အခန်း (၉၂၅-၉၂၆)
Vol. 93 Ch. 925-926
ကမ္ဘာပျက်ကြီး၏နဂါးဧကရာဇ်။ အပိုင်း (၉၂၅ + ၉၂၆)
မူရင်းစာရေးဆရာ - Silent Cake And Pastries
ဘာသာပြန် - Author Chang’e 🌕
True Immortal Team
ကုန်းကုန်းဧကရာဇ်၏ ဒုတိယအတွဲ။
မိစ္ဆာသခင်က မေးခွန်းထုတ်လိုက်၏။ “တုပိုင်… ပထမအချီမှာ မင်းနိုင်သွားတယ်။ ဒါဆို ငါတို့နှစ်ယောက်ကြားက အထွတ်အထိပ်တိုက်ပွဲရဲ့ ဒုတိယအချီကို တရားဝင် စလိုက်ကြတော့မလား”
တုပိုင်က ပြန်ဖြေ၏။ “ကောင်းပြီလေ”
ကံကြမ္မာမိစ္ဆာသခင်က ဆို၏။ “ဧကရာဇ်ထိုက်ခန် လီရှောင်ချန် သေသွားပြီ။ မင်းက ထိုက်ခန်အင်ပါယာရဲ့ ဧကရာဇ်အသစ်ပဲ။ ဂုဏ်ပြုပါတယ်ကွာ”
ထို့နောက် ကံကြမ္မာမိစ္ဆာသခင် ကျောက်ယန်ဖိန်က အမည်နာမများကိုခေါ်ကာ အမိန့်ပေးလိုက်၏။ “အိပ်မက်ဆိုးမင်းသား ၊ ရုပ်သေးမျိုးနွယ်စု စစ်သေနာပတိ ၊ လေလွင့်မဟာမိတ်အဖွဲ့ စစ်သေနာပတိချုပ် ၊ မိုဟန်ဘုရင်မနဲ့ ဝိညာဉ်မိစ္ဆာ အိန်ဂျယ်…”
ချက်ချင်းပင် ထိုသူများအားလုံး မြေပြင်ပေါ်၌ ဒူးထောက်ချလိုက်ကြ၏။
မိစ္ဆာသခင် ကျောက်ယန်ဖိန်က စေခိုင်းလိုက်၏။ “မင်းတို့ရဲ့ လက်အောက်က လက်ရွေးစင်တွေအားလုံးကို ဦးဆောင်ပြီး ထိုက်ခန်အင်ပါယာကို တိုက်ခိုက်ဖို့နဲ့ လူသားအားလုံးကို ခေါင်းဖြတ်သတ်ဖို့ အမိန့်ပေးလိုက်တယ်။ တုပိုင်ရဲ့ သမီးကို ဖမ်းခေါ်လာပြီး အိပ်မက်ဆိုးမင်းသား ၊ ရုပ်သေးမျိုးနွယ်စု စစ်သေနာပတိ ၊ လေလွင့်မဟာမိတ်အဖွဲ့ စစ်သေနာပတိချုပ် အပါအဝင် မင်းတို့ငါးယောက်စလုံးနဲ့ တစ်ပြိုင်နက်တည်း လက်ထပ်ပေးလိုက်ကြ”
“အမိန့်တော်အတိုင်းပါ…”
ကံကြမ္မာမိစ္ဆာသခင် ကျောက်ယန်ဖိန်က ပြုံးလျက် ဆို၏။ “တုပိုင်… ငါ့ရဲ့ လက်အောက်ငယ်သား ငါးယောက်စလုံးက နဂါးတွေ ၊ ဖီးနစ်တွေချည်းပဲကွ။ မင်းသမီးလေးက ဒီငါးယောက်စလုံးနဲ့ တစ်ပြိုင်နက်တည်း လက်ထပ်ရတာ တကယ့်ကို ကြီးမားတဲ့ ကောင်းချီးမင်္ဂလာပဲမဟုတ်လား… ဟား ဟား ဟား”
တုပိုင်က မေးလိုက်၏။ “ငါတို့ရဲ့ ဒုတိယအချီ အထွတ်အထိပ်တိုက်ပွဲက စစ်ပွဲပေါ့… ဟုတ်လား”
ကံကြမ္မာမိစ္ဆာသခင်က ပြန်ဖြေ၏။ “ဟုတ်တယ်။ ဉာဏ်ပညာယှဉ်ပြိုင်မှု မဟုတ်ရင်တော့ စစ်ပွဲသက်သက်ပဲပေါ့။ ငါက ရုပ်သေးစစ်သည်နဲ့ ရုပ်သေးသားရဲဆန်း ငါးသန်း ၊ လေလွင့်မဟာမိတ် တပ်မကြီး တစ်သန်း ၊ အိပ်မက်ဆိုးစစ်သည် သုံးသိန်း ၊ မသေမျိုး လက်ရွေးစင် သန်းသုံးဆယ့်ငါးသန်းနဲ့ မိစ္ဆာ ငါးသောင်းကို စေလွှတ်မယ်။ စုစုပေါင်း စစ်သည်အင်အား သန်းလေးဆယ်က မင်းရဲ့ ထိုက်ခန်အင်ပါယာကို လာတိုက်လိမ့်မယ်”
စစ်သည်အင်အား သန်းလေးဆယ်လော။ ဤသည်မှာ အသက်ရှူမှားလောက်အောင် များပြားလှသော အရေအတွက်ပင် ဖြစ်၏။
သို့သော် ထိုအထဲတွင် အစွမ်းအထက်ဆုံးမှာ မသေမျိုးလက်ရွေးစင် သန်းသုံးဆယ့်ငါးသန်း မဟုတ်ဘဲ အိပ်မက်ဆိုးစစ်သည် သုံးသိန်းနှင့် မိစ္ဆာတပ်သား ငါးသောင်း ဖြစ်ကြောင်းကို တုပိုင် ကောင်းကောင်း သိနေ၏။
အခြားတစ်နည်းဆိုရလျှင် အစွမ်းအထက်ဆုံးမှာ မိစ္ဆာစစ်တပ် ငါးသောင်းပင် ဖြစ်၏။
တုပိုင်ဘက်မှ လူသားအင်ပါယာတွင် စစ်သည်အင်အား မည်မျှ ရှိသနည်း။ ထိုက်ခန်အင်ပါယာတစ်ခုလုံးတွင် စစ်သည်အင်အား နှစ်သန်းကျော်မျှသာ ရှိပြီး မြို့တော်ထဲတွင်မူ ငါးသိန်းခန့်သာ ရှိ၏။
ထို့ကြောင့် ရုပ်သေးစစ်သည်နှင့် ရုပ်သေးသားရဲဆန်း ငါးသန်းကပင် ထိုက်ခန်အင်ပါယာ၏ စစ်တပ်တစ်ခုလုံးထက် အင်အား ပိုမိုကြီးမားနေပြီဖြစ်သည်။
အိပ်မက်ဆိုးအင်ပါယာဆိုသည်မှာ လူသားခေါင်းဆောင်များဖြင့် ဖွဲ့စည်းထားသည့် အင်အားစုတစ်ခု ဖြစ်၏။ အိပ်မက်ဆိုးစစ်သည် သုံးသိန်း၏ တိုက်ခိုက်နိုင်စွမ်းမှာ ထိုက်ခန်အင်ပါယာ စစ်တပ်အားလုံးထက် များစွာ သာလွန်နေသည်။
မသေမျိုး လက်ရွေးစင် သန်းသုံးဆယ့်ငါးသန်း၏ တိုက်ခိုက်နိုင်စွမ်းမှာလည်း ထိုက်ခန်အင်ပါယာထက် အဆပေါင်းများစွာ သာလွန်နေပြီ ဖြစ်၏။ အစွမ်းအထက်ဆုံးဖြစ်သည့် မိစ္ဆာစစ်တပ် ငါးသောင်းဆိုလျှင်ကား ဆိုဖွယ်ရာပင် မရှိတော့ချေ။ ယှဉ်ပြိုင်နိုင်စွမ်း လုံးဝ မရှိတော့ပေ။
ထိုသို့ဆိုလျှင် ယခုတစ်ကြိမ် မိစ္ဆာသခင် စေလွှတ်လိုက်သော သန်းလေးဆယ် တပ်မကြီးမှာ ထိုက်ခန်အင်ပါယာ၏ စစ်အင်အားထက် အဆမည်မျှတိုင် သာလွန်နေမည်နည်း။
အဆတစ်ရာလော။ အဆနှစ်ရာလော။ အဆသုံးရာလော။
မည်သူမျှ မသိနိုင်ချေ။ အတိုချုပ်ပြောရလျှင် တုပိုင်သည် သမိုင်းတစ်လျှောက် အင်အားအကွာဟဆုံးသော စစ်ပွဲကြီးတစ်ခုကို ရင်ဆိုင်ရတော့မည် ဖြစ်၏။
ကံကြမ္မာမိစ္ဆာသခင်က လှောင်ပြောင်လိုက်၏။ “ငါ့ရဲ့ တပ်မကြီး သန်းလေးဆယ်က ထိုက်ခန်အင်ပါယာထက် အဆပေါင်းရာချီပြီး ပိုသန်မာတယ်ဆိုတာ ငါသေချာပေါက် သိတာပေါ့။ ဒါကြောင့် ငါတို့ရဲ့ ဒုတိယအချီ အထွတ်အထိပ်တိုက်ပွဲက အရမ်းကို မတရားဘူး။ ဒါပေမဲ့ ဒီကမ္ဘာပေါ်မှာ တရားမျှတမှုဆိုတာမှ မရှိတာ… ဟုတ်တယ်မလား”
“ဒါဆိုရင် အရှင်မင်းမြတ် တုပိုင်… ဒီအထွတ်အထိပ်တိုက်ပွဲရဲ့ ဒုတိယအချီကို မင်း လက်ခံရဲလား”
လက်ခံမည်လော။ သူ သေချာပေါက် လက်ခံရလိမ့်မည်။
တုပိုင် ထိန်းချုပ်နိုင်သော လူသားစစ်တပ်မှာ တစ်သန်းပင် မပြည့်ချေ။ သို့သော် သူသည် ကံကြမ္မာမိစ္ဆာသခင်၏ အိပ်မက်ဆိုးစစ်သည်များ ၊ မသေမျိုး လက်ရွေးစင်များနှင့် မိစ္ဆာစစ်သည်များ ပါဝင်သည့် စစ်တပ်ကြီး သန်းလေးဆယ်အား ရင်ဆိုင်ရတော့မည်လော။
ဤသည်မှာ လုံးဝကို အဓိပ္ပာယ်မရှိသော စစ်ပွဲကြီးတစ်ခုပင် ဖြစ်၏။
ဤသည်က တုပိုင်အနေဖြင့် မင်မင်းဆက် စစ်တပ်ကို ဦးဆောင်ကာ ဒုတိယကမ္ဘာစစ်အတွင်းက ဂျပန်စစ်သည်သန်းပေါင်းများစွာကို တိုက်ခိုက်ရသည်နှင့် အတူတူပင် ဖြစ်နေ၏။
ကံကြမ္မာမိစ္ဆာသခင် ကျောက်ယန်ဖိန်က ဆက်ပြော၏။ “အရှင်မင်းမြတ် တုပိုင်… ဒါက ခက်ခဲမှန်း ငါသိပါတယ်။ ဒါပေမဲ့ ဒါမှလည်း မင်းရဲ့ ကယ်တင်ရှင်စွမ်းရည်တွေကို ပြသနိုင်မှာပေါ့။ ပြီးတော့ မင်းမှာ ငြင်းဆန်ခွင့် လုံးဝမရှိဘူး။ ဘာလို့လဲဆိုတော့ ကမ္ဘာပျက်ကပ် ကမ္ဘာမြေကြီးတစ်ခုလုံးက ငါတို့ပိုင်တာလေ။ ဟုတ်တယ်… မင်း ကမ္ဘာ့အဆုံးထိ ထွက်ပြေးလည်း အလကားပဲ။ မင်း လက်ခံသည်ဖြစ်စေ ၊ လက်မခံသည်ဖြစ်စေ ငါကတော့ ထိုက်ခန်အင်ပါယာကို တိုက်ခိုက်ဖို့နဲ့ လူသားမျိုးနွယ်ကို ဖျက်ဆီးပစ်ဖို့ တပ်သားသန်းလေးဆယ်ကို စေလွှတ်သွားမှာပဲ။”
“အကြောင်းပြချက်က ရိုးရှင်းပါတယ်။ အဲဒါက မင်းကို လက်စားချေတာပဲ။ မင်းက ငါ့ကိုတောင် အနိုင်ယူရဲတယ်ပေါ့။ မင်းက ငါ့ကို ဒေါသထွက်စေတယ်။ ဝမ်းနည်းစေတယ်။ ဒါကြောင့် ငါ့ဒေါသတွေ ပြေဖို့အတွက် လူသားသန်းဆယ်ချီကို သတ်ပစ်ဖို့ ဆုံးဖြတ်လိုက်ပြီ”
တုပိုင် သဘောတူလိုက်၏။ “ဒုတိယအချီ အထွတ်အထိပ်တိုက်ပွဲကို ငါ လက်ခံတယ်”
သေချာပေါက်ပင် တုပိုင်၏ အစစ်အမှန် ခန္ဓာကိုယ်မှာ ဤနေရာ၌ ရှိမနေဘဲ အလင်းပုံရိပ်အဖြစ်သာ စကားပြောဆိုနေခြင်း ဖြစ်၏။
ထိုသို့ ပြောလိုက်ချိန်တွင် ပရိသတ်အားလုံးမှာ အံ့အားသင့် မှင်သက်သွားရတော့၏။ ဤသည်ကား အရူးတစ်ယောက်ပင်။ လုံးလုံးလျားလျားကို ရူးသွပ်နေသော အရူးတစ်ယောက်ပင် ဖြစ်သည်။
တုပိုင်က အိပ်မက်ဆိုးမင်းသား ၊ ရုပ်သေးမျိုးနွယ်စု စစ်သေနာပတိနှင့် လေလွင့်မဟာမိတ်အဖွဲ့ စစ်သေနာပတိချုပ်တို့အား အကဲခတ် ကြည့်ရှုလိုက်ရင်း မေးခွန်းထုတ်လိုက်၏။ “လွန်ခဲ့တဲ့နှစ်အနည်းငယ်က ကံကြမ္မာမိစ္ဆာသခင်က အိပ်မက်ဆိုးအင်ပါယာကို တိုက်ခိုက်ပြီး အိပ်မက်ဆိုးဧကရာဇ်ကို သတ်ပစ်ခဲ့တယ်။ မျှော်လင့်ချက်အလင်းရောင် လုံးဝမရှိတော့လောက်အောင်ကို စိတ်ပျက်အားငယ်သွားတဲ့အတွက် မင်းတို့ လက်နက်ချခဲ့ကြတယ်ဆိုတာ ငါသိပါတယ်။ ဒါပေမဲ့ ငါမေးချင်တာက မျှော်လင့်ချက်မဲ့နေတဲ့ အခြေအနေမှာ ဒီနေ့ ငါကြုံတွေ့နေရတဲ့ အခြေအနေထက် မင်းတို့က ပိုပြီး စိတ်ပျက်အားငယ်စရာ ကောင်းနေလို့လား”
တကယ်တော့ ထိုသို့မဟုတ်ချေ။
ထိုနေ့က မဟာအိပ်မက်ဆိုး သေဆုံးသွားပြီးနောက်တွင် အနည်းဆုံးတော့ လေလွင့်မဟာမိတ်အဖွဲ့ ၊ ရုပ်သေးမျိုးနွယ်စုနှင့် ထိုက်ခန်အင်ပါယာတို့မှာ ပျက်စီးခြင်းမရှိဘဲ တည်ရှိနေခဲ့သေး၏။
သို့သော် ယခုအခါတွင်မူ တုပိုင်၌ ပျက်စီးယိုယွင်းနေသော ထိုက်ခန်အင်ပါယာသာ ကျန်ရှိတော့ပြီး အဆပေါင်းရာချီ၍ ပိုမိုအင်အားကြီးမားသော ရန်သူကို ရင်ဆိုင်ရတော့မည် ဖြစ်၏။
တုပိုင်က ဆက်ပြော၏။ “ဒါပေမဲ့ ဒီအချီကို ငါ ဆက်ကစားမယ်”
ထို့နောက် တုပိုင်က စိန်ခေါ်လိုက်၏။ “ကျောက်ယန်ဖိန်… ဒီဒုတိယအချီ အထွတ်အထိပ်တိုက်ပွဲမှာ ငါရှုံးသွားခဲ့ရင်တော့ ပြောစရာစကား မရှိပါဘူး။ လူသားမျိုးနွယ်က ချက်ချင်း မျိုးသုဉ်းသွားမှာဖြစ်ပြီး ငါလည်း တစ်စစီ အပိုင်းပိုင်းဖြတ်ခံရမှာပဲ။ ငါ့သမီးလေးလည်း အပိုင်းပိုင်းအစစ ဖြစ်သွားလိမ့်မယ်။ ဒါပေမဲ့ အကယ်လို့ ငါနိုင်သွားရင်ကော”
အနိုင်ရမည်လော။ တုပိုင် အိပ်မက်မက်နေသည်လော။
လီရှောင်ချန် သေဆုံးသွားပြီးနောက်တွင် တုပိုင်အနေဖြင့် ထိုက်ခန်အင်ပါယာကို အပြည့်အဝ ထိန်းချုပ်နိုင်မည် မဟုတ်ချေ။ အကယ်၍ သူ ထိန်းချုပ်နိုင်ခဲ့လျှင်ပင် စစ်တပ်မည်မျှ ရရှိနိုင်မည်နည်း။
တစ်သန်းလော။ တစ်သန်းခွဲလော။ ကံကြမ္မာမိစ္ဆာသခင်၏ အင်အားကြီးမားလှသော တပ်မကြီး သန်းလေးဆယ်အား မည်သို့ ရင်ဆိုင်နိုင်ပါမည်နည်း။
နှစ်ဖက်စလုံး၏ တိုက်ခိုက်နိုင်စွမ်း ကွာဟချက်မှာ အဆပေါင်း ရာချီ၍ နေ၏။ သို့တိုင်အောင် အနိုင်ရချင်နေသေးသည်လော။ ဤသည်က မိုက်မဲစွာ အိပ်မက်မက်နေခြင်းမျိုး မဟုတ်တော့ဘဲ ရူးသွပ်စွာ ပြောဆိုနေခြင်းသာ ဖြစ်၏။
ကံကြမ္မာမိစ္ဆာသခင်က ပြန်မေး၏။ “မင်းနိုင်ရင် ဘာလိုချင်လို့လဲ”
တုပိုင်က တောင်းဆိုလိုက်၏။ “မိုဟန်ဘုရင်မ ၊ လီဝမ်ဝမ် ၊ အိန်ဂျယ်နဲ့ အန်ဂျလာ ဆိုတဲ့ ဝိညာဉ်မိစ္ဆာ လေးယောက်ကို ငါ့ဆီပေးရမယ်”
မိုဟန်ဘုရင်မက စူးရှသောအသံဖြင့် အော်ဟစ်လိုက်၏။ “အိပ်မက်ဆက်မက်နေလိုက်စမ်း… တုခွေး… နင့်ကိုယ်နင့် ဘယ်နေရာရောက်နေပြီ ထင်နေလဲ။ အခုပဲ ငါလာပြီး နင့်ကို တစ်စစီဖြစ်အောင် သတ်ပစ်မယ်။ နင့်ရဲ့ သိုင်းစွမ်းရည်လောက်နဲ့ကတော့ ငါက အလွယ်လေး သတ်ပစ်လို့ရတယ်”
မိစ္ဆာသခင်က ကတိပေး၏။ “ငါ သဘောတူတယ်။ မင်းနိုင်ရင် ဒီလူလေးယောက်စလုံးကို မင်းဆီ ငါပေးမယ်”
“ကတိက ကတိပဲနော်…”
“ကတိက ကတိပါပဲ…”
တုပိုင်က ကြေညာလိုက်၏။ “ငါ ထိုက်ခန်အင်ပါယာရဲ့ မြို့တော်မှာ ရှိနေတယ်။ မင်းရဲ့ သန်းချီတဲ့ စစ်တပ်တွေ လာတိုက်မယ့်အချိန်ကို စောင့်နေမယ်”
ထို့နောက် သူ၏ အလင်းပုံရိပ်မှာ ပျောက်ကွယ်သွားတော့၏။
ကံကြမ္မာမိစ္ဆာသခင်၏ မျက်နှာပေါ်တွင် အပြုံးတစ်ခု ထွက်ပေါ်လာသော်ငြား ထိုအပြုံးမှာ ကြက်သီးထဖွယ် ကောင်းလွန်းလှ၏။
ကျောက်ယန်ဖိန်က အေးစက်သောအသံဖြင့် အမိန့်ပေးလိုက်၏။ “မင်းတို့တွေ ရပ်ပြီး ဘာလုပ်နေကြတာလဲ။ ချက်ချင်း စစ်တပ်ကို စုဆောင်း ၊ ထိုက်ခန်အင်ပါယာကို ဖျက်ဆီးပြီး လူသားမျိုးနွယ်ကို အဆုံးသတ်လိုက်ကြစမ်း။ မင်းတို့ ယောက်ျား ငါးယောက်စလုံး တုပိုင်ရဲ့ သမီးကို ဖမ်းခေါ်လာပြီး လက်ထပ်နိုင်ဖို့ ကြိုးစားကြ”
ချက်ချင်းဆိုသလိုပင် ရုပ်သေးမျိုးနွယ်စု စစ်သေနာပတိ ၊ လေလွင့်မဟာမိတ်အဖွဲ့ စစ်သေနာပတိချုပ် ၊ မိုဟန်ဘုရင်မနှင့် အခြားသူများအားလုံးမှာ ခြေရာလက်ရာမကျန် ပျောက်ကွယ်သွားကြတော့၏။
အိပ်မက်ဆိုးအင်ပါယာ၏ မင်းသားမှာ ထွက်ခွာသွားရန် ပြင်လိုက်သော်ငြား ကျောက်ယန်ဖိန်က သူ့အား တားဆီးလိုက်၏။
ကျောက်ယန်ဖိန်က ပြုံးလျက် မေးလိုက်၏။ “ထိုက်ခန်အင်ပါယာကို ဖျက်ဆီးပြီး တုပိုင်ကို သတ်ပစ်ပြီးတဲ့အခါ ၊ သူ့ရဲ့ သမီးကို မင်းတို့ငါးယောက်ရဲ့ ဇနီးအဖြစ် ငါပေးမယ်။ မင်း ပျော်လား”
အိပ်မက်ဆိုးမင်းသားက ဦးညွှတ်အရိုအသေပေးလျက် ဖြေ၏။ “ကျွန်တော်မျိုး ပျော်ရွှင်ရပါတယ်”
ကျောက်ယန်ဖိန်က ဆို၏။ “ပျော်ရင် ပြီးတာပါပဲကွာ… မင်းကို ဇနီးအသစ်တစ်ယောက် ပေးပြီးပြီဆိုတော့ မင်းရဲ့ ဇနီးဟောင်းကတော့ ငါတို့ကို ပျော်ရွှင်အောင် လုပ်ပေးလိမ့်မယ်။ မင်းတို့ငါးယောက်က တုပိုင်ရဲ့ သမီးကို လက်ထပ်တော့မှာဆိုတော့ ၊ မိန်းမတစ်ယောက် ယောက်ျားငါးယောက် ဇာတ်လမ်းကို အရင်ဆုံး ဇာတ်တိုက်လေ့ကျင့်ထားဖို့ လိုတယ်လေ။ ဒါကြောင့် မင်းရဲ့ ဇနီးဟောင်းကို အဲဒီနေရာကနေ သရုပ်ဆောင်ခိုင်းလို့ ရမယ်”
ထို့နောက် အမျိုးသမီးတစ်ဦး တွန်းထုတ်ခံလိုက်ရကာ သူမမှာ တရားဝင် အိပ်မက်ဆိုးအင်ပါယာ မင်းသား၏ ဇနီးပင် ဖြစ်၏။
ကျောက်ယန်ဖိန်က စိတ်လှုပ်ရှားစွာဖြင့် ဆို၏။ “ယောက်ျားငါးယောက်လောက် လာခဲ့စမ်း။ ငါ အချစ်ဇာတ်ကား အသက်ဝင်ဝင်လေး ကြည့်ချင်တယ်။ အဲဒါမှ ငါ့ရဲ့ တင်းမာနေတဲ့ စိတ်ခံစားချက်တွေကို ပြေလျော့စေပြီး အရှက်ရခဲ့တာတွေကို ချေဖျက်နိုင်မှာပဲ။ ငါဆိုတဲ့လူက ကြည့်ရတာကိုပဲ သဘောကျတယ်။ ကိုယ်တိုင်လုပ်ရတာကို မကြိုက်ဘူး။ ငါက ကြည့်နေရုံပဲ။ စိတ်ကူးယဉ်မှုတွေနဲ့ ပြည့်နှက်နေချိန်မှာ ကိုယ်တိုင် လက်တွေ့လုပ်လိုက်ရရင် စိတ်ပျက်သွားရမှာပဲလေ”
**--**--**--**--**--**--**--**
ထိုက်ခန်အင်ပါယာ၏ ဧရာမ တံခါးပေါက်ကြီး အပြင်ဘက်၌ ပုံရိပ်တစ်ခု ထွက်ပေါ်လာ၏။ တုပိုင်ပင်။ သူ၏ အစစ်အမှန် ခန္ဓာကိုယ်မှာ ငရဲမျှော်စင်ထဲမှ တကယ်ကို ထွက်ပေါ်လာခဲ့ခြင်း ဖြစ်သည်။
ခဏအကြာတွင် မဟာမြို့တော်တံခါးကြီးမှာ တဖြည်းဖြည်းချင်း ပွင့်ဟသွား၏။
တုပိုင် အတွင်းသို့ လျှောက်လှမ်းဝင်လာလိုက်သည်
လူတိုင်းမှာ သေသပ်ကျနစွာ ဒူးထောက်ချလိုက်ကြပြီး ပြိုင်တူ ဟစ်ကြွေးလိုက်ကြ၏။ “အိမ်ရှေ့စံမင်းသားကို အရိုအသေပေးပါတယ်”
ဧကရာဇ်ထိုက်ခန်က တုပိုင်အား အိမ်ရှေ့စံမင်းသားအဖြစ် ကြေညာခဲ့ခြင်း ဖြစ်သည်။ ဤသည်မှာ ခန်းမဆောင်အတွင်းရှိ ထောင်ပေါင်းများစွာသော နန်းတွင်းအမတ်များ ရှေ့မှောက်၌ ကြေညာခဲ့ရုံသာမက တိုက်ရိုက်ထုတ်လွှင့်မှုပါ ပြုလုပ်ခဲ့ခြင်း ဖြစ်၏။ သေချာပေါက်ပင် ယခုအချိန်၌ ကောင်းကင်ယံရှိ ဂြိုဟ်တုများအားလုံးမှာ ဖျက်ဆီးခံလိုက်ရပြီဖြစ်ရာ ထိုက်ခန်အင်ပါယာ တစ်ခုလုံးရှိ နယ်မြေများနှင့် အခြေချနေထိုင်ရာ ဒေသများအားလုံးသို့ မပျံ့နှံ့နိုင်ခဲ့ချေ။
သို့သော် အနည်းဆုံးတော့ မြို့တော်တစ်ခုလုံးရှိ လူတိုင်းက ဧရာမ မျက်နှာပြင်ကြီးများပေါ်၌ ဤမြင်ကွင်းကို မရေမတွက်နိုင်အောင် အကြိမ်ကြိမ် မြင်တွေ့ခဲ့ရပြီး ဖြစ်သည်။
သံသယများ ရှိနေခဲ့သော်ငြား ဧကရာဇ်ထိုက်ခန်သာ အမြင့်မြတ်ဆုံးပင်။ အင်ပါယာတစ်ခုလုံးမှာ သူတစ်ဦးတည်း၏ စွမ်းအားကြောင့်သာ တည်ရှိနေခြင်း ဖြစ်၏။
ထို့ကြောင့် လူတိုင်းမှာ နားမလည်နိုင်အောင် ဖြစ်နေရသော်လည်း အများစုမှာ နာခံရန်သာ ရွေးချယ်ခဲ့ကြသည်။
တုပိုင် လမ်းမပေါ်၌ လျှောက်လှမ်းလာစဉ် အဆောက်အအုံများစွာနှင့် ရင်ပြင်ရှိ ဧရာမ တီဗွီမျက်နှာပြင်ကြီးများစွာပေါ်တွင် ထိုမြင်ကွင်းကိုသာ ထပ်တလဲလဲ ပြသနေသည်ကို မြင်တွေ့ခဲ့ရသည်။ မဟာဧကရာဇ်ထိုက်ခန် ကိုယ်တိုင် တုပိုင်အား အင်ပါယာ၏ အိမ်ရှေ့စံမင်းသားအဖြစ် ကြေညာနေခြင်းပင်။
တုပိုင်သည် စုန်းဘုရင်အာသတ်စ်၏ ရေခဲသရဖူခံတပ်ကြီးသဖွယ် ခမ်းနားသော ထိုက်ခန်အင်ပါယာ၏ နန်းတော်ကြီးဆီသို့ နောက်တစ်ကြိမ် ရောက်ရှိလာပြန်သည်။
သူ နန်းတော်ကြီး၏ ဗဟိုခန်းမဆောင်ကြီးထဲသို့ တစ်ကိုယ်တည်း လျှောက်လှမ်း ဝင်ရောက်သွားလိုက်၏။
အရာရှိများအားလုံးနှင့် စစ်သည်များမှာ အလွန်အမင်း အံ့အားသင့်သွားကြသည်။ အိမ်ရှေ့စံမင်းသား တုပိုင် အဘယ်ကြောင့် တစ်ကိုယ်တည်း ပြန်လည်ရောက်ရှိလာရသနည်း။ ဧကရာဇ်ထိုက်ခန်ကော မည်သည့်နေရာသို့ ရောက်သွားပြီနည်း။
တုပိုင် အမိန့်ပေးလိုက်သည်။ “မြို့တော်ထဲက အရာရှိတွေအားလုံးကို ဆင့်ခေါ်လိုက်ပြီး ဗဟိုခန်းမဆောင်ထဲကို လာခဲ့ကြဖို့ ပြောလိုက်”
စစ်သည်မှာ မှင်သက်သွားရသော်ငြား ချက်ချင်းပင် ဦးညွှတ်လိုက်ကာ လျှောက်တင်လိုက်၏။ “အမိန့်တော်အတိုင်းပါ…”
ကမ္ဘာပျက်ကြီး၏နဂါးဧကရာဇ်။ အပိုင်း (၉၂၅ + ၉၂၆) ပြီး။
မူရင်းစာရေးဆရာ - Silent Cake And Pastries
ဘာသာပြန် - Author Chang’e 🌕
True Immortal Team
ကုန်းကုန်းဧကရာဇ်၏ ဒုတိယအတွဲ။