← Chapters

ငါတို့အဖွဲ့ထဲက သစ္စာဖောက်တစ်ယောက်

Vol. 32 Ch. 332

ငါတို့အဖွဲ့ထဲက သစ္စာဖောက်တစ်ယောက်

Vol. 32 Ch. 332

၀မ်ပေ့လဲ့ ထိုရက်များအတွင်း ကျန်းချန်းရှန်ကိုသာ အာရုံစိုက်ထားခဲ့သည်။ ကျန်းချန်းရှန် ဘာတွေလုပ်နေလဲဆိုတာ သူသိချင်နေပြီး ထိုတည်းခိုခန်းက သက်လတ်ပိုင်းလူက သူနှင့်ဘယ်လိုပတ်သက်နေလဲဆိုတာကိုလည်း ၀မ်ပေ့လဲ့ သိချင်နခဲ့၏။

အားလပ်ရက်နောက်ဆုံးနေ့မနက်ခင်းတွင် ကျန်းချန်းရှန် တောင်အောက်ဆင်းသွားခဲ့ပြီး ၀မ်ပေ့လဲ့ သူ့နောက်မှ လိုက်သွားခဲ့သည်။

ဤတစ်ကြိမ်တွင် ကျန်းချန်းရှန်က ဟုန်ဖူတည်းခိုခန်းတွင် အခန်းမငှားတော့ပေ။ ထိုအစား တုန်ဖူတည်းခိုခန်းတွင် အခန်းတစ်ခန်းငှားခဲ့၏။

၀မ်ပေ့လဲ့ မျက်မှောင်ကြုံ့သွားမိကာ သူ့အရှိန်အဝါကိုဖျောက်ပြီး နတ်အာရုံသုံး၍ ကျန်းချန်းရှန် ငှားခဲ့သော အခန်းကို သေချာမှတ်ထားလိုက်သည်။

ကျန်းချန်းရှန် ထွက်သွားပြီးနောက် သူပြတင်းးပေါက်မှတွယ်တက်ကာ အခန်းထဲ ခိုး၀င်သွားခဲ့ဧ။။် အခန်းထဲရောက်သောအခါ အခန်းကိုသေချာစစ်ဆေးလိုက်သော်လည်း အထဲတွင် ထူးခြားတာ ဘာတစ်ခုမှ မတွေ့ခဲ့ပေ။

ထို့နောက် သူ့မျက်လုံးများက အိပ်ယာဘေးရှိ ဗီရိုဆီရောက်ရှိသွားခဲ့သည်။ သူနတ်အာရုံရော သူ့မျက်လုံးကိုရော သုံးကာ ထိုနေရာကို သေချာစစ်ဆေးလိုက်၏။ ဂိုဏ်းတွင် ကိုယ်ပျောက်ကဗ္ဗည်းပညာက တိုးတက်နေပြီဖြစ်သောကြောင့် သူ့နတ်အာရုံကို သူမယုံပေ။

သို့သော် ထိုနေရာတွင်လည်း ဘာမှရှိမနေခဲ့ပေ။

သူရှာနေရင်း အခန်းပြင်မှ ခြေသံများ ကြားလိုက်ရလေသည်။ သူချက်ချင်းဆိုသလို ပြတင်းပေါက်မှ ခုန်ထွက်သွားခဲ့ပြီး ပြတင်းပေါက်အပြင်မှ အခန်းထဲသို့ ချောင်းကြည့်လိုက်၏။

ဘာတွေဖြစ်နေလဲဆိုတာ သူသိဖို့ လိုပေသည်။

အသက်နှစ်ရှိုက်စာအတွင်း သက်လတ်ပိုင်းလူ ပြန်ရောက်လာခဲ့ပြန်၏။

၀မ်ပေ့လဲ့ သူ့အရှိန်အဝါကိုသိမ်းဆည်းလိုက်ပြီး နတ်အာရုံကိုပင် မသုံးတော့ဘဲ ငြိမ်နေအောင် ပုန်းလိုက်လေသည်။

ထို့နောက် ထိုလူသည် အိပ်ယာ‌ေအာက်သို့ ချက်ချင်းဦးတည်သွားပြီး သေနတ်တစ်လက်ကိုယူကာ သိုလှောင်လက်စွပ်ထဲ ထည့်သိမ်းလိုက်သည်ကို မြင်လိုက်ရပြီး ၀မ်ပေ့လဲ့ တုန်လှုပ်သွားခဲ့ကာ အနည်းငယ်ပင် လှုပ်လိုက်မိ၏။

ကျန်းချန်းရှန်သည် တကယ်ကြီး သေနတ်တစ်လက်ကို အပြင်လူဆီ ပေးအပ်လိုက်ခြင်းပေလော။ ဤရက်ပိုင်းထဲ သူ့ထူးခြားနေသော အပြုအမူများက ဂိုဏ်းလျှို့ဝှက်ချက်ကို အခြားသူဆီ ပေးအပ်လိုက်ခြင်းကြောင့် ဖြစ်နေရခြင်းပေလော။

၀မ်ပေ့လဲ့ လှုပ်ရှားသံကိုကြားလိုက်ရသော ချီကျန်း၏ အကြည့်များ ထက်ရှသွားခဲ့သည်။

သူ့ကိုယ်မှ ချက်ချင်းဆိုသလို သတ်ဖြတ်ခြင်းအရှိန်အဝါများထွက်ပေါ်လာပြီး ပြတင်းပေါက်အပြင်သို့ ခုန်ထွက်သွားဖို့ ပြင်လိုက်၏။ သို့သော် ဤနေရာက အဇူရာတိမ်မြို့ဖြစ်သည်။ သူထွက်သွားပြီး အပြင်ကလူကို သတ်လိုက်လျှင် သူလည်းဤနေရာမှ အသက်ရှင်လျက် ပြန်ထွက်သွားနိုင်တော့မည် မဟုတ်ပေ။

ထို့ကြောင့် သူအလျင်အမြန်ပင် တုန်ဖူတည်းခိုခန်းထဲမှ ပျံထွက်သွားကာ မြို့အစွန်ဆီ ပြေးလေတော့သည်။

၀မ်ပေ့လဲ့လည်း ချက်ချင်းတုန့်ပြန်ုလိုက်ပြီး အခန်းထဲ ပြေး၀င်သွားခဲ့၏။

ဘာပဲဖြစ်ဖြစ် သူဂိုဏ်း၏လျှို့ဝှက်ချက်ကို အခုလို ပေါက်ကြားခံလိုက်၍ မဖြစ်ပေ။

သို့သော် ချီကျန်းသည် နတ်ဝိညာဉ်အဆင့်တစ်ယောက်ဖြစ်ပြီး သူ့ထက်အရင်လည်း လှုပ်ရှားခဲ့သူဖြစ်သောကြောင့် သူလိုက်မမီနိုင်ခဲ့ပေ။

စိတ်တိုနေသော ၀မ်ပေ့လဲ့တစ်ယောက် ကျန်းချန်းရှန်ဆီချက်ချင်းသွားကာ မျက်နှာချင်းဆိုင် ဖြေရှင်းလိုက်ချင်သော်လည်း သူ့တွင် သက်သေရှိမနေခဲ့ပေ။

ထို့ကြောင့် သူဤကိစ္စကို စီနီယာအစ်ကိုကြီးဆီသို့သာ သတင်းပို့ရန် ဆုံးဖြတ်လိုက်၏။ စီနီယာအစ်ကိုကြီးသာသိသွားလျှင် သူတို့ဂိုဏ်း၏ လျှို့ဝှက်ချက်ကို ထိန်းသိမ်းထားနိုင်လောက်သည်။

သူအလျင်အမြန်ပင် ဂိုဏ်းဆီပြန်သွားခဲ့ချိန်တွင် တောင်ခြေ၌ ကျန်းချန်းရှန်နှင့် တည့်တည့်တိုးသွားခဲ့၏။

“အဖိုးကြီး၀မ်” ကျန်းချန်းရှန် ပြုံး၍ နှုတ်ဆက်လိုက်သည်။ သူ့တာ၀န်ပြီးမြောက်သွားသောကြောင့် သူအတော်‌လေး စိတ်‌ေအးနေခဲ့၏။

၀မ်ပေ့လဲ့ နှာခေါင်းရှုံ့လိုက်ကာ သူ့ကိုဂရုမစိုက်ဘဲ ကျန်းယန်၏ ဗီလာဆီသို့သာ ဦးတည်ပျံသန်းသွားခဲ့သည်။

ကျန်းယန်ကိုမြင်သောအခါ သူဒေါသတကြီး ပြောလိုက်၏။

“စီနီယာအစ်ကိုကြီး ကျွန်တော်တို့မှာ သစ္စာဖောက်တစ်ယောက် ရှိနေပြီ”

“ဘယ်သူလဲ” ကျန်းယန် အံ့အားသင့်သွားဟန်ဖြင့် ပြန်မေးလိုက်၏။

“ကျန်းချန်းရှန်” ဝမ်ပေ့လဲ့ အံကိုကြိတ်၍ ပြောလိုက်သည်။

“သူကထူးဆန်းတယ်လို့တော့ ကျွန်တော်ထင်ခဲ့ပေမယ့် သူကတကယ်ကြီးကို အန္တရာယ်များတဲ့ သစ္စာဖောက်တစ်ယောက် ဖြစ်နေခဲ့တယ်လေ”

သတင်းပို့ရန် ရောက်လာခဲ့သော ကျန်းချန်းရှန်တစ်ယောက် ထိုစကားကိုကြားလိုက်ရလေသည်။

“ဘာလို့ တစ်ယောက်ယောက်ငါ့ကိုကျိန်ဆဲနေတာကြီးကို ကြားလိုက်ရတာလဲဟ”

“ငါကမင်းမျက်နှာကိုတည့်တည့်ကြည့်ပြီး ပြောချင်တာ မင်းလုပ်ခဲ့တာကို ငါမသိဘူးမထင်နဲ့”

သူနောက်ပြန်လှည့်ကာ အလောတကြီး ပြောလိုက်သည်။

“စီနီယာအစ်ကိုကြီး သူက အဇူရာတိမ်မြို့ထဲက ထွက်ပြေးသွားတဲ့ သက်လတ်ပိုင်းလူတစ်ယောက်ကို သေနတ်တစ်လက်ပေးလိုက်တယ် ကျွန်တော်တို့ သေချာပေါက် အစွမ်းထက်ကျင့်ကြံသူတွေလွှတ်ပြီး အဲ့ဒီလူကို ပြန်ဖမ်းရမယ် မဟုတ်ရင် ကျွန်တော်တို့ လျှို့ဝှက်ချက် ဖော်ခံလိုက်ရလိမ့်မယ်”

“မင်းကငါ့ကိုဘာလို့ လာအပြစ်ပြောနေတာလဲ” ကျန်းချန်းရှန် အထင်လွဲခံနေရဟန်ဖြင့် ပြောလိုက်၏။

“စီနီယာအစ်ကိုကြီး ကျွန်တော့်ဘက်ကပြောပေးရမယ်နော်”

“တော်လောက်ပြီ ထိုင်ကြ” ကျန်းယန် ပြောလိုက်သည်။

ထို့နောက် သူ၀မ်ပေ့လဲ့ကိုပြုံးပြလိုက်ကာ

“အဲ့ဒီလိုပေးလိုက်ဖို့ ကျန်းချန်းရှန်ကို ငါခိုင်းလိုက်တာပါ သူဂိုဏ်းကိုသစ္စာဖောက်တာ မဟုတ်ပါဘူး”

“ဘယ်လို ဒါဆိုအစ်ကိုကြီးက ဂိုဏ်းကိုဘာလို့သစ္စာဖောက်တာလဲ” ၀မ်ပေ့လဲ့ တုန်လှုပ်သွားခဲ့၏။

“ဘယ်သူမှ ဂိုဏ်းကို သစ္စာမဖောက်ပါဘူးကွာ” ကျန်းယန် ပြောလိုက်သည်။

“လန်ကျားအထွတ်အမြတ်မြေက ငါတို့သေနတ်တွေကို စောင့်ကြည့်နေကြတယ် အဲ့တာကြောင့် ငါက သူတို့ကို အားနည်းတဲ့သေနတ်တစ်ခု တမင်ပေးလိုက်တာ တွေးကြည့်စမ်းပါ သူတို့သာ သေနတ်တစ်ခုရုတ်တရက်ရသွားရင် အခြားဂိုဏ်းတွေက ဘယ်လိုထင်ကြမလဲ”

“ကျွန်တော်တို့က သူတို့ကို ပေးလိုက်တယ်လို့ ထင်မှာပေါ့….နေဉီး ကျွန်တော် သဘောပေါက်ပြီ” ၀မ်ပေ့လဲ့ မျက်လုံးများ တောက်ပသွားခဲ့၏။

“ကျွန်တော်တို့တွေ မဟာမိတ်ဖွဲ့ထားတာလို့ အခြားဂိုဏ်းတွေ ယုံကုန်ကြမှာပေါ့ ပြီးတော့ သူတို့မှာ သေနတ်တွေရှိနေတော့ သူတို့ ရှင်းမရတော့ဘူး”

“အတိအကျပဲ” ကျန်းယန် ခေါင်းငြိမ့်ပြလိုက်သည်။

၀မ်ပေ့လဲ့ ရယ်မောလိုက်၏။

“မင်းက ကိစ္စကြီးတစ်ခုလုပ်ခဲ့ပြီး ငါ့ကိုမပြောခဲ့တာဘဲကွ ချန်းရှန် ငါမင်းကိုအထင်လွဲမိလို့ တောင်းပန်ပါတယ်ကွာ”

ကျန်းချန်းရှန် သူ့ကိုတစ်ချက်ကြည့်လိုက်ကာ

“မင်းက ငါ့ကို ခုနတုန်းက သစ္စာဖောက် နှလုံးသားမရှိတဲ့ကောင်လို့ ပြောခဲ့သေးသလားလို့”

“အဲ့တာ ငါပါ ငါပါ ငါခုနက ကိုယ့်ကိုကိုယ်ပြောနေတာ” ၀မ်ပေ့လဲ့ သူ့ကိုယ်သူ လက်ညှိုးထိုးပြလိုက်ကာ ရယ်ကျဲကျဲဖြင့် ပြောလိုက်လေသည်။

ကျန်းချန်းရှန် နှာခေါင်းရှုံ့လိုက်ပြီး ထိုင်လိုက်၏။

ထို့နောက် ၀မ်ပေ့လဲ့ ဂရုတစိုက်ပြောလိုက်သည်။

“တကယ်လို့ ၀မ်ကျားအထွတ်အမြတ်မြေက အရူးလုပ်မခံဘဲ အရမ်း ဂရုတစိုက်ကိုင်တွယ်ရင်ရော”

“သူတို့ အရူးလုပ်ခံရမှာ” ကျန်းချန်းရှန် ပြောလိုက်၏။

“ဘာလို့လဲ” ၀မ်ပေ့လဲ့ မေးလိုက်သည်။

“ဘာလို့လဲဆိုတော့ ငါက သူတို့ထဲက တစ်ယောက်မလို့ပေါ့” ကျန်းချန်းရှန် ပြန်ပြောလိုက်၏။

ကျန်းယန် ခေါင်းညိတ်ပြလိုက်သည်။

“သူ့ကို လန်ကျားအထွတ်အမြတ်မြေက အကျိုးအမြတ်အတွက် ဒီကိုတမင်ပို့ထားတာ အဲ့တာကြောင့် သူသေနတ်ခိုးပြီး ပေးတာကို လန်ကျားအထွတ်အမြတ်မြေက သံသယမ၀င်တာပေါ့”

၀မ်ပေ့လဲ့ ကျန်းချန်းရှန်ကို စိုက်ကြည့်လိုက်မိ၏။

“ဘာလဲ” ကျန်းချန်းရှန် ပြန်မေးလိုက်သည်။

“မင်းသစ္စာဖောက်ကောင်” ၀မ်ပေ့လဲ့ ရုတ်တရက် ကျန်းချန်းရှန်ကို ဖက်လိုက်၏။

“မင်းလုပ်ခဲ့တာ ကောင်းတယ်ကွာ”

All Chapters