သစ္စာဖောက်ရန် ပေးသောအမိန့်
Vol. 32 Ch. 331
ကျန်းချန်းရှန် ကျန်းယန်ကိုစိုက်ကြည့်နေခဲ့သည်။ သူသည် သူ့ကို သူလျှိုအဖြစ် သရုပ်ဆောင်ခိုင်းနေခြင်းပေလော။
“အဆင်ပြေပါတယ် ငါပြောတဲ့အတိုင်းသာလုပ်” ကျန်းယန် ပြုံး၍ ပြောလိုက်၏။
“သေနတ်တစ်လက်ယူသွားလိုက် အထူးသဖြင့် စုတ်ပြတ်နေပြီး သုံးမရတော့တဲ့ဟာမျိုး ယူသွားပြီး ချီကျန်းကိုပေးလိုက်
ပြီးရင် သူ့ကိုပြောလိုက် ဒီသေနတ်ကိုခက်ခက်ခဲခဲရအောင်လုပ်ခဲ့ရတာလို့ ပြီးရင် သူ့ကို ကျန်းမိသားစုဆီ ယူသွားခိုင်းလိုက်
ပြီးတော့ အဲ့ဒီအရာကိုတန်ဖိုးထားဖို့လည်း ပြောလိုက် အဲ့ဒီသေနတ်ကို ဂိုဏ်းကြီးတွေဆီ လက်ဆောင်အဖြစ် ပေးလိုက်ဖို့ပါ အကြံပေးလိုက်ကွာ”
ကျန်းချန်းရှန်ကို ဤနေရာသို့ ပို့လိုက်သည်မှာ လန်ကျားအထွတ်အမြတ်မြေမှန်း ကျန်းယန် သေချာသိနေခဲ့၏။
ကျန်းချန်းရှန်ပြောပုံအရ ချီကျန်းသည် အနည်းဆုံးတော့ နတ်ဝိညာဉ်အဆင့်ရှိသူ ဖြစ်လောက်သည်။ သူ့လို လူတစ်ယောက်က ကလေးတစ်ယောက်ကို အကြောင်းမဲ့သက်သက် ဤနေရာသို့ ခေါ်လာမည် မဟုတ်ပေ။ ထို့အပြင် ဤနေရာကလည်း နာမည်ဂုဏ်သတင်းကျဆင်းနေသော နေရာတစ်ခု ဖြစ်နေပြန်၏။
ထို့ကြောင့် ကျန်းယန် သူတို့ကိုထောင်ချောက်တစ်ခု ပြန်ဆင်ရန် ပြင်ဆင်နေခြင်း ဖြစ်သည်။
နောက်ဆုံးတွင် သူတို့သည် လန်ကျားအထွတ်အမြတ်မြေကို အကြိမ်များစွာ လှည့်စားပြီးဖြစ်လေရာ တစ်ကြိမ်လောက်ထပ်လှည့်စားလိုက်လို့လည်း မထူးတော့ပေ။
ကျန်းချန်းရှန် စတင်နားလည်လာခဲ့၏။
“စီနီယာအစ်ကိုကြီး ကျွန်တော် ပစ္စည်းပေးတာကို အဇူရာတိမ်မြို့အပြင်မှာ သွားလုပ်သင့်လား”
“မလုပ်နဲ့” ကျန်းယန် ခေါင်းခါပြလိူက်သည်။
“တည်းခိုခန်းမှာ အခန်းတစ်ခန်းငှားလိုက် ပစ္စည်းကိုအဲ့ဒီနေရာမှာ ထားခဲ့ ပြီးရင် ချီကျန်းကို ပစ္စည်းသွားယူဖို့ အသိပေးလိုက် အဲ့ဒီနည်းနဲ့ပဲ သူနဲ့ဆက်သွယ်
မြို့ထဲက ထွက်လိုက်ရင် သံသယလည်းပို၀င်လာနိူင်တယ် မင်းလုံခြုံရေးအတွက်လည်း မကောင်းဘူး”
“နားလည်ပါပြီ စီနီယာအစ်ကိုကြီး” ကျန်းချန်းရှန် ယုံကြည်ချက် ပြည့်၀နေခဲ့၏။
သူသည် ငယ်သေးသောကြောင့် ထိုကဲ့သို့သော အလုပ်မျိုးကိုလုပ်ရမှာ အနည်းငယ်တော့ ကြောက်လန့်နေခဲ့သည်။ သို့သော် အခုတော့ သူ့အစ်ကိုကြီးအနောက်မှာ ရှိနေသောကြောင့် စိတ်အေးသွားခဲ့၏။
“နေဉီး” ကျန်းယန် ဆက်ပြောလိုက်သည်။
“ဒီကိစ္စကို ဘယ်သူ့ကိုမှ မပြောနဲ့”
“ဟုတ်ကဲ့ပါစီနီယာအစ်ကိုကြီး ကျေးဇူးတင်ပါတယ် စီနီယာအစ်ကိုကြီး” ကျန်းချန်းရှန် ထွက်မသွားခင် ဦးညွတ်အရိုအသေပေးပြီးမှ ထွက်သွားခဲ့၏။
ထိုစဉ် ကျန်းယန်ကတော့ သူ့ထောင်ချောက်အကြောင်း အသေးစိတ်စဉ်းစားနေခဲ့သည်။
တခဏေတွးပြီးနောက် သူဟွာလင်းကျိဆီရောက်ရှိသွားခဲ့၏။
“ဆရာဦးလေး သေနတ်မှာသုံးတဲ့ ကဗ္ဗည်းတွေကို ပြန်ပြင်ပေးလို့ရမလား ကျွန်တော်စွမ်းအားအများကြီး ပိုနည်းပြီး လုံး၀ကွဲပြားတဲ့ သေနတ်မျိုး လိုချင်တယ်”ဟွာလင်းကျိ စိတ်ရှုပ်သွားခဲ့သည်။
ကျန်းယန် ပြုံးလိုက်၏။
“ကျွန်တော်အဲ့တာကို လန်ကျားအထွတ်အမြတ်မြေကို ပေးပြီး ကျွန်တော်တို့က မဟာမိတ်ဖွဲ့ထားသလို လုပ်ချင်တာ”
ဟွာလင်းကျိ မျက်လုံးများ တောက်ပသွားခဲ့သည်။
“အဲ့လိုဆို သူတို့လည်းရှင်းပြရ ခက်သွားလိမ့်မယ် အရမ်းကောင်းတယ် ငါလုံး၀နီးပါးစွမ်းအားမရှိတဲ့ ကဗ္ဗည်းမျိုး ပြင်ဆွဲလိုက်မယ်”
သူ့လို ကဗ္ဗည်းပညာရှင်တစ်ယောက်အတွက် ထိုမျှက မခက်ပေ။
ကဗ္ဗည်းအသစ်များ ရရှိပြီးနောက် ကျန်းယန် ဟော်လင်းကျိနှင့်ချင်းရှုတို့ဆီသွားကာ သေနတ်တစ်လက် သွန်းလုပ်ခိုင်းခဲ့၏။
သူထိုသေနတ်ကိုစမ်းသပ်ပြီးနောက် ရလဒ်ကို ကျေနပ်သွားခဲ့သည်။
ထိုသေနတ်သည် ခုခံကာကွယ်ထားခြင်းမရှိသော ရွှေအမြုတေအဆင့်တစ်ယောက်ကိုပင် သတ်ဖြတ်နိုင်၏။ သို့သော် ပြင်ဆင်ထားလျှင် အခြေခံတည်ဆောက်ခြင်းအဆင့်တစ်ယောက်ပင် ထိုသေနတ်ကို ခုခံကာကွယ်နိုင်ပေသည်။
ထို့နောက် ကျန်းယန် သေနတ်ကို အကြိမ်ရေ ထောင်ချီ သောင်းချီအောင် ပစ်ခတ်လိုက်၏။
ထိုအခါ သေနတ်ပြောင်းက စုတ်ပြတ်သွားပြီး ကဗ္ဗည်းများကလည်း ပျက်ဆီးလုနီးနီး ဖြစ်သွားခဲ့သည်။
ပြီးပြည့်စုံပေသည်။
ထိုသေနတ်က ထိခိုက်ခံထားရသဖြင့် ပျက်ဆီးလုနီးနီးဖြစ်နေသော သေနတ်တစ်လက်နှင့် တူသွားခဲ့ချေပြီ။
အကယ်၍ လန်ကျားအထွတ်အမြတ်မြေက ကြိုးစားမည်ဆိုလျှင်တောင် ထိုသေနတ်၏ အကောင်းဆုံးအခြေအနေသို့ ရောက်ရှိစေနိုင်တော့မည် မဟုတ်ပေ။
ထိုစဉ် ကျန်းချန်းရှန်ကလည်း သေနတ်ပြောင်းကိုယူကာ အဇူရာတိမ်မြို့ဆီ ဦးတည်ထွက်ခွာလာခဲ့၏။
ဤအကြိမ်သည် သူထိုကဲ့သို့သောလျှို့ဝှက်ကိစ္စမျိုးကို လုပ်ရသည့် ပထမဆုံးအကြိမ်ဖြစ်သောကြောင့် မလုံမလဲဖြင့် ဘေးဘီသို့ ခဏခဏကြည့်နေမိပြီး ထိတ်လန့်နေခဲ့မိသည်။
သူ့ကြောက်ရွံ့နေသောပုံစံကြောင့် ကျန်းချန်းရှန်ကပိုပြီးပင် သံသယဖြစ်စရာ ကောင်းနေခဲ့၏။
ထို့နောက် သူဟုန်ဖူတည်းခိုခန်းတွင် အခန်းတစ်ခန်း ငှားယမ်းခဲ့သည်။
ထိုစဉ် အဇူရာတိမ်မြို့ထဲတွင် လှည့်လည်သွားလာနေသော ၀မ်ပေ့လဲ့တစ်ယောက် သူ့ကိုတွေ့သွားခဲ့၏။
“ဟမ် အဖိုးကြီးကျန်း ဘာတွေလုပ်နေတာလဲ” ၀မ်ပေ့လဲ့ တီးတိုးရေရွတ်လိုက်သည်။
“သူတကယ်ကြီး ဒီမြို့မှာ ရည်းစားရနေတာလို့တော့ မပြောနဲ့နော်”
နောက်ဆုံးတွင် ဂိုဏ်းတပည့်တစ်ယောက်ဖြစ်သော ကျန်းချန်းရှန်က အခန်းငှားစရာလိုမနေပေ။ သူ့တွင် ဂိုဏ်းထဲ၌ အိမ်တစ်လုံးရှိနေသည် မဟုတ်ပါလော။
ထိုအရာက လျှို့ဝှက်ကိစ္စတစ်ခုခုဆောင်ရွက်ဖို့သာ ဖြစ်ရမည်ဟု ၀မ်ပေ့လဲ့ တွေးလိုက်မိ၏။
“သူမ ဘယ်လောက်လှလဲ ကြည့်ရမယ်” ဤသို့တွေးလိုက်ပြီး ၀မ်ပေ့လဲ့ အနီးနားတွင် ပုန်းအောင်း ကြည့်ရှုနေခဲ့သည်။
မကြာခင်တွင် ကျန်းချန်းရှန် တည်းခိုခန်းထဲမှ ကြောက်လန့်တကြား ထွက်လာခဲ့၏။
၀မ်ပေ့လဲ့ ကြောင်အသွားခဲ့သည်။
ထိုကြောင့် အဘယ်ကြောင့် ကျီးကန်းတောင်မြောက်ကြည့်ရှုနေရပါသနည်း။
တွေးတောပြီးနောက် သူတည်းခိုခန်းထဲ၀င်သွားကာ ပိုင်ရှင်ကို မေးလိုက်၏။
“ငါက အဇူရာတိမ်ဂိုဏ်းကပါ ခုနကလူ ဒီနေရာမှာ ဘာလာလုပ်သွားတာလဲ”
ထိုစကားကိုကြားသောအခါ ဆိုင်ရှင်ပြုံးလိုက်ပြီး
“သူက ဒိနေရာက အကောင်းဆူံးအခန်းကိုငှားသွားတာပါ ဒါပေမယ့် တစ်ရက်တည်းပါပဲ”
“အခန်းထဲမှာ မိန်းမတစ်ယောက်ယောက်ရှိလား” သူအံ့အားတကြီး မေးလိုက်သည်။
“မရှိပါဘူး” ဆိုင်ရှင် ပြုံး၍ ပြန်ဖြေလိုက်၏။
“သူက ငှားပြီးပြီးချင်း ပြန်သွားတာပဲ သူ့ပုံစံက သံသယဖြစ်စရာတော့ ကောင်းတယ် တစ်ခုခုမှားနေလို့လား ကျွန်တော်တို့ ဘာကူညီပေးရမလဲ”
၀မ်ပေ့လဲ့ ပဟေဠိဖြစ်သွားခဲ့သည်။
ကျန်းချန်းရှန် ဘာလို့ အခန်းငှားခဲ့လဲဆိုတာ သူအဖြေရှာမရ ဖြစ်သွားခဲ့၏။
ထို့နောက် သက်လတ်ပိုင်းလူတစ်ယောက် တည်းခိုခန်းထဲ၀င်လာခဲ့ပြီး ဆိုင်ရှင်ကိုတောင် နှုတ်မဆက်တော့ဘဲ အပေါ်ထပ် တန်းတက်သွားခဲ့လေသည်။
ဆိုင်ရှင်၏ အမူအရာအနည်းငယ်ပြောင်းလဲသွားခဲ့၏။ သူခပ်တိုးတိုးပြောလိုက်သည်။
“သူက ဧည့်သည်မဟုတ်ဘူး အခန်းငှားထားတာမရှိဘူး
ပြီးတော့ သူသွားတဲ့အခန်းက ခုနကလူ ၀င်သွားတဲ့အခန်း အဲ့ဒီအခန်းကို ကျွန်တော်သိတယ် ခြေသံနဲ့တင် သူဘယ်အခန်းကိုသွားတာလဲ ကျွန်တော် သိတယ်
သူ့မှာ ဘယ်လိုလုပ် သော့ရှိနေတာလဲ”
၀မ်ပေ့လဲ့ မျက်မှောင်ကြုံ့သွားခဲ့၏။ သူနားမလည်နိုင်ခဲ့ပေ။
မကြာခင်တွင် ထိုလူပြန်ဆင်းလာခဲ့ပြီး အလျင်အမြန်ပင် ထွက်သွားခဲ့သည်။
၀မ်ပေ့လဲ့ သူ့ကိုစောင့်ကြည့်နေရင်း ဆိုင်ရှင်ကို ပြောလိုက်၏။
“နောက်တစ်ခါ ဒီလူပြန်ရောက်လာရင် မြို့စောင့်တွေကို အကြောင်းကြားပြီး သူတို့ကို ၀မ်ပေ့လဲ့ကိုတတ်နိုင်သလောက် မြန်မြန် အကြောင်းကြားပေးဖို့ ပြောလိုက်ပါ”
တစ်ခုခုဖြစ်နေတာကိုတော့ သူသိပေသည်။ သို့သော် သူ့တွင် သက်သေမရှိသောကြောင့် ဘာဖြစ်နေသလဲ သူသေချာ မသိပေ။
ထို့ကြောင့် ၀မ်ပေ့လဲ့လေးလံသောနှလုံးသားနှင့်အတူ ထွက်ခွာသွားခဲ့လေသည်။
ထိုစဉ် ကျန်းချန်းရှန်လည်း ဂိုဏ်းဆီပြန်ရောက်လာခဲ့၏။
“ကြောက်စရာကောင်းလိုက်တာ” သူသတင်းပို့လိုက်သည်။
“စီနီယာအစ်ကိုကြီး ကျွန်တော်သူ့ကို သေနတ်ပြောင်းပေးလိုက်ပြီ”
ကျန်းယန် ဆိုးဆိုးရွားရွားထိခိုက်ခံထားရသော သေနတ်ကို သူ့လက်ထဲထည့်လိုက်ကာ
“မနက်ဖြန် သူ့ကိုဒီသေနတ်လည်းပေးလိုက်”
“အာ တကယ်ကြီး ပေးရမှာလား” ကျန်းချန်းရှန် အံ့အားသင့်သွားခဲ့၏။
ကျန်းယန်ပြုံးလိုက်သည်။
“ပြဿနာမရှိဘူး ဒါက ပြန်ပြင်ထားပြီးသားကြီး ပေးသာပေးလိုက်”
“ကောင်းပါပြီ” ကျန်းချန်းရှန် သေနတ်ကို လက်ခံလိုက်၏။
သူ့အိမ်ဆီသို့ ပြန်လာရာလမ်းတွင် သူ့ဆီသို့ ၀မ်ပေ့လဲ့ ပြေးလာခဲ့သည်။
“အဖိုးကြီးကျန်း” ၀မ်ပေ့လဲ့ အော်ခေါ်လိုက်၏။
ကျန်းချန်းရှန် အံ့အားသိသွားခဲ့သည်။
“ဘာဖြစ်လို့လဲ”
“ဘာမှမဟုတ်ပါဘူး” ဝမ်ပေ့လဲ့ ခေါင်းယမ်းကာ ပြောလိုက်၏။
သို့သော် သူမြင်ခဲ့ရသောအရာများကြောင့် သူ့စိတ်ထဲ သံသယကတော့ ပိုပိုကြီးမားလာသည်သာ။
ဒီကောင့်မှာသေချာပေါက် ပြဿနာတစ်ခုတော့ ရှိရမယ်…