချက်ကိုမှ မတွေ့မြင်ရတော့ဘဲ မျက်စိတစ်မှိတ်အတွင်း အရာအားလုံးက ပုံမှန်အတိုင်း ပြန်ဖြစ်သွားလေတော့သည်။

တံခါးအတွင်းသို့ ဝင်ရောက်သွားသူများမှာ ယောကျ်ားလေးတစ်ယောက်နှင့် မိန်းကလေးတစ်ယောက်ဖြစ်ပြီး ဆန်းလျန်နှင့် ဆန်းချင်းချင်းတို့ ဖြစ်လေသည်။

သူတို့ လောကအလယ်တွင် လဝက်ခန့် လည်ပတ်သွားလာပြီးနောက် ဆန်းလျန်က ကူးဝေေ၀ကို ချင်းရှတောင်တွင် ထားခဲ့ကာ ဆန်းချင်းချင်းနှင့်အတူ နဂါးငွေ့တန်သို့ ထွက်ခွာလာခဲ့ကြခြင်း ဖြစ်သည်။

သူတို့ ဝင်ရောက်သွားသည့်တံခါးမှာ အံ့ဖွယ်အမှုတံခါးဖြစ်ပြီး သူတို့က တံခါးကိုဖြတ်သန်းကာ ချင်းဆွေထျန်းကောင်းကင်ဘုံသို့ ရောက်ရှိလာခဲ့ကြလေသည်။

တာအိုဆရာလီချင်းဆွေ သုံးခန္ဓာဖြတ်တောက်ပညာကို ကျင့်ကြံအောင်မြင်ပြီးသည့်နောက်ပိုင်း ဆန်းလျန် ပထမဆုံးအကြိမ် ချင်းဆွေထျန်းကောင်းကင်ဘုံသို့ ရောက်ရှိလာခြင်း ဖြစ်လေသည်။

ဆန်းချင်းချင်းက ဆန်းလျန်ကို လမ်းပြခေါ်ဆောင်သွားပြီး ကျွန်းလေးတစ်ကျွန်းရှိရာသို့ ရောက်ရှိလာသည်။

ထိုကျွန်းငယ်လေးထက်တွင် တာအိုနန်းတော်ကြီးတစ်ခုတည်ရှိနေပြီး လူသူတစ်ယောက်မှ မရှိသည့်အလား တိတ်ဆိတ်ငြိမ်သက်လျှက်ရှိသည်။

ရှင်းလင်းကြည်လင်နေပြီး စိတ်ဝင်စားစရာသိပ်မရှိသည့် နေရာတစ်ခု ဖြစ်လေသည်။

ဆန်းလျန်က ပုံမှန်လေသံဖြင့်…

"တာအိုဆရာချင်းဆွေက ဒီမှာ တစ်ယောက်တည်းနေတာလား…"

ဆန်းချင်းချင်းက…

"ကျွန်မလည်း နေတယ်လေ…"

ဆန်းလျန်က သက်ပြင်းတစ်ချက်ချလိုက်ရင်း…

"ဒီနေရာက တိတ်ဆိတ်နေတာပဲ…"

ဆန်းချင်းချင်းက…

"ကျွန်မလည်း ဒီမှာနေရာတာ အတော်လေးပျင်းတယ် ၊ တာအိုဆရာချင်းဆွေကို အရင်လိုပဲ အခြားနတ်ဘုရားတွေနဲ့ ခပ်နီးနီးနေရာမှာ ပြန်နေဖို့ ထျန်းကျွင်း နားချပေးပါလား ၊ အဲဒါဆို လှုပ်လှုပ်ရှားရှားနဲ့ ပျော်စရာကောင်းမှာ…"

ဆန်းလျန်က ရယ်မောလိုက်ရင်း…

"လောကမှာ သူ့ကို နားချနိုင်မယ့်သူ တစ်ယောက်မှ မရှိဘူး…"

စကားပြောဆိုရင်း သူတို့ (၂)ယောက် တာအိုနန်းတော်ကြီးအတွင်းသို့ ဝင်ရောက်လာကြလေသည်။

ဆန်းလျန်နှင့် လီချင်းဆွေ မျက်လုံးချင်းဆုံလိုက်မိသည်။ သို့သော်… လီချင်းဆွေ၏ မျက်နှာအမူအရာက တစ်စက်လေးပင် ပြောင်းလဲသွားခြင်း မရှိပေ။

ဆန်းလျန်ကတော့ လီချင်းဆွေကို ပြုံးပြလိုက်ပြီး…

"ကျုပ်တို့ မတွေ့တာ ကြာပြီနော်…"

လီချင်းဆွေက ဆန်းလျန်ကို စကားပြန်မပြောဘဲ လက်တစ်ဖက်ဝှေ့ရမ်းလိုက်ပြီး ကြမ်းခင်းအဝတ်ငယ်တစ်ခုဖန်ဆင်းလိုက်လေသည်။

ထို့နောက်… ဆန်းလျန်ကို နေရာတွင်ထိုင်ရန် လက်ဟန်ဖြင့်ပြလိုက်လေ၏။

ဆန်းလျန်က အားနာမနေတော့ဘဲ ကြမ်းခင်းအဝတ်လေးပေါ်တွင် ဝင်ထိုင်လိုက်လေသည်။

ဆန်းချင်းချင်းမှာတော့ သိမ်မွေ့သည့် တန်ခိုးစွမ်းအားတစ်ခုက ဆန်းချင်းချင်းကို အဝေးသို့တွန်းထုတ်နေသည့်အလား ခံစားလိုက်ရပြီး မျက်စိတစ်မှိတ်အတွင်းမှာပင် တာအိုနန်းတော်ကြီးအပြင်ဘက်သို့ ရောက်ရှိသွားလေသည်။

ထို့နောက် တာအိုနန်းတော်တံခါးကြီး ပိတ်သွားပြီး အတွင်းထဲတွင် မည်သည့်အရာများဖြစ်ပျက်သည်ကို ဆန်းချင်းချင်း မသိရတော့ပေ။

သို့သော်… ဆန်းလျန်က လီချင်းဆွေကို ဒုက္ခပေးမည့်သူမဟုတ်ကြောင်း ဆန်းချင်းချင်းသိရှိသည့်အတွက် စိတ်ပူပန်ခြင်းတော့ မဖြစ်မိပေ။

ဆန်းချင်းချင်းထွက်သွားသည်နှင့် တာအိုနန်းတော်ကြီးအတွင်းပိုင်းတွင် အလင်းရောင်များ လင်းထိန်တောက်ပလာလေသည်။

ထို့နောက်… တာအိုဆရာလီချင်းဆွေ၏ ဦးခေါင်းထက်တွင် ကြည်လင်သည့် တိမ်တိုက်တစ်ခု ထွက်ပေါ်လာလေသည်။ ထိုတိမ်တိုက်မှ အလင်းတန်း (၃)ခု ထွက်ပေါ်လာပြီး အလင်းတန်းများက အဆက်မပြတ်လှည့်ပတ်နေပြီး တာအိုနှင့် ကာရံညီလျှက် ရှိသည်။

ဆန်းလျန်၏ ဦးခေါင်းထက်တွင်လည်း ကြည်လင်သည့်တိမ်တိုက်တစ်ခု ထွက်ပေါ်လာပြီး ထိုတိမ်တိုက်အတွင်းမှ အသက်ရှူသံအလား အသံများထွက်ပေါ်နေပြီး ပဟေဠိလည်းဆန်လွန်းလှသည်။

လီချင်းဆွေ၏ ဦးခေါင်းထက်မှ အလင်းတန်းများက လျှင်မြန်သည်ထက်လျှင်မြန်စွာ လှည့်ပတ်နေပြီး အရာအားလုံးကို သိမ်းကျုံးယူဆောင်သွားတော့မည့် လေပွေမုန်တိုင်းအလားပင် ဖြစ်လေသည်။

ဆန်းလျန်၏ နဖူးထက်တွင် ချွေးများပျံလာပြီး မျက်နှာထက်သို့ ချွေးစများ စီးဆင်းကျလာသည်။ ဆန်းလျန်၏မျက်နှာသည် ချွေးစက်များဖြင့် တောက်ပလျှက် ရှိသည်။

ရုတ်တရက်… ဆန်းလျန်၏ပါးစပ်မှ ရှည်လျားသည့် ကြုံးဝါးသံတစ်ချက်ထွက်ပေါ်လာပြီး သူ၏ ဦးခေါင်းထက်မှ ကြည်လင်သည့်တိမ်တိုက်မှာ အရာအားလုံး အသစ်ဖြစ်တည်သွားသည့်အလား ပြောင်းလဲသွားပြီး အဖြူရောင်နှင့်အနက်ရောင် အလင်းတန်း (၂)ခု ထွက်ပေါ်လာသည်။

နောက်ဆုံးတွင်တော့ ဆန်းလျန်နှင့် ဆင်တူသည့် ကိုယ်ခွဲ (၃)ခု ထွက်ပေါ်လာလေတော့သည်။ ထိုကိုယ်ခွဲများမှာ ထိုက်ချူး ၊ ထိုက်စုနှင့် ထိုက်ရှီ ကိုယ်ခွဲများဖြစ်လေသည်။

ထိုအချိန်မှာပင် တာအိုဆရာလီချင်းဆွေ၏ နှုတ်ခမ်းများက တဖြည်းဖြည်းပွင့်ဟလာပြီး ဂါထာတစ်ပုဒ်ကို စတင်ရွတ်ဆိုလေသည်။

သူမရွတ်ဆိုသည့်ဂါထာသည် နတ်ဘုရားတေးသံတစ်ခုအလား သာယာလွန်းလှပြီး အချိန်ကာလကိုပင် တုန်လှုပ်သွားစေလေသည်။

တာအိုနန်းတော်ထဲမှ ထူးဆန်းသည့်အသံများထွက်ပေါ်လာသည့်အတွက် နန်းတော်အပြင်ဘက်မှ ဆန်းချင်းချင်း စိတ်ဝင်စားသွားလေသည်။

ထို့ကြောင့် သူမက တာအိုနန်းတော်တံခါးမှ အတွင်းသို့ ချောင်းကြည့်လိုက်သည်။ သို့သော်… နန်းတော်တံကားက အကြားအလပ်တစ်ခုပင်မရှိအောင် ပိတ်ဆို့နေလေရာ မည်သည့်အရာများ အထဲတွင် ဖြစ်ပျက်နေသည်ကို သူမ တွေ့မြင်ရခြင်း မရှိပေ။

ရုတ်တရက်… တာအိုနန်းတော်တံခါး ရုတ်တရက်ပွင့်သွားပြီး အလင်းတန်းအလားကြည်လင်သည့် ရေစင်များထွက်ပေါ်လာပြီး ဆန်းချင်းချင်းမှာ ရေထဲသို့ မျောသွားပြီး အဝေးတစ်နေရာသို့ ရောက်ရှိသွားလေတော့သည်။

ဆန်းချင်းချင်းမှာ ထိုက်ယီမရဏဓားကိုကျင့်ကြံပြီးနောက် တန်ခိုးစွမ်းအားများ မြင့်မားတိုးတက်လာသော်လည်း ထိုအလင်းတန်းရေစင်များကိုတော့ မည်သို့မှ ခုခံကာကွယ်နိုင်စွမ်း မရှိပေ။

ထိုအချိန်တွင် တာအိုနန်းတော်ထဲတွင်တော့ ဆန်းလျန်နှင့် ပုံစံတူ ကိုယ်ခွဲ (၃)ခုသည် တဖြည်းဖြည်း ဧရာမလူသားကြီးများအဖြစ် ကြီးမားလာလေသည်။ ထိုကိုယ်ခွဲများကြီးမားလာသည့်အတိုင်း တာအိုနန်းတော်ကြီးကလည်း လိုက်လံကြီးမားလာလေသည်။

ထို ကိုယ်ခွဲ (၃)ခုမှာ တန်ခိုးစွမ်းအားများမှာ မြင့်မားလွန်းသည့်အတွက် မိုးနှင့်မြေကိုပင် ပေါက်ကွဲစေတော့မည့်အလား ထင်မှတ်ရလေသည်။

ထိပ်ဆုံးအဆင့်သို့ ရောက်ရှိသွားပြီးနောက် ကိုယ်ခွဲ (၃)ခုက ပေါက်ကွဲထွက်သွားပြီး ရေပူဖောင်းများအလား ပေါက်ကွဲထွက်သွားလေသည်။

မြူမှုံတစ်စပင် ကျန်ရစ်ခဲ့ခြင်း မရှိတော့ပေ။

ထိုအချိန်မှာင်… ကြည်လင်သည့်ရေစင်များက ဆန်းလျန်ကို ရစ်ပတ်သွားပြီး သူ့တစ်ကိုယ်လုံးရှိ ချွေးစက်များကို သန့်စင်ဆေးကြောပေးလိုက်လေသည်။

ဆန်းလျန်၏ မျက်နှာမှာ ကျောက်စိမ်းရတနာအလား ကြည်လင်ဝင်းပလျှက် ရှိလေတော့သည်။

တစ်ချိန်တည်းမှာပင်… လီချင်းဆွေ၏ နှုတ်ခမ်းဖျားမှ ရွတ်ဖတ်နေသည့် ဂါထာသည် ရပ်တန့်သွားပြီး နတ်ဘုရားဂီတသံအလား သာယာလွန်းသည့် လီချင်းဆွေ၏ အသံသည်လည်း ပျောက်ကွယ်သွားလေတော့သည်။

……………….

ဆန်းချင်းချင်းမှာ ရေနှင့်မျောပါသွားပြီး တာအိုနန်းတော်ကြီးနှင့် မိုင် (၁၀၀) ခန့်အဝေးသို့ ရောက်ရှိသွားလေသည်။

သူမ တာအိုနန်းတော်ကြီးသို့ ပြန်ရန်လည်း ပျင်းရိသွားပြီဖြစ်လေရာ အခြားနတ်ဘုရားများနေထိုင်ရာ နေရာသို့ ထွက်လာခဲ့လေတော့သည်။

တာအိုဆရာလီချင်းဆွေက သူမကို အဝေးသို့ နှင်ထုတ်လိုသည်ကိုသိရှိပြီးနောက် တာအိုနန်းတော်ကြီးဆီသို့ ထပ်မံ သွားလိုခြင်း မရှိတော့ပေ။

တာအိုဆရာလီချင်းဆွေသည် ချင်းဆွေထျန်း ကောင်းကင်ဘုံ၏ အရှင်သခင်ဖြစ်ပြီး ခေတ်အဆက်ဆက်တွင် အခြားသောနတ်ဘုရားများထက် တန်ခိုးစွမ်းအားမြင့်မားသော နတ်ဘုရားတစ်ပါး ဖြစ်လေသည်။ သို့သော် သူမတွင် ထူးဆန်းပြီး မည်သူမှ မသိနိုင်သည့် အတိတ်အကြောင်းအရာများလည်း ရှိခဲ့လေသည်။

ချင်းဆွေထျန်းကောင်းကင်ဘုံတွင် ချင်းဆွေအနွယ်တော်များနေထိုင်သည့် နေရာသည်လည်း တိတ်ဆိတ်သည့်နေရာတစ်ခုပင် ဖြစ်လေသည်။ ထို့ကြောင့် ဆန်းချင်းချင်းလည်း တစ်ယောက်တည်း လျှောက်သွားနေမိသည်။

ရက်ပေါင်းများစွာကြာသည့်တိုင် ဆန်းလျန်နှင့် လီချင်းဆွေတို့၏ ကိစ္စသည်လည်း မပြီးပြတ်ကြသေးပေ။

ဆန်းချင်းချင်းက နတ်ပန်းဥယျာဉ်အတွင်းသို့ ဝင်ရောက်သွားပြီး နတ်သစ်သီးတစ်လုံးကို စားသောက်ရန် ခူးယူလိုက်လေသည်။

"မင်သမီးလေး…"

ဆန်းချင်းချင်းက သစ်သီးကို ခူးယူလိုက်ချိန်မှာပင် သူမကိုခေါ်လိုက်သည့်အသံကို ကြားလိုက်ရလေ၏။

သူမ ခူးယူမိသည့် နတ်သစ်သီးသည် နတ်ဘုရားတစ်ပါး ပိုင်ဆိုင်သည့်သစ်သီးများဖြစ်နေသည်လားဟု တွေးမိသွားပြီး သူခိုးလူမိသည့်အလား ရှက်ကိုးရှက်ကန်း ဖြစ်သွားမိသည်။

သူမက ချက်ချင်းပင် ခူးယူထားသည့် သစ်သီးကို ဖွက်လိုက်ပြီး အသံလာရာသို့ လှမ်းကြည့်လိုက်သည်။

သူ့ကို အော်ခေါ်လိုက်သူကို တွေ့လိုက်သည်နှင့် ထိုသူ မည်သူဖြစ်ကြောင်း ဆန်းချင်းချင်း ချက်ချင်း မှတ်မိသွားသည်။

ထိုသူမှာ မေနန့်စန်း ဖြစ်လေ၏။

ဆန်းချင်းချင်း ဆန်းလျန်ကို ပထမဆုံးအကြိမ်တွေ့ဆုံစဉ်က စားသောက်ဆိုင်ထဲတွင် ကူးဝေေ၀နှင့်အတူ မေနန့်စန်းနှင့်ပါ တွေ့ဆုံခဲ့ဖူးသည် မဟုတ်ပါလား။

သို့သော်… မေနန့်စန်း ချင်းဆွေထျန်းကောင်းကင်ဘုံသို့ မည်သည့်အချိန်က ရောက်နေသည်ကို သူမ မသိရှိခဲ့ပေ။

မေနန့်စန်းမှာလည်း ဆန်းချင်းချင်းနှင့် မတွေ့ရသည်မှာ နှစ်ပေါင်းများစွာ ကြာမြင့်နေပြီ ဖြစ်သည်။ သူသာ ဆန်းချင်းချင်းကို စိတ်ထဲတွင် သေချာမှတ်သားထားခြင်းမရှိလျှင် သူတို့ (၂)ယောက် တစ်ယောက်နှင့်တစ်ယောက် တော်ရုံဖြင့် မှတ်မိကြမည် မဟုတ်ပေ။

ယခုဆိုလျှင် မေနန့်စန်းက တာအိုလမ်းစဉ်သို့ ဝင်ရောက်ပြီး ကျင့်ကြံသူတစ်ယောက် ဖြစ်လာခဲ့ပြီဖြစ်လေသည်။

ထို့ကြောင့် သူက ဆန်းချင်းချင်း၏ ခန္ဓာကိုယ်မှထွက်ပေါ်နေသည့် တန်ခိုးစွမ်းအားအငွေ့အသက်များကို အာရုံခံကာ ခန့်မှန်းကြည့်လိုက်သည်နှင့် ဆန်းချင်းချင်းမှာ သူ့ထက်ပင်သာလွန်သည့် နတ်ဘုရားတစ်ပါး ဖြစ်နေသည်ကို သိရှိလိုက်သည်။

မေနန့်စန်း အတွေးများမဆုံးခင်မှာပင် ဆန်းချင်းချင်းထံမှ စကားသံထွက်ပေါ်လာလေသည်။

"ရှင် ဘယ်လိုလုပ် ချင်းဆွေထျန်း ကောင်းကင်ဘုံကို ရောက်လာတာလဲ…"

ဆန်းချင်းချင်းသည်လည်း မေနန့်စန်းကို ကြည့်လိုက်သည်နှင့် နတ်ဘုရားတစ်ပါး မဖြစ်သေးသည်ကို သိရှိလိုက်သည်။

မိုးကောင်းကင်နတ်ဘုရားတစ်ပါးမပြောနှင့် လောကနတ်ဘုရားတစ်ပါးပင် မဖြစ်သေးပေ။ ချင်းဆွေအနွယ်တော်ဖြစ်သည့်တိုင် မိုးကောင်းကင်နတ်ဘုရားမဖြစ်သေးပါက ချင်းဆွေထျန်း ကောင်းကင်ဘုံသို့ ဝင်ရောက်နိုင်မည် မဟုတ်ပေ။

မေနန့်စန်းက…

"ဒီ အင်းချပ်လေးအသုံးပြုပြီး ရောက်လာတာပါ…"

မေနန့်စန်းက ပြောရင်း လက်ဖဝါးကို ဖြန့်ပြလိုက်ရာ သူ၏လက်ဖဝါးထက်တွင် သေးငယ်သည့် အင်းချပ်လေးတစ်ချပ်ထွက်ပေါ်လာလေသည်။ အင်းချပ်လေးကို တိမ်ခိုးမြူခိုးများက ဝန်းရံထားပြီး အင်းချပ်လေးက ကျောက်စိမ်းသားနှင့် ဆင်တူလေသည်။

အင်းချပ်လေး၏ မူလဇာစ်မြစ်ကိုသိရှိသည့်အတွက် ဆန်းချင်းချင်း၏ အတွေးများ ပြောင်းလဲသွားသည်။

လွန်ခဲ့သည့်နှစ်ပေါင်းများစွာက အသက်ရှည်စေခြင်းကျောင်းတော်တွင် အင်းပညာကျင့်ကြံသည့် အင်းဝိဇ္ဇာ ဆရာသခင်တစ်ပါး ရှိခဲ့လေသည်။

ထိုပုဂ္ဂိုလ်က ချင်းဆွေထျန်းကောင်းကင်ဘုံနှင့် ဆက်သွယ်နိုင်မည့် အင်းသင်္ကေတတစ်ခုကို ပြုလုပ်စီရင်နိုင်ခဲ့သည်။

ထို့နောက် ထိုဆရာသခင်က တာအိုဆရာလီချင်းဆွေထံတွင် ထိုအင်းသင်္ကေတကို အသုံးပြုပြီး ချင်းဆွေထျန်းကောင်းကင်ဘုံသို့ အရေးပေါ်ဝင်ရောက်ခွင့်ပေးပါရန် တာအိုဆရာလီချင်းဆွေထံတွင် ခွင့်ပြုချက် တောင်းခံခဲ့သည်။

ထိုအင်းဝိဇ္ဇာပြုလုပ်ခဲ့သည့် အင်းချပ် (၃)ခုမှာ နောက်ပိုင်း လူ့လောကတွင် ပျံ့နှံ့သွားခဲ့လေသည်။

အသက်ရှည်စေခြင်းကျောင်းတော် သေရေး ရှင်ရေး အခြေအနေကြုံတွေ့ရပြီး အရေးပေါ် အထက်နှင့်ဆက်သွယ်ရမည့်  အနေအထားမျိုးတွင် ထိုအင်းချပ်ကို အသုံးပြုပြီး ချင်းဆွေထျန်းကောင်းကင်ဘုံသို့ ချက်ချင်းရောက်လာနိုင်မည် ဖြစ်သည်။

သို့သော်… ယခုတော့ တာအိုဆရာလီချင်းဆွေက ဆန်းလျန်နှင့်အတူ ဟွင့်ယွမ်တာအိုသစ်သီးအကြောင်း ဆွေးနွေးနေပြီး မိုးကောင်းကင်နှင့် လူ့လောကကို ပိုင်းခြားနေသည့်အချိန်ကာလဖြစ်လေရာ မေနန့်စန်းရောက်လာသည်ကို သိရှိနိုင်ခြင်း မရှိပေ။

ယခု အသက်ရှည်စေခြင်းကျောင်းတော်မှာ ဘေးအန္တရယ်ကျရောက်နေလေသည်။ စွမ်းအားကြီးသည့်နတ်မိစ္ဆာများက အသက်ရှည်စေခြင်းကျောင်းတော်ကို ဝိုင်းဝန်းတိုက်ခိုက်နေကြလေရာ ကျောင်းတော်မှာ ပျက်စီးလုနီးပါး ဖြစ်နေပြီ ဖြစ်လေသည်။

ထို့ကြောင့် မေနန့်စန်း၏ အစ်ကိုဖြစ်သူ ရွှင်ယောင်းက အင်းချပ်ကိုအသုံးပြုပြီး မေနန့်စန်ကို ချင်းဆွေထျန်းကောင်းကင်ဘုံသို့သွားရန် ညွှန်ကြားခဲ့ပြီး ဖြစ်လေသည်။

သို့သော်… မေနန့်စန်းမှာ ချင်းဆွေထျန်းကောင်းကင်ဘုံသို့ ရောက်လာသော်လည်း မည်သူ့ကို အကူအညီတောင်းရမှန်း မသိဘဲ လမ်းပျောက်နေခဲ့လေသည်။

ထိုအချိန်တွင်…  ဆန်းချင်းချင်းကို တွေ့သည့်အခါ အားကိုးတကြီးဖြင့် သူရင်ဆိုင်ကြုံတွေ့နေရသည့် အခက်အခဲများကို ပြောပြလိုက်လေတော့သည်။

မေနန့်စန်းပြောသည်များကို နားထောင်ပြီးသည့်နောက် ဆန်းချင်းချင်းက တစ်ချက်ပြုံးလိုက်ပြီး…

"တောင်ပေါ်ကို နတ်မိစ္ဆာတစ်ကောင်လောက် လာတိုက်တာများ ၊ ဘာမှစိတ်မပူနဲ့ ၊ ကျွန်မ ကူညီမယ် ၊ တခြားသူတွေကို လိုက်ရှာမနေနဲ့တော့…"

သူမက လောလောဆယ် ထိုက်ယီမရဏဓားကို ကျင့်ကြံအောင်မြင်ထားသူဖြစ်လေရာ ဓားစွမ်းကိုလည်း စမ်းသပ်ကြည့်ချင်နေမိသည် မဟုတ်ပါလား။

***

All Chapters