အခန်း (၆၄၇-၆၄၈)
Vol. 60 Ch. 647-648
အခန်း (၆၄၇) - နတ်ဘုရားအသွင်ပြောင်းအဆင့် ဝိညာဉ်သားရဲများအား ကယ်တင်ကျွတ်လွတ်စေခြင်း၊ ထာဝရစိမ်းလန်းအင်မော်တယ်နွယ်ပင်ကို နှိုးခြင်းနှင့် လောကသုံးပါးပေါင်းစည်းခြင်း(၅)။
အကယ်၍ ထိုနတ်ဘုရားအသွင်ပြောင်းအဆင့် မိစ္ဆာသားရဲများသည် သေရမည်ကိုမကြောက်ဘဲ သူ့အား လာရောက်တိုက်ခိုက်ဝံ့သေးပါက အားလုံးကို တစ်ပြိုင်နက်တည်း အသွင်ပြောင်းစေလိုက်မည်ဖြစ်သည်။
သို့သော် မလာခဲ့လျှင်လည်း သူကိုယ်တိုင် သွားရောက်ရှာဖွေနေမည်မဟုတ်ပေ။ မည်သို့ပင်ဖြစ်စေ သဘာဝအတိုင်း ဖြစ်စေမည်သာ။
…………
များမကြာမီမှာပင် ကျိုးစွေ့သည် နတ်ဘုရားအသွင်ပြောင်းအဆင့် ဝိညာဉ်သားရဲတစ်အုပ်ကို ခေါ်ဆောင်ကာ ရွှမ်ဟွမ်ဂိုဏ်းသို့ ပြန်လာခဲ့လေသည်။
ချန်ဇီယွင်တို့အားလုံး ရာချီသော နတ်ဘုရားအသွင်ပြောင်းအဆင့် ဝိညာဉ်သားရဲများကို မြင်လိုက်ရချိန်တွင်မူ ဆွံ့အသွားကြရသည်။
"ယောက်ျား… စောစောက ရှင် ကျူးကျော်လာတဲ့ ဒီနတ်ဘုရားအသွင်ပြောင်းအဆင့် မိစ္ဆာသားရဲတွေကို သွားပြီးဟန့်တားမယ်လို့ ပြောခဲ့တာ မဟုတ်ဘူးလား...”
"အခု ဘယ်လိုလုပ်ပြီး အကုန်လုံးကို ပြန်ခေါ်လာခဲ့တာလဲ...”
ယဲ့ဖေးရိုမှာ ရိုးသားကာ အကြံအစည်ကင်းမဲ့ပုံပေါ်နေသော ထိုနတ်ဘုရားအသွင်ပြောင်းအဆင့် ဝိညာဉ်သားရဲအုပ်ကို ကြောင်တက်တက် ပြူးကြည့်နေမိရင်း မည်သို့ပြောရမှန်းပင် မသိတော့ချေ။
ရိုးရိုးသားသားဆိုရလျှင် ဤအထဲမှ နတ်ဘုရားအသွင်ပြောင်းအဆင့် ဝိညာဉ်သားရဲတစ်ကောင်ကို ကျပန်းရွေးထုတ်လိုက်လျှင်ပင် သူမအနေဖြင့် အနိုင်ယူရန် ခက်ခဲလှပေမည်။
သို့သော် ယခုအခါတွင် ရာနှင့်ချီ၍ ရှိနေခဲ့လေပြီ။
ပို၍ ကြောက်မက်ဖွယ်ကောင်းသည်မှာ ဤနတ်ဘုရားအသွင်ပြောင်းအဆင့် ဝိညာဉ်သားရဲများအားလုံးသည် ခင်ပွန်းဖြစ်သူ၏ အသွင်ပြောင်းစေမှုကိုခံခဲ့ရပြီး တောင်စောင့်သားရဲများ ဖြစ်လာခဲ့ခြင်းပင်။
ထိုအဓိပ္ပာယ်မှာ ယခုအခါ ရွှမ်ဟွမ်ဂိုဏ်းတစ်ခွင်တွင် နတ်ဘုရားအသွင်ပြောင်းအဆင့် အရှင်သခင်ရာချီ၍ ရှိနေပြီ ဖြစ်ကြောင်းပင် မဟုတ်ပါလော။
ဤကဲ့သို့သော အင်အားမျိုးမှာ ရှေးဟောင်းခေတ်က နတ်ဘုရားအသွင်ပြောင်းအဆင့် ဂိုဏ်းများပင်လျှင် ဤမျှလောက်သာ ရှိပေလိမ့်မည်။
သူမ၏ ခင်ပွန်းဖြစ်သူမှာ အလွန်တရာ အစွမ်းထက်လွန်းလှပြီး သာမန်ယုတ္တိဗေဒများနှင့် လုံးဝ တိုင်းတာ၍မရနိုင်ဟုသာ ဆိုရပေမည်။
"ဒါက...”
"အစကတော့ ကိုယ် သူတို့ကို အကုန် သတ်ပစ်မလို့ပဲ...”
"ဒါပေမဲ့ သေသေချာချာ စဉ်းစားကြည့်တော့ သူတို့ကို သတ်ပစ်ရတာ သိပ်နှမြောစရာကောင်းနေတယ်...”
"ကောင်းကင်ဘုံက သက်ရှိတွေကို ရှင်သန်စေချင်တဲ့ မေတ္တာတရားရှိတယ်လို့ ဆိုကြတယ်လေ...”
"ကိုယ်က သူတို့ကို အသွင်ပြောင်းစေပြီး ရွှမ်ဟွမ်ဂိုဏ်းကို ပြန်ခေါ်သွားမယ်… ပြီးရင် တောင်စောင့်သားရဲတွေအဖြစ် သတ်မှတ်ဖို့ ဆုံးဖြတ်လိုက်တာ...”
"နောင်တစ်ချိန်မှာ ကိစ္စရှိလာရင် သူတို့ကို ခိုင်းလိုက်ရုံပဲ… သူတို့က အရေခွံထူသလို အသားလည်းထူတယ်လေ...”
ကျိုးစွေ့က ပေါ့ပေါ့ပါးပါးပင် ပြောလိုက်လေသည်။
"ဒါက..."
ရိုးသားအပြစ်ကင်းပုံပေါ်နေသော ဤနတ်ဘုရားအသွင်ပြောင်းအဆင့် ဝိညာဉ်သားရဲများကို ကြည့်ရင်း ချန်ဇီယွင်နှင့် အခြားသူများ၏ စိတ်ထဲတွင် အဆုံးမရှိ ဝမ်းသာပီတိဖြစ်ကာ အံ့သြနေမိတော့သည်။
ဤကဲ့သို့သော မြင်ကွင်းမျိုးမှာ အလွန်တရာ ထိတ်လန့်ဖွယ်ကောင်းပြီး စိတ်ကူး၍ပင် မရနိုင်လောက်အောင် အံ့ဖွယ်ကောင်းလှသည်ဟု သူမတို့ ခံစားနေရသည်။
မူလက မိစ္ဆာသားရဲမျိုးနွယ်များ ကျူးကျော်လာခြင်းမှာ လူသားမျိုးနွယ်များအတွက် မျိုးသုဉ်းပျက်စီးမည့် ကပ်ဘေးတစ်ခုဟု ဆိုရမည်ဖြစ်၏။
သို့သော် ယခုအခါတွင်မူ သူမတို့ခင်ပွန်းဖြစ်သူ၏ လက်ထဲတွင် လူသားမျိုးနွယ်၏အင်အားကို တိုးတက်စေမည့် အခွင့်အရေးတစ်ခုအဖြစ် ပြောင်းလဲသွားခဲ့လေပြီ။
အကြိမ်အနည်းငယ်မျှ ရင်ဆိုင်တိုက်ခိုက်ပြီးနောက်တွင် မိစ္ဆာသားရဲမျိုးနွယ်မှာ ကြီးမားစွာ ဆုံးရှုံးသွားခဲ့ပြီး လူသားမျိုးနွယ်မှာမူ အမွှေးတစ်မျှင်ပင် ထိခိုက်မှုမရှိခဲ့ချေ။
ဤမိစ္ဆာသားရဲအုပ်မှာ ကံဆိုးလွန်းလှပြီး သူမတို့၏ ခင်ပွန်းဖြစ်သူကဲ့သို့သော ပြိုင်ဘက်ကင်းပါရမီရှင်နှင့် တွေ့ဆုံခဲ့ရသည်ဟုသာ ဆိုရပေမည်။
"ယောက်ျား… ရှင် စောစောက ပြောခဲ့တဲ့စကားအရဆိုရင် မိစ္ဆာသားရဲမျိုးနွယ်က အကြီးအကျယ် ရှုံးနိမ့်သွားပြီး နတ်ဘုရားအသွင်ပြောင်းအဆင့် မိစ္ဆာသားရဲအများအပြားလည်း ထွက်ပြေးသွားကြပြီပေါ့...”
"ဝိညာဉ်ကမ္ဘာကို တက်သွားတာ မဟုတ်ရင်တောင်မှ ကျင့်ကြံခြင်းလောကထဲကို ထွက်ပြေးပုန်းအောင်းသွားကြပြီပေါ့...”
"ဒါဆို အခု ကျွန်မတို့ ဘယ်လို လုပ်ကြမလဲ...”
သခင်မမက်မွန်ပွင့်က မေးမြန်းလိုက်သည်။
"ဟုတ်တယ်… မိစ္ဆာသားရဲမျိုးနွယ် အကြီးအကျယ် ရှုံးနိမ့်သွားတာက ကျွန်မတို့အတွက် ကောင်းတဲ့ကိစ္စ မဟုတ်ဘူးလေ...”
"မိစ္ဆာသားရဲမျိုးနွယ်ဆိုတဲ့ အကာအကွယ် မရှိတော့ရင် ကျွန်မတို့ လူသားမျိုးနွယ်က နတ်ဆိုးမျိုးနွယ်ကို ရင်ဆိုင်ရတော့မှာပေါ့...”
"ဒါက မိစ္ဆာသားရဲမျိုးနွယ်ထက် ပိုပြီး ကြောက်စရာကောင်းတဲ့ ရန်သူပဲ...”
ရှရွှေယန်၏ မျက်နှာအမူအရာမှာ အလွန်လေးနက်သွားတော့သည်။
ရှရွှေယန်သည် မိစ္ဆာသားရဲမျိုးနွယ်များ အကြီးအကျယ် ရှုံးနိမ့်သွားကြောင်း ကြားလိုက်ရသည့်အခါ ဝမ်းသာမသွားသည့်အပြင် မျက်နှာအမူအရာမှာ ပို၍ပင် လေးနက်သွားလေသည်။ အဘယ်ကြောင့်ဆိုသော် ဤသည်မှာ နတ်ဆိုးမျိုးနွယ်၏စွမ်းအားမှာ မှန်းဆမရလောက်အောင် ကြောက်မက်ဖွယ်ကောင်းနေကြောင်းကို ဖော်ပြနေသောကြောင့် ဖြစ်ပေသည်။
လူသားမျိုးနွယ်ထက် စွမ်းအားပိုကြီးမားသည့် မိစ္ဆာသားရဲမျိုးနွယ်ပင်လျှင် အကြီးအကျယ် ရှုံးနိမ့်သွားခဲ့သည်ဖြစ်ရာ လူသားမျိုးနွယ်မှာ မည်သို့ယှဉ်နိုင်ပါမည်နည်း။
နတ်ဆိုးမျိုးနွယ်များသာ အင်တိုက်အားတိုက် ကျူးကျော်ဝင်ရောက်လာပါက လူသားမျိုးနွယ်မှာ မျိုးတုံးမည့်ကပ်ဘေးနှင့် ရင်ဆိုင်ရမည်မှာ သေချာသလောက်ပင် ဖြစ်ချေတော့မည်။
"မှန်တယ်… ဒါကြောင့် လောကသုံးပါးပေါင်းစည်းရေး အစီအစဉ်ကို စတင်ရမယ့်အချိန် ရောက်ပြီ...”
ကျိုးစွေ့က ခပ်ဖွဖွပြုံးကာ ပြောလိုက်လေသည်။
"မဟုတ်မှလွဲရော ယောက်ျားက အဲဒီ ထာဝရစိမ်းအင်မော်တယ်နွယ်ပင်ကို နှိုးချင်လို့လား...”
ဤစကားကို ကြားလိုက်ရသည့်အခါ ချန်ဇီယွင်နှင့် အခြားသူများမှာ သူတို့ခင်ပွန်း ရရှိထားခဲ့သော အင်မော်တယ်အမွေအနှစ်ကို ချက်ချင်း သတိရသွားကြလေ၏။
"ယောက်ျား… ပြဿနာက လောကသုံးပါးပေါင်းစည်းတာက တကယ်ပဲ ကောင်းတဲ့ကိစ္စ ဟုတ်ရဲ့လား...”
"တကယ်လို့ နတ်ဆိုးမျိုးနွယ်တွေက ကျွန်မတို့လောကထဲကို တိုက်ရိုက် ရောက်လာနိုင်မယ်ဆိုရင် ကျွန်မတို့အတွက် ပိုကြီးမားတဲ့ ကပ်ဘေးကြီး ဖြစ်လာနိုင်တယ်နော်...”
လန်ယွဲ့ရှီက အနည်းငယ် တွေဝေစွာဖြင့် ပြောလိုက်သည်။
"စိတ်ချပါ…. နတ်ဆိုးမျိုးနွယ်တွေက ဘာမှမဟုတ်ပါဘူး...”
"ထာဝရစိမ်းအင်မော်တယ်နွယ်ပင်ကိုသာ နှိုးလိုက်မယ်ဆိုရင် အဲဒီနွယ်ပင်ရဲ့ စွမ်းအားတစ်စိတ်တစ်ပိုင်းကို ငါတို့ အသုံးချလို့ရပြီ...”
"အဲဒီအချိန်ကျရင် ဒီနတ်ဆိုးတွေက မြေဆီလွှာတွေအဖြစ်ကလွဲပြီး ဘာမှဖြစ်လာမှာမဟုတ်ဘူး… ငါတို့ကို ဘယ်လိုမှ ဒုက္ခပေးနိုင်မှာ မဟုတ်ဘူး...”
ကျိုးစွေ့က တည်ငြိမ်စွာပင် ဆိုလိုက်သည်။
"ထာဝရစိမ်းအင်မော်တယ်နွယ်ပင်ရဲ့ စွမ်းအားကိုတောင် အသုံးချလို့ရတယ်ပေါ့...”
"စွမ်းအားရဲ့ တစ်စိတ်တစ်ပိုင်းကိုပဲ အသုံးချနိုင်မယ်ဆိုရင်တောင် အဲဒီနတ်ဆိုးတွေကို အလွယ်တကူ သတ်ဖြတ်နိုင်မှာပဲ… ဘာပဲဖြစ်ဖြစ် ဒါက အင်မော်တယ်နွယ်ပင်ပဲလေ...”
လက်တွဲဖော်များစွာ၏ မျက်လုံးများမှာ ချက်ချင်းပင် အရောင်လက်သွားကြတော့သည်။
သူတို့၏ခင်ပွန်းဖြစ်သူ မည်သည့်အတွက်ကြောင့် ဤမျှ ယုံကြည်မှုရှိနေရသည်ကို သူတို့ နားလည်သွားကြချေပြီ။
ထာဝရစိမ်းအင်မော်တယ်နွယ်ပင်၏ အကူအညီသာ ပါရှိမည်ဆိုလျှင် ထိုနတ်ဆိုးအုပ်စုကို ဖျက်ဆီးပစ်ရန်မှာ မြေကြီးလက်ခတ်မလွဲ သေချာနေသည် မဟုတ်ပါလော။
"ယောက်ျား… ဒါဆို ဘယ်တော့လောက် စလို့ရမလဲ...”
ကျိပင်းယွီနှင့် အခြားသူများက မစောင့်ဆိုင်းနိုင်တော့သည့်အလား မေးလိုက်ကြသည်။
အဘယ်ကြောင့်ဆိုသော် သူတို့၏ ကိုယ်ပိုင်အသက်ဝိညာဉ်အပင်မှာလည်း ထာဝရစိမ်းအင်မော်တယ်နွယ်ပင်၏ မျိုးဆက်မှ ဆင်းသက်လာသော ထာဝရစိမ်းနွယ်ပင်များ ဖြစ်သောကြောင့်ပင်။
အကယ်၍ ထာဝရစိမ်းအင်မော်တယ်နွယ်ပင်သာ နိုးထလာမည်ဆိုပါက သူတို့၏ ကျင့်ကြံခြင်းအတွက်လည်း ကြီးမားလှသော အကျိုးကျေးဇူးများကို ရရှိစေမည်ဖြစ်ပြီး အလျင်အမြန် တိုးတက်လာမည်မှာ အသေအချာပင် ဖြစ်ပေသည်။
"လောစရာမလိုပါဘူး...”
"ငါ အချိန်တစ်ခုလောက်အထိ အခြေအနေကို ခိုင်မာအောင် လုပ်ရဦးမယ်… ခွန်အားတွေစုဆောင်းပြီး အခွင့်အရေးကို စောင့်ရမယ်...”
"ထာဝရစိမ်းအင်မော်တယ်နွယ်ပင်ကို နှိုးဖို့အတွက် မှော်စွမ်းအားအမြောက်အမြား သုံးစွဲဖို့ လိုအပ်တယ်… ကြိုတင်ပြင်ဆင်မှုတွေ လုပ်ထားဖို့တော့ လိုသေးတယ်...”
"ဖြစ်သလို အလွယ်တကူ နှိုးလိုက်လို့ မရဘူး...”
ကျိုးစွေ့က လေးနက်သောအသံဖြင့် ပြောလိုက်သည်။
သူကိုယ်တိုင်လည်း ထာဝရစိမ်းအင်မော်တယ်နွယ်ပင်ကို ချက်ချင်း နှိုးချင်နေမိသည်။ သို့သော်ငြား အချိန်တစ်ခုယူ၍ ပြင်ဆင်ရန် လိုအပ်နေသေးသည်မှာ နှမြောစရာပင် ဖြစ်၏။
"ကောင်းပါပြီ...”
ချန်ဇီယွင်နှင့် အခြားသူများက ခေါင်းညိတ်လိုက်ကြသည်။
သူတို့မှာလည်း လောလောဆယ်တွင် အလျင်စလို ဖြစ်မနေကြပေ။
မည်သို့ပင်ဖြစ်စေ ဤသည်မှာ အနှေးနှင့်အမြန် ဖြစ်လာမည့်ကိစ္စဖြစ်ပြီး အလွန်အမင်းလောဘကြီးလျှင် အကျိုးပျက်တတ်ကြောင်းကို သူတို့ ကောင်းစွာနားလည်ထားကြပေသည်။
အရမ်းလောလွန်းပါက အစီအစဉ်များ ကျရှုံးသွားနိုင်သည်ဖြစ်ရာ ဤသည်မှာ ကောင်းသောအရာ မဟုတ်ပေ။
သေချာပေါက်ပင် ကျိုးစွေ့က နတ်ဘုရားအသွင်ပြောင်းအဆင့် မိစ္ဆာသားရဲများကို လမ်းမှန်ပေါ်ပို့ဆောင်ပေးခဲ့သည်ဟူသော သတင်းကို ဖုံးကွယ်မထားခဲ့ပေ။ ထိုအစား တမင်တကာပင် သတင်းဖြန့်လိုက်သေး၏။
အဘယ်ကြောင့်ဆိုသော် ဤကိစ္စမှာ ဖုံးကွယ်ထားစရာအကြောင်း မရှိသောကြောင့်ပင်။
ယခုလက်ရှိ ရွှမ်ဟွမ်ဂိုဏ်းမှာ အစောကြီးကတည်းက အထွတ်အထိပ်သို့ ရောက်ရှိနေခဲ့ပြီဖြစ်ပြီး လောကတစ်ခွင်တွင် ပြိုင်ဘက်ကင်း အရှင်သခင်အဖြစ် ရပ်တည်နေပြီ ဖြစ်သည်။
ရွှမ်ဟွမ်ဂိုဏ်းမှာ မိမိတို့ကိုယ်တိုင် အားနည်းသွားမည်ကိုသာ ကြောက်ရွံ့ပြီး အားကောင်းလွန်းနေမည်ကိုမူ မကြောက်ရွံ့တော့ချေ။
ပို၍ အားကောင်းလာလေလေ ပင်လယ်အရပ်ရပ်မှ အင်အားစုများက ပို၍ ညွတ်ကျိုးလာလေလေ ဖြစ်ပေမည်။
ဤသည်က တစ်လောကလုံးကို ခြောက်လှန့်နိုင်စွမ်းရှိသည့် အာနိသင်ကိုလည်း ရရှိစေသည်။
ထင်ရှားစွာပင် ဤသတင်း၏ သက်ရောက်မှုမှာ အလွန်ကြီးမားလွန်းလှပြီး တစ်လောကလုံးကို တုန်လှုပ်သွားစေခဲ့၏။
ရွှမ်ဟွမ်ဂိုဏ်းမှ တပည့်များအပါအဝင် အင်အားစုပေါင်းများစွာမှာ မိုးကြိုးပစ်ချခံလိုက်ရသကဲ့သို့ အံ့သြမှင်တက်သွားကြတော့သည်။
"မင်းတို့ ကြားပြီးကြပြီလား… အရင်တုန်းက ရှေးဟောင်းမိစ္ဆာတံခါးကြီးက အပြည့်အဝပွင့်သွားပြီး နတ်ဘုရားအသွင်ပြောင်းအဆင့် မိစ္ဆာသားရဲတွေ အများကြီး အဲဒီတံခါးထဲက ထွက်လာခဲ့တယ်တဲ့… ပြီးတော့ ငါတို့ ချန်လန်ပင်လယ်ဒေသကို ကျူးကျော်ဖို့ ကြိုးစားခဲ့ကြပေမယ့် ရွှမ်ဟွမ်ဘိုးဘေးနဲ့ သွားတိုးပါလေရော...”
"ဘာဆက်ဖြစ်တယ် ထင်လဲ… အဲဒီ နတ်ဘုရားအသွင်ပြောင်းအဆင့် မိစ္ဆာသားရဲအုပ်စုက ဘိုးဘေးရဲ့ပြိုင်ဘက် လုံးဝမဟုတ်ခဲ့ဘူးကွ… လက်လေးခြေလေး နည်းနည်းပါးပါးလောက် လှုပ်လိုက်တာနဲ့ အကုန် ရှင်းလင်းခံလိုက်ရတာပဲ...”
"ပိုပြီး ကြောက်ဖို့ကောင်းတာက အဲဒီမိစ္ဆာသားရဲတွေက ဘိုးဘေးရဲ့ လမ်းမှန်ပေါ်ပို့ဆောင်ပေးတာကို ခံလိုက်ရပြီး တစ်ကောင်ချင်းစီဆို ငိုယိုပြီးတော့ အမှားတွေကို နောင်တရသွားကြတာပဲ...”
"အခုတော့ အကုန်လုံးက ရွှမ်ဟွမ်ဂိုဏ်းဆီ ရောက်သွားကြပြီး ရွှမ်ဟွမ်ဂိုဏ်းရဲ့ တောင်စောင့်ဝိညာဉ်သားရဲတွေ ဖြစ်သွားကြပြီ...”
ကျင့်ကြံသူအများအပြားမှာ တီးတိုးပြောဆို ဆွေးနွေးနေကြလေသည်။
အခန်း (၆၄၈) - နတ်ဘုရားအသွင်ပြောင်းအဆင့် ဝိညာဉ်သားရဲများအား ကယ်တင်ကျွတ်လွတ်စေခြင်း၊ ထာဝရစိမ်းလန်းအင်မော်တယ်နွယ်ပင်ကို နှိုးခြင်းနှင့် လောကသုံးပါးပေါင်းစည်းခြင်း(၆)။
သူတို့သည် ဤအံ့မခန်းသတင်းကို ချက်ချင်းပင် ဖြန့်ဝေလိုက်ကြရာ ပင်လယ်ဒေသတစ်ခုလုံးသို့ ပျံ့နှံ့သွားတော့၏။
ကျင့်ကြံသူတိုင်း ဤကိစ္စကို သိရှိသွားစေရန် မစောင့်ဆိုင်းနိုင်တော့သည့်အလားပင်။
"ချီးတဲ့မှ…. ဒါက ယုံနိုင်စရာကို မရှိဘူး...”
"နတ်ဘုရားအသွင်ပြောင်းအဆင့် မိစ္ဆာသားရဲ အကောင်တစ်ရာကျော်နော်… မင်းတို့က လမ်းဘေးက ခွေးတွေကြောင်တွေလို့ ထင်နေတာလား...”
"ငါလည်း ရွှမ်ဟွမ်ဘိုးဘေးက တကယ် စွမ်းအားကြီးတယ်ဆိုတာကို လက်ခံပါတယ်… သူက ချန်လန်ပင်လယ်ဒေသရဲ့ နံပါတ်တစ် နတ်ဘုရားအသွင်ပြောင်းအဆင့် ကျင့်ကြံသူဖြစ်မှာ သေချာတယ်...”
"ပြဿနာက ရွှမ်ဟွမ်ဘိုးဘေးဖြစ်နေရင်တောင်မှ တစ်ယောက်တည်းနဲ့ အကောင်တစ်ရာကို ရင်ဆိုင်နိုင်စရာ အကြောင်းမရှိဘူးလေ… ဒါက ဘယ်ကထွက်လာတဲ့ ကောလာဟလတွေလဲ...”
သဘာဝကျစွာ ဤကဲ့သို့သော ကောလာဟလများကို မယုံကြည်သည့် ကျင့်ကြံသူအများအပြားက ရှိနေသေးသည်။
သူတို့ကလည်း ချက်ချင်းပင် သံသယဝင်လာကြပြီး ဤကိစ္စမှာ အဓိပ္ပာယ်မရှိလွန်းလှရာ မည်သူမှ ယုံကြည်မည်မဟုတ်ဟု ယူဆလိုက်ကြ၏။
သို့သော်လည်း ငတုံးများစွာက ဤကောလာဟလကို ဆက်လက်ဖြန့်ဝေနေကြဆဲ ဖြစ်သည်။
"ဟူး အစတုန်းကတော့ ငါလည်း ကောလဟာလလို့ ထင်ခဲ့တာပဲ...”
"ဒါပေမယ့် ရွှမ်ဟွမ်ဂိုဏ်းက တပည့်အများကြီး ကိုယ်တိုင်ကိုယ်ကျ ထွက်ပြီး သက်သေခံကြတယ်လေ… ဒါက တကယ် အစစ်အမှန်ပါ...”
"ဘာလို့လဲဆိုတော့ အဲဒီ နတ်ဘုရားအသွင်ပြောင်းအဆင့် ဝိညာဉ်သားရဲတွေက ရွှမ်ဟွမ်ဂိုဏ်းထဲမှာ ရှိနေကြလို့ပဲ...”
"တစ်ခါတလေဆို သူတို့က ကိုယ်ထင်ပြပြီး ရွှမ်ဟွမ်ဂိုဏ်းက တပည့်တွေရဲ့ ကျင့်ကြံခြင်းကိုတောင် လမ်းညွှန်ပေးသေးတာ...”
"ဒီလို အရေးကြီးတဲ့ကိစ္စမျိုးကို ရွှမ်ဟွမ်ဂိုဏ်းက လိမ်ပြောမယ်လို့ မင်းတို့ ထင်နေတာလား...”
"အထူးသဖြင့် လှောင်ပြောင်ခံရဖို့ လွယ်ကူတဲ့ လိမ်လည်မှုမျိုးကိုပေါ့...”
ကျင့်ကြံသူတစ်ဦးက ပြန်လည်မေးခွန်းထုတ်လိုက်သည်။
ဘာ…။
ဤစကားကို ကြားလိုက်ရသည့်အခါ သံသယဝင်နေကြသည့် ကျင့်ကြံသူများစွာမှာ အံ့အားသင့်သွားကြလေသည်။ သက်သေအထောက်အထားများ ဤမျှများပြားလိမ့်မည်ဟု သူတို့ ထင်မှတ်မထားခဲ့သလို နတ်ဘုရားအသွင်ပြောင်းအဆင့် မိစ္ဆာသားရဲများကို ကိုယ်တိုင်မြင်တွေ့ခဲ့ရသည့် ကျင့်ကြံသူများက အမှန်တကယ်ပင် အများအပြား ရှိနေပေသည်။
တစ်ယောက်နှစ်ယောက်စသာ ဤသို့ပြောလျှင် ထားလိုက်၍ရသော်လည်း ယခုကဲ့သို့ လူအများအပြားကိုယ်တိုင် မျက်မြင်တွေ့ရှိခဲ့သည်ဆိုလျှင်တော့ ဤသတင်းမှာ အစစ်အမှန်ပင် ဖြစ်ရပေမည်။
မည်မျှပင် ယုံနိုင်စရာ မရှိလွန်းလှသည်ဖြစ်စေစေ ဤသည်မှာ အမှန်တရား ဖြစ်ရမည်မှာ အသေအချာပင်။
သူတို့ အထပ်ထပ်အခါခါ စုံစမ်းပြီးနောက်တွင်မူ ဤသတင်း၏ မှန်ကန်မှုကို နောက်ဆုံးတွင် ယုံကြည်သွားကြတော့သည်။
"ချီးတဲ့မှ… ဒီသတင်းက ကောလာဟလမဟုတ်ဘဲ တကယ့်အစစ်အမှန် ဖြစ်နေတာလား… တကယ်ကို ယုံနိုင်စရာကို မရှိဘူး...”
"ဟူး အမှန်တရားက ကောလာဟလထက်တောင် ပိုပြီး အဓိပ္ပာယ်မရှိဖြစ်နေတော့တာပဲ… ရွှမ်ဟွမ်ဘိုးဘေးက ဒီလောက်တောင် ကြောက်ဖို့ကောင်းနေတာလား… တစ်ယောက်တည်းနဲ့ အကောင်တစ်ရာကို ရင်ဆိုင်နိုင်တာက ထားပါတော့… နတ်ဘုရားအသွင်ပြောင်းအဆင့် မိစ္ဆာသားရဲ အကောင်တစ်ရာလောက်ကိုပါ လမ်းမှန်ပေါ်ပို့ဆောင်ပေးနိုင်တာက ဘယ်လိုမျိုး နတ်ဘုရားစွမ်းရည်ကြီးလဲကွ...”
"အရင်တုန်းက ဂိုဏ်းချုပ်ကြီးဟာ လူ့ပြည်ကိုဆင်းလာတဲ့ အင်မော်တယ်၊ အင်မော်တယ်ဝင်စားသူ ဖြစ်နိုင်တယ်လို့ ပြောခဲ့ကြတာ… ကြည့်ရတာ ဒီဒဏ္ဍာရီက တကယ်အစစ် ဖြစ်ဖို့များတယ်… အင်မော်တယ်ဝင်စားသူသာ မဟုတ်ဘူးဆိုရင် ဒီလိုကိစ္စမျိုးကို ဘယ်လိုလုပ် လုပ်နိုင်မှာလဲ...”
"ဟားဟား… ငါ အစကတည်းက ပြောသားပဲ… မိစ္ဆာသားရဲမျိုးနွယ်ကို ကြောက်နေစရာကို မလိုဘူးလို့… သူတို့က စက္ကူကျားအုပ်စု သက်သက်ပဲ… အခု ဂိုဏ်းချုပ်ကြီးက နည်းနည်းလေး လက်စွမ်းပြလိုက်တာနဲ့တင် နတ်ဘုရားအသွင်ပြောင်းအဆင့် မိစ္ဆာသားရဲ အကောင်တစ်ရာလောက်ကို ဖမ်းမိသွားပြီ… မိစ္ဆာသားရဲမျိုးနွယ်မှာ နတ်ဘုရားအသွင်ပြောင်းအဆင့် ဘယ်နှကောင်ကျန်ဦးမှာမို့လို့လဲ...”
"နတ်ဘုရားအသွင်ပြောင်းအဆင့် ရာချီပြီး တစ်ပြိုင်နက်တည်း တိုက်ခိုက်လာရင်တောင် ဂိုဏ်းချုပ်ကြီးကို တားဆီးနိုင်မှာ မဟုတ်ဘူးထင်တယ်… ဂိုဏ်းချုပ်ကြီးရဲ့ စွမ်းအားက တကယ်ကို ကောင်းကင်နဲ့မြေကြီးကို တုန်လှုပ်စေနိုင်ပြီး သာမန်လူတွေရဲ့ ကန့်သတ်ချက်ကို ကျော်လွန်နေပြီ...”
"ဂိုဏ်းချုပ်ကြီး တစ်ယောက်တည်းနဲ့တင် မိစ္ဆာသားရဲမျိုးနွယ်ကို အလွယ်တကူ ရှင်းလင်းနိုင်လောက်ပြီ...”
"ဂိုဏ်းချုပ်ကြီး ဒီမှာရှိနေသရွေ့ ငါတို့ လူသားမျိုးနွယ်က ဘယ်တော့မှ ပြိုလဲသွားမှာမဟုတ်ဘဲ ထာဝစဉ် တည်တံ့ခိုင်မြဲနေမှာပဲ...”
ကျင့်ကြံသူအများအပြားမှာ တီးတိုးပြောဆို ဆွေးနွေးနေကြပြီး ရူးသွပ်လုမတတ် ဝမ်းသာပျော်ရွှင်နေကြလေသည်။
မူလက မိစ္ဆာသားရဲမျိုးနွယ်မှ အလုံးအရင်းဖြင့် ကျူးကျော်လာကာ နတ်ဘုရားအသွင်ပြောင်းအဆင့် မိစ္ဆာသားရဲများကို စေလွှတ်၍ တိုက်ခိုက်လာမည်ကို သူတို့ စိုးရိမ်နေခဲ့ကြသည်။
ထိုသို့သာ ဖြစ်လာခဲ့ပါက လူသားမျိုးနွယ်မှာ ခုခံနိုင်မည် မဟုတ်ပေ။
မည်သို့ပင်ဖြစ်စေ ယခုအချိန်အထိ ရွှမ်ဟွမ်ဂိုဏ်းတွင် နတ်ဘုရားအသွင်ပြောင်းအဆင့်သုံးဦးသာ ရှိသေးသည် မဟုတ်ပါလော။
သို့သော်လည်း ယခုအခါတွင်မူ ထိုစိုးရိမ်ပူပန်မှုများမှာ လုံးဝ ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်၏။
အဘယ်ကြောင့်ဆိုသော် ရွှမ်ဟွမ်ဘိုးဘေးတစ်ဦးတည်းနှင့်ပင် နတ်ဘုရားအသွင်ပြောင်းအဆင့် မိစ္ဆာသားရဲရာချီနှင့် ညီမျှနေပြီး တစ်ယောက်တည်းနှင့် အကောင်တစ်ရာကို ရင်ဆိုင်နိုင်သောကြောင့် ဖြစ်သည်။
ထိုစွမ်းအားမှာ အမှန်တကယ်ပင် ကောင်းကင်နှင့်မြေကြီးကို တုန်လှုပ်စေနိုင်လောက်ပေသည်။
"ဟူး… ကြည့်ရတာ ရွှမ်ဟွမ်ဂိုဏ်းက အနာဂတ်မှာ ချန်လန်ပင်လယ်ဒေသရဲ့ အကြွင်းမဲ့အရှင်သခင်အဖြစ် အနည်းဆုံး နှစ်သောင်းချီလောက် တည်ရှိနေတော့မှာပဲ...”
"အမှန်ပဲလေ… ဒီနတ်ဘုရားအသွင်ပြောင်းအဆင့် ဝိညာဉ်သားရဲတွေရဲ့ သက်တမ်းက အရမ်းရှည်တာ… အနည်းဆုံး နှစ်ထောင်ချီ၊ သောင်းချီပြီး တချို့ဆိုရင် နှစ်သောင်းချီလောက်တောင် အသက်ရှင်နိုင်ကြတယ်… ဒီနတ်ဘုရားအသွင်ပြောင်းအဆင့် ဝိညာဉ်သားရဲတွေ မသေသရွေ့ ရွှမ်ဟွမ်ဂိုဏ်းက ပျက်စီးသွားစရာ အကြောင်းမရှိဘူး… ရွှမ်ဟွမ်ဂိုဏ်းမှာ နောင်တစ်ချိန် နတ်ဘုရားအသွင်ပြောင်းအဆင့် ကျင့်ကြံသူတွေ ထပ်မမွေးဖွားလာတော့ဘူးဆိုရင်တောင်မှ အတူတူပဲ...”
"အဲဒီလောက်အထိ တွေးနေစရာ လိုလို့လား… ဒီလို နတ်ဘုရားအသွင်ပြောင်းအဆင့် ဂိုဏ်းမျိုးရှိနေတာက ငါတို့ လူသားမျိုးနွယ်ရဲ့ ကံကောင်းမှုပဲ… တကယ်လို့ ရွှမ်ဟွမ်ဂိုဏ်းက ဒီလောက်အထိ အားမကောင်းဘူးဆိုရင် နောက်ထပ်ရောက်လာမယ့် နတ်ဆိုးတွေရဲ့ ကျူးကျော်မှုကို ဘယ်လိုလုပ် တားဆီးနိုင်မှာလဲ...”
"တကယ်လည်း ဒီလိုပါပဲ… မိစ္ဆာသားရဲမျိုးနွယ်နဲ့ ယှဉ်လိုက်ရင် နတ်ဆိုးမျိုးနွယ်က ပိုပြီး ကြောက်ဖို့ကောင်းတယ်… ရှေးခေတ်ကာလတုန်းက နတ်ဘုရားအသွင်ပြောင်းအဆင့် ဂိုဏ်းပေါင်းများစွာ ယှဉ်တွဲတည်ရှိခဲ့ပြီး ခေတ်တစ်ခုတည်းမှာပဲ နတ်ဘုရားအသွင်ပြောင်းအဆင့် ကျင့်ကြံသူထောင်ချီပြီး ပေါ်ထွက်ခဲ့ဖူးတယ်… ဒါပေမယ့် အဲဒီလိုမျိုးဖြစ်နေတာတောင် နတ်ဆိုးမျိုးနွယ်ရဲ့ ကျူးကျော်တာကို ခံလိုက်ရပြီး အဲဒီခေတ်ကြီးတစ်ခုလုံး လုံးဝ ပျက်စီးသွားခဲ့တာပဲ… အဲဒါကြောင့် ငါတို့ လူသားမျိုးနွယ်လည်း ဆုံးရှုံးမှု ကြီးကြီးမားမား ဖြစ်ခဲ့ရပြီး အဲဒီအချိန်ကစလို့ လုံးဝ ကျဆင်းသွားခဲ့တာ...”
"ဘာပဲဖြစ်ဖြစ် ငါတို့က သေဖို့ ထိုင်စောင့်နေလို့တော့ မရဘူး...”
"မင်းပြောတာ မှန်တယ်… ဂိုဏ်းချုပ်ကြီးရဲ့ အကာအကွယ်နဲ့ဆိုရင် ငါတို့ သေချာပေါက် တိုက်ပွဲဝင်ပြီး အနိုင်ယူနိုင်မှာပါ...”
မူလက ကျင့်ကြံသူအများအပြားမှာ အလွန်တရာ မျှော်လင့်ချက် ကင်းမဲ့နေခဲ့ကြသည်။
သို့သော် ကျိုးစွေ့ ထုတ်ဖော်ပြသလိုက်သည့် စွမ်းအားက ကျင့်ကြံသူအများအပြားအတွက် အဆုံးမဲ့သော မျှော်လင့်ချက်များကို ဆောင်ကြဉ်းပေးလိုက်လေ၏။
ပြိုင်ဘက်ကင်းသော နတ်ဆိုးများနှင့် ရင်ဆိုင်ရလျှင်ပင် ရွှမ်ဟွမ်ဘိုဘေးကို တိုက်ခိုက်နိုင်စွမ်း မရှိမည်မဟုတ်ဟု သူတို့ ခံစားလိုက်ရတော့သည်။
............
ရက်အနည်းငယ် ကြာပြီးနောက်…။
နတ်ဘုရားအသွင်ပြောင်းအဆင့် မိစ္ဆာသားရဲများစွာ လာရောက်ကျူးကျော်သော်လည်း ရွှမ်ဟွမ်ဘိုးဘေး၏ လမ်းမှန်ပေါ်ပို့ဆောင်ခြင်းကို ခံလိုက်ရကာ တောင်စောင့်ဝိညာဉ်သားရဲများ ဖြစ်သွားကြသည်ဟူသော သတင်းမှာ နောက်ဆုံးတွင် ကျန်ရစ်နေခဲ့သည့် နတ်ဘုရားအသွင်ပြောင်းအဆင့် မိစ္ဆာသားရဲများ၏ နားထဲသို့ ရောက်ရှိသွားခဲ့ပြီး သူတို့ သိရှိသွားကြလေသည်။
ဤသတင်းကို ကြားလိုက်ရပြီးနောက် သူတို့မှာ ဒေါသမထွက်သည့်အပြင် အလွန်တရာ ထိတ်လန့်သွားကြပြီး ကြောက်ရွံ့တုန်လှုပ်သွားကြတော့သည်။
တကယ်ကို သေးထွက်ကျမတတ် ကြောက်ရွံ့သွားကြခြင်းပင်။
"ဘာ… ကျောင်းနဂါးမျိုးနွယ်က နတ်ဘုရားအသွင်ပြောင်းအဆင့်အုပ်စုက ရွှမ်ဟွမ်ဘိုးဘေးကို သွားပြီး ပြဿနာရှာတာ တစ်ဖက်လူကို မသတ်နိုင်တဲ့အပြင် ရွှမ်ဟွမ်ဘိုးဘေးရဲ့ ဖမ်းဆီးတာကို ခံလိုက်ရပြီး နတ်ဘုရားအသွင်ပြောင်းအဆင့် ဝိညာဉ်သားရဲတွေအဖြစ် လမ်းမှန်ပေါ် အပို့ခံလိုက်ရတယ်ပေါ့… အခု အကုန်လုံးက ရွှမ်ဟွမ်ဂိုဏ်းရဲ့ ဝိညာဉ်သားရဲတွေ ဖြစ်သွားပြီး ရွှမ်ဟွမ်ဂိုဏ်းရဲ့ တောင်တံခါးကို နေ့ရောညပါ စောင့်ရှောက်ပေးနေရတယ် ဟုတ်လား...”
နတ်ဘုရားအသွင်ပြောင်းအဆင့် မိစ္ဆာသားရဲကျင့်ကြံသူတစ်ဦးမှာ လုံးဝ မယုံကြည်နိုင် ဖြစ်နေတော့သည်။
ဤသတင်းကို ကြားလိုက်ရချိန်တွင် သူမှာ မှင်တက်သွားခဲ့သည်။ ဤသည်မှာ တကယ်ကို ဒဏ္ဍာရီပုံပြင်တစ်ပုဒ်လိုပင် ဖြစ်နေပြီး လွန်စွာအဓိပ္ပာယ်မရှိလှဟု ခံစားလိုက်ရ၏။
တစ်ခဏမျှ ဤသည်မှာ သတင်းတုတစ်ခုဟုပင် သူ ထင်မှတ်သွားခဲ့သည်။
"မှန်တယ်… အစတုန်းက ငါလည်း သတင်းတုလို့ပဲ ထင်ခဲ့တာ...”
"ဒါပေမယ့် ငါ စုံစမ်းဖို့ သူလျှိုအများကြီး စေလွှတ်လိုက်တဲ့အခါ တကယ် အစစ်အမှန်ဆိုတာ တွေ့ရတယ်...”
"အဲဒီ ကျောင်းနဂါးက အခု အရမ်းကို သဘောကောင်းနေပြီး ကိုယ်ပေါ်မှာ ဘာသတ်ဖြတ်လိုတဲ့ အငွေ့အသက်မှ မရှိတော့ဘူး… ရွှမ်ဟွမ်ဂိုဏ်းအတွက် တောင်တံခါးကို အေးအေးဆေးဆေး စောင့်ရှောက်ပေးနေတယ်...”
"တကယ်ကို မတူတဲ့နဂါးနှစ်ကောင်လို ကွာခြားသွားတာပဲ...”
နောက်ထပ် နတ်ဘုရားအသွင်ပြောင်းအဆင့် မိစ္ဆာသားရဲကျင့်ကြံသူတစ်ဦးက သက်ပြင်းချလျက် ပြောလိုက်သည်။ သူသည် အထပ်ထပ်အခါခါ အတည်ပြုခဲ့ပြီးဖြစ်ရာ ဤသည်မှာ တကယ့်သတင်းအမှန်ဖြစ်ကြောင်း သေချာနေချေပြီ။
ကြည့်ရသည်မှာ အလွန်တရာ အဓိပ္ပာယ်မရှိသကဲ့သို့ ဖြစ်နေသော်လည်း တကယ်ပင် အစစ်အမှန် ဖြစ်နေလေသည်။
"ယုံနိုင်စရာမရှိလိုက်တာ… သူတို့တွေက ငတုံးတွေလား… ရွှမ်ဟွမ်ဘိုးဘေးရဲ့ ဖမ်းတာကိုတောင် ခံလိုက်ရတယ်ပေါ့...”
"အရေးအကြီးဆုံးက သူတို့က နတ်ဘုရားအသွင်ပြောင်းအဆင့် မိစ္ဆာသားရဲကျင့်ကြံသူတစ်ရာကျော်တောင် သွားခဲ့တာလေ… အဲဒါတောင် ရွှမ်ဟွမ်ဘိုးဘေးကို မနိုင်ကြဘူးလား...”
နတ်ဘုရားအသွင်ပြောင်းအဆင့် မိစ္ဆာသားရဲကျင့်ကြံသူများစွာမှာ မှင်တက်သွားကြပြီး မည်သို့ပြောရမည်ကိုပင် မသိတော့ချေ။