← Chapters

အခန်း (၁၁-၁၂)

Vol. 2 Ch. 11-12

အခန်း (၁၁-၁၂)

Vol. 2 Ch. 11-12

အခန်း ၁၁ - ဘာလို့ ရှေးဟောင်းဖုန်းဆိုး လင်းမိသားစုမှ နောက်ထပ်ပါရမီရှင်တစ်ဦးက အဆင့်သတ်မှတ်ချက်စာရင်းမှာ ပါဝင်နေရပြန်တာလဲ

“ပါရမီရှင်စာရင်းရဲ့ အဆင့် ၈၁ ရရှိတဲ့အတွက် ဂုဏ်ယူပါတယ် သူတော်စင် လင်းကျိုး။”

ထိုစကားများကို ကြားလိုက်ရသောအခါ လင်းကျိုးသည် သူ၏ စိတ်လှုပ်ရှားမှုများမှ ရုန်းထွက်ကာ အရိုအသေပေးခြင်းဖြင့် အလျင်အမြန် ပြန်လည် တုံ့ပြန်လိုက်သည်။

“အားလုံးကို ကျေးဇူးတင်ပါတယ်။ ကျုပ် လင်းကျိုးကလည်း ခင်ဗျားတို့အားလုံး ပါရမီရှင်အဆင့်သတ်မှတ်ချက်စာရင်းထဲကို အောင်အောင်မြင်မြင် ဝင်ရောက်နိုင်ပါစေလို့ ဆုတောင်းပေးပါတယ်။”

သူသည် စိတ်ထဲမှ ပြင်းထန်သော စိတ်လှုပ်ရှားမှုကို အတင်းအကျပ် ဖိနှိပ်ထားသော်လည်း သူ၏အသံမှာမူ အနည်းငယ် တုန်ယင်နေဆဲပင်။ ပါရမီရှင်စာရင်းတွင် အဆင့် (၈၁) ချိတ်သည်ဆိုသည်မှာ သူ၏ပါရမီသည် တစ်လောကလုံးရှိ အသက် (၁၀၀) အောက် ထူးချွန်ထက်မြက်သူများထဲတွင် အဆင့် (၈၁) ရှိသည်ဟု ဆိုလိုခြင်းဖြစ်သည်။

ထိုအချိန်တွင် ဆေးရနံ့များ သင်းပျံ့နေသော ပုံဆောင်ခဲသစ်သီးတစ်လုံးသည် ကောင်းကင်ယံမှ ဆင်းသက်လာပြီး လင်းကျိုး၏ ရှေ့မှောက်သို့ ကျရောက်လာခဲ့သည်။ ဆေးရနံ့များ အနည်းငယ် ပျံ့လွင့်လာရုံဖြင့်ပင် ထိုနေရာရှိ လူတိုင်းကို လန်းဆန်းသွားစေပြီး စိတ်လှုပ်ရှားမှုများကို ငြိမ်သက်သွားစေခဲ့သည်။

ဘေးနားရှိ လင်းဟောက်ရန်သည် ထိုပုံဆောင်ခဲသစ်သီးကို မြင်သောအခါ အံ့အားသင့်စွာ ပြောလိုက်သည်။

“ဟင်...ဒါက နှစ်ပေါင်းတစ်သိန်းသက်တမ်းရှိတဲ့ ကောင်းကင်ပုံဆောင်ခဲ မြင့်မြတ်သစ်သီးပဲ။ ဒါက လက်ရှိ လောကကြီးမှာ မျိုးသုဉ်းပျောက်ကွယ်သွားပြီဖြစ်တဲ့ ဆေးဘုရင်တစ်မျိုးပဲ။”

“ဒီအသီးက တစ်လုံးတည်းရှိတာ ဖြစ်ပေမဲ့ အကယ်၍ စားသုံးလိုက်ရင် သူတော်စင်နယ်ပယ်မှာ ရှိတဲ့ ပုဂ္ဂိုလ်တစ်ယောက်ကို ကျင့်စဉ်အဆင့် တစ်ဆင့် တိုက်ရိုက်တိုးတက်စေနိုင်တယ်။ အဆင့်တက်ပြီးရင်လည်း ကျင့်စဉ်က မတည်မငြိမ်ဖြစ်တာမျိုးမရှိဘဲ ခိုင်မာနေလိမ့်မယ်။”

“လင်းကျိုး... ဒါကို သေချာသိမ်းထားပါ။ ဒါက မင်းရဲ့ အနာဂတ်အတွက် အများကြီး အထောက်အကူ ဖြစ်လိမ့်မယ်။”

မိသားစု အကြီးအကဲတစ်စုသည်လည်း ထိုအသီးကို အံ့ဩမှင်သက်စွာ ကြည့်နေခဲ့ကြသည်။ ဤအရာသည် အမှန်တကယ်ပင် မျိုးသုဉ်းသွားပြီဖြစ်သော ဆေးသစ်သီးဖြစ်ပြီး လက်ရှိလောကတွင် ဤကဲ့သို့ ရတနာကို ပေးသနားနိုင်သည်မှာ ကောင်းကင်ဘုံတာအို တစ်ခုတည်းသာ ရှိပေလိမ့်မည်။

ထိုစကားကို ကြားသောအခါ လင်းကျိုးသည် ဝမ်းသာအားရဖြင့် ပြန်လည်ဖြေကြားလိုင်၏။

“အခုလို ပြောပြပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် မိသားစုခေါင်းဆောင်။”

ပြောပြောဆိုဆိုဖြင့် သူသည် မွှေးကြိုင်လှသော ထိုသစ်သီးကို ကျောက်စိမ်းသေတ္တာထဲသို့ ဂရုတစိုက် ထည့်သွင်းလိုက်တော့သည်။

လင်းချန်သည် သူ၏မေးစေ့ကို လက်ဖြင့်ထောက်ကာ စဉ်းစားခန်းဝင်နေခဲ့သည်။ ယခင်ခေတ်များတွင် ဤအရာများ မျိုးသုဉ်းသွားခြင်းမှာ ထိုစဉ်က ကောင်းကင်နှင့် မြေကြီး၏ ဝိညာဉ်စွမ်းအင်သိပ်သည်းဆ မလုံလောက်ခြင်းကြောင့် ဖြစ်နိုင်၏။ သို့သော် ယခု မဟာရွှေရောင်ခေတ်ကြီး ရောက်ရှိလာသည်နှင့်အမျှ ဝိညာဉ်စွမ်းအင် သိပ်သည်းဆမှာ ဆယ်ဆ၊ အဆတစ်ရာမက တိုးပွားလာခဲ့ပြီဖြစ်သည်။

ထို့ကြောင့် ယခင်ခေတ်က ပျောက်ကွယ်သွားသော ကမ္ဘာ့ရတနာများသည်လည်း ပြန်လည်ပေါ်ထွက်လာနိုင်ချေရှိပေသည်။ ဤသည်မှာ မဟာရွှေရောင်ခေတ်ကြီး၏ အခွင့်အလမ်းများထဲမှ တစ်ခုဖြစ်ပုံရသည်။ နောက်နောင်တွင် ဤအချက်ကို သူပိုမိုဂရုစိုက်ရပေမည်။

အဆုံးမဲ့သော ကောင်းကင်ထက်တွင် ကောင်းကင်ဘုံ၏ ခန့်ညားထည်ဝါသော အသံသည် ဆက်တိုက်ဆိုသလို ပဲ့တင်ထပ်နေ၏။ အသံတစ်ခါ ထွက်ပေါ်လာတိုင်း ပါရမီရှင်အဆင့်သတ်မှတ်ချက် တစ်ခုနှင့်အတူ ကောင်းကင်ဘုံမှ ဆုလာဘ်တစ်ခုကို ကြေညာပေးနေခဲ့သည်။

လောကတစ်ခွင်ရှိ အင်အားစုအသီးသီးမှ ပုဂ္ဂိုလ်များသည် ထိုအဆင့်သတ်မှတ်ချက်များကြောင့် ဝမ်းသာခြင်း သို့မဟုတ် စိုးရိမ်ပူပန်ခြင်းများကို ခံစားနေကြရသည်။ မိမိတို့၏ ထူးချွန်သော ပါရမီရှင်များ စာရင်းထဲပါသည်ကို ကြားရသော အဖွဲ့အစည်းများမှာမူ ချက်ချင်းပင် အောင်ပွဲခံနေကြပြီဖြစ်သည်။

ရှေးဟောင်းမျိုးနွယ်စုများအတွက်မူ ဆုလာဘ်ထက် ပါရမီရှင်စာရင်းဝင်ခြင်း၏ ဂုဏ်သိက္ခာက ပို၍အရေးကြီးပေသည်။ ဤစာရင်းဝင်ခြင်းသည် လာမည့် မဟာရွှေရောင်ခေတ်ကြီး၏ ပြိုင်ဆိုင်မှုများအတွက် သူတို့ကို ယုံကြည်မှု တိုးပွားစေမည်ဖြစ်သည်။

တစ်ဖက်တွင်လည်း မိမိတို့၏ ပါရမီရှင်အမည်များကို မကြားရသေးသော အင်အားစုများမှာမူ စတင်၍ စိုးရိမ်နေကြပြီဖြစ်သည်။ အဆင့်သတ်မှတ်ချက် (၁၀၀) စာရင်းမှာ တဖြည်းဖြည်း နည်းပါးလာပြီဖြစ်ရာ အကယ်၍ သူတို့၏ ပါရမီရှင်များ စာရင်းထဲမပါဝင်ခဲ့ပါက ဤမဟာရွှေရောင်ခေတ်ကြီး၏ အစောပိုင်းကာလတွင် အခြားအင်အားစုများ၏ နောက်သို့ ခြေတစ်လှမ်း နောက်ကျကျန်ရစ်ခဲ့ပေတော့မည်။

“ပါရမီရှင်အဆင့်သတ်မှတ်ချက်စာရင်း အဆင့် (၆၆) - လင်းယာချင်း

ဖူကွမ်းမြင့်မြတ်ပြည်နယ်၊ ရှေးဟောင်းဖုန်းဆိုး လင်းမိသားစု။ အပေါက်ခုနစ်ပေါက်ထူးကဲနှလုံးသားပိုင်ရှင်၊ အနှိုင်းမဲ့ပါရမီရှင်တစ်ဦး။”

“ကောင်းကင်ဘုံမှ ချီးမြှင့်သောဆုလာဘ် - သူမ၏ ခန္ဓာကိုယ်ဖွဲ့စည်းပုံနှင့် ကိုက်ညီသော ပိုင်ရှင်မဲ့ နတ်ဘုရားလက်နက်တစ်ခု။”

ထိုခဏ၌ အတိုင်းအဆမဲ့ ကြီးကျယ်မြင့်မြတ်သော ကောင်းကင်ဘုံ၏ အသံက အမည်တစ်ခုကို ကြေညာလိုက်တော့သည်။ အဆုံးအစမဲ့သော ရွှေရောင်အလင်းတန်းများ ဖြာထွက်နေသည့် ပါရမီရှင်အဆင့်စာရင်းတွင် အဆင့်သတ်မှတ်ချက်အသစ်တစ်ခု ချက်ချင်း ထွက်ပေါ်လာခဲ့သည်။

[ပါရမီရှင်အဆင့်သတ်မှတ်ချက်စာရင်း၊ အဆင့် ၆၆ - လင်းယာချင်း

ဖူကွမ်းမြင့်မြတ်ပြည်နယ်၊ ရှေးဟောင်းဖုန်းဆိုး လင်းမိသားစု။]

ထိုအမည်နှင့် ရရှိသည့်ဆုလာဘ်ကို ကြားလိုက်ရသောအခါ လောကတစ်ခွင်ရှိ ရေတွက်မရနိုင်သော အစွမ်းထက်ပုဂ္ဂိုလ်များနှင့် ပါရမီရှင်များ၏ မျက်နှာအမူအရာတို့မှာ အေးခဲတောင့်တင်းသွားတော့သည်။

ရှေးဟောင်းဖုန်းဆိုး လင်းမိသားစု...။

နောက်ထပ် လင်းမိသားစုကပဲ ဖြစ်ပြန်ပြီ။

အစောပိုင်းကလည်း လင်းမိသားစုမှ ပါရမီရှင်တစ်ဦးသည် အဆင့် (၈၁) ဖြင့် စာရင်းထဲ၌ ပါဝင်ခဲ့သေးသည်။ ယခုမူ နောက်ထပ်ပါရမီရှင်တစ်ဦး ထပ်မံပါဝင်လာရုံသာမက သူမ၏ အဆင့်မှာ (၆၆) ထိပင် ရောက်ရှိနေခဲ့၏။

အရေးကြီးဆုံးအချက်မှာ သူမရရှိသည့် ဆုလာဘ်သည် သူမ၏ ခန္ဓာကိုယ်ဖွဲ့စည်းပုံနှင့် အံကိုက်ဖြစ်သော နတ်ဘုရားလက်နက်တစ်ခု ဖြစ်နေခြင်းပင်။

ဒါက နတ်ဘုရားလက်နက်ပဲ။

ကောင်းကင်ယံရှိ ရွှေရောင်စာရင်းကို မော့ကြည့်ရင်း အင်အားစုအသီးသီးမှ ထူးချွန်သူများမှာ မနာလိုစိတ်များဖြင့် ပြည့်နှက်နေကြသည်။ အချို့သော ရှေးဟောင်းမျိုးနွယ်စုမှ ပါရမီရှင်များပင်လျှင် ငြူစူစိတ်ကို မထိန်းနိုင်ကြတော့ပေ။ အဘယ်ကြောင့်ဆိုသော် သူတို့၏ အဆင့်များသည် ခုနစ်ဆယ် သို့မဟုတ် ရှစ်ဆယ်ဝန်းကျင်တွင်သာ ရှိပြီး လင်းယာချင်း၏အဆင့်ကို မမီသည့်အပြင် ရရှိသည့် ဆုလာဘ်များမှာလည်း သူမနှင့် အလှမ်းဝေးလှသောကြောင့်ဖြစ်သည်။

ရှေးဟောင်းဖုန်းဆိုး လင်းမိသားစုသည် မျိုးဆက်တစ်ခုတည်းမှာတင် ထိပ်တန်း အဆင့် ၁၀၀ စာရင်းထဲသို့ ပါရမီရှင် နှစ်ဦးအထိ ထည့်သွင်းနိုင်ခဲ့လေပြီ။

နတ်ဘုရားသားတော်နန်းဆောင် ရှေ့ရှိ ရင်ပြင်တွင်မူ...

လင်းယာချင်းသည် သူမ၏ ပါးစပ်ကို လက်ဖြင့်အုပ်ထားမိပြီး မယုံကြည်နိုင် ဖြစ်နေ၏။

သူမ... သူမ တကယ်ပဲ ပါရမီရှင်စာရင်းရဲ့ အဆင့် (၆၆) နေရာကို ရခဲ့တာလား။

“နတ်ဘုရားသားတော်... အရှင်၊ ကျွန်မ တကယ်ပဲ အဆင့် ၆၆ လားဟင်။”

လင်းယာချင်း၏ မေးခွန်းကို ကြားသောအခါ လင်းချန်က ပြုံး၍ ခေါင်းညိတ်ပြလိုက်သည်။

“ဟုတ်တယ်။ မင်းက အဆင့် ၆၆ ပဲ။ ဂုဏ်ယူပါတယ် သူတော်စင်မ။”

ထိုသို့ပြောနေရင်း လင်းချန်သည် အပေါ်သို့ မော့ကြည့်ကာ မျက်ခုံးပင့်လိုက်မိသည်။

“ဘုံခုနစ်ဆင့်စေတီပဲ...။ အဆင့်ကို ကြည့်ရရင် ဒီနတ်ဘုရားလက်နက်က အလယ်အလတ်အဆင့်တော့ ရှိမယ် ထင်တယ်။”

“သူတော်စင်မ... ဒီလက်နက်နဲ့ဆိုရင် မင်းရဲ့ တိုက်ခိုက်ရေးစွမ်းရည်က သိသိသာသာ တိုးတက်လာမှာ အသေအချာပဲ။”

သူ၏အသံမဆုံးမီမှာပင် ခုနစ်ရောင်ခြည် အလင်းတန်းများ ဖြာထွက်နေသော ဘုံခုနစ်ဆင့်စေတီတစ်ဆူသည် လေထုကို ခွဲထွက်လာပြီး လင်းယာချင်း၏ ရှေ့မှောက်တွင် ငြိမ်သက်စွာ ပေါ်လာခဲ့သည်။ နတ်ဘုရားအရှိန်အဝါများ၏ ရိုက်ခတ်လာမှုကြောင့် ရင်ပြင်တစ်ခုလုံးတွင် အစွမ်းထက်သော စွမ်းအင်များ ဖုံးလွှမ်းသွားတော့သည်။

လင်းယာချင်းသည် တံတွေးကို ခက်ခက်ခဲခဲ မျိုချလိုက်မိပြီး သူမအိပ်မက်မက်နေသည်ဟု ခံစားနေရနေဆဲပင်။

နတ်ဘုရားလက်နက်... ဒီလက်နက်က အခု သူမအပိုင် ဖြစ်သွားပြီလား။

အလယ်အလတ်အဆင့် နတ်ဘုရားလက်နက်ဆိုသည်မှာ နတ်ဘုရားနယ်ပယ်ရှိ အစွမ်းထက် ပုဂ္ဂိုလ်များစွာပင် ပိုင်ဆိုင်ခွင့်မရနိုင်သော ရတနာဖြစ်သည်။

ထိုစဉ် သူမ၏ အပေါက်ခုနစ်ခုထူးကဲနှလုံးသားသည်လည်း တုန်ခါလှုပ်ရှားလာပြီး ထိုဘုံခုနစ်ဆင့်စေတီနှင့် သူမ၏ ခန္ဓာကိုယ်မှာ အပြန်အလှန် ဆွဲငင်နေသည်ကို သူမ ခံစားလိုက်ရသည်။

သူမသည် မသိစိတ်ဖြင့် သူမ၏လက်ကို ဆန့်ထုတ်လိုက်ပြီး အလင်းများ ဖြာထွက်နေသော ဘုံခုနစ်ဆင့်စေတီပေါ်သို့ တင်လိုက်သည်။

“ဝုန်း...”

မြည်ဟည်းသံတစ်ခု ထွက်ပေါ်လာပြီး စေတီမှ ခုနစ်ရောင်ခြည် အလင်းတန်းများသည် ရုတ်တရက် ပိုမိုတောက်ပလာခဲ့သည်။ ထိုအခိုက်အတန့်တွင် လင်းယာချင်းသည် မိမိနှင့် ထိုစေတီကြားတွင် နီးကပ်စွာ ရစ်ပတ်နှောင်ဖွဲ့ထားသော ဆက်နွှယ်မှုတစ်ခု ဖြစ်ပေါ်လာသည်ကို ခံစားလိုက်ရသည်။

“ခုနစ်ရောင်ခြည် ဖန်စေတီ... ဒါက မင်းရဲ့ နာမည်လား။”

လင်းချန်သည် ထိုမြင်ကွင်းကို ဂုဏ်ယူဝမ်းမြောက်နေသော အမူအရာဖြင့် ကြည့်နေခဲ့သည်။

“ဒါက မင်းကို သူ့ရဲ့သခင်အဖြစ် အသိအမှတ်ပြုသွားပြီနဲ့ တူတယ်။ ဒါနဲ့ အကျွမ်းတဝင်ရှိအောင် သေချာလေ့ကျင့်ထားပြီး သူ့ရဲ့စွမ်းအားကို အစွမ်းကုန် ထုတ်ဖော်နိုင်အောင် ကြိုးစားပါ။”

“ဒါက မင်းအတွက် ရှေ့လာမယ့် ရွှေရောင်မဟာခေတ်ရဲ့ ပြိုင်ဆိုင်မှုတွေကြားမှာ အရမ်းအရေးပါလာလိမ့်မယ်။”

သူတို့ဘေးနားရှိ လင်းထင်ထောင်း၊ လင်းရှန်ဟဲနှင့် အခြားပါရမီရှင်များ ဂုဏ်ပြုစကားပင် မပြောရသေးမီမှာပင် ကောင်းကင်ယံမှ ကြီးကျယ်မြင့်မြတ်သော ကောင်းကင်ဘုံ၏ အသံတစ်ခု ထပ်မံထွက်ပေါ်လာခဲ့ပြန်သည်။

“ပါရမီရှင်အဆင့်သတ်မှတ်ချက်စာရင်း အဆင့် (၆၅) - လင်းလုံ

ဖူကွမ်းမြင့်မြတ်ပြည်နယ်၊ ရှေးဟောင်းဖုန်းဆိုး လင်းမိသားစုး။

ကောင်းကင်နဂါး နတ်ဘုရားခန္ဓာ ပိုင်ရှင်၊ အမှန်တကယ် ထိုက်တန်လှပါပေတယ်။”

“ကောင်းကင်ဘုံမှ ချီးမြှင့်သောဆုလာဘ် - သူ၏ ခန္ဓာကိုယ်ဖွဲ့စည်းပုံနှင့် ကိုက်ညီသော နတ်ဘုရားလက်နက်တစ်ခု။”

ထိုအသံမဆုံးမီမှာပင် လောကတစ်ခွင်ရှိ ရှေးဟောင်းမျိုးနွယ်စုများနှင့် အင်အားကြီးမိသားစုများအားလုံး ချက်ချင်းပင် တိတ်ဆိတ်ငြိမ်သက်သွားကြ၏။

ဘာတွေဖြစ်နေတာလဲ။

အဆင့် (၆၆) က လင်းမိသားစုမှ လက်ရှိမျိုးဆက်ပါရမီရှင်ဖြစ်ပြီး ယခု အဆင့် (၆၅) ကလည်း လင်းမိသားစုမှပင် ဖြစ်နေပြန်သည်။ လင်းမိသားစုကလူတွေအားလုံးက ဒီလောက်တောင် ပါရမီထူးနေကြတာလား။

ဒါနဲ့ဆိုရင် လင်းမိသားစုက ပါရမီရှင် သုံးယောက်တောင် စာရင်းထဲ တိုးဝင်သွားပြီ မဟုတ်ဘူးလား။

အဆင့်သတ်မှတ်ချက်များကို အချိန်ခြားပြီး ကြေညာလျှင်ပင် သူတို့က လက်ခံနိုင်သေးသည်။ ယခုကဲ့သို့ တစ်ယောက်ပြီးတစ်ယောက် ဆက်တိုက်ကြေညာနေခြင်းမှာ သူတို့အတွက် ခံနိုင်ရည်ရှိရုံထက် ပိုနေခဲ့လေပြီ။

အင်အားစုအသီးသီး အံ့ဩမှုမှ မနိုးထနိုင်သေးမီမှာပင် ကောင်းကင်ဘုံ၏ အသံမှာ နောက်ထပ်တစ်ဖန် ဆက်တိုက်ထွက်ပေါ်လာခဲ့ပြန်၏။

“ပါရမီရှင်အဆင့်သတ်မှတ်ချက်စာရင်း အဆင့် (၆၄) - လင်းမေ

ဖူကွမ်းမြင့်မြတ်ပြည်နယ်၊ ရှေးဟောင်းဖုန်းဆိုး လင်းမိသားစု။

ကမ္ဘာပျက်သုဉ်းခြင်း မျက်လုံးပိုင်ရှင်၊ ဆန်းကြယ်ထူးခြားလှပေစွ။”

“ကောင်းကင်ဘုံတာအိုမှ ချီးမြှင့်သောဆုလာဘ် - သူ၏ ခန္ဓာကိုယ်ဖွဲ့စည်းပုံနှင့် ကိုက်ညီသော နတ်ဘုရားလက်နက်တစ်ခု။”

ထိုအသံကို ကြားလိုက်ရသောအခါ လောကတစ်ခွင်ရှိ ရှေးဟောင်းအင်အားစုများအားလုံး ဆွံ့အသွားကြ၏။ လင်းမိသားစုမှ ပါရမီရှင် သုံးဦးသည် အဆင့်သတ်မှတ်ချက်စာရင်းထဲသို့ တစ်တန်းတည်း ဝင်ရောက်သွားခဲ့လေပြီ။

ဒီလိုဆိုရင် သူတို့က ဘယ်လိုလုပ် ယှဉ်ပြိုင်နိုင်တော့မှာလဲ။

ကောင်းကင်ယံမှ ဆင်းသက်လာသော စာရင်းတွင် နေရာပေါင်း (၁၀၀) သာ ရှိပေသည်။

လင်းမိသားစုက ဘယ်လိုလုပ်ပြီး လူအများကြီး စာရင်းထဲ ပါနေရတာလဲ။

နတ်ဘုရားလက်နက် သုံးခုကိုသာ ထိုပါရမီရှင် သုံးဦး ရရှိသွားပါက သူတို့၏စွမ်းအားများမှာ ကောင်းကင်သို့ ထိုးတက်သွားမည်မှာ အသေအချာပင်။ ဤအချက်က အခြားသူများအပေါ် ဖိအားများကို ပိုမိုကြီးမားလာစေခဲ့သည်။

ရှေးဟောင်းဖုန်းဆိုး လင်းမိသားစု၊ နတ်ဘုရားသားတော်နန်းဆောင် ရှေ့တွင်မူ...

လင်းမေနှင့် လင်းလုံတို့သည် သူတို့စာရင်းထဲပါသည်ကို သိလိုက်ရချိန်၌ အနည်းငယ်မျှပင် ဝမ်းသာခြင်းမရှိဘဲ အနည်းငယ် စိတ်ပျက်နေပုံပင် ရပေသည်။

“အဆင့် ၆၀ ကျော်တည်းလား။”

လင်းကျိုးနှင့် လင်းယာချင်းတို့နှင့်မတူဘဲ သူတို့သည် ယခင်ခေတ်များက မိမိတို့မျိုးဆက်၏ ပါရမီရှင်အားလုံးကို နှိမ်နင်းနိုင်ခဲ့သူများ ဖြစ်ကြသည်။ ထို့ကြောင့် မိမိကိုယ်ကိုယ် မျှော်မှန်းချက်မှာလည်း ပိုမြင့်မားခဲ့ကြ၏။ ယခု မဟာရွှေရောင်ခေတ်ကြီးတွင် သူတို့၏ပါရမီသည် အဆင့် ၆၀ ဝန်းကျင်တွင်သာ ရှိနေလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ကြပေ။

သို့သော်လည်း သူတို့၏ ခန္ဓာကိုယ်နှင့် ကိုက်ညီသော နတ်ဘုရားလက်နက်များကို ရရှိခြင်းမှာ လုံးဝအရှုံးပေါ်သည်ဟုတော့ မဆိုနိုင်ပေ။ အနည်းဆုံးတော့ ထိုလက်နက်များကို ပိုင်နိုင်စွာ ထိန်းချုပ်နိုင်သည်နှင့် သူတို့၏စွမ်းအားမှာ သိသိသာသာ ပြောင်းလဲသွားပေလိမ့်မည်။

လင်းဟောက်ရန်နှင့် အကြီးအကဲများအဖွဲ့မှာမူ တစ်ဦးကိုတစ်ဦး ကြည့်ကာ ကျေနပ်စွာ ပြုံးနေကြတော့သည်။

လေးယောက်...။

စုစုပေါင်း ပါရမီရှင် လေးဦးတောင် စာရင်းထဲ ပါဝင်သွားခဲ့ချေပြီ။

ဤသည်မှာ ဤလေးယောက်၏ ပါရမီသည် တစ်လောကလုံး၌ ထိပ်တန်း အယောက် ၁၀၀ ထဲတွငိ ပါဝင်နေသည်ဟု ဆိုလိုခြင်းပင်။

လက်ရှိမျိုးဆက်မှ နှစ်ယောက်၊ ရှေးဟောင်းမျိုးနွယ်စုမှ နှစ်ယောက်...။

ထိုမျှမက လင်းမိသားစုထဲ၌ အဆင့်မကြေညာရသေးသည့် ပိုမိုအစွမ်းထက်သော ပါရမီရှင်များ ကျန်ရှိနေသေးသည်။

ဤတစ်ကြိမ်တွင်မူ လင်းမိသားစုသည် အဆင့်သတ်မှတ်ချက်စာရင်း၏ အနည်းဆုံး ကိုးနေရာလောက်ကို သိမ်းပိုက်နိုင်လိမ့်မည်မှာ အသေအချာပင်။

“ဝုန်း...”

“ဝုန်း...”

ကောင်းကင်ယံတွင် မြည်ဟည်းသံ နှစ်ကြိမ် ထွက်ပေါ်လာပြီး အရှိန်အဝါကြီးမားသော နတ်ဘုရားလက်နက် နှစ်ခုသည် ကောင်းကင်ယံမှ ဆင်းသက်လာကာ တောင်ထိပ်ပေါ်သို့ ကျရောက်လာခဲ့သည်။

လင်းချန်သည် ထိုမြင်ကွင်းကို ကြည့်ရင်း ကျေနပ်စွာ ပြုံးလိုက်၏။ ဤခေတ်တွင် သူတို့၏ ရှေးဟောင်းဖုန်းဆိုး လင်းမိသားစုသည် တစ်လောကလုံးကို လွှမ်းမိုးထားတော့မည်မှာ အမှန်ပင်။

သူတို့သည် လင်းမိသားစုကို အဆင့်သစ်တစ်ခုသို့ ပို့ဆောင်ပြီး မကြုံစဖူးသော အထွတ်အထိပ်သို့ ရောက်အောင် လုပ်ဆောင်ကြပေလိမ့်မည်။

အခန်း ၁၂ - အင်အားစုအသီးသီးတို့ ဆွံ့အမှင်တက်သွားရခြင်း၊ ပါရမီရှင်အဆင့်သတ်မှတ်ချက်စာရင်း အဆင့် (၁၀) လင်းထင်ထောင်း

နတ်ဘုရားလက်နက်နှစ်ခု ပေါ်ထွက်လာခဲ့သည်။

တစ်ခုမှာ နဂါးအရှိန်အဝါများ ထွက်ပေါ်နေသော ရွှေအိုရောင်ချပ်ဝတ်တန်ဆာတစ်ခုဖြစ်ပြီး နောက်တစ်ခုမှာ ဖျက်ဆီးခြင်းအရှိန်အဝါများ ဖြာထွက်နေသော လျှို့ဝှက်ဆန်းပြားသည့် အနက်ရောင်သတ္တုမျက်နှာဖုံးတစ်ခု ဖြစ်ပေသည်။

၎င်းတို့နှစ်ခုလုံးသည် အလယ်လလတ်အဆင့် နတ်ဘုရားလက်နက် အမျိုးအစားများဖြစ်ပြီး လင်းလုံနှင့် လင်းမေတို့အတွက် အလွန်ပင် သင့်လျော်လှပေသည်။

၎င်းတို့နှစ်ဦးသည် စိတ်လှုပ်ရှားနေသော အမူအရာများဖြင့် ထိုလက်နက်များကို ပိုင်ဆိုင်ကြောင်း အသိအမှတ်ပြုလိုက်သည့်အခါ သူတို့၏ တိုက်ခိုက်ရေးစွမ်းအားမှာ ချက်ချင်းပင် နှစ်ဆတိုးလာသည်ဟု ခံစားလိုက်ကြရ၏။ အကယ်၍ ယခင်က မိမိကိုယ်ကိုယ်နှင့် ပြန်လည်တိုက်ခိုက်ရမည်ဆိုပါက သုံးကွက်အတွင်း အနိုင်ယူနိုင်ပြီး ဆယ်ကွက်အတွင်း အသက်ကိုပင် နုတ်ယူနိုင်မည်ဟု ယုံကြည်နေကြသည်။

လင်းဟောက်ရန်နှင့် မျိုးနွယ်စုမှ အကြီးအကဲများမှာလည်း သူတို့၏လက်သီးများကို တင်းတင်းဆုပ်ထားမိပြီး စိတ်လှုပ်ရှားမှုများမှာလည်း ယခင်ကထက် ပိုမိုမြင့်တက်လာခဲ့သည်။ သူတို့၏ ရှေးဟောင်းဖုန်းဆိုး လင်းမိသားစုသည် မဟာရွှေရောင်ခေတ်ကြီး၏ အစဦးမှာပင် ၎င်းတို့၏ ဂုဏ်သိက္ခာကို ပြသနေပြီး တာအိုပြည်နယ်သုံးထောင်ကို စတင်ဖိနှိပ်နေပြီဖြစ်သည်။

တာအိုပြည်နယ်သုံးထောင်ရှိ အခြားအင်အားစုများ အနည်းငယ်သက်သာရာရသွားသည်မှာ လင်းမသားစုမှ ပါရမီရှင်သုံးဦး ဆက်တိုက်စာရင်းဝင်ပြီးနောက် ကောင်းကင်တာအိုမှ ထုတ်ပြန်သော နောက်ဆက်တွဲအဆင့်များတွင် လင်းမျိုးနွယ်စုဝင်များ ပါမလာတော့ခြင်းပင် ဖြစ်သည်။

ယင်းအစား အခြားသော ရှေးဟောင်းမျိုးနွယ်စုများနှင့် အင်အားကြီးမိသားစုများမှ ထူးချွန်ထက်မြက်သည့် ပါရမီရှင်များ၏ အမည်များကို စတင်ကြေညာလာခဲ့သည်။ ဤအခြေအနေက တာအိုပြည်နယ်သုံးထောင်ရှိ အင်အားစုအသီးသီးကို သက်ပြင်းချနိုင်စေခဲ့သည်။ အကယ်၍သာ လင်းမိသားစုဝင်များသာ ဆက်တိုက်ပါဝင်နေမည်ဆိုပါက သူတို့အနေဖြင့် ဤခေတ်ကြီးတွင် ယှဉ်ပြိုင်နေစရာပင်မလိုတော့ဘဲ အကျိုးအမြတ်အားလုံးကို လင်းမိသားစုအား ပေးအပ်လိုက်ရုံသာရှိတော့သည်။

သို့သော်လည်း နောက်ပိုင်းအဆင့်များတွင် လင်းမိသားစုမှ ပါရမီရှင်များ ထပ်မံပါဝင်လာဦးမည်ကိုတော့ သူတို့ ကောင်းကောင်းသိရှိထားကြ၏။ အကြောင်းမှာ လင်းမိသားစုတွင် ရှေးဟောင်းလူထူးလူဆန်းအချို့နှင့် အဆင့်မထုတ်ပြန်ရသေးသော အနှိုင်းမဲ့နတ်ဘုရားသားတော် လင်းချန်တို့ ကျန်ရှိနေသေးသောကြောင့်ပင်။

လောလောဆယ်တွင် လင်းမိသားစုဝင်များ၏ အမည်များ ဆက်တိုက်ထွက်မလာသေးသရွေ့ သူတို့ စိတ်အေးနိုင်သေး၏။ အဆက်မပြတ် တုန်လှုပ်ခြောက်ခြားနေရခြင်းထက်စာလျှင် တစ်ခါတစ်ရံမှ တုန်လှုပ်ရခြင်းက ပို၍ခံသာပေသည်။

ရင်ပြင်ပေါ်တွင်မူ...

လင်းချန်သည် ခေတ္တမျှ စောင့်ကြည့်နေပြီးနောက် လင်းမိသားစုဝင်များ ထပ်မံပါဝင်လာခြင်းမရှိသည်ကို တွေ့လိုက်ရသောအခါ ပျင်းရိလာသဖြင့် ဘေးဘက်တွင် တင်ပျဉ်ခွေထိုင်ကာ ငိုက်မျဉ်းနေတော့သည်။ အဆင့် ၁၀၀ လုံးကို ကြေညာရန် အချိန်အတန်ကြာဦးမည် ဖြစ်သည်။ သူသည် ထိပ်သီးအဆင့် (၁၀) စာရင်းကိုသာ စောင့်ဆိုင်းနေခြင်းဖြစ်ပြီး ထိုထိပ်သီးများကသာ သူ့ကို တကယ်တမ်း စိတ်ဝင်စားမှုပေးနိုင်မည်ဖြစ်သည်။

လင်းချန်၏ ဂရုမစိုက်သော အမူအရာကိုကြည့်ပြီး အဆင့်မသိရသေးသော ရှေးဟောင်းလူထူးလူဆန်း သုံးဦးဖြစ်သည့် လင်းရှန်ဟဲ၊ လင်းဟွမ်ရှန်း၊ လင်းထျန်းရှင်းနှင့် လက်ရှိမျိုးဆက်၏ အင်အားအကောင်းဆုံး ပါရမီရှင် လင်းထင်ထောင်းတို့မှာ ခါးသီးစွာ ပြုံးလိုက်မိကြ၏။ ဤအခိုက်အတန့်တွင် ယခုကဲ့သို့ အေးဆေးတည်ငြိမ်စွာ နေနိုင်သည်မှာ သူတို့၏ နတ်ဘုရားသားတော် တစ်ဦးတည်းသာ ရှိပေလိမ့်မည်။ သူတို့ကိုယ်တိုင်ပင်လျှင် မိမိတို့၏ အဆင့်သတ်မှတ်ချက်အတွက် စိုးရိမ်ပူပန်နေကြရလေသည်။

အချိန်များ ကုန်လွန်လာသည်နှင့်အမျှ ကောင်းကင်တာအို၏ ခန့်ညားထည်ဝါသော အသံမှာ စဉ်ဆက်မပြတ် ထွက်ပေါ်လာပြီး အဆင့်များကို တစ်ခုပြီးတစ်ခု ကြေညာနေခဲ့သည်။ ကောင်းကင်တွင် လွင့်ပျံနေသော ရွှေရောင်စာရင်းထက်တွင် ပါရမီရှင်များစွာ၏ အမည်များမှာ ပြည့်လုနီးပါး ဖြစ်နေပြီဖြစ်သည်။

လက်ရှိတွင် မိုးလင်းစပြုနေပြီဖြစ်သော်လည်း တာအိုပြည်နယ်သုံးထောင်ရှိ သက်ရှိအားလုံးမှာ ရွှေရောင်အလင်းတန်းများ ဖြာထွက်နေသော ကောင်းကင်စာရင်းကိုသာ မော့ကြည့်နေကြ၏။ ဤစာရင်းတွင် ပါဝင်သော ပါရမီရှင်များသည် အနာဂတ်တွင် စောစီးစွာ ကျဆုံးမသွားခဲ့ပါက တာအိုပြည်နယ်သုံးထောင်ကို ဦးဆောင်မည့် ပြိုင်ဘက်ကင်း အင်အားကြီးပုဂ္ဂိုလ်များ ဖြစ်လာကြမည်ကို သူတို့ ကောင်းကောင်းသိရှိထားကြပေသည်။

အင်အားစုအသီးသီးနှင့် မျိုးနွယ်စုအသီးသီးမှ ပါရမီရှင်များသည် ပါရမီရှင်အဆင့်သတ်မှတ်ချက်စာရင်းတွင် အောင်မြင်စွာ ပါဝင်ခွင့်ရရှိပြီးနောက် သူတို့၏ အဆင့်များကို သိလိုက်ရသည့်အခါ ဝမ်းသာသူသာရှိသလို စိတ်ပျက်သူများလည်း ရှိကြသည်။

ယခုခေတ်၏ ထိပ်တန်းပါရမီရှင်များမှာမူ အခြေခံအားဖြင့် ဝမ်းသာပီတိဖြစ်နေကြသည်။ အကြောင်းမှာ သူတို့သည် ခေတ်တစ်ခုလုံးရှိ ကောင်းကင်ရွေးချယ်ခံများကို တစ်ခါမျှ ဖိနှိပ်ချုပ်ကိုင်နိုင်ခဲ့ခြင်း မရှိဖူးသောကြောင့်ပင်။ ရှေးဟောင်းလူထူးလူဆန်းများစွာနှင့် စင်တစ်ခုတည်းတွင် ယှဉ်ပြိုင်ရပြီး ပါရမီရှင်အဆင့်သတ်မှတ်ချက်စာရင်း၏ ထိပ်သီးအဆင့် ၁၀၀ အတွင်း ဝင်ရောက်နိုင်ခြင်းကပင် သူတို့ကို များစွာ ကျေနပ်အားရစေခဲ့သည်။

တစ်ခေတ်တစ်ခါက မျိုးဆက်တစ်ခုလုံးကို လွှမ်းမိုးချုပ်ကိုင်ခဲ့ဖူးသော ရှေးဟောင်းလူထူးလူဆန်းများသာလျှင် သူတို့၏ အဆင့်များကို သိရှိပြီးနောက် အနည်းငယ် စိတ်ပျက်မိကြခြင်းဖြစ်သည်။ ဤမဟာရွှေရောင်ခေတ်ကြီးတွင် ပါရမီရှင်စာရင်းထဲသို့ ဝင်ရောက်နိုင်ခြင်းကပင် ထူးကဲသော အောင်မြင်မှုဖြစ်သည်ကို သူတို့ သိထားကြသော်လည်း သူတို့၏ စိတ်အာရုံထဲတွင်မူ ထိုမျှော်လင့်ချက်နှင့် လက်တွေ့ကွာဟမှုက မသိစိတ်ထဲတွင် အမြစ်တွယ်နေဆဲပင်။

လက်ဖက်ရည်တစ်ခွက်သောက်စာမျှ အချိန်ကုန်လွန်ပြီးနောက် ကောင်းကင်တာအိုသည် ပါရမီရှင်အဆင့်သတ်မှတ်ချက်စာရင်း၏ ထိပ်သီးအဆင့် (၂၀) ကို စတင်ကြေညာလေတော့သည်။ ရွှေရောင်ပါရမီရှင်စာရင်းပေါ်တွင်လည်း ထိပ်တန်းပါရမီရှင် ဒါဇင်ပေါင်းများစွာ၏ အမည်များဖြင့် ပြည့်နှက်နေပြီဖြစ်သည်။

ထိုအချိန်တွင် နတ်ဘုရားသားတော်နန်းဆောင်ရှေ့ရှိ ရင်ပြင်ပေါ်တွင်...

လင်းဟွမ်ရှန်းနှင့် လင်းထျန်းရှင်းတို့သည် တစ်ဦးကိုတစ်ဦး ကြည့်ကာ ပြုံးလျက် ခေါင်းခါလိုက်ကြ၏။ သူတို့၏ အဆင့်သတ်မှတ်ချက်များမှာ ယခုလေးတင် ထွက်ပေါ်လာခဲ့ခြင်းဖြစ်ပြီး - လင်းထျန်းရှင်းက အဆင့် ၂၆ နှင့် လင်းဟွမ်ရှန်းက အဆင့် ၂၁ ကို ရရှိခဲ့လေသည်။

သူတို့ရရှိသော ဆုလာဘ်များမှာလည်း အခြေခံအားဖြင့် တူညီကြသည်။ သူတို့၏ ခန္ဓာကိုယ်ဖွဲ့စည်းပုံနှင့် ကိုက်ညီသော အဆင့်မြင့် အထူးနတ်ဘုရားလက်နက်တစ်ခုစီပင် ဖြစ်သည်။ ပိုင်ဆိုင်ကြောင်း အတည်ပြုပြီးနောက် သူတို့၏ ခွန်အားများမှာ သိသိသာသာ တိုးတက်လာခဲ့သည်။ ထိုလက်နက်များ၏ စွမ်းအားအပြည့်ကို မထုတ်ဖော်နိုင်သေးသော်လည်း သူတို့၏ အထွတ်အထိပ် တိုက်ခိုက်ရေးစွမ်းရည်မှာမူ အဆင့်များစွာ မြင့်တက်သွားပြီဖြစ်သည်။

ဤအဆင့်များသည် သူတို့၏ ကိုယ်ပိုင်မျှော်လင့်ချက်အတိုင်း ဖြစ်မလာခဲ့သော်လည်း သူတို့၏ စိတ်ထဲတွင်တော့ ကျေနပ်မှုတစ်ခု ရှိနေပါသည်။ ၎င်းမှာ သူတို့၏ ပါရမီသည် တာအိုပြည်နယ်သုံးထောင်၏ ရှေ့တန်းတွင် ရောက်ရှိနေသည်ဟူသော အချက်ပင်ဖြစ်သည်။

သူတို့နှစ်ဦးသည် ဘေးတစ်ဖက်တွင် တင်ပျဉ်ခွေထိုင်ကာ မျက်စိမှိတ်၍ ငိုက်မျဉ်းနေသော လင်းချန်ကို မသိစိတ်ဖြင့် လှမ်းကြည့်မလိုက်ကြ၏။ သူတို့၏ နတ်ဘုရားသားတော် အရှင်သခင်သည် ပါရမီရှင်စာရင်း၏ နံပါတ် (၁) နေရာကို အောင်မြင်စွာ ရယူနိုင်မည် မဟုတ်ပါလော။

ထို့ပြင် အစ်ကိုကြီး လင်းရှန်ဟဲနှင့် နတ်ဘုရားသားတော်၏ နောက်လိုက်ဖြစ်သူ လင်းထင်ထောင်းတို့လည်း ရှိနေသေးသည်။ ထိုသူနှစ်ဦးသည်လည်း ပါရမီရှင်စာရင်း၏ ထိပ်သီး (၁၀) ဦးအတွင်းသို့ ဝင်ရောက်နိုင်မည့် အခွင့်အရေး ရှိနေကြပေသည်။

ထိုအခိုက်အတန့်တွင် အတိုင်းအဆမရှိသော အရှိန်အဝါများဖြင့် ပြည့်နှက်နေသည့် ကောင်းကင်တာအို၏ အသံသည် ကောင်းကင်၏အနက်ရှိုင်းဆုံးနေရာမှ ထွက်ပေါ်လာပြီး အဆင့်အသစ်တစ်ခုကို ကြေညာလိုက်တော့သည်။

“ပါရမီရှင်အဆင့်သတ်မှတ်ချက်စာရင်း နံပါတ် ၁၀ - လင်းထင်ထောင်း

ဖူကွမ်းမြင့်မုတ်ပြည်နယ်၊ ရှေးဟောင်းဖုန်းဆိုး လင်းမိသားစု။”

“မွေးရာပါ တာအိုခန္ဓာကို ပိုင်ဆိုင်ထားပြီး တာအိုအပေါင်း၏ စွမ်းအားကို အုပ်ချုပ်နိုင်ခြင်း၊ အနှိုင်းမဲ့သော ရုပ်ခန္ဓာရှိခြင်းကြောင့် ကောင်းကင်တာအိုမှ လက်ဆောင်ကို ချီးမြှင့်လိုက်သည်။ သူ၏ ခန္ဓာကိုယ်ဖွဲ့စည်းပုံနှင့် ကျင့်ကြံထားသော တာအိုနည်းစနစ်များနှင့် ကိုက်ညီသည့် အထူးနတ်ဘုရားလက်နက် တစ်ခု။”

ထိုအသံမဆုံးမီမှာပင် ရွှေရောင်ပါရမီရှင်စာရင်း၏ လွတ်နေသော နေရာအနည်းငယ်ထဲမှ တစ်ခုတွင် အမည်အသစ်တစ်ခု ပေါ်ထွက်လာခဲ့သည်။

[ပါရမီရှင်အဆင့်သတ်မှတ်ချက်စာရင်း အဆင့် ၁၀ - လင်းထင်ထောင်း။

ဖူကွမ်းမြင့်မြတ်ပြည်နယ်၊ ရှေးဟောင်းဖုန်းဆိုး လင်းမိသားစု။]

တာအိုပြည်နယ်သုံးထောင် အနှံ့အပြားရှိ ရေတွက်မရနိုင်သော အင်အားကြီး ပုဂ္ဂိုလ်များနှင့် ပါရမီရှင်များသည် ကောင်းကင်ရှိ ရွှေရောင်စာရင်းကို ငေးကြည့်နေမိကြ၏။

ရှေးဟောင်းဖုန်းဆိုး လင်းမိသားစု...။

ထပ်ပြီးတော့ လင်းမျိုးနွယ်စုကပဲလား။

အရေအတွက်ကို ပြန်တွက်ကြည့်လျှင် ဤသည်မှာ လင်းမိသားစုမှ ပါရမီရှင်အဆင့်သတ်မှတ်ချက်စာရင်းထဲသို့ ဝင်ရောက်နိုင်သည့် (၇) ဦးမြောက် ပါရမီရှင်ဖြစ်နေပြီ မဟုတ်ပါလော။

အရေးကြီးဆုံးအချက်မှာ ယခုအကြိမ်တွင် ဤလင်းထင်ထောင်းသည် အဆင့် (၁၀) ရရှိသွားခြင်းပင် ဖြစ်သည်။ ၎င်းမှာ တာအိုပြည်နယ်သုံးထောင်လုံးရှိ အသက်တစ်ရာအောက် လူငယ်မျိုးဆက် ကောင်းကင်ရွေးချယ်ခံအားလုံးထဲတွင် လင်းထင်ထောင်း၏ ပါရမီသည် အဆင့် (၁၀) ရှိသည်ဟု ဆိုလိုခြင်းပင် ဖြစ်ပေသည်။

“ကြောက်စရာကောင်းလိုက်တာ။ တကယ့်ကို ကြောက်စရာကောင်းတာပဲ။ ရှေးဟောင်းဖုန်းဆိုး လင်းမိသားစုက လူတိုင်းက ပါရမီရှင်တွေချည်းပဲလား။”

ကောင်းကင်တာအိုမှ ပေးသနားသော ထိုလက်ဆောင်သည်လည်း အလွန်ပင် မနာလိုစဖွယ် ကောင်းလှပေသည်။

အထူးနတ်ဘုရားလက်နက်...။

ဤသည်မှာ အထူးနတ်ဘုရားလက်နက် ဖြစ်၏။

မည်သည့်အင်အားစုတွင်မဆို ၎င်းသည် အဆင့်မြင့်ဆုံး ရတနာများထဲတွင် ပါဝင်ပေသည်။

“ဒါက ပါရမီရှင်အဆင့်သတ်မှတ်ချက်စာရင်းရဲ့ ထိပ်သီး (၁၀) ဦးအတွက် ပေးတဲ့ဆုလာဘ်လား။”

ရှေးဟောင်းမျိုးနွယ်စုများနှင့် အင်အားကြီးမိသားစုများစွာထဲတွင်လည်းကောင်း၊ နယ်ပယ်အသီးသီးတွင်လည်းကောင်း အဆင့်မကြေညာရသေးသည့် အစွမ်းထက်သော ရုပ်ခန္ဓာပိုင်ရှင် ထိပ်တန်းပါရမီရှင်အချို့သည် ကောင်းကင်ရှိ စာရင်းကို ကြည့်ကာ သူတို့၏မျက်လုံးထဲတွင် စိတ်လှုပ်ရှားမှုများ ဖြတ်ပြေးသွားကြတော့သည်။

သူတို့၏ အဆင့်များ မကြေညာရသေးသရွေ့ သူတို့သည်လည်း ကိုယ်ပိုင် အထူးနတ်ဘုရားလက်နက်တစ်ခုကို ရရှိနိုင်သည့် အခွင့်အရေးရှိနေသည် မဟုတ်ပါလော။

စာရင်းထဲ မပါဝင်နိုင်မည်ကိုမူ သူတို့တစ်ခါမျှ မတွေးတောမိကြချေ။ သူတို့ စဉ်းစားရမည်မှာ စာရင်း၏ ထိပ်ဆုံးနေရာသို့ တက်လှမ်းနိုင်မလား ဆိုသည်ပင် ဖြစ်သည်။ အကြောင်းမှာ သူတို့၏ ပန်းတိုင်သည် ရှေးဟောင်းဖုန်းဆိုး လင်းမိသားစု၏ နတ်ဘုရားသားတော် လင်းချန် ဖြစ်နေသောကြောင့်ပင်။

ရှေးဟောင်းဖုန်းဆိုး လင်းမိသားစု၏ ရင်ပြင်ပေါ်တွင်မူ...

လင်းထင်ထောင်းသည် စိတ်လှုပ်ရှားမှုကြောင့် လက်သီးကို တင်းတင်းဆုပ်ထားမိ၏။

ပါရမီရှင်စာရင်း အဆင့် (၁၀)...။

သူသည် အဆင့် (၁၀) ရရှိခဲ့ချေပြီ။

သူသည် လင်းမိသားစု၏ ဂုဏ်သိက္ခာကို ညှိုးနွမ်းအောင် မလုပ်ခဲ့သလို သူ၏ နတ်ဘုရားသားတော်ကိုလည်း မျက်နှာမပျက်စေခဲ့ပေ။

လင်းထင်ထောင်းသည် မစောင့်နိုင်တော့ဘဲ လင်းချန်၏ အနားသို့ ပြေးသွားကာ ဝမ်းသာအားရ ပြောလိုက်၏။

“နတ်ဘုရားသားတော်... ကျုပ် ပါရမီရှင်စာရင်းထဲ ပါသွားပြီ။ ဒါက အဆင့် (၁၀) ပဲ။”

တင်ပျဉ်ခွေထိုင်ကာ မျက်စိမှိတ်ထားသော လင်းချန်သည် သူ၏နားထဲတွင် အသံကြားလိုက်ရသဖြင့် မျက်လုံးကို ဖြည်းညင်းစွာ ဖွင့်ကြည့်လိုက်သည်။ ထို့နောက် သူသည် မတ်တပ်ရပ်ကာ ကောင်းကင်ရှိ ရွှေရောင်စာရင်းကို မော့ကြည့်လိုက်ပြီးနောက် ကျေနပ်သည့်အမူအရာတစ်ခု ပြသလိုက်သည်။

“ပါရမီရှင်စာရင်းရဲ့ အဆင့် (၁၀)... အရမ်းကောင်းတယ်။ မွေးရာပါ တာအိုခန္ဓာဆိုတာ နှစ်သန်းပေါင်းများစွာမှာ တစ်ယောက်ပေါ်ဖို့ ခဲယဉ်းတဲ့ အနှိုင်းမဲ့ ရုပ်ခန္ဓာတစ်ခုပဲ!”

လင်းချန်၏ ချီးမွမ်းစကားကို ကြားလိုင်ရသောအခါ လင်းထင်ထောင်းမှာ အနည်းငယ် ရှက်ကိုးရှက်ကန်းဖြစ်သွားပြီး ခေါင်းကုတ်လိုက်မိသည်။ သူ၏ မွေးရာပါ တာအိုခန္ဓာက ဤမျှအထိ အစွမ်းထက်လိမ့်မည်ဟု သူ မထင်ထားခဲ့မိပေ။ သူသည် တစ်ကမ္ဘာလုံးရှိ မဟာရွှေရောင်ခေတ်ကြီး၏ အဆင့် (၁၀) အဖြစ် ကောင်းကင်တာအို၏ အသိအမှတ်ပြုခြင်းကို ခံလိုက်ရသည် မဟုတ်ပါလော။

တစ်ဖက်တွင်မူ လင်းဟောက်ရန်နှင့် မိသားစုအကြီးအကဲများသည် တစ်ခွန်းမှ မပြောနိုင်လောက်အောင် အလွန်အမင်း စိတ်လှုပ်ရှားနေကြ၏။ လက်ရှိမျိုးဆက်၏ အားအကောင်းဆုံး ပါရမီရှင်မှာ အဆင့် (၁၀) ရရှိခဲ့ချေပြီ။

ဤရလဒ်ကို သူတို့ လုံးဝ မမျှော်လင့်ထားခဲ့ကြချေ။ ၎င်းမှာ သူတို့၏ လင်းမိသားစုသည် ထိပ်သီး (၁၀) ဦးစာရင်းတွင် အနည်းဆုံး ပါရမီရှင် သုံးဦး ပါဝင်နေမည်ဟု ဆိုလိုလိုက်ခြင်းဖြစ်ပေသည်။

ရှေးဟောင်းလူထူးလူဆန်း လင်းရှန်ဟဲ သည် အနှိုင်းမဲ့ နတ်ဘုရားရုပ်ခန္ဓာဖြစ်သော ဟင်းလင်းပြင်နတ်ဘုရားရုပ်ခန္ဓာနှင့် ပုံရိပ်ယောင်မှန်သမျှကို ဖောက်ထွင်းမြင်နိုင်သော ဖျက်ဆီးခြင်းမျက်လုံးတစ်စုံကို ပိုင်ဆိုင်ထားသူဖြစ်သည်။ သူ၏ ပါရမီသည် လင်းထင်ထောင်းထက်ပင် သာလွန်ပြီး နတ်ဘုရားသားတော် လင်းချန်ပြီးလျှင် ဒုတိယလိုက်သူ ဖြစ်သည်။ သူသည်လည်း ထိပ်သီး (၁၀) ဦးထဲသို့ သေချာပေါက် ဝင်ရောက်မည်ဖြစ်ပြီး မည်သည့်အဆင့်ကို ရရှိမည်ကိုသာ စောင့်ကြည့်ရမည် ဖြစ်သည်။

နတ်ဘုရားသားတော် လင်းချန်အတွက်မူ ပြောနေစရာပင် မလိုတော့ပေ။ စာရင်း၏ နံပါတ် (၁) နေရာသည် သူနှင့်သာ ထိုက်တန်ပေသည်။

ပထမစီကွမ် ကောင်းကင်ရွေးချယ်ခံများ၏ မျက်နှာတွင်မူ မနာလိုမှုများ ရှိနေကြ၏။ ယခုအကြိမ် နတ်ဘုရားတားမြစ်ချက်တောင်ထိပ်သို့ ရောက်လာကြသည့် လင်းမိသားစု ပါရမီရှင်များထဲတွင် သူတို့မှလွဲ၍ ကျန်သူအားလုံးမှာ ပါရမီရှင်စာရင်းထဲသို့ အောင်မြင်စွာ ဝင်ရောက်သွားကြပြီ ဖြစ်သည်။

သို့သော် သူတို့ မနာလိုဖြစ်နေကြသော်လည်း အားမလျော့ကြပေ။ နတ်ဘုရားသားတော် ပြောသကဲ့သို့ပင် ဤပါရမီရှင်စာရင်းသည် ရွှေခေတ်ကြီး၏ အမြည်းမျှသာ ရှိသေးသည်။ နောက်ပိုင်းတွင် သူတို့ ပြန်လည်လိုက်မီရန် အခွင့်အရေးများစွာ ရှိနေသေးသည် မဟုတ်ပါလော။

ထိုစဉ်....

“ဝုန်း”

ဧကရာဇ်အရှိန်အဝါများ ပြည့်နှက်နေဟန်ရှိသော အနှိုင်းမဲ့ စစ်သုံးဓားတစ်လက်သည် ကောင်းကင်၏အနက်ရှိုင်းဆုံးနေရာမှ ပေါ်ထွက်လာ၏။ ထို့နောက် တာအိုပြည်နယ်သုံးထောင်ရှိ ပါရမီရှင်များစွာ၏ မနာလိုသော အကြည့်များအောက်တွင် ရှေးဟောင်းဖုန်းဆိုး လင်းမိသားစုဆီသို့ ကျဆင်းလာခဲ့သည်။

အထူးနတ်ဘုရားလက်နက်...။ဤသည်မှာ အထူးနတ်ဘုရားလက်နက် ဖြစ်သည်။ ဧကရာဇ်လက်နက်ပြီးလျှင် ဒုတိယအစွမ်းအထက်ဆုံး လက်နက်ပင်။

“လင်းမိသယးစုက လင်းထင်ထောင်းဟကာ တကယ် ကံကောင်းတာပဲ။”

ထိုအနှိုင်းမဲ့ စစ်သုံးဓားမှာ လင်းထင်ထောင်း၏ ရှေ့တွင် ရပ်တန့်သွားခဲ့၏။ ဤဓား ပေါ်လာသည်နှင့် တစ်ပြိုင်နက် ရင်ပြင်တစ်ခုလုံးသည် စူးရှသော ဓားတာအို အရှိန်အဝါများဖြင့် ဖုံးလွှမ်းသွားတော့သည်။

လင်းထင်ထောင်းသည် မိမိရှေ့ရှိ စူးရှသောအရှိန်အဝါများ ထွက်ပေါ်နေသည့် စစ်သုံးဓားကို စိုက်ကြည့်ရင်း လင်းချန်ကို မသိစိတ်ဖြင့် လှမ်းကြည့်လိုက်၏။ လင်းချန်၏ အားပေးသောအကြည့်ကို ရရှိပြီးနောက် လင်းထင်ထောင်းသည် အသက်ကို ပြင်းပြင်းရှူကာ ဖြူလွလွဓားအလင်းများ ဖြာထွက်နေသော စစ်သုံးဓားပေါ်သို့ သူ၏လက်ဝါးကို တင်လိုက်တော့သည်။

“ဝုန်း... ဝုန်း... ဝုန်း”

ချက်ချင်းပင် ရင်ပြင်တစ်ခုလုံးရှိ ဓားတာအိုအရှိန်အဝါများ မြင့်တက်လာပြီး နတ်ဘုရားစွမ်းအားများ တုန်ခါသွားကာ စစ်မှန်သော မူလစွမ်းအင်များပင် ပျံ့လွင့်လာခဲ့သည်။ လင်းထင်ထောင်းသည် စစ်သုံးဓားကို ဆုပ်ကိုင်ထားရင်း အေးစက်စက် အလင်းရောင်များ ထွက်ပေါ်နေသော ဓားကိုယ်ထည်ကို အသာအယာ ပွတ်သပ်ကာ မျက်လုံးထဲတွင် ကျေနပ်သည့်အပြုံးများဖြင့် ကြည့်လိုက်သည်။

“မင်းရဲ့နာမည်က သန့်ရှင့်သောရောင်ခြည်လား...။ ကောင်းတယ်...။ အခုကစပြီး မင်းနဲ့ ငါ အတူ လက်တွဲပြီး တိုက်ပွဲဝင်ကြတာပေါ့။”

ထိုသို့ပြောပြီးသည်နှင့် လင်းထင်ထောင်းသည် စိတ်အာရုံဖြင့် ထိုစစ်သုံးဓားကို သူ၏ဒန်ထျန်အတွင်းသို့ ပို့လွှတ်ကာ သိမ်းဆည်းထားလိုက်သည်။ ထိုအခါ လင်းချန်က လင်းထင်ထောင်း၏ ပုခုံးကို ပုတ်ကာ အပြုံးတစ်ခုဖြင့် မေးလိုက်သည်။

“မင်း ဒီလို အခွင့်အရေးနဲ့ ဖန်တီးမှုမျိုး ရရှိခဲ့တာဆိုတော့ ငါ့ရဲ့နောက်လိုက်တစ်ယောက် ဖြစ်လာရတာကို နောင်တရနေပြီလား။”

“တကယ်တော့ မင်းရဲ့ပါရမီနဲ့ဆိုရင် မင်းမှာ မဟာဧကရာဇ် ရာထူးအတွက် ဝင်ရောက်ယှဉ်ပြိုင်နိုင်တဲ့ အခွင့်အရေး ရှိတယ်။”

နောက်လိုက်တစ်ယောက် ဖြစ်လာခြင်းဆိုသည်မှာ မိမိသခင်၏ နောက်တွင် ရပ်တည်ပေးရန်နှင့် ထိုသူ့အတွက် အဟန့်အတားမှန်သမျှကို ဖယ်ရှားပေးရန် ဝန်ခံကတိပြုကာ မိမိ၏ မဟာဧကရာဇ်ဖြစ်ခွင့် အခွင့်အလမ်းကို ကိုယ်တိုင်စွန့်လွှတ်လိုက်ခြင်းပင် ဖြစ်သည်။

ထိုစကားကို ကြားသောအခါ လင်းထင်ထောင်းသည် ခေါင်းကို အပြင်းအထန် ခါယမ်းလိုက်ပြီး ခိုင်မာသော အမူအရာဖြင့် ပြောလိုက်သည်။

“နတ်ဘုရားသားတော်ရဲ့ နောက်လိုက်တစ်ယောက် ဖြစ်ခွင့်ရတာနဲ့တင် ကျုပ်အတွက် လုံလောက်ပါပြီ။”

“အကယ်၍ အရှင့်ရဲ့ ဧကရာဇ်ဖြစ်မယ့် လမ်းကြောင်းမှာ ဘယ်သူပဲ လာပိတ်ဆို့ပါစေ... ကျုက် အရှင့်အတွက် အဲ့ဒီခြိမ်းခြောက်မှုမှန်သမျှကို သေချာပေါက် ဖယ်ရှားပေးသွားမှာပါ။”

နတ်ဘုရားသားတော် လင်းချန်၏ လုပ်ရပ်များသည် သူငယ်စဉ်ကတည်းက သူ့ကို ခွန်အားပေးခဲ့ခြင်း ဖြစ်သည်။ ထိုသို့သော စိတ်အားတက်ကြွမှုမျိုးသာ မရှိခဲ့လျှင် ယနေ့ကဲ့သို့ အောင်မြင်မှုမျိုးကို သူ ဘယ်တော့မှ ရရှိနိုင်မည်မဟုတ်ပေ။ နောက်လိုက်တစ်ယောက်အနေဖြင့် သူသည် နတ်ဘုရားသားတော်၏ လက်ထဲမှ အထက်မြက်ဆုံး ဓားတစ်လက် ဖြစ်လာကာ အတားအဆီးအားလုံးကို ခုတ်ပိုင်းပစ်ရမည်သာ ဖြစ်သည်။

လင်းချန်သည် ထိုစကားကို ကြားသောအခါ ဘာမှပြန်မပြောဘဲ ပြုံးရုံသာ ပြုံးနေလိုက်၏။

ဖြစ်နိုင်သည်မှာ သူ ဧကရာဇ်ဖြစ်လာခြင်းက အခြားသော ပါရမီရှင်များ ဧကရာဇ်ဖြစ်လာခြင်းကို တားဆီးနိုင်မည် မဟုတ်ပေ။ အနှိုင်းမဲ့ လက်မှတ်ထိုးဝင်ခြင်းစနစ်ကို ပိုင်ဆိုင်ထားသဖြင့် သူ့တွင် အခြားသော နည်းလမ်းများ ရှိကောင်းရှိနိုင်ပေသည်။ သူ၏ ပန်းတိုင်သည် အစမှအဆုံးတိုင် မိမိကိုယ်တိုင် ဧကရာဇ်ဖြစ်ရန်သာမကဘဲ မိမိမိသားစုမှ အခြားသော အင်အားကြီးပုဂ္ဂိုလ်များနှင့် ပါရမီရှင်များကိုပါ ဧကရာဇ်ဖြစ်လာစေရန် ဖြစ်သည်။

ဤသဟဇာတဖြစ်သော မြင်ကွင်းကို ကြည့်ရင်း လင်းဟောက်ရန် စိတ်သက်သာရာ ရသွားခဲ့သည်။ ရှေးဟောင်းဖုန်းဆိုး လင်းမိသားစုသည် ပရမ်းပတာ ဖြစ်၍မရပေ။ အကယ်၍သာ မိသားစုအတွင်း ဖရိုဖရဲဖြစ်သွားပါက ပါရမီရှင်များစွာ ရှိနေခြင်းသည် ကောင်းကျိုးထက် ကပ်ဘေးတစ်ခုသာ ဖြစ်လာပေလိမ့်မည်။

ကံကောင်းသည်မှာ သူ၏သားဖြစ်သူ လင်းမိသားစု၏ နတ်ဘုရားသားတော် လင်းချန်၌ အခြေအနေကို ထိန်းချုပ်နိုင်စွမ်း ရှိနေခြင်းပင်။

ထိုအခိုက်အတန့်တွင် ကြီးကျယ်မြင့်မြတ်သော ကောင်းကင်တာအို၏ အသံသည် တာအိုပြည်နယ်သုံးထောင်လုံးကို လွှမ်းခြုံသွားပြီး လူတိုင်း၏ အာရုံကို ဖမ်းစားလိုက်ပြန်သည်။

“ပါရမီရှင်အဆင့်သတ်မှတ်ချက်စာရင်း အဆင့် ၆ - ယွမ်ချန်းချိုး၊

ယွမ်ထျန်း နတ်ဘုရားတိုက်ကြီး၊ ရှေးဟောင်း ယွမ်မိသားစု။”

“နက်နဲသော အဝါရောင် ဖျက်ဆီး၍မရနိုင်သော ရုပ်ခန္ဓာကို ပိုင်ဆိုင်ပြီး ရုပ်ခန္ဓာသည် အထွတ်အထိပ်သို့ ရောက်ရှိကာ မဟာတာအိုအတွင်းသို့ တိုက်ရိုက်ဝင်ရောက်နိုင်ခြင်းကြောင့် ကောင်းကင်တာအိုမှ ဆုလက်ဆောင်ကို ချီးမြှင့်လိုက်သည်။ နက်နဲသော အဝါရောင် မိခင်ချီ ဆယ်ခု။”

လင်းချန်၏ မျက်လုံးများ ကျဉ်းမြောင်းသွား၏။

ယွမ်ချန်းချိုး... ဒါ သူ့မိခင်ဘက်က မိသားစုရဲ့ အစွမ်းထက်ဆုံး ပါရမီရှင်လား။

ပါရမီရှင်စာရင်း၏ အဆင့် (၆) နေရာကို ရရှိသည်ဆိုကတည်းက သူမသည် ထူးကဲသော ပါရမီရှင်တစ်ဦး ဖြစ်ရပေမည်။ ‘နက်နဲသော အဝါရောင် ဖျက်ဆီး၍မရနိုင်သော ခန္ဓာကိုယ်’ ၏ ရုပ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှုမှာ သူ၏ ကစဥ်ကလျားမိစ္ဆာနတ်ဘုရားခန္ဓာနှင့်ပင် ယှဉ်နိုင်လုနီးပါး ရှိနေပြီး အခြားသော လျှို့ဝှက်ဆန်းပြားသည့် အချက်အချို့တွင်သာ အနည်းငယ် အားနည်းခြင်း ဖြစ်သည်။

အနာဂတ်တွင် သူတို့နှစ်ဦး ရန်သူများ ဖြစ်မလာရန်သာ သူမျှော်လင့်မိသည်။ သို့မဟုတ်ပါက သူ၏ မိခင်ဘက်မှ ရှေးဘိုးဘေးများကို စိတ်အနှောင့်အယှက် ပေးမိသလို ဖြစ်သွားပေလိမ့်မည်။

All Chapters