ကျန်းချန်းရှန်၏လမ်းစဉ်
Vol. 32 Ch. 330
ဟုန်ဖူတည်းခိုခန်း အပေါ်ထပ်တွင် လူကြီးတစ်ယောက် ကျန်းချန်းရှန်၏ အမူအရာများကို သေချာစောင့်ကြည့်နေခဲ့၏။
ဘာမှထူးဆန်းတာမမြင်သောအခါမှ နောက်ဆုံးတွင် သူစိတ်အေးသွားခဲ့သည်။
ထိုသူသည် ချီကျန်းဖြစ်ပြီး လန်ကျားအထွတ်အမြတ်မြေ၏ ကိုယ်စားလှယ် ဖြစ်၏။
ထိုစဉ်က လန်ကျားအထွတ်အမြတ်မြေသည် အဇူရာတိမ်ဂိုဏ်းဆီ ပါရမီရှင်များစွာ ပို့ခဲ့ပြီး ကျန်းချန်းရှန်ကထိုသူများထဲမှ တစ်ယောက် ဖြစ်သည်။
သို့သော် ဂိုဏ်းထဲရောက်ပြီးနောက် သူတို့အားလုံးတိတ်ဆိတ်သွားခဲ့ပြီး ဘယ်သူမှ ကျန်းချန်းရှန်တို့နှင့် လာမဆက်သွယ်ကြတော့ပေ။
ချူကျန်း အဇူရာတိမ်မြို့ထဲတွင်ရောက်ရှိနေတာကြာပြီဖြစ်ပြီး ကျန်းချန်းရှန်နှင့် ဆက်သွယ်ဖို့ အချိန်ကောင်းကို စောင့်ဆိုင်းနေခဲ့ခြင်း ဖြစ်၏။ နောက်ဆုံးတွင်တော့ သူအောင်မြင်စွာ ဆက်သွယ်နိုင်ခဲ့ချေပြီ။
သူစိတ်လှုပ်ရှားနေခဲ့သည်။
အကယ်၍ ကျန်းချန်းရှန်သာမှော်လက်နက်တစ်ခု ပြန်ယူလာနိုင်ခဲ့ပါက ထိုအရာက သူတို့အတွက် အောင်မြင်မှုကြီးတစ်ခု ဖြစ်လာပေလိမ့်မည်။
ကျန်းချန်းရှန်က သူ့ကိုသစ္စာဖောက်လိမ့်မည်လို့တော့ သူတစ်ခါမှ မေတွးခဲ့ဖူးပေ။ အဘယ်ကြောင့်ဆိုသော် ကျန်းချန်းရှန်သူနှင့်သိခဲ့သည်မှာ ၁၀နှစ်ကျော်ကြာသွားပြီဖြစ်ပြီး အဇူရာတိမ်ဂိုဏ်းထဲရောက်ခဲ့သည်က နှစ်အနည်းငယ်သာ ကြာသေးသောကြောင့် ဖြစ်၏။
ကျန်းချန်းရှန်၏ အပြုအမူများက ဘာမှသံသယ၀င်စရာမရှိခဲ့ပေ။ သူသည် သာမန်အတိုင်းပင် မိုးပြာလကုန်သွယ်သမဂ္ဂထဲတွင် လိုအပ်သည်များ၀ယ်ပြီး မြို့ထဲ ခဏလျှောက်ကြည့်ပြီးနောက် ဂိုဏ်းဆီ ပြန်သွားခဲ့သည်။
သို့သော် သူပြန်ရောက်သည်နှင့် ချက်ချင်းဆိုသလို ကျန်းယန်၏ ဗီလာဆီ သွားခဲ့ဧ။။်
“စီနီယာအစ်ကိုကြီး တစ်ခုခုဖြစ်ခဲ့တယ်”
“ဘာများလဲ” ကျန်းယန် မေးလိုက်သည်။
ကျန်းချန်းရှန် လေးလေးနက်နက်ပြောလိုက်၏။
“ကျွန်တော် အဇူရာတိမ်မြို့ထဲရောက်တုန်းက တစ်ယောက်ယောက်က ကျွန်တော့်ကို အသံလွှင့်ဆက်သွယ်ပြီးတော့ သေနတ်တစ်လက် ရအောင်ယူပေးဖို့ ခိုင်းခဲ့တယ်”
“အို့” ကျန်းယန် သူ့ကိုထိုင်ဖို့ လက်ဟန်ပြလိုက်ပြီး
“ပြီးတော့ရော”
“ကျွန်တော်ကတော့ အဲ့ဒီအသံပိုင်ရှင်က ချီကျန်းလို့ထင်တယ် ကျွန်တော့်ကို ဒီကုန်းမြေတိုက်ကြီးဆီ ခေါ်လာပေးခဲ့တဲ့သူပေါ့ ဒါပေမယ့် သူဘယ်မှာပုန်းနေလဲ ကျွန်တော်မသိဘူး” ကျန်းကျစ်ချိုး စိတ်ရှုပ်သွားခဲ့သည်။
“သူတို့ ကျွန်တော့်ကိုတောင်ဆက်သွယ်ရင် အခြားတပည့်တွေကိုလည်း ဆက်သွယ်မှာပဲ ကျွန်တော်တို့ တပည့်တွေအားလုံးကို ပြန်ခေါ်လိုက်သင့်လား”
ကျန်းယန်ပြုံးကာ ခေါင်းခါလိုက်ပြီး
“သေနတ်တွေအကြောင်းသိသွားမှတော့ လူတိုင်းက အဲ့တာတွေကို ရဖို့ကြိုးစားကြလိမ့်မယ် အဲ့ဒီကိစ္စကို ရှောင်လွှဲလို့ရမှာမဟုတ်ဘူး
ငါအဲ့ဒီကိစ္စကို တစ်သက်လုံးလျှို့ဝှက်ထားနိုင်ဖို့လည်း မျှော်လင့်မထားဘူး နောက်ဆုံးကျရင် ဂိုဏ်းကြီးတွေက ဒီကိစ္စကို ဖြေရှင်းနိုင်သွားကြမှာပဲ
ဒါပေမယ့် သူတို့အတွက် ဖြေရှင်းချိန်ကြာလေလေ ငါတို့အတွက် ကောင်းလေလေပဲ”
“ဒါဆို ကျွန်တော်တို့ ဘာလုပ်သင့်လဲ” ကျန်းကျစ်ချိုး မေးလိုက်၏။
“ကျွန်တော် ချီကျန်းနဲ့တွေ့ချင်ယောင်ဆောင်ပြီး သူ့ကိုဖမ်းလိုက်ရမလား”
ကျန်းယန်သူ့ကိုကြည့်ကာ မေးလိုက်သည်။
“မင်းဘယ်ကလာသလဲဆိုတာ မင်းသိလား”
ကျန်းကျစ်ချိုး ခါးသက်သက်ပြုံးကာ ခေါင်းညိတ်ပြလိုက်၏။
“ကျွန်တော့်မိသားစုက ပညာရှိမိသားစုတစ်ခုပါ စာပေနဲ့ နာမည်ကျော်တယ် အဲ့တာကြောင့် ကျွန်တော်က ငယ်ဘ၀ကတည်းက စာပေလေ့လာလိုက်စားခဲ့ပြီး ပါရမီကိုလည်း ထုတ်ပြနိုင်ခဲ့တယ်
ချီကျန်းကတော့ ကျွန်တော်တို့မိသားစုရဲ့ လေးစားခံပုဂ္ဂိုလ်တစ်ယောက်ပေါ့ ကျွန်တော့်အသက် ၁၂နှစ်ရောက်တဲ့အခါ ချီကျန်းက ကျွန်တော့်ကို ဂိုဏ်းတစ်ခုဆီ၀င်ခိုင်းဖို့ ကျွန်တော့်အဖေကို ခွင့်တောင်းခဲ့တယ်
ကျွန်တော့်အဖေကလည်း သဘောတူခဲ့ပြီးတဲ့ေနာက် ကျွန်တော်သူနဲ့လိုက်လာခဲ့ရင်း အဇူရာတိမ်ဂိုဏ်းဆီ ရောက်လာခဲ့တာ
ဂိုဏ်းထဲ၀င်ပြီးတဲ့နောက်တော့ ကျွန်တော်အိမ်ပြန်လမ်းကို လုံး၀ ရှာမတွေ့တော့ဘူး
အစကတော့ ကျွန်တော့်ကိုယ်ကျွန်တော် အဇူရာတိမ်ကုန်းမြေတိုက်ကြီးကလို့ပဲ ထင်နေခဲ့တာ တိမ်တောင်အင်ပါယာကိုရောက်တော့ ကျွန်တော့်မိသားစုလို မိသားစုမျိုးမတွေ့ခဲ့ရတုန်းကလည်း ကိုယ့်ကိုကိုယ်ယွင်ထန့်အင်ပါယာကလို့ ထင်မိပြန်တယ်
ရွှေအမြုတေအဆင့်ရောက်ပြီး လန်ကျားအထွတ်အမြတ်မြေရဲ့ နည်းလမ်းတွေအကြောင်း သိပြီးတဲ့အခါမှသာ ကျွန်တော့်ကိုယ်ကျွန်တော် လန်ကျားအထွတ်အမြတ်မြေကမှန်း သိခဲ့ရတာ
အခုချီကျန်းက ကျွန်တော့်ကို သေနတ်တစ်လက်ခိုးခိုင်းနေပြီဆိုတော့ ကျွန်တော့်ကို ဂိုဏ်းထဲပို့လိုက်တာက သူတို့အကြံအစည်ရဲ့ တစ်စိတ်တစ်ပိုင်းပဲ ဖြစ်ရမယ်”
“ဟားဟား” ကျန်းယန် ရယ်မောလိုက်ကာ ဝိညာဉ်အလံ တောင်ချိတ်စည်းနှင့်အမတအမွှေးတိုင်အိုး ကဲ့သို့သော မှော်ရတနာများကို ထုတ်ပြလိုက်၏။
“ဒါတွေက ဘာတွေလဲဆိုတာ မင်းသိလား”
“မှော်ရတနာတွေပါ” ကျန်းချန်းရှန် ပြန်ဖြေလိုက်သည်။
ကျန်းယန် ခေါင်းခါပြလိုက်၏။
“အတိအကျတော့မဟုတ်သေးဘူး ဒါတွေက စိတ်ဝိညာဉ်ရတနာတွေ ကျင့်ကြံခြင်းကမ္ဘာကြီးတစ်ခုလုံးထဲမှာမှ ထိပ်တန်းရတနာတွေ
ငါတို့ဂိုဏ်းက အတိတ်တုန်းက ကြီးကျယ်ခမ်းနားတဲ့ အတိတ်ကိုပိုင်ဆိုင်ခဲ့တော့ ငါတို့မှာ တုနှိုင်းမဲ့ ရတနာတွေ တုနှိုင်းမဲ့ မှော်နည်းစနစ်တွေရှိတယ်
အဲ့ဒီရတနာတွေက ငါတို့ရဲ့ ဘိုးဘွားတွေကငါတို့အတွက် ချန်ရစ်ခဲ့တဲ့ အရာတွေပဲ
ဂိုဏ်းကြီးကိုးဂိုဏ်းက အဲ့တာတွေကိုလိုချင်လို့ ငါတို့ကို ပစ်မှတ်ထားနေကြတာ
ဒါပေမယ့် ငါတို့က မိစ္ဆာတွေကိုဖိနှိပ်နေတော့ ငါတို့တွေကို ပေါ်ပေါ်ထင်ထင်တိုက်ခိုက်တာက တရားမျှတမှုကို ဆန့်ကျင်သလို ဖြစ်နေတယ် တစ်ချိန်တည်းမှာပဲ သူတို့က သူတို့ဂုဏ်သတင်းကို ဂရုစိုက်ကြတော့ အဲ့ဒီလိုမလုပ်ချင်ကြဘူး
အဲ့တာကြောင့် သူတို့ကလူကောင်းယောင်ဆောင်ပြီး ငါတို့ရဲ့ ရတနာတွေကို ခိုးဖို့ကြိုးစားနေကြတာ
အဲ့ဒီလိုလုပ်ရပ်က အလုပ်မဖြစ်တော့ သူတို့က အစီအစဉ်တွေချပြီး အကောက်ကြံဖို့ စီစဉ်ကြပြန်တယ်
ငါတို့ဂိုဏ်းရဲ့ ပါရမီရှငိ်တပည့်ေတွဖြစ်တဲ့ နန်းကုန်းချီယုနဲ့ကျန်းချွမ်းချူက ဂိုဏ်းရဲ့ ဝိညာဉ်အလံနဲ့ တောင်ချိတ်စည်းကိုယူပြီး ၀မ်လင်းဂိုဏ်းနဲ့ လန်ကျားအထွတ်အမြတ်မြေကို ၀င်သွားခဲ့ကြတယ် သူတို့ကို အဲ့ဒီဂိုဏ်းတွေက သွေးဆောင်ခဲ့ကြတာ နောက်တော့ ငါကဒီရတနာတွေကို သူတို့လက်ထဲက ပြန်ယူလာနိုင်ခဲ့တယ်
အဲ့ဒီလိုအောင်မြင်စွာ အကောက်ကြံနိုင်ခဲ့ပြီးတဲ့နောက်မှာ သူတို့က အဲ့ဒီနည်းလမ်းနဲ့ပဲ ငါတို့ရတနာတွေကို ခိုးဖို့ ဆက်ကြံလာကြတယ်
အဲ့တာကြောင့် မင်းတို့ကို ဒီကိုပို့လိုက်တာပဲ”
ကျန်းချန်းရှန်၏ အမူအရာချက်ချင်း ပြောင်းလဲသွားခဲ့သည်။
“အဲ့ဒီလိုကိုး…ကျွန်တော်တို့အားလုံးက ပါရမီရှိနေတာ အံ့ဩစရာမဟုတ်တော့ပါဘူး အခြားဂိုဏ်းတွေမှာလည်း ကျွန်တော့်လိုလူတွေ ရှိနေတာကိုး
စီနီယာအစ်ကိုကြီး ကျွန်တော်က ဘယ်တော့မှ နန်းကုန်းချီယုနဲ့ ကျန်းချမ်းချိုးလို ဖြစ်လာမှာမဟုတ်ဘူး”
သူကျန်းယန်ကို ခံစားချက်အပြည့်ဖြင့် ကြည့်လိုက်၏။
“ကျွန်တော့် နှလုံးသားထဲမှာ အစ်ကိုကြီးက ကျွန်တော့်ရှေ့ဆောင်လမ်းပြဖြစ်ဖို့ ထိုက်တန်တဲ့သူပါ ကျွန်တော်အစ်ကိုကြီးရဲ့ သင်ပြမှုတွေကို အများကြီးလေ့လာထားခဲ့တာ အစ်ကိုကြီးရဲ့ သင်ပြမှုတွေက ကျွန်တော့်လမ်းစဉ်ပါပဲ
ကျေးဇူးပြုပြီး ကျွန်တော့်ကို ယုံကြည်ပေးပါ အစ်ကိုကြီး ကျွန်တော်ဂိုဏ်းကို ဘယ်တော့မှ သစ္စာဖောက်မှာမဟုတ်ဘူး
ကျန်းယန် မှော်လက်နက်များကိုပြန်သိမ်းလိုက်ပြီး ပြုံးလိုက်သော်လည်း သူ့အပြုံးက အနည်းငယ်တော့ တောင့်တင်းေနခဲ့သည်။
ဘာငါ့ရဲ့သင်ကြားမှုတွေလဲဟ ငါကငွေရှာဖို့နဲ့ ကျင့်ကြံဖို့ပဲ သိတာပါကွာ!
ထို့နောက် သူ့ကိုယ်သူ အနည်းငယ်ပြန်ထိန်းလိုက်ပြီး
“ဒါပေါ့ ငါမင်းကိုယုံပါတယ်
ဒါပေမယ့် မင်းကဂိုဏ်းကိုယုံမှတော့ ဂိုဏ်းကလည်း မင်းအတွက် ပြန်ကြည့်ပေးရမယ်ကွ
မင်းမိသားစုကအခု လန်ကျားအထွတ်အမြတ်မြေမှာလေ မင်းသူတို့နဲ့ မပူးပေါင်းလို့ လန်ကျားအထွတ်အမြတ်မြေက မင်းမိသားစုကို အန္တရာယ်ပေးလိုက်ရင်ဘယ်လိုလုပ်မလဲ”
ကျန်းချန်းရှန် မျက်လုံးများနီရဲသွားပြီး သူ့အမူအရာလည်း ပြောင်းလဲသွားခဲ့၏။
ကျန်းယန် မတ်တပ်ထရပ်၍ သူ့ပုခုံးကိုပုတ်ပြီး ပြုံးလိုက်ကာ
“စိတ်မပူပါနဲ့ ငါရှိနေသေးသ၍ ဘာမှ မဖြစ်စေရဘူး
တကယ်လို့ သူတို့မင်းမိသားစုကိုထိရဲရင် ငါကိုယ်တိုင်မိစ္ဆာတွေနဲ့ လန်ကျားအထွတ်အမြတ်မြေဆီသွားပြီး မင်းမိသားစုကို အတင်းအကြပ်လွှတ်ပေးခိုင်းမယ်
ဒါပေါ့ အခုအခြေအနေကတော့ အဲ့လောက်လုပ်စရာမလိုသေးဘူး”
“စီနီယာအစ်ကိုကြီး ကျွန်တော်တို့ ဘာဆက်လုပ်သင့်လဲ” ကျန်းချန်းရှန် မေးလိုက်သည်။
ကျန်းယန် ရယ်မောလိုက်၏။
“၀တ်စုံပြာအဖွဲ့ကို ကောင်းကောင်းဦးဆောင်ပါ မင်းကိုမော့ကြည့်နေတဲ့သူတွေ အများကြီးရှိတယ်
သေနတ်တောင်းနေတဲ့ ချီလန်ကိုတော့ မနက်ဖြန်သူနဲ့တွေ့ပြီး သေနတ်ပြောင်းတစ်ခု ပေးလိုက်”
အဓိကအစိတ်အပိုင်းများမပါသော သေနတ်ပြောင်းသက်သက်က ဘာမှအသုံးမ၀င်ပေ။
လန်ကျားအထွတ်အမြတ်မြေကို အကျိုးအမြတ်အနည်းငယ်ပေးလိုက်ပြီး ထောင်ချောက်ထဲ ဆွဲခေါ်သွားခြင်းက အကောင်းဆုံးနည်းလမ်းသာ ဖြစ်၏။