ဟမ့် ထွက်ပြေးချင်တာလား
Vol. 83 Ch. 828
ကောင်းကင်ဘုံနယ်ပယ် အလယ်အလတ်အဆင့်မဟာနတ်ဆိုးကြီးတစ်ပါး ကျဆုံးခဲ့သည့် နေရာတွင်၊ရွှမ်းယွဲ့ မြို့တော်သည် မကြာမီမှာပင် ဆီးနှင်းဖြူများဖြင့်ဖုံးလွှမ်းနေသော ရှုခင်းနေရာတစ်ခုအဖြစ်သို့ ပြောင်းလဲသွားခဲ့၏။
ယင်ချီကျန်းသည် အပြင်ဘက်သို့ ငေးကြောင်ကြည့်နေမိသည်။
စီးဆင်းနေသောရေသံများ ထွက်ပေါ်လာသည်။ရှုပ်ထွေးနေသောရေမျက်နှာပြင်ပေါ်တွင် အက်ကွဲနေသောရေခဲပြင်များမှာ တဖြည်းဖြည်းအရည်ပျော်သွားပြီး၊စိမ်းလဲ့သော လှိုင်းလုံးများမှာ ကမ်းခြေသို့ညင်သာစွာ ရိုက်ခတ်လာကာ တစ်ကမ္ဘာလုံးကို ၎င်း၏ အသံများပြန်လည်ရရှိစေခဲ့၏။
ထိုပြာလဲ့သောကောင်းကင်နှင့် ပင်လယ်ပြင်ကြားတွင်၊ အရပ်ရှည်ရှည်နှင့် လူငယ်တစ်ဦးသည် သူ၏ လက်ကို အောက်သို့ဖိချလိုက်ရာ၊ ကြမ်းကြုတ်လှသော ရွှေရောင်သင်္ကေတဆန်းကြယ်ဓားရှည်သည် အလင်းတန်းအဖြစ်ပြောင်းလဲသွားပြီး သူ၏ မင်ရောင်ဝတ်ရုံအတွင်းသို့ တိုးဝင်ပျောက်ကွယ်သွားလေသည်။
ကောင်းကင်ယံမှ တိမ်တိုက်များသည် သူ၏ ဦးခေါင်းထက်တွင်ပြန်လည်စုစည်းလာပြီး သူ၏ အဝတ်အစားများနှင့်အတူ လိုက်ပါလွင့်မျှောနေကြ၏။
ဤအခိုက်အတန့်မတိုင်မီက ဂိုဏ်းချုပ်ရှန်းကို ဖော်ပြရမည်ဆိုလျှင်၊ သူရပ်နေသော နေရာ၏ နောက်ကွယ်မိုင်ထောင်ချီတွင် မိစ္ဆာနတ်ဆိုးများ မထိုးဖောက်နိုင်သောအခြေအနေမျိုးတွင် ရှိခဲ့သည်။
သို့သော် ယခုမူ၊ တောင်ပိုင်းဟုန်နယ်မြေတစ်ခုလုံးသည် သူ၏ အသက်ရှူသံများနှင့်အတူ ပြောင်းလဲနေသကဲ့သို့ ခံစားရပြီး၊ သူ၏ အခန်းကဏ္ဍမှာ နန်ယန်ရတနာမြေ၏ လက်အောက်ခံ အင်အားစုများကို စောင့်ရှောက်ရန်သာမကဘဲ၊ ဤကျယ်ပြောလှသောတောင်ပိုင်းဟုန် တစ်ခုလုံး၏ အကာအကွယ်ပေးသူ ဖြစ်လာခဲ့လေပြီဖြစ်၏။
ယင်ချီကျန်းသည် အနည်းငယ်ငေးမောနေလျက် အခြားသူများ၏ ရှေ့သို့ တက်လှမ်းလိုက်ပြီး၊ အလားတူ ယမှင်တက်နေကြသော ကျင့်ကြံသူများနှင့်အတူ ရှေ့သို့ ဦးညွှတ်ကာ အလေးပြုလိုက်ကြသည်။
များစွာသောသတ္တဝါတို့၏ နှလုံးသားထဲမှ စစ်မှန်စွာထွက်ပေါ်လာသော ဤလေးစားမှုများ၏ ရှေ့မှောက်တွင်၊ တန်းရှန့်ကျွင်းပင်လျှင် ခေတ္တမျှ တိတ်ဆိတ်နေခဲ့၏။
"ဟေး" ခဏအကြာမှသာ သူသည် ရှန်းယီ၏ ဘေးသို့ အလျင်အစလိုရောက်ရှိသွားပြီး၊ လူငယ်လေးကို မျက်လုံးအပြူးသားဖြင့် အထက်အောက် ကြည့်ကာ၊စကားလုံးများ ပျောက်ဆုံးနေလျက် တံတွေးများကို အထပ်ထပ်မျိုချနေမိသည်။
အတော်ကြာမှသာ သူက "ဂိုဏ်းချုပ်ရှန်း၊ မင်းရဲ့ တာအိုချပ်ပြားလေး ခဏလောက်ငှားသုံးလို့ ရမလား" ဟု အားတင်းကာ မေးလိုက်လေသည်။
ကောင်းကင်ယံရှိ လှုပ်ခတ်မှုမှာ ရွှမ်းယွဲ့ မြို့တော်မှသာမြင်တွေ့ရခြင်း မဟုတ်ဘဲ၊ တောင်ပိုင်းဟုန် ခုနစ်ဂိုဏ်းတစ်ခုလုံးကိုပါ လွှမ်းခြုံထားခြင်း ဖြစ်သည်။
ဂိုဏ်းမှ စီနီယာအစ်ကိုကြီးများက ဘာဖြစ်ခဲ့သည်ကို သေချာပေါက်သတိထားမိကြလိမ့်မည်။
သို့သော် တန်းရှန့်ကျွင်းမှာမူ သူတွေ့မြင်ခဲ့ရသော မြင်ကွင်းကို အခြားသူများအား သိစေချင်ပြီး ရင်ဖွင့်လိုခြင်းသာ ဖြစ်သည်။
သို့မဟုတ်ပါက ဤထိတ်လန့်မှုကို တစ်ယောက်တည်းရင်ဆိုင်နေရလျှင် သူရူးသွားနိုင်သောကြောင့်ဖြစ်လေ၏။
"..." ရှန်းယီသည် မျက်နှာနီမြန်းနေသော စီနီယာတန်းကို ကြည့်ကာ မငြင်းပယ်ဘဲတာအိုချပ်ပြားကို ထုတ်ပေးလိုက်သည်။
ဂိုဏ်းအတွင်းရှိ သူများအနေဖြင့် အပြောင်းအလဲများကို စောစောစီးစီးသိရှိပြီး လိုအပ်သလို ပြင်ဆင်ထားစေခြင်းမှာ အထောက်အကူဖြစ်ပေသည်။
ထို့အတူ စီနီယာတန်းသည်လည်း အခြားအရာများကို ဘေးဖယ်ထားလျှင်ပင်၊ အမှန်တကယ် သတ္တိကြီးမားသူဖြစ်သည်။ အကယ်၍ အေးစိမ့်တောင် ဘိုးဘေးသာ သတိကြီးသူမဟုတ်ခဲ့လျှင်၊ သူ၏ လှုပ်ရှားမှုများကြောင့်တင် ဂိုဏ်းချုပ်တန်းသည် ခုနစ်ကြိမ် ရှစ်ကြိမ်မက သေဆုံးပြီးနေလောက်ပြီ ဖြစ်သည်။
ထိုအတွေးနှင့်အတူ ရှန်းယီသည် သူ၏ အကြည့်ကို ပြန်လည် လွှဲဖယ်လိုက်၏။
မသေမျိုးများအကြားတိုက်ပွဲများသည် သာမန်လူသားများအတွက် ကပ်ဘေးကို ဆောင်ကြဉ်းလာတတ်သော်လည်း၊တိုက်ပွဲအတွင်း ထိုလူသားများအတွက် အနည်းငယ်ထည့်သွင်းစဉ်းစားပေးခြင်း သို့မဟုတ် သူတို့ကို တားဆီးရန်ကြိုးစားခြင်းမှာ အချည်းနှီးဖြစ်ပြီး အနည်းငယ်မိုက်မဲပုံပေါ်သော်လည်း၊ အနည်းဆုံးတော့ သူသည် မသေမျိုးကောင်းတစ်ဦးဖြစ်ကြောင်း သက်သေပြနေပေသည်။
"ခင်ဗျားတို့ နှစ်ယောက်လုံး၊ အနောက်ပိုင်းဟုန် ဘက်ကိုမျက်ခြေမပြတ် စောင့်ကြည့်ပေးပါ။ရတနာမြေကနေ ထွက်သွားဖို့ မလိုပါဘူး။ တစ်ခုခုတွေ့ရင် ကျွန်တော့်ဆီ စာပို့လိုက်ရုံပါပဲ။"
ရှန်းယီသည် ပန်ရှန်းဂိုဏ်းချုပ်နှင့် ဆက်သွယ်ရန် ကျောက်စိမ်းပြားတစ်ခုကို ထုတ်ယူကာ လိုရင်းတိုရှင်းပြောလိုက်ပြီး၊နတ်ဆိုးတစ်သောင်းခန်းမရှိ နတ်ဆိုးကျောက်တိုင်အားလုံးကို ခုနစ်ဂိုဏ်းမှ အနောက်ပိုင်းဟုန်သို့သွားရာ လမ်းကြောင်းကို စောင့်ကြပ်ရန် စီစဉ်လိုက်သည်။
"ဟင်" တိန်းရှန့်ကျွင်းသည် တာအိုချပ်ပြားကို မြှောက်လိုက်ရုံရှိသေးသော်လည်း ဇဝေဇဝါဖြင့် ခေါင်းပြန်လှည့်ကြည့်လိုက်၏။
အနောက်ပိုင်းဟုန် ဘက်ကလား၊ နောက်ထပ် မဟာနတ်ဆိုးကြီးတစ်ပါး ထပ်လာနေတာလား။
ဂိုဏ်းချုပ်ရှန်းက ဒီသတင်းကို ဘယ်လိုရတာလဲ။
"ဘာမှမဟုတ်ပါဘူး။" ရှန်းယီ ခေါင်းခါလိုက်၏။ ထိုအရာမှာကြီးမားသော ကိစ္စမဟုတ်ဘဲ၊ နှင်းများ ကျဆင်းနေမှုမှာ အနည်းငယ်များလွန်းနေသဖြင့် သူ၏ စားပွဲပေါ်မှ စားသောက်ပွဲကြီးထွက်ပြေးသွားမှာကို စိုးရိမ်မိခြင်းသာ ဖြစ်သည်။
သူသည် စိတ်ကို ထိန်းချုပ်လိုက်ပြီး အေးစိမ့်တောင် ဘိုးဘေး၏ ရုပ်အလောင်းကို လက်စွပ်ထဲသို့ သိမ်းဆည်းလိုက်ကာ၊သူ၏ ပုံရိပ်မှာ ထိုနေရာမှ ပျောက်ကွယ်သွားပြီး ကောင်းကင်ယံထဲသို့ ပြန်လည် ပေါင်းစည်းသွားလေတော့သည်။
...
တောင်ပိုင်းဟုန် ဂိုဏ်းခုနစ်ဂိုဏ်း
ကျင့်ကြံသူအားလုံးသည် ရတနာမြေအတွင်းသို့ ပြန်လာကြပြီးတံခါးပိတ်ကာ အပြင်သို့ မထွက်ကြတော့ပေ။ ဂိုဏ်းတစ်ခုချင်းစီမှာ ထူးဆန်းပြီး တိတ်ဆိတ်ခြောက်ခြားဖွယ်ကောင်းသော အခြေအနေသို့ ကျရောက်နေလေ၏။
မိုးမြေအကြား လေထု၏ ရုတ်တရက်ပြောင်းလဲမှုကြောင့်ဖြစ်စေ၊ ရှေ့ဆုံးမှ ဂိုဏ်းချုပ် သုံးဦး၏ ပိုမို အေးစက်လာသောအမူအရာများကြောင့်ဖြစ်စေ၊ ဤအရာများက အကြီးအကဲများကို သူတို့၏ တပည့်များကိုပိုမို၍တင်းကျပ်စွာထိန်းချုပ်ရန် ဖြစ်လာစေသည်။
ရတနာမြေရှိသတ္တဝါများထဲတွင် ကျင့်ကြံခြင်းအမြင့်ဆုံး ဖြစ်ကြသည့်အတိုင်း၊ သူတို့သိသိသာသာ ခံစားနေရသည်မှာ သူတို့၏ ကောင်းကင်သည် ဒေါသထွက်နေပြီး ကြောက်ရွံ့ပင် ကြောက်ရွံ့နေခြင်းဖြစ်သည်။
တောင်ပိုင်းနဂါးဘုရင်ကိုယ်တိုင် ရောက်ရှိလာချိန်မှာပင်၊ ဂိုဏ်းချုပ်ယဲ့ သည် သူ၏ ဓားဖြင့် လိုက်လံတိုက်ခိုက်ဝံ့ခဲ့ရာ၊ ဤကမ္ဘာပေါ်တွင် သူ့အား ကြောက်ရွံ့မှုဖြစ်စေနိုင်သော အရာမှာ များစွာမရှိပေ။
နန်ယန်ဂိုဏ်းချုပ် ထွက်ခွာသွားသည့် သတင်းနှင့် ဆက်စပ်ကြည့်လျှင်၊ ဤဂိုဏ်းချုပ်များ၏ ဒေါသနှင့် ကြောက်ရွံ့မှုဇစ်မြစ်မှာ အတော်လေး ရှင်းလင်းနေပြီ ဖြစ်သည်။
"ဟင်း..။"လျိုရှီချန်းသည် အစီအရင်၏ အပြင်ဘက်တွင် တိတ်ဆိတ်စွာရပ်နေမိသည်။
သူသည် တာအိုပေါင်းစည်းခြင်းနယ်ပယ်၏ အင်အားဖြင့် ပိုမိုလုပ်ဆောင်နိုင်လိမ့်မည်ဟု ထင်ခဲ့သော်လည်း၊လက်တွေ့မှာမူ ယခင်အတိုင်းပင် ဖြစ်နေသေး၏။
သူသည် ဂိုဏ်းချုပ်ထံမှ အမိန့်တော်ကို တိတ်ဆိတ်စွာစောင့်ဆိုင်းနေရုံသာ တတ်နိုင်ပြီး၊ တကယ့်တိုက်ပွဲစတင်ချိန်တွင် ရေနတ်ဆိုးအချို့ကို ပိုမို သတ်ဖြတ်နိုင်ကောင်းသော်လည်း၊ ထိုမှတစ်ပါး ထူးခြားသောကွာခြားမှု မရှိနိုင်ပေ။
"ကပ်ဘေးဒုက္ခကြီးအထိတော့ မဖြစ်လောက်ပါဘူး" လျိုရှီချန်းသည် ကောင်းကင်ယံသို့ဖြည်းညင်းစွာ မော့ကြည့်လိုက်၏။
အဆုံးတွင်မူ ဂိုဏ်းချုပ်ရှန်းသည် နတ်ဆိုးတစ်သောင်းခန်းမကိုပင် သူနှင့် မိတ်ဆွေဖြစ်ရန် အကျိုးအမြတ်များကမ်းလှမ်းစေနိုင်သူ ဖြစ်သည်။
အစပိုင်းတွင် သူများစွာ နားမလည်ခဲ့သော်လည်း၊ ဤကာလအတွင်းမှာ နတ်ဆိုးတစ်သောင်းခန်းမ၏ တည်ရှိမှုမှာ မည်မျှကြောက်မက်ဖွယ်ကောင်းကြောင်း သူ သိရှိလာခဲ့၏။
အနောက်ပိုင်း နဂါးဘုရင် ပင်လျှင် ၎င်း၏ ချုပ်နှောင်မှုကိုခံထားရပြီး ရုန်းကန်နေရသည် မဟုတ်ပါလား။ ထိုကဲ့သို့သော အင်အားစုမျိုးသည် ဂိုဏ်းချုပ်ရှန်းကို မည်သည့်ပြဿနာမှ မရှိစေဘဲ သေချာပေါက် ကာကွယ်ပေးလိမ့်မည်။
ထိုစဉ်မှာပင်၊ လျိုရှီချန်း၏ အကြည့်မှ ဖန်သားပြင်ကဲ့သို့ကြည်လင်နေသော နှင်းပွင့်တစ်ပွင့်ကို ရုတ်တရက် မြင်တွေ့လိုက်ရ၏။
မျက်စိတစ်မှိတ်အတွင်းမှာပင်၊ဇွန်လ ဖြစ်နေလင့်ကစား၊ ဧရာမနှင်းပွင့်ကြီးများ စတင်ကျဆင်းလာခဲ့လေပြီဖြစ်၏။
...
ယဲ့ကျိုးသည် သူ၏ နတ်ဘုရားစွမ်းရည်မှ ပြောင်းလဲလာသော လျှပ်စီးအလင်းဓားရှည်ကို ကိုင်ဆောင်ကာ၊ဓားအိမ်ထဲမှ ချက်ချင်းဆွဲထုတ်နိုင်သော အနေအထားဖြင့်လက်ဖဝါးများကြားတွင် တင်ထားလျက်၊ ခံစားချက်မဲ့စွာဖြင့် တင်ပျဉ်ခွေထိုင်နေခဲ့သည်။
သုံးဦးထဲတွင်အတည်ငြိမ်ဆုံးဖြစ်သော ကျိကျင့်ရှီး သည်လည်းမျက်လုံးများကို မှေးကာတိတ်ဆိတ်နေသည်။
ချီယန်ရှန်းသည် သူတို့နှစ်ဦးဘာကို စောင့်နေကြသည်ကို ကောင်းစွာသိရှိထား၏။
ဂျူနီယာအစ်ကို တန်းထံမှ အတည်ပြုသတင်း တစ်ခုရသည်နှင့် ယဲ့ကျိုးသည် တုံ့ဆိုင်းခြင်းမရှိဘဲ သူတို့ကိုရေပြင်အတွင်းသို့ ဦးဆောင်ကာ၊ နဂါးသိုက်အထိသွားရောက်ပြီး အကြပ်အတည်းကို ဖြေရှင်းရန်နှင့် အသက်ကိုလောင်းကြေးထပ်ရန် ဆုံးဖြတ်ထားပြီး ဖြစ်သည်။
သူသည် သူ၏ လက်ထဲရှိ ငြိမ်သက်နေဆဲဖြစ်သော တာအိုချပ်ပြားကိုကြည့်ကာ တွေးတောနေမိသည်။
နှင်းမုန်တိုင်းများကို သယ်ဆောင်လာသော စက္ကူကြိုကြာရာနှင့်ချီ ရောက်ရှိလာချိန်အထိပင်။
ထိုအခါမှသာ သုံးဦးစလုံးမှာ တစ်ပြိုင်နက်တည်း ခေါင်းမော့လိုက်ကြပြီး၊ ကောင်းကင်ဘုံနယ်ပယ် အစွမ်းထက် ပုဂ္ဂိုလ်သုံးဦး၏ ထိတ်လန့်ဖွယ်ရာ အရှိန်အဝါများပေါက်ကွဲထွက်ပေါ်လာရင်း သူတို့၏ မျက်လုံးများမှာအံ့အားသင့်မှုများဖြင့် ဝေ့ဝဲကာကြည့်လိုက်ကြလေတော့သည်။