အခန်း (၉၂၉-၉၃၀)
Vol. 93 Ch. 929-930
ကမ္ဘာပျက်ကြီး၏နဂါးဧကရာဇ်။ အပိုင်း (၉၂၉ + ၉၃၀)
မူရင်းစာရေးဆရာ - Silent Cake And Pastries
ဘာသာပြန် - Author Chang’e 🌕
True Immortal Team
ကုန်းကုန်းဧကရာဇ်၏ ဒုတိယအတွဲ။
ထိုက်ခန်အင်ပါယာသူ အင်ပါယာသားတို့၏ နှလုံးသားများမှာ ကြောက်ရွံ့တုန်လှုပ်မှုများဖြင့် သွေးဆုတ်ချောက်ချားသွားကြရသည်။
“အရှက်မရှိတဲ့ လီရှောင်ချန်...”
“ခွေးတွေ ၊ ဝက်တွေကတောင် သူ့ထက် သာနေသေးတယ်။”
ကံကြမ္မာမိစ္ဆာသခင် ကျောက်ယန်ဖိန်၏ မျက်နှာကြီးသည် ကောင်းကင်တစ်ခွင် လွှမ်းမိုးထားသော ဧရာမမျက်နှာပြင်ကြီးထက်၌ ထပ်မံ ပေါ်ထွက်လာ၏။
“ထိုက်ခန်အင်ပါယာက နိုင်ငံသားတွေ... ၊ ငါ ဖမ်းဆီးထားတဲ့ ဝက်တွေ ၊ သိုးတွေ... မင်းတို့ကို သတင်းဆိုးတစ်ခု ပြောပြမယ်။ မင်းတို့ကို မျိုးတုံးသတ်ဖြတ်ဖို့ အင်အားသန်းလေးဆယ်ပါတဲ့ တပ်မကြီးကို ငါ စုစည်းပြီးသွားပြီ။”
“အကြောင်းရင်းကတော့ ရှင်းပါတယ်။ ဧကရာဇ်အသစ် တုပိုင် ငါ့ရဲ့ခွေးအဖြစ် မခံချင်လို့ပဲ။ သူက ငါ့ခွေး မလုပ်ချင်ဘူးလေ။ ဒါကြောင့် ငါ လူစီဖာ နီကိုလပ်စ်ကျောက်စစ် အရမ်းကို ဒေါသထွက်နေပြီ။ ဒီအကျိုးဆက်က အရမ်းကို ပြင်းထန်လိမ့်မယ်။ ငါ့ဒေါသကို ပြသတဲ့အနေနဲ့ ထိုက်ခန်အင်ပါယာကို လုံးဝ အမြစ်ဖြတ် သတ်ပစ်မယ်။ ဒါကြောင့် မင်းတို့ အသက်ရှင်ချင်ရင် ထွက်ပြေးကြတော့။ ဧကရာဇ်တုပိုင်နဲ့ ဝေးဝေးနေလေ ပိုကောင်းလေပဲ။ သူက ကပ်ဘေးဆိုးကြီးပဲ။ သူ့အနားမှာရှိတဲ့ လူတိုင်း သေကြရလိမ့်မယ်။”
“ငါ မင်းတို့အတွက် အကောင်းဆုံး လုပ်ပေးခဲ့ပြီးပြီ။ အသက်ရှင်ချင်ရင် ကပ်ဆိုးကြီးဖြစ်တဲ့ ဧကရာဇ်တုပိုင်နဲ့ ဝေးဝေးနေကြ။ ဝေးလေ ကောင်းလေပဲ။”
ထို့နောက် ကောင်းကင်ယံရှိ မျက်နှာပြင်ကြီးမှာ မှောင်မိုက်ငြိမ်းကျသွားတော့သည်။ ကံကြမ္မာမိစ္ဆာသခင်၏ ထိုက်ခန်အင်ပါယာအား ပြောကြားသော မိန့်ခွန်း ပြီးဆုံးသွားပြီ ဖြစ်၏။ သို့သော် မကြာမီမှာပင် ကောင်းကင်ယံရှိ မျက်နှာပြင်ကြီးမှာ ထပ်မံ၍ လင်းထိန်လာပြန်သည်။
ဤတစ်ကြိမ်တွင် ပေါ်လာသည်ကား အလွန်တရာ ကြည့်ရဆိုးလှသော ပုံရိပ်တစ်ခုဖြစ်ကာ ရွံရှာဖွယ် ကာမရာဂဇာတ်လမ်းကြီးတစ်ခုပင် ဖြစ်၏။ ယောက်ျားငါးယောက်နှင့် မိန်းမတစ်ယောက်တို့၏ မြင်ကွင်းဖြစ်သည်။ ထိုမိန်းမမှာ အလွန် လှပလွန်းလှ၏။
သူမ၏ ခင်ပွန်းမှာ လူသားမဟာမိတ်အဖွဲ့၏ အင်အားအကြီးဆုံးပုဂ္ဂိုလ်ဖြစ်သော အိပ်မက်ဆိုးမင်းသားပင် ဖြစ်သည်။ ယခုအခါ သူသည် သူ၏ ဇနီးနှင့် ယောက်ျားငါးယောက်တို့၏ ရွံရှာဖွယ် ဇာတ်လမ်းကြီးကို ကိုယ်တိုင် ကြည့်ရှုနေရခြင်း ဖြစ်၏။
အလွန်တရာ ဒေါသထွက်ဖွယ်ကောင်းလှကာ သည်းခံနိုင်စွမ်း ကင်းမဲ့စေသော ထိုပုံရိပ်ကြီးမှာ စက္ကန့်အနည်းငယ်အကြာတွင် ပျောက်ကွယ်သွားပြီး ၊ ကံကြမ္မာမိစ္ဆာသခင် ကျောက်ယန်ဖိန်၏ ပုံရိပ်က ကောင်းကင်ယံ၌ ထပ်မံ ပေါ်ထွက်လာသည်။
“အရမ်းကို တောင်းပန်ပါတယ်။ ခုနက ငါတို့ရဲ့ ယာယီအလုပ်သမားတစ်ယောက်ရဲ့ အမှားကြောင့် လိုင်းမှားသွားပြီး လူတိုင်း ဒီလို သည်းမခံနိုင်စရာ မြင်ကွင်းကို မြင်လိုက်ရတာပါ။ လူတိုင်းရဲ့ စိတ်ပိုင်းဆိုင်ရာကို ထိခိုက်စေတဲ့အတွက် ထိုက်ခန်အင်ပါယာကို အရမ်းကို တောင်းပန်ပါတယ်။ လူမှုရေးအရ ဆိုးရွားတဲ့ သက်ရောက်မှုတွေ ဖြစ်စေတဲ့အတွက် ရိုးသားစွာ တောင်းပန်ပါတယ်။”
ကျောက်ယန်ဖိန် အေးစက်စက် အမိန့်ပေးလိုက်၏။
“အဲဒီ ယာယီအလုပ်သမားကို သတ်လိုက်စမ်း။”
ချက်ချင်းပင် လူတစ်ယောက် အပြင်သို့ တွန်းထုတ်ခံလိုက်ရကာ ၊ ထိုသူမှာ ခါးလယ်မှနေ၍ အရှင်လတ်လတ် နှစ်ပိုင်းတိတိ ပိုင်းဖြတ်ခံလိုက်ရသည်။ ပူနွေးသော သွေးများက နေရာအနှံ့ ပန်းထွက်သွား၏။
ကောင်းကင်ယံရှိ ကျောက်ယန်ဖိန်က ဆိုသည်။
“ဧကရာဇ်တုပိုင်... စိတ်မပူပါနဲ့။ ငါ မင်းရဲ့ သမီးကိုလည်း အိပ်မက်ဆိုးမင်းသားနဲ့ တခြား လူငါးယောက်ဆီ ပေးစားလိုက်မယ်။ ဒီလို မှားယွင်းတဲ့ အရာတွေကို ပြန်လည် ထုတ်လွှင့်မှာ မဟုတ်သလို ၊ မရေမတွက်နိုင်တဲ့ လူတွေကလည်း မင်း သမီးရဲ့ အဝတ်ဗလာ မြင်ကွင်းကို မြင်တွေ့ရမှာ မဟုတ်ပါဘူး။”
ကောင်းကင်ယံရှိ မျက်နှာပြင်ကြီးမှာ ထပ်မံ ငြိမ်းကျသွား၏။
“ထိုက်ခန်အင်ပါယာရဲ့ နိုင်ငံသားတွေ... အသက်ရှင်ဖို့အတွက် မြန်မြန် ထွက်ပြေးကြ။ ကပ်ဆိုးကြီး တုပိုင်နဲ့ ဝေးဝေးနေကြဖို့ သတိရပါ။”
**--**--**--**--**--**--**--**
မရေမတွက်နိုင်သော လူများမှာ ကောင်းကင်ယံကို မော့ကြည့်နေဆဲဖြစ်ကာ အချိန်အတော်ကြာသည်အထိ မှင်သက်နေကြသည်။ စစ်သေနာပတိ ကိုးဦးနှင့် ရာနှင့်ချီသော ဗိုလ်ချုပ်များမှာလည်း အသက်ရှူရပ်မတတ် တိတ်ဆိတ်သွားကြ၏။
ယခုလေးတင် မြင်တွေ့လိုက်ရသော မြင်ကွင်းက သူတို့အား အလွန်အမင်း တုန်လှုပ်သွားစေသည်။
မိုင်ထောင်ချီ ကျယ်ဝန်းသော ကောင်းကင်ကြီးကို မျက်နှာပြင်အဖြစ် အသုံးပြုကာ ယခုကဲ့သို့ ထုတ်လွှင့်မှုတစ်ခု ပြုလုပ်ရန်အတွက် မည်မျှများပြားသော စွမ်းအင်များ လိုအပ်မည်ကို သူတို့ ကောင်းကောင်း သိရှိထားကြ၏။
ထို့အပြင် ထိုအချိန်၌ပင် ကောင်းကင်ယံ၌ ဧရာမ လျှပ်စီးကြောင်းတစ်ခု ထွက်ပေါ်လာကာ ထိုလျှပ်စီးကြောင်းမှာ မိုင်ရာနှင့်ချီ၍ ပြန့်နှံ့သွားသည်။
ထို့နောက် ကောင်းကင်ယံ၌ အက်ကွဲကြောင်းကြီးတစ်ခု ဖြစ်ပေါ်လာသကဲ့သို့ ထင်မှတ်ရကာ ၊ အလွန်တရာ ဧရာမကျလှသော သားရဲဆန်းကြီးတစ်ကောင်က တိုက်ရိုက် ထိုးဆင်းလာ၏။
ကောင်းကင်ထက်မှနေ၍ တိုက်ရိုက် ပြုတ်ကျလာခြင်းပင် ဖြစ်သည်။
“ဘုန်းးးးး”
သားရဲဆန်းကြီးသည် အင်ပါယာမြို့တော်၏ မြို့ရိုးနှင့် မီတာသောင်းချီ ကွာဝေးသော နေရာ၌ ကျဆင်းလာခြင်း ဖြစ်၏။ ထိုသားရဲဆန်းကြီး မြေပြင်နှင့် ရိုက်ခတ်သွားသောအခါ မြို့တော်တစ်ခုလုံး ငလျင်ကြီးလှုပ်ခတ်သွားသည့်အလား ပြင်းထန်စွာ တုန်ခါသွားသည်။
ထို့နောက် ထိုသားရဲဆန်းကြီးသည် ထိုက်ခန်အင်ပါယာ မြို့တော်၏ မြို့ရိုးဆီသို့ ရူးသွပ်စွာ ပြေးဝင်လာတော့၏။
ထိုသားရဲဆန်းကြီးကို မြင်လိုက်ရသောအခါ လူတိုင်း၏ မျက်လုံးများ အပြူးသားဖြစ်သွားကြကာ သူတို့၏ မျက်စိကိုပင် သူတို့ မယုံနိုင်အောင် ဖြစ်သွားကြရသည်။
သားရဲဆန်းကြီးက အလွန်ကြီးမား၏။ အင်ပါယာမြို့တော်၏ မြို့ရိုးမှာ မီတာငါးဆယ်ခန့် မြင့်မားသော်လည်း ၊ ထိုသားရဲဆန်းကြီးမှာ မီတာတစ်ရာကျော် မြင့်မားကာ ဧရာမတောင်ကြီးတစ်လုံးနှင့်ပင် တူညီနေသည်။
ဤသည်မှာ ငရဲမျှော်စင်၏ ပထမထပ်တွင် ကြုံတွေ့ခဲ့ရသော မသေမျိုးဖုတ်ကောင်ထက် ဆယ်ဆမျှ ပိုမိုအစွမ်းထက်သည့် မသေမျိုးသခင်တစ်ကောင် ဖြစ်ကြောင်း တုပိုင် ကောင်းကောင်း နားလည်သွားသည်။
ထိုသားရဲဆန်းကြီးက အင်ပါယာမြို့တော်ဆီသို့ ရူးသွပ်စွာ ပြေးဝင်လာသည်။
“တားကြစမ်း ၊ အဲဒါကြီးကို တားကြ။”
“တိုက်ခိုက်ရေး ရဟတ်ယာဉ်တွေကို လွှတ်လိုက်။ တိုက်လေယာဉ်တွေကို လွှတ်လိုက်။”
“ဒုံးကျည်တွေနဲ့ တိုက်ခိုက်စမ်း။”
တုပိုင် အမိန့်ပေးနေရန်ပင် မလိုအပ်လိုက်ပေ။ ထိုက်ခန်အင်ပါယာ၏ မြို့တော်စစ်တပ်က အထိရောက်ဆုံးသော တုံ့ပြန်မှုကို ချက်ချင်းဆိုသလိုပင် ပြုလုပ်လိုက်ကြ၏။
တိုက်ခိုက်ရေး ရဟတ်ယာဉ် ဒါဇင်ပေါင်းများစွာ ပျံသန်းလာကြကာ ၊ တိုက်လေယာဉ် ဒါဇင်ပေါင်းများစွာသည်လည်း ကောင်းကင်ယံသို့ ထိုးတက်သွားကြသည်။
“ရွှီးးး ရွှီးးး ရွှီးးး”
ဒုံးကျည် ဒါဇင်ပေါင်းများစွာ ရုတ်တရက် ပျံသန်းထွက်ခွာသွားကြသည်။ ရဟတ်ယာဉ် ဒါဇင်ပေါင်းများစွာက ပြင်းထန်စွာ ပစ်ခတ်လိုက်ကြပြီး တိုက်လေယာဉ် ဒါဇင်ပေါင်းများစွာကလည်း မိုးရွာချသည့်အလား အဆက်မပြတ် ပစ်ခတ်လိုက်ကြ၏။
သို့သော်လည်း မီတာ ၁၃၀ ကျော် မြင့်မားသော မသေမျိုးသခင်ကြီးမှာ အကောင်းအတိုင်းသာ ရှိနေဆဲပင်။ ထိုဒုံးကျည်များက သူ၏ အရေပြားကို ကုတ်ခြစ်ခံလိုက်ရသလောက်ပင် အရာမထင်ပေ။ သူက မြို့ရိုးဆီသို့ ရူးသွပ်စွာ ဆက်လက် ပြေးဝင်လာဆဲပင် ဖြစ်၏။
“ဝူဇွန်းအဆင့် သိုင်းပညာရှင်တွေ... သွားကြ။”
အမိန့်ပေးသံနှင့်အတူ ဝူဇွန်းအဆင့် ကျွမ်းကျင်ပညာရှင် ဒါဇင်ပေါင်းများစွာ လျှပ်စီးအလား ပြေးထွက်သွားကြ၏။
အခြားသော သိုင်းပညာရှင် ထောင်ပေါင်းများစွာသည်လည်း ပြေးထွက်သွားကြပြီး မီတာတစ်ရာ့သုံးဆယ် မြင့်မားသော မသေမျိုးသခင်ကြီးနှင့် ထိပ်တိုက် ရင်ဆိုင်ကြသည်။
“ဘုန်းးး ဘုန်းးး ဘုန်းးး”
မသေမျိုးသခင်ကြီးက ဒေါသတကြီး ရူးသွပ်စွာ ဟိန်းဟောက်လိုက်၏။ မျက်တောင်တစ်ခတ်အတွင်း လေထုထဲ၌ ဖြစ်ပေါ်လာသော ကြောက်မက်ဖွယ် အသံလှိုင်းကြီးများက တိုက်ခိုက်ရေး ရဟတ်ယာဉ် ဒါဇင်ပေါင်းများစွာနှင့် တိုက်လေယာဉ် ဒါဇင်ပေါင်းများစွာကို ချက်ချင်းဆိုသလိုပင် တစ်စစီ ကြေမွသွားစေသည်။
ထို့နောက် သူသည် တတိယမျက်လုံးကို ရုတ်တရက် ဖွင့်ဟလိုက်ကာ ၊ အလွန်အားကောင်းလှသော စိတ်စွမ်းအင်များဖြင့် တိုက်ခိုက်လိုက်၏။
“အားး. အားးး အားးး”
မသေမျိုးသခင်ဆီသို့ အရှိန်အဟုန်ဖြင့် ပြေးဝင်သွားကြသော ရာနှင့်ချီသည့် သိုင်းပညာရှင်များ၏ ဦးခေါင်းများမှာ ဖရဲသီးများ ပေါက်ကွဲသွားသည့်အလား ချက်ချင်းပင် ပေါက်ကွဲထွက်သွားကြကာ သူတို့၏ ခန္ဓာကိုယ်များမှာ သွေးသံရဲရဲဖြင့် လွင့်စဉ်ထွက်သွားကြတော့သည်။
ထို့နောက် မသေမျိုးသခင်ကြီးသည် သူ၏ ဧရာမ လက်ဝါးကြီးဖြင့် ရက်စက်စွာ ရိုက်ချလိုက်၏။
မျက်တောင်တစ်ခတ်အတွင်းပင် ရာနှင့်ချီသော သိုင်းပညာရှင်များမှာ အရှင်လတ်လတ် သွေးသံရဲရဲ အသားစိုင်များအဖြစ် ရိုက်ချေခံလိုက်ရသည်။
မြေပြင်ပေါ်ရှိ မရေမတွက်နိုင်သော သံချပ်ကာကားများနှင့် အမြောက်ကြီးများမှာလည်း ကစားစရာများအလား သူ၏ အလွယ်တကူ ချေမှုန်းဖျက်ဆီးခြင်းကို ခံလိုက်ရ၏။
“ဂရားးးးးး”
သူက ထပ်မံပြီး ဟိန်းဟောက်လိုက်သည်။ မျက်တောင်တစ်ခတ်အတွင်း မြေပြင်ပေါ်ရှိ ထောင်နှင့်ချီသော တပ်ဖွဲ့ဝင်များမှာ အသံလှိုင်းကြောင့် ပွဲချင်းပြီး မူးမေ့သွားကြကာ ၊ သွေးထွက်လွန်ပြီး သေဆုံးသွားကြတော့၏။ မသေမျိုးသခင်ကြီးက ဧရာမခြေထောက်ကြီးဖြင့် ဆောင့်နင်းလိုက်သည်။
ချက်ချင်းပင် ရာနှင့်ချီသော လူများမှာ သူ၏ နင်းချေမှုအောက်တွင် အသားစိုင်များအဖြစ် ပြောင်းလဲသွားကြရတော့၏။ ဤသားရဲဆန်းကြီးမှာ လုံးဝကို ပြိုင်ဘက်ကင်းနေသည်။
သူသည် လူထောင်ပေါင်းများစွာကို အလွယ်တကူ သတ်ဖြတ်နိုင်ပြီး မရေမတွက်နိုင်သော အမြောက်များနှင့် သံချပ်ကာ ကားများကို ဖျက်ဆီးကာ ၊ တိုက်လေယာဉ်များနှင့် ရဟတ်ယာဉ် ဒါဇင်ပေါင်းများစွာကို တစ်စစီ ချေမှုန်းပစ်နိုင်နေ၏။
ဤသည်မှာ ကောင်းကင်ဘုံကိုပင် အာခံနိုင်သော ဧရာမ စစ်စက်ယန္တရားကြီးတစ်ခုပင် ဖြစ်သည်။
ထိုက်ခန်အင်ပါယာ မြို့တော်ရှိ လူများသည် ယခင်က ဧရာမ ဖုတ်ကောင်များကို မြင်တွေ့ဖူးခဲ့ကြသော်လည်း ၊ ဤမျှ အစွမ်းထက်ပြီး ကြောက်မက်ဖွယ်ကောင်းသော သားရဲဆန်းကြီးမျိုးကို တစ်ကြိမ်တစ်ခါမျှ မမြင်ဖူးခဲ့ကြပေ။ ထိုဧရာမ ဖုတ်ကောင်များမှာ အလွန်ဆုံးမှ မီတာတစ်ဒါဇင်ခန့်သာ ရှိခဲ့ခြင်း ဖြစ်သည်။
တုပိုင် လျင်မြန်စွာ လှုပ်ရှားလိုက်၏။ မသေမျိုးသခင် ပေါ်ထွက်လာသည့် အချိန်၌ပင် သူသည် ချက်ချင်း ပြေးထွက်သွားရာ ၊ မသေမျိုးသခင်၏ အရှေ့သို့ ရောက်ရှိသွားသောအခါ ထိုသားရဲဆန်းကြီးမှာ မြို့ရိုးဆီသို့ ရောက်ရှိနေပြီ ဖြစ်သည်။
“ဘုန်းးး”
တုပိုင် လက်သီးဖြင့် ပြင်းထန်စွာ ထိုးချလိုက်၏။ နားကွဲမတတ် ဧရာမ အသံကြီးတစ်သံ ထွက်ပေါ်လာကာ ကောင်းကင်ကြီးပင် အပြင်းအထန် တုန်ခါသွားရသည်။
ထိုက်ခန်အင်ပါယာ မြို့တော်၏ မြို့ရိုးများမှာ လုံးဝဖျက်ဆီး၍မရနိုင်လောက်အောင် ခိုင်မာပြီး မီတာငါးဆယ် မြင့်မားကာ မြို့တော်တစ်ခုလုံးကို ဝန်းရံထားသော ဧရာမ နဂါးကြီးတစ်ကောင်နှင့် အတိအကျ တူညီနေပြီး လူများကို ပြိုင်ဘက်ကင်းသော လုံခြုံမှုခံစားချက်ကို ပေးစွမ်းထားနိုင်၏။
ယခုအခါတွင်မူ ထိုမြို့ရိုးကြီးသည် ဧရာမ သားရဲဆန်းကြီး၏ လက်သီးချက်ကြောင့် မီတာဆယ်ဂဏန်းခန့် ကျယ်ဝန်းသော ဧရာမ ကွက်လပ်ကြီးတစ်ခု ပွင့်ထွက်သွားရပြီ ဖြစ်သည်။
ဤသို့သော သားရဲဆန်းကြီးက လုံခြုံလှပါသည်ဆိုသော မြို့ရိုးကြီးကို အလွယ်တကူ ဖြိုခွဲပစ်လိုက်ခြင်းပင် ဖြစ်၏။
ထို့နောက် ချက်ချင်းဆိုသလိုပင် မသေမျိုးသခင်သည် သူ၏ လက်သီးများကို မြှောက်ကာ မြို့ရိုးဆီသို့ အဆက်မပြတ် ထုချလိုက်ပြီး ၊ မီတာဆယ်ဂဏန်းခန့်ရှိသော ကွက်လပ်ကြီးကို ဆွဲဖြဲရန် ကြိုးစားလိုက်သည်။
ထိုအချိန်၌ပင် တုပိုင်၏ ခန္ဓာကိုယ်က ကောင်းကင်ယံသို့ မြှားတစ်စင်းအလား ထိုးတက်သွားကာ မသေမျိုးသခင်၏ ဦးခေါင်းပေါ်သို့ တိုက်ရိုက် ဆင်းသက်လိုက်၏။
“ဝိညာဉ်ချုပ်နှောင်ခြင်း နည်းစနစ်။”
ကမ္ဘာပျက်ကြီး၏နဂါးဧကရာဇ်။ အပိုင်း (၉၂၉ + ၉၃၀) ပြီး။
မူရင်းစာရေးဆရာ - Silent Cake And Pastries
ဘာသာပြန် - Author Chang’e 🌕
True Immortal Team
ကုန်းကုန်းဧကရာဇ်၏ ဒုတိယအတွဲ။