← Chapters

ဒီလောက်ပဲမဟုတ်သေးဘူး

Vol. 10 Ch. 988

ဒီလောက်ပဲမဟုတ်သေးဘူး

Vol. 10 Ch. 988

တာအိုဆရာသခင်ထိုက်ယီက တစ်ချက်ပြုံးလိုက်ရင်း…

"မင်းဘက်ကကြည့်ရင် မင်း ကျုပ်နဲ့တွေ့နေရပြီပဲ ၊ ဘာလို့ တိုက်ခိုက်နေဦးမှာလဲ ၊ မင်း နောက်မဆုတ်ဘူးဆိုရင် အခုအချိန်ကစပြီး နောက်ပိုင်းဖြစ်တည်လာမယ့် အဆုံးမရှိတဲ့နှစ်ပေါင်းအသင်္ချေမှာ မင်းရောကျုပ်ရော အကျိုးမရှိနိုင်ဘူး…"

ဆန်းလျန်ကတော့ တာအိုဆရာသခင်ထိုက်ယီ၏ တန်ခိုးစွမ်းအားများကို အပြည့်အဝနားလည်သွားပြီ ဖြစ်သည်။

တာအိုဆရာသခင်ထိုက်ယီသည် လောကတွင် သူ့ထက် မျဉ်းတစ်ကြောင်းပိုသာသူဖြစ်ကြောင်း ဆန်းလျန် ရှင်းရှင်းလင်းလင်း နားလည်လိုက်သည်။

တာအိုဆရာသခင်ထိုက်ယီကို အနိုင်ရအောင် တိုက်ခိုက်နိုင်လျှင်တောင်မှ သူကိုယ်တိုင်လည်း သက်သာလိမ့်မည် မဟုတ်ပေ။

ရှန်းထျန်းဝူထိုက်တန်ခိုးစွမ်းအားကို အသုံးပြုပြီး ဆန်းလျန်က အကြောင်းရင်းကို စူးစမ်းလေ့လာခဲ့ပြီး ဖြစ်လေသည်။

သူ့အတွက် တာအိုဆရာသခင်ကြီးတစ်ပါးဖြစ်လာရန် တံခါးက ပွင့်နေပြီး ဖြစ်သည်။ သို့သော်… သူက တံခါးအတွင်းသို့ လှမ်းမဝင်သေးဘဲ အရှုတ်အထွေးများကို ရှင်းလင်းရန် ပြင်ဆင်နေရခြင်း ဖြစ်၏။

တာအိုဆရာသခင်ထိုက်ယီနှင့် ဗုဒ္ဓတို့သည်လည်း သံသရာကို မကျော်လွန်မီ သူကဲ့သို့ အဖြစ်မျိုးနှင့် ကြုံတွေ့ကောင်း ကြုံတွေ့ခဲ့ကြမည်လား မပြောတတ်ပေ။

တာအိုဆရာသခင်ထိုက်ယီ သူ့ကို သတ်ဖြတ်ပစ်လိုက်နိုင်သည်ကို ဆန်းလျန် ကောင်းကောင်း နားလည်ထားသည်။ သို့သော်… တာအိုဆရာသခင်ထိုက်ယီက ဆန်းလျန်ကို နှစ်သန်းပေါင်းရာနှင့်ချီပြီး ပိတ်မိနေစေရန် ပြုလုပ်မည်ဆိုလျှင်တော့ ဆန်းလျန်အနေဖြင့် အဖြစ်မခံနိုင်ပေ။

ထာဝရအသက်ရှင်သန်နေသည့် တာအိုဆရာသခင်ကြီးအတွက် နှစ်ပေါင်းဘီလီယံနှင့်ချီသည့် အချိန်ကာလနှင့် လက်ဖျောက်တစ်ချက်တီးလိုက်သည့် အချိန်တစ်ခဏသည် အတူတူပင်ဖြစ်ပြီး ခြားနားမှု မရှိပေ။

ဆန်းလျန်သည် တာအိုဆရာသခင်ကြီးတစ်ပါးဖြစ်လာရန် ရည်ရွယ်ထားသူ ဖြစ်သည်။ ထို့ကြောင့် သူ့အနေဖြင့် ယခုကဲ့သို့ တာအိုဆရာသခင်ထိုက်ယီကို တိုက်ခိုက်စရာမလိုပေ။

ဆန်းလျန်သာ သူ့လမ်းသူ အေးအေးဆေးဆေး လျှောက်လှမ်းလျှင် တာအိုဆရာသခင်ထိုက်ယီအနေဖြင့်လည်း သူ့ကို ယခုကဲ့သို့ နှစ်သန်းပေါင်းရာချီပြီး ပိတ်လှောင်ထားခြင်းကို ပြုလုပ်မည် မဟုတ်ပေ။

ယခုတော့ ဆန်းလျန်က တာအိုဆရာသခင်ထိုက်ယီကို တွေ့ဆုံရန် ထွက်ပေါ်လာခဲ့လေသည်။

ဆန်းလျန်သည် ယခုကာလ၏ နတ်ဘုရားတစ်ပါးမဟုတ်သော်လည်း အနာဂတ်မှ ရောက်လာသည့် နတ်ဘုရားတစ်ပါး ဖြစ်သည်။

သို့သော်… တာအိုဆရာသင်ထိုက်ယီသာ ဆန်းလျန်ကို နှစ်သန်းပေါင်းရာနှင့်ချီပြီး ပိတ်လှောင်ထားလိုက်မည်ဆိုလျှင် အတိတ်နှင့်အနာဂတ်အကြောင်းအရာ အတော်များများ ပျောက်ကွယ်သွားမည် ဖြစ်လေသည်။

ထို့ပြင် ဆန်းလျန်ကဲ့သို့ မနေ့တစ်နေ့ကမှ မွေးဖွားလာသည့် နောက်ပေါက်တစ်ယောက်က သူ့ကို စိန်ခေါ်လာသည်ကိုလည်း တာအိုဆရာသခင်ထိုက်ယီအနေဖြင့် လက်ခံနိုင်ခြင်း မရှိပေ။

လောင်ကျွမ်းနေသည့် အဖြူရောင်မီးတောက်မှာ ဆန်းလျန်ကို ပျက်စီးစေခြင်းမရှိသော်လည်း ခံစားရသည့်နာကျင်မှုကတော့ သည်းခံနိုင်ရန် ခက်ခဲလွန်းသည်။

သို့သော်… ဆန်းလျန်ဆိုသည်က အနိုင်မခံအရှုံးမပေးသောစိတ်ထားရှိသလို မာနလည်းကြီးသူဖြစ်လေသည်။ ဆန်းလျန်ကို ဤမျှနှင့် နောက်ဆုတ်သွားစေချင်လျှင်တော့ မဖြစ်နိုင်သည့်ကိစ္စဟု ဆိုရပေမည်။

ဆန်းလျန်က…

"တာအိုဆရာသခင်ကြီးရဲ့ အတွေးထဲမှာ တစ်ခဏနဲ့ ထာဝရဆိုတာ ဘာမှ ခြားနားမှုမရှိပါဘူး ၊ ခဏတာတိုက်ခိုက်တာနဲ့ ထာဝရတိုက်ခိုက်တယ်ဆိုတာလည်း ခြားနားမှုမရှိပါဘူး…"

ဆန်းလျန်၏ စကားကြောင့် တာအိုဆရာသခင်ထိုက်ယီ ဒေါသထွက်သွားခြင်း မရှိပေ။

သူ့အမြင်အရဆိုလျှင် ဆန်းလျန်က သူနှင့်ဆင်တူလေသည်။ ထို့ကြောင့် ဤမျှ အလျှော့ပေးနေခြင်းဖြစ်ပြီး အခြားသူသာဆိုလျှင် ပြာမှုန့်ဖြစ်သွားအောင် အမှုန့်ချေပစ်လိုက်မည် ဖြစ်လေသည်။

တာအိုဆရာသခင်ထိုက်ယီက…

"ကျုပ် ဓမ္မတစ်ခုကို သိမြင်ခဲ့တယ် ၊ အရာအားလုံးကိုလည်း သိမြင်ခဲ့ပြီး နောက်ဆုံးတော့ ထူးခြားတဲ့တန်ခိုးစွမ်းအားတွေလည်း ရခဲ့တယ် ၊ ပြီးတော့ တာအိုဝါဒနဲ့ ဗုဒ္ဓဘာသာဟာ ဘာမှ ခြားနားမှုမရှိဘူးဆိုတာ သိခဲ့ရတယ် ၊ ဒါကြောင့် ထိုက်စန့်တာအိုဆရာသခင်နဲ့ ဗုဒ္ဓဟာလည်း ခြားနားမှုမရှိတော့ဘူးပေါ့ ၊ ဗုဒ္ဓဘာသာဆိုတာလည်း တာအိုဝါဒပဲဖြစ်တယ်လို့ ကျုပ်ပြောခဲ့တယ် ၊ အဲဒီမှာ အော်မီတော်ဖူဗုဒ္ဓနဲ့ အငြင်းပွားစရာ ဖြစ်လာတော့တာပဲ ၊ မင်းလည်း အခု ဒီအကြောင်းတွေကို သိနေမှာပါ ၊ ဒီတော့ ကျုပ်ကို ရင်ဆိုင်ဖို့အတွက် ဗုဒ္ဓက မင်းကို အတော်များများ ကူညီပေးခဲ့တယ် ၊ ကဲ… ဗုဒ္ဓက ကျုပ်ကို ရင်ဆိုင်ဖို့ မင်းကို ဘယ်လောက်ထိ ပြင်ဆင်ပေးထားလဲဆိုတာ ကြည့်ရအောင်…"

တာအိုဆရာသခင်ထိုက်ယီထံမှ မည်သည့်အရာမှ ဖုံးကွယ်မထားနိုင်သည်ကို ဆန်းလျန် သိရှိထားလေသည်။

နောက်ဆုံးတစ်ကြိမ် ဇာမဏီနတ်ဘုရားနန်းတော်သို့ သွားရောက်ပြီး ခုံရွှမ်းနှင့်တွေ့ဆုံစဉ်က ဤကိစ္စများကို ဆန်းလျန် သိရှိထားပြီး ဖြစ်သည်။

သူ့အနေဖြင့် ယခုအခြေအနေထိ ရောက်လာသည်မှာ ဗုဒ္ဓ၏ အကူအညီပေးမှုကြောင့် ဖြစ်သည်ကို ငြင်းဆန်မရနိုင်ပေ။ သို့သော်…  ဤသည်မှာ ဗုဒ္ဓနှင့် တာအိုဆရာသခင်ထိုက်ယီ၏ ယှဉ်ပြိုင်မှု၏ သက်သက်သာဖြစ်သည်။

ထို့ကြောင့် ဆန်းလျန်သည် ထိုက်ရွှီးနည်းဗျူဟာကျင့်စဉ်ကို အစပိုင်းတွင်ကျင့်ကြံခဲ့ပြီး နောက်ပိုင်းတွင် အာလာယဝိညာဏစွမ်းအားကို သိမြင်နားလည်ခဲ့လေသည်။

ဆန်းလျန်က ဗုဒ္ဓထံမှရော တာအိုဆရာသခင်ထိုက်ယီထံမှပါ အကျိုးအမြတ်များစွာ ရခဲ့သူ ဖြစ်သည်။

ထို့ပြင် အစပိုင်းတွင် ဗုဒ္ဓက လျှို့ဝှက်စွာဖြင့် စန့်ချင်တာအိုဆရာသခင်၏ "စိတ်အာရုံများကိုထိန်းချုပ်နိုင်ခြင်း" စာအုပ်ကို ဆန်းလျန်ကို ပေးအပ်ခဲ့သည်။

ထို့နောက် ထိုက်ချိယင်ယန်ပန်းချီကားမှ ထိုက်စန့်တာအိုဆရာသခင်၏ မူလဝိညာဉ်သင်္ကေတကို တွေ့မြင်ပြီး နားလည်သဘောပေါက်စေခဲ့သည်။

ပြောရမည်ဆိုလျှင် ဆန်းလျန်တစ်ယောက်တည်းဖြင့် ဗုဒ္ဓ ၊ တာအိုဆရာသခင်ထိုက်ယီ ၊ စန့်ချင်တာအိုဆရာသခင် ၊ ထိုက်စန့်လောင်ကျွင်းဆိုသည့် တာအိုဆရာသခင်ကြီး (၄)ပါးဖြင့် ပတ်သက်ဆက်နွယ်သည့် ဘဝတစ်ခုကို ရရှိခဲ့သည်။

ဤသို့သော ဖြစ်ရပ်မျိုးက မကြုံစဖူး အကြုံထူးသည့် ဖြစ်ရပ်မျိုးဖြစ်လေသည်။

တာအိုဆရာသခင်ကြီး (၄)ပါးကြားတွင် ရှုတ်ထွေးသည့် ရုန်းကန်မှုများကို ပြုလုပ်ခဲ့ရပြီး နောက်ဆုံးတွင်တော့ ဆန်းလျန်အဖြစ် ထွက်ပေါ်လာခဲ့လေသည်။

တာအိုဆရာသခင်ကြီးများက စကြာဝဠာတွင် အရာအားလုံးကို ထိန်းချုပ်နိုင်စွမ်း ရှိသူများ ဖြစ်ကြသည်။

သို့သော်… တာအိုဆရာသခင်ကြီးတစ်ပါး ပြုလုပ်သည့်အလုပ်က အခြားတာအိုဆရာသခင်ကြီးများက ဝင်ရောက်စွက်ဖက်သည့်အခါ အခြေအနေများက ထိန်းချုပ်နိုင်ခြင်း မရှိတော့ပေ။

စစ်တုရင်ကစားပွဲ ပွဲစဉ်တစ်ခုနှင့် ဆင်တူလေသည်။

များစွာသော စစ်တုရင်ကစားသမားများက ပြိုင်ပွဲဝင်ကြပြီး ထိုစစ်တုရင်ကစားသမားများအားလုံးကလည်း အတော်ဆုံး ကစားသမားများ ဖြစ်နေကြလေရာ ကစားပွဲ အဆုံးသတ်သည် ထိန်းမနိုင်သိမ်းမရ ဖြစ်လာလေတော့သည်။

ယခုတော့ နောက်ဆုံးအဆင့်သို့ ရောက်ရှိလာပြီ ဖြစ်ပြီး ယေဘူယျ ဆုံးဖြတ်ချက်ချရမည့်အချိန်သို့ ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။

တာအိုဆရာသခင်ကြီးများမှာ သူတို့ ထိန်းချုပ်နိုင်ခြင်းမရှိတော့သည့် ဆန်းလျန်နှင့်ပတ်သက်သည့် အကြောင်းအရာများကို ဟိုဘက်မှနည်းနည်း ၊ ဒီဘက်မှနည်းနည်း ဝင်ရောက်စွက်ဖက်နေပြီး အခြေအနေများအားလုံးကို ပြန်လည်ပြုပြင်အသစ်ရေးဆွဲရန်မှာလည်း နည်းလမ်းမရှိတော့ပေ။

ထို့ကြောင့် လက်ရှိအခြေအနေသို့ ရောက်ရှိလာရခြင်း ဖြစ်လေသည်။

တာအိုဆရာသခင်ထိုက်ယီက အဖြစ်အပျက်များအားလုံးကို ဖုံးကွယ်ချင်ခဲ့သလို ဆန်းလျန်ကိုလည်း သဘောကျခဲ့သည်။ ထို့ကြောင့် သူက ဆန်းလျန်နှင့် လီချင်းဆွေကို တာအိုလက်တွဲဖော်များအဖြစ် လက်ဆက်စေချင်ခဲ့သည်။

ဤသို့သာဆိုလျှင် တာအိုဆရာသခင်ထိုက်ယီသည်လည်း မျက်နှာရပြီး ဆန်းလျန်သည်လည်း အဆုံးမရှိသောနှစ်ပေါင်းများစွာ တာအိုဆရာသခင်ထိုက်ယီနှင့် ကောင်းမွန်သည့် ဆက်ဆံရေးရရှိနိုင်သည်။

ဆန်းလျန်ကလည်း ထိုအချက်ကို သိရှိခဲ့သည်။

ပြောရမည်ဆိုလျှင် ယခုဆန်းလျန်လုပ်နေသည့် အလုပ်များက အခြေအနေတင်းမာသည့်ဘက်သို့ ဆွဲခေါ်သွားပြီး သူ့ကိုသာ တာအိုဆရာသခင်ထိုက်ယီက နှစ်သန်းပေါင်းများစွာ ဖိနှိပ်ထားမည်ဆိုလျှင် ဆန်းလျန်အနေဖြင့် ကိုယ့်ဒုက္ခကိုယ်ရှာခြင်းသာ ဖြစ်ပေလိမ့်မည်။

တာအိုဆရာသခင်ကြီးများသည့် အမှန်တကယ်ပင် အကြင်နာတရားကင်းမဲ့ပြီး အခြားသူများကို အရေးမစိုက်သည်မှာ ထင်ရှားလှသည်။

သို့သော်… နားလည်မှုကိုတော့ တောင်းဆိုတတ်ကြသည်။

ယခုတော့ လီချင်းဆွေက ဟွင့်ယွမ်တာအိုသစ်သီးကို ဆန်းလျန်သိရှိအောင် ဖွင့်ပြခဲ့ပြီး ရှန်းထျန်းဝူထိုက်ကျင့်စဉ် အောင်မြင်စေရန် အဘယ့်ကြောင့် ကူညီခဲ့သည်ကို ဆန်းလျန် နားလည်သွားခဲ့ပြီ ဖြစ်သည်။

လီချင်းဆွေက ဆန်းလျန်ကို စေတနာရှိလွန်းသောကြောင့် ကူညီခြင်းမဟုတ်ပေ။ သူမက တာအိုဆရာသခင်ထိုက်ယီကို သူမ၏ မကျေနပ်မှုများကို ဖွင့်ပြလိုခြင်းကြောင့် ဆန်းလျန်ကို ကူညီလိုက်ခြင်း ဖြစ်လေသည်။

ပွင့်ပွင့်လင်းလင်းပြောရလျှင် လီချင်းဆွေက သူ့စိတ်ထဲပေါ့သွားစေရန် သူလုပ်ချင်သည့်အလုပ်ကို ပြုလုပ်ခြင်းသာ ဖြစ်သည်။

ဤသည်ကိုကြည့်ခြင်းအားဖြင့် အဖေနှင့်သမီးသည်ကား အတော်လေး စိတ်နေစိတ်ထားဆင်တူကြသည်ဟု ဆိုနိုင်သည်။

ဤအကြောင်းအရာများကို ဆက်စပ်စဉ်းစားပြီးသည့်နောက် ဆန်းလန်၏စိတ်ထဲတွင် အတော်လေး ထူးဆန်းနေမိသည်။

သူက ချင်းဆွေကို မိတ်ဆွေသူငယ်ချင်းဟု ယူဆသတ်မှတ်ပြီး သုံးခန္ဓာဖြတ်တောက်ကျင့်စဉ်ကို ကျင့်ကြံနိုင်ရန် မီးအိမ်များ ကူညီရှာဖွေပေးခဲ့သည်။

သုံးခန္ဓာဖြတ်တောက်ကျင့်စဉ်ကို ကျင့်ကြံအောင်မြင်သွားပြီးနောက် လီချင်းဆွေက အတော်လေး အကြင်နာတရားမဲ့သွားခဲ့သည်ဟု ဆိုနိုင်သည်။

ဆန်းလျန် သက်ပြင်းချလိုက်မိလေသည်။

ဆန်းလျန်နားလည်လိုက်သည်မှာ လီချင်းဆွေသည် ထိုသို့သောလူစားမျိုး ဖြစ်သည်ဆိုပါလျှင် သူမကိုယ်တိုင် တာအိုဆရာသခင်ကြီးတစ်ပါးဖြစ်အောင် ကျင့်ကြံပြီး သက်သေပြသင့်သည် မဟုတ်ပါလား။

ချင်းဆွေထျန်းကောင်းကင်ဘုံတွင် ဆန်းလျန် မီးမွှေးပြီးငါးကင်သည်ကို သူမလက်ခံခဲ့သည်မှာ ဆန်းလျန်အပေါ် မေတ္တာရှိ၍ မဟုတ်ဘဲ သူမ၏ စိတ်ဆန္ဒအတိုင်း မာနကြီးလွန်းသောကြောင့်သာဖြစ်သည်ကို ဆန်းလျန် နားလည်သွားခဲ့ပြီ ဖြစ်လေသည်။

အစမှအဆုံးထိတိုင် လီချင်းဆွေကို နားလည်မှုလွဲခဲ့သူမှာ ဆန်းလျန်သာ ဖြစ်လေသည်။ လီချင်းဆွေအနေဖြင့် သူ့အပေါ်တွင် မည်သည့်ခံစားချက်မှ ရှိမနေခဲ့ပေ။

ဆန်းလျန် လျှောက်လှမ်းခဲ့ရသည့် ဘဝတစ်လျှောက်လုံးတွင် ဘေးဒုက္ခအန္တရယ်များစွာ ရင်ဆိုင်ခဲ့ရဖူးသည်။

သို့သော်… နောက်ဆုံးတော့ အရာအားလုံးကို ချောချောမွေ့မွေ့ပင် ဖြတ်သန်းသွားနိုင်ခဲ့ပြီး ရန်သူပင်ဖြစ်စေ ၊ မိတ်ဆွေပင်ဖြစ်စေ သူ့ကို လေးလေးစားစား ဆက်ဆံကြသည်ချည်းပင်ဖြစ်သည်။

သို့သော်… ယခု သားအဖ (၂)ယောက်ပေးလိုက်သည့်သင်ခန်းစာကတော့ အတော်လေး များလေ၏။

ဆန်းလျန်ဆိုသည့် သူသည် အခြားသူများ၏ မျက်စိထဲတွင် သူ့ကိုယ်သူတွေးထင်ထားသလောက် အရေးပါသူတစ်ယောက် မဟုတ်ခဲ့သည်ကို ဆန်းလျန် နားလည်သွားခဲ့ပြီ ဖြစ်သည်။

ထိုသို့ နားလည်သွားပြီးသည့်နောက် လောကကြီးနှင့် လူအများသည် သူ့သဘောသူဆောင်နေခြင်းသာဖြစ်သည်ကို ဆန်းလျန် သဘောပေါက်သွားသည်။

ဆန်းလျန်၏ စိတ်ထဲတွင့် လူ့လောက ဒုက္ခပင်လယ်ကို ပြန်လည် တွေးတောခံစားလိုက်မိသည်။ သို့သော်… ထိုအရာက သူ့ကို စိတ်အနှောက်အယှက်တော့ မပေးနိုင်ခဲ့ပေ။

ဆန်းလျန်က…

"အရင်က ဒီတန်ခိုးစွမ်းအားကို ဗောဓိဘိုးဘိုးနဲ့ ဆုံတွေ့ပြီး အတည်ပြုချင်ခဲ့တာ…"

တာအိုဆရာသခင်ထိုက်ယီက ပြုံးလိုက်ပြီး…

"ကျုပ် ဗောဓိဘိုးဘိုးရဲ့ ကျင့်စဉ်ကို သိမြင်ပြီးသားပါ ၊ ဗုဒ္ဓနှင့်ဗောဓိတွေ့ဆုံတယ်ဆိုတဲ့ တန်ခိုးစွမ်းအားကို မင်းအသုံးပြုတယ်ဆိုရင်တောင်မှ အဲဒါ ကျုပ်အတွက် အသစ်အဆန်း မဟုတ်ပါဘူး ၊ မင်း အဲဒီတန်ခိုးစွမ်းအားကို အသုံးပြုမယ်ဆိုရင် ကျုပ် လက်ဖျောက်တစ်ချက်တီးလိုက်တာနဲ့ ပျက်စီးသွားမှာပဲ…"

ဆန်းလျန်က…

"အမှန်ပါပဲ ၊ ဆန်းလျန်လည်း ရုပ်ဆိုးပန်းဆိုးတွေ မဖြစ်ချင်ပါဘူး ၊ အခြားနည်းလမ်းတစ်ခု ရှိသေးတယ် ၊ တာအိုဆရာသခင်ကြီး ကျေးဇူးပြုပြီး ဝေဖန်ပေးပါဦး…"

ဆန်းလျန်စကားဆုံးသွားသည်နှင့် ဆန်းလျန်တစ်ကိုယ်လုံးသည် ပုံရိပ်ယောင်မှ အစစ်အမှန်သို့ ပြောင်းလဲသွားလေသည်။

သူ့ခန္ဓာကိုယ်ထက်မှ မီးတောက်က ပိုမိုပြင်းထန်စွာလောင်ကျွမ်းလေသည်။ သို့သော်… ထူးဆန်းမှုတစ်ခု ဖြစ်ပေါ်လာလေသည်။

တာအိုဆရာသခင်ထိုက်ယီက…

"ဗောဓိသစ်ပင်ကဲ့သို့ ရုပ်ခန္ဓာ… ကြေးမုံမှန်ကဲ့သို့ ကြည်လင်သည့် စိတ်ခန္ဓာ… ၊ တောင်ကိုမြင်ရင် တောင်ကိုမြင်တယ်လို့မှတ် ၊ ရေကိုမြင်ရင် ရေကိုမြင်တယ်လို့မှတ်ပေါ့… ၊ တကယ်ကောင်းတဲ့ပညာပါပဲ ၊ ဒါပေမဲ့ ကျုပ်အတွက်တော့ ဘာမှ မဟုတ်ပါဘူး…"

တာအိုဆရာသခင်ထိုက်ယီက ဆန်းလျန်၏ အတုအယောင်နှင့် အစစ်အမှန်ကို ထွင်းဖောက်သိမြင်ပြီး လက်ရှိဆန်းလျန်၏ အခြေအနေကို ပြောလိုက်ခြင်းဖြစ်သည်။

"ဗောဓိသစ်ပင်ကဲ့သို့ ရုပ်ခန္ဓာ… ကြေးမုံမှန်ကဲ့သို့ ကြည်လင်သည့် စိတ်ခန္ဓာ" ဆိုသည့်အဓိပ္ပါယ်က ဘာများပါနည်း။

တောင်ကိုမြင်လျှင် တောင်ကိုမြင်သည်ဟု မှတ် ၊ ရေကိုမြင်လျှင် ရေကိုမြင်သည်ဟုမှတ်ဆိုသည်က အဓိကအချက်ပင် ဖြစ်လေသည်။

ပထမဆုံးအဆင့်မှာ ပြင်ပအနှစ်သာရကို သိရှိခြင်းဖြစ်ပြီး ဒုတိယအဆင့်မှာ အတွင်းပိုင်းအနှစ်သာရကို သိမြင်ရန်ဖြစ်သည်။

တတိယအဆင့်မှာ ပြင်ပအနှစ်သာရနှင့် အတွင်းအနှစ်သာရ တူညီအောင် ရှုမြင်ခြင်း ဖြစ်လေသည်။

ထို့ကြောင့် ဗုဒ္ဓဘာသာက ဆိုသည်မှာ ဗောဓိပင်တည်ရှိခြင်းနှင့် ဗောဓိပင်မတည်ရှိခြင်းသည် အတူတူပင် ဖြစ်သည်ဟူ၍ ဖြစ်သည်။

ကျင့်ကြံအောင်မြင်လျှင် လူသားတိုင်းသည် ဗောဓိကို သိမြင်နားလည်သည်ဖြစ်လေရာ လူသားတိုင်းသည် ဗောဓိပင် ဖြစ်လာနိုင်လေသည်။

အဆုံးသတ်တွင် အတွင်းနှင့်အပြင်သည် ကွဲပြားမှုမရှိတော့ဘဲ အရာအားလုံးသည် အတူတူပင်ဖြစ်သည်ကို သိရှိနားလည်သွားနိုင်သည်။

ထို့ကြောင့် ဆန်းလျန်က ပုံရိပ်ယောင်မှ အစစ်အမှန်သို့ ပြန်လည်ပြောင်းလဲလိုက်ခြင်း ဖြစ်သည်။ သို့သော်… သူသည် ပုံယောင်ယောင်လည်းဖြစ်သလို အစစ်အမှန်လည်းဖြစ်သည်ဟု ဆိုနိုင်သည်။

အစစ်အမှန်နှင့် မရှိမှုကြားတွင် ကွာခြားချက်မရှိလျှင် တာအိုဆရာသခင်ကြီးတစ်ပါးဆိုသည်မှာ ပျောက်ကွယ်သွားပြီး တာအိုဆရာသခင်ကြီးတစ်ပါး၏ တည်ရှိမှုအဓိပ္ပါယ်တစ်ခု ဖြစ်လာသည်ဟု ဆိုနိုင်သည်။

သို့သော်… တာအိုဆရာသခင်ထိုက်ယီ ပြောသည့်စကားက အမှန်တရားဖြစ်ပြီး ဆန်းလျန်အနေဖြင့် ထိုဓမ္မအဓိပ္ပါယ်ကို လျှော့တွက်ရန် မဖြစ်နိုင်ပေ။

တာအိုဆရာသခင်ကြီးက သဘာဝလွန် ထူးခြားဆန်းပြားသူတစ်ယောက်ဖြစ်ပြီး ဆန်းလျန်ကလည်း တာအိုဆရာသခင်ကြီးကို ဆက်လက်ဆန့်ကျင်လျှက် ရှိလေသည်။

ဆန်းလျန်က ပြုံးလိုက်ပြီး…

"အဲဒီလောက်ပဲ မဟုတ်သေးဘူး…"

ပြောပြီးသည့်နောက် ဆန်းလျန် အင်္ကျီလက်ကို အသာဝှေ့ရမ်းလိုက်လေသည်။

***

All Chapters