မိစ္ဆာသားရဲကို မောင်းထုတ်ခြင်း
Vol. 65 Ch. 686
အဝေးတစ်နေရာတွင် ကြီးမားလှသော ပုံရိပ်ကြီးတစ်ခုက ရူးသွပ်စွာ ဟိန်းဟောက်ရင်း ပြေးဝင်လာနေပြီး လမ်းတစ်လျှောက်ရှိ ကောင်းကင်ထိအောင် မြင့်မားလှသော သစ်ပင်ကြီးများကို အမှုန့်ကြိတ်လာခဲ့သည်။
၎င်းမှာ လင်းယွင်တောင်တန်း၏ သီးသန့် အစွမ်းထက် မိစ္ဆာသားရဲတစ်ကောင် ဖြစ်ပြီး ခွန်အားမှာ အလွန်အစွမ်းထက် သော တာအိုအရှင်များထက်ပင် မနိမ့်ပေ။
ဤနေရာတွင် သဘာဝစွမ်းအားများ အလွန်သိပ်သည်းလှသဖြင့် ဤကဲ့သို့သော မိစ္ဆာသားရဲများစွာကို မွေးထုတ်ပေးထားခြင်း ဖြစ်သည်။ အချို့မှာ တောင်ကုန်းတစ်ခုကို တစ်ကောင်တည်း စိုးမိုးထားကြပြီး အချို့မှာလည်း စုဖွဲ့နေထိုင်ကာ အချင်းချင်း ငြိမ်းချမ်းစွာ နေထိုင်တတ်ကြသည်။ ဤအခြေအနေမှာ ပြင်ပကမ္ဘာနှင့် လုံးဝ ကွဲပြားခြားနားလှသည်။
ယခုအခါ ထိုသားရဲကြီးမှာ ထန်ထျန်းတို့ရှိရာဘက်သို့ ဦးတည်ပြေးလာနေခြင်း ဖြစ်သည်။ ၎င်း၏ ရှေ့တွင်တော့ မနေ့ညကမှ တွေ့ခဲ့ရသည့် နတ်မိမယ် ရဲ့မင် ရှိနေသည်။
သူမက တစ်ကိုယ်တည်း ဖြစ်နေပြီး သူမ၏ ဘေးနားတွင် ထျန်းလဲ့ခန်းမမှ အခြားသူများကို မတွေ့ရပေ။
မိစ္ဆာသားရဲ၏ လိုက်လံသတ်ဖြတ်မှုအောက်တွင် သူမမှာ အသည်းအသန် ထွက်ပြေးနေရသော်လည်း အရှိန်မှာ သိပ်မမြန်လှဘဲ ခဏခဏဆိုသလို သားရဲ၏ တိုက်ခိုက်မှုကို ခံနေရသည်။
သို့သော် သူမ၏ ပတ်ဝန်းကျင်တွင် စိမ်းနုရောင် အလင်းတန်းတစ်ခု ရစ်သိုင်းနေပြီး သားရဲ၏ တိုက်ခိုက်မှု အများစုကို တားဆီးပေးထားသည်။
သေသေချာချာ ကြည့်လိုက်ပါက ထိုအလင်းတန်းမှာ သူမ လက် ထဲရှိ ကုချင်းထံမှ ထွက်ပေါ်နေခြင်း ဖြစ်ကြောင်း တွေ့ရလိမ့်မည်။
ထန်ထျန်းက မျက်လုံးကို အနည်းငယ် ကျဉ်း လိုက်သည်။ ဤကုချင်းမှာ အမှန်ပင် မဆိုးလှသော ရတနာတစ်ခုပင် ဖြစ်သည်။
သို့သော် နတ်မိမယ် ရဲ့မင်မှာ "ခွန်အားမရှိ" သောကြောင့် ဖြစ်နိုင်သည်၊ ကုချင်း၏ အကာအကွယ် ရှိနေသော်လည်း သူမမှာ အတော်အတန် ပြင်းထန်သော တိုက်ခိုက်မှုကို ခံထားရပုံရသည်။ မျက်နှာမှာ ဖြူဖျော့နေပြီး နှုတ်ခမ်းထောင့်တွင်လည်း သွေးစအချို့ ရှိနေသည်။ ထိုသနားစဖွယ် ပုံစံလေးမှာ မည်သူမဆို မြင်လျှင် ကြင်နာချင်စဖွယ် ကောင်းလှပေသည်။
လူတစ်ယောက်နှင့် သားရဲတစ်ကောင်၊ တစ်ဦးက လိုက်၍ တစ်ဦးက ပြေးရင်း ထန်ထျန်းတို့ ရှိရာအနီးသို့ မကြာမီ ရောက်ရှိလာသည်။
ထို့နောက် နတ်မိမယ် ရဲ့မင်မှာ အလွန် "တိုက်ဆိုင်စွာ" ပင် လူအုပ်ထဲမှ ထန်ထျန်းကို မြင်သွားသည်။
ချက်ချင်းပင် သူမက ကောက်ရိုးတစ်မျှင်ကို ဆွဲမိလိုက်သကဲ့သို့ အလောတကြီး အော်လိုက်သည်။ "သခင်လေး ထန်"
"ကျွန်မကို ကယ်ပါဦး"
ပြောပြီးသည်နှင့် သူမက ထန်ထျန်းတို့ ရှိရာဘက်သို့ တိုက်ရိုက် ပျံသန်းလာတော့သည်။
ဤအခြေအနေကို မြင်သောအခါ မော့ချိုးဖန်က မျက်ခုံးကို အနည်းငယ် ပင့်လိုက်ပြီး ထန်ထျန်းကို မေးသည်။ "နင်တို့ သိကြတာလား"
ထန်ထျန်း ပြန်မဖြေခင်မှာပင် ဘေးမှ အကြီးအကဲ ဝူက ဝင်ပြောလိုက်သည်။ "ဟုတ်ပါတယ် စီနီယာမော့"
"သူမက ထျန်းလဲ့ခန်းမက နတ်မိမယ် ရဲ့မင် ပါ၊ ကျွန်တော်တို့ မနေ့ညကမှ တွေ့ခဲ့ကြတာ"
"သူမက ဂီတ ပညာမှာ အဆင့် အလွန်မြင့်မားပြီး ထျန်းလဲ့ခန်းမကနေ ကျွန်တော်တို့ကို ထူးဆန်းတဲ့ စွမ်းအားတွေကို ခုခံနိုင်တဲ့ ဝိညာဉ်သန့်စင်တေးသံ တီးခတ်ပေးဖို့ တာဝန်ယူထားတဲ့သူပါ"
"ဒါပေမဲ့... သူမလည်း ဒီနေရာကို ရောက်နေလိမ့်မယ်လို့ ကျွန်တော် မထင်ထားဘူး"
မော့ချိုးဖန်က နားထောင်ပြီးနောက် သူမ၏ မျက်လုံးထဲတွင် တစ်ခုခုကို စဉ်းစားနေသည့် အရိပ်အယောင်များ ပေါ်လာသည်။
"ထျန်းလဲ့ခန်းမလား"
"စိတ်ဝင်စားဖို့ ကောင်းသားပဲ"
ထို့နောက် သူမက ထန်ထျန်းကို ထပ်မေးသည်။ "နင်နဲ့ သူမနဲ့က အတော်လေး ရင်းနှီးတာလား"
ထန်ထျန်းက ပုခုံးတွန့်ပြလိုက်ပြီး ပြော၏။ "ပုံမှန် ပါပဲ"
အကြီးအကဲ ဝူက ဆက်လက်၍ အားတက်သရော ဖြေပြန်သည်။ "ကျွန်တော်တို့ ခရမ်းရွှေသေတ္တာ ကို နိုင်တဲ့နေ့က ထန်ထျန်းနဲ့ နတ်မိမယ် ရဲ့မင်တို့ အနောက်ခန်းထဲမှာ နှစ်ယောက်တည်း အတော်ကြာအောင် ရှိနေခဲ့ကြတာပါ"
ထန်ထျန်း : ...
ဒီလူက ဘယ်လိုလုပ်ပြီး ဝူကျိတာအိုအရှင် အဆင့်အထိ ကျင့်ကြံနိုင်ခဲ့တာလဲ၊ ဦးနှောက်မရှိသလိုပဲ။
ကျင့်ကြံတဲ့ အချိန်ကစပြီး တစ်ချိန်လုံး အခန်းထဲမှာပဲ အောင်းနေပြီး ပြင်ပလောကနဲ့ မထိတွေ့ခဲ့တာလား။
တကယ့်ကိုပဲ... ရိုးအလွန်းလို့ အတုံးလိုက် အတစ်လိုက်ပဲ၊ ဘာစကားမဆို အကုန်အပြင်ထုတ်ပြောနေတော့တာပဲ။
အကြီးအကဲ ဝူ၏ ပြောစကားကို ကြားသောအခါ မော့ချိုးဖန်က ရှားရှားပါးပါး ပြုံးလိုက်သည်။
ထို့နောက် သူမက ပြောသည်။ "ဒီလိုဆိုရင်တော့ ငါ သူမကို မသတ်တော့ဘူး"
"နင်တို့ ချစ်သူနှစ်ဦး ကို မခွဲချင် လို့ပါ"
စကားပြောနေစဉ်မှာပင် နတ်မိမယ် ရဲ့မင်နှင့် မိစ္ဆာသားရဲကြီးမှာ သူတို့နှင့် အလွန်နီးကပ်လာပြီ ဖြစ်သည်။
သားရဲကြီး၏ သွေးအိုင်ကဲ့သို့ ကြီးမားသော ပါးစပ်မှ ထွက်လာသည့် အပုပ်နံ့ကိုပင် လူတိုင်း ရနေကြပြီ ဖြစ်သည်။
သို့သော် လူတိုင်းမှာ သိပ်မထိတ်လန့်ကြပေ။ အထွတ်အထိပ် တာအိုအရှင်အဆင့်ရှိသော မော့ချိုးဖန်အတွက် ဤသားရဲမှာ အန္တရာယ်ကြီးကြီးမားမား မရှိပေ။
အမှန်တကယ်လည်း ထိုသို့ပင် ဖြစ်သည်။ နှစ်ဖက်အကွာအဝေး အလုံအလောက် နီးကပ်သွားပြီးနောက် မော့ချိုးဖန်က သူမ၏ ဓားကောက်ကို ဆွဲထုတ်လိုက်သည်။
ထို့နောက် ရှေ့သို့ ပြင်းထန်စွာ ပိုင်းချလိုက်သည်။
ချက်ချင်းပင် ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားတစ်ခုက မိစ္ဆာသားရဲ၏ ဦးခေါင်းပေါ်သို့ ကျရောက်သွားသည်။
ထိုစွမ်းအားမှာ အလွန်ပင် ထိတ်လန့်စရာ ကောင်းလှပြီး သက်ရှိတို့ ရောက်ရှိနိုင်သည့် အမြင့်ဆုံး အခြေအနေသို့ ရောက်နေပြီ ဖြစ်သည်။
ဧရာမ မိစ္ဆာသားရဲကြီးမှာလည်း ဤအချက်ကို သတိထားမိသွားပြီး ဟိန်းဟောက်ကာ ကြီးမားလှသော လက်သည်းကြီးကို ဝှေ့ယမ်းပြီး မော့ချိုးဖန်၏ တိုက်ခိုက်မှုကို ခုခံလိုက်သည်။
"ဘုန်း"
ကြောက်မက်ဖွယ် ပေါက်ကွဲသံကြီး ချက်ချင်း ထွက်ပေါ်လာသည်။
မိစ္ဆာသားရဲမှာ ကြောက်စရာ ကောင်းသော်လည်း အထွတ်အထိပ် တာအိုအရှင်ကိုတော့ မယှဉ်နိုင်ပေ။ ချက်ချင်းပင် နောက်သို့ အဆက်မပြတ် ဆုတ်သွားရပြီး ၎င်း၏ လက်သည်းပေါ်တွင် ကြီးမားလှသော ဒဏ်ရာကြီးတစ်ခု ပေါ်လာသည်။
ထိုဒဏ်ရာမှာ ၎င်း၏ လက်တစ်ပြင်လုံးကို ပြတ်လုနီးပါး ဖြစ်သွားစေပြီး အစိမ်းရောင် သွေးများ ပန်းထွက်လာတော့သည်။
ချက်ချင်းပင် ၎င်းက နတ်မိမယ် ရဲ့မင်ကို လိုက်လံသတ်ဖြတ်နေသည့် ခြေလှမ်းများကို ရပ်တန့်လိုက်ရသည်။
သို့သော် အကဲခတ်ကောင်းသော ထန်ထျန်းကတော့ အရှင်းသား မြင်နေရသည်။ နတ်မိမယ် ရဲ့မင်ကို ကယ်တင်မည်ဟု ပြောခဲ့သော မော့ချိုးဖန်၏ ခုနက တိုက်ခိုက်မှုမှာ တကယ်တော့ သူမကို လုံးဝ ထည့်မတွက်ခဲ့ပေ။
လူရော သားရဲရော နှစ်ယောက်လုံးကို တစ်ခါတည်း သတ်ရန် ရည်ရွယ်ခဲ့ခြင်း ဖြစ်သည်။
ကုချင်း၏ အကာအကွယ် ရှိနေ၍သာ နတ်မိမယ် ရဲ့မင်မှာ ဤဘေးမှ လွတ်ကင်းသွားခဲ့ခြင်း ဖြစ်သည်။
"စိတ်ဝင်စားဖို့ ကောင်းသားပဲ"
မော့ချိုးဖန်၏ မျက်လုံးထဲတွင် ထူးဆန်းသော အရိပ်အယောင်တစ်ခု ပေါ်လာသော်လည်း သူမ ထပ်မံ တိုက်ခိုက်ခြင်း မပြုတော့ပေ။
မိစ္ဆာသားရဲမှာ တစ်ချက်တည်းနှင့် ဒဏ်ရာရသွားသဖြင့် နာကျင်မှုကြောင့် ဒေါသတကြီး ကောင်းကင်ယံသို့ ကြည့်ကာ ဟိန်းဟောက်နေသည်။
ကံကောင်းသည်မှာ ၎င်းမှာ အသိဉာဏ် အနည်းငယ် ရှိနေသေးသဖြင့် ဇွတ်တိုးမလာတော့ဘဲ အော်ဟစ်ပြီးနောက် ထွက်ပြေးသွားတော့သည်။
နတ်မိမယ် ရဲ့မင်ကတော့ နှုတ်ခမ်းထောင့်မှ သွေးများ ယိုစီးကျနေရင်း ထန်ထျန်း၏ ဘေးနားသို့ ယိုင်တိုင်တိုင်ဖြင့် ပျံသန်းလာခဲ့သည်။
မြေပြင်ပေါ် ဆင်းလိုက်ချိန်တွင် ဟန်ချက်ပျက်သွားပြီး ထန်ထျန်း၏ ရင်ခွင်ထဲသို့ လဲကျလုနီးပါး ဖြစ်သွားသည်။
မျက်စိလျင်သော အကြီးအကဲ ဝူက အမြန်ဆုံး ရှေ့သို့ တိုးလာပြီး လဲကျတော့မည့် သူမ၏ ကိုယ်လုံးလေးကို ဖမ်းထိန်းလိုက်သည်။
ထန်ထျန်းမှာ ရယ်ချင်စိတ်ကို အောင့်ထားရပြီး ဤလူကို ဘယ်လို မှတ်ချက်ပေးရမှန်း မသိတော့ပေ။
"နတ်မိမယ် ရဲ့မင်... အဆင်ပြေရဲ့လား"
အကြီးအကဲ ဝူက စိုးရိမ်တကြီး မေးလိုက်သည်။
နတ်မိမယ် ရဲ့မင်မှာ မျက်နှာ ဖြူဖျော့နေပြီး အကြီးအကဲ ဝူ၏ အကူအညီဖြင့် မတ်တပ်ရပ်နိုင်သွားသည်။
ထို့နောက် သူမက ကျေးဇူးတင်စွာ ပြောသည်။ "ရဲ့မင်ကို ကူညီပေးတဲ့အတွက် စီနီယာ့ကို ကျေးဇူးအများကြီး တင်ပါတယ်"
ဆက်လက်၍ သူမက ထန်ထျန်းကို ကြည့်ကာ ပြောသည်။ "သခင်လေး ထန်... ကျေးဇူးတင်ပါတယ်"
ထန်ထျန်းက လက်နှစ်ဖက်ကို ဖြန့်ပြလိုက်ပြီး ပြော၏ "ငါ့ကို ကျေးဇူးတင်နေဖို့ မလိုပါဘူး၊ ငါ ဘာမှ မလုပ်ရသေးဘူး"
"မင်းကို ကယ်တာ သူပဲ"
သူက နောက်မှ မော့ချိုးဖန်ကို ညွှန်ပြလိုက်သည်။
အကြီးအကဲ ဝူက အချိန်ကိုက်ပင် မိတ်ဆက်ပေးသည်။ "ဟုတ်ပါတယ်၊ ဒါက စီနီယာမော့ ပါ"
"သူမက နတ်မိမယ်ကို ကယ်တာတင် မကဘူး၊ ကျွန်တော်တို့ကိုလည်း ကယ်ခဲ့တာပါ"
"စီနီယာမော့ ရှိလို့သာ ကျွန်တော်တို့ အသက်ရှင်နေရတာ"
ထိုအခါမှ နတ်မိမယ် ရဲ့မင်က မော့ချိုးဖန်ကို ကြည့်ကာ ဦးညွှတ်ကျေးဇူးတင်လိုက်သည်။ "ကယ်တင်ပေးတဲ့အတွက် စီနီယာမော့ကို ကျေးဇူးအထူး တင်ပါတယ်"
"ဒီအသက်ကျေးဇူးကို ဘယ်လိုဆပ်ရမှန်းတောင် မသိပါဘူး၊ အခွင့်အရေးရရင် စီနီယာ့ကို သေချာပေါက် ကျေးဇူးပြန်ဆပ်ပါ့မယ်"
သူမက အလေးအနက် ပြောနေခြင်း ဖြစ်သည်။
တကယ် ကျေးဇူးဆပ်မှာလား၊ ဒါမှမဟုတ် ဟန်ဆောင် "ကျေးဇူးဆပ်" မှာလား ဆိုတာတော့ မသိနိုင်ပေ။
ဘာပဲဖြစ်ဖြစ် ကျိကျွင်းအဆင့်ရှိသော နတ်မိမယ် ရဲ့မင်အနေဖြင့် မော့ချိုးဖန်၏ ခုနက တိုက်ခိုက်မှုမှာ သူမကို လုံးဝ ထည့်မတွက်ခဲ့သည်ကို မသိဘဲ မနေပေ။
သို့သော် မော့ချိုးဖန်ကတော့ ဤအချက်ကို မသိပေ။
"လင်းယွင်တောင်တန်းကနေ အသက်ရှင်လျက် ထွက်သွားနိုင်မှ ပြောပါ"
မော့ချိုးဖန်က အေးစက်စွာ ပြောသည်။ "ငါ ထျန်းလဲ့ခန်းမကို သိတယ်၊ နင်တို့တွေ လင်းယွင်တောင်တန်းကို တစ်ခါမှ မလာဖူးဘူး ထင်တယ်"
"ဒီတစ်ခေါက် ဘယ်လိုဖြစ်ပြီး ဝင်လာတာလဲ"
နတ်မိမယ် ရဲ့မင်က ခေါင်းကို အနည်းငယ် ခါယမ်းလိုက်ပြီး "ကျွန်မလည်း မသိပါဘူး၊ အထက်လူကြီးတွေက ကျွန်မကို ခေါ်လာတာပါ၊ သူတို့က ကျွန်မကို ဝိညာဉ်သန့်စင်တေးသံနဲ့ ထူးဆန်းတဲ့ စွမ်းအားတွေကို သန့်စင်ပေးဖို့ ခိုင်းပါတယ်"
"ဒါပေမဲ့ ကျွန်မတို့ တားမြစ်နယ်မြေ အစပ်ကို ရောက်တာနဲ့ ထူးဆန်းတဲ့ မုန်တိုင်းတစ်ခုနဲ့ တိုးခဲ့တယ်၊ မျက်စိတစ်မှိတ်အတွင်းမှာပဲ သူတို့နဲ့ လူကွဲသွားခဲ့တာ"
"မုန်တိုင်းပြီးသွားတော့ ကျွန်မက ဒီလို စိမ်းသက်တဲ့ နေရာကို တစ်ကိုယ်တည်း ရောက်နေခဲ့တယ်၊ သိပ်မကြာခင်မှာပဲ ခုနက အစွမ်းထက်တဲ့ မိစ္ဆာသားရဲနဲ့ တိုးတော့တာပါပဲ"
"စီနီယာသာ မရှိရင် ကျွန်မ ဒီမှာတင် အသက်ပျောက်နေလောက်ပါပြီ"
"နောက်တစ်ကြိမ် ထပ်ပြီး ကျေးဇူးတင်ပါတယ် စီနီယာ"
မော့ချိုးဖန်က တဟားဟား ရယ်မောလိုက်ပြီး သူမ လက်ထဲမှ ကုချင်းကို ကြည့်လိုက်သည်။
"ဒါလည်း မသေချာပါဘူး"
"နင့်ရဲ့ ဒီကုချင်းက... သာမန်တော့ မဟုတ်ဘူးပဲ"