← Chapters

အခန်း (၁၃-၁၄)

Vol. 2 Ch. 13-14

အခန်း (၁၃-၁၄)

Vol. 2 Ch. 13-14

အခန်း ၁၃ - မိစ္ဆာသားရဲမျိုးနွယ် ပါရမီရှင်များက ထိပ်တန်း ဆယ်ဦးစာရင်း၌ တစ်ဦးထက်မက သိမ်းပိုက်လိုက်ခြင်း၊ ကစဥ်ကလျား မြင့်မြတ်နယ်မြေမှ တာအိုရင်သွေးငယ် ရှောင်ဖန်

လင်းဟွမ်ရှန်း၊ လင်းထျန်းရှင်းနှင့် အခြားသော ပါရမီရှင်များသည် ပါရမီရှင်အဆင့်သတ်မှတ်ချက်စာရင်းရှိ အဆင့်များကို ကြည့်ကာ သူတို့၏ အမူအရာများမှာ အလွန်ပင် တည်ကြည်လေးနက်နေကြသည်။

[ပါရမီရှင်အဆင့်သတ်မှတ်ချက်စာရင်း အဆင့် ၆ - ယွမ်ထျန်း နတ်ဘုရားတိုက်ကြီး၊ ရှေးဟောင်း ယွမ်မိသားစု၊ ယွမ်ချန်းချိုး]

ရှေးဟောင်း ယွမ်မိသားစုနှင့် သူတို့၏ ရှေးဟောင်းဖုန်းဆိုး လင်းမိသားစုသည် မျိုးဆက်ပေါင်းများစွာ ရင်းနှီးချစ်ကြည်ခဲ့ကြ၏။ သူတို့၏ လက်ရှိမိသားစုခေါင်းဆောင် လင်းဟောင်ရန်သည်ပင် ယွမ်မျိုးနွယ်စု၏ မဟာအကြီးအကဲ ယွမ်ချင်းရိုနှင့် လက်ထပ်ခဲ့ပြီး နတ်ဘုရားသားတော် လင်းချန်ကို ဖွားမြင်ခဲ့ခြင်း ဖြစ်သည်။

သူတို့သည်လည်း ယွမ်မိသားစု၏ ရှေးဟောင်းလူထူးလူဆန်း တစ်ဦးဖြစ်သူ ယွမ်ချန်းချိုးကို သဘာဝကျကျပင် သိရှိထားကြသည်။ သူသည် ‘နက်နဲသော အဝါရောင် ဖျက်ဆီး၍မရနိုင်သောခန္ဓာကို အမှန်တကယ် ပိုင်ဆိုင်ထားပြီး သူ၏ ရုပ်ခန္ဓာမှာလည်း အံ့သြဖွယ်ကောင်းလောက်အောင် အစွမ်းထက်လှပေသည်။

သူ နိုးထလာခဲ့သည့် နှစ်အနည်းငယ်အတွင်း သူတို့နှင့် လေ့ကျင့်တိုက်ခိုက်ဖူးကြသော်လည်း သူတို့မှာ အားနည်းချက်များစွာ ရှိနေခဲ့သည်။

နတ်ဘုရားသားတော် လင်းချန် နတ်ဘုရားရင်းမြစ်ကို ဖောက်ထွင်းပြီး မနိုးထလာမီအချိန်အထိ လင်းမိသားစု ပါရမီရှင်များထဲတွင် သူ့ကို အမှန်တကယ် ယှဉ်ပြိုင်နိုင်ပြီး အနည်းငယ်မျှ အသာစီးရနိုင်သူမှာ အင်အားအကောင်းဆုံးဖြစ်သည့် လင်းရှန်ဟဲ တစ်ဦးတည်းသာ ရှိခဲ့သည်။

အရေးကြီးဆုံးအချက်မှာ ‘းနက်နဲသော အဝါရောင် ဖျက်ဆီးမရနိုင်သော ခန္ဓာသည် ပြိုင်ဘက်ကင်းပြီး အစွမ်းထက်သော ရုပ်ခန္ဓာတစ်ခုဖြစ်ကာ မည်သည့်ခေတ်တွင်မဆို တစ်ကမ္ဘာလုံးကို ဖိနှိပ်ချုပ်ကိုင်နိုင်စွမ်းရှိသော တည်ရှိမှုတစ်ခု ဖြစ်သည်။

သို့သော် ယခုအခါတွင်မူ သူသည် ပါရမီရှင်စာရင်း အဆင့် (၆) နေရာ၌သာ ရှိနေသေး၏။ သူ၏အရှေ့တွင် ရှိနေသော ပါရမီရှင်များမှာ မည်မျှအထိ အစွမ်းထက်သော ပါရမီများကို ပိုင်ဆိုင်ထားကြမည်နည်းဆိုသည်အား စိတ်ကူးကြည့်ရန်ပင် ခက်ခဲလှပေသည်။

သူတို့၏ အကြည့်များသည် အဆင့်မကြေညာရသေးသော လင်းရှန်ဟဲဆီသို့ မသိစိတ်ဖြင့် ရောက်ရှိသွားကြ၏။

“အစ်ကိုကြီး လင်းရှန်ဟဲက ပါရမီရှင်စာရင်းမှာ ဘယ်အဆင့်ကို ရရှိသွားမလဲဆိုတာ တကယ်ကို သိချင်မိတယ်...။”

လင်းရှန်ဟဲသည် လက်နှစ်ဖက်ကို နောက်ပစ်ကာ စကားတစ်ခွန်းမှမပြောဘဲ ကောင်းကင်ကိုသာ မော့ကြည့်နေခဲ့သည်။

သူ၏ ခံစားချက်များမှာ အနည်းငယ် ရှုပ်ထွေးနေ၏။ သူ၏ ပါရမီဖြင့်ဆိုပါက ပါရမီရှင်စာရင်း၏ ထိပ်သီး (၃) ဦးအတွင်း ယှဉ်ပြိုင်နိုင်လိမ့်မည်ဟု သူ ထင်မှတ်ထားခဲ့ခြင်းဖြစ်သည်။ သို့သော် ယခုအခါတွင်မူ သူ သိပ်ပြီး ယုံကြည်ချက်မရှိတော့ပေ။ ဖြစ်နိုင်သည်မှာ နောက်ဆုံးတွင် သူသည် ထိပ်သီး (၅) ဦးစာရင်းအတွင်း၌သာ အဆင့်သတ်မှတ်ခံရဖွယ် ရှိနေခဲ့သည်။

“ဝုန်း”

လေးလံသော နတ်ဘုရားအရှိန်အဝါတစ်ခု ကောင်းကင်တွင် ပေါ်ထွက်လာ၏။ မဟာတာအို၏ အငွေ့အသက်များ ပါဝင်နေဟန်ရှိသော နက်နဲသော အဝါရောင်စွမ်းအင် ဆယ်ခုသည် ခန့်ညားထည်ဝါသော ကောင်းကင်တာအို၏ အသံနှင့်အတူ ယွမ်ထျန်း နတ်ဘုရားတိုက်ကြီးဆီသို့ ကျဆင်းသွားခဲ့သည်။

ထိုအဝါရောင်စွမ်းအင်များကို ကြည့်ရင်း ပါရမီရှင်အားလုံးမှာ အလွန်ပင် မနာလိုဖြစ်နေကြလေသည်။

နက်နဲသော အဝါရောင် မိခင်ချီ...။

နက်နဲသော အဝါရောင်စွမ်းအင် အမျှင်တန်းပေါင်း ထောင်ချီကို ပေါင်းစပ်လိုက်မှသာ နက်နဲသော အဝါရောင် မိခင်ချီတစ်ခုကို ရရှိနိုင်ခြင်း ဖြစ်သည်။ ၎င်းသည် ရုပ်ခန္ဓာကို ကျစ်လျစ်သန်မာအောင် ပြုလုပ်ရာ၌ အံ့ဖွယ်အာနိသင်များ ရှိပေသည်။

ယွမ်ထျန်း နတ်ဘုရားတိုက်ကြီး၊ ရှေးဟောင်း ယွမ်မိသားစု...။

ယွမ်ချန်းချိုးသည် ကောင်းကင်တွင် ရပ်နေရင်း ရွှေရောင်ပါရမီရှင်စာရင်းကို စကားတစ်ခွန်းမှမပြောဘဲ စိုက်ကြည့်နေခဲ့သည်။

တင်းတင်းဆုပ်ထားသော သူ၏လက်သီးများနှင့် အနည်းငယ် တုန်ယင်နေသော သူ၏ခန္ဓာကိုယ်ကသာ သူ၏စိတ်ထဲရှိ လှုပ်ရှားမှုများကို ထင်ဟပ်နေစေခဲ့သည်။

“အဆင့်... ၆ တည်းလား။”

အောက်ဘက်ရှိ ယွမ်မိသားစုဝင်များနှင့် အင်အားကြီးပုဂ္ဂိုလ်များစွာမှာလည်း ဤမြင်ကွင်းကိုကြည့်ကာ ခေါင်းခါလျက် သက်ပြင်းချနေကြသည်။ ယခင်က နှစ်ပေါင်းများစွာကြာအောင် မိမိကိုယ်ကိုယ် ချိတ်ပိတ်ထားခဲ့သော သူတို့၏မိသားစုမှ လူငယ်ဘိုးဘေးသည် မည်မျှအထိ စိတ်ဓာတ်တက်ကြွနေခဲ့ပါသနည်း။

သို့သော် ယခုအခါ ပါရမီရှင်စာရင်းကို ကြေညာလိုက်သည့်အခါ သူတို့အားလုံးအတွက် လက်ခံရန် ခက်ခဲနေခဲ့သည်။ ပါရမီရှင်စာရင်းတွင် အဆင့် (၆) သာ ရရှိခြင်းမှာ ယွမ်ချန်းချိုးထက် ပါရမီပို၍ ထက်မြက်သော ပါရမီရှင် (၅) ဦး ရှိနေသေးသည်ဟု ဆိုလိုခြင်းပင်။

ထိုအခိုက်အတန့်တွင် လေးလံသောအရှိန်အဝါနှင့် မဟာတာအို၏ အငွေ့အသက်များ ပြည့်နှက်နေသည့် နက်နဲသော အဝါရောင်စွမ်းအင် ဆယ်ခု ယွမ်ချန်းချိုး၏ ရှေ့မှောက်တွင် ထွက်ပေါ်လာခဲ့သည်။

၎င်းကိုမြင်သောအခါ ယွမ်ချန်းချိုးသည် သူ၏အတွေးများမှ နိုးထလာပြီး ဆုပ်ထားသော လက်သီးများကို ဖြေလျှော့လိုက်ကာ သူ၏မျက်လုံးထဲ၌ ပြတ်သားသော အမူအရာများ ပေါ်ထွက်လာခဲ့သည်။

“ငါက ပါရမီရှင်စာရင်းရဲ့ ထိပ်သီး (၃) ယောက်ထဲမှာ မပါတော့ကော ဘာဖြစ်လဲ။ ဒီ နက်နဲတဲ့ အဝါရောင် မိခင်ချီရဲ့ ကောင်းချီးနဲ့ဆိုရင် ငါ့ရဲ့ တိုက်ခိုက်ရေးစွမ်းအားက သေချာပေါက် အထွတ်အထိပ်ကို ရောက်ရှိသွားမှာပဲ။”

“အဲဒီအချိန်ရောက်လာရင် ဒီလောကထဲက ဘယ်ပါရမီရှင်ကိုမှ ငါကြောက်နေမှာမဟုတ်ဘူး။”

နန်းဆောင်တစ်ခု၏ ရှေ့တွင်...။

နှိုင်းယှဉ်ဖွယ်မရှိအောင် လှပကျော့ရှင်းသော အမျိုးသမီးတစ်ဦး တိတ်ဆိတ်စွာ ရပ်နေခဲ့သည်။ သူမ၏ ပတ်ဝန်းကျင်ရှိ အရာအားလုံးသည်ပင် သူမကြောင့် လှပသွားသယောင် ထင်မှတ်ရသည်။ ရွှေရောင်ပါရမီရှင်စာရင်းကို မော့ကြည့်ရင်း ယွမ်ချင်းရို၏ မျက်နှာတွင် နက်ရှိုင်းသော မျှော်လင့်ချက်များဖြင့် ပြည့်နှက်နေခဲ့သည်။

“ချန်အာရဲ့ အဆင့်က ခုထိ ထွက်မလာသေးဘူး။ သူက ဒီရွှေရောင်ခေတ်ကြီးရဲ့ ပထမဦးဆုံး အခွင့်အရေးစာရင်းမှာ နံပါတ်တစ်နေရာကို ရယူနိုင်မလားဆိုတာ သိချင်မိတယ်။”

သူမသည် သူမ၏ ချန်အာကို မတွေ့ရသည်မှာ နှစ်ပေါင်းသုံးထောင်ရှိပြီဖြစ်ရာ များစွာ လွမ်းဆွတ်နေမိချေသည်။ ကံမကောင်းသည်မှာ ယွမ်မိသားစု၏ မဟာအကြီးအကဲတစ်ဦးအနေဖြင့် ဤအချိန်တွင် သူမသည် မိသားစုကို ပြန်လည်ကြီးကြပ်ရန် လိုအပ်နေခြင်းပင်။ သို့သော်လည်း မိုးလင်းသည်နှင့်တစ်ပြိုင်နက် သူမသည် ရှေးဟောင်းဖုန်းဆိုး လင်းမိသားစုသို့ ပြန်သွားပြီး သူမ၏ ချန်အာကို တွေ့နိုင်မည်ဖြစ်သည်။

အတိုင်းအဆမရှိသော အရှိန်အဝါများဖြင့် ပြည့်နှက်နေသည့် ကောင်းကင်တာအို၏ အသံသည် ယွမ်ချန်းချိုး၏ စိတ်ပျက်မှုကြောင့် ရပ်တန့်သွားခြင်းမရှိပေ။ နက်နဲသော အဝါရောင် မိခင်ချီကို ပေးအပ်ပြီးနောက် ကြီးကျယ်မြင့်မြတ်သော ထိုအသံသည် ကောင်းကင်၏အနက်ရှိုင်းဆုံးနေရာမှ တာအိုပြည်နယ်သုံးထောင်လုံးသို့ ထပ်မံဟိန်းထွက်လာခဲ့ပြန်သည်။

“ပါရမီရှင်အဆင့်သတ်မှတ်ချက်စာရင်း အဆင့် ၅၊ နတ်ဆိုးနတ်ဘုရားပြည်နယ် ၊ မသေမျိုး ဖီးနစ်မျိုးနွယ်စု၊ ဟွမ်ကျိုးယို။”

“စစ်မှန်သော မသေမျိုး ဖီးနစ်သွေးမျိုးဆက်ကို ပိုင်ဆိုင်ထားပြီး သူမ၏ နတ်ဘုရားအရှိန်အဝါသည် ကောင်းကင်ဘုံကို ဖိနှိပ်နိုင်စွမ်းရှိခြင်းကြောင့် ကောင်းကင်တာအိုမှ ဆုလက်ဆောင်ကို ချီးမြှင့်လိုက်သည်။ ဧကရာဇ်အဆင့် မသေမျိုး ဖီးနစ်အနှစ်သာရသွေး တစ်စက်။”

ရွှေရောင်ပါရမီရှင်စာရင်းတွင် အဆင့်အသစ်တစ်ခု အချိန်ကိုက် ပေါ်ထွက်လာခဲ့သည်။

[ပါရမီရှင်အဆင့်သတ်မှတ်ချက်စာရင်း အဆင့် ၅ - မသေမျိုး ဖီးနစ်မျိုးနွယ်စု၊ ဟွမ်ကျိုးယို]

ထိုအသံမဆုံးမီမှာပင် ရဲရဲနီသော မီးလျှံများ တောက်လောင်နေသည့် နတ်ဘုရားဖီးနစ်တစ်ကောင်သည် ကောင်းကင်၏အနက်ရှိုင်းဆုံးနေရာ၌ ဖြစ်တည်လာခဲ့သည်။

“ကျီးး...”

အော်ဟစ်တွန်ကြူးသံနှင့်အတူ ထိုနတ်ဘုရားဖီးနစ်သည် အတောင်ပံများကို ခတ်ကာ နတ်ဆိုးနတ်ဘုရားပြည်နယ်ရှိ မသေမျိုး ဖီးနစ်မျိုးနွယ်စု၏ နယ်မြေဆီသို့ ပျံသန်းသွားတော့၏။

နတ်ဆိုးနတ်ဘုရားပြည်နယ်အတွင်း...

ရေတွက်မရနိုင်သော နတ်ဆိုးမျိုးနွယ် ကျွမ်းကျင်သူများမှာ အလွန်ပင် စိတ်လှုပ်ရှားနေကြသည်။ သူတို့ နတ်ဆိုးမျိုးနွယ်၏ မသေမျိုး ဖီးနစ်မျိုးနွယ်စုမှ ပါရမီရှင် ဟွမ်ကျိုးယိုသည် ပါရမီရှင်စာရင်း၏ ထိပ်သီး (၅) ဦးအတွင်းသို့ ဝင်ရောက်သွားပြီ မဟုတ်ပါလော။

ယခင်ကလည်း လိပ်နက်မျိုးနွယ်စုနှင့် ကျားဖြူမျိုးနွယ်စုတို့မှ ပါရမီရှင်များသည် ပါရမီရှင်စာရင်း၏ အဆင့် (၉) နှင့် (၈) နေရာများကို အသီးသီး ရရှိထားခဲ့ကြပြီးဖြစ်သည်။ ၎င်းမှာ သူတို့၏ နတ်ဆိုးမျိုးနွယ်သည် ယခုအခါ ပါရမီရှင်စာရင်း၏ ထိပ်သီး (၁၀) ဦးတွင် စုစုပေါင်း သုံးဦးအထိ ရှိနေပြီဟု ဆိုလိုခြင်းပင်။

ထို့ပြင် သူတို့ နတ်ဆိုးမျိုးနွယ်ထဲတွင် အစစ်အမှန် နဂါးမျိုးနွယ်စုမှ အစွမ်းအထက်ဆုံး ပါရမီရှင်၏ အဆင့်မှာလည်း မထွက်လာသေးပေ။ ထိုသူမှာ မဟာဧကရာဇ်တစ်ပါး၏ ရင်သွေးအရင်းအချာပင် ဖြစ်သည်။ သူသည် ရှေးဟောင်းခေတ်ကာလကတည်းက မိမိကိုယ်ကိုယ် ချိတ်ပိတ်ထားခဲ့ပြီး မကြာသေးမီနှစ်များအတွင်းမှသာ ပြန်လည်နိုးထလာခဲ့သူ ဖြစ်သည်။

သူတို့၏ နတ်ဆိုးနတ်ဘုရားပြည်နယ်နှင့် နတ်ဆိုးမျိုးနွယ်စုအားလုံးသည် ယခုတစ်ကြိမ် ပါရမီရှင်စာရင်း၏ ထိပ်သီး (၁၀) နေရာတွင် အနည်းဆုံး လေးနေရာကို သိမ်းပိုက်နိုင်ပေလိမ့်မည်။

“ပါရမီရှင်အဆင့်သတ်မှတ်ချက်စာရင်း အဆင့် ၄၊

နတ်ဆိုးနတ်ဘုရားပြည်နယ်၊ အစစ်အမှန် နဂါးမျိုးနွယ်စု၊ အောက်ထျန်းကျွင်း။”

“စစ်မှန်သော နဂါးသွေးမျိုးဆက်နှင့် မဟာဧကရာဇ်၏ မျိုးဆက်ဖြစ်သော သွေးစစ်မျိုးရိုးကို ပိုင်ဆိုင်ခြင်းကြောင့် ကောင်းကင်တာအိုမှ ဆုလက်ဆောင်ကို ချီးမြှင့်လိုက်သည်။

စစ်မှန်သော နဂါးနတ်ဘုရားစွမ်းရည်တစ်ခု။”

ကောင်းကင်တာအို၏ အသံ တစ်ဖန်ထွက်ပေါ်လာပြန်ရာ တာအိုပြည်နယ်သုံးထောင်ရှိ လူသားမျိုးနွယ် အင်အားစုအသီးသီးမှ ကျွမ်းကျင်သူများမှာ သူတို့၏မျက်လုံးများကို ကျဉ်းမြောင်းလိုက်ကြသည်။

နောက်ထပ် နတ်ဆိုးမျိုးနွယ် ပါရမီရှင်တစ်ယောက်...။

နတ်ဆိုးမျိုးနွယ် ပါရမီရှင်နှစ်ဦး ဆက်တိုက် ထိပ်သီး (၅) ဦးအတွင်း ဝင်ရောက်သွားခြင်းမှာ နတ်ဆိုးမျိုးနွယ်စု၏ အခြေခံအုတ်မြစ်ကို လျှော့တွက်၍ မရကြောင်း သက်သေပြနေခြင်းပင်။

ထိုစဉ် အစစ်အမှန် နဂါးအရှိန်အဝါများ ပါဝင်နေသည့် ရွှေရောင်အလင်းတန်းတစ်ခုသည် နတ်ဆိုးနတ်ဘုရားပြည်နယ်၏ ဒေသတစ်ခုသို့ ကျဆင်းသွားပြီးနောက် ခန့်ညားထည်ဝါသော ကောင်းကင်တာအို၏ အသံမှာ ဆက်တိုက် ထွက်ပေါ်လာခဲ့သည်။

“ပါရမီရှင်အဆင့်သတ်မှတ်ချက်စာရင်း အဆင့် ၃၊ လျိုရှားကောင်းကင်ပြည်နယ်၊ လျိုရှားသူတော်စင်မြေ၊ ယန်လျိုရှား။”

“မွေးရာပါ သူတော်စင်တာအိုသန္ဓေသား ကို ပိုင်ဆိုင်ပြီး ထူးကဲကာ တစ်ကမ္ဘာလုံးကို တုန်လှုပ်စေနိုင်ခြင်းကြောင့် ကောင်းကင်တာအိုမှ ဆုလက်ဆောင်ကို ချီးမြှင့်လိုက်သည်။ သူမ၏ ခန္ဓာကိုယ်ဖွဲ့စည်းပုံနှင့် ကိုက်ညီသော အထူးနတ်ဘုရားလက်နက်တစ်ခုနှင့် နက်နဲသော အဝါရောင် မိခင်ချီ ငါးခု။”

ထိူ့နောက် အတိုင်းအဆမရှိသော နတ်ဘုရားအရှိန်အဝါများ ပါဝင်နေသည့် ရူယီကျောက်စိမ်းတစ်ခုနှင့် မဟာတာအို၏ အငွေ့အသက်များ ပြည့်နှက်နေသော နက်နဲသော အဝါရောင်စွမ်းအင် ငါးခုတို့သည် ကောင်းကင်ပြင်တွင် ရုတ်တရက် ပေါ်ထွက်လာ၏။

ရွှေရောင်ပါရမီရှင်စာရင်းတွင် အဆင့်အသစ်တစ်ခု ထွက်ပေါ်လာသည်နှင့်တစ်ပြိုင်နက် ထိုရူယီကျောက်စိမ်းနှင့် အဝါရောင်စွမ်းအင်တို့သည် ဟင်းလင်းပြင်ကို ဖောက်ထွက်ကာ ပျောက်ကွယ်သွားတော့သည်။

[ပါရမီရှင်အဆင့်သတ်မှတ်ချက်စာရင်း အဆင့် ၃ - လျိုရှားကောင်းကင်ပြည်နယ်၊ လျိုရှားသူတော်စင်နယ်မြေ၊ ယန်လျိုရှား။]

လျိုရှားကောင်းကင်ပြည်နယ်၊ လျိုရှားသူတော်စင်နယ်မြေ...

ယန်လျိုရှားသည် ကောင်းကင်ထက်တွင် ရပ်နေဆဲဖြစ်ပြီး သူမ၏အဆင့်ကို ကြားရသောအခါ မျက်ခုံးအစုံမှာ အနည်းငယ် တွန့်ချိုးသွားခဲ့သည်။

“နံပါတ် ၃ ပဲလား။ ငါ့အရှေ့မှာရှိနေတဲ့ လူနှစ်ယောက်က ဘယ်သူတွေလဲ။”

“ရှေးဟောင်းဖုန်းဆိုး လင်းမိသားစုရဲ့ နတ်ဘုရားသားတော် လင်းချန်ကလွဲရင် တခြား ဘယ်သူရှိသေးလို့လဲ။”

အဆင့်မြင့်နတ်ဘုရားလက်နက်အဆင့်ရှိ ရူးယီကျောက်စိမ်းနှင့် မဟာတာအိုအငွေ့အသက်များ ပါဝင်သည့် နက်နဲသော အဝါရောင် မိခင်ချီ ငါးခုမှာ သူမရှေ့တွင် ထွက်ပေါ်လာသော်လည်း သူမ ဂရုမစိုက်ခဲ့ပေ။ သူမသည် ရှေးဟောင်းဖုန်းဆိုး လင်းမိသားစုရှိရာဘက်သို့သာ ဝေခွဲမရသောအကြည့်များဖြင့် လှမ်းကြည့်နေမိ၏။

လင်းချန်ကလွဲလျှင် သူမ၏ မွေးရာပါ သူတော်စင်တာအိုသန္ဓေသားထက်သာလွန်ပြီး ပါရမီရှင်စာရင်းတွင် သူမကို ကျော်ဖြတ်နိုင်သူ မည်သူရှိဦးမည်နည်းဆိုသည်ကို သူမ နားမလည်နိုင်အောင် ဖြစ်နေခဲ့ရသည်။

ရှေးဟောင်းဖုန်းဆိုး လင်းမိသားစု၊ နတ်ဘုရားသားတော်နန်းဆောင်ရှေ့...

လင်းချန်၏ အမူအရာမှာ အနည်းငယ် ကြောင်တောင်တောင် ဖြစ်နေခဲ့သည်။

ဒါ....မဖြစ်နိုင်တာ။

ထိုလူသည် သူ့ထက် အနည်းငယ် အားနည်းသည်ဆိုစေဦးတော့ ပါရမီရှင်စာရင်းထဲမှာ ပျောက်နေစရာ အကြောင်းမရှိပေ။ အကြောင်းမှာ ထိုသူသည် လွန်ခဲ့သော နှစ်ပေါင်းသုံးထောင်က သူ၏ကျင့်ကြံမှုအဆင့်ကို လိုက်မီနိုင်သည့် တစ်ဦးတည်းသော တည်ရှိမှု ဖြစ်ခဲ့သောကြောင့်ပင်။

ယခုအခါ သူနှင့် လင်းရှန်ဟဲတို့၏ အဆင့်များ မထွက်လာသေးသဖြင့် ဘာမှလွဲချော်မှုမရှိပါက သူတို့နှစ်ဦးမှာ နံပါတ် (၁) နှင့် (၂) ဖြစ်နေပေလိမ့်မည်။ ထိုသို့ဆိုလျှင် ထိုလူက မိမိကိုယ်ကိုယ် ချိတ်ပိတ် မထားခဲ့ခြင်းလော။

လင်းချန်သည် ဇဝေဇဝါဖြင့် ဘေးရှိ လင်းဟောက်ရန်ကို မေးလိုက်သည်။

“အဖေ... ကစဥ်ကလျားတိုက်ကြီးက ကစဥ်ကလျား မြင့်မြတ်နယ်မြေက အဲ့ဒီလူက ကျုပ်လိုမျိုး ကိုယ့်ကိုယ်ကိုယ် ပိတ်လှောင်မထားခဲ့ဘူးလား။”

“ကျုပ်မှတ်မိသလောက်တော့ နောက်နှစ်ပေါင်းသုံးထောင်ဆိုရင် ရွှေရောင်ခေတ်ကြီး ရောက်တော့မယ်လို့ သူ့ကို ပြောခဲ့ဖူးသလိုပဲ။”

အဲ့ဒီလူ...။

ထိုသို့ခေါ်ဝေါ်ပုံကို ကြားလိုက်ရသည့်အခါ လင်းဟောက်ရန်၊ မိသားစုအကြီးအကဲများနှင့် လင်းမိသားစု ပါရမီရှင်အားလုံး၏ အမူအရာများမှာ တင်းမာသွားကြ၏။

သူတို့သည် လင်းရှန်ဟဲ၏အဆင့် ထွက်မလာသေးသဖြင့် သူသည် ပါရမီရှင်စာရင်း၏ ဒုတိယအဆင့် ရရှိနိုင်ခြေ အလွန်မြင့်မားနေသောကြောင့် ဝမ်းသာနေကြခြင်းဖြစ်သည်။ သို့သော် ယခုမူ သူတို့၏ ခံစားချက်များမှာ အနည်းငယ် ရှုပ်ထွေးသွားရ၏။

ထိုလူမှာ မည်သူဖြစ်သည်ကို သူတို့ ကောင်းကောင်းသိကြသည်။ ထိုလူမှာ တစ်ချိန်က ရှေးဟောင်းဖုန်းဆိုး လင်းမိသားစု၏ နတ်ဘုရားသားတော် လင်းချန်နောက်သို့ လိုက်ပါမည်ဟု ကြွေးကြော်ခဲ့ဖူးသော ထာဝရပါရမီရှင်တစ်ဦး ဖြစ်သည်။

ကစဥ်ကလျား မြင့်မြတ်မြေ၏ ယခင် တာအိုရင်သွေးငယ် ရှောင်ဖန်...။

ရှောင်ဖန်သည် ပြိုင်ဘက်ကင်း နတ်ဘုရားဘုရင်ခန္ဓာကို ပိုင်ဆိုင်ထားပြီး အနှိုင်းမဲ့ပါရမီရှင်တစ်ဦး ဖြစ်သည်။ ကံမကောင်းသည်မှာ သူသည် သူတို့၏မျိုးဆက်နှင့် ယှဉ်ပြိုင်ရန် ကံမပါလာခဲ့ခြင်းပင်။

လူတိုင်း၏ အမူအရာကို ကြည့်ပြီး လင်းချန် နားလည်သွားခဲ့သည်။

“သူက ကျုပ်စကားကို နားမထောင်ဘဲ ကိုယ့်ကိုယ်ကိုယ် ချိတ်ပိတ်မထားဖို့ ရွေးချယ်ခဲ့တာပေါ့ ဟုတ်လား။”

လင်းဟောက်ရန်က လင်းချန်၏ပုခုံးကို ပုတ်ကာ ပြုံးလျက် ခေါင်းညိတ်ပြလိုက်သည်။

“ချန်အာ... မင်းပြောတာ မှန်တယ်။ ရှောင်ဖန်က တကယ်ပဲ ကိုယ့်ကိုယ်ကိုယ် ချိတ်ပိတ်မထားဘဲ ပြင်ပလောကမှာ နှစ်ပေါင်းသုံးထောင်ကြာအောင် ကျင့်ကြံနေခဲ့တယ်။”

“အခုဆိုရင် သူက သူတော်စင်ဘုရင်နယ်ပယ်ရဲ့ အစွမ်းထက်တဲ့ တည်ရှိမှုတစ်ခု ဖြစ်နေပြီ။ ပြီးတော့ ကစဥ်ကလျား မြင့်မြတ်မြေရဲ့ အသက်အငယ်ဆုံး အကြီးအကဲလည်း ဖြစ်နေပြီ။ ဒါပေမဲ့ သူက မင်းရဲ့ခန့်မှန်းချက်ကို မယုံလို့တော့ မဟုတ်ပါဘူး။”

“သူက မင်းနဲ့ မျိုးဆက်တစ်ခုတည်းမှာ ထပ်ပြီး မယှဉ်ပြိုင်ချင်တော့လို့ပဲ။ မင်း ကိုယ့်ကိုယ်ကိုယ် ချိတ်ပိတ်လိုက်ပြီးတဲ့နောက် သူ ငါ့ဆီ တစ်ခါလာခဲ့သေးတယ်။ မင်းကို စကားတစ်ခွန်း ပါးခိုင်းလိုက်တယ်။”

“သူက ပြောတယ်... ‘လင်းချန်ရှိနေတဲ့ ရွှေရောင်ခေတ်ကြီးမှာ ငါဝင်ပြီး မယှဉ်ပြိုင်တာပဲ ကောင်းပါတယ်။ အရင်ဆုံး နှစ်ပေါင်းသုံးထောင်လောက် ကျင့်ကြံနေလိုက်မယ်။ ပြီးမှ လင်းချန် နိုးလာတဲ့အခါ ငါ့ကို ဖြည်းဖြည်းချင်း လိုက်မီအောင် ခွင့်ပြုပေးလိုက်တာပေါ့’ တဲ့။”

ထိုစကားများကို ကြားလိုက်ရသည့်အခါ လင်းချန်မှာ မျှော်လင့်ချက်ကင်းမဲ့စွာဖြင့် လက်ဝါးဖြင့် နဖူးကို ရိုက်မိတော့သည်။

“အဲဒီကောင်ကတော့... တကယ်ကို ပြောစရာ စကားတောင် မရှိတော့ဘူး။”

အရင်ဆုံး နှစ်ပေါင်းသုံးထောင် ကျင့်ကြံနှင့်မယ်။ ပြီးမှ ငါနိုးလာတဲ့အခါ ဖြည်းဖြည်းချင်း လိုက်မီခိုင်းမယ် ဟုတ်လား။

သူကတော့ အားလုံးကို အကွက်ကျကျ စီစဉ်ထားတာပဲ။

ဒါပေမဲ့ မင်းက တကယ်ပဲ ဒီမဟာခေတ်ကြီးရဲ့ အခွင့်အရေးတွေကို စွန့်လွှတ်ဖို့ ဝန်မလေးခဲ့ဘူးလား။

အခန်း ၁၄ - ပါရမီရှင်စာရင်း၏ ဒုတိယ၊ လင်းရှန်ဟဲ၊ ဧကရာဇ်လက်နက် သန္ဓေသားလောင်း၊ လုယက်ကြမလား၊ ကွာစီ-ဧကရာဇ် ဘိုးဘေး ပေါ်ထွက်လာခြင်း

ကစဥ်ကလျားတိုက်ကြီး၊ ကစဥ်ကလျား မြင့်မြတ်နယ်မြေ...

နန်းဆောင်တစ်ခု၏ အထက်တွင် အရပ်ရှည်ရှည်နှင့် မတ်မတ်ရပ်နေသော လူငယ်တစ်ဦးသည် ကောင်းကင်ရှိ ရွှေရောင်စာရင်းကို ကြည့်ကာ သာယာသော အပြုံးတစ်ခု ပြုံးနေခဲ့လေသည်။

“မင်းပြောခဲ့သလိုပါပဲ...နောက်နှစ်ပေါင်းသုံးထောင်အကြာမှာ ရွှေရောင်မဟာခေတ်ကြီး တကယ်ပဲ ရောက်လာခဲ့ပြီ။”

“လင်းချန်...ငါပြောရမယ်ဆိုရင် မင်းက တကယ့်ကို လူထူးဆန်းပဲ။”

ရွှေရောင်မဟာခေတ်ကြီး ရောက်ရှိလာမည်ကို နှစ်ပေါင်းသုံးထောင် ကြိုတင်၍ ခန့်မှန်းနိုင်သည်ဆိုသည်မှာ ခေတ်အဆက်ဆက်တွင် မည်သူက ဤကဲ့သို့သော စွမ်းရည်မျိုးနှင့် ယှဉ်နိုင်ပါမည်နည်း။

ထိုအခိုက်အတန့်တွင် အိုမင်းသော ပုံရိပ်တစ်ခု သူ၏ဘေး၌ ဖြည်းညင်းစွာ ထွက်ပေါ်လာခဲ့သည်။

“မင်း အဲ့ဒီတုန်းက ဆုံးဖြတ်ချက်ကို နောင်တရလား။ လင်းချန်ရဲ့ စကားကို နားမထောင်ဘဲ ကိုယ့်ကိုယ်ကိုယ် ချိတ်ပိတ်မထားဖို့ ရွေးချယ်ခဲ့တာကိုလေ။”

အရပ်ရှည်သော လူငယ်ဖြစ်သည့် ရှောင်ဖန်က ခေါင်းခါကာ ရယ်မောလိုက်၏။

“တကယ်တော့ နောင်တမရတဲ့အပြင် နည်းနည်းတောင် ဝမ်းသာနေမိသေးတယ်။”

“လင်းချန်က တကယ့်လူထူးဆန်းပဲ။ ဘယ်သူက သူ့နဲ့ ယှဉ်ပြိုင်ချင်မှာလဲ။ ကျုပ်ကတော့ လွန်ခဲ့တဲ့ နှစ်ပေါင်းသုံးထောင်ကို ပျော်ပျော်ပါးပါး ကျင့်ကြံရင်းပဲ ကုန်ဆုံးခဲ့တယ်။ ခေတ်တစ်ခုလုံးကို ကိုယ်တိုင် ဖိနှိပ်ထားရတာက ပိုမကောင်းဘူးလား။”

ထိုသို့ပြောနေရင်းဖြင့် ရှောင်ဖန်သည် ဂုဏ်ယူဝင့်ကြွားသော အပြုံးဖြင့် သူ၏လက်ကို ဝှေ့ယမ်းလိုက်သည်။

“အခုဆိုရင် ကျုပ်က သူတော်စင်ဘုရင်နယ်ပယ်ရဲ့ ကိုးဆင့်မြောက်ကို ရောက်နေပြီ။ လင်းချန်တို့ထက် ဘယ်နှဆင့်လောက်တောင် ကြိုရောက်နေပြီလဲ မသိဘူး။”

“သူတို့ကို ကူညီမယ့် အခွင့်အရေးတွေ ကျရောက်လာမယ်ဆိုရင်တောင် ကျုပ် နှစ်ပေါင်းသုံးထောင်ပေးပြီး ကျင့်ကြံခဲ့တဲ့ ဒီနယ်ပယ်ကို သူတို့ လိုက်မီဖို့ အချိန်တစ်ခုတော့ လိုဦးမှာပဲ။”

“ဒါပေမဲ့ အဲ့ဒီ ‘အချိန်တစ်ခု’ အတွင်းမှာ ကျုပ်က ပိုပြီးတော့တောင် ရှေ့ကို ပြေးထွက်သွားနိုင်သေးတယ်။”

“အခုဆိုရင် ဝိညာဉ်စွမ်းအင် ဒီရေလှိုင်းကလည်း ဖြတ်သန်းသွားပြီ။ ကောင်းကင်နဲ့ မြေကြီးရဲ့ ဝိညာဉ်စွမ်းအင်တွေကလည်း ပိုပြီးတော့ ပေါကြွယ်ဝလာပြီ။ ဒါက ကျုပ်အတွက်လည်း အများကြီး အထောက်အကူပြုလိမ့်မယ်။”

“ဘယ်သူက လူငယ်မျိုးဆက်တွေပဲ မဟာဧကရာဇ် ရာထူးကို ယှဉ်ပြိုင်နိုင်တယ်လို့ ပြောလဲ။”

“ကျုပ်က ရှေ့တစ်လှမ်းကြိုတက်ဖို့အတွက် အရင်ဆုံး နှစ်ပေါင်းသုံးထောင် ကျင့်ကြံခဲ့တယ်။ ကျုပ်ကကော ဘာလို့ မယှဉ်ပြိုင်နိုင်ရမှာလဲ။”

“ကျုပ်မှာ ရွှေရောင်မဟာခေတ်ကြီးရဲ့ ကောင်းကင်လက်ဆောင်တွေ မရှိရင်ကော ဘာဖြစ်လဲ။ ကျုပ် ရှောင်ဖန်မှာ ကျုပ်ရဲ့ကိုယ်ပိုင် တာအို ရှိတယ်။”

ထိုစကားကို ကြားသောအခါ အိုမင်းသော ပုဂ္ဂိုလ်၏ မျက်လုံးထဲ၌ အံ့သြရိပ်များ ဖြစ်ပေါ်လာခဲ့သည်။

“ဒါဆို မင်းက ဧကရာဇ်ရာထူးကို ယှဉ်ပြိုင်ဖို့ လက်မလျှော့ခဲ့ဘူးပေါ့။ မတူညီတဲ့ လမ်းကြောင်းတစ်ခုကို ရွေးချယ်ခဲ့တာပဲ။”

သူ ထင်မှတ်ထားခဲ့သည်မှာ ရှောင်ဖန်သည် မိမိကိုယ်ကိုယ် ချိတ်ပိတ်ရန် ငြင်းဆန်ခြင်းဖြင့် ထိုတွေ့ရခဲလှသော မဟာဧကရာဇ် ရာထူးကို လက်လွှတ်လိုက်ပြီဟူ၍ ဖြစ်သည်။

ရှောင်ဖန်၏ အမူအရာမှာ ပို၍ နက်နဲလာ၏။

“ဘာလို့လဲဆိုတော့ ဒီနည်းလမ်းနဲ့မှသာ အဲ့ဒီလူထူးဆန်း လင်းချန်ကို ကျော်ဖြတ်နိုင်ဖို့ အခွင့်အရေး အနည်းငယ် ရှိမှာမို့လို့ပဲ။”

“ဘိုးဘေး... စောင့်ကြည့်နေလိုက်ပါ။ လင်းချန်နဲ့ မျိုးဆက်တစ်ခုတည်းမှာ ယှဉ်ပြိုင်ရတဲ့ ကောင်တွေက တကယ့်ကို သနားစရာကောင်းတဲ့ အဆုံးသတ်နဲ့ ကြုံရလိမ့်မယ်။”

ထိုသို့ပြောပြီးသည်နှင့် သူသည် တည်တည်ငြိမ်ငြိမ် မနေနိုင်တော့ဘဲ အခြားသူများ၏ ကံဆိုးမှုကို ကြိုတင်တွေးကာ အားရပါးရ ရယ်မောလေတော့သည်။

အိုမင်းသော ပုဂ္ဂိုလ်ကလည်း သဘောကျစွာ ပြုံးလိုက်ရာ သူ့ထံမှ ဧကရာဇ်အရှိန်အဝါ အနည်းငယ် ဖြာထွက်လာခဲ့သည်။

“အဲ့ဒီကလေး လင်းချန်က ငါမြင်ဖူးသမျှထဲမှာ အထူးခြားဆုံး ပါရမီရှင်ပဲ။”

“မင်းပြောတာ မှန်တယ်။ မင်းတင်မကဘူး...။ ငါတို့လို ဘယ်လောက်ကြာအောင် အသက်ရှင်နေမှန်းမသိတဲ့ အဖိုးကြီးတွေတောင် အဲ့ဒီ ဧကရာဇ်ရာထူးကို ယှဉ်ပြိုင်ချင်နေကြတယ်...။”

“ဒီ ဧကရာဇ်ရာထူးက နောက်ဆုံးမှာ ဘယ်သူ့လက်ထဲ ရောက်မလဲဆိုတာ သိချင်မိပါရဲ့...။”

ထိုအခိုက်အတန့်တွင် ကောင်းကင်ယံ အနက်ရှိုင်းဆုံးနေရာမှ အမြင့်မြတ်ဆုံးသော အရှိန်အဝါများဖြင့် ပြည့်နှက်နေသည့် ကောင်းကင်တာအို၏ အသံသည် တာအိုပြည်နယ်သုံးထောင်လုံးသို့ ဟိန်းထွက်လာခဲ့ပြန်သည်။

“ပါရမီရှင်အဆင့်သတ်မှတ်ချက်စာရင်း ဒုတိယအဆင့်- ဖူကွမ်းမြင့်မြတ်ပြည်နယ်၊ ရှေးဟောင်းဖုန်းဆိုး လင်းမိသားစု၊ လင်းရှန်ဟဲ။”

“ဟင်းလင်းပြင်နတ်ဘုရားခန္ဓာနှင့် ဖျက်ဆီးခြင်းမျက်လုံး နှစ်မျိုးလုံးကို ပိုင်ဆိုင်ထားပြီး ခေတ်အဆက်ဆက်တွင် တွေ့ရခဲသော ထူးကဲသည့် ပါရမီရှိခြင်းကြောင့် ကောင်းကင်တာအိုမှ ဆုလက်ဆောင်ကို ချီးမြှင့်လိုက်သည်။

ဧကရာဇ်လက်နက် သန္ဓေသားလောင်း တစ်ခု။”

ထိုအသံ ဟိန်းထွက်လာသည်နှင့်အမျှ တာအိုပြည်နယ်သုံးထောင်၏ အထက်ကောင်းကင်ယံတွင် ချိတ်ဆွဲထားသော ရွှေရောင်ပါရမီရှင်စာရင်း၏ နောက်ဆုံးကျန်ရှိသည့် လွတ်နေသော နေရာနှစ်ခုအနက် တစ်ခုတွင် အမည်အသစ်တစ်ခု ပေါ်ထွက်လာခဲ့လေတော့သည်။

[ပါရမီရှင်အဆင့်သတ်မှတ်ချက်စာရင်း ဒုတိယအဆင့် - ဖူကွမ်းမြင့်မြတ်ပြည်နယ်၊ ရှေးဟောင်းဖုန်းဆိုး လင်းမိသားစု၊ လင်းရှန်ဟဲ]

တာအိုပြည်နယ်သုံးထောင်၏ နေရာအနှံ့အပြားတွင်...

ရေတွက်မရနိုင်သော ကျွမ်းကျင်သူများနှင့် ပါရမီရှင်များသည် နားထဲတွင် ဟိန်းထွက်လာသော ကောင်းကင်တာအို၏ ခန့်ညားထည်ဝါသည့် အသံကို ကြားလိုက်ကြရပြီး ကောင်းကင်ရှိ ပါရမီရှင်စာရင်းကို ကြည့်ကာ အားလုံး မှင်တက်သွားကြတော့သည်။

“ရှေးဟောင်းဖုန်းဆိုး လင်းမိသားစုက နောက်တစ်ယောက်လား။”

အခုဆိုရင် လင်းမိသားစုက ပါရမီရှင်တစ်ယောက်ရဲ့ နာမည် ပေါ်လာတာ ဘယ်နှကြိမ်ရှိသွားပြီလဲ။

အခြားအဆင့်တွေကို ခဏဖယ်ထားဦး။ မှတ်မိသလောက်ဆိုရင် ခုနတင်က ကြေညာသွားတဲ့ အဆင့် (၁၀) ကလည်း လင်းမိသားစုက ပါရမီရှင်တစ်ယောက်ပဲ မဟုတ်ဘူးလား။

ဒါတင်မကသေးဘူး။ အခုထိတောင် လင်းမိသားစုရဲ့ နတ်ဘုရားသားတော် လင်းချန်ရဲ့ အဆင့်က ထွက်မလာသေးဘူး။

ဒါဆိုရင် ဒီပါရမီရှင်စာရင်းရဲ့ နံပါတ် (၁) နဲ့ (၂) နေရာနှစ်ခုလုံးကို လင်းမိသားစုက ပါရမီရှင်တွေကပဲ သိမ်းပိုက်လိုက်ပြီလို့ ဆိုလိုလိုက်တာ မဟုတ်ဘူးလား။

အချို့သော ကျွမ်းကျင်သူများနှင့် ပါရမီရှင်များသည် အံ့သြတုန်လှုပ်မှုမှ သတိပြန်ဝင်လာကြပြီး ဆက်စပ်တွေးတောမိလိုက်ကြသည်။ အကယ်၍ အဆင့် (၂) ရရှိသူက ဆုလာဘ်အနေနဲ့ ‘ဧကရာဇ်လက်နက် သန္ဓေသားလောင်း’ ကို ရရှိသည်ဆိုလျှင် အဆင့် (၁) ရရှိမည့်သူက မည်သည့်ဆုကို ရရှိနိုင်မည်နည်း။

အစစ်အမှတ် ဧကရာဇ်လက်နက်ကိုများ ရရှိမှာလား။

လျိုရှားကောင်းပင်ပြည်နယ်၊ လျိုရှားသူတော်စင်နယ်မြေ၏ ကောင်းကင်ယံတွင်...

ရွှေရောင်ပါရမီရှင်စာရင်းပေါ်ရှိ အမည်ကို စိုက်ကြည့်ရင်း ယန်လျိုရှား၏ မျက်လုံးထဲတွင် နားလည်သဘောပေါက်သွားသည့် အရိပ်အယောင်များ ဖြစ်ပေါ်လာခဲ့သည်။

“လင်းရှန်ဟဲလား။ လင်းမိသားစုမှာ မိမိကိုယ်ကိုယ် ချိတ်ပိတ်ထားခဲ့တဲ့ အဲ့ဒီ ရှေးဟောင်းလူထူးဆန်းလား။ ငါ သူ့အကြောင်း အရင်က ကြားဖူးတယ်။”

“သူ့မှာ နတ်ဘုရားခန္ဓာရော၊ နတ်ဘုရားမျက်လုံးပါ နှစ်မျိုးလုံး ရှိနေလိမ့်မယ်လို့ မထင်ထားမိဘူး။ သူက တကယ့်ကို လျှို့ဝှက်ချက် နက်နဲတာပဲ။”

ဟင်းလင်းပြင် နတ်ဘုရားခန္ဓာသည် ဟင်းလင်းပြင်စွမ်းအားကို ထိန်းချုပ်နိုင်စွမ်းနှင့်အတူ မွေးဖွားလာသည့် အစွမ်းထက်သော ရုပ်ခန္ဓာတစ်ခု ဖြစ်သည်။ ဖျက်ဆီးခြင်းမျက်လုံးမှာမူ လောကရှိ ထင်ယောင်ထင်မှား ပုံရိပ်ယောင်မှန်သမျှကို ဖောက်ထွင်းမြင်နိုင်ပြီး နှစ်ပေါင်းသန်းချီကြာအောင် ပေါ်ထွက်လာခြင်း မရှိတော့သည့် နတ်ဘုရားမျက်လုံး အမျိုးအစားတစ်ခု ဖြစ်သည်။

ဤကဲ့သို့သော ပါရမီရှင်မျိုးက သူမကို ကျော်ဖြတ်သွားခြင်းအပေါ် သူမ ကန့်ကွက်စရာ မရှိပေ။ ယန်လျိုရှား၏ စိတ်ထဲတွင် လင်းရှန်ဟဲအပေါ် အရေးထားမှုမှာ ချက်ချင်းပင် အဆင့်များစွာ မြင့်တက်သွားခဲ့သည်။

ရှေးဟောင်းဖုန်းဆိုး လင်းမိသားစု၊ နတ်ဘုရားသားတော်နန်းဆောင်ရှေ့ရှိ ရင်ပြင်တွင်...

လင်းရှန်ဟဲသည် သူ၏တင်းတင်းဆုပ်ထားသော လက်သီးများကို ရုတ်တရက် ဖြေလျှော့လိုက်ပြီး သူ၏မျက်နှာ၌ စိတ်လှုပ်ရှားမှုများဖြင့် ပြည့်နှက်နေခဲ့သည်။

“ပါရမီရှင်စာရင်းရဲ့ ဒုတိယ...။ ဒါက ငါအရင်က ခန့်မှန်းထားတာထက်တောင် ပိုကောင်းနေသေးတယ်။”

သူသည် အများဆုံး ထိပ်သီး (၅) ဦးအတွင်းသာ ဝင်မည်ဟု ထင်မှတ်ထားခဲ့သော်လည်း အဆင့် (၂) ရရှိလိမ့်မည်ဟုတော့ မမျှော်လင့်ထားခဲ့ပေ။ လင်းဟွမ်ရှန်း၊ လင်းထင်ထောင်းနှင့် အခြားသော ပါရမီရှင်များမှာလည်း အလွန်အမင်း စိတ်လှုပ်ရှားစွာဖြင့် မသိစိတ်မှ အော်ဟစ်လိုက်ကြသည်။

“ငါတို့ လင်းမိသားစုက ဒီပါရမီရှင်စာရင်းရဲ့ နံပါတ် (၁) နဲ့ (၂) ကို သိမ်းပိုက်လိုက်ပြီ။ တာအိုပြည်နယ်သုံးထောင်ရဲ့ အင်အားစုတွေနဲ့ မျိုးနွယ်စုပေါင်းစုံကို ငါတို့ ဖိနှိပ်လိုက်ပြီဟေ့။”

ထိုစိတ်လှုပ်ရှားဖွယ် အော်ဟစ်သံများကြားတွင် လင်းဟောက်ရန်နှင့် မိသားစုအကြီးအကဲများမှာလည်း များစွာ ဝမ်းမြောက်နေကြသည်။ ဤရလဒ်မှာ သူတို့၏ မျှော်မှန်းချက်ထက် များစွာ ကျော်လွန်သွားခဲ့ပြီဖြစ်သည်။

ဤသည်မှာ လင်းမိသားစု၏ ယခင်စံချိန်များကို ကျော်ဖြတ်နိုင်ရုံသာမက ပါရမီရှင်စာရင်း၏ ပထမနှင့် ဒုတိယ နေရာများကိုပါ သိမ်းပိုက်နိုင်ခဲ့ခြင်း ဖြစ်၏။ အရေးကြီးဆုံးမှာ ထိပ်သီး (၁၀) ဦးတွင် လင်းမိသားစုမှ ပါရမီရှင် သုံးဦးအထိ ပါဝင်နေခြင်းပင်။

နတ်ဆိုးနတ်ဘုရားပြည်နယ်ရှိ နတ်ဆိုးမျိုးနွယ်စုအားလုံး ပေါင်းမှပင် ထိပ်သီး (၁၀) နေရာတွင် လေးနေရာသာ ရရှိခဲ့သော်လည်း သူတို့၏ လင်းမိသားစု တစ်ခုတည်းကတင် သုံးနေရာကို သိမ်းပိုက်နိုင်ခဲ့ခြင်း ဖြစ်သည်။

ထိုစဉ်...

“ဝုန်း... ဝုန်း... ဝုန်း!”

မိုးကုတ်စက်ဝိုင်းဆီမှ အဆုံးမဲ့တုန်ခါသံများ ထွက်ပေါ်လာပြီး ဧကရာဇ်အရှိန်အဝါများ ဖြာထွက်နေသည့် သတ္တုအရည်ထုတစ်ခုသည် ကောင်းကင်၏အနက်ရှိုင်းဆုံးဆီမှ ပျံသန်းထွက်ပေါ်လာတော့သည်။

တာအိုပြည်နယ်သုံးထောင်ရှိ ရေတွက်မရနိုင်သော ကျွမ်းကျင်သူများနှင့် ပါရမီရှင်များ၏ အကြည့်အောက်တွင် ဧကရာဇ်အရှိန်အဝါများ ကိန်းအောင်းနေသည့် ထိုသတ္တုအရည်ထုကြီးသည် ကောင်းကင်တွင် တစ်ပတ်ဝဲပျံပြီးနောက် ရှေးဟောင်းဖုန်းဆိုး လင်းမိသားစု၏ နယ်မြေဆီသို့ ကျဆင်းသွားတော့သည်။

ဧကရာဇ်လက်နက် သန္ဓေသားလောင်း...။

၎င်းသည် အချိန်အတန်ကြာ ပြုစုပျိုးထောင်ပေးရုံဖြင့် စစ်မှန်သော ဧကရာဇ်လက်နက်တစ်ခုအဖြစ် ပြောင်းလဲသွားနိုင်သည့် အရာဖြစ်သည်။ ထို့ပြင် ဤသန္ဓေသားလောင်းကို ပိုင်ရှင်ဖြစ်သူ၏ ဆန္ဒအတိုင်း မည်သည့်ပုံသဏ္ဌာန်မဆို ပုံဖော်နိုင်ပြီး နောက်ဆုံးတွင် မိမိနှင့် အသင့်တော်ဆုံးသော ဧကရာဇ်လက်နက်အဖြစ် ဆင့်ကဲပြောင်းလဲစေနိုင်၏။

ဤကဲ့သို့သော ရတနာမျိုးသည် မည်သည့် ရှေးဟောင်းမျိုးနွယ်စု သို့မဟုတ် အင်အားကြီးမိသားစုကိုမဆို မက်မောတွန့်တိုစေရန် လုံလောက်လှပေသည်။ သို့သော်လည်း မည်သည့်ကျွမ်းကျင်သူမှ ဝင်ရောက်လုယူခြင်း မပြုခဲ့ကြချေ။ အကြောင်းမှာ ၎င်းသည် ကောင်းကင်တာအိုမှ ပေးသနားသော လက်ဆောင်ဖြစ်ပြီး ကောင်းကင်တာအို၏ စွမ်းအားဖြင့် ကာကွယ်ထားသောကြောင့် လုယူရန်မှာ အခြေခံအားဖြင့် ခက်ခဲသောကြောင့်ပင်။

အရေးကြီးဆုံးအချက်မှာ တစ်စုံတစ်ယောက်က နည်းလမ်းအသွယ်သွယ်ဖြင့် ကောင်းကင်တာအို၏ စွမ်းအားကို ကျော်ဖြတ်ကာ ဧကရာဇ်လက်နက် သန္ဓေသားလောင်းကို အောင်မြင်စွာ ကြားဖြတ်လုယူနိုင်ခဲ့လျှင်ပင် ရှေးဟောင်းဖုန်းဆိုး လင်းမိသားစုမှာ အလွယ်တကူ အနိုင်ကျင့်၍ရသော အင်အားစုမဟုတ်ပေ။

ကျွမ်းကျင်သူအားလုံးသည် ထိုဧကရာဇ်လက်နက် သန္ဓေသားလောင်းကို လင်းမိသားစု၏ ပါရမီရှင် လင်းရှန်ဟဲက ရရှိတော့မည်ဟု ထင်မှတ်နေစဉ်မှာပင် နေမင်းကိုပင် ဖုံးကွယ်စေနိုင်လောက်သော လက်ဝါးကြီးတစ်ဖက် ကောင်းကင်တွင် ပေါ်ထွက်လာခဲ့သည်။

ထိုလက်ဝါးကြီးသည် ဧကရာဇ်အရှိန်အဝါ လှိုင်းတံပိုးများဖြင့် ပြည့်နှက်နေပြီး မဟာဧကရာဇ်တစ်ပါး ကြွရောက်လာသယောင်ပင် ထင်မှတ်ရ၏။ သို့သော် သေချာစွာ အကဲခတ်ကြည့်လျှင် ထိုဧကရာဇ်အရှိန်အဝါမှာ အစွမ်းထက်သော်လည်း စစ်မှန်သော သန့်စင်မှု မရှိသည်ကို တွေ့ရပေလိမ့်မည်။

၎င်းမှာ စစ်မှန်သော ဧကရာဇ်အရှိန်အဝါ မဟုတ်ဘဲ ကွာစီဧကရာဇ်၏ စွမ်းအားသာ ဖြစ်သည်။

သို့သော် ထိုလက်ဝါးကြီး ဝှေ့ယမ်းလိုက်သည့်အခါ တစ်နည်းနည်းဖြင့် ကောင်းကင်တာအို၏ ကာကွယ်မှုကို ကျော်ဖြတ်သွားပြီး ဧကရာဇ်လက်နက် သန္ဓေသားလောင်းကို ဆုပ်ကိုင်ရန် လက်တစ်ကမ်းအလိုသို့ ရောက်ရှိသွားခဲ့သည်။

ထိုမြင်ကွင်းကို မြင်လိုက်ရသည့်အခါ ရေတွက်မရနိုင်သော ကျွမ်းကျင်သူများမှာ တုန်လှုပ်ခြောက်ခြားသွားကြတော့လေသည်။

“ကွာစီဧကရာဇ် အဆင့်ရှိတဲ့ ပုဂ္ဂိုလ်ကြီးတစ်ယောက်က လက်ဦးမှုယူလိုက်ပြီ။”

“သူတို့က ဒီတန်ဖိုးကြီးတဲ့ ဧကရာဇ်လက်နက် သန္ဓေသားလောင်းကို ကြားဖြတ်လုဖို့ ကြိုးစားနေတာပဲ။”

“ဒီလူက ဘယ်သူလဲ။ ဘယ်လိုတောင် သတ္တိရှိရတာလဲ။”

ရင်ပြင်ပေါ်တွင်မူ...

လင်းဟောက်ရန်နှင့် မိသားစုအကြီးအကဲများမှာ ဒေါသအမျက်ချောင်းချောင်း ထွက်နေကြပြီး သူတို့၏ ထိတ်လန့်ဖွယ်အရှိန်အဝါများကြောင့် ကောင်းကင်နှင့် မြေကြီးမှာပင် အရောင်ပြောင်းသွားခဲ့လေသည်။ သူတို့သည် ရှေးဟောင်းဖုန်းဆိုး လင်းမျိုးနွယ်စု၏ ရတနာကို ကြားဖြတ်လုယူရန် တကယ်ပင် ဝံ့ရဲနေကြသည်လော။

ဒါက... တကယ်ကို သေတွင်းထဲ ခြေစုံပစ်ဝင်လိုက်တာပဲ။

ကွာစီဧကရာဇ် အဆင့်လေးနဲ့ ဒီလောက်အထိ ရဲတင်းတဲ့ အတွေးမျိုး ရှိနေရသလား။

လင်းဟောက်ရန်၏ ကိုယ်ပေါ်တွင်လည်း မှိန်ဖျော့ဖျော့ ဧကရာဇ်အရှိန်အဝါများ ပေါ်ထွက်လာခဲ့သည်။ သူသည် ကွာစီဧကရာဇ်အဆင့် အောက်ရှိ နံပါတ်တစ်ပုဂ္ဂိုလ် ဖြစ်သော်လည်း သူ၏စွမ်းအားမှာ ကွာစီဧကရာဇ်တစ်ပါးကိုပင် သတ်ဖြတ်နိုင်စွမ်းရှိသည်ကို လောကကြီးက မသိရှိကြသေးပေ။

သို့သော် သူတို့ တစ်စုံတစ်ရာ မလုပ်ဆောင်မီမှာပင် ရှေးဟောင်းဖုန်းဆိုး လင်းမိသားစု၏ အနက်ရှိုင်းဆုံးဆီမှ ကောင်းကင်ဘုံ၏ အမိန့်တော်ကဲ့သို့သော ဟိန်းဟောက်သံကြီးတစ်ခု ထွက်ပေါ်လာတော့သည်။

“ခွေးသူခိုး...မင်းက ဘယ်လိုတောင် ရဲတင်းနေတာလဲ။”

ထိုအသံမှာ ကောင်းကင်ဘုံ၏ အမိန့်တော်ကဲ့သို့ပင် ဖြစ်ပြီး မမြင်ရသော လှိုင်းတံပိုးများ ထွက်ပေါ်လာကာ နေမင်းကိုပင် ဖုံးကွယ်ထားသော ထိုလက်ဝါးကြီးရှိရာ ပတ်ဝန်းကျင်ရှိ အရာအားလုံးကို ရပ်တန့်သွားစေခဲ့သည်။

လက်ဝါးကြီးသည် ဧကရာဇ်လက်နက် သန္ဓေသားလောင်းနှင့် ဆံခြည်တစ်မျှင်စာမျှသာ ကွာဝေးတော့သော်လည်း ထိုကွာဟချက်မှာ ကျော်ဖြတ်၍မရသော ချောက်ကမ္ဘာကြီးကဲ့သို့ ဖြစ်သွားခဲ့လေသည်။

တစ်ချိန်တည်းမှာပင် လက်ဝါးကြီးထက် ပိုမိုအစွမ်းထက်သော ကွာစီဧကရာဇ် အရှိန်အဝါတစ်ခုသည် လင်းမိသားစု၏ အနက်ရှိုင်းဆုံးနေရာမှ ပေါ်ထွက်လာခဲ့၏။ ဤအရှိန်အဝါကို ခံစားလိုက်ရသည့်အခါမှ လင်းဟောက်ရန်နှင့် မိသားစုအကြီးအကဲများ စိတ်အေးသွားကြတော့သည်။

သူတို့ လင်းမိသားစု၏ ကွာစီဧကရာဇ် ဘိုးဘေးကြီးတစ်ပါး... နိုးထလာခဲ့ချေပြီ။

All Chapters