← Chapters

အခန်း (၁၈၆)

Vol. 19 Ch. 186

အခန်း (၁၈၆)

Vol. 19 Ch. 186

ထိုအမျိုးသမီးက ငွေဖြူရောင် ဝတ်စုံကို ဝတ်ဆင်ထားပြီး ရင်ဘတ်တွင် အနက်ရောင်မှင်ဖြင့် နံပါတ် (၂) ဟု ရေးထိုးထား၏။

ဤသည်မှာ ဤအခြေစိုက်စခန်းတွင် သူမကို သတ်မှတ်ထားသော အမှတ်စဉ်ပင် ဖြစ်သည်။

သူမက အသားနှင့်အရိုးသာ ကျန်တော့သည်အထိ အလွန်ပင် ပိန်လှီနေပြီး နှာခေါင်းထဲတွင် ပိုက်အသေးနှစ်ခုကို ထိုးသွင်းထားသည်။

ပါးစပ်တွင်လည်း လျှာကိုကိုက်၍ သူ့ကိုယ်သူ အဆုံးစီရင်ခြင်းမပြုနိုင်ရန် အာခံတွင်းထိန်းကိရိယာတစ်ခုကို တပ်ဆင်ထားသည်။

အစားအစာများကိုတော့ အစာအိမ်ထဲသို့ တိုက်ရိုက်ရောက်ရှိစေမည့် အထူးပိုက်တစ်ခုမှတစ်ဆင့် ပို့ဆောင်ပေးနေခြင်း ဖြစ်၏။

သူမ၏ လက်များကို သတ္တုစင်မြင့်၏ ဘေးတစ်ဖက်တစ်ချက်တွင် အထူးပြုလုပ်ထားသော ငွေရောင်သံကြိုးအသေးစားလေးများဖြင့် ချည်နှောင်ထားသည်။

သူမ၏ လက်မောင်းနှင့် လည်ပင်းတစ်ဝိုက်တွင် အပ်ပေါက်ရာများဟု ထင်ရသော ခရမ်းရောင်အမှတ်အသားများစွာ ရှိနေပြီး၊ အဝတ်အစားအောက်တွင် ထိုကဲ့သို့သော အမှတ်အသားပေါင်း မည်မျှပင် ရှိနေဦးမည်ကို မခန့်မှန်းနိုင်ပေ။

ဤမြင်ကွင်းကို ကြည့်ခြင်းဖြင့် သူမတွင် လူသားတစ်ယောက်၏ ရပိုင်ခွင့်ဟူ၍ လုံးဝမရှိတော့ဘဲ ဤအခန်းထဲတွင် ပိတ်လှောင်ခံထားရသော ရုပ်သေးရုပ်တစ်ရုပ်နှင့်သာ တူနေတော့ကြောင်း တွေ့မြင်နိုင်သည်။

သူမက လှုပ်ရှားခြင်း၊ စားသောက်ခြင်း သို့မဟုတ် အော်ဟစ်ခြင်းတို့ကို မပြုနိုင်တော့ပေ။

သို့သော် သူမတွင် အသိစိတ်က ရှင်းလင်းစွာ ရှိနေဆဲဖြစ်ပြီး၊ သတိလစ်သွားလိုက် ပြန်နိုးလာလိုက်နှင့် အဆုံးမရှိသော ထိတ်လန့်မှုနှင့် နာကျင်မှုများထဲ၌ ထာဝရ နစ်မြုပ်နေရရှာသည်။

ငွေဖြူရောင်ဝတ်စုံကို ဝတ်ဆင်ထားသော ချန်ကျိုးဖင်းက လူ့အသက်ပေါင်းများစွာကို ကယ်တင်နေသည့် ဝတ်စုံဖြူဝတ် ကောင်းကင်တမန်တစ်ပါးကဲ့သို့ တည်ငြိမ်သောအမူအရာဖြင့် ရှိနေလေ၏။

သို့သော် သူက မြေပြင်ပေါ်မှ ငွေရောင်သေတ္တာလေးကို အသာအယာ ကောက်ယူလိုက်ချိန်မှာပင် စင်မြင့်ပေါ်မှ အမျိုးသမီးကို နာကျင်စေမည့် ရက်စက်သော စကားလုံးများကို ပြောလိုက်လေသည်။

“မင်း ဒီရက်ပိုင်း ပျင်းနေပြီလား၊ အပြင်က ငတုံးတွေကတော့ မင်းဆီကရတဲ့ အထူးဆေးတွေက အာနိသင်မရှိတော့ဘူးလို့ ပြောနေကြတယ်၊

ဒါပေမဲ့ စိတ်မပူပါနဲ့၊ မကြာခင်မှာ ဆေးရုံအုပ်က မင်းရဲ့ စွမ်းရည်တွေကို အများကြီး မြှင့်တင်ပေးနိုင်မဲ့ အရာတစ်ခုကို ရှာတွေ့တော့မှာပါ၊

အဲဒီအချိန်ကျရင် ငါတို့ရဲ့ သုတေသနဌာနကြီးက ပြန်ပြီး စည်ကားလာလိမ့်မယ်”

စင်မြင့်ပေါ်မှ အမျိုးသမီးက နှာခေါင်းများက လှုပ်ရှားသွားပြီး အသက်ကို ပြင်းပြင်းရှူနေရရှာ၏။

သူမ၏ နှလုံးခုန်သံကလည်း မြန်ဆန်နေပြီး သတိလစ်နေသည့်တိုင် သူမ၏ မျက်နှာတွင် နာကျင်နေသည့် အရိပ်အယောင်တို့ ပေါ်ပေါက်လာခဲ့လေသည်။

အကယ်၍ ယခုနေရာတွင် ယင်ရိလျိုသာ ရှိနေပါက ထိုအမျိုးသမီး၏ ချောင်ဝင်နေသော ပါးပြင်နှင့် မျက်နှာပေါက်က ကျင်းယန်နှင့် ဆင်တူနေသည်ကို သတိပြုမိပေလိမ့်မည်။

သူက ငွေရောင်သေတ္တာလေးထဲမှ လက်ချောင်းနှစ်ချောင်းခန့် ထူသော ဆေးထိုးအပ်တစ်ချောင်းကို ထုတ်ယူလိုက်လေ၏။

ထိုသေတ္တာထဲတွင် ဆေးထိုးအပ် နှစ်ချောင်း ပါရှိသည်။

အမျိုးသမီး၏ ခန္ဓာကိုယ်နှင့် ဆက်သွယ်ထားသော တခြား ပိုက်အသေးနှစ်ခုက သုတေသနဌာနမှ တီထွင်ထားသော အာဟာရများကို အဆက်မပြတ် ထောက်ပံ့ပေးနေခြင်း ဖြစ်၏။

သူမထံမှ နေ့စဉ် သွေးတချို့ကို ထုတ်ယူလေ့ရှိသောကြောင့် သူမတွင် အသက်အန္တရာယ် မရှိစေရန်အတွက် သုတေသနဌာနက အလွန်တန်ဖိုးကြီးသော ဆေးဘက်ဝင်ပစ္စည်းများနှင့် အာဟာရဖြည့်စွက်စာများကို အသုံးပြု၍ သူမ၏ အာဟာရကို နေ့စဉ် ဖြည့်တင်းပေးနေရသည်။

“ကြည့်စမ်း၊ ငါတို့တွေ မင်းအပေါ်ကို ဘယ်လောက်တောင် အပင်ပန်းခံပြီးဂရုစိုက်ထားရသလဲ၊

မင်းဘက်ကလည်း ငါတို့ကို နားလည်ပေးရမယ် မဟုတ်ဘူးလား၊ မင်းရဲ့ တည်ရှိမှုက ပြည်သူတွေအတွက် မင်းရဲ့ မျိုးချစ်စိတ်ဓာတ်အတွက်ပဲဆိုတာကို မင်း သိထားဖို့လိုတယ်၊

မင်းတစ်ယောက်တည်းနဲ့တင် ဒီလောက်များတဲ့ လူတွေကို ကယ်တင်နိုင်တာက မင်းရဲ့ ကောင်းမွန်လွန်းတဲ့ကံကြမ္မာပဲ”

စင်မြင့်ပေါ်မှ နာကျင်မှုနှင့် ချွေးအေးများဖြင့် စိုရွှဲနေသော အမျိုးသမီးကို ကြည့်၍ ချန်ကျိုးဖင်းက စိတ်ကျေနပ်စွာ ပြုံးလိုက်မိ၏။

အပြင်လူများ၏အရှေ့တွင် လေးနက်ပြီး မိသားစုကို ချစ်ခင်တတ်သော ဒုခေါင်းဆောင်ချန်က သုတေသနဌာနထဲရှိ ပိတ်လှောင်ခံထားရသော စမ်းသပ်ခံပုဂ္ဂိုလ်များအရှေ့တွင် ဤမျှလောက်အထိ ကွဲပြားသော မျက်နှာဖုံးတစ်ခု ရှိနေလိမ့်မည်ဟု မည်သူကမျှ ထင်မှတ်ထားမည် မဟုတ်ပါချေ။

သူက မြင့်မြတ်သော စကားလုံးများကို ရွတ်ဆိုနေသော်လည်း သူ၏ အကျိုးအမြတ်အတွက် လူသားတို့၏ သွေးကို စုပ်ယူနေသူသာဖြစ်လေ၏။

သူက အမှောင်ထုထဲတွင် ရှင်သန်နေရသော ထိုစမ်းသပ်ခံပုဂ္ဂိုလ်များကို ပို၍ နာကျင်စေမည့် အိပ်မက်ဆိုးကဲ့သို့ စကားလုံးများကို အသုံးပြုလေ့ရှိသည်။

သူတို့၏ နာကျင်နေသော အမူအရာများကို မြင်တွေ့ရလျှင် သူက ဖောက်ပြန်သော ပျော်ရွှင်မှုတစ်မျိုးကို ခံစားရပေသည်။

“အခုက သွေးစထုတ်တော့မယ်၊ ခဏလောက်ပဲ အောင့်လိုက်နော်၊ ပုရွက်ဆိတ်ကိုက်သလောက်ပါပဲ”

ချန်ကျိုးဖင်းက အပြုံးတစ်ခုနှင့်အတူ ကြီးမားသော အပ်ထိပ်ဖျားကို အမျိုးသမီး၏ လက်မောင်းအထက်ပိုင်းတွင် ထိလိုက်လေ၏။

စခရင်ပေါ်မှ ကမောက်ကမ ဖြစ်နေသော နှလုံးခုန်နှုန်းပြဂရပ်ကို တစ်ချက်ကြည့်က် သူက ချက်ချင်း မထိုးသေးဘဲ ရည်ရွယ်ချက်ရှိရှိ စောင့်ဆိုင်းနေခဲ့သည်။

ထိုအချိန်မှာပင် အပြင်ဘက်မှ ထွက်ပေါ်လာသော အသံတစ်ခုကြောင့် သူ ထိတ်လန့်သွားရ၏။

အပြင်ဘက်မှ ထိုအမျိုးသားမှာ သူနှင့်အတူ ယူဆောင်လာသော ပိုးကောင်နှစ်ကောင်ကို မြေပြင်ပေါ်သို့ ချထားလိုက်ပြီးနောက် ခပ်တိုးတိုး ပြောဆို၍ တိတ်တဆိတ် စောင့်ဆိုင်းနေခါ် သည်။

ထိုသတ္တဝါငယ်လေးနှစ်ကောင်က မျက်နှာချင်းဆိုင် နံရံပေါ်သို့ တွားတက်သွားပြီးနောက် ထောင့်တွင်ရှိနေသော ကင်မရာမှန်ဘီလူးပေါ်သို့ တက်ကာ မြင်ကွင်းအများစုကို ပိတ်ဆို့လိုက်သည့်အချိန်သို့ရောက်သည်အထိ။

သူက အသံတိတ်ပြောင်းတပ်ထားသော သေနတ်ဖြင့် တစ်ဖက်ရှိ ကင်မရာကို တိုက်ရိုက် ပစ်ခွဲလိုက်လေတော့သည်။

ကင်မရာက မြေပြင်ပေါ်သို့ ဒုန်းခနဲ အသံနှင့်အတူ ပြုတ်ကျသွားကာ ချန်ကျိုးဖင်း၏ အာရုံကို ချက်ချင်းပင် ဖမ်းစားလိုက်ပေ၏။

ချန်ကျိုးဖင်းက ချက်ချင်းပင် လှည့်ကြည့်လိုက်ပြီး သူ၏အိတ်ကပ်ထဲမှ မေ့ဆေးသေနတ်ကို ထုတ်ယူလိုက်လေသည်။

သို့သော် သူမတုံ့ပြန်နိုင်မီမှာပင် သန်မာသော လက်တစ်ဖက်က သူ၏ လက်ရိုးများကို ချိုးလိုက်လေသည်။

စူးရှသော အော်ဟစ်သံတစ်ချက် ထွက်ပေါ်လာပြီး မေ့ဆေး သေနတ်က မြေပြင်ပေါ်သို့ ပြုတ်ကျသွား၏။

သူက တစ်ဝက်ခန့်သာ အော်ဟစ်နိုင်သေးချိန်မှာပင် လက်တစ်ဖက်က သူ၏ပါးစပ်ကို ပိတ်လိုက်သောကြောင့် နာကျင်စွာ ညည်းတွားသံများကသာ ထွက်ပေါ်နိုင်တော့သည်။

ထိုအချိန်တွင် သူ့ကို မည်သူက ဖမ်းဆီးထားသည်ကို သိရှိသွားခဲ့သည်။

ထိုအမျိုးသားက သုတေသနဌာန၏ ဝတ်စုံကို ဝတ်ဆင်ထားသော်လည်း ဌာနမှ ဝန်ထမ်း မဟုတ်ပါချေ။

သူနှင့် အလွန်နီးကပ်နေသော ထိုအမျိုးသား၏ မျက်နှာကို ကြည့်ရင်း ချန်ကျိုးဖင်းတစ်ယောက် ဤတစ်ယောာ်က မည်သူဖြစ်ကြောင်းကို မှတ်မိသွားခဲ့လေ၏။

သူ၏ သူငယ်အိအ်များက ချက်ချင်းပင် ကျုံ့သွားပြီး ညည်းညူလိုက်မိ၏။

ဤတစ်ယောက်မှာ သူ တံခါးဝတွင် တွေ့ခဲ့သော ဖရိုဖရဲဖြစ်နေသည့် လူလတ်ပိုင်း အမျိုးသားပင် မဟုတ်ပါလား။

ထိုအမျိုးသားက သူ၏ပါးကို အနည်းငယ် လှုပ်လိုက်၍ သူ၏မျက်နှာပေါ်မှ အနီရောင် အမာရွတ်ကြီးများကို ချန်ကျိုးဖင်းက မြင်လိုက်ရသည်။

သူက မကောင်းမှုများကို ပြုလုပ်ခဲ့သော်လည်း သူ၏ နယ်ပယ်တွင် ကျွမ်းကျင်သူတစ်ဦး ဖြစ်သောကြောင့် ထိုအမျိုးသား၏ မျက်နှာပေါ်မှ အမာရွတ်များက အတုဖြစ်ကြောင်းကို တစ်ချက်ကြည့်ရုံနှင့် သိနိုင်သည်။

သူ ထိတ်လန့်နေချိန်မှာပင် အပြင်ဘက်မှ တစ်စုံတစ်ခု ပြုတ်ကျသွားသော အသံကြီးကို ထပ်မံ၍ ကြားလိုက်ရပြန်၏။

ခဏအကြာတွင် အဖြူရောင်အရိပ်တစ်ခုက အပြင်ဘက်မှ အထဲသို့ ပြေးဝင်လာခဲ့သော်လည်း အရှိန်က အလွန်ပင် မြန်ဆန်လွန်းသောကြောင့် ချန်ကျိုးဖင်းက သေသေချာချာမမြင်လိုက်ရပေ။

သူက သူ့ကို ဖမ်းဆီးထားသော အမျိုးသားကို တောင်းပန်လိုသော မျက်ဝန်းများဖြင့် ကြည့်လိုက်ပေ၏။

သူက ငွေကြေးဖြစ်စေ၊ တန်ဖိုးကြီး ဆေးဝါးများဖြစ်စေ ထိုသူ လိုချင်သမျှကို ပေးအပ်ရန် အသင့်ရှိကြောင်းကို အချက်ပြချင်နေခဲ့သည်။

သို့သော် ထိုအမျိုးသားက သူ၏ အချက်ပြမှုကို နားလည်ပုံမရပေ။

သူက စင်မြင့်ပေါ်သို့ တစ်ချက်ကြည့်လိုက်လေဒ။ ဖရိုဖရဲဖြစ်နေသော ဆံပင်ရှည်များကြားမှ သူ၏မျက်ဝန်းများတွင် ရွှေရောင်အလင်းတန်းတစ်ခုက လျှပ်ခနဲ ပေါ်လာခဲ့သည်။

သူနှင့် အလွန်နီးကပ်နေသော ထိုမျက်ဝန်းများကို ကြည့်ရင်း ချန်ကျိုးဖင်းတစ်ယောက် ပြင်းထန်သော အန္တရာယ်တစ်ခုက သူ့အပေါ်သို့ ဖိနှိပ်လာသည်ကို ရုတ်တရက် ခံစားလိုက်ရ၏။

ဒီအမျိုးသားက စမ်းသပ်ခံပုဂ္ဂိုလ် နံပါတ် (၂) နဲ့ တစ်ခုခု ပတ်သက်နေတာလား?!

မဟုတ်ဘူး၊ ဒါ မဖြစ်နိုင်ဘူး!

ရှန်းမိသားစုက သူမကို ခေါ်လာတုန်းက သူမက မိသားစုဝင်တိုင်း သေဆုံးသွားပြီဖြစ်တဲ့ မိဘမဲ့ မိန်းကလေးတစ်ယောက်လို့ ရှင်းရှင်းလင်းလင်း ပြောထားတာပဲလေ!

ချန်ကျိုးဖင်းက ထပ်မံ၍ မစဉ်းစားနိုင်မီမှာပင် ဘေးမှ အမျိုးသားက စားပွဲပေါ်မှ ဆေးထိုးအပ်ကို လှမ်းယူလိုက်ပြီး သူ၏ လည်ပင်းထဲသို့ ထိုးစိုက်လိုက်လေတော့သည်။

သူ၏ မျက်လုံးများက ပြူးထွက်လုနီးပါးဖြစ်သွားပြီး နာကျင်လွန်းသောကြောင့် အော်ဟစ်ချင်သော်လည်း သူ၏ အော်သံများကို ပိတ်ဆို့ထားခြင်းခံရသည်။

သူ၏ အပြင်းအထန် ရုန်းကန်မှုတိုင်းကလည်း ထိုအမျိုးသား၏ လက်အောက်တွင် ငြိမ်သက်သွားရလေ၏။

ထိုအမျိုးသား၏ မျက်နှာက အနည်းငယ် မည်းမှောင်သွားပြီး သူ၏ မျက်ဝန်းများတွင် အေးစက်သော အလင်းတန်းတစ်ခုက ဖြျ်ခနဲ ပေါ်လာကာ သူက လက်ထဲမှ ဆေးထိုးအပ်ကို ချန်ကျိုးဖင်း၏ လည်ပင်းထဲသို့ ဖြည်းဖြည်းချင်း ထိုးသွင်းလိုက်လေဆော့သည်။

ဆေးထိုးအပ်က ရှည်လျားပြီး ထူလွန်း၏။ အလွန်ပင် နာကျင်နေရင်းဖြင့် ချန်ကျိုးဖင်းက သတ္တုအပ်မှ သူ၏ လည်ချောင်းကို ဖောက်ထွက်သွားသည်ကိုပင် ခံစားနေရလေသည်။

ပြင်းထန်လွန်းသော ထိတ်လန့်မှုနှင့် အားကိုးရာမဲ့မှုတို့က ဒီလှိုင်းလုံးကြီးများကဲ့သို့ သူ့အပေါ်သို့ လွှမ်းမိုးလာပြီး သူက မအော်နိုင်တော့ဘဲ တဆတ်ဆတ် တုန်ယင်နေရသည်။

သေအံ့ဆဲဆဲ အခြေအနေပင်။

သူ၏ အသိစိတ်များက ပျောက်ကွယ်မသွားမီမှာပင် သူ၏နားထဲတွင် နက်ရှိုင်းသော အသံတစ်ခုက ခပ်တိုးတိုး ကပ်ပြောလာခဲ့လေ၏။

“ ဘယ်လို ခံစားရလဲ၊ မင်း တခြားလူတွေရဲ့ မျက်လုံးကို မျက်တောင်တစ်ချက်မခတ်ဘဲ ထိုးစိုက်နေတာကို ငါမြင်ခဲ့တယ်၊

ဒီလိုအလုပ်ခံရတာက မင်းကိုယ်တိုင်သာဆိုရင် ဘယ်လိုနေမလဲလို့ တွေးကြည့်ဖူးရဲ့လား”

ချန်ကျိုးဖင်းက စကားပင် ဆုံးအောင် နားမထောင်နိုင်တော့ဘဲ ထိတ်လန့်တကြားဖြင့် ခေါင်းစောင်းသွားက် ခန္ဓာကိုယ်က ပျော့ခွေကျသွားလေတော့သည်။

ထိုအမျိုးသားက သူ၏လက်ကို လွှတ်လိုက်လျှင် သေဆုံးသွားသော ထိုလူက သူ၏ခြေရင်းသို့ ဘုန်းခနဲ ပြုတ်ကျသွား၏။

ချန်ကျိုးဖင်း၏ လည်ပင်းမှ ဆေးထိုးအပ်ကတစ်ဆုံး မြုပ်ဝင်နေပြီး သွေးများက ဆေးထိုးအပ်ထဲသို့ ပြောင်းပြန် စီးဝင်နေကာ ပါးစပ်မှလည်း သွေးစတချို့က ထွက်ကျလာသည်။

ထိုမျိုးသားက စင်မြင့်ဆီသို့ လျှောက်သွားကာ မမှတ်မိနိုင်လောက်အောင် ပိန်လှီနေသော အမျိုးသမီးကို ကြည့်လိုက်ပြီး သူ၏ မျက်နှာအမူအရာက အတော်လေးရှုပ်ထွေးသွားလေ၏။

ထိုအခိုက်တွင် အဖြူရောင် ယုန်လေးတစ်ကောင်က သူ၏ ဘောင်းဘီစကို အသာအယာ လာထိလေသည်။

သူ ခေါင်းငုံ့၍ ထိုယုန်လေးကို ပွေ့ချီလိုက်သည်။

ထိုအမျိုးသားနှင့် ယုန်လေးမှာ ရုပ်ဖျက်ထားသော ကျင်းယန်နှင့် ယင်ရိလျိုတို့သာဖြစ်လေ၏။

ယင်ရိလျိုက စင်မြင့်ပေါ်မှ အမျိုးသမီးကို ကြည့်ပြီး ခပ်တိုးတိုး အော်လိုက်မိ၏။

ပြီးမှသာ သူမ၏ ရွှေပေါင်လုံးက သူမ၏ စကားကို နားမလည်နိုင်ကြောင်းကို သတိရလိုက်လေသည်။

“ကျီ!”

ဒါက ကျင်းကျဲ လား!

သို့သော်လည်း ကျင်းယန်ကသူမနှင့် စိတ်ချင်း ဆက်သွယ်နေသကဲ့သို့ပင်။

သူက စင်မြင့်ပေါ်ရှိ မိန်းကလေး၏ ခန္ဓာကိုယ်မှ ပိုက်များကို စတင်၍ ဆွဲဖြုတ်လိုက်ပြီးစိတ်ရှုပ်ထွေးနေဆဲ အမူအရာဖြင့် ပြောလာသည်။

“ဒါက ကျင်းရူမုန် ပဲ”

All Chapters