← Chapters

မမျှော်လင့်ထားသော အကူအညီ ၂

Vol. 83 Ch. 824

မမျှော်လင့်ထားသော အကူအညီ ၂

Vol. 83 Ch. 824

တန်းရှန့်ကျွင်းသည် စက်သွားအသွင်လှည့်ပတ်နေသော အဖြူရောင်မီးတောက်ငါးလုံးနှင့်အတူ အနောက်မှ လိုက်ပါလာပြီး၊ သူ၏ မျက်စိတစ်ဆုံးရှိ အရာအားလုံးကိုဝါးမြိုပစ်နိုင်သော ထိတ်လန့်ဖွယ်ရာမီးတောက်ပင်လယ်ကြီးအဖြစ် ချက်ချင်း ပြောင်းလဲသွားခဲ့၏။

တဟုန်းဟုန်းတောက်လောင်နေသော မီးတောက်လှိုင်းလုံးများကြားတွင်၊ သူ၏ ခြေအောက်ရှိ အေးခဲနေသောရေပြင်မှာ လျင်မြန်စွာအရည်ပျော်သွားခဲ့သည်။

သို့သော်လည်း သူသည် မိုင်ရာအနည်းငယ် အကျယ်အဝန်းရှိသောနေရာတစ်ခုကိုသာ လွှမ်းမိုးနိုင်စွမ်းရှိပြီး၊ မိမိအတွက် ဘေးကင်းသောရပ်တည်ရာနေရာတစ်ခုကိုသာ ဖန်တီးနိုင်ခဲ့၏။

သို့သော် ထိုနေရာ၏ အလွန်တွင်မူ၊ အဖြူရောင် မီးတောက်ပင်လယ်ကြီးပင်လျှင် အစိုင်အခဲတစ်ခုအဖြစ်အေးခဲခိုင်မာသွားသကဲ့သို့ ထင်ရလေသည်။

"ဒါက တောင်ပိုင်းဟုန်သားတော်ခုနစ်ပါးရဲ့ ပိုင်နက်နယ်မြေဖြစ်တယ်လို့ ငါ မင်းကို သတိပေးခဲ့ပြီးပြီနော်" မီးတောက်များကြားမှထွက်လာသော တန်းရှန့်ကျွင်း၏ မျက်နှာထက်တွင် နှစ်ပေါင်းများစွာ မတွေ့မြင်ခဲ့ရသောကြမ်းကြုတ်ခက်ထန်သည့် အမူအရာတစ်ခုရှိနေပြီး။

"ငါက မင်းအပြင်းပြေဝါးစားလို့ရတဲ့ ဈေးပေါတဲ့ ဆေးလုံးတစ်လုံးဆိုတာ မှန်ပါတယ်။ ဒါပေမဲ့ ငါ့ရဲ့ ညီနောင်တွေက မသေသေးဘူးကွ" ဟု ဆိုလေသည်။

သူ၏ လက်အောက်ခံ အင်အားစုအချို့ကို ဆုံးရှုံးရခြင်းနှင့် ပတ်သက်၍ သူ သဘောပေါက်လက်ခံနိုင်ခဲ့ပြီဟု ထင်မှတ်ခဲ့၏။

သို့သော် ကောင်းကင်ဘုံနယ်ပယ် မဟာနတ်ဆိုးကြီးမှ သာမန်သက်ရှိများကို လျင်မြန်ရက်စက်စွာ သတ်ဖြတ်နေသည်ကို မျက်မြင်ကိုယ်တွေ့ ကြုံလိုက်ရသောအခါ၊ တန်းရှန့်ကျွင်း၏ ရင်တွင်း၌ ပြင်းထန်သောဒေါသတရားများ ပေါက်ကွဲထွက်ပေါ်လာခဲ့၏။

ဤ ကျောချမ်းဖွယ်ကောင်းသော နတ်ဘုရားစွမ်းရည်ဖြင့်၊ ရွှမ်းယွဲ့မြို့ တစ်ခုတည်းသာမက၊ လက်အောက်ခံအင်အားစုများအားလုံးနှင့် နန်ယန်ဂိုဏ်းမှ ကျင့်ကြံသူတစ်သန်းနီးပါးကို ဝါးမြိုပစ်ရန်ဆိုသည်မှာ အချိန်အနည်းငယ်မျှသာယူရပါလိမ့်မည်။

"ဒါဆိုရင်လည်း..." အေးစိမ့်တောင် ဘိုးဘေးကြီးသည် သူ၏ လှောင်ပြောင်သော အပြုံးကို ဖြည်းညင်းစွာရုတ်သိမ်းလိုက်ပြီး၊ ခံစားချက်ကင်းမဲ့စွာဖြင့် "မင်း သူတို့ကိုလာခွင့်ပြုလိုက်လေ" ဟု ဆိုလေသည်။

ထိုသို့ပြောပြီးနောက် သူ၏ နှုတ်ခမ်းထောင့်ကို အနည်းငယ် တွန့်ကွေးလိုက်ပြီး၊ အရှေ့သို့ တိတ်ဆိတ်စွာ လှမ်းလျှောက်သွားလေသည်။

အေးစိမ့်တောင်မှ ထွက်ပေါ်လာပြီးနောက်၊ သူသည် သူ၏ မကျေနပ်ချက်များကိုပြေလျော့စေရန် ဤနယ်မြေ၏ တစ်ဝက်ကို ဝါးမြိုပစ်ရန်ရည်ရွယ်ထားခဲ့၏။

အနောက်ပိုင်းဟုန်၏ အစွမ်းအထက်ဆုံး မဟာနတ်ဆိုးကြီး၏ ဤပထမဆုံးအကြိမ် တောင်ပေါ်မှ ဆင်းသက်လာခြင်းက၊ တောင်ပိုင်းဟုန်အတွက် ထိတ်လန့်တုန်လှုပ်ခြင်း၏ အဓိပ္ပာယ်အစစ်အမှန်ကို ပြသလိုက်ခြင်းပင်။

တန်းရှန့်ကျွင်း ဖော်ပြခဲ့သော လူများနှင့် ပတ်သက်၍မူ.. ဟက်

တောင်ပိုင်း နဂါးနန်းတော်၏ ပိတ်လှောင်မှုကို ခံထားရသော အကျဉ်းသားများသာဖြစ်ချေသည်။ ယခုအချိန်တွင် သူတို့ထွက်လာနိုင်ရန်အတွက် မည်သည့်အခွင့်အရေးမျှမရှိတော့ပေ၊ အကယ်၍ ထွက်လာနိုင်မည်ဆိုလျှင်လည်း သူတို့ အချိန်ကြာတည်းက ထွက်လာခဲ့ပြီးဖြစ်ပေလိမ့်မည်။

ထို့အပြင် သူသည် အစားအသောက်များကို ဗိုက်ကားအောင်စားသောက်နိုင်ရန် အချိန်အနည်းငယ် ရရှိစေရန်ရည်ရွယ်ချက်ဖြင့် တန်းရှန့်ကျွင်း၏ ခန္ဓာကိုယ်ပေါ်ရှိ တာအိုချပ်ပြားကို အစောပိုင်းကတည်းက ဖျက်ဆီးပစ်ခဲ့လေသည်။

ရွှမ်းယွဲ့ မြို့အတွင်း၌

ဤ ကျောချမ်းဖွယ်ကျွမ်းကျင်သူ၏ ထိုးစစ်ဆင်မှုအောက်တွင်၊ကောင်းကင်ယံထက်၌ နေရာယူထားခဲ့သော ယင်ချီကျန်းသည် တစ်ကိုယ်လုံးတုန်ယင်နေသော်လည်း၊ နွေးထွေးမှုရရှိရန် အောက်သို့ဆင်းသက်ခြင်းအား ခေါင်းမာစွာငြင်းဆန်နေခဲ့သည်။

သူသည် မည်သည့် အချည်းနှီးသောအားထုတ်မှုမျိုးကိုမျှ မပြုလုပ်ခဲ့ဘဲ၊ ကျယ်ပြောလှသော ရေပြင်ကြီးကိုသာ စူးစိုက်ကြည့်နေခဲ့၏။

အနည်းဆုံးတော့... အနည်းဆုံးတော့ သူနှင့် အခြားသူများ မည်သို့သေဆုံးသွားမည်ကို မျက်မြင်ကိုယ်တွေ့ ကြည့်ရှုလိုသောကြောင့်ပင်။

မကြာမီမှာပင်၊ ယင်ချီကျန်း၏ အမြင်အာရုံတွင် ပြာလဲ့သောအရောင်အသွေးတစ်ခု ထွက်ပေါ်လာခဲ့၏။ ထိုအရာမှာ သူ၏ အရပ်မျက်နှာဆီသို့ပြေးဝင်လာကာ ပတ်ဝန်းကျင်ရှိအရာအားလုံးကို ဝါးမြိုပြီး ၎င်း၏ ခန္ဓာကိုယ်အတွင်းသို့ ပေါင်းစည်းလိုက်သည့် ဧရာမသတ္တဝါဆန်းကြီးတစ်ကောင်နှင့် တူနေခဲ့လေသည်။

တစ်ခဏအတွင်းမှာပင် မိုင်ပေါင်းထောင်ချီ ခရီးရှေ့ရောက်လာခဲ့သည်။

ဤ မိုးမျှော်နေသောခမ်းနားကြီးကျယ်သည့် ရေခဲတောင်ကြီးသည် ယင်ချီကျန်း၏ အမြင်အာရုံနယ်ပယ်တစ်ခုလုံးကို အပြည့်အဝနေရာယူသွားပြီး၊ ၎င်း၏ရှေ့မှောက်ရှိ သက်ရှိအားလုံးကို သေးငယ်သွားစေခဲ့၏။

ထိုတောင်ခြေရင်းတွင် ပြာလဲ့နေသောလှိုင်းလုံးများသည် ခြေသည်းလက်သည်းများအဖြစ် ပြောင်းလဲသွားပြီး၊ နောက်ဆုံးတွင် ကုန်းမြေပေါ်သို့ ရောက်ရှိလာခဲ့လေပြီ။

ရွှမ်းယွဲ့မြို့ပေါ်သို့ ရေထဲမှခုန်တက်လာသော ကြမ်းကြုတ်သည့် သားရဲကြီးတစ်ကောင်ပမာ၊ဟန့်တား၍မရနိုင်လောက်အောင် ရှေ့သို့ချီတက်လာပြီး၊ကုန်းမြေပေါ်ရှိ အရာအားလုံးကို ဝါးမြိုပစ်လေတော့သည်။

ယင်ချီကျန်းသည် သူ၏အဆုံးသတ်ကိုပင် မြင်တွေ့လိုက်ရလုနီးပါး ဖြစ်သွားခဲ့၏။

ပြင်းထန်လှသော အအေးဒဏ်အောက်တွင်၊ သူသည် လေကိုခက်ခဲစွာရှူရှိုက်နေရင်းတောင့်ခံနေချိန်တွင် သူ၏ နားထဲတွင် ကျယ်လောင်သောအက်ကွဲသံကြီးတစ်ခု ထွက်ပေါ်လာပြီးမေ့လဲလုမတတ်ဖြစ်သွားခဲ့ရသည်။

"ဘန်း...ဘန်း"

သူသည် ကိုယ့်လည်ပင်းကို ပြန်တင်းကျပ်စွာ ဆုပ်ကိုင်ထားလိုက်ရာ လက်ခုံပေါ်ရှိသွေးကြောများပင် ထောင်ထွက်လာပြီး၊ အတင်းအကျပ်ပင် လှည့်လိုက်ကာလှမ်းကြည့်လိုက်၏။

ထိုနေရာ၊ရေခဲတောင်၏ ထိပ်ဆုံးတွင် စုတ်ပြတ်ပြီး ပိန်ချုံးနေသောပုံရိပ်တစ်ခု မည်သည့်အချိန်ကမှန်းမသိ ထွက်ပေါ်နေခဲ့၏။ သူ၏နွမ်းပါးသော ဝတ်စားဆင်ယင်မှုက အထက်စီးမှအာဏာပြကာ ငုံ့ကြည့်နေသော သူ၏ ဘုရင်တစ်ပါးကဲ့သို့သော အမူအရာကိုဖုံးကွယ်ထားနိုင်ခြင်း မရှိပေ။

အက်ကွဲသံများနှင့် ပတ်သက်၍မူ၊ ကုန်းမြေ၏ အစွန်ဆုံးနေရာတွင်၊ကြမ်းတမ်းသော ရေခဲလက်သည်းများသည် အထက်သို့တက်လှမ်းမည့် အခိုက်အတန့်တွင်ဆက်တိုက်ဆိုသလို အက်ကွဲကာ လွင့်စင်ပျောက်ကွယ်သွားခြင်းပင်။

ရေခဲတောင်သခင်၏ စစ်သည်များပင် မနင်းချေနိုင်သောနေရာများ အမှန်တကယ်ရှိနေခဲ့သည်လော။

"ဝုန်း"

နောက်တစ်ခဏတွင်၊ပြန့်နှံ့နေသော အအေးဓာတ်များသည် ရုတ်တရက်နောက်သို့ ဆုတ်ခွာသွားပြီး၊ အေးခဲနေသောရေပြင်တစ်ခုလုံး တစ်ပြိုင်နက်တည်းကွဲအက်သွားကာ၊ ဧရာမ ခမ်းနားကြီးကျယ်လှသော ရေခဲတောင်ကြီးပင်လျှင် အောက်ဘက်သို့ အက်ကွဲပြိုကျသွားခဲ့လေသည်။

အေးစိမ့်တောင် ဘိုးဘေးသည်လည်း အနည်းငယ် ယိမ်းယိုင်သွားခဲ့၏။

ထိုသိမ်မွေ့သောလှုပ်ရှားမှုက လောကကြီးအပေါ် သူ လွှမ်းမိုးထားသောဩဇာအာဏာကို ချေဖျက်ပစ်လိုက်လေသည်။

ယင်ချီကျန်းသည် ရုတ်တရက်များစွာ သက်သာရာရသွားသလို ခံစားလိုက်ရပြီး၊ လည်ပင်းကို ဆုပ်ကိုင်ထားမှုမှ လွှတ်လိုက်ကာ၊ အထက်သို့ မိန်းမောတွေဝေစွာမော်ကြည့်လိုက်လေသည်။

ထိုနေရာ၊ ရွှမ်းယွဲ့မြို့နှင့် ၎င်း၏ လက်အောက်ရှိ မြို့သုံးရာ၏ အထက်တွင်... မဟုတ်သေးပေ။

တိတိကျကျပြောရလျှင် နန်ယန်ဂိုဏ်း၏ များပြားလှသော လက်အောက်ခံအင်အားစုများ၏ အရှေ့ဝယ် အနည်းငယ် ခန့်ညားသွယ်လျသောပုံရိပ်တစ်ခုသည် လေထဲတွင် ရပ်နေခဲ့သည်။

ရေခဲတောင်ထက်ပင် ပို၍အေးစက်သော အအေးဓာတ်ကိုထုတ်လွှတ်နေသည့် သေသပ်လှပသော ချပ်ဝတ်တန်ဆာကိုဝတ်ဆင်ထားပြီး၊ လှပစွာ တန်ဆာဆင်ထားသောသရဖူတစ်ခုက သူ၏ အနည်းငယ်လွင့်မျှောနေသော ဆံပင်များကို ထိန်းချုပ်ထားပါသည်။

ထိုသရဖူ၏ အောက်တွင်မူ မည်သည့်ခံစားချက်မျှ မရှိဘဲ ငယ်ရွယ်ပြီးတည်ငြိမ်ကာခန့်ညားလှသည့် မျက်နှာတစ်ခု ရှိနေလေ၏။

လေကြောင့်လှုပ်ခတ်နေသော နက်မှောင်နေသည့် တိမ်တိုက်ကြီးများမှာ ခမ်းနားလှသော ကောင်းကင်ဘုံ၏ ဝတ်ရုံကြီးတစ်ခုနှင့်ပင် တူနေတော့သည်။

သူ၏ အရှေ့ မိုင်သုံးရာပတ်လည်အား၊သူသည် နတ်ဆိုးမိစ္ဆာများထိုးဖောက်ဝင်ရောက်၍မရနိုင်သော သူ၏ ကိုယ်ပိုင် မိုးမြေကြီးကို ဖန်တီးတည်ဆောက်ထားသကဲ့သို့ပင်။

"ဂိုဏ်းချုပ်ရှန်း..." ယင်ချီကျန်းသည် သူ၏ လက်များကို လွှတ်ချလိုက်ပြီဖြစ်သော်လည်း၊အသက်ရှူကျပ်လာသကဲ့သို့ ရုတ်တရက်ခံစားလိုက်ရသည်။

ဝတ်စားဆင်ယင်မှု ပြောင်းလဲသွားသော်ငြားလည်း၊ သားတော်ခုနစ်ပါးမဟာညီလာခံသို့ တက်ရောက်ခဲ့ဖူးသော မည်သည့်ကျင့်ကြံသူကမျှ ထိုရင်းနှီးနေသောမျက်နှာကို မမှတ်မိဘဲ နေပါမည်နည်း။

တောင်ပိုင်းဟုန်၏ မသေမျိုးဂိုဏ်းခုနစ်ဂိုဏ်းထံမှ ပေးစာများအရ၊ သူသည် ဤနေရာတွင် ရှိနေရမည် မဟုတ်ပေ။

သို့သော် ယခုအခါတွင်၊ ဂိုဏ်းချုပ်ရှန်းသည် အမှန်တကယ်ပင် ဤနေရာသို့ ရောက်ရှိနေခဲ့ပြီ ဖြစ်သည်။

ထို့အပြင် ထင်ယောင်ထင်မှားဖြစ်မှုကြောင့်လား မသိပေ၊ ယင်ချီကျန်းအား ဂိုဏ်းချုပ်ရှန်း၏ အရှေ့တွင်၊ရေခဲတောင်ပေါ်ရှိ စုတ်ပြတ်နေသော မဟာနတ်ဆိုးကြီးသည် အချုပ်အခြာအာဏာပိုင်ဘုရင်တစ်ပါးကဲ့သို့ ရှိနေဆဲဖြစ်သော်လည်း၊ ယခုအခါ ကောင်းကင်ဘုံနှင့် ရင်ဆိုင်ရချိန်တွင်၊ ဘုရင်တစ်ပါးပင်လျှင် ဦးညွှတ်ရမည်ဟု ခံစားခဲ့ရစေလေ၏။

"ဒါက တစ်ခုခုမှားယွင်းနေတာလား" နောက်ကျမှ ရောက်လာသော တန်းရှန့်ကျွင်းသည် ရွှမ်းယွဲ့မြို့ဘက်သို့ လှမ်းကြည့်လိုက်ရင်းအံ့အားသင့်သွားခဲ့၏။

အခြားသူနှစ်ဦးကဲ့သို့မဟုတ်ဘဲ၊သူဟာအမှန်တကယ်ပင် ဂိုဏ်းချုပ်ရှန်းကို ရှာတွေ့ခဲ့ခြင်း ဖြစ်ကြောင်း ထင်ရှားနေလေသည်။

သို့သော် တန်းရှန့်ကျွင်းသည် သူ့ကို မျက်မြင်ကိုယ်တွေ့ မြင်လိုက်ရသောအခါ၊ သူ လူမှားသွားလေသလားဟု သံသယဖြစ်လာခဲ့၏။

သူ၏ မှတ်ဉာဏ်ထဲရှိ ဂိုဏ်းချုပ်ရှန်းသည် ဤမျှ လွှမ်းမိုးနိုင်သောအရှိန်အဝါမျိုးမရှိခဲ့ဘဲ၊ ယခုမူ အေးစိမ့်တောင် ဘိုးဘေးကို သိမ်မွေ့စွာဖိနှိပ်ထားသည့် ထင်ယောင်ထင်မှားဖြစ်မှုကိုပင် ပေးစွမ်းနေသကဲ့သို့ ရှိလေသည်။

သူတို့ နောက်ဆုံး လမ်းခွဲခဲ့ကြသည်မှာ အချိန်တိုလေးတစ်ခုသာရှိသေးသည် မဟုတ်ပါလော။

"..." ရေနှင့် ကုန်းမြေဆုံဆည်းရာနေရာရှိ ပြောင်းလဲမှုများကို တိတ်ဆိတ်စွာစောင့်ကြည့်နေရင်း၊ အေးစိမ့်တောင် ဘိုးဘေးသည် သူ၏ နတ်ဘုရားစွမ်းရည်များဟန့်တားခံလိုက်ရပြီး၊ ရှင်းပြ၍မရနိုင်စွာပဖြင့် ထိုအတားအဆီးကို ထိုးဖောက်နိုင်စွမ်းမရှိတော့ကြောင်းသေချာသွားကာ၊ နောက်ဆုံးတွင် သူသည် ဖြည်းညင်းစွာသက်ပြင်းချလိုက်လေတော့သည်။

All Chapters