← Chapters

အခန်း (၉၂၁-၉၂၂)

Vol. 93 Ch. 921-922

အခန်း (၉၂၁-၉၂၂)

Vol. 93 Ch. 921-922

ကမ္ဘာပျက်ကြီး၏နဂါးဧကရာဇ်။ အပိုင်း (၉၂၁ + ၉၂၂)

မူရင်းစာရေးဆရာ - Silent Cake And Pastries

ဘာသာပြန် - Author Chang’e 🌕

True Immortal Team

ကုန်းကုန်းဧကရာဇ်၏ ဒုတိယအတွဲ။

မိုဟန်ဘုရင်မသည် သူမ၏ ရည်မှန်းချက်အပေါ် အမှန်တကယ်ပင် ရူးသွပ်စွာ စွဲလမ်းနေပြီဖြစ်၏။ သူမ၏ တစ်ခုတည်းသော ရည်ရွယ်ချက်ကား တာ့နင်အင်ပါယာကြီးအတွင်း၌ မိုမိသားစု၏ တိုင်းပြည်အား အသစ်တစ်ဖန် ပြန်လည်တည်ထောင်ရန်ပင် ဖြစ်လေသည်။

ကမ္ဘာပျက်ကပ်ဆိုက်ရောက်ပြီးနောက် ကမ္ဘာမြေပြင်ထက်၌ မိုမိသားစု၏ အင်ပါယာကြီးအား ပြန်လည်တည်ထောင်ရန် ကြိုးပမ်းအားထုတ်မှုများသည် အမှန်တကယ်ပင် အောင်မြင်မှုသရဖူကို ဆောင်းနိုင်ခဲ့ပြီဖြစ်၏။

သို့သော်ငြားလည်း သူမ အုပ်ချုပ်မင်းလုပ်နေရသည်က မည်သည့်အရာများနည်း။ အသိစိတ်မဲ့နေသော ဖုတ်ကောင်များနှင့် မသေမျိုး အမြောက်အမြားကိုလော။

သေချာလှပေသည်။ သူမကတော့ ထိုအချက်ကို လုံးဝ ဂရုစိုက်နေပုံမရချေ။ အတိတ်ကာလ တာ့နင်အင်ပါယာ၏ လက်အောက်၌ လူဦးရေ သန်းထောင်ချီ ရှိခဲ့စဉ်ကတည်းက သူမ၏ ဘုရင်မကစားပွဲကြီးသည် အလွန်တရာ ခမ်းနားထည်ဝါခဲ့၏။ ယခုအခါတွင်မူ သူမနှင့်အတူ ကစားပေးမည့် မသေမျိုး သန်းပေါင်း နှစ်ထောင် ၊ သုံးထောင်ခန့် ရှိနေပြီဖြစ်ရာ သူမ၏ ဘုရင်မကစားပွဲကြီးသည် ယခင်ကထက် ပိုမို၍ပင် မြိုင်ဆိုင်လာခဲ့ပြီဖြစ်၏။

"မိုဟန်ဘုရင်မ... အခုပဲ စတင်ပြီးတော့ စကားနားမထောင်တဲ့ ဒီခွေး တုပိုင်ကို သင်းကွပ်လိုက်ပါတော့"

ကံကြမ္မာမိစ္ဆာသခင် ကျောက်ယန်ဖိန်က သွေးအေးစက်စွာဖြင့် တိုက်တွန်းလိုက်၏။

"ကူညီပေးရတဲ့အတွက် အလွန်ကို ဝမ်းမြောက်မိပါတယ်... လေးစားရပါသော မဟာမိစ္ဆာသခင်ကြီး"

မိုဟန်ဘုရင်မက အရိုအသေပေးလိုက်ပြီးနောက် သူမ၏ ကျောက်စိမ်းရောင် လက်အစုံအား လေထဲ၌ ဝှေ့ယမ်းကာ ပြတ်သားစွာ အမိန့်ပေးလိုက်၏။

"အိပ်မက်ဆိုးမင်းသား ၊ ရုပ်သေးမျိုးနွယ်စု စစ်သေနာပတိ ၊ လေလွင့်မဟာမိတ်အဖွဲ့ စစ်သေနာပတိချုပ်...။ မင်းတို့ ခွေးသုံးကောင် ဒီကိုလာပြီးတော့ ဒီကောင့်ကို သွားဖိချုပ်ထားစမ်း။ ငါ သူ့ကို သင်းကွပ်မယ်"

"ဟုတ်ကဲ့ပါ အရှင်မင်းမြတ် မိုဟန်ဘုရင်မ..."

ထိုလူသုံးယောက်သည် အမှန်တကယ်ပင် အမိန့်နာခံသော ခွေးများကဲ့သို့ အမြီးတနှံ့နှံ့ဖြင့် ပြေးဝင်လာကြသည်။

ထို့နောက် ထိုသုံးယောက်က သူတို့၏ ကိုယ်တွင်းမှ အလွန်အစွမ်းထက်လှသော စွမ်းအင်များကို ရုတ်တရက် ထုတ်လွှတ်လိုက်ကြပြီး တုပိုင်အား အပြည့်အဝ ဖိနှိပ်ချုပ်ကိုင်ထားလိုက်ကြ၏။

သူတို့သုံးယောက်ကား ငရဲနယ်ပယ် အထွတ်အထိပ်အဆင့် စွမ်းအားရှင်များ ဖြစ်ကြကာ အစစ်အမှန် ထိပ်တန်းစွမ်းအားရှင်ကြီးများဖြစ်ကြပြီး လူသားမျိုးနွယ်တစ်ခုလုံး၌ အမြင့်ဆုံးသော ကျင့်ကြံသူများပင် ဖြစ်ကြ၏။ သူတို့ တစ်ယောက်ချင်းစီတိုင်း၏ ကျင့်ကြံခြင်းအဆင့်မှာ တုပိုင်ထက် အဆင့်တစ်ဒါဇင်ကျော်မျှ ပို၍ မြင့်မားနေသော်ငြား ယခုအခါတွင်မူ ခွေးသုံးကောင်ဘဝသို့ အရှက်ရဖွယ် ကျရောက်သွားခဲ့ပြီ ဖြစ်၏။ သာမန် အစေခံခွေးတစ်ကောင်မျှပင် မဟုတ်လေဘဲ အစစ်အမှန် ခွေးတစ်ကောင်အဖြစ်သို့ လုံးဝ ကူးပြောင်းသွားခဲ့ခြင်းပင် ဖြစ်လေသည်။

မည်သို့ပင်ဆိုစေကာမူ ထိုလူသုံးယောက်သည် အလွန်တရာ အစွမ်းထက်လှပြီး သူတို့၏ ပြင်းထန်လှသော ဖိနှိပ်မှုအောက်တွင် ဗုဒ္ဓက ဆွန်းဝူခုန်းအား ဖိနှိပ်ထားသကဲ့သို့ တုပိုင်မှာ လုံးဝ လှုပ်ရှားရုန်းကန်၍ မရနိုင်တော့ချေ။

မိုဟန်ဘုရင်မက ဖြည်းညင်းစွာ လျှောက်လှမ်းလာပြီး သူမ၏ လှပသော မျက်လုံးအစုံဖြင့် တုပိုင်အား အေးစက်စွာ စိုက်ကြည့်လိုက်၏။ ထိုအကြည့်များထဲတွင်တော့ အဆုံးမဲ့ လှောင်ပြောင်သရော်မှုများက အပြည့်အနှက် နေရာယူထားလေသည်။

"တုပိုင်...။ မဟာဝိညာဉ်မိစ္ဆာ လေးကောင်ထဲမှာ ငါ့ရဲ့ စိတ်ဆန္ဒကသာ ဝိညာဉ်မိစ္ဆာကို အပြည့်အဝ ဖိနှိပ်နိုင်ခဲ့တာလို့ မင်းကို ငါရဲရဲကြီး ပြောရဲတယ်။ ဒါကြောင့်မို့လို့ မင်း ငါ့ကို ဝိညာဉ်မိစ္ဆာတစ်ကောင်လို့ ဘယ်တော့မှ မသတ်မှတ်နဲ့။ အဲဒါက ငါ့ခန္ဓာကိုယ်ထဲမှာ ရှိနေတယ်ဆိုပေမဲ့ ငါ့အတွက်တော့ အပိုပစ္စည်းတစ်ခုသက်သက်ပဲ" မိုဟန်ဘုရင်မက မောက်မာစွာဖြင့် ကြွားဝါလိုက်၏။

"ဟုတ်တယ်။ မိုဟန်ဘုရင်မရဲ့ စိတ်ဆန္ဒက ငါ့ကို နက်နက်ရှိုင်းရှိုင်း လွှမ်းမိုးထားနိုင်တယ်။ ငါကတော့ သူ့ကို ဝိညာဉ်မိစ္ဆာထက် ပိုကောင်းတယ်လို့ ထင်တယ်။ သူ့လို ပါရမီရှင်မျိုးက ဘယ်နေရာရောက်ရောက် တောက်ပနေမှာပဲ..." မိစ္ဆာသခင်က ပြုံးလျက် ဝင်ရောက်ထောက်ခံလိုက်၏။

ဦးနှောက်ချို့ယွင်းနေသော ဘုရင်မတစ်ပါး၏ စိတ်ဆန္ဒက ခိုင်မာမနေဘဲ ရှိနေမည်လော။ မူရုံဖူဆိုသည်ကား သူမနှင့်ယှဉ်လျှင် အဘယ်အရာ ဖြစ်မည်နည်း။ အနည်းဆုံးတော့ မူရုံဖူထံ၌ သတိဝင်လာတတ်သော အချိန်လေးများ ရှိသေး၏။ မိုဟန်ဘုရင်မမှာမူ အမြဲတမ်းလိုလို ဦးနှောက်ချို့ယွင်းနေမည်သာ ဖြစ်သည်။

"တုပိုင်...။ အရှေ့ဘက် ပြည်ထောင်စု စစ်တပ်ကို ဦးဆောင်ပြီး မင်းရဲ့ ကွမ်ရှီးကို ငါတိုက်ခိုက်တုန်းက မင်းက ငါ့တပ်ကို လုံးဝ ချေမှုန်းပစ်ခဲ့လို့ ငါ သွေးအန်ခဲ့ရတယ်..." မိုဟန်ဘုရင်မက မိစ္ဆာဆန်သော လှောင်ပြုံးတစ်ပွင့်ဖြင့် ဆိုလိုက်၏။ "ဒါပေမဲ့ ဘုရင်မတစ်ပါးက လက်စားချေဖို့အတွက် ဆယ်နှစ်ဆိုတဲ့ အချိန်က အရမ်းတော့ နောက်မကျသွားသေးပါဘူး။ ဒီနေ့လို နိဂုံးချုပ်မျိုး မင်းကြုံရမယ်ဆိုတာကို မင်း မျှော်လင့်ထားသင့်တယ်။ မင်းက ဝက်တစ်ကောင် ၊ ခွေးတစ်ကောင်လိုပဲ။ ငါ မင်းကို သတ်ပစ်မယ်"

တုပိုင်က အထင်တသေးအပြုံးဖြင့် ခနဲ့လိုက်၏။ "မင်းပေါ်လာတာက ငါ့ကို အံ့ဩစရာတွေ ၊ တုန်လှုပ်စရာတွေ အပြည့်ဖြစ်စေမယ်လို့ ငါ တကယ်ကို မထင်ထားခဲ့ဘူး။ မင်းကို ငါ ပထမဆုံးတွေ့တုန်းက မင်းလို ဦးနှောက်သေနေတဲ့ မိန်းမတစ်ယောက်က အလွန်ဆုံးနေရ ခြောက်လပဲလို့ ငါထင်ခဲ့တာ...။ အခုချိန်ထိ အသက်ရှင်နေပြီးတော့ ဘိုးဘေးတွေရဲ့နေရာကို တကယ် ပြန်ရယူနိုင်ခဲ့တာက ဒီကမ္ဘာကြီးက တကယ်ကို အဓိပ္ပာယ်မရှိလွန်းတာပဲ။ ဒါပေမဲ့... အရှင်မင်းမြတ် မိုဟန်ဘုရင်မ။ မသေမျိုး သန်းနှစ်ရာ ၊ သုံးရာလောက်ကို အုပ်ချုပ်ရတာကို စိတ်ဝင်စားစရာကောင်းတယ်လို့ ခင်ဗျား ထင်နေတာလား"

"စိတ်ဝင်စားစရာကောင်းတာပေါ့..." မိုဟန်ဘုရင်မက ချက်ချင်း တုံ့ပြန်၏။ "ဘာပဲဖြစ်ဖြစ် ငါလိုချင်တာက တိုင်းပြည်ပဲ။ မြေပုံပေါ်မှာ ငါ့တိုင်းပြည်ကို မြင်နေရသရွေ့ ၊ ကောင်းကင်ယံကနေ ပျံသန်းပြီးတော့ ငါ့ရဲ့ နယ်မြေကို မြင်နေရသရွေ့ပေါ့လေ။ နယ်မြေထဲမှာ လူတွေရှိနေမလား ၊ သရဲတွေရှိနေမလားဆိုတာကို ငါ ဂရုမစိုက်ဘူး"

တုပိုင်က လက်မထောင်ပြကာ ချီးကျူးဟန်ဖြင့် လှောင်ပြောင်ဆိုလိုက်၏။ "မင်းက တကယ်မိုက်တယ်။ မင်းလို ​မောက်မာပြီး ရူးနေတဲ့ ဇာတ်ကောင်မျိုးက နှစ်တစ်ရာမှာ တစ်ယောက်ပေါ်ဖို့တောင် ခဲယဉ်းတယ်"

မိုဟန်ဘုရင်မက အထင်အသေးဖြင့် လှောင်ပြုံးပြုံးရင်း ဆိုလေသည်။ "အခုမှ ငါ့ကိုလာပြီးတော့ ဖားချင်နေတာလား။ နည်းနည်း နောက်ကျသွားပြီလို့ မထင်ဘူးလား"

ဦးနှောက်ချို့ယွင်းသည်ဆိုသည်မှာ မောက်မာသည်သာမဟုတ်ဘဲ အမှန်တကယ်ကြီး ဦးနှောက်ချို့ယွင်းခြင်းသာ ဖြစ်ပေ၏။ တစ်ဖက်လူက ခနဲ့၍ ပြောနေခြင်းကို လုံးဝ နားမလည်လေဘဲ တုပိုင်က သူမအား ဖားယားနေသည်ဟုသာ ထင်မှတ်နေတော့သည်။

ထို့ကြောင့် တုပိုင်က စကားလမ်းကြောင်းကို အသာပြောင်းလိုက်၏။ "မင်းရဲ့ သခင်က သခင်လေးဖန်းချန် မဟုတ်ဘူးလား။ ဘာလို့ ဒီလောက်မြန်မြန်ကြီး အုပ်စုပြောင်းသွားရတာလဲ"

"အဲဒီ အမှိုက်ကောင်လား...။ ငါ့ဘိုးဘေးတွေရဲ့ နေရာကို ပြန်ရအောင် ကူညီပေးမယ်လို့ ကတိပေးထားခဲ့တာလေ။ ရလဒ်ကရော...။ ရလဒ်က ဘာဖြစ်သွားလဲ။ သူ ငါ့ကိုပေးတဲ့ သိန်းချီတဲ့ စစ်တပ်က မင်းလက်ထဲမှာတင် တစ်တပ်လုံး ပြုတ်ပြုတ်ပြုန်းသွားခဲ့ရတယ်။ အဲဒီလို အမှိုက်ကောင်မျိုးကို အသက်ရှင်ခွင့်ပေးထားပြီးတော့ ဘာလုပ်ရမှာလဲ။ မဟာမိစ္ဆာသခင်ကြီးက သူ့ကို အသုံးဝင်သေးလို့ ချန်ထားခဲ့တာသာ မဟုတ်ရင် ငါ သူ့ကို တစ်စစီ ခုတ်ထစ်ပစ်ပြီးပြီ။ ဟေး...။ ဒီကို လာကြစမ်း။ ခုနက ဧကရာဇ်ထိုက်ခန်ကို စားပစ်လိုက်တဲ့ ခွေးသုံးကောင် ဘယ်ရောက်သွားပြီလဲ။ သူတို့ကို ငါ့ဆီ ချက်ချင်း ခေါ်လာခဲ့"

မိုဟန်ဘုရင်မက ဒေါသတကြီးဖြင့် အေးစက်စွာ တုံ့ပြန်လိုက်သည်။

မကြာမီမှာပင် ထိုခွေးသုံးကောင်အား အနားသို့ ဆွဲခေါ်လာကြတော့သည်။ မိုဟန်ဘုရင်မသည် လက်ဆိုင်းမနေဘဲ ထိုခွေးသုံးကောင်အား အပိုင်းပိုင်းအစစ ဖြစ်သွားသည်အထိ ရက်စက်စွာ ခုတ်ထစ်ပစ်လိုက်လေ၏။

"ဖန်းချန် ဆိုတဲ့ အဲဒီအမှိုက်ကောင်က ခွေးဗိုက်ထဲ ရောက်သွားရင်တောင်မှ ငါ သူ့ကို အပိုင်းပိုင်းအစစ ခုတ်ထစ်ပစ်ဦးမှာပဲ"

မိုဟန်ဘုရင်မက ကြမ်းတမ်းစွာ ကြိမ်းဝါးလိုက်၏။

"ငါ မင်းကိုလည်း အပိုင်းပိုင်းအစစ ခုတ်ထစ်ပစ်မယ်လို့ ပြောထားတယ်နော်။ ဖြတ်တောက်တာကနေ အရင် စလိုက်ရအောင်။ တုပိုင်...။ မင်းက သင်းကွပ်ခံထားရတဲ့ ခွေးတစ်ကောင်ပါ။ တာ့နင်အင်ပါယာတုန်းကလည်း မင်းက မိန်းမစိုးတစ်ယောက်ပဲလေ။ အခု သင်းကွပ်ခံရတဲ့ ခွေးတစ်ကောင် ဖြစ်သွားလည်း ဘာမှတော့ မထူးသွားပါဘူး"

ထို့နောက် သူမက အလွန်ထက်မြက်သော ဓားတစ်လက်ကို ရုတ်တရက် ဆွဲထုတ်လိုက်၏။ ထိုအရာကား သာမန်ဓားတစ်လက် မဟုတ်လေဘဲ အလွန်အင်အားကြီးမားလှသော စွမ်းအင်များ အပြည့်အဝ ပါဝင်နေကာ ဖျက်ဆီး၍မရနိုင်လုနီးပါး ဖြစ်နေသည့် အလင်းဓားတစ်လက်ပင် ဖြစ်လေသည်။ မိုဟန်ဘုရင်မက ထိုအလင်းဓားအား တုပိုင်၏ ခြေထောက်နှစ်ချောင်းကြားသို့ ခြိမ်းခြောက်ဟန်ဖြင့် တေ့ထားလိုက်သည်။

"အဆွေတော် တုပိုင်...။ ကျေးဇူးပြုပြီးတော့ ငါ့ခွေး ဖြစ်လိုက်ပါ။ ငါက သင်းကွပ်ထားတဲ့ ခွေးတစ်ကောင်ကို တကယ်ကို လက်မခံချင်ဘူး။ စကားနားထောင်မယ်ဆိုပေမဲ့ တက်ကြွမှုတွေ အများကြီး ဆုံးရှုံးသွားလိမ့်မယ်" ကံကြမ္မာမိစ္ဆာသခင် ကျောက်ယန်ဖိန်က အေးစက်စက် အပြုံးဖြင့် ဖြားယောင်းလိုက်၏။

သို့သော် ငရဲနယ်ပယ် စွမ်းအားရှင် သုံးယောက်၏ အပြင်းအထန် ဖိနှိပ်မှုကို ခံထားရသော တုပိုင်ကမူ တဟားဟားဖြင့် လှောင်ပြောင်ရယ်မောလိုက်သည်။

"တုပိုင်...။ မင်း ငါ့ကို အတင်းအကျပ် လုပ်ခိုင်းတာနော်။ မင်း ငါ့ကို ဖိအားပေးတာပဲ။ ငါ အခု ရေတွက်တော့မယ်။ ကိုးကနေ စရေတွက်မယ်။ မင်း ငါ့ခွေးလုပ်ဖို့ သဘောမတူသေးဘူးဆိုရင်... စာချုပ်ချုပ်ဖို့ သဘောမတူသေးဘူးဆိုရင် ငါ မင်းကို သင်းကွပ်ပစ်တော့မယ်"

ကံကြမ္မာမိစ္ဆာသခင်က ဝမ်းနည်းဒေါသထွက်နေသည့် ဟန်ဆောင်မှုဖြင့် အသံမြှင့်ကာ ကြုံးဝါးလိုက်၏။

"ကိုး...။"

"ရှစ်...။"

"ခုနစ်...။"

"ဖြတ်စမ်း..."

ရေတွက်၍ပင် မဆုံးသေးခင်မှာပင် မိုဟန်ဘုရင်မ၏ အလင်းဓားက ရုတ်တရက် အောက်သို့ အရှိန်ပြင်းစွာဖြင့် ကျဆင်းလာတော့၏။ ချက်ချင်းပင် တုပိုင်၏ ခြေထောက်နှစ်ချောင်းကြားရှိ မျိုးဆက်ပွားအင်္ဂါမှာ ရွှပ်ဟူသော အသံနှင့်အတူ အမြစ်ပြတ် ခုတ်ဖြတ်ခံလိုက်ရပြီး ကွန်ကရစ်ကြမ်းပြင်ပေါ်သို့ ပြုတ်ကျသွားလေတော့သည်။

တစ်ချိန်တည်းမှာပင် စန္ဒရားသံများနှင့်အတူ လှပသော ဂီတသံစဉ်များက လေထုထဲ၌ ပဲ့တင်ထပ်၍ ထွက်ပေါ်လာ၏။

"နတ်သမီးပုံပြင်တွေ အားလုံးက... လှည့်စားမှုတွေချည်းပဲလို့... မင်းက ငိုပြီး ငါ့ကိုပြောခဲ့တယ်..." ကံကြမ္မာမိစ္ဆာသခင် ကျောက်ယန်ဖိန်က သရော်လှောင်ပြောင်သည့် အမူအရာဖြင့် တီးခတ်ရင်း သီချင်းဆိုလိုက်သည်။ အလွန်လှပသော တေးသွားများက ဧရာမခန်းမဆောင်ကြီးထက်တွင် တစ်ဖန်ပြန်လည် လွင့်ပျံလာပြန်၏။

တုပိုင်အား သင်းကွပ်လိုက်ပြီးနောက် မိုဟန်ဘုရင်မ၏ မျက်လုံးများထဲတွင်တော့ အလွန်ရက်စက်ပြီး ပျော်ရွှင်ကျေနပ်နေသည့် အရိပ်အယောင်များက အထင်းသား ပေါ်ထွက်လာတော့၏။

ဆယ်နှစ်ကျော်ကြာပြီးသည့်နောက်တွင်တော့ သူမ နောက်ဆုံး၌ အစစ်အမှန် ပျော်ရွှင်မှုကို ရှာဖွေတွေ့ရှိသွားပြီ ဖြစ်၏။ ဤသည်မှာ အလွန်ပင် ကျေနပ်ဖွယ်ကောင်းလှပေသည်။ နောက်ဆုံးတွင်တော့ သူမ တုပိုင်အား လက်စားချေနိုင်ခဲ့ပြီဖြစ်ကာ အရှင်လတ်လတ် ထပ်မံ၍ သင်းကွပ်နိုင်ခဲ့ပြီ ဖြစ်၏။ ဤအခိုက်အတန့်လေးကို သူမ စောင့်မျှော်နေခဲ့ရသည်မှာ ဆယ်နှစ်ကျော်မျှပင် ကြာမြင့်ခဲ့ပြီ မဟုတ်ပါလော။

"တုပိုင်...။ မင်းကို ဒီလိုပုံစံလေး ပြန်မြင်ရတာ အရမ်းကို မျက်စိပသာဒဖြစ်တာပဲ။ ဘာပဲဖြစ်ဖြစ် မင်းကို ငါ ပထမဆုံးမြင်တုန်းက မင်းက မိန်းမစိုးလေး တစ်ယောက်ပဲလေ..." မိုဟန်ဘုရင်မက သွေးအေးစွာ ပြုံးလိုက်၏။ "အခုလည်း သံသရာတစ်ကွေ့ ပြန်လည်လာတာပါပဲ။ မင်း အရင်တုန်းကပုံစံ ပြန်ဖြစ်သွားတာပေါ့"

"တုပိုင်...။ မင်း နာနေလား။ မင်းကိုယ်မင်း စွန့်လွှတ်လိုက်လို့ မဖြစ်ဘူးနော်။ မိန်းမစိုးတွေတောင်မှ ဘဝကို တက်တက်ကြွကြွနဲ့ အရောင်အသွေးစုံလင်အောင် နေလို့ရပါတယ်။ မိန်းမစိုးတွေမှာလည်း ရည်မှန်းချက်တွေ ရှိနိုင်တာပဲလေ" ကျောက်ယန်ဖိန်က တုပိုင်အနားသို့ အပြေးလေးသွားကာ ခနဲ့တဲ့တဲ့ အပြုံးဖြင့် သရော်၍ နှစ်သိမ့်လိုက်၏။

ဘေးနားတွင် ရပ်နေသည့် အိန်ဂျယ်က ရုတ်တရက် အော်ဟစ်ငိုယိုလိုက်တော့သည်။ "ရှင်တို့ ဘယ်လိုလုပ် ဒီလိုလုပ်ရက်ရတာလဲ...။ ရှင်တို့ ဘယ်လိုလုပ်ရက်ကြတာလဲ။ ကျွန်မ တုပိုင်နဲ့ လက်ထပ်ထားတာ မကြာသေးဘူးလေ။ အခု သူ့ကို သင်းကွပ်ပစ်လိုက်တော့ နောင်ကျရင် ကျွန်မ ဘယ်လို ရှေ့ဆက်အသက်ရှင်ရတော့မလဲ။ ရှင်တို့က ကျွန်မကို မုဆိုးမဖြစ်အောင် လုပ်နေတာလား..." ထို့နောက် သူမက တုပိုင်အနားသို့ လျှောက်သွားပြီး မျက်ရည်များဝဲကာ ရင်ဖွင့်လာ၏။

"ယောကျ်ား... ရှင် လုံးဝ လက်လျှော့လိုက်လို့မဖြစ်ဘူးနော်။ ကျွန်မကတော့ ရှင့်ကို လုံးဝ ရွံရှာသွားမှာ မဟုတ်ပါဘူး။ ရှင့်ကို မိန်းမစိုးတစ်ယောက်အနေနဲ့ ၊ ခန္ဓာကိုယ်မသန်စွမ်းသူတစ်ယောက်အနေနဲ့ သဘောထားပြီးတော့ ဆက်ချစ်သွားမှာပါ"

"တုပိုင်... အခု မင်းလည်း သင်းကွပ်လိုက်ရပြီဆိုတော့ စကားနားထောင်သင့်ပြီ။ ငါ့အတွက် ခွေးတစ်ကောင် လုပ်ပေးသင့်ပြီလေ"

ဆက်လက်၍ ကျောက်ယန်ဖိန်က သူ၏လက်ဝါးအား တုပိုင်၏ ခေါင်းပေါ်သို့ အသာတင်လိုက်ကာ ဖြည်းညှင်းစွာ ဆိုလိုက်သည်။ သို့သော် တုပိုင်၏ နှုတ်ခမ်းထောင့်များကမူ လှောင်ပြောင်သည့် အပြုံးတစ်ခုအဖြစ်သို့ ကွေးညွတ်နေဆဲပင် ဖြစ်၏။

"သူ့သမီးကို ဒီကို ခေါ်လာခဲ့စမ်း..." ကျောက်ယန်ဖိန်က အေးစက်စွာ အမိန့်ပေးလိုက်၏။

မိနစ်အနည်းငယ်ကြာသောအခါ ဖမ်းဆီးချုပ်နှောင်ခံထားရသည့် တုရှောင်အား ခေါ်ဆောင်လာကြတော့သည်။ သူမသည် အလွန်အမင်း ထိတ်လန့်တုန်လှုပ်နေပြီး မျက်နှာတစ်ခုလုံး သွေးဆုတ်ကာ ဖြူလျော်နေလေ၏။

"ယန်ကျူး ၊ ဆိုမို...။ မင်းတို့ ရန်ယဲ့ရှောင်နဲ့ အိပ်ချင်ဖို့ဆိုတာ လုံးဝ မဖြစ်နိုင်ဘူး။ ဒါပေမဲ့ သူ့ရဲ့ သမီးနဲ့ အိပ်ဖို့ဆိုတာကတော့ ဖြစ်နိုင်ပါတယ်။ သွားကြ...။ မင်းတို့ရဲ့ နည်းလမ်းတွေ အကုန်သုံးပြီးတော့ ဒီအရမ်းကို ဖြူစင်တဲ့ ကောင်မလေးကို သေချင်စော်နံသွားအောင် သေချာလုပ်ကြစမ်း..."

ကံကြမ္မာမိစ္ဆာသခင် ကျောက်ယန်ဖိန်က ရက်စက်စွာ စေခိုင်းလိုက်၏။

"ဟုတ်ကဲ့ပါ..."

ရုပ်သေးမျိုးနွယ်စု စစ်သေနာပတိငယ် ဆိုမိုနှင့် လေလွင့်မဟာမိတ်အဖွဲ့ စစ်သေနာပတိငယ် ယန်ကျူးတို့ နှစ်ယောက်က သွေးအေးကြမ်းကြုတ်စွာဖြင့် ချဉ်းကပ်လာကြလေတော့သည်။ ယန်ကျူးက တုရှောင်၏ အင်္ကျီအား ဆွဲကိုင်လိုက်ပြီး ဆိုမိုကမူ တုရှောင်၏ ဘောင်းဘီအား ဆုပ်ကိုင်လိုက်၏။ သူတို့၏ ကြောက်မက်ဖွယ် ခွန်အားများဖြင့် လက်တစ်ဖက်တည်းဖြင့်ပင် သူမ၏ အဝတ်အစားများကို အပိုင်းပိုင်းအစစ ဆွဲဖြဲပစ်နိုင်ပြီး သူမအား အကြိမ်တစ်ရာမျှပင် စော်ကားနိုင်စွမ်းရှိပေသည်။

"တုပိုင်...။ ငါက အရမ်းကို ကြင်နာတတ်ပါတယ်။ ငါ့ခွေးလုပ်ဖို့ မင်း သဘောမတူဘူးလား။ ငါက ဘယ်သူ့ကိုမှ ဒီလိုမျိုး အတင်းအကျပ် မလုပ်ဖူးဘူးနော်။ မင်း သဘောမတူသေးဘူးဆိုရင်တော့ ငါ့နှလုံးသားလေး တကယ်ပဲ ကွဲကြေရလိမ့်မယ်..."

မိစ္ဆာသခင် ကျောက်ယန်ဖိန်၏ သွယ်လျသော လက်ဝါးလေးက တုပိုင်၏ ခေါင်းပေါ်သို့ ညင်သာစွာ ထိတွေ့လိုက်ပြီး နူးညံ့စွာ ဆိုလိုက်လေသည်။

ထို့နောက် စန္ဒရားသံက ငရဲခန်းအလား နေရာကြီးထဲတွင် တစ်ဖန် ပဲ့တင်ထပ်၍ ထွက်ပေါ်လာပြန်၏။ ကံကြမ္မာမိစ္ဆာသခင်၏ ကိုယ်ပွားက သူ၏ အလွန်လှပသော အသံဖြင့် ထပ်မံ၍ တီးခတ် သီဆိုလိုက်ပြန်သည်။ "ငါ့နှလုံးသားကို ခွဲမလား...။ မင်းကို နိုးထစေဖို့ ငါ့နှလုံးသားကိုခွဲပြီးတော့ ဒဏ်ရာကို ဆွဲဖြဲပြရမှာလား...။ ကောင်းကင်က လှပတဲ့ ကြယ်ကြွေလေးတွေက နာကျင်မှုတွေနဲ့ အမှတ်ရစရာတွေလိုပါပဲ..."

ကိုယ်ပွားဖြစ်သူက ဤနေရာတွင် တီးခတ်သီဆိုနေခြင်းဖြစ်ပြီး သူ၏ သီဆိုမှုအဆင့်မှာမူ မူရင်းအဆိုတော်ထက် အဆပေါင်းများစွာ သေချာပေါက် သာလွန်ကောင်းမွန်နေသည်။

ထို့နောက် အစစ်အမှန် ကံကြမ္မာမိစ္ဆာသခင် ကျောက်ယန်ဖိန်က ပို၍နူးညံ့သော အသံဖြင့် အေးစက်စွာ သတိပေးလိုက်၏။

"ငါ ကိုးကနေ စရေတွက်မယ်။ မင်း ငါ့ခွေးလုပ်ဖို့ သဘောမတူဘူးဆိုရင် ၊ စာချုပ်မချုပ်ဘူးဆိုရင် အဲဒီလူနှစ်ယောက်ကို မင်းရဲ့သမီးကို အလှည့်ကျ စော်ကားခိုင်းလိုက်မယ်။ အိုး... ငါ မင်းကို သတ်ပစ်တော့မယ်"

"ကိုး...။"

"ရှစ်...။"

"ခုနစ်...။"

"လုပ်ကြတော့..."

ကံကြမ္မာမိစ္ဆာသခင် ကျောက်ယန်ဖိန်က ရုတ်တရက် အမိန့်ပေးလိုက်၏။

"ယန်ကျူး ၊ ဆိုမို...။ မင်းတို့ရဲ့ အလှလေးကို ခံစားလိုက်ကြတော့။ တိုက်ရိုက်ထုတ်လွှင့်မယ်။ ငါက အနုပညာရုပ်ရှင်တွေကို ကြိုက်ပေမဲ့ တစ်ခါတလေတော့လည်း အချစ်ရုပ်ရှင်တွေကို သဘောကျသားပဲ..."

"အမိန့်တော်အတိုင်းပါပဲ..."

ယန်ကျူးနှင့် ဆိုမိုတို့က သွေးအေးရက်စက်စွာ ပြုံးလိုက်ကြသည်။ ထို့နောက် ထိုလူနှစ်ယောက်က တုရှောင်၏ အင်္ကျီနှင့် ဘောင်းဘီကို ရုတ်တရက် အားကုန်သုံးကာ ဆွဲဖြဲပစ်လိုက်ကြလေတော့၏။

သို့သော်လည်း အဝတ်အစားများအောက်မှ ပေါ်ထွက်လာသည်ကား တုရှောင်၏ ဆွဲဆောင်မှုရှိသော ခန္ဓာကိုယ်လေး မဟုတ်လေဘဲ သက်မဲ့ ရုပ်သေးရုပ် တစ်ရုပ်သာ ဖြစ်နေတော့သည်။

ထိုအရာကို မြင်လိုက်ရသည်နှင့် ကျောက်ယန်ဖိန်မှာ မအံ့ဩဘဲ မနေနိုင်တော့ချေ။ သူက အောက်သို့ အမြန်ငုံ့ကြည့်လိုက်ရာ တုပိုင်၏ ခန္ဓာကိုယ်ကြီးမှာ စတင်ပျောက်ကွယ်သွားပြီး အရိပ်အယောင်မျှပင် မကျန်တော့ဘဲ အစအန ပျောက်ကွယ်သွားသည်ကို တွေ့လိုက်ရသည်။

ထို့နောက် လေဟာပြင်ထဲမှ တုပိုင်၏ သရော်လှောင်ပြောင်သည့် အသံက ပဲ့တင်ထပ်၍ ထွက်ပေါ်လာလေတယဟ၏။

"ကျောက်ယန်ဖိန်...။ မင်းက ငါ တွေ့ဖူးသမျှထဲမှာ တကယ်ကို အတော်ဆုံးလူပဲ။ ဒါပေမဲ့ မင်းက ငါ့ထက် နည်းနည်းလေးတော့ ညံ့နေသေးတယ်...။"

ကမ္ဘာပျက်ကြီး၏နဂါးဧကရာဇ်။ အပိုင်း (၉၂၁ + ၉၂၂) ပြီး။

မူရင်းစာရေးဆရာ - Silent Cake And Pastries

ဘာသာပြန် - Author Chang’e 🌕

True Immortal Team

ကုန်းကုန်းဧကရာဇ်၏ ဒုတိယအတွဲ။

All Chapters